(စပ်မိ စပ်ရာ 2010)

ကျွန်ုပ် နှင့် ကိုသိန်းဖေ တို့၏ ဆွေးနွေးခန်းများ ရပ်ဆိုင်း ခဲ့သည်မှာ အတော်ပင် ကြာခဲ့လေပြီ။ ယခုမူ မကြာခင် ရောက်ရှိ လာတော့မည့် Happy New Year 2010 နှင့် ပတ်သက်ပြီး ကျွန်ုပ် နှင့် ကိုသိန်းဖေတို့၏ ဆွေးနွေးမှုများကို (ကိုသိန်းဖေ၏ မေတ္တာရပ်ခံချက်အရ) တင်ပေး လိုက်ပါသည်။ အမှန်အားဖြင့်မူ ကျွန်ုပ်အနေဖြင့် ကမ္ဘာ့ဟောကိန်းကဲ့သို့ ဧရာမ ဟောကိန်းကြီး များကို ပြုလုပ်ရန် ပညာမပြည့်စုံသေးဟု ယူဆသလို၊ ဟောပြော ရန်လည်း သတ္တိမရှိပါချေ။ “ထိုင်နေ အကောင်းသား၊ ထ,သွားမှ ကျိုးမှန်းသိ” ဆိုသကဲ့သို့ ငြိမ်ငြိမ် နေလျှင် အကောင်း၊ ဟိုဟော ဒီဟော ထ,ဟောကာမှ သောက်ရှက် ကွဲစရာ ဖြစ်သွား နိုင်သည်ကို ကောင်းကောင်း သိနားလည်ထားသူ ဖြစ်ပါသည်။ ယခုတင်ပြမည့် ဆောင်းပါးမှာ လည်း လာမည့် 2010 နှင့် ပတ်သက်ပြီး ဗေဒမိတ်ဆွေ အခြင်းခြင်း အလာပ သလာပ ပြောကြားချက်များသာလျှင် ဖြစ်ပြီး မည်သည့် “ဟောကိန်း” မှ မဟုတ်ပါချေ။ ရောက်တတ်ရာရာ ထင်ရာမြင်ရာပေါ့ဗျာ။

ကိုသိန်းဖေ။ ။ ဆရာရေ၊ လုပ်ပါဦးဗျာ – ကျွန်တော့်အဖြစ်က “မင်းသားဖြစ်ကာစ၊ က,ကောင်းတုန်း ဇာတ်ခေါင်းကွဲ သွားတဲ့ မင်းသားလို” ဖြစ်နေပြီဗျ။ ကျွန်တော်တို့ ဆွေးနွေးခန်းလေး ဆက်လုပ်စမ်းပါဦးဗျာ။

ကျွနု်ပ်။ ။ အိုင်ဆေး ကိုသိန်းဖေ။ ဆောတီးဘဲဗျာ။ ကျွန်တော်လည်း ခင်ဗျားနဲ့ သိပ်မထူးပါဘူး။ “ယနေ့ညအဖို့ စိတ်ရှိလက်ရှိ က,ပြချင်ပါသော်လည်း ကျန်းမာရေးက မကောင်း . . . . ” ဆိုတဲ့ ဇာတ်မင်းသားလေး ပြောသလိုသာ ပြောလိုက်ချင်တော့တာဘဲဗျာ။ ခင်ဗျားလည်း မြင်တဲ့ အတိုင်းဘဲလေ။ ကျန်းမာရေးက ဒီနှစ်ထဲ သိပ်မကောင်းဘူးဗျ။ အလုပ်ကို စိတ်ရှိသလောက် လုပ်လို့မရဘူး ဖြစ်နေတယ်ဗျာ။

You May Also Like
Read More

အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်၊နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်း ထားသလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု…
Read More

(6 ဂဏန်းသမားများ အကြောင်း တစေ့တစောင်း)

အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။…