(ကံမခိုင် သံတိုင်အိမ် ဆောက်သော်လည်း . .)

မြန်မာစကားပုံ တစ်ခု ရှိပါတယ်။ “ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း၊ ကံမှောက်လျှင် လဲ” တဲ့ ။ ကြားဖူး ကြမှာပါ။ အဓိပ္ပါယ်က “ကံတရားက ခိုင်ခန့်မှု မရှိရင် သံတိုင်တွေနဲ့ အိမ်ဆောက်ပေမယ့် ကံမှောက်မှားသွားရင်တော့ လဲပြိုရတော့ တာပါဘဲ” ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒီဆောင်းပါးလေးကတော့ ကျင်းပ ပြီးစီးသွားတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နဲ့ ပက်သတ်ပြီး ကံတရားရဲ့ ဆန်းကြယ်လှပုံ ကို အံ့သြမိရာကနေ – ငွေကြေး ဥစ္စာဆိုတာလည်း ဉာဏ်ဘယ်လောက် ကောင်းကောင်း၊ ဝီရိယ ဘယ် လောက် စိုက်စိုက် ၊ ကံမကောင်းရင် လွဲတတ်ပုံ လေးကို သံဝေဂ ရမိလို့ ကောက်ရေး လိုက်တာပါ။

ကမ္ဘာ့ဖလား ချန်ပီယံ ဆုကြီးကို “စပိန်” နိုင်ငံ က သိမ်းပိုက်လိုက်တာကိုတော့ အားလုံး သိကြပြီးသားပါ။ ဒါပေမယ့် “စပိန်” ဘက်က လုပ်လိုက်တာ “ခွက်ခွက်လန်” သွားတယ် . . . “ဟော်လန်” သမားတွေကတော့ “အိတ်ဖောင်း” သွားတယ် . . စတဲ့ အသံတွေ ကြားတော့ တစ်ချို့က (နားမလည်ကြသူတွေက) မေးလာကြတယ်ခင်ဗျ။

“စပိန်” က နိုင်ရဲ့သားနဲ့ သူ့ဘက်က “လုပ်” တဲ့လူတွေ ဘာလို့ ရှုံးတာလဲ . . တဲ့။ သြော် – ဘောလုံးပွဲကိုသာ ကြည့်တတ်ပြီး အနိုင်/အရှုံး နားမလည်ကြတာများ ခင်ဗျာ။ ဒါကြောင့် နားမလည် ကြသူများအတွက် နဲနဲ ရှင်းပြချင်လို့ပါ။ ဗဟုသုတပေါ့။ နားလည်ပြီးသား သူတွေ အတွက် ဆရာလုပ် ပြတာ မဟုတ်ပါဘူးနော်။