(ဒုက္ခပေးတဲ့ အင်္ဂါ ဗုဒ္ဓဟူး စနေ ၂)

ဒုက္ခပေးတဲ့ အင်္ဂါ ဗုဒ္ဓဟူး စနေ ဆောင်းပါးရေးပြီးတဲ့အချိန်မှာ စာဖတ်သူတွေထဲက ဒီသက္ခတ်တွေထဲရောက်တာကို ဘယ်လို သိနိုင်မလဲ ဆိုတာ မေးခွန်း ထုတ် လာကြပါတယ်။ ပြီးတော့ ဘယ်လို ယတြာချေရမလဲ ဆိုတာကိုလည်း မေးခွန်းထုတ်လာကြပါတယ်။ အဲဒါအတွက် စာရေးသူဟာ “ကိုယ်တိုင် သက္ခတ် အလွယ်ကြည့်နည်း နဲ့ ယတြာများ” ကို Media Fire ဆိုဒ်ထဲမှာ Upload တင်ထားပြီး Download Link ပေးထားပါတယ်။ ဒါပေမယ့် ဒါကို ရှာမတွေ့တဲ့ သူ ရှိသလို Download ဘယ်လို ယူရမယ်ဆိုတာ မသိတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အဲဒီ Download ပေးထားတဲ့ PDF ဖိုင်တွေကို Jpg ဖိုင်ပြောင်းပြီး အောက်မှာ တင်ပေး ထားပါတယ်။ အောက်က ပုံ (5)ပုံ ပါ။ ဒါကို ကိုယ့်ကွန်ပျူတာမှ ပြန်ကူးချင်ရင် ပုံပေါ်မှာ Mouse နဲ့ Right Click ထောက်ပြီး နှိပ်လိုက်ရင် Drop down item လေးတစ်ခု ကျလာပါမယ်။ အဲဒီထဲက Save Image as . . ကို နှိပ်ပြီး ဒီပုံကို ကိုယ့်ကွန်ပျူတာပေါ်က Desktop ပေါ်ဖြစ်ဖြစ်၊ တခြား Folder တစ်ခုခုထဲဖြစ်ဖြစ် Copy လုပ်ထားနိုင်ပါတယ်။ အဲဒါမှ မရှင်းသေးရင် ကွန်မန့်ထဲမှာ ဝင်မေးပါ။

You May Also Like
Read More

(၆)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ဝိသေသ လက္ခဏာများ

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၆) ဖြစ်ပါက (၆)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်…
Read More

ကုန်ဈေးနှုန်း ဗေဒင်နဲ့ပတ်သတ်လို့ သိထားသမျှ

ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေး ပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက်…