(အပူ နှင့် အအေး ထိပ်တိုက်မတွေ့စေလို)

စိတ်မကောင်းလိုက်တာဗျာ။ ကြည့်ပါဦး။ မနေ့က (၁၃-၅-၂၀၁၀)ထုတ် “ကြေးမုံ နဲ့ မြန်မာ့အလင်း” သတင်းစာတွေမှာ နာရေးကြော်ငြာတွေ များလိုက်တာဗျာ။ ခါတိုင်း စာမျက်နှာ (၁)မျက်နှာလောက်ဘဲ ပုံမှန် ရှိနေရာက မနေ့က စာမျက်နှာ (၄)မျက်နှာ အပြည့် နာရေးကြော်ငြာ တွေဗျာ။ အသက် (၇၀) (၈၀)တွေ ကတော့ အများဆုံးပေါ့။ ပိုပြီး စိတ်မကောင်းတာက ကျွန်တော့် အတွက် “ဆရာလို တမျိုး၊ ဦးလေးလို တဖုံ” ခင်မင်လေးစားရတဲ့ စာရေးဆရာ ဆရာဝန်ကြီး “ဒေါက်တာ ကမ္ဘောဇခင်လှိုင်” ပါ ကွယ်လွန် သွားရ ရှာပါပြီ။

တနေ့ထက် တနေ့ ပြင်းထန်လာတဲ့ နွေရာသီရဲ့ အပူဒဏ်အောက်မှာ သက်ကြီးရွယ်အိုတွေ “တဖြုတ်ဖြုတ်” ကွယ်လွန်ကုန်ကြ ရှာပါ ပေါ့လား။ တလောကလည်း ကျန်းမာရေးဆောင်းပါးတွေကို အမြဲရေး, ရေးနေတဲ့ စာရေးဆရာကြီး “သာဂဒိုး” လည်း ကွယ်လွန် သွားခဲ့ပါတယ်။ ဒီ “အပူဒဏ်” ကြောင့်ပါဘဲ။

အသက်ကြီးတဲ့ လူကြီးတွေ ၊ နာတာရှည်ရောဂါများ ခံစားနေရသူတွေ အပူဒဏ် မခံနိုင်ဘဲ ကွယ်လွန်တာကတော့ ထားပါတော့။ ဘာရောဂါမှလည်း မရှိ၊ အရွယ်ကလည်း သန်စွမ်းကျန်းမာနေဆဲ “လူငယ်တွေ” ပါ တော်တော်များများ ဆုံးပါးနေကြတဲ့ ကိစ္စလေးတော့ သတိပေးလိုတာကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မင်္ဂလာပါ မိတ်ဆွေများ

မင်္ဂလာပါ ကွန်ပျူ-ဗေဒသုခုမ ရဲ့ ဘလော့ဂ်စာမျက်နှာသစ် စတင်ခြင်းဖြစ်ပါတယ်။ ဗေဒင်ပညာနဲ့ ပတ်သက်ပြီး – – အထွေထွေ သိမှတ်ဖွယ်ရာများ၊ – (၇)ရက်သားသမီး ဗေဒင်ဟောကိန်းများ – နည်းလမ်းအတိုအထွာများ၊ – ထူးဆန်းထွေလာများ၊…