“ပက္ခတ်” မိတိုင်း ကြောက်စရာလား။ ဆိုးကျိုးရိုက်ခက်မှုတွေကို ခံစားရတော့မှာလားလို့ မေးလာရင် ကံနဲ့လည်းဆိုင်ပါသေးတယ်။ “ပက္ခတ်” မိပေမယ့်လည်း ဘာမှမဖြစ်ဘဲ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ သက်တမ်းပြည့် နေသွားရသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အရေအတွက်တော့ နည်းပါတယ်။
တစ်ချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်၊ မုဆိုးဖို/မုဆိုးမဖြစ်ပြီး နောက်အိမ်ထောင် ထပ်ယူတော့မှ ဘေးဥပဒ်တွေ မတွေ့ရတော့ဘဲ အိုအောင်၊ မင်းအောင် ပေါင်းသင်းသွားရတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကျတော့ Accident တွေ အကြိမ်ကြိမ်ဖြစ်တယ်။ ဒါပေမယ့် အသက်အန္တရာယ်ဘေးကနေ ကြံဖန်လွတ်တတ်ပါတယ်။ ဒီလိုစွန့်စားခန်းမျိုးတော့ ခဏခဏ ကြုံရတာပေါ့။
ဒါကြောင့် ကိုယ့်နာမည် ပက္ခတ် မိနေရင် အရမ်းမကြောက်ဘဲ သတိတော့ ထားပြီး သိပ်စွန့်စားရမယ့် အလုပ်တွေကို ရှောင်ပါ။ ပက္ခတ်အညံ့ထဲမှာ ရောက်နေရင် ယတြာလုပ်ပေး နိုင်သလို နာမည် ပက္ခတ်မိသူတွေဟာ ယခုဘဝမှာ အကုသိုလ်များလာရင် နောင်ဘဝမဆိုင်းဘဲ အကျိုးပေးတတ်တာကို (လက်တွေ့ သုတေသနတွေအရ) တွေ့ရှိထားပါတယ်။
ဒါကြောင့် ကိုယ့်ရင်သွေးလေးအတွက် ငယ်ငယ်လေးထဲက ပက္ခတ်မမိ၊ ကောင်းကျိုးပေးတဲ့ နာမည်ကောင်းလေးနဲ့အတူ တစ်သက်တာလုံး အဆင်ပြေပြေ ဘဝခရီးဖြောင့်အောင် ကွန်ပျူဗေဒသုခုမက တာဝန်ယူပါရစေ
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)