မိဘအတော်များများဟာ ကိုယ့်ကလေး နာမည်တစ်ခုရဖို့အတွက် အတော်ချေးများတတ်ကြပါတယ်။ ဟိုဆရာမေး၊ ဒီဆရာမေး၊ ဟိုနာမည်ရွေးကြည့်၊ မကြိုက်လို့ပြန်ပြောင်း၊ ဒီနာမည်ရွေးကြည့်၊ မကြိုက်လို့ပြန်ပြောင်းနဲ့ ကလေး အသက်(၃) နှစ်၊ (၄) နှစ် ကျော်လာတဲ့အထိ စိတ်ကြိုက်နာမည်တစ်ခု မရကြသေးတာကို အတော်များများ တွေ့ရပါတယ်။
ဒါဟာ ကောင်းတဲ့ နိမိတ်လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လက်တွေ့သုတေသနပြုချက်တွေအရ စီးပွားရေးလုပ်ငန်း နာမည်ပေးရာမှာ ဒီကပေးလိုက်တဲ့ နာမည်တွေထဲက တစ်ခုခုကို ချက်ခြင်းကြိုက်သွားပြီး၊ ချက်ခြင်း ရွေးချယ်ဖြစ်သွားတဲ့ လုပ်ငန်းတွေဟာ ချက်ခြင်းလိုလို အောင်မြင်လာကြတာကို ခဏခဏ သတိပြုမိပါတယ်။
လုပ်ငန်းကတော့ စဖို့အဆင်သင့်ဖြစ်နေပြီး နာမည်မကြိုက်သေးလို့ လုပ်ငန်းမစနိုင်ဘဲ ဖြစ်နေတဲ့ လုပ်ငန်းတွေ၊ နာမည်ရွေးဖို့အတွက် အချိန်သိပ်ယူနေရတဲ့ လုပ်ငန်းတွေဟာ အလုပ်စပြန်တော့လည်း တစ်ရှိန်ထိုး တက်မလာဘဲ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတတ်တာကို အထူးသတိထားမိပါတယ်။ (အတိတ်နိမိတ်ရဲ့ သဘောတရားအရပါ)
ရင်သွေးနာမည်ရွေးတဲ့ နေရာမှာလည်း ဒီလိုပါဘဲ။ နာမည်မကြိုက်လို့ ထပ်ရွေးတာဟာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်လောက် အထိတော့ ပြဿနာမဟုတ်ပေမဲ့ ဆရာတစ်ယောက်ပြီး တစ်ယောက်ပြောင်း၊ အကြိမ်ကြိမ် ထပ်ကာထပ်ကာ ရွေးနေတာဟာ ရင်သွေးဘဝ သာယာဖြောင့်ဖြူးဖို့အတွက် အနှောင့်အယှက်ဖြစ်စေတဲ့ နိမိတ်မျိုး ဖြစ်နေတတ်ပါတယ်။ နာမည်ကို ဂျီးများရင်း၊ ဂျီးများရင်းနဲ့ နောက်ဆုံးတော့ နာမည်ဆိုး၊ နာမည်ပျက်၊ နာမည်ညံ့နဲ့ ကြုံရတာမျိုး၊ “ဆရာများ သားသေ” စကားပုံလိုမျိုးပါပဲ။
တစ်ချို့ကျပြန်တော့လည်း တတ်ကျွမ်းတဲ့ ဆရာမှည့်ပေးတဲ့ နာမည်လေးတွေ ကြိုက်တော့ကြိုက်ပါရဲ့၊ ဘယ်သူ့သားသမီးနဲ့ တူနေလို့ ဆိုတာမျိုး ရှိပါသေးတယ်။ နာမည်မှည့်လို့ရတဲ့ ဗျည်းက (၃၃) လုံးပဲ ရှိတဲ့အထဲမှာ ကလေးဦးရေက တစ်နှစ်ကို သန်းနဲ့ချီပြီး တိုးတက်နေတော့ နာမည်တူတာ၊ ထပ်တာဆိုတာမျိုးက ရှိနေစမြဲပါ။ မိမိကလေးနာမည်ကို ဘယ်သူနဲ့မှ မတူစေချင်ဘူးဆိုတာက အပြောလွယ်ပေမဲ့ အလုပ်ခက်လှပါပေတယ်။
“နာမည်ကို အခြားသူတွေနဲ့ ကွဲပြားချင်လွန်း၊ ဆန်းချင်လွန်းအားကြီးရင်လည်း နာမည်အမှားဘက်ကို ရောက်သွားတတ်တာကိုတော့ သတိပြုရမှာပေါ့ဗျာ”
အရေးကြီးတာက နာမည်တူပေမယ့် ဘဝမတူဖို့က အဓိကပါ။ “ကျော်သူ” တို့၊ “စိုးသူ” တို့၊ “ရန်အောင်” တို့လို နာမည်မျိုးတွေ အများကြီးပေမဲ့ သူတို့ဇာတာနဲ့ သူတို့နာမည် သိပ်ကိုက်ညီသွားတဲ့အခါမှာ နာမည်ကျော်တွေဖြစ်လာတာပါပဲ။ နာမည်ကတော့ ဘယ်သူနဲ့မှ မတူပါဘူး။ ဒါပေမယ့် ဘဝကတော့ သူလိုငါလိုပါဘဲ ဆိုရင်လည်း မနိပ်လှပါဘူး။ နာမည်တူနေတာထက် ဘဝခြင်းမတူဘဲ ထူးချွန်သာလွန်ဖို့က အဓိကကျလှတယ် မဟုတ်ပေလားခင်ဗျာ။
ဒါကြောင့် စီးပွားရေးလုပ်ငန်း နာမည်ပေးပဲဖြစ်ဖြစ်၊ ရင်သွေးလေးအတွက် နာမည်ပေးချင်တာပဲဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က တိုးတက်အောင်မြင် ကြီးပွားစေတဲ့ အမည်နာမမျိုး မှည့်ချင်တယ်ဆိုရင်တော့ဖြင့် ကွန်ပျူဗေဒသုခုမ က အကောင်းဆုံးတွေဖြစ်လာအောင် ကူညီပေးပါရစေ