(အင်္ဂဝိဇ္ဇာအချိန်ပိုင်း အယူအဆကွဲများ)

ကိုသိန်းဖေသည် ကျွန်ုပ်ထံသို့ မကြာခဏ လာရောက်ခါ ဗေဒင်ပညာနှင့် ပတ်သက်ပြီး လေ့လာပညာယူ နေသူ တစ်ဦးဖြစ်လေသည်။ ကျွန်ုပ်၏ ဘလော့တွင်ကိုလည်း အင်တာနက်တွင် ပုံမှန် ဖတ်ရှု နေသူတစ်ဦးလည်း ဖြစ်လေသည်။ ယနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ကျွန်ုပ်၏ အားလပ်ရက် ဖြစ်သောကြောင့် စောစောစီးစီး ပေါက်ချ လာလေသည်။

ကျွန်ုပ်။ ။ လာဗျို့။ ကိုသိန်းဖေ ဒီမှာ ရေနွေးကြမ်းနဲ့ ငါးကြော် မြီးကြရအောင်။ ကဲ – ဆို ။ ဘာသိချင်ပြန်ပြီလည်း။

သိန်း။ ။ ဒီလိုဆရာ။ ဟိုတစ်နေ့က မန်ယူ နဲ့ ဘာကာပွဲကို ဆရာတွက်ထားတာ မဟာကာလဆိုပေမဲ့ ကျွန်တော် ချကြည့်တော့ ဆရာ့ခွင်အတိုင်း မဝင်ဘူးဖြစ်နေတယ်။ အဲဒါပါ။ (၂၄)ခါ ပိုင်းကို ဘယ်လိုပိုင်းပါသလဲဆရာ။

ကျွန်ုပ်။ ။အေးဗျ။ မဟာကာလမှာလည်း အချိန်ပိုင်းပုံနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲနေကြတယ်။ ကျွန်တော်လည်း နည်းလမ်းစုံကို လေ့လာကြည့်တယ်။ မူလပထမအယူ အဆကတော့ နေ့ပိုင်း (၈)ခါ၊ ညပိုင်း (၈)ခါ – တစ်နေ့ကို (၁၆)ခါပိုင်းပေါ့ဗျာ။ တစ်ချိန်ကို တစ်နာရီခွဲယူတယ်ဆိုတာတော့ ကိုသိန်းဖေ သိပြီးဖြစ်မှာပါ။ နောက်တစ်ခုက သာမည ဆရာတော်ကြီးရဲ့ နည်းလို့ လူသိများတဲ့ (၅)ခါပိုင်းစနစ်။ ဒါကတော့ အသုံးနည်းပါတယ်။

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် /နှစ်သစ် ဟောကိန်းများ

ပြီးခဲ့တဲ့ (၄)လ လောက်က ခရစ်နှစ် ၂၀၁၀ ခုနှစ် “ခရစ်နှစ်သစ်” ဟောကိန်းများ ရေးပြီး အခုတစ်ခါ မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် “မြန်မာနှစ်သစ်” အတွက် ဟောကိန်းများ ရေးရပြန်ပါပြီ။ ကျွန်တော်တို့ ဗေဒင်ဆြာ…