ဖိတ်ခေါ်ခြင်း

စာဖတ်သူ မိတ်ဆွေ/ညီအစ်ကို မောင်နှမများ ခင်ဗျား။ ဤ ဆိုဒ်ကလေး စတင်တည်ထောင်သည်မှာ (၂)နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ယနေ့ စိတ်ကူးတစ်ခု ရမိသောကြောင့် တင်ပြလိုပါသည်။

စာဖတ်သူ ညီအစ်ကို မောင်နှမများထဲတွင်လည်း စာတို ပေစ ရေးရာ၌ လက်စွမ်း ၊ လက်စ ရှိသူ / စာရေးရန် ဝါသနာ ပြင်းပြသူများ ရှိပါလိမ့်မည်။ အချို့လည်း ကိုယ်ပိုင် ဆိုဒ်ကလေးတစ်ခု ပြုလုပ်ရန် ဆန္ဒရှိနေသူ များလည်း ပါပါလိမ့်မည်။

ထို့ကြောင့် စာရေးသားရန် ဝါသနာပါသူများအား ယခု မိမိ၏ “BayDaThuKhuMa (ဗေဒသုခုမ)”စာမျက်နှာ များတွင် ပါဝင်ရေးသားကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ မည်သည့် စာပေအမျိုးအစားဟု မသတ်မှတ် လိုသော်လည်း အထူးသဖြင့် –

= ဗေဒင်ပညာရပ် ဆိုင်ရာ

= ဂမ္ဘီရ ပညာရပ် ဆိုင်ရာ

= ထူးခြားဆန်းကြယ် ဖြစ်ရပ်များ

= ကျန်းမာရေး နှင့် မြန်မာ့ဆေးပညာ

= စိတ်နယ်လွန် နှင့် စိတ်စွမ်းအား ဆိုင်ရာ

= နာမ်လောက / ပရလောက / သဘာဝလွန် ဖြစ်ရပ်ဆန်းကြယ်ဆိုင်ရာ

= ဗုဒ္ဓဘာသာ ဆိုင်ရာ  အတွေးအမြင် နှင့် ဗဟုသုတ စာပေများကို ဦးစားပေးစေလိုပါသည်။ ဆောင်းပါး ပုံစံဖြစ်စေ ၊ ဝတ္တုပုံစံဖြစ်စေ ရေးသားပေးပို့နိုင်ပါသည်။

ဆောင်းပါးများကို ကလောင်အမည်ဖြင့်သာ ရေးသားရန်ဖြစ်ပြီး နာမည်ရင်း၊ နေရပ်လိပ်စာများကို လျှို့ဝှက်ထားနိုင်သည်။

နိုင်ငံရေး နှင့် ဘာသာရေး တိုက်ခိုက်မှုများ ၊ သတင်းများ ၊ ပုဂ္ဂိုလ်ရေး နာမည်တပ် တိုက်ခိုက်မှုများကိုမူ လက်ခံမည် မဟုတ်ပါ။ (ဤ ဆိုဒ်ကလေး ရေရှည် တည်တံ့ရေးအတွက် ဖြစ်ပါသည်)

မိမိရေးသားသော ဆောင်းပါး(Post)များမှ တစ်ပုဒ်ပုဒ်သည်  Top 15 – အဖတ်အများဆုံး (15)ပုဒ်အတွင်း ဝင်ပြီ ဆိုပါက – မိမိ ရေးသားခဲ့သော ဆောင်းပါးများကို စုစည်း၍  ကိုယ်ပိုင်ဆိုဒ် တစ်ခု တည်ထောင်နိုင်အောင် အကူအညီပေးမည်။ ကိုယ်ပိုင် ဆိုဒ်တစ်ခု ပြုလုပ်ရန် လိုအပ်သော Domain Name နှင့် Free Hosting များကို အခမဲ့ ပေးမည်။ Domain Name မှာ Sub-domain ဖြစ်ပြီး Free Hosting မှာ Disk Space = 500 Mb မှ 1 Gb  အထိ ပေးရန် လျာထား ထားပါသည်။ ဝက်ဆိုဒ် မလုပ်တတ်သူဖြစ်လျှင်လည်း လုပ်တတ်အောင် အကူအညီ ပေးသွားမည်။

Domain Name နှင့် Free Hosting များ သုံးစွဲခွင့်ကို နှစ်အကန့်အသတ် မထားပါ။(တစ်နှစ်တစ်ခါ ဟိုပြောင်း ဒီပြောင်း လုပ်ရန် မလိုတော့ပါ)။ မိမိ၏ BayDaThuKhuMa ဆိုဒ် တည်တံ့နေသရွေ့ အခမဲ့ ပေးထားမည်။ စိတ်ဝင်စားပါက အခြား အသေးစိတ် အချက်များကို Comment ထဲတွင်၎င်း ၊ မေးလ်ဖြင့်၎င်း စုံစမ်း မေးမြန်းနိုင်ပါသည်။ ဆောင်းပါးများ ရေးပို့မည်ဆိုက မဆိုင်းမတွ အလျှင်အမြန် ပေးပို့ စေလိုပါသည်။ (မေးလ်ဖြင့် ပို့ပေးပါ) ။ ရေးသားရာတွင် ဇော်ဂျီ ဖောင့် ဖြင့်သာ ရေးသားစေလိုပါသည်။ (ကိုယ်တိုင် ရေးသားထားသော စာမူဖြစ်ရမည်။ ကူးယူထားသော စာမဖြစ်ရ။ ၎င်း အချက်ကို ခံဝန်ချက် ပူးတွဲပါရှိရမည်။ ကူးယူထားသော စာဖြစ်သောကြောင့် ပြဿနာ ဖြစ်လာလျှင် ရေးပြီးသား ဆောင်းပါး အားလုံးကို ပယ်ဖျက်ပစ်ပြီး နောက်ထပ်စာမူူ အသစ်များကိုလည်း လက်ခံပေးတော့မည် မဟုတ်ပါ)

ကလောင်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် 

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မင်္ဂလာပါ မိတ်ဆွေများ

မင်္ဂလာပါ ကွန်ပျူ-ဗေဒသုခုမ ရဲ့ ဘလော့ဂ်စာမျက်နှာသစ် စတင်ခြင်းဖြစ်ပါတယ်။ ဗေဒင်ပညာနဲ့ ပတ်သက်ပြီး – – အထွေထွေ သိမှတ်ဖွယ်ရာများ၊ – (၇)ရက်သားသမီး ဗေဒင်ဟောကိန်းများ – နည်းလမ်းအတိုအထွာများ၊ – ထူးဆန်းထွေလာများ၊…