အတိတ်ကံအဆိုးအကောင်း နာမည်ကြောင့် ပြောင်းမပြောင်း

နာမည်ဟာ လူတစ်ယောက်ရဲ့ အတိတ်ကံကို မပြောင်းလဲနိုင်သော်လည်း ရှိပြီးသားကံကိုတော့ ဆပွားတိုးမြှင့်ပေးနိုင်တဲ့ သတ္တိရှိပါတယ်။ နာမည်ကောင်းတစ်ခုက လက်တွေ့သိပ္ပံပညာ နယ်ပယ်ထဲက ဘာနဲ့ဥပမာတူလည်းဆိုတော့ မီးအားမြှင့်စက်လိုပါပဲ။

ဟိုးအဝေးကလာတဲ့ လျှပ်စစ်လိုင်းတစ်ခုမှာ ဗို့အားကျနေတဲ့အခါ မီးအားမြှင့်စက် ခံထားလိုက်ရင် မီးအားဆပွားတက်လာတာနဲ့ အလားတူပါပဲ။ အားနည်းနေတာကို အားကောင်းလာအောင် မြှင့်ပေးလိုက်တာမျိုးပါ။ ဒါကြောင့် နာမည်ကောင်းတစ်ခုဟာ အတိတ်ကံ အဆိုးအကောင်းကို ပြောင်းလဲမပေးနိုင်သော်လည်း ကံကောင်းတဲ့ဓာတ်ကိုတော့ ဆပွားတိုးမြှင့်ပေးနိုင်တဲ့သတ္တိမျိုး ဧကန်ရှိပါတယ်လို့ မှတ်ယူထားပါ။

မိသားစုထဲက ကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်မှန်ကို ပြောပြပါဆိုရင် သားသမီး (၄)ယောက်စလုံးမှာ တစ်ခုခုဖြစ်ထွန်းချင်တဲ့ဆန္ဒအတွက် အဆင်မပြေဖြစ်သွားရင်တောင် ခဏတာပါပဲ။ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ လုပ်ချင်တာတွေ ဖြစ်မြောက်လာဖို့ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေချိန်မှာ သူတို့ကို မှည့်ထားတဲ့ နာမည်လေးတွေရဲ အစွမ်းသတ္တိက ထပြီးပြပါတော့တယ်။

ငွေကြေး၊ စီးပွားရေးကံတွေက အံ့သြစရာကောင်းအောင် တိုးတက်လာသလို ဆရာပြောချင်တဲ့ နာမည်ကောင်းတစ်ခုရဲ့ အစွမ်းသတ္တိဆိုတာ ဒါပါဘဲ။ အတိတ်ကံကြောင့် မတူညီတဲ့ ဘဝအခြေအနေ အမျိုးမျိုးကို ရရှိလာပေမဲ့ သူတို့ဘဝမှာ သူတို့ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရလာအောင် နာမည်ကနေ ဘဝကံကို (မီးအားမြှင့်စက်လို) ဆပွားတိုးမြှင့်ပေးလိုက်တဲ့ လက်တွေ့ဖြစ်ရပ်ပါ။ သူတို့လေးတွေဖြစ်ချင်တဲ့ အိပ်မက်တွေအတိုင်း ထိပ်တန်းနိုင်ငံခြားတက္ကသိုလ်မှာ ပညာသင်ခွင့်ရ၊ ဘွဲ့တွေရပြီး ဆန္ဒတွေပြည့်မြောက်သွားကြပါတော့တယ်။ ဒီကိစ္စတွေကို ဆရာ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေရင်းတွေ အားလုံးသိကြပါတယ်။

ဒါကြောင့် မိဘများအနေနဲ့ ကိုယ့်သားသမီးမှာ နာမည်ကောင်းလေးတွေ ရှိရင် စိတ်သိပ်ပူစရာမလိုသလို ၊ စိတ်လည်း သိပ်မစောကြပါနဲ့၊ လူ့ဘဝဆိုတာ တစ်ခါတစ်ခါ အချိန်မကျသေးရင် ပြောရခက်ပါတယ်။ မာလကာပင်မှာလည်း (၆)လ မာလကာ ရှိသလို (၂)နှစ်၊ (၃)နှစ်နေမှသီးတဲ့ ပုံမှန် မာလကာပင်လည်း ရှိပါတယ်။ သူ့အချိန်လည်းကျရော အစွမ်းကုန်သီးပွင့်ကြတော့တာပါ။ အချို့မာလကာပင်လေးတွေလည်း စတင်သီးပွင့်ဝေဆာနေကြပြီလို့ သတင်းစကားတွေ ကြားနေရပါပြီ။ အရေးကြီးတာက “နာမည်ကောင်းလေးတွေရှိနေဖို့ပါ”

ဒါကြောင့် ကိုယ့်ရင်သွေးမှာ ဘယ်လိုအတိတ်ကံပဲရှိရှိ ကံအား၊ ဘဝအဆင့်အတန်းအားတွေကို မြှင့်တင်ပေးနိုင်တဲ့၊ (၂၄)နှစ် ကာလပတ်လုံး အပြောမဟုတ်၊ အလုပ်နဲ့ပဲ သက်သေပြခဲ့တဲ့ “ကွန်ပျူဗေဒသုခုမ” မှာ ရင်သွေးအမည်ပေးလိုတယ်ဆိုရင်တော့ Message Box မှာ မေးမြန်းနိုင်ပြီး ဆရာက တစ်ယောက်ချင်းဆီအတွက် သင့်တော်တဲ့ အကောင်းဆုံးနာမည်လေးတွေကို တွက်ချက်ပြီး အိမ်အရောက်ပို့ပေးသွားမှာပါ။

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…