ဒီပို့စ်လေးကို မဖတ်ခင် သူ့အရင်တင်ဘူးတဲ့ “နာမည်ပြောင်းတာ မခက်ပါ” ဆိုတဲ့ ဆောင်းပါးလေးကို အရင်သွားဖတ် ကြည့်စေချင်ပါတယ်
ဖတ်ပြီးပြီဆိုရင်တော့ အခုပို့စ်လေးကို ဆက်ဖတ်နိုင်ပါပြီ။ ပြီးခဲ့တဲ့ ပို့စ်မှာ ပြောခဲ့တဲ့အတိုင်း အသက်အရွယ်ရမှ နာမည်ပြောင်းတာဟာ ထင်သလောက် မခက်ဘူးဆိုတာ တင်ပြပြီးပါပြီ။
ပြောခဲ့သလိုဘဲ နာမည်ပြောင်းတာဟာ မှတ်ပုံတင် စာရွက်စာတန်းများအထိ ပြောင်းစရာမလိုဘဲ နာမည်သစ်ကို မိသားစုဆွေမျိုး မိတ်ဆွေများလောက်ဘဲ လိုက်ခေါ်ရင် အောင်ြမင်ပါတယ်။ ဒါမှ ခက်ခဲသေးတယ်ထင်ရင် ဒီထက် လွယ်ကူပြီး ထိရောက်တဲ့ နည်းလေး ရှိပါသေးတယ်။
အဲ့ဒါကတော့ Facebook နာမည်ပြောင်းလိုက်တာဘဲ ဖြစ်ပါတယ်။ ဟုတ်ပါ့မလား၊ ဒီလောက် လွယ်ပါ့မလားလို့ ထင်ပါသလား။ ဟုတ်ပါတယ်၊ အဲ့လောက် လွယ်ပါတယ်။ လက်တွေ့ ြဖစ်ရပ်ကလေး (၂)ခု တင်ပြပါမယ်
အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ပါ။ သူက (၁)ကြွင်း တနင်္လာသမီးပါ။ သူ့နာမည်က တနင်္လာပုတိ (၃)လုံး တွဲမှည့်ထားပါတယ်။ နာမည်အင်အား အင်မတန် နည်းပါတယ်။ ပုတိနံက နာမည်အစကို ပေးလို့ရပေမယ့် အဆုံးကို မပေးသင့်ပါ။ ဒါကြောင့် သူ့နာမည်ရင်းလည်း မပျောက်အောင် တနင်္လာ(၂)လုံးတွဲနဲ့ နောက်ကနေ ပဉ္စပွတ်ဂြိုဟ်ြဖစ်(ရာဇ ဂြိုဟ်)လည်းဖြစ်တဲ့ သောကြာနဲ့ ပိတ်ပေးလိုက်ပါတယ်။ သူက နာမည်သစ်ကို Facebook မှာ ချက်ချင်း ပြောင်းလိုက်ပါတယ်။
နာမည်ပေးလိုက်တုန်းကတော့ ဒီလောက်ကြီး မျှော်လင့်မထားပါဘူး။ သူက ပြောင်းပေးပါ တစာစာပြောနေလို့ ပြောင်းပေးလိုက်တာပါ (ပြောင်းလဲချိန်တန်ပြီလေ)။ ဘာဖြစ်လာတယ် ထင်ပါသလဲ။ နာမည်မပြေင်းခင် အချိန်က မီးဖိုချောင်ထဲမှာ ယောက်မ ကိုင်နေရတဲ့ အိမ်ရှင်မတစ်ဦး ဘဝကနေ (၃)နှစ်အတွင်းမှာ လုပ်ငန်းကြီးတစ်ခုကို မမျှော်လင့်ဘဲ ဉီးဆောင်ခွင့် ရလာပါတယ်။ အဲ့နောက် ယောက်မကိုင်တဲ့ လက်ကနေ တစ်လကို အမြတ်အစွန်း သိန်း (၂၀၀)လောက် ရှိတဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ ပဲ့ကိုင်ရှင် ဖြစ်လာပါတော့တယ်။ Facebook နာမည်လေးဘဲ ပြောင်းလိုက်တာပါ
နောက်တစ်ခုက ပိုပြီး မှတ်သားဖို့ကောင်းပါတယ်။ သူက အသက် (၅၂) အရွယ် (၂)ကြွင်း ဗုဒ္ဓဟူးသားပါ။ အသက် (၅၂)နှစ်က ဗုဒ္ဓဟူးသားသမီးတွေအတွက် ဘုမ္မိကြီးလို့ခေါ်တဲ့ ဘုမ္မိနှစ်ထပ်ကျတဲ့နှစ်ပါ။ အင်မတန် အန္တရာယ်ကြီးပါတယ်။ လူ (၁၀၀)မှာ (၈၀)လောက် ဘုမ္မိကြီးရဲ့ ဆိုးကျိုးကို ခံစားကြရပါတယ်။ သူဟာ ဘုမ္မိကြီးထဲ ဝင်ပြီး (၈)လကျော်ခန့်အထိ ဘာမှ မဖြစ်သေးပါဘူး။ ဒါပေမယ့် သူ အမှားတစ်ခုကို လုပ်မိပါတယ်။ အဲ့ဒါကတော့ သူ့ Facebook နာမည်က(ဗုဒ္ဓဟူးအစ/အဆုံး) ကနေ- (ဗုဒ္ဓဟူးစ ကြာသပတေးဆုံး) နာမည်ကို ရုတ်တရက် ပြောင်းလိုက်ပါတယ်။ ကြာသပတေးဆိုတာ (၂)ကြွင်းသမားအတွက် ”မရဏ” ဂြိုဟ်ပါ။ လုံးဝမပိတ်သင့်တဲ့နာမည်ပါ။ အဲ့လို ပြောင်းလဲပြီး (၂)လခန့်အကြာမှာ သူ ရုတ်တရက် ဉီးနှောက်သွေးကြောပေါက်ပြီး အရေးပေါ် ဉီးခေါင်းခွဲစိတ်ခံလိုက်ရပါတယ်။ ကံအလွန်ကောင်းလွန်းလို့ လူ(၁၀)ယောက်ခွဲရင် (၂)ယောက်ခန့်သာ အောင်မြင်တတ်တဲ့ ဉီးနှောက်ခွဲစိတ်မှုမှာ အောင်မြင်သွားပြီး အခု ကျန်းမာစ ပြုနေပါပြီ။
သူ့ Facebook နာမည်ကိုလည်း အကျိုးအကြောင်းရှင်းပြပြီး ပြန်ပြောင်းခိုင်းလိုက်ရပါတယ်။ (Facebook မှာ နာမည်တွေ ပေါက်ကရ လျှောက်ပြောင်း နေသူတွေ သတိထားစရာပါ။ ကံအလွန် ညံ့ချိန် နဲ့ နာမည်အမှားပြောင်းမိချိန်နဲ့ တိုက်ဆိုင်သွားရင် ချက်ခြင်း မကောင်းကျိုး ဖြစ်တတ်ပါတယ်)
Facebook နာမည်ပြောင်းလိုက်တာနဲ့ ဘာလို့ ပြောင်းလဲနိုင်တာလဲ ဆိုတာ ကျွန်တော် ရှင်းပြပါမယ်။ အခု ပို့စ်ကို ဖတ်နေသူတွေထဲမှာ ကျောင်းသားဘဝက စာကို အသံထွက်မကျက်ဘဲ စိတ်နဲ့ ကျက်တဲ့ (ဖတ်တတ်)တဲ့သူတွေ ပါမလားဗျ။
ကျွန်တော်ဆိုလည်း စာကို စိတ်နဲ့ ကျတ်မှတ် ဖတ်တတ်ပါတယ်။ စိတ်နဲ့ဖတ်ပြီး စာမေးပွဲတွေအောင်လာတာပါဘဲ။ အသံထွက်ဖတ်တာနဲ့ အကျိုးသွားချင်း အတူတူပါဘဲ။
Facebook နာမည်ဆိုတာကလည်း ခင်ဗျားက ပို့စ် တစ်ခုကို တင်လိုက်တာနဲ့ သူတို့က ခင်ဗျားနာမည်ကို စိတ်နဲ့ ဖတ်လိုက်ကြပါပြီ။ ခင်ဗျားနာမည်ကို စိတ်ထဲက နေ ခေါ်လိုက်တာပါဘဲ။
အသံထွက်တာနဲ့ အသံမထွက်တာဘဲ ကွာပါတယ်။ ဖတ်သူရဲ့ စိတ်ထဲကနေ အသံလှိုင်းတစ်ခု (Vibration) ဖြစ်သွားပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ ဂြိုဟ်အက္ခရာတွေနဲ့ ဖွဲ့စည်းထားတဲ့ နာမည်တစ်ခုရဲ့ အသံက ကောင်းခြင်းတွေကို ဖြစ်ပေါ်စေပြီး၊ မကောင်းတဲ့ ဂြိုဟ်အက္ခရာတွေနဲ့ ဖွဲ့စည်းထားတဲ့ နာမည်တစ်ခုရဲ့ အသံကတော့ မကောင်းခြင်းတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။
ခင်ဗျား ပို့စ်ကို လူ (၁၀၀) ဖတ်မိလိုက်ရင် ခင်ဗျားနာမည်ကို အကြိမ် (၁၀၀) ခေါ်လိုက်တာနဲ့ အတူတူပါဘဲ။
တစ်ခုတော့ ရှိပါတယ်။ ခင်ဗျားရဲ့ နာမည်သစ်ကို Facebook ပေါ်ကနေ လူများများက ခေါ်စေချင်ရင်တော့ ခင်ဗျားအနေနဲ့ ပို့စ်များများ တင်ဖို့ (သို့မဟုတ်) ရှယ်ပေးဖို့ လိုလိမ့်မယ်။ ဘာမှ မတင်ရင်တော့ ခင်ဗျားနာမည်ကို ဘယ်သူမှ မတွေ့သလို ဘာအသံလှိုင်းမှလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် မရေးတတ်ရင် ဖတ်ကောင်းရာရာ အကျိုးရှိမယ့် ပို့စ်လေးတွေ များများ ရှယ်ပေးပါ
ခင်ဗျားနာမည်သစ်ကို လူများများ တွေ့လေ ဖတ်လေ ၊ အကျိုးသက်ရောက်မှု မြန်လေလေပါဘဲ။ Friends (၁၀၀) ဘဲ ရှိတဲ့သူနဲ့ Friends (၁၀၀၀) ရှိတဲ့သူနဲ့ယှဉ်ရင် အကျိုးပေးခြင်း (၁၀)ဆ ကွာနိုင်ပါတယ်။
ဒါကတော့ နာမည်ပြောင်းရတာ အခက်ကြီး ထင်နေသူများအတွက် Facebook ကနေ နာမည်ပြောင်းနည်းလေးပေါ့။ တစ်ခုတော့ သတိပေးပါရစေ။ နာမည်အဟောင်း မှားနေလို့ နာမည်သစ် ပြောင်းလိုက်တာ နောက်နာမည်သစ်ကပါ တက်တက်စင် မှားနေတာမျိုးတော့ မဖြစ်ကြပါစေနဲ့ပေါ့ခင်ဗျာ
ဒီနေရာမှာ ကျွန်တော်တို့သာ နာမည်အမှန်ပေးတတ်ပါတယ်လို့ မပြောပါ။ ကိုယ်ရည်မသွေးပါ။ မကြော်ငြာပါ။ ကိုယ့်ရဲ့ ဝေဖန်ပိုင်းခြားတတ်တဲ့ ဉာဏ်လေးကို ထုတ်သုံးပြီးသာ ဆရာစစ်ဆရာမှန်ကို ရှာဖွေကြပါ။ ဆရာတစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင် (History) ကို အသေးစိတ် လေ့လာသုံးသပ် ဝေဖန် အကဲဖြတ်ပြီးမှ နာမည်ပေး အပ်ကြပါခင်ဗျား။
မေတ္တာများစွာဖြင့်
ဒေါက်တာတင်ဗိုလ်ဗိုလ် (နာမက္ခရ နှင့် ဟူးရားနက္ခတ်ကျွမ်းကျင်သူ)
ကွန်ပျူဗေဒသုခုမ