ပြီးခဲ့တဲ့ ဆောင်းပါးအပိုင်း(၂)ကို စိတ်ပါလက်ပါ ဝင်ရောက်အားပေး ဖတ်ရှုကြပြီး အူလှိုက်သဲလှိုက် အားပေးသွားကြတဲ့ စာဖတ်သူများကို ကျေးဇူး အထူးတင်ပါတယ်။ ကိုယ့်စေတနာ ထိရောက်မှုအတွက် အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။ သဘောမတူသူများ ရှိနိုင်ပေမယ့် ဒီလောက်လူဦးရေမျှ သဘောတူ လက်ခံတယ်ဆိုရင်ဘဲ ဝမ်းမြောက်လှပါပြီ။ စိတ်ကူးတဲ့ရာ လျှောက်ရေးတာ မဟုတ်ဘဲ ကိုယ်တိုင်ခံစားခဲ့ရတဲ့ အတွေ့အကြုံနဲ့ရင်းပြီး ရေးထားခြင်း ဖြစ်တယ် ဆိုတာကိုတော့ အားလုံးကို နားလည်စေချင် ပါတယ်။ အများအတွက် အကျိုးမရှိတဲ့ စာသားများကို ရေးပြီး အချိန်မဖြုန်းလိုပါ။ တကယ် အကျိုးရှိတာ ဧကန်မုချမို့ တကယ် ယုံကြည်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အားထုတ်ပြီး ရေးပြခြင်း ဖြစ်ပါတယ်။ စာဖတ်သူ အတော်များများက လက်မခံဘူး ဆိုရင်တော့ အကြောင်းအရာက မမှန်လို့ မဟုတ်ဘဲ မိမိရဲ့ တင်ပြပုံ ညံ့ဖျင်းမှု ကြောင့်သာလျှင် ဖြစ်ပါလိမ့်မယ် ခင်ဗျား။
အပိုင်း (၃)
အောက်က စာသားလေးတွေကတော့ – လောကကြီးမှာ ဆန္ဒပြင်းပြတိုင်း/ရည်မှန်းချက်ထားတိုင်း/လိုချင်စိတ် ရှိတိုင်းလည်း မရတတ်ပုံနဲ့ မလိုချင်တာမှ ဖြစ်တတ်ပုံ လေးတွေပါ။ ကိုယ့်ရဲ့ အတွေ့အကြုံတွေထဲမှာလည်း ရှိတတ်ကြ ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ရှိတတ်ပါတယ်။ ဖတ်ကြည့်ကြရအောင်လားဗျာ။