နာမည်ပေး ဗေဒင်ပညာနဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပက္ခက်မိတာက ကျန်တဲ့ နာမည်အမှားတွေထက် ဆိုးကျိုးအများကြီး ပေးနိုင်တာကို သတိထားမိခဲ့ပါတယ်
အရင်တုန်းကတော့ “ပက္ခက်” ကို သိပ်အရေးကြီးလှတယ်လို့ မထင်ကြသလို ဗေဒင်ကျမ်း တွေမှာလည်း ပက္ခတ် အကြောင်းကို သာမန် ရိုးရိုးလောက်ပဲ ရေးသားကြတာမို့ တချို့သော နာမည်ပေး ပညာရှင်တွေဆိုရင် ပက္ခတ်မိနေတဲ့ နာမည်တွေကို ပေးမိကြတာမျိုးတွေတောင် ရှိတတ်ပါတယ်။
“ပက္ခက်”သို့မဟုတ် “ပက္ခ”ဆိုတာ ပဋိပက္ခဆိုတဲ့ အဓိပ္ပာယ်ကို ဆိုလိုတာဖြစ်ပြီး နာမည်တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံး နေ့နံဟာ “ပက္ခက်” မိနေတယ်ဆိုရင် တစ်ချိန်ချိန်မှာ
မတော်တဆ ထိခိုက်တာ၊ သွေးထွက်သံယိုဖြစ်တာ၊ မပျောက်နိုင်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်တာ (ဥပမာ- ဆီးချိုရောဂါ)
ကိုယ်လက်အင်္ဂါ ချို့ယွင်း၊ ခွဲစိတ်ကုသ ခံရတတ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခု ဆုံးရှုံးတာ
အိမ်ထောင်ရေး ဖောက်ပြန်၊ ပြိုကွဲတာမျိုးနဲ့ အိမ်ထောင်ရေးအတွက် အမြဲစိတ်ဆင်းရဲနေရတတ်တာ
ဘဝမှာ အမြင့်ဆုံး ရောက်ပြီးခါမှ ပြန်ကျလာတာ၊ ဘဝအဆုံးသတ် မကောင်း၊ အိုဇာတာညံ့တာတွေနဲ့
Current of Destiny မကောင်းပါက ဥပစ္ဆေဒက ကံနဲ့ ကွယ်လွန်ခြင်းတွေ (သို့မဟုတ်) အသက်တိုတာတွေ ဖြစ်တတ်ပါတယ်။
ဥပစ္ဆေဒကကံနဲ့ ကွယ်လွန်သွားရတဲ့ သူတွေ အတော်များ များရဲ့ နာမည်မှာ “ပက္ခတ်” မိနေတဲ့အထဲမှာ ဒုတိယကမ္ဘာစစ်မီးကြီးကို မွှေးခဲ့တဲ့ ဂျာမဏီအာဏာရှင် ဟစ်တလာ၊ မြန်မာနိုင်ငံက အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ နဲ့ အင်္ဂလန် ဝေလမင်းသမီး ဒိုင်ယာနာတို့ ပါဝင်နေပါတယ်။
နာမည်တစ်ခု “ပက္ခက်” ငြိ မငြိ ဆိုတာ နာမည် ရှေ့ဆုံးနဲ့ နောက်ဆုံးနေ့နံ ငြိနေမှသာ “ပက္ခက်” အစစ် မိတယ်လို့ ဆိုနိုင်ပါတယ်။ စစ်ဆေးတဲ့ အခါမှာလည်း သက်ဆိုင်ရာအကြွင်းနှစ် အလိုက်စစ်ဆေးရတာကြောင့် အောက်မှာတစ်ပုံချင်း စစ်ကြည့်နိုင်ပါတယ်။
အင်္ဂလိပ်ခုနှစ်ထဲက (၆၃၈) ဂဏန်းကို နုတ်လိုက်ရင် မြန်မာ သက္ကရာဇ်ကို ရပါတယ်။ မြန်မာသက္ကရာဇ်ကို (၇)နဲ့စားပြီး ရတဲ့အကြွင်းဟာ ကိုယ့်မွေးတဲ့ မဟာဘုတ် အကြွင်းဘဲ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက မြန်မာနှစ်ဆန်း (၁)ရက်နေ့ မတိုင်ခင်မွေးရင်တော့ တစ်တိုးပြီး (၆၃၉)ကို နုတ်ရပါမယ်။ နှစ်ဆန်းတစ်ရက်နေ့နဲ့ နောက်ပိုင်းမွေးတဲ့သူတွေကတော့ (၆၃၈) ကို နုတ်ရမှာဖြစ်ပါတယ်။

(ဝ) ကြွင်း ဖွားများအား ပက္ခတ်စစ်နည်း
(၀) ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ
– စနေ စပြီး စနေ ဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းထွန်း ၊ နွယ်နီ ထက်ထက် ဋ္ဌေးဋ္ဌေး
– သောကြာစပြီး တနင်္ဂနွေ ဆုံးနေရင် (သို့) တနင်္ဂနွေ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သန်းအေး၊ အောင်သိန်း၊ သိန်းဦး အေးသူ
သီသီအေး၊ အိအိဟန်
– တနင်္လာစပြီး ကြာသပတေးဆုံးရင် (သို့) ကြာသပတေး စပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်မင်း၊ ပြေငြိမ်း၊ မိုးကျော် ကျော်ဖြိုး ခိုင်ခိုင်မော်၊ မီမီကို
– အင်္ဂါစပြီး ဗုဒ္ဓဟူး ဆုံးနေရင် (သို့) ဗုဒ္ဓဟူးစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စိန်ဝင်း၊ ရဲဇော်၊ ဇော်ဝင်း ဝင်းဇော်
စိုးစိုးဝင်း၊ ယဉ်ယဉ်ဆွေ
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။
နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။

(၁) ကြွင်းဖွား အတွက် ပက္ခတ်စစ်ဆေးနည်း
(၁) ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ –
– တနင်္ဂနွေစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်အောင်၊ အေးအေး အေးဦး အိအိအောင်
– စနေစပြီး တနင်္လာ ဆုံးနေရင် (သို့) တနင်္လာစပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ထက် ကျော်ဌေး ခင်ခင်ထက် ခိုင်ထွန်း
– အင်္ဂါစပြီး သောကြာဆုံးနေရင် (သို့) သောကြာစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဇော်သူ၊ ဟိန်းဇော်၊ သိန်းသိန်းစိုး၊ ညိမ်းညိမ်းသွယ်
– ဗုဒ္ဓဟူးစပြီး ကြာသပတေး ဆုံးနေရင် (သို့) ကြာသပတေး စပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝင်းမြင့်၊ မြင့်ဝင်း၊ လင်းလက်မြင့်၊ မေရတနာဝင်း ဖြိုးဝင်း
ဒီ (၄) မျိုး နဲ့လွတ်ရင်တော့ ပက္ခတ်က လွတ်ပါတယ်။
နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။

(၂) ကြွင်းဖွား အတွက် ပက္ခတ်စစ်ဆေးနည်း
(၂) ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ –
– တနင်္လာစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ကျော်၊ခိုင်ခိုင် ငွေခိုင် ခင်ကြည် ကြည်ကြည်
– တနင်္ဂနွေစပြီး အင်္ဂါ ဆုံးနေရင် (သို့) အင်္ဂါစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ဇော်၊ စိုးဦး၊ စိုးစိုးအေး၊ အိအိဇော် အိမြတ်ဇော်
– ဗုဒ္ဓဟူးစပြီး စနေဆုံးနေရင် (သို့) စနေစပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းဝင်း၊ ရဲနိုင်၊ နီနီလွင်၊ ရီရီနိုင် ဝင်းနိူင်
– ကြာသပတေးစပြီး သောကြာ ဆုံးနေရင် (သို့) သောကြာ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- မင်းသူ၊ သိန်းမြင့်၊ မိုးသိန်း မင်းဟိန်း သီသီမာ၊ မိုးမိုးသန်း
ဒီ (၄) မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။
နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။

(၃) ကြွင်းဖွား အတွက် ပက္ခတ်စစ်ဆေးနည်း
မဟာဘုတ် (၃) ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ –
– အင်္ဂါစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဇော်ဇော် ၊ ဇင်မာစိုး စိုးစိုး ညိမ်းစိုး
– တနင်္လာစပြီး ဗုဒ္ဓဟူး ဆုံးနေရင် (သို့) ဗုဒ္ဓဟူးစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ဝင်း၊ ရဲငြိမ်း၊ ခိုင်ခိုင်လင်း၊ဝင်းဝင်းချို ဝင်းခိုင် ခိုင်ဝင်း
– ကြာသပတေးစပြီး တနင်္ဂနွေဆုံးနေရင် (သို့) တနင်္ဂနွေ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်မြင့်၊ မြင့်ဦး၊ အေးအေးမွန်၊ မြမြအေး
– သောကြာစပြီး စနေ ဆုံးနေရင် (သို့) စနေ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းထွန်း၊ တင်သန်း၊ သီသီနွယ်၊ နီနီဟန် သိန်းတန်
ဒီ (၄) မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။
နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။

(၄) ကြွင်းဖွား အတွက် ပက္ခတ်စစ်ဆေးနည်း
(၄)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ –
– ဗုဒ္ဓဟူးစပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝေလင်း ၊ ရီရီလွင် ဝေလွင် ဝေဝေ လင်းလင်း
– အင်္ဂါစပြီး ကြာသပတေး ဆုံးနေရင် (သို့) ကြာသပတေး စပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စိုးမိုး၊ မြင့်ဆွေ၊ ဇင်ဇင်မာ၊ ဖြူဖြူစိုး ဇင်ဖြိုး မင်းဇော်
– သောကြာစပြီး တနင်္လာဆုံးနေရင် (သို့) တနင်္လာ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းကို၊ ကျော်သောင်း၊ သီသီခင်၊ ခင်ခင်သူ ဟိန်းကျော်
– စနေစပြီး တနင်္ဂနွေ ဆုံးနေရင် (သို့) တနင်္ဂနွေစပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းဦး၊ အောင်နိုင်၊ တင်တင်အေး၊ အိအိနိုင် အောင်ထွန်း
အဲ့ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။
နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။

(၅) ကြွင်း ဖွားများအား ပက္ခတ်စစ်နည်း
(၅)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ
– ကြာသပတေးစပြီး ကြာသပတေးဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- မောင်မောင် ၊ မိုးမိုး မျိုးမျိုး ဖြိုးဖြိုး
– ဗုဒ္ဓဟူးစပြီး သောကြာ ဆုံးနေရင် (သို့) သောကြာ စပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝင်းသိန်း၊ သန်းလွင်၊ လှလှသူ၊ သီသီဝင်း လင်းဟိန်း
– စနေစပြီး အင်္ဂါဆုံးနေရင် (သို့) အင်္ဂါ စပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- နိုင်ဇော်၊ စိုးတင့်၊ နွယ်နွယ်ဇင်၊ စိုးထွန်း ဇင်မာထွန်း
– တနင်္ဂနွေစပြီး တနင်္လာ ဆုံးနေရင် (သို့) တနင်္လာစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ကျော်၊ ချမ်းအေး၊ အိအိခင်၊ ခိုင်ခိုင်ဦး ခိုင်ဇင်ဦး
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။
နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။

(၆) ကြွင်း ဖွားများအား ပက္ခတ်စစ်နည်း
(၆)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ –
– သောကြာ စပြီး သောကြာ ဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းဟန် ၊ သီသီ သိန်းသိန်း ဟိန်းသန်း သွယ်သွယ်
– ကြာသပတေးစပြီး စနေ ဆုံးနေရင် (သို့) စနေ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- မင်းထွန်း၊ နိုင်မင်း၊ မိုးမိုးနိုင်၊ တင်တင်မြင့် ထွန်းမြင့် မျိူးထူး
– တနင်္ဂနွေစပြီး ဗုဒ္ဓဟူးဆုံးနေရင် (သို့) ဗုဒ္ဓဟူး စပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ဝင်း၊ ရန်အောင်၊ အိအိဝင်း၊ ယုယုအေး
ဝင်းအောင် လင်းအောင် အေးဝင်း
– တနင်္လာစပြီး အင်္ဂါ ဆုံးနေရင် (သို့) အင်္ဂါစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ညွန့်၊ စိုးခိုင်၊ ခင်ခင်ညွန့်၊ ညိုညိုခင်၊ ဇော်ခိုင် ကျော်ညိမ်း
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။
နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။