ယနေ့ည မန်ယူ နဲ့ ဘာကာ ဘယ်သူနိုင်မလဲ

ဒီနေ့ညဟာ ချန်ပီယံလိဂ်ရဲ့ နောက်ဆုံးဗိုလ်လုပွဲဖြစ်တဲ့ မန်ယူ နဲ့ ဘာကာ တို့ ကစားကြမယ့် ညပါ။ ဘောလုံးပွဲတွေလည်း မကြည့်ဖြစ်၊ တွက်လည်း မတွက်ဖြစ်တာ ကြာပါပြီ။ ဒီနေ့ညတော့ သူငယ်ချင်းတွေက တဒီးဒီး ဖုန်းဆက်ပြီး မေးကြလွန်းလို့ ကောက်တွက်လိုက်ပြီး ဘလော့ဂ်ပေါ်မှာ ပြာရိပြာယာ တင်လိုက်ပါတယ်။ အနီးကပ် (Hot Spot) ပေါ့။

ဒီ ဇာတာလေးက မြန်မာ့ဗေဒင်ဖြစ်တဲ့ “ဟူးရား မဟာကာလကြီး” နည်းနဲ့တွက်ထား တာပါ။ မန်ယူကို လူတွေက ပိုမို စိတ်ဝင်စားကြလို့ မန်ယူကို မူတည်ပြီး ဇာတာခွင်ချထားတာပါ။ မန်ယူအတွက် ဇာတာပေါ့။လေ့လာကြည့်ပါ။

 

 

ဇာတာဖွဲ့ချိန် = ၁၇ နာရီ၊ ၅၇ မိနစ် ၊ ရန်ကုန်မြို့။ (၂၇/ဝ၅/၂ဝဝ၉) / နံပါတ်လဂ် = ၃ဝ

ဇာတာမှာ လဂ်က ဓနုလဂ်။ ဒွေးဒဟ လဂ်ပါ။ ဒွေးဒဟ လဂ်ဆိုကတည်းက သိပ်မကြိုက်တော့ပါဘူး။ ပြဿနာ ဇာတာတွေမှာ ဒွေးဒေဟလဂ် ဟာအားနည်းတဲ့ လဂ်ဖြစ်ပါတယ်။ လဂ်အိမ်ရှင် ကြာသပတေးက (၈)တန့်မှာ ရပ်ပါတယ်။ ဥုစ်တော့ ဥုစ်ပါဘဲ။ ဒါပေမယ့် (၈)တန့် မှာ ဥုစ်ဖြစ်တာ ဆိုးစရာရှိရင်လည်း တအားဆိုးပြီး ကောင်းစရာ ရှိရင်လည်း တအားကောင်းတတ်ပါ တယ်။ ဒါပေမယ့် ဒီဇာတာမှာတော့ ကောင်းစရာ မရှိပါဘူး။

ဟူးရားဇာတာတွေမှာ အလွန်အရေးကြီးတဲ့ (၁၁)တန့် အိမ်ရှင် သောကြာဟာ ရန်အိမ် သိဂ်ရာသီမှာ ရပ်တည်နေပြီး သမသတ်အိမ် ကနေ စနေဂြိုဟ်က မြင်နေတာဟာ အလွန်ဆိုးဝါး စေပါတယ်။ နောက်ပြီး လဂ်ပြီးရင် ဒုတိယအရေးပါတဲ့ စန်း(တနင်္လာ)ဂြိုဟ်ဟာလည်း (၁၂)တန့်ဗျာယ ဘာဝမှာ ဗျာယအိမ်ရှင် အင်္ဂါနဲ့ ပူးနေပါတယ်။ ဒါကြောင့် ကောက်ချက်ချကြည့်ရင် ယနေ့ညအဖို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ အသဲစွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေဖြစ်နေပါတယ်။

‘ဒါကြောင့်မို့ သိမ်းပိုက်ခြင်းသိမ်းပိုက်ရင် ဘာကာဆိုတဲ့ဘာစီလိုနားကသာ သိမ်းပိုက်သွားဖို့ အလားအလာ အလွန်များ နေပါတယ်။ မန်ယူအတွက်တော့ ယနေ့ညအဖို့ ကံမကောင်းနိုင်ပါခင်ဗျား။

 

 

 

 

ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် /နှစ်သစ် ဟောကိန်းများ

ပြီးခဲ့တဲ့ (၄)လ လောက်က ခရစ်နှစ် ၂၀၁၀ ခုနှစ် “ခရစ်နှစ်သစ်” ဟောကိန်းများ ရေးပြီး အခုတစ်ခါ မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် “မြန်မာနှစ်သစ်” အတွက် ဟောကိန်းများ ရေးရပြန်ပါပြီ။ ကျွန်တော်တို့ ဗေဒင်ဆြာ…