.
# တနင်္ဂနွေ သားသမီးများ
သူ့ဖက်ကိုယ့်ဖက် မျှတအောင် ဆောင်ရွက်ညှိနှိုင်းမှုဖြင့် အလုပ်အကိုင် အကြံအစည်များ အထမြောက် အောင်မြင်မည့် ကာလဖြစ်သည်။ အကျဉ်းအကျပ် အခက်အခဲကြုံနေသူများ အခက်အခဲများမှ လွန်မြောက်နိုင်မည်။ အပေးအယူ နှင့် အလွှဲအပြောင်း ကိစ္စများ အောင်မြင်ပြီး အကျိုးခံစားခွင့်ရှိမည်။ အလှူဒါန ပြုရန် ကိစ္စများ ပေါ်ပေါက်မည်။ ထီပေါက်ကိန်းရှိသည်။ (၃, ၅, ၇, ၀) ဂဏန်းများ ပါအောင်ထိုးပါ။ (ဘဏ် . . စသည်တို့မှ) ချေးငွေ ချေးငှားရယူနိုင်မည်။ လက်အောက်လူ ၊ တပည့်တပန်း အကျိုးပေးမည်။ ရင်းနှီးမြုတ်နှံမှုများမှ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့် ကာလဖြစ်သည်။ မိမိကျန်းမာရေး နှင့် မိသားစုကျန်းမာရေး ဂရုစိုက်ပါ။ အိုးအိမ် အပြောင်းအရွှေ့ အလုပ်အကိုင် အပြောင်းအလဲ ရှိနိုင်သည်။ ငွေကြေးကံ ကောင်းမွန်မည့် လ, တစ်လ ဖြစ်လိမ့်မည်။
ယတြာ - မွေးနေ့ တနင်္ဂနွေနေ့တွင် အုန်းသီးတစ်လုံးကို စီးဆင်းနေသော မြစ်၊ ချောင်း တစ်ခုခုအတွင်း စွန့်ပစ်လိုက်ပါ။
# တနင်္ဂနွေ သားသမီးများ
အိုးအိမ်၊ အလုပ်၊ နေရာဌာန အပြောင်းအလဲ တစ်ခုခုရှိနိုင်သည်။ အပြောင်းအလဲအတွက် လူပန်းစိတ်ပန်းဖြစ်မည်။ မယူချင်သော တာဝန်များ ယူရတတ်သည်။ မိမိနှင့် ယှဉ်ပြိုင်ဘက်များကို အနိုင်ယူနိုင်မည်။ ခင်မင်ရင်နှီးနေသော မိတ်ဆွေတစ်ဦး နှင့် မိတ်ပျက်တတ်သည်။ ရွှေ အ၀ယ်မှား/အရောင်းမှား တတ်သည်။ သတင်းမှား ကောလာဟလတစ်ခုကြောင့် စိတ်ဒုက္ခရောက်ရမည်။ လုပ်ငန်းခွင်အတွင်း လက်အောက်လူအချင်းချင်း ပဋိပက္ခဖြစ်ဖွယ်ရှိသည်။ လက်အောက်လူ ဒုက္ခပေးတတ်သည်။ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ သို့သော် အကောင်းဖက်ကို ဦးတည်ပြောင်းလဲမှု များမည့်လ, ဖြစ်သည်။
ယတြာပြုလိုက – တန်ခိုးကြီး ဘုရားတစ်ဆူတွင် ရွှေသင်္ကန်းဖြစ်စေ (ရွှေသင်္ကန်း အလှူငွေဖြစ်စေ) ကပ်လှူလိုက်ပါ။ ယခုလတစ်လလုံး “၀က်သား” မစားပါနှင့်။ ကျန်းမာရေး ထိခိုက်တတ်သည်။
မြန်မာသက္ကရာဇ် (၁၃၇၅)ခုအတွက် (၇)ရက်သားသမီးဗေဒင် လေးကို နှစ်ဆန်းတစ်ရက်နေ့ကတည်းက တင်ပေးချင်ပေမယ့် ရေးဖို့ မအားနိုင်တာကြောင့် ကနေ့မှ ရေးပေးလိုက်ရပါတယ်။
(၇)ရက်သားသမီးဗေဒင် ဟာ ယေဘူယျဟောကိန်း ဖြစ်ပေမယ့် တွက်နည်း (၄)(၅)မျိုး နဲ့ ညှိပြီး “မတူတာ ဖယ်၊ တူတာကို ယူ” – “ဘုံထုတ်” ပြီး တွက်မှ လူတိုင်းလောက် နီးပါးနဲ့ အကျုံးဝင်မှာ ဖြစ်လို့ လူတစ်ယောက်ခြင်း တွက်တာထက် ပိုခက်ပါတယ်။ ပိုဦးနှောက်စားပါတယ်။ (သူများတွေ ဘယ်လိုတွက်လည်းတော့ မသိဘူး)။ ဒါကြောင့် ရာဟုအပါအ၀င် (၈)နေ့နံကို တစ်နေကုန်ထိုင်တွက် ထိုင်ရေးတာတောင်မှ (၂)ရက်လောက် ရေးလိုက်ရပါတယ်။ ကဲ – ဖတ်ကြည့်ကြရအောင်လား ?
——————————————————————————————————–
.
## တနင်္ဂနွေ သားသမီးများ ကံဇာတာ
# အလုပ်/စီးပွား
ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။
.
တနင်္ဂနွေ သားသမီးများ
ဒီလမှာ အလုပ်အကိုင် တိုးတက်မယ်။ စီးပွားဖြစ်ထွန်းမယ်။ အိုးအိမ် အဆောက်အဦးနဲ့ ပတ်သက်ပြီး ကံကောင်းမှု ရှိတတ်သလို ဒီ အိုးအိမ်ကိစ္စနဲ့ဘဲ ဆွေမျိုးညီအစ်ကိုများနဲ့ အမှုအခင်းလည်း ဖြစ်တတ်တယ်။ ဒီလထဲမှာ ထိခိုက်ရှနာ ၊ သွေးထွက်သံယိုမှု ၊ မီးဘေး သတိထားပါ။ လူ, လူချင်း ခိုက်ရန် ဖြစ်ပွားမှုများလည်း ဖြစ်နိုင်တယ်။ ကား နဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်နိုင်တယ်။ (Car Accident , ကားအရောင်းအ၀ယ် အရှုံးပေါ်ခြင်း , ကား အရောင်းအ၀ယ် အမှားဖြစ်ခြင်းများ သတိပြု)။
ဒီလထဲမှာ အလုပ်အကိုင်ကောင်းပြီး ငွေကြေးခက်ခဲမှု ဖြစ်မယ်။ ငွေ မလည်တတ်ဘူး။ ငွေကြေး ဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ရပ်ဝေး ရပ်နီး ခရီးသွားလာမှုများ ပေါ်ပေါက်တတ်တယ်။ သို့သော် စိတ်မအေးရသော ခရီးမျာ ဖြစ်တတ်တယ်။ ပညာရေး မကောင်းနိုင်သေး။ အချစ်ရေး ကိစ္စများမှာ စိတ်ပူပန်ရခြင်း ၊ စိတ်နှစ်ခွ ဖြစ်ရခြင်းများ ကြုံမယ်။
= ယခုလအတွက် နာမည်မှာ တနင်္ဂနွေ စ,ပြီး အင်္ဂါ ဆုံးမှည့်ထားသူများ ထိခိုက်ရှနာ၊ ခိုက်ရန်ဖြစ်ပွားမှု များ အထူးသတိပြုပါ။ ကိုယ့်ဘက်က အနာတရ ဖြစ်တတ်ပါတယ်။ တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေ တစ်ခုခုနဲ့ ပိတ်ထားသူများ ကံကောင်းမှု ပိုများနိုင်တယ်။ တနင်္လာ ၊ ကြာသပတေး ပိတ်ထားသူများလည်း ညံ့ပါတယ်။
= ယတြာပြုမယ် ဆိုရင်တော့ – သံဃာတော် (၃)ပါးကို ဆိတ်သားဟင်း နဲ့ ဆွမ်းကပ်လှူပေးပါ။ နှစ်ဆန်းတစ်ရက် နေ့မှာ ငါးအရှင် သက်စေ့လွှတ်ပါ။ အိမ်မှာ ပျက်နေတဲ့ စက်ပစ္စည်းဟူသမျှကို လွှင့်ပစ်တန်ပစ် ၊ ရောင်းတန် ရောင်းထုတ်လိုက်ပါ။
မွေးနေ့ဗေဒင်တွက်ကြမယ် အပိုင်း (၁)ကို ၂၀၁၀ ခုနှစ် မတ်လထဲမှာ စ, တင်ပေးလိုက်တဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ အဖတ်အများဆုံး ဆောင်းပါးထဲမှာ နံပါတ်(၄)နေရာ ကို ချိတ်နိုင်ခဲ့ပါတယ်။ ၀င်ရောက်ဖတ်ရှုသူဦးရေ သုံးသောင်းနီးပါး ရှိခဲ့တယ်။ တိုက်ဆိုင်မှု အတော်ရှိတယ်လို့လည်း အကြောင်းပြန်ကြားချက်တွေ ကြားရပါတယ်။ ဒါပေမယ့် ခက်တာက ယနေ့အချိန်အထိ အဲဒီတွက်နည်းကို ကောင်းကောင်း မတွက်တတ်ကြတဲ့ သူတွေ ရှိနေသေးတယ်။ တစ်ချို့ကြပြန်တော့လည်း မှန်အောင်တော့ တွက်တတ်ပါတယ် - ဒါပေမယ့် အဖြေကို ကောင်းကောင်းမထုတ်တတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထည့်သွင်းတွက်ချက်ရတဲ့ ဂြိုဟ်တွေက မွေးနံဂြိုဟ်အပါအ၀င် (၆)လုံးတောင် ဖြစ်နေတော့ အပေါ်အောက် ဂြိုဟ်တွေ ပြန့်ကျဲနေရင် အကောင်းအဆိုး ဘာပြောရမှန်း မသိကြတော့ဘူး ဆိုတာတွေလည်း ရှိပါတယ်။
ဒီတော့ ကျွန်တော့်အနေနဲ့ မွေးနေ့ဗေဒင်တွက်နည်းကို ဒီထက် လွယ်ကူအောင် စဉ်းစားရပါတော့တယ်။ လွယ်ကူတဲ့ နည်းသစ်ကလေးတွေ တီထွင်ရပါတယ်။ တီထွင်ယုံနဲ့ မပြီးဘဲ လက်တွေ့မှန်ကန်မှုကော ဘယ်လောက်ရှိလဲ ဆိုတာကို စမ်းသပ်ရပါသေးတယ်။ လက်တွေ့မှန်ကန်မှု (၇၀)% အထက်ရှိပြီဆိုတဲ့ နည်းကိုသာ ရွေးချယ်လိုက်ပြီး (၇၀)% အောက်ဆိုရင် ပယ်ပစ် လိုက်ပါတယ်။ ဒီလိုနဲ့ ပိုမိုလွယ်ကူတဲ့ မွေးနေ့ဗေဒင်တွက်နည်း လေးတွေ ထပ်မံရရှိလာပါတယ်။ အဲဒီထဲက လွယ်ကူတဲ့ နည်းလမ်းတစ်ခုကို “မွေးနေ့ဗေဒင်တွက်နည်း (၂)” အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ စာဖတ်သူများအတွက် တွက်ရ/ဟောရ ပိုမိုလွယ်ကူတဲ့ နည်းလမ်းလေးတစ်ခု ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။
—————————————————————————————————————-
မွေးနေ့ဗေဒင်တွက်နည်း (၂)
ယခင် “မွေးနေ့ဗေဒင်တွက်ကြမယ်” ဆောင်းပါးကို မဖတ်ဘူးသူများအတွက် “မွေးနေ့ဗေဒင်တွက်တယ်” ဆိုတာ ဘာလဲ ဆိုတာကို ပြန်ပြောပြပါဦးမယ်။ မွေးနေ့ဗေဒင်ဆိုတာ နှစ်တိုင်းနှစ်တိုင်း ကိုယ့်မွေးနေ့ကို ကျရောက်လာပြီဆိုရင် ရှေ့လာမည့် တနှစ်တာကာလရဲ့ ကံဆိုးကံကောင်းကို (လူတော်တော်များများ) သိချင်ကြပေလိမ့်မယ်။ အဲသည်လို တစ်နှစ်စာ အကောင်း/အဆိုးတွက် မွေးနေ့ကျရောက်တဲ့ “အဲဒီနေ့” ရဲ့ Data အချို့ကို ကောက်ယူပြီး တွက်ချက်တဲ့ နည်းပါ။ ယခင်တွက်နည်း (၁)က “မဟာဘုတ်” တွက်နည်းဖြစ်ပြီး ယခု တွက်နည်း (၂)ကလည်း “မဟာဘုတ်” တွက်နည်းပါဘဲ။ နောက်ထပ် “ဂဏန်းဗေဒင်” နည်းနဲ့ တွက်တဲ့နည်းတွေလည်း ရှိပါသေးတယ်။ အလျှဉ်းသင့်သလို တင်ပြပေးသွားပါမယ်။
(အပျင်းပြေဖတ်ရန်မျှသာ)
တနင်္ဂနွေ သားသမီးများ
ဒီလမှာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်မယ်။ တာဝန် ၀တ္တရား ကြီးမားမယ်။ ခရီးယာယီ ရှိတတ်တယ်။ အချစ်ရေး ကံကောင်းမယ်။ လုပ်ငန်း စီးပွား တိုးတက်မှု ရှိမယ်။ အင်္ဂါနံ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်မယ် (သို့) အင်္ဂါ သားသမီး ဒုက္ခပေးမယ်။ ဘုရားဖူးခရီး အပန်းဖြေခရီး သွားရတတ်တယ်။ အလှအပ နှင့် ဆိုင်သော ပစ္စည်းတစ်ခု လက်ဆောင်ရတတ်တယ်။
တနင်္လာ သားသမီးများ
ကျန်းမာရေး ဂရုပြုရမယ်။ ရောဂါဟောင်း ထ, တတ်တယ်။ ဆွေမျိုးသားခြင်းများအတွင်း ကျန်းမာရေး နာရေး ကိစ္စပေါ်တတ်တယ်။ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်တယ်။ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုများအတွက် စိတ်သောက ရောက်ရမယ်။ ထီပေါက်ကိန်း ရှိတယ်။ ငွေဝင်များမယ်။ ဒါပေမယ့် ငွေဝင်လေ လူပင်ပန်းလေ ဖြစ်မယ်။
.
Today’s born babies ဆိုတဲ့ အခန်းကဏ္ဍလေးကို ဖွင့်လှစ်လိုက်ပါတယ်။ ယနေ့ ယနေ့မှာ မွေးဖွားလာတဲ့ ရင်သွေးငယ်လေးတွေရဲ့ ဘ၀ကံကြမ္မာနဲ့ ရှောင်ရန်/ဆောင်ရန်လေးတွေ ၊ နာမည်ပေးနည်း (အကြမ်းဖျဉ်း) တွေကို နေ့စဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ နေ့စဉ်အလုပ် ဆိုတော့ သိပ်ကြီး ကျယ်ကျယ်ဝန်းဝန်းကြီးတော့ မရေးနိုင်ပါဘူး။ အကျဉ်းချုပ်လောက်ပေါ့။ နည်းစနစ်ကတော့ “Numerology” ဂဏန်းဗေဒင် နဲ့ အနောက်တိုင်း (၁၂)ရာသီခွင် တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မဟာဘုတ်နည်းလေးလည်း အနည်းအကျဉ်း ဖြည့်စွက် ပေးထားပါတယ်။ နာမည်ပေးနည်းကတော့ အကြမ်းလောက်ဘဲပေါ့။ တိုင်စဉ် မမှားရုံလောက်ပါဘဲ။ ဒီဇင်ဘာလ တစ်ရက်နေ့ကနေ စ,ပြီး ရေးပေးထားပါတယ်။ ကြည့်ကြရအောင်။
—————————————————————————————————————
2012 ဒီဇင်ဘာလ (1) ရက်နေ့ မွေးသော ရင်သွေးငယ်များ
အနောက်တိုင်းရာသီခွင် အရ - - ဓနု ရာသီဖွား
ဂဏန်းဗေဒင် အရ - – (1) ဂဏန်း သမား
မဟာဘုတ် အဖွား အရ - - စနေ ရာဇဖွား
ဒီနေ့မှာ မွေးတဲ့ ရင်သွေးငယ်များဟာ ဘ၀မှာ အကြီးအကဲ ဖြစ်ဖို့ ကံဇာတာ ပါတယ်။ ချမ်းသာကြွယ်ဝရမယ့် ကံကြမ္မာလည်း ပါပါတယ်။ ဒါပေမယ့် အောင်မြင်မှုနဲ့ ကြွယ်ဝမှုတွေကို ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မယ်။ အရမ်းပွင့်လင်းတတ်ပေမယ့် အညိုးတော့ ကြီးတတ်တယ်။ ဒါပေမယ့် သစ္စာရှိမယ်။ ထက်ထက်မြက်မြက် ရှိမယ်။ တုံးဆိုတိုက် ကျားဆိုကိုက် ဆိုသူများဖြစ်မယ်။ ဘ၀မှာ အိမ်ထောင်ရေး ပြဿနာလေးတွေတော့ ရှိတတ်တယ်။ ဘ၀အောင်မြင်မှုအတွက် အမြဲရုန်းကန် လှုပ်ရှားနေရမယ်။ အေးအေးဆေးဆေး နေရမယ့် ကံမျိုး နည်းလိမ့်မယ်။ အိုဇာတာတော့ ကောင်းတယ်။ အသက်ကြီးရင် ဘုရားတရားဘက်ကို ရောက်သွားတတ်တယ်။ မျက်စေ့ကို ဥပဒ်ပေးတတ်လို့ သတိထားရမယ်။ ကိုယ်ယုံကြည်ရတဲ့ လူက သစ္စာဖောက်ခံရတတ်တဲ့ ဇာတာမျိုး ရှိတာကိုတော့ တစ်ဘ၀လုံး သတိထားရမယ်။ ကျန်းမာရေးအတွက်ဆိုရင် “နှလုံး” ကို သတိထားရမယ်။
နာမည်ပေးမယ်ဆိုရင်တော့ – စနေ အစ . . . စနေ အဆုံး ။ စနေ အစ . . . တနင်္ဂနွေ အဆုံး တွေ ပေးနိုင်တယ်။ နေ့သင့် နံသင့် မဟုတ်ဘဲ အခြားနံတွေနဲ့ ပေးမယ်ဆိုရင်တော့ သောကြာ အစ . . . တနင်္ဂနွေ အဆုံး ။ ဗုဒ္ဓဟူး အစ . . . တနင်္ဂနွေ အဆုံးတွေနဲ့ ပေးနိုင်တယ်။ သတိထားရမယ့် နာမည်ကတော့ စနေ စ,ပြီး ဗုဒ္ဓဟူး နံနဲ့ ပိတ်တဲ့ နာမည် (လုံးဝ) မပေးပါနဲ့။ ပက္ခတ် မိတာကြောင့် အိမ်ထောင်ရေး ထိခိုက်မှု နဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေလိမ့်မယ်။
—————————————————————————————————————
.
အောက်ပါ ဆောင်းပါးသည် 2012 အောက်တိုဘာလ လဆန်းပိုင်းတွင် “ကမ္ဘောဇဘဏ်” နှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော ကောလာဟလ တစ်ခုအပေါ်တွင် ဟောကိန်းထုတ်ထားသော ဆောင်းပါးတစ်ခုဖြစ်ပါသည်။ ယခု အချိန်တွင်မူ မိမိဟောကိန်းအတိုင်း ကမ္ဘောဇဘဏ်သည် ပုံမှန် လည်ပတ်လျှက်ရှိပြီး ဘဏ်ခွဲများတစ်ခုပြီး တစ်ခု ဖွင့်လှစ်လျှက် ရှေ့သို့ ဆက်လျှက်ချီတက်လျှက် ရှိပါသည်။ (အချို့သော သူများသည် Search Engine တွင် ယခုမှ ရှာတွေ့ပြီး ဖတ်လိုက်မိလိုက်ချိန်တွင် ရက်စွဲကို သတိမထားမိဘဲ ယခုလတ်တလော ဖြစ်နေသော ကိစ္စရပ်ဟု အမှတ်မှားတတ်ခြင်းကြောင့် ကြိုတင်အသိပေးခြင်း ဖြစ်ပါသည်)
———————————————————————————————————
(ကြာသပတေးနေ့) ညပိုင်းက “ဖေ့စ်ဘုတ်” ပေါ်မှာ ကမ္ဘောဇဘဏ် နဲ့ ပတ်သက်တဲ့ ကောလာဟလလေး တစ်ခု တွေ့လိုက်ပါတယ်။ ဘာမှန်းတော့ ရေရေရာရာ မသိပါ။ “ဖေ့စ်ဘုတ်” ပေါ်က သတင်းတွေကလည်း ယုံကြည်စိတ်ချရမှုက နည်းလေတော့ ဒီလိုဘဲ နေလိုက်ပါတယ်။ သိပ် စိတ်ဝင်စားမှု မရှိလှပါ။
ဒါပေမယ့် မနေ့က (သောကြာနေ့) မှာတော့ သတင်းက လှုပ်လှုပ်ခတ်ခတ် ပိုဖြစ်လာပါတယ်။ ဘဏ်ဥက္ကဌ ဘာဖြစ်တယ် ညာဖြစ်တယ် ၊ ဘဏ် ဒေ၀ါလီ ခံရတော့မယ် . . . စသည်ဖြင့် ကြားလာရပါတယ်။ ကမ္ဘောဇဘဏ်ခွဲတွေမှာလည်း ငွေထုတ်သူတွေ ကြိတ်ကြိတ်တိုးနေတယ် ဆိုတဲ့ သတင်းကို ကြားရပါတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း “သောကြာနေ့” ဆိုတာ အမြဲဘဲ Busy Day ဖြစ်လေတော့ ကိုယ့်အလုပ်နဲ့ကိုယ်မို့ ဒီသတင်းကိုလည်း သိပ်အာရုံ မပြုနိုင်ပါ။ သိပ်လည်း မယုံလို့ပါ။
ဒါနဲ့ ညဖက် (၇)နာရီ RFA သတင်းမှာတော့ ဒီသတင်း ထပ်ပါလာပြန်ပါတယ်။ မနက်က ကြားရသလိုပါဘဲ။ ဘဏ်ဥက္ကဌ ဘာညာဖြစ်တယ်၊ ဘဏ် ဒေ၀ါလီ ခံရတော့မယ် စတဲ့ သတင်းတွေ ကောလဟာလဖြစ်နေကြောင်းပါ။ ဘဏ်တွေမှာလည်း အပ်ထားတဲ့ငွေတွေ ပြန်ထုတ်သူတွေ များနေတယ် . . စသည်ဖြင့်ပေါ့။
ဒီတော့ (၈)နာရီ သတင်းပြီးတာနဲ့ ချက်ခြင်းဘဲ ဒီကိစ္စဟာ ဖြစ်နိုင် မဖြစ်နိုင်ကို ချက်ခြင်း “ဟူးရားမဟာကာလကြီး” ဇာတာချပြီး တွက်ကြည့်လိုက်ပါတယ်။ ဇာတာခွင်ချလိုက်ပြီး ဇာတာကို “လဂ်” တပ်လိုက်တာနဲ့ ချက်ခြင်း အဖြေက ထွက်နေပါပြီ။ သိပ် ခက်ခက်ခဲခဲကြည့်ရတဲ့ အနေအထားမျိုး မဟုတ်ပါ။ အဖြေ ရှင်းလင်းစွာ ထွက်တဲ့ ဇာတာမျိုး ဖြစ်ပါတယ်။
“ကမ္ဘောဇဘဏ် လုံးဝ မပျက်နိုင်ပါ” ။ အောင်မြင်စွာ ဆက်လက်ရပ်တည်သွားပါလိမ့်မယ်။ လက်ရှိဖြစ်နေတဲ့ သတင်းတွေဟာ ကောလာဟလ များသာဖြစ်ပါတယ်။ ဒီဘဏ်မှာ ငွေအပ်ထားသူများ စိတ်အေးလက်အေး နေနိုင်ပါတယ်။ ဘာမှ စိတ်ပူစရာ မရှိပါ။
.
တနင်္ဂနွေ သားသမီးများ
.
ယခုလအတွက် တနင်္ဂနွေသားသမီးများ အတိုက်အခံ ၊ ရန် အခက်အခဲ နှင့် ယှဉ်သော အောင်မြင်မှုများကို ရရှိနိုင်လိမ့်မည်။ အပြိုင်အဆိုင် ယှဉ်ပြိုင်ရသော လုပ်ငန်းများတွင် အောင်မြင်မှု ရရှိမည်။ လူမှုဆက်ဆံရေးပိုင်း အောင်မြင်မည်။ လူအများ၏ ထောက်ခံမှုကို ရရှိမည်။ ငွေကြေးကိစ္စ ကံကောင်းနိုင်သလို စိတ်ပူစရာလည်း ရှိမည်။ ငွေဝင်ကိန်း ငွေထွက်ကိန်း (၂)မျိုးလုံး ရှိနေမည်။ အချို့ ကံဇာတာညံ့သော အသက်ပိုင်းများအတွင်း ရောက်ရှိနေသော တနင်္ဂနွေသားသမီးများ ငွေကြေးအတွက် အလွန်ပူပင်သောက ရောက်ရဖွယ်ရှိသည်။ ငွေရေးကြေးရေး ပြဿနာ တက်နိုင်သည်။ ငွေအတွက် ခေါင်းခဲစရာ ကိစ္စများ ကြုံနိုင်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်ပြေမည်။ ချစ်သူစုံတွဲများ သဒ္ဓါလွန်၍ တဏှာကျွံတတ်သည်။ ဆယ်ကျော်သက်များ အပေါင်းအသင်း စုံသောကြောင့် လိင်ကိစ္စများရှုတ်ထွေးမိတတ်သည်။ ကျောင်းသူကျောင်းသားများ ပညာရေးကံ အနည်းငယ် နိမ့်ကျနေမည်။ ကျန်းမာရေး ချူခြာနေမည်။ ဦးနှောက် အာရုံကြော ၊ အစာအိမ် ၊ နှလုံး ၊ ခြေထောက် ပိုင်းတွင် အားနည်းချက်များ ရှိနိုင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် စာနယ်ဇင်း နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ၊ ၀န်ဆောင်မှု နှင့် အကျိုးဆောင်လုပ်ငန်းများ ၊ လှောင်ကုန်လုပ်ကိုင်သူများ ၊ စက်ပစ္စည်း ရောင်းဝယ်ဖောက်ကားသူများ ၊ ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်သူများ အကျိုးများလိမ့်မည်။ ခရီးသွားလာခြင်း နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ကံမကောင်းနိုင်သေးပါ။
ယခုလအတွက် နာမည်တွင် – တနင်္ဂနွေ စ,ပြီး ဗုဒ္ဓဟူး ၊ စနေ ၊ အင်္ဂါ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံကောင်းမှုများကို ပိုမိုရရှိနိုင်သည်။ တနင်္ဂနွေဖြင့် အစပြုပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ သောကြာ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံဇာတာ အညံ့ဖက်ပိုမိုနိုင်ပြီး ကျန်းမာရေး အထူးဂရုပြုပါ။
ယတြာပြုလုပ်လိုပါက – မွေးနေ့ တနင်္ဂနွေနေ့ တစ်ရက်တွင် ဈေးထဲမှ အသတ်ခံရတော့မည့် ငါးအရှင်များ (အရေအတွက် မိမိတတ်နိုင်သလောက်) ၀ယ်ပြီး မြစ်ချောင်းများအတွင်း လွှတ်ပြီး ဇီဝိတဒါန ပြုလိုက်ပါ။
တနင်္ဂနွေ သားသမီးများ
ယခုလအတွက် တနင်္ဂနွေ သားသမီးများ ကံဇာတာ ကောင်းမွန်တိုးတက်မည့် လ, ဖြစ်သည်။ မိသားစုဘ၀ ပျော်ရွှင်ရမည်။ ဝေးကွာနေသော မိသားစု မိတ်ဆွေများနှင့် ပြန်လည် ဆုံဆည်းခွင့်ရှိသည်။ အချို့သော တနင်္ဂနွေသားသမီးများအတွက် ဘ၀အပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ ကောင်းသော အပြောင်းအလဲဖြစ်မည်။ ၀န်ထမ်းများ ရာထူးတက်ကိန်း ရှိသည်။ အလုပ်အကိုင် အသစ် ရှာဖွေနေသူများ အလုပ်အကိုင်ကောင်း ရရှိမည်။ ငယ်ရွယ်သူများ ပညာရေးကံ ကောင်းနေမည်။ အိုးအိမ်အဆောက်အဦး (အိမ်ခြံမြေ) နှင့် ပတ်သက်ပြီး ကောင်းကျိုးများ ခံစားရမည်။ ယာဉ်ကားကိစ္စ ထူးထူးခြားခြား မကောင်းသေးပါ။ ပါမစ် ၊ တင်ဒါ စသည်များ လျှောက်ထားသူများ ၄င်းနှင့် ပတ်သက်ပြီး အကျိုးခံစားရမည်။ လေကြောင်းခရီး သွားလာရကိန်း ရှိသည်။ နာမည်နှင့် အသက်မွေးသူများ နာမည်ကျော်ကြားမည့် လ, ဖြစ်သည်။ အချို့သောသူများတွင် “ထီပေါက်ကိန်း” ရှိနိုင်သည်။ ကုန်သည် ၊ ဘဏ်လုပ်ငန်း ၊ အကြီးအကဲ ရာထူးများတွင် တာဝန်ယူရသူများ အကျိုးပေးမည့် လ, ဖြစ်ပေလိမ့်မည်။ ယေဘူယျ ခြုံပြောရလျှင် ယခုလသည် (သက္ခတ် အညံ့ထဲတွင် ရောက်နေသော သူများမှ လွဲ၍ တနင်္ဂနွေသားသမီး အတော်များများ ကံကောင်းမှု အလွန်များနိုင်သည့် လ, ဖြစ်သည်ဟု ဆိုရပေမည်။
ယခုလအတွင် နာမည်တွင် တနင်္ဂနွေ စ,ပြီး – တနင်္ဂနွေ နှင့် ကြာသပတေး ပိတ်သူများ ထူးခြားသော ကံကောင်းမှုများကို ရရှိနိုင်ချေရှိသည်။ အင်္ဂါ နှင့် ဗုဒ္ဓဟူး နှင့် ပိတ်သောသူများ လုပ်ငန်းခွင်အတွင်း မပြေလည်မှုများ ၊ ပဋိပက္ခများ အနည်းငယ် ကြုံနိုင်သည်။ တနင်္လာ ၊ သောကြာ ၊ စနေ ပိတ်သောသူများ ကံကောင်းမှုများကို လျော့နည်းစွာ ခံစားရဖွယ် ရှိသည်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နဲ့ ယခုရောက်နေတဲ့ ၂၀၁၂ ခုများမှာ အင်တာနက်ဂိမ်းများအတွင်း အလွန်ရေပန်းစားလှတဲ့ Game တစ်ခုကို ကျွန်တော် သတိမထားဘဲ မနေနိုင်အောင် ဖြစ်လာပါတယ်။ အဲဒီ ဂိမ်းကတော့ လူငယ်အများအပြား သိကြပြီးတဲ့ Angry Birds ဆိုတဲ့ Game ပါဘဲ။
Angry Birds အကြောင်းကို နဲနဲ စပ်စုချင်တာနဲ့ ဗဟုသုတ စွယ်စုံ ၀က်ဆိုဒ်ကြီးဖြစ်တဲ့ Wikipedia ထဲကို ၀င်ကြည့်မိဖြစ်ပါတယ်။ ဒီ ဂိမ်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလလောက်မှာ Apple ထုတ်ကုန်ပစ္စည်းအဖြစ်အနေနဲ့ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး I pod , I pad ဂိမ်းတစ်ခုအဖြစ် လူသိများခဲ့ပါတယ်။
၂၀၁၀ ပထမ (၆)လပိုင်းလောက် အထိတော့ သိပ်ကြီး နာမည်အကြီးစားကြီးမဟုတ်ခဲ့ပေမယ့် ဒုတိယ (၆)လပိုင်းလောက်ကစပြီး ဒီ ဂိမ်းဟာ တော်တော်လေးကို “ပေါက်” လာပါတယ်။ နောက်ပိုင်း Apple Os အတွက်သာ မဟုတ်ဘဲ ယခု ပိုမိုခေတ်စားလာပြီဖြစ်တဲ့ Android ဗားရှင်းကိုပါ ပြောင်းပေးလိုက်တော့ ဒီ ဂိမ်းရဲ့ အင်ပါယာဟာ ပိုမိုကျယ်ပြန့်လာပါတယ်။
နောက်ပိုင်းမှာ ဘယ် Smart Phone , ဘယ် Tablet ကိုဘဲ ၀ယ်ဝယ် ဒီ Angry Birds ဂိမ်းဟာ မပါမဖြစ် ပါနေတဲ့ နာမည်ကြီး ဂိမ်းတစ်ခု ဖြစ်လာပါတယ်။ ယနေ့ အချိန်မှာတော့ Angry Birds ဂိမ်းဟာ ကလေး လူကြီးပါ မကျန် နှစ်နှစ်ခြိုက်ခြိုက် ခုံခုံမင်မင် ကစားနေကြတဲ့ ဂိမ်းတစ်ခုဖြစ်လာပြီး “ကမ္ဘာလုံးဆိုင်ရာ သင်္ကေတတစ်ခု” ပါ ဖြစ်လာနေတာကို တွေ့ရပါတယ်။ ကလေးကျောပိုးအိတ်၊ ကွန်ပါဘူး ၊ စတစ်ကာ ၊ အင်္ကျီ ၊ ဘောင်းဘီ ၊ အ၀တ်အစားတွေမှာပါ Angry Birds ရဲ့ သင်္ကေတဟာ ကျယ်ကျယ်ပြန့်ပြန့်ကြီး နေရာယူလာကို တွေ့နေရပါတယ်။
.
ဒီဆောင်းပါးလေးကတော့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်နေ့ (ဇန်န၀ါရီ-၂၃)ရက်နေ့ကတည်းက ရေးထားတာပါ။ ဗဟုသုတဆိုင်ရာ ဆောင်းပါးလေးပါဘဲ။ ဒါပေမယ့် ဆောင်းပါးကို နောက်နေ့ (၂၄)ရက်မှ တင်မယ်လုပ်ထားတာ (၂၄)ရက်နေ့မှာ မမျှော်လင့်ဘဲ ကျွန်တော့် ဘလော့ဂ် ဗြုန်းကနဲ ပိတ်သွားပါတယ်။
မြန်မာပြည်က ပိတ်တာမဟုတ်ပါ။ မူလ ဘလော့တင်ထားတဲ့ BlueHost Sever က ပိတ်လိုက်တာပါ။ ကျွန်တော်တင်မက ကျွန်တော့် ဆိုဒ်ပေါ်မှာ ကိုယ်ပိုင်ဝက်ဆိုဒ်ကလေးတွေ ကျွန်တော်က (Free) နေရာပေးပြီး တင်ပေးထားတဲ့သူတွေပါ ပိတ်သွားလို့ သူတို့ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ BlueHost Sever က သူတို့ US Federal Law နဲ့ ညိလို့ဆိုလား ဘာလားဘဲ။ တိတိကျကျမသိပါဘူး။ မြန်မာ ၊ အီရန် ၊ မြောက်ကိုရီးယား ၊ ဆီးရီးယား ၊ ကျူးဘား . . စတဲ့နိုင်ငံတွေက US ဆာဗာမှာ တင်ထားတဲ့သူတွေကို ပိတ်ခိုင်းတာလို့ ဆိုတာဘဲ။
ပြဿနာက ကျွန်တော်က ပို့စ်တွေကို တိုက်ရိုက်ရေးတင်တဲ့ အလေ့အကျင့်ရှိနေတော့ ကျွန်တော့်ဆီမှာ ဆောင်းပါးအားလုံးရဲ့ Copy ရှိမနေတော့ တော်တော် စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ Data တွေ အကုန်လုံး ဆုံးရှုံးသွားပြီလားလို့တောင်မှ ထင်မိလိုက်ပါတယ်။
ဒါပေမယ့် အင်္ဂလန် နိုင်ငံမှာ နေတဲ့ အွန်လိုင်းမိတ်ဆွေ ညီငယ်လေး “ကိုတေးအေးရိပ်”က နေ နည်းပညာ တစ်ခုသုံးပြီး ပိတ်ထားတဲ့ ၀က်ဆိုဒ်ထဲက ဆောင်းပါးတွေ ပြန် ကူးယူပေးလို့ ဆောင်းပါးအားလုံး Copy ပြန်ရခဲ့ပါတယ်။ ကျွန်တော်အပါအ၀င် မြန်မာ နိုင်ငံထဲက အင်တာနက်ကို မကျွမ်းတကျွမ်း အသုံးပြုရင်းနဲ့ အခက်အခဲတွေ ကြုံလာရင် အမြဲမြဲလိုလို စိတ်အားထက်သန်စွာ ကူညီတတ်တဲ့ အင်္ဂလန် နိုင်ငံမှာ နေတဲ့ “ကိုတေးအေးရိပ်” ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။ ဒီမှာ သူရဲ့ ဘလော့ဂ်ပါ . . http://www.mmastrology.com
ကံအားလျှော်စွာ BlueHost ရဲ့ နို့တစ်စာထဲမှာ ချွင်းချက်တစ်ခုတော့ပါတယ်။ ဒီ မြန်မာဝက်ဆိုဒ်ကို ပိုင်ဆိုင်သူဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ နေထိုင်သူ ဖြစ်ကြောင်း အထောက်အထားပြနိုင်ရင်တော့ ပြန်ဖွင့်ပေးမယ် ဆိုပါတယ်။ ကျွန်တော် အခုသုံးနေတဲ့ ဒီ Hosting ကို ၀ယ်ပေးတာ စင်္ကာပူမှာ နေထိုင်တဲ့ ကျွန်တော့်ရဲ့ တူကလေးဖြစ်သူ “ကိုလှမင်း” က ၀ယ်ပေးထားတာဖြစ်တော့ ပိုင်ဆိုင်သူအထောက်အထား (ID)တွေက သူ့ဆီမှာ အားလုံး ရှိတယ်လေ။ အဲဒါတွေ တင်ပြလိုက်တော့ (၃)(၄)ရက်လောက် သေသေချာချာ စစ်ဆေးပြီး ဒီနေ့(၂၉)ရက်နေ့ မနက်မှာဘဲ ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ စင်္ကာပူမှာ နေတဲ့ “တူ” ဖြစ်သူ “ကိုလှမင်း” လည်း ကျွန်တော့် ကိစ္စအတွက် တော်တော် အလုပ်များသွားပါတယ်။ ကိုယ့်အတွက်နဲ့ သူများတွေကို ဒုက္ခပေးသလို ဖြစ်ရတာ စိတ်မကောင်းပါဘူး။
ထားပါတော့လေ။ နောင်ကိုတော့ ကိုယ့်ဖိုင်တွေကို ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာဘဲ Back Up လုပ်တဲ့ အလေ့အထတစ်ခု မွေးရတော့မှာပေါ့။ ဆောင်းပါးလေးကို စ,လိုက်ကြရအောင်။
——————————————————————————-
တကယ်တော့ တရုတ်ရိုးရာ ဗေဒင်ပညာတွေကို ကျွန်တော့်အနေနဲ့ လေ့လာဖူးရုံမျှသာရှိပြီး ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ပါ။ ဒီဆောင်းပါး ဟာလည်း စာအုပ်စာတန်းတွေ နဲ့ အင်တာနက် ၀က်ဆိုဒ်တွေ မှီငြမ်းပြီး ရေးလိုက်တာပါ။ ကိုယ့်လို အချိန်ပေး ဖတ်ဖို့ အချိန်မရှိသူတွေ အတွက်ပါ။ တရုတ်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ “နဂါးနှစ်” လည်းဖြစ်နေလို့ပါ။
နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုတော့ ပြောင်းပြန်ပြီပေါ့။ Happy New Year !!! ဆိုတဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတဲ့ အသံတွေလည်း သောသောညံ ခဲ့ပါပြီ။ 2012 ခုနှစ်ကို လူတော်တော်များများက ကံမကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်လို့ ပြောဆိုနေကြတဲ့ အသံတွေကတော့ နေရာတိုင်းလိုလိုမှာ ကြားနေ ရပါတယ်။ ဒီနှစ်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။ (၂၀၁၂မှာ ကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့ ကောလာဟလရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်) ဒါပေမယ့် ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ပျော်ရွှင်စွာ ကြိုဆိုကြဖို့ကတော့ ကမ္ဘာသူကမ္ဘာသား တွေရဲ့ တာဝန်ဘဲ မဟုတ်လားဗျာ။
ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် 2012 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို ရေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ ဒီတော့ ကျွန်တော် ဒီလိုလုပ်လိုက်တယ်။ မိဿ ၊ ပြိဿ . . . အစရှိတဲ့ (၁၂)ရာသီခွင်တွေမှာ မွေးဖွားလာကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် “နှစ်သစ်ကူးအကြို (၁၂)ရာသီခွင် ဟောကိန်း “အကျဉ်းချုပ်” ကလေးကို ပဏာမ (အမြည်းသဘော)အနေနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ နောက်ထပ် ရာသီတစ်ခုခြင်းစီရဲ့ “အသေးစိတ်ဟောကိန်းများ” ကိုတော့ ဇန်န၀ါရီလထဲမှာ အပြီးတင်ပေး သွားမယ် လို့ စိတ်ကူးလိုက်တယ်။
သဘောကျကြရဲ့လားဗျာ။ မကျရင်လည်း သည်းခံပြီးသာ ဖတ်ကြပေတော့။ လုံးလုံး တင်မပေးတာထက် စာရင်တော့ အများကြီး ကောင်းလိမ့်မယ် မဟုတ်လားဗျာ။ ကဲ – 2012 ရဲ့ ကံဇာတာ အကျဉ်းချုပ်ကလေးတွေကို ဖတ်ကြည့်ကြရအောင်လား။
.
မိဿရာသီဖွားများ
.
မိဿရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
- ဒီနှစ်မှာ အတိုက်အခံများမယ်။ ရန်များမယ်။ ဒါပေမယ့် ရန်အတိုက်အခံ၊ အပြိုင်အဆိုင် တွေရဲ့ ကြားကနေ အောင်မြင်မှုရမယ်။
- ငွေကြေးလာဘ်လာဘ အလွန်များပြားစွာ ၀င်ရောက်နိုင်တယ်။ ငွေကြေးကံကောင်းမယ်။ ငွေကြေး အတွက် လုံးဝ မပူပင်ရတဲ့ နှစ်မျိုးဖြစ်နိုင်တယ်။
- ကျန်းမာရေးတော့ အတော်ဂရုစိုက်ရမယ်။ ချုခြာနေမယ်။ ရောဂါကြီးတွေဖြစ်နိုင်တယ်။
- နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းမယ်။ နိုင်ငံခြားခရီးတွေ သွားရတတ်တယ်။
- အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ပြုရန် အခက်အခဲများမယ်။ ရွှေ့ဆိုင်းရမယ်။ လက်ထပ်ဖို့ကိစ္စ နှောင့်နှေးကြန့်ကြာမယ်။ ဒါပေမယ့် အိမ်ထောင်ကျကိန်းလည်း အလွန်များတယ်။
- အိုးအိမ်ခြံမြေ ၊ ယာဉ်ကား နဲ့ ပတ်သက်ပြီး ကံကောင်းမယ်။ အထူးသဖြင့် ယာဉ်ကား ၀င်ကိန်းရှိတယ်။
- တစ်နှစ်လုံး စိတ်ပိုင်းဆိုင်ရာ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်တယ်။ တော်လှန်ပုန်ကန်လိုတဲ့ စိတ်တွေ ဖြစ်နေတတ်တယ်။ မကြာခဏ စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုတွေဖြစ်မယ်။ စိတ်နှစ်ခွ ဖြစ်နေမယ်။ စိတ်ခံစားချက်တွေ အလွန်ပြင်းထန်မယ်။
- ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေ ၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်ခွင့်ကြုံ တတ်တယ်။ ဒီလို လုပ်ဆောင်လိုက်တာနဲ့ ကိုယ့်ရဲ့ ကံကြမ္မာဟာလည်း အံ့သြလောက်အောင် ကောင်းမွန်တိုးတက်မှုတွေ ကြုံရမယ်။
- သားသမီးရှိသူများ သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စတွေ ကြုံမယ်။ အထူးသဖြင့် ပညာရေးကြောင့် ဂုဏ်ယူစရာ ကိစ္စမျိုးဖြစ်ဖို့များပါတယ်။
- အိမ်ထောင်ရေးအတွက် စိတ်အလွန်ဆင်းရဲရတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ အိမ်ထောင်ဘက် ကျန်းမာရေး ချို့တဲ့လို့ဖြစ်စေ၊ အိမ်ထောင်ဘက်က တနည်းတနည်းနဲ့ ဒုက္ခပေးလို့ဖြစ်စေ မကြာခဏ စိတ်ဆင်းရဲ့ ရမယ့်နှစ်ဖြစ်တယ်။
- ကိုယ်တိုင် အိမ်ထောင်ရေး ရှုပ်ထွေးတတ်သူများ မိမိဂုဏ်သိက္ခာကျစရာ ကိစ္စတွေ ကြုံမယ်။ နာမည်ပျက်ကိန်း ကြုံတတ်တယ်။
- ၂၀၁၂ ခုနှစ်မှာ မိဿရာသီဖွားမွေးသူများထဲက ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နဲ့ စနေသားသမီးတွေက ကံအထူးကောင်းဖို့ရှိပါတယ်။
- ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် အိမ်ကဘုရားမှာ “သစ်ကြားသီး” (သို့) “သကြား” လုံး (၈)လုံး ကပ်လှူပူဇော်လိုက်ပါ။ (သစ်ကြားသီးကို အခွံခွဲပြီးမှ ကပ်ပါ)
ရှေ့ကဆောင်းပါးမှာ အခု လ,ပိုင်း ရက်, ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ လူအများ မမျှော်လင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်နေတာကို တွေ့ရပါတယ်လို့ ရေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဇာတာအရ မြန်မာနိုင်ငံဟာ ပြောင်းလဲချိန် တန်နေပါပြီ။ ရှေ့ဆောင်းပါးမှာ အခုရက်ပိုင်းအတွင်း အလှုပ်ရှား အရိုက်ခတ်ဆုံး သတင်း တစ်ခုဖြစ်တဲ့ “ကားဟောင်း ၊ ကားသစ်” ကို ဆောင်းပါးလေးအနေနဲ့ တင်ဆက်ခဲ့ပါပြီ။
အခုတစ်ခုကလည်း လူအများ အတော်ကြီးကို စိတ်ဝင်စားနေတဲ့ ကိစ္စပါ။ ( . . . . . အကျဉ်းသားတွေ) ရဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ “နိုင်ငံရေး အကျဉ်းသားမရှိဘူး” လို့ နိုင်ငံတော် အစိုးရက ကြေငြာထားတော့ ကျွန်တော်လည်း ဒီအသုံးအနှုံးကို မသုံးလိုပါ။ ဒီတော့ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောသူများ” လို့ နာမည်ပေးရရင် မကောင်းဘူးလား။ ဒီအသုံးအနှုံး လေးတော့ ပေးခွင့်ပြုကြပါဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ “ရာဇ၀တ် အကျဉ်းသားတွေ” မဟုတ်ဘူးလေ။ ဒါကိုတော့ လူအများစု လက်ခံကြမှာပါ။
လူအများစုလိုဘဲ ကျွန်တော်လည်း သူတို့ကို လွတ်စေချင်တဲ့အထဲမှာ တစ်ဦးအပါအ၀င်ပါ။ ဘာ နိုင်ငံရေး ခံယူချက် တစ်ခုခုကြောင့် မှ မဟုတ်ပါ။ နိုင်ငံရေးကို လည်း စိတ်ဝင်စားလှသူ တစ်ဦးမဟုတ်ပါ။ နောက်ပြီး အကျဉ်းကျ ခံနေရသူတွေ ထဲမှာလည်း ကိုယ့်ဆွေမျိုးသားခြင်းတွေ မပါပါ။
ဒါပေမယ့် “လူသားခြင်း စာနာစိတ်” ကြောင့် လွတ်မြောက်စေချင်တာ အမှန်ပါ။ သူတို့ နှစ်ရှည်လများ ခံစားနေ ရတဲ့ ဒုက္ခတွေကို ကိုယ်ခြင်းစာမိပြီး လွတ်မြောက်စေချင်တဲ့ ဆန္ဒပါ။ သူတို့ကို လွှတ်လိုက်ရင် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင် တယ် / မနိုင်ဘူး ဆိုတာတော့ ကျွန်တော် မသိပါ။ ဒါက ကျွန်တော် နားလည်သော အခန်းကဏ္ဍ မဟုတ်ပါ။
ဒါပေမယ့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ရယူခဲ့တဲ့ “လွတ်လပ်ရေးဇာတာ” သာ အခုအချိန်အထိ အကျိုးသက်ရောက် နေဦးမယ်ဆိုရင်တော့ “မြန်မာနိုင်ငံမှာ လူထုအုံကြွမှုတွေ” ထပ်မံ ဖြစ်ပွားစရာ အကြောင်း မရှိနိုင်တော့ဘူး လို့ဘဲ ကျွန်တော် သုံးသပ်ပါတယ်။ (ချွင်းချက်။ ။ ယခု သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရလက်ထက်တွင်သာ . . ) ဒီ ချွင်းချက်ကလေးတော့ ထပ်မံ ဖြည့်စွက်ပေးလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အွန်လိုင်းပေါ်မှာ ကိုယ့်ကို ချိုးချင်ဖဲ့ချင်နေကြတဲ့ သူတွေက အများသား။ မဟုတ်ရင် ဒီစကားကို ပုံသေ “တေးမှတ်” ထားပြီး ပြဿနာ ပေါ်လာရင် “၀ိုင်းတွယ်” မှာ ကြိုမြင်နေလို့။ တစ်ခါတစ်လေများ ဒီ ၀က်ဆိုဒ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်လိုက်ရင် ကောင်းမလားလို့တောင်မှ စိတ်ကူးမိပါတယ်။ ထားပါတော့ လေ။ ဆောင်းပါး အကြောင်း ဆက်ပြောကြရအောင်။
မြန်မာနိုင်ငံ လွတ်လပ်ရေးဇာတာအရ -
အခုအချိန်ကာလဟာ “ဗြိစ္ဆာလဂ်” ပိုင်ရှင် မြန်မာနိုင်ငံ အတွက် (၁၁)တန့် ဆိုတဲ့ “လာဘဘာဝ” အိမ်ရှင် ဗုဒ္ဓဟူးဂြိုဟ်ကြီး ဟာ (၂)တန့်ဆိုတဲ့ “ဓနကာရက” ဘာဝအိမ်မှာ (၁၀)တန့်အိမ်ရှင် တနင်္ဂနွေဂြိုဟ်ကြီးနဲ့အတူ ရပ်တည်နေပြီး သူရဲ့ ထူလဒဿာ စ, ပြီး စားနေတဲ့အချိန်ဖြစ်လို့ မြန်မာနိုင်ငံကြီးဟာ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာမြင့်မားလာပြီး၊ ဥစ္စာဓန တွေလည်း ကြွယ်ဝ၊ ပြည်သူတွေလည်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ နောက်ပြီး ကောဇာဂြိုဟ်အရလည်း ဒီ (၂)တန့်ဘာဝမှာ ရပ်တည်တဲ့ ဗုဒ္ဓဟူးဂြိုဟ်ကြီး ကို သူ့အိမ်ရှင်ဂြိုဟ်ဖြစ်တဲ့ “ကြာသပတေးဂြိုဟ်ကြီးက” ကောဇာခွင်မှာ မိဿရာသီကနေ တြိဂေါဏ အမြင်နဲ့ လှမ်းပြီး အထောက် အပံ့ပေးနေတော့ ဒီကာလမျိုးဟာ တိုင်းပြည်အတွက် ဘာမှ ဘေးဥပဒ် မဖြစ်နိုင်တဲ့ ကာလမျိုးဖြစ်ပါတယ်။
ဖြည့်စွက်ချက်။ ။ သို့ပေမယ့် တစ်ခု စဉ်းစားသင့်တာက မြန်မာ့လွတ်လပ်ရေး ဇာတာဟာ ယခုအချိန်အထိ အကျိုးသက်ရောက်မှု ရှိသေးလားဆိုတာတော့ သံသယ ဖြစ်ဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဖွဲ့ (၆)ဖွဲ့လောက် ပြောင်းသွားပြီဆိုတော့ ဒီအစိုးရသစ်တွေ တက်,တက်လာတဲ့ အချိန် (ကျမ်းသစ္စာကျိန်တဲ့အချိန်) ရဲ့ ဇာတာခွင်တွေရဲ့ အကျိုးသက်ရောက်မှုကိုလည်း ထည့်တွက်သင့်တယ်လို့ ကျွန်တော် အတွေးအခေါ်တစ်ခု ဖြစ်နေပါတယ်။ မင်းဆက်တစ်ခု ပြောင်းသွားတာကို ထည့်မတွက်ဘူးဆိုရင် မြန်မာနိုင်ငံကို ပထမဆုံး ပီပီပြင်ပြင် တည်ထောင်ခဲ့တဲ့ “အနော်ရထာမင်း” နန်းတက်တဲ့ ဇာတာကို ယခုအချိန်အထိ ဆက်ပြီး သုံးရဦးမှာလို ဖြစ်နေပါတယ်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ချိန်ရောက်မှ “မြန်မာနိုင်ငံ” ရယ်လို့ ပေါ်ထွန်းလာတာမဟုတ်ဘဲ ယခင့်ယခင်ကတည်း မြန်မာနိုင်ငံဆိုတာ ရှိနေခဲ့တာကို သတိပြုသင့်ပါတယ်။
အခု လ,ပိုင်း ရက်, ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ လူအများ မမျှော်လင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်နေတာကို တွေ့ရပါတယ်(အပြောင်းအလဲ ဖြစ်ဖို့ အချိန်ရောက်နေပြီကိုး)။ ဒီအထဲမှာ လူအများ စိတ်အ၀င်စားဆုံး . . . လူတွေကို ဘာလုပ်ရမှန်းမသိအောင် ခေါင်းအစားဆုံး . . . ကိစ္စတစ်ခုကတော့ အများသိကြတဲ့အတိုင်း “ကားဟောင်း၊ ကားသစ်” ကိစ္စပါဘဲ။
ရုတ်တရက် “ကားဟောင်းတွေကို ဖျက်သိမ်းပြီး ပါမစ်အသစ် ချပေးတော့မယ်” ဆိုတဲ့ သတင်းထွက်လာတဲ့ တပြိုင်နဲ့ အိုမင်း ဟောင်းနွမ်း စုတ်ပြတ်သတ်နေတဲ့ ကားအိုကားဟောင်း ပိုင်ရှင်တွေဟာ “အနေစုတ်ပေမယ့် ၊ ရွှေထုတ်တဲ့ မြပုဝါ” ဆိုတာလို ဖြစ်လာကြပါတယ်။ ရုတ်တရက် “ထီ ထ, ပေါက်” တာလို့ဘဲ ပြောရတော့မှာပါဘဲ။ (၅)သိန်းနဲ့ ရောင်းရင်တောင်မှ ၀ယ်သူမရှိတဲ့ ကားတစီးဟာ သိန်း (၈၀) သိန်း (၁၀၀) ဖြစ်လာပါတယ်။
ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ခုက ဒီသတင်းဟာ “တရားဝင် ထွက်ပေါ်မလာခင်” မှာ “လက်ဝါးကြီးအုပ် စီးပွားရေး သမားတွေ” ရဲ့ လက်ထဲကို အရင်ဆုံး သတင်းရောက်နှင့် သွားတဲ့အတွက် မူလပိုင်ရှင်အချို့ဟာ ရသင့်ရထိုက်တဲ့ ဈေးကို မရလိုက်တော့ဘဲ အနစ်နာကြီး နစ်နာခဲ့ကြရပါတယ်။ တစ်ချို့ (၁၀)သိန်း (၁၅) သိန်းလောက်ဘဲ ရလိုက်ပါတယ်။
တရားဝင် သတင်းမထွက်ပေါ်ခင် ကားလိုက်ဝယ်သူ အများစုကတော့ အများသိကြတဲ့အတိုင်း ကျွန်တော်တို့ရဲ့ “ဆွေမျိုးပေါက်ဖေါ်” တွေပါဘဲ။ မြန်မာနိုင်ငံသား စစ်စစ်တွေကတော့ “အရိုးအရင်းလောက်ဘဲ” ကိုက်လိုက် ရပါတယ်။ (သြော် - ဆွေမျိုးပေါက်ဖေါ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ဆွေမျိုး အရင်းကြီးတွေဘဲ မဟုတ်လား။ မုဒိတာ ပွားပေးလိုက်ကြပေါ့ဗျာ)

















