မဟာဘုတ်ဗေဒင်ဟာ အခုအချိန်အထိ သိထားရတဲ့ သမိုင်း အချက်အလက်တွေ အရတော့ “မြန်မာ့ရိုးရာ ဗေဒင်ပညာ” စစ်စစ် ဖြစ်ပါတယ်။ လက်ဆန်းဗေဒင် ပညာတွေလို့ လူသိများတဲ့ မဟာဘုတ်၊ အင်္ဂဝိဇ္ဇာ နဲ့ သုံးတန်ပေါ်နိစ် နဲ့ ဆန်းဗေဒင် တွေ ထဲမှာ “မဟာဘုတ်” ပညာနဲ့ “သုံးတန်ပေါ်နိစ်” တို့သာ မြန်မာ့မူ စစ်စစ်လို့ ပြောနိုင်စရာ ရှိပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ “အင်္ဂဝိဇ္ဇာပညာ” ကို တီထွင်ခဲ့သူလို့ အသိအမှတ် ပြုခံရတဲ့ “အတုလ ခင်ကြီးဖျော်” မမွေးခင်ကတည်း ရှိနေတဲ့ အိန္ဒိယ ဗေဒင်ကျမ်း တွေထဲမှာရော၊ အနောက်နိုင်ငံ ရှေးဟောင်း သင်္ချာဗေဒကျမ်း တွေမှာပါ – “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စန္ဒြော၊ သောရီ . . . စတဲ့ “ဆပွတ်ရိုက်” သွားတဲ့ ဂြိုဟ်အစီအစဉ် နေရာချထားမှုတွေကို သွားတွေ့ရ ပါတယ်။ ဒါပေမယ့် သူတို့က တော့ ဆရာတော် “ခင်ကြီးဖျော်” လို အပေါ်တစ်လုံး/အောက်တစ်လုံး အစီအစဉ်နဲ့ ချ, သွားတာမျိုးတော့ မဟုတ်ဘူး။
အခု မြန်မာနိုင်ငံမှာ သုံးနေကြတဲ့ အင်္ဂဝိဇ္ဇာတိုင်ကတော့ ဆရာတော် “ခင်ကြီးဖျော်” ကိုယ်တိုင် ထပ်ဆင့် တီထွင်ခဲ့ပုံပေါ်ပါတယ်။ ပြောချင်တာက “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စန္ဒြော . . . ဟာ မြန်မာ့မူ အစစ်မဟုတ်ပါဘူး ဆိုတာပါ။