ဒီစာအုပ်ကလေးကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ ရိုက်နှိပ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ မှည့်ခေါ်တတ်တဲ့ နာမည်တွေ နဲ့ ဘဝအကျိုးပေးကို လက်တွေ့ လေ့လာ သုတေသနပြုပြီး ရေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အရောင်းသွက် စာအုပ် ဖြစ်ပေမယ့် စာအုပ်တိုက်တွေက ငွေမှန်မှန် ရှင်းမပေးတာကြောင့် စိတ်တိုပြီး ဆက်မရိုက် ဖြစ်တော့ပါဘူး။ အိမ်မှာလည်း လက်ကျန် စာအုပ် (၃)အုပ်လောက်ဘဲ ကျန်တော့တာမို့ ဘလော့ဂ်ပေါ်မှာ တင်ပေးလိုက်ပါတယ်။ နောက်ပိုင်း PDF အဖြစ် ပြောင်းပြီး Download ချပေးပါမယ့်။ Up Load တင်ရတာ ခက်လို့ အခန်းတွေ ခွဲပြီး တင်ပေးထားပါတယ်။
ဒီစာအုပ်ကို ဖတ်ရင် အခန်း (၁)ကိုတော့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။ အခန်း (၁)ကို မဖတ်ရင် တစ်ချို့ ဝေါဟာရတွေကို နားလည်မှာ မဟုတ်ပါ။ နောက်မှ ကိုယ်နဲ့ သက်ဆိုင်တဲ့ နေ့နံအက္ခရာပါတဲ့ အခန်းကို ဖတ်လို့ရပါတယ်။
နောက်ပြီး သိထားသင့်တဲ့ အချက်က ဒီစာအုပ်ထဲမှာ ပါတဲ့ နာမည်တစ်လုံးစီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေဟာ ပုံသေမဟုတ်ပါဘူး။ တစ်ချို့နာမည်တွေက သူနဲ့ တွဲဖက်တဲ့ နာမည်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကောင်းအား/ဆိုးအား – အပြင်း/အပျော့ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး နာမည် (၃)လုံး ရှိရင် အလယ်စာလုံးက သိပ်ပြီး အကျိုးသက်ရောက်မှု မရှိပါ။ အရေးကြီးတာ နာမည် ရှေ့ဆုံး နဲ့ နောက်ဆုံး အလုံးသာ ဖြစ်ပါတယ်။
အသေးစိတ်ကို အပေါ်ဖက်က “နာမက္ခရ” အခန်းထဲမှာ တင်ပေးထားပါတယ်။ ဒါမှမဟုတ် အောက်ပါ “Link” တွေကို နှိပ်ပြီးတော့ လည်း သွားနိုင်ပါတယ်။
# အခန်း (၁) နာမည်အခြေခံများ
# အခန်း(၂) တနင်္လာနေ့နံ အမည်များ
# အခန်း (၃) အင်္ဂါနေ့နံ အမည်များ
# အခန်း (၄) စနေနေ့နံ အမည်များ
# အခန်း (၅) ကြာသပတေးနေ့နံအမည်များ
# အခန်း (၆) ဗုဒ္ဓဟူးနေ့နံ အမည်များ
# အခန်း (၇) သောကြာနေ့နံ အမည်များ
# အခန်း (၈) တနင်္ဂနွေနေ့ အမည်များ
ဒီနာမည်တွေထဲမှာ မပါသေးတဲ့ နာမည်များ/ကျန်ရှိနေသေးတဲ့ နာမည်များ ရှိရင် အောက်က Comment ထဲမှာ ဝင်ရောက်ဖော်ပြ ပေးပါ။ ဖြည့်စွက်ပေးပါမယ်။ အရေးကြီးတာက ကိုယ့်နာမည် မကောင်းဘူးဆိုပြီး အရမ်းစိတ်ဓာတ်ကျ မသွားဖို့ပါဘဲ။ တစ်လုံးခြင်း အဓိပ္ပါယ်မှာ မကောင်းပေမယ့် တွဲစပ်မှုအရ ကောင်းသွားတာလည်း ရှိပါတယ်။ ဘယ်အရာမှ “ပုံသေ” ဆိုတာ မရှိပါဘူး။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)