အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု
ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။ ဒီတစ်ပတ်အတွက်တော့ (6)ဂဏန်းသမားများ အကြောင်းကို စ , လိုက်ကြရ အောင်လားဗျာ။
ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ ကျွန်တော်လည်း ဆရာက ခရီးသွားမယ်ဆိုတော့ တော်တော် ကသိကအောက် ဖြစ်သွားတယ်ဗျာ။ အခု ဆရာဖုန်းဆက်ခေါ်လို့ ကျွန်တော် ပြေးလာ ခဲ့ရတာ။ ကျွန်တော်ကလည်း (6)ဂဏန်းသမားဆိုတော့ ကျန်တဲ့ဂဏန်း တွေထက် ပိုသိချင်နေတာလေ။
ကျွန်ုပ်။ ။ အေးဗျာ။ ကျွန်တော့်မှာလည်း တစ်ဖက်မှာ အသက်မွေးဝမ်းကျောင်းအတွက် အချိန်ပေးရ၊ ဒီကြားထဲမှာ “ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်” ဆိုတာလို အချိန်မရွေးကျရောက်လာနိုင်တဲ့ “သေခြင်းတရား” ကို နှလုံးသွင်းပြီး နေ့စဉ်အားထုတ်နေတဲ့ ဝိပဿနာ အလုပ်ကလည်းရှိနေတော့ ဒီဘလော့လေး ရှင်သန်နေဖို့ တော်တော် အချိန်လုပြီး လုပ်နေရတယ်ဗျာ။ ကျွန်တော်မကွယ်လွန်မှီ အတွင်း ကိုယ်သိသမျှ တတ်သမျှ လေးတွေကို ချန်ထား ခဲ့ချင်လို့ပါ။