(နာမည်အကြောင်း သိကောင်းစရာများ)

မြန်မာနိုင်ငံမှာ လက်ရှိလူအများသုံးစွဲနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်ပါတယ်။ တနင်္ဂနွေ သားသမီးဆိုရင် တနင်္ဂနွေနံ ဖြစ်တဲ့ (အ၊ဥ) နဲ့ပေးမယ်။ တနင်္လာ သားသမီး ဆိုရင် တနင်္လာနံဖြစ်တဲ့ (က၊ခ၊ဂ၊ဃ၊င) တွေနဲ့ ပေးမယ်။ အင်္ဂါသားသမီး ဆိုရင်လည်း (စ၊ဆ၊ဇ၊ဈ၊ည) နဲ့ ပေးမယ်ပေါ့။

ဒီလိုဘဲ လွယ်လွယ်ပေးလိုက်ကြပါတယ်။ ဒီလို နေ့နံအတိုင်း ပေးလိုက်တာ ကိုဘဲ ကလေးအတွက် လုံလောက်သွားကြပြီလို့ ထင်တတ်ကြပါတယ်။ ဒီကြားထဲမှာ အဖေ နာမည်၊ အမေနာမည်၊ အဖိုးအဖွားနာမည် တွေပါမကျန် နာမည်ထဲမှာထည့်ပြီး မှည့်လိုက် ကြပါသေးတယ်။

ဘယ်ဗေဒင်ဆရာဆီကိုမှ သွားမနေကြတော့ပါဘူး။ သွားပြန်တော့လည်း စိတ်တိုင်း ကျလှတယ် မရှိပါဘူး။ ဗေဒင်ဆရာတွေပေးတဲ့ နာမည်တွေဆိုတာ ကလည်း ခေတ်နဲ့ မဆီလျော်လှတဲ့ နာမည်တွေ၊ ခပ်တုံးတုံးတွေက များတယ် မဟုတ်လား။

ဒီတော့ ကိုယ့်စိတ်ကြိုက်အတိုင်း နေ့နံပေါ်မှာ အခြေခံပြီး နောက်ဆုံးပေါ် လှပေ့၊ ဆန်းပေ့၊ ညွန့်ပေ့ဆိုတဲ့ နာမည်မျိုးတွေကို ပေးချလိုက်တော့တာပါဘဲ။ ငါ့သားသမီးနာမည်ကို ဘယ်သူနဲ့မှ မတူစေရဘူးဆိုတဲ့ မိဘတွေ ကလည်းအများသားလား။

နာမည်တွေဆန်းကြယ်ကြပုံကိုလည်း ကြည့်ကြပါဦး။ “ကျော်အာကာမြင့်မိုရ်ဘုန်းထက်” ဆိုတဲ့ နာမည်မျိုး ကတော့ ကျွန်တော့်အဖို့ သိပ်ဆန်းတယ်လို့ ပြောနိုင်တဲ့ နာမည်မျိုးမဟုတ်ပါဘူး။ ဒါပေမယ့် “အနှိုင်းမဲ့ဘုန်းနန်းဒေဝီ သခင်” ဆိုတဲ့ နာမည်မျိုးကို တွေ့လိုက်တော့ ကျွန်တော့်အနေနဲ့ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားပါတယ်။

ဒီလို အလွန်ထူးဆန်းတဲ့ နာမည်တွေကို မှည့်ထားပြီး ထူးထူးချွန်ချွန် ဖြစ်လာသူတွေကို အလွန် တွေ့ရခဲလှပါတယ်။ လေ့လာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ ထင်ပေါ်ကျော်ကြားတဲ့၊ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ် တော်တော်များများရဲ့ နာမည်တွေဟာ ခပ်ရိုးရိုးတွေဘဲဖြစ်နေတာကို သတိထားမိကြပါလိမ့်မယ်။ ဒါပေမယ့် သိပ်ရိုးစင်းနေလွန်းပြန်ရင်လည်း ခေတ်ရေစီးကြောင်းက ပြောင်းလဲလာတဲ့ အချိန်မှာ ခေတ်နဲ့ မဆီလျော်တာမျိုးလည်း မဖြစ်သင့်ဘူးပေါ့။

You May Also Like
Read More

နေ့သင့်နံသင့် ပေးဖို့သင့်မသင့်

ကျွန်တော့်ရဲ့ နာမည်ပေး ဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။ မြန်မာနိုင်ငံမှာ လက်ရှိအများသုံးနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်တဲ့…
Read More

သီပေါမင်း နှင့် နာမည်ပက္ခတ်မိခြင်း

သီပေါမင်းဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ လက်ထက်မှာဘဲ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ထီးကျိုးစည်ပေါက် နန်းဆက်ပျောက်ခဲ့ပြီး အင်္ဂလိပ်လူမျိုးခြားတို့ရဲ့ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရပါတယ်။ တကယ်တော့ တတိုင်းပြည်လုံး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်ဆိုတာ…