မိမိဘဝတွင် ဗေဒင်ပညာကို သင်ယူရာ၌ “သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ” ဟူ၍ ရှိသည့်အနက် “သင်ဆရာ” မဟုတ်သော်ငြား လည်း “မြင်ဆရာ” များထဲတွင် မိမိအပေါ်၌ ကျေးဇူးအကြီးမားဆုံးဖြစ်သော “ဆရာကြီး ဒေါက်တာဒဂုန်” သည် 2009 ခုနှစ် ဒီဇင်ဘာလတွင် “ရာဇဝင်ထဲမှာပုဏ္ဏား” စာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေသာ-ဝိဇ္ဇာ) ကို ဆွတ်ခူးနိုင်ခဲ့ခြင်းအတွက် ဆရာ၊ ဆရာ့မိသားစုများ နှင့် အတူ ထပ်တူထပ်မျှ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
ရှေ့ဆက်၍လည်း ကျန်းမာသက်ရှည်စွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပြီး စာပေဆုများ အကြိမ်ကြိမ်ရရှိ နိုင်ပါစေဟု ဆုမွန်များစွာဖြင့် တောင်းဆုပြုလိုက်ပါသည်ခင်ဗျား။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)