ပြီးခဲ့တဲ့ (၄)လ လောက်က ခရစ်နှစ် ၂၀၁၀ ခုနှစ် “ခရစ်နှစ်သစ်” ဟောကိန်းများ ရေးပြီး အခုတစ်ခါ မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် “မြန်မာနှစ်သစ်” အတွက် ဟောကိန်းများ ရေးရပြန်ပါပြီ။
ကျွန်တော်တို့ ဗေဒင်ဆြာ တွေလည်း သိပ်မလွယ်လှဘူးနော။ တော်ကြာ အင်္ဂလိပ်နှစ်သစ်အတွက် ဟောကိန်းများ ဆိုပြီး ရေးလို့မှ မကြာသေးခင် အခု မြန်မာနှစ်သစ်ကူး ဟောကိန်းများ ဆိုပြီး ရေးရပြန်ရော။ တော်သေးတယ်။ တရုပ်နှစ်သစ်ကူး ၊ ကုလား နှစ်သစ်ကူး။ ကရင် နှစ်သစ်ကူးတွေပါ မတောင်းဆိုကြလို့ပေါ့။
တကယ်တော့ ကမ္ဘာ့လူသား သန်း (၆၀၀၀) ကျော်အတွက် “တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး . . . ဆိုတဲ့ နေ့(၇)နေ့နဲ့ “ချုပ်” ပြီး အကျုံးဝင်အောင် ရေးရတာ မလွယ်လှပါဘူး။ လူတိုင်းအတွက် မှန်ဖို့လည်း မလွယ်ပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက် အားထုတ်ပြီး ရေးထား ပါတယ်။ နေ့ (၇)နေ့ ဟောကိန်းကို “မဟာဘုတ်” “မဟာကာလကြီး” “အရှေ့တိုင်း နက္ခတ်” နည်းစနစ်များနဲ့ ညှိနှိုင်း ထားပါတယ်။ ဖတ်ကြည့် ကြရအောင်လားဗျာ။
မြန်မာသက္ကရာဇ် (၁၃၇၂) အတွက် ၇ရက်သားသမီး ကံဇာတာ အကျဉ်းချုပ်
တနင်္ဂနွေ နှင့် စနေ သားသမီးများ | ကံဇာတာ အလွန် ညံ့ဖျင်းဖွယ်။ |
အင်္ဂါ သားသမီးများ | ကံဇာတာ အတော်အတန် ညံ့။ |
ကြာသပတေး နှင့် သောကြာ သားသမီးများ | ကံဇာတာ သင့်မြတ်။ သောကြာသားသမီးများ Accident ရှိ။
|
တနင်္လာ သားသမီးများ | ကံဇာတာ ကောင်း။ |
ဗုဒ္ဓဟူး နှင့် ရာဟု သားသမီးများ | ကံဇာတာ အကောင်းဆုံးဖြစ်ဖို့ရှိ။
|