(အကယ်ဒမီ ရင်ခုန်သံ)

မနက်ဖြန် (6.2.2010)နေ့မှာ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ ကျင်းပမယ် ဆိုပါလား။ ရုပ်ရှင်အကယ်ဒမီဆုနဲ့ ပက်သက်ပြီး နီးစပ်ရာ အပေါင်းအသင်း တွေက ဒီနှစ် ဘယ်သူတွေ ရနိုင်လဲ မေးလာကြသဗျ။

အမှန်အတိုင်း ပြောရရင် မြန်မာရုပ်ရှင် မကြည့်ဖြစ်တာလည်း အနှစ် (၂၀)လောက် ရှိသွားပြီမို့ ဘယ်မင်းသမီး မင်းသားတွေက နာမည်ကြီးနေတယ် , ဘယ်ဇာတ်ကားတော့ ဘယ်လိုကောင်းတယ် ဆိုတာတွေလည်း မသိတော့ပါဘူး။ ဟိုတုန်းက ကြားဖူးတဲ့ “ထက်ထက်မိုးဦး” တို့ “ဒွေး” တို့ “နန္ဒာလှိုင်” တို့လောက်ကလွဲပြီး နောက်ပေါက် မင်းသား မင်းသမီး အသစ်တွေကိုလည်း မသိ တော့ပါဘူး။ နာမည်မှ ကောင်းကောင်း မသိတော့ ဘယ်သူရမယ်ဆိုတာ ခန့်မှန်းဖို့လည်း ခက်ပါတယ်။

ကျွန်တော်က “ဂီတ” ကို ဝါသနာ ကြီးသလောက် ရုပ်ရှင်ဘက်မှာတော့ အင်မတန် ဝါသနာ နည်းပါတယ်။

နောက်တစ်ခု အခက်အခဲက အနုပညာလောက (အထူးသဖြင့် ရုပ်ရှင်လောက) ထဲက လူတွေကလည်း အသက်ကို အမှန် မပြောချင်ကြဘူးဗျ။ ကျွန်တော်က သုတေသန ဝါသနာပါတော့ ထင်ပေါ်ကျော်ကြားသူတွေရဲ့ မွေးသက္ကရာဇ်တွေ လိုက်ပြီး စုဆောင်းတဲ့ နေရာမှာ အခက်အခဲဆုံးက “မြန်မာနိုင်ငံ” ဘဲဗျ။

ဘယ်နိုင်ငံက ထင်ပေါ်ကျော်ကြားသူဖြစ်ဖြစ် “အင်တာနက်” ပေါ်မှာ “ကလစ်” တစ်ချက်ခေါက်လိုက်တာနဲ့ သူ့ရဲ့ မွေးနေ့ သက္ကရာဇ် အပြည့်အစုံ နဲ့ ကိုယ်ရေးအထုပ္ပတ္တိကို အလွယ်တကူ သိနိုင်ပါတယ်။

You May Also Like
Read More

(၆)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်…
Read More

ကုန်ဈေးနှုန်း ဗေဒင်နဲ့ပတ်သတ်လို့ သိထားသမျှ

ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေး ပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက်…