မင်္ဂလာပါ
ကွန်ပျူ-ဗေဒသုခုမ ရဲ့ ဘလော့ဂ်စာမျက်နှာသစ် စတင်ခြင်းဖြစ်ပါတယ်။
ဗေဒင်ပညာနဲ့ ပတ်သက်ပြီး –
– အထွေထွေ သိမှတ်ဖွယ်ရာများ၊
– (၇)ရက်သားသမီး ဗေဒင်ဟောကိန်းများ
– နည်းလမ်းအတိုအထွာများ၊
– ထူးဆန်းထွေလာများ၊
– မိမိဘ၀ အတွေ့အကြုံများ၊
– ဖြစ်ရပ်ဆန်းကြယ်များ ကို ဗေဒင်ပညာ ဝါသနာပါသူများအတွက် တင်ဆက်ပေးသွားပါမယ်။
= ဗေဒင်ပညာရှင်ကြီးများအတွက် မဟုတ်ဘဲ ဗေဒင်ပညာ နဲ့ လောကီပညာတွေကို လေ့လာခါစ ဝါသနာရှင်များအတွက် ရည်ရွယ်ပါတယ်။
= ဗေဒင်ပညာ လုံးဝမတတ်ကျွမ်းသူများပါ ဖတ်နိုင်အောင် သိပ်အဆင့်မြင့်လွန်းတဲ့ ဗေဒင်ပညာပိုင်းဆိုင်ရာတွေကိုတော့ တတ်နိုင်သရွေ့ ရှောင်ကျဉ်ပြီး ရေးသား သွားမှာ ဖြစ်ပါတယ်။
= ဒီဘလော့ဂ်လေးဟာ သိပ်အဆင့်မြင့်လွန်းတဲ့ ပညာရှင်တွေအတွက်တော့ မရည်ရွယ်ပါဘူး။
= အဆင့်မြင့်ပညာရပ်တွေကိုတော့ ဒီဘလော့ဂ်မှာ တင်ဆက်မှာ မဟုတ်ဘဲ ဒေါက်တာတင်ဗိုလ်ဗိုလ်အမည်နဲ့ စာအုပ်များ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စာအုပ်နှစ်အုပ် ထုတ်ဝေထားပါတယ်။
= ဗေဒင်ပညာအပြင် အခြားသိမှတ်စရာ (ဘဝနဲ့ရင်းခဲ့ရတဲ့) အတွေ့အကြုံ သင်္ခန်းစာများကိုလည်း (လူငယ်များအတွက်) အလျှဉ်းသင့်သလို တင်ဆက်သွားပါမယ်။ လောကီ၊ လောကုတ္တရာ နှစ်ဖြာလုံးပေါ့။
= အသက်က (၅ဝ)နား နီးလာတော့ တရားဘက်ကိုလည်း နည်းနည်းလုပ်ကြည့်ရင်းနဲ့ ကိုယ်တွေ့သိမြင်လာရတဲ့ ဗုဒ္ဓရဲ့ဓမ္မရဿ ကိုလည်း အလျှဉ်း သင့်သလို ရေးသားသွားပါမယ်။ ဝါသနာပါရင် ဖတ်ကြည့်ပြီး ဝါသနာမပါရင်တော့ ကျော်သွား နိုင်ပါတယ်။
= စာရေးသူဟာ နိုင်ငံရေးပတ်သက်ရင်တော့ ဝါသနာနည်းလှတဲ့သူမို့ နိုင်ငံရေး၊ အစိုးရဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း လုံး၀ ရေးသားမှာ မဟုတ်ပါဘူး။ ဗေဒင်ပညာပေး သက်သက် နဲ့ ဘာသာရေး ဆိုင်ရာ အကြောင်းလေးတွေကိုသာ “သီးသီးသန့်သန့်” တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါကိုတော့ ခွင့်လွှတ်ပေးကြပါ။ (ဘလော့ဆိုရင် အမြင်စောင်းတတ် ကြလွန်းလို့ပါ)
စာရေးသူဟာ “ဗုဒ္ဓရဲ့ ဓမ္မရဿ” နဲ့သာ အေးအေးချမ်းချမ်း နေလိုသူဖြစ်ပြီး “လောကကြီးမှာ မည်သူ့ကို မှလည်း အပြစ် မတင်ထိုက်၊ မည်သူ့ကိုမှလည်း မချီးမွမ်းထိုက် – အရာအားလုံးဟာ သူ့အကြောင်းတရား သူ့အကျိုးတရား အတိုင်းသာ ဖြစ်ကြ ပျက်ကြရ သည်သာ” ဆိုတဲ့ ဒဿနကိုသာ ခံယူထားသူ ဖြစ်ပါတယ်။
ကျမ်းခန့်သာ၍ မာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)