(ဟေတီ ငလျှင် နှင့် ဆရာကြီး ကာလာစန်)

ကာရစ်ဘီယံ ကျွန်းစုနိုင်ငံတွေထဲမှာ ပါဝင်တဲ့ “ဟေတီ” နိုင်ငံမှာ အခုပြီးခဲ့တဲ့ ဇန်နဝါရီ (၁၂)ရက်နေ့မှာ ပြင်းအားအဆင့် (၇) ကျော်တဲ့ ငလျှင်ကြီး လှုပ်ခတ်သွားခဲ့ပါပြီ။ လူအသေအပျောက် စာရင်းမကောက်နိုင်လောက်အောင် ကသောင်းကနင်းတွေ ဖြစ်နေတာမို့ ဒီကနေ့ (၁၇)ရက်နေ့ကျမှ လူအသေအပျောက်ကို (အနီးစပ်ဆုံး) ခန့်မှန်းနိုင်ပါတော့တယ်။ အနည်းဆုံး လူငါးသောင်း အထက်မှာ သေကြေပျက်စီးဖွယ် ရှိနေပါတယ်။ ကပ်ဘေးဒုက္ခတွေရဲ့ ထုံးစံအတိုင်း လူအသေအပျောက်စာရင်းဟာ ဒီထက် တိုးလာဖွယ် ရှိပါတယ်။ (ဒီဆောင်းပါးရေးပြီး နောက်ထပ် ၆နာရီအကြာမှာ သိရတဲ့သတင်းအရ လူဦးရေ သေဆုံးမှုဟာ ၂-သိန်း အထိ ရှိနိုင်တယ် လို့ သိရပါတယ်)

“နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း” ဆိုသလို ဟေတီနိုင်ငံဟာ မနှစ်ကမှ မုန်တိုင်းအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့လို့မှ မပြီးသေးဘူး အခု ကြောက်စရာကောင်းတဲ့ ငလျှင်ကြီးက ထပ်ဆင့်လာတာဟာ လူတွေရဲ့ ကံကြမ္မာကိုက နိမ့်လွန်းလို့လား၊ ကမ္ဘာကြီးဘဲ ပျက်စီးချိန် နီးလာလို့ ဘဲလား ဆိုတာ မပြောတတ်တော့ပါဘူးဗျာ။ ကမ္ဘာကြီးရဲ့ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာတဲ့ ရာသီဥတု ဖောက်ပြန်မှုဟာ ဒီအတိုင်းဆို အတော်ကြီးကို သတိပြုရမယ့် အနေအထားကို ရောက်နေပါပြီ။

ဒီငလျှင်ကြီးကို လှုပ်မယ့် နေရာဒေသ အနီးစပ်ဆုံးရော၊ လှုပ်မယ့် လ,ပိုင်းရော တိတိကျကျ ခန့်မှန်းနိုင်ခဲ့သူကတော့ “ဆရာကြီး ကာလာစန်” ဖြစ်ပါတယ်။ ဆရာကြီးကာလာစန်ဟာ ကျွန်တော့်ရဲ့ဗေဒင်ပညာသင်ဘ၀ ဖြတ်သန်းလာရတဲ့ ခရီးတစ်လျှောက်၊ တွေ့ဘူးသမျှ နက္ခတ်ဗေဒင်ပညာရှင်များမှာတော့ “ပညာအရာမှာလည်း အတော်ဆုံး၊ စိတ်သဘောထားအရာမှာလည်း အပြည့်ဝဆုံး” ဆရာကြီးတစ်ယောက်ပါ။

You May Also Like
Read More

၁၂ ရာသီခွင် နှင့် လူသားများ (၂)

(၁၂)ရာသီခွင် နှင့် လူသားများ အပိုင်း (၁)ကို ရေးနေရင်း ပင်ပန်း နွမ်းနယ် မှုကြောင့် ခဏရပ်နားထားတဲ့ နေရာကနေ အခု အပိုင်း(၂)ကို ဆက်လက် ဖော်ပြ သွားပါမယ်။ အခု ဟောကိန်းတွေကတော့…
Read More

မက်ကိန်းနဲ့အိုဘားမား ဘယ်သူနိုင်မလဲ အပိုင်း (၂)

မက်ကိန်း နဲ့ အိုဘားမား ဘယ်သူနိုင်မလဲ အပိုင်း (၁) မှာ မြန်မာ့ရိုးရာ သက္ခတ်ဗေဒင်နည်း နဲ့ အလွယ်တွက်ပြီး အိုဘားမားက နိုင်ချေ ပိုရှိတယ် ဆိုတာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် တွက်ကိန်းက…