Archive of the tags: မဟာဘုတ် ဗေဒင်

# နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်

7days Borns

တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers – 4 , 2 , 7 , 0

(more…)

# ဇူလိုင်လအတွက် (၇)ရက်သားသမီး ဗေဒင်

 

8_ Circle & Face_01 (456 x 458)

.

ဒီလအတွက် ()ရက်သားသမီး ဗေဒင်တင်ဖို့ သိပ်နောက်ကျသွားလို့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးကာမှ ပုံမှန်စောင့်ဖတ်တဲ့ မိတ်တွေတွေက မရမက တောင်းဆိုမှုကြောင့် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ()ရက်သားသမီးဆိုတော့လည်း ယေဘူယျဘဲပေါ့နော်။ ဘာကိုမှ လေးလေးနက်နက် ခံစားပြီး မဖတ်ပါနဲ့။ အပျော်ဖတ် အပျင်းပြေဖတ်လို့ဘဲ သဘောထားပါ။ အရမ်းနောက်ကျသွားတာအတွက်တော့ ဗဲရီးဆောရီးပါ ဘော်ဒါတို့ရေ။

.

# တနင်္ဂနွေ သားသမီးများ

ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကြုံရတတ်သည်။ အမှုအခင်း /အရှုပ်အရှင်း တစ်ခုတွင် ပါဝင် ပတ်သက်ရဖွယ် ရှိသည်။ ကောင်းသော အခြေအနေအပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ မကင်းရာမကင်းကြောင်း ကူညီမှု ပြုရမည်။ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်သည်။ ရောဂါ ဝေဒနာ အသေးစားတစ်ခု ခံစားရတတ်ပြီး ရက်ကြာနေတတ်သည်။ ငွေချေးယူရန် ကိစ္စ တစ်ခုပေါ်လာပါက အလွယ်တကူ ရရှိတတ်သည်။ လုပ်ငန်းခွင်အတွင်း၌ ဖြစ်စေ ၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးနှင့်ဖြစ်စေ ကတောက်ကဆ ဖြစ်ရတတ်သည်။ အသေးစား ထိခိုက်မှု တစ်ခုခု ကြုံနိုင်သည်။ ပညာရေး နှင့် ပတ်သက်ပြီး ကံကောင်းမှုကြုံနိုင်သည်။ ဘာသာရေး ကိစ္စတစ်ခု ဆောင်ရွက်ရဖွယ် ရှိသည်။ မိန်းကလေး ငယ်များ ကိုယ်ဝန် စွဲကပ်ရန် လွယ်ကူသော ကာလတစ်ခုဖြစ်သည်။ အရောင်းအ၀ယ်သမားများ အရောင်းအ၀ယ်ကောင်းသော်လည်း အကျိုးအမြတ်မကျန်လှသော ကာလတစ်ခု ဖြစ်နိုင်သည်။ ယေဘူယျ ကံဇာတာ မဆိုးလှသော လ, တစ်လဖြစ်မည်။

ယတြာပြုလိုပါက - တောင်းရမ်း စားသောက်နေရသူ အချို့အား ငွေကြေး အချို့အ၀က် လှူဒါန်းလိုက်ပါ။ ငွေကြေးဒုက္ခရောက်နေသော ဆွေမျိုး/သူငယ်ချင်းတစ်ဦးအား ငွေကြေး ချေးငှားလိုက်ပါ။

(more…)

# ဇွန်လအတွက် (၇) ရက် သားသမီး ဗေဒင်

8_ Circle & Face_01 (456 x 458)

.

# တနင်္ဂနွေ သားသမီးများ

သူ့ဖက်ကိုယ့်ဖက် မျှတအောင် ဆောင်ရွက်ညှိနှိုင်းမှုဖြင့် အလုပ်အကိုင် အကြံအစည်များ အထမြောက် အောင်မြင်မည့် ကာလဖြစ်သည်။ အကျဉ်းအကျပ် အခက်အခဲကြုံနေသူများ အခက်အခဲများမှ လွန်မြောက်နိုင်မည်။ အပေးအယူ နှင့် အလွှဲအပြောင်း ကိစ္စများ အောင်မြင်ပြီး အကျိုးခံစားခွင့်ရှိမည်။ အလှူဒါန ပြုရန် ကိစ္စများ ပေါ်ပေါက်မည်။ ထီပေါက်ကိန်းရှိသည်။ (, , , ) ဂဏန်းများ ပါအောင်ထိုးပါ။ (ဘဏ် . . စသည်တို့မှ) ချေးငွေ ချေးငှားရယူနိုင်မည်။ လက်အောက်လူ ၊ တပည့်တပန်း အကျိုးပေးမည်။ ရင်းနှီးမြုတ်နှံမှုများမှ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့် ကာလဖြစ်သည်။ မိမိကျန်းမာရေး နှင့် မိသားစုကျန်းမာရေး ဂရုစိုက်ပါ။ အိုးအိမ် အပြောင်းအရွှေ့ အလုပ်အကိုင် အပြောင်းအလဲ ရှိနိုင်သည်။ ငွေကြေးကံ ကောင်းမွန်မည့် လ, တစ်လ ဖြစ်လိမ့်မည်။

ယတြာ - မွေးနေ့ တနင်္ဂနွေနေ့တွင် အုန်းသီးတစ်လုံးကို စီးဆင်းနေသော မြစ်၊ ချောင်း တစ်ခုခုအတွင်း စွန့်ပစ်လိုက်ပါ။

(more…)

# မေလအတွက် (၇)ရက်သားသမီး ဗေဒင်

8_ Circle & Face_01 (456 x 458).

# တနင်္ဂနွေ သားသမီးများ

အိုးအိမ်၊ အလုပ်၊ နေရာဌာန အပြောင်းအလဲ တစ်ခုခုရှိနိုင်သည်။ အပြောင်းအလဲအတွက် လူပန်းစိတ်ပန်းဖြစ်မည်။ မယူချင်သော တာဝန်များ ယူရတတ်သည်။ မိမိနှင့် ယှဉ်ပြိုင်ဘက်များကို အနိုင်ယူနိုင်မည်။ ခင်မင်ရင်နှီးနေသော မိတ်ဆွေတစ်ဦး နှင့် မိတ်ပျက်တတ်သည်။ ရွှေ အ၀ယ်မှား/အရောင်းမှား တတ်သည်။ သတင်းမှား ကောလာဟလတစ်ခုကြောင့် စိတ်ဒုက္ခရောက်ရမည်။ လုပ်ငန်းခွင်အတွင်း လက်အောက်လူအချင်းချင်း ပဋိပက္ခဖြစ်ဖွယ်ရှိသည်။ လက်အောက်လူ ဒုက္ခပေးတတ်သည်။ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ သို့သော် အကောင်းဖက်ကို ဦးတည်ပြောင်းလဲမှု များမည့်လ, ဖြစ်သည်။

ယတြာပြုလိုက – တန်ခိုးကြီး ဘုရားတစ်ဆူတွင် ရွှေသင်္ကန်းဖြစ်စေ (ရွှေသင်္ကန်း အလှူငွေဖြစ်စေ) ကပ်လှူလိုက်ပါ။ ယခုလတစ်လလုံး “၀က်သား” မစားပါနှင့်။ ကျန်းမာရေး ထိခိုက်တတ်သည်။

(more…)

# မြန်မာသက္ကရာဇ် (၁၃၇၅)ခုနှစ် (၇)ရက်သားသမီး ဟောကိန်းများ

myanmarthingyan (500 x 355).

မြန်မာသက္ကရာဇ် (၁၃၇၅)ခုအတွက် (၇)ရက်သားသမီးဗေဒင် လေးကို နှစ်ဆန်းတစ်ရက်နေ့ကတည်းက တင်ပေးချင်ပေမယ့် ရေးဖို့ မအားနိုင်တာကြောင့် ကနေ့မှ ရေးပေးလိုက်ရပါတယ်။

(၇)ရက်သားသမီးဗေဒင် ဟာ ယေဘူယျဟောကိန်း ဖြစ်ပေမယ့် တွက်နည်း (၄)(၅)မျိုး နဲ့ ညှိပြီး “မတူတာ ဖယ်၊ တူတာကို ယူ” – “ဘုံထုတ်” ပြီး တွက်မှ လူတိုင်းလောက် နီးပါးနဲ့ အကျုံးဝင်မှာ ဖြစ်လို့ လူတစ်ယောက်ခြင်း တွက်တာထက် ပိုခက်ပါတယ်။ ပိုဦးနှောက်စားပါတယ်။ (သူများတွေ ဘယ်လိုတွက်လည်းတော့ မသိဘူး)။ ဒါကြောင့် ရာဟုအပါအ၀င် (၈)နေ့နံကို တစ်နေကုန်ထိုင်တွက် ထိုင်ရေးတာတောင်မှ (၂)ရက်လောက် ရေးလိုက်ရပါတယ်။  ကဲ – ဖတ်ကြည့်ကြရအောင်လား ?

——————————————————————————————————–

.

## တနင်္ဂနွေ သားသမီးများ ကံဇာတာ

# အလုပ်/စီးပွား

ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။

(more…)

# ဧပြီလ အတွက် (၇)ရက် သားသမီးဗေဒင်

.

8_ Circle & Face_01 (456 x 458)

တနင်္ဂနွေ သားသမီးများ

ဒီလမှာ အလုပ်အကိုင် တိုးတက်မယ်။ စီးပွားဖြစ်ထွန်းမယ်။ အိုးအိမ် အဆောက်အဦးနဲ့ ပတ်သက်ပြီး ကံကောင်းမှု ရှိတတ်သလို ဒီ အိုးအိမ်ကိစ္စနဲ့ဘဲ ဆွေမျိုးညီအစ်ကိုများနဲ့ အမှုအခင်းလည်း ဖြစ်တတ်တယ်။ ဒီလထဲမှာ ထိခိုက်ရှနာ ၊ သွေးထွက်သံယိုမှု ၊ မီးဘေး သတိထားပါ။ လူ, လူချင်း ခိုက်ရန် ဖြစ်ပွားမှုများလည်း ဖြစ်နိုင်တယ်။ ကား နဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်နိုင်တယ်။ (Car Accident , ကားအရောင်းအ၀ယ် အရှုံးပေါ်ခြင်း , ကား အရောင်းအ၀ယ် အမှားဖြစ်ခြင်းများ သတိပြု)။
ဒီလထဲမှာ အလုပ်အကိုင်ကောင်းပြီး ငွေကြေးခက်ခဲမှု ဖြစ်မယ်။ ငွေ မလည်တတ်ဘူး။ ငွေကြေး ဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ရပ်ဝေး ရပ်နီး ခရီးသွားလာမှုများ ပေါ်ပေါက်တတ်တယ်။ သို့သော် စိတ်မအေးရသော ခရီးမျာ ဖြစ်တတ်တယ်။ ပညာရေး မကောင်းနိုင်သေး။ အချစ်ရေး ကိစ္စများမှာ စိတ်ပူပန်ရခြင်း ၊ စိတ်နှစ်ခွ ဖြစ်ရခြင်းများ ကြုံမယ်။

= ယခုလအတွက် နာမည်မှာ တနင်္ဂနွေ စ,ပြီး အင်္ဂါ ဆုံးမှည့်ထားသူများ ထိခိုက်ရှနာ၊ ခိုက်ရန်ဖြစ်ပွားမှု များ အထူးသတိပြုပါ။ ကိုယ့်ဘက်က အနာတရ ဖြစ်တတ်ပါတယ်။ တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေ တစ်ခုခုနဲ့ ပိတ်ထားသူများ ကံကောင်းမှု ပိုများနိုင်တယ်။ တနင်္လာ ၊ ကြာသပတေး ပိတ်ထားသူများလည်း ညံ့ပါတယ်။

= ယတြာပြုမယ် ဆိုရင်တော့ – သံဃာတော် (၃)ပါးကို ဆိတ်သားဟင်း နဲ့ ဆွမ်းကပ်လှူပေးပါ။ နှစ်ဆန်းတစ်ရက် နေ့မှာ ငါးအရှင် သက်စေ့လွှတ်ပါ။ အိမ်မှာ ပျက်နေတဲ့ စက်ပစ္စည်းဟူသမျှကို လွှင့်ပစ်တန်ပစ် ၊ ရောင်းတန် ရောင်းထုတ်လိုက်ပါ။

(more…)

# မွေးနေ့ဗေဒင်တွက်ကြမယ် (၂)

 

Happy Birthday2

မွေးနေ့ဗေဒင်တွက်ကြမယ် အပိုင်း ()ကို ၂၀၁၀ ခုနှစ် မတ်လထဲမှာ စ, တင်ပေးလိုက်တဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ အဖတ်အများဆုံး ဆောင်းပါးထဲမှာ နံပါတ်()နေရာ ကို ချိတ်နိုင်ခဲ့ပါတယ်။ ၀င်ရောက်ဖတ်ရှုသူဦးရေ သုံးသောင်းနီးပါး ရှိခဲ့တယ်။ တိုက်ဆိုင်မှု အတော်ရှိတယ်လို့လည်း အကြောင်းပြန်ကြားချက်တွေ ကြားရပါတယ်။ ဒါပေမယ့် ခက်တာက ယနေ့အချိန်အထိ အဲဒီတွက်နည်းကို ကောင်းကောင်း မတွက်တတ်ကြတဲ့ သူတွေ ရှိနေသေးတယ်။ တစ်ချို့ကြပြန်တော့လည်း မှန်အောင်တော့ တွက်တတ်ပါတယ် - ဒါပေမယ့် အဖြေကို ကောင်းကောင်းမထုတ်တတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထည့်သွင်းတွက်ချက်ရတဲ့ ဂြိုဟ်တွေက မွေးနံဂြိုဟ်အပါအ၀င် ()လုံးတောင် ဖြစ်နေတော့ အပေါ်အောက် ဂြိုဟ်တွေ ပြန့်ကျဲနေရင် အကောင်းအဆိုး ဘာပြောရမှန်း မသိကြတော့ဘူး ဆိုတာတွေလည်း ရှိပါတယ်။

ဒီတော့ ကျွန်တော့်အနေနဲ့ မွေးနေ့ဗေဒင်တွက်နည်းကို ဒီထက် လွယ်ကူအောင် စဉ်းစားရပါတော့တယ်။ လွယ်ကူတဲ့ နည်းသစ်ကလေးတွေ တီထွင်ရပါတယ်။ တီထွင်ယုံနဲ့ မပြီးဘဲ လက်တွေ့မှန်ကန်မှုကော ဘယ်လောက်ရှိလဲ ဆိုတာကို စမ်းသပ်ရပါသေးတယ်။ လက်တွေ့မှန်ကန်မှု (၇၀)% အထက်ရှိပြီဆိုတဲ့ နည်းကိုသာ ရွေးချယ်လိုက်ပြီး (၇၀)% အောက်ဆိုရင် ပယ်ပစ် လိုက်ပါတယ်။ ဒီလိုနဲ့ ပိုမိုလွယ်ကူတဲ့ မွေးနေ့ဗေဒင်တွက်နည်း လေးတွေ ထပ်မံရရှိလာပါတယ်။ အဲဒီထဲက လွယ်ကူတဲ့ နည်းလမ်းတစ်ခုကို “မွေးနေ့ဗေဒင်တွက်နည်း ()” အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ စာဖတ်သူများအတွက် တွက်ရ/ဟောရ ပိုမိုလွယ်ကူတဲ့ နည်းလမ်းလေးတစ်ခု ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။

—————————————————————————————————————-
မွေးနေ့ဗေဒင်တွက်နည်း ()

ယခင် “မွေးနေ့ဗေဒင်တွက်ကြမယ်” ဆောင်းပါးကို မဖတ်ဘူးသူများအတွက် “မွေးနေ့ဗေဒင်တွက်တယ်” ဆိုတာ ဘာလဲ ဆိုတာကို ပြန်ပြောပြပါဦးမယ်။ မွေးနေ့ဗေဒင်ဆိုတာ နှစ်တိုင်းနှစ်တိုင်း ကိုယ့်မွေးနေ့ကို ကျရောက်လာပြီဆိုရင် ရှေ့လာမည့် တနှစ်တာကာလရဲ့ ကံဆိုးကံကောင်းကို (လူတော်တော်များများ) သိချင်ကြပေလိမ့်မယ်။ အဲသည်လို တစ်နှစ်စာ အကောင်း/အဆိုးတွက် မွေးနေ့ကျရောက်တဲ့ “အဲဒီနေ့” ရဲ့ Data အချို့ကို ကောက်ယူပြီး တွက်ချက်တဲ့ နည်းပါ။ ယခင်တွက်နည်း ()က “မဟာဘုတ်” တွက်နည်းဖြစ်ပြီး ယခု တွက်နည်း ()ကလည်း “မဟာဘုတ်” တွက်နည်းပါဘဲ။ နောက်ထပ် “ဂဏန်းဗေဒင်” နည်းနဲ့ တွက်တဲ့နည်းတွေလည်း ရှိပါသေးတယ်။ အလျှဉ်းသင့်သလို တင်ပြပေးသွားပါမယ်။

(more…)

# မတ်လ အတွက် (၇)ရက်သားသမီး ဟောကိန်း အကျဉ်း

 

8_ Circle & Face_01 (456 x 458)

(အပျင်းပြေဖတ်ရန်မျှသာ)

တနင်္ဂနွေ သားသမီးများ

ဒီလမှာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်မယ်။ တာဝန် ၀တ္တရား ကြီးမားမယ်။ ခရီးယာယီ ရှိတတ်တယ်။ အချစ်ရေး ကံကောင်းမယ်။ လုပ်ငန်း စီးပွား တိုးတက်မှု ရှိမယ်။ အင်္ဂါနံ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်မယ် (သို့) အင်္ဂါ သားသမီး ဒုက္ခပေးမယ်။ ဘုရားဖူးခရီး အပန်းဖြေခရီး သွားရတတ်တယ်။ အလှအပ နှင့် ဆိုင်သော ပစ္စည်းတစ်ခု လက်ဆောင်ရတတ်တယ်။

တနင်္လာ သားသမီးများ

ကျန်းမာရေး ဂရုပြုရမယ်။ ရောဂါဟောင်း ထ, တတ်တယ်။ ဆွေမျိုးသားခြင်းများအတွင်း ကျန်းမာရေး နာရေး ကိစ္စပေါ်တတ်တယ်။ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်တယ်။ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုများအတွက် စိတ်သောက ရောက်ရမယ်။ ထီပေါက်ကိန်း ရှိတယ်။ ငွေဝင်များမယ်။ ဒါပေမယ့် ငွေဝင်လေ လူပင်ပန်းလေ ဖြစ်မယ်။

(more…)

# အောက်တိုဘာလ အတွက် (၇)ရက် သားသမီး ဟောကိန်းများ

.

တနင်္ဂနွေ သားသမီးများ

.

ယခုလအတွက် တနင်္ဂနွေသားသမီးများ အတိုက်အခံ ၊ ရန် အခက်အခဲ နှင့် ယှဉ်သော အောင်မြင်မှုများကို ရရှိနိုင်လိမ့်မည်။ အပြိုင်အဆိုင် ယှဉ်ပြိုင်ရသော လုပ်ငန်းများတွင် အောင်မြင်မှု ရရှိမည်။ လူမှုဆက်ဆံရေးပိုင်း အောင်မြင်မည်။ လူအများ၏ ထောက်ခံမှုကို ရရှိမည်။ ငွေကြေးကိစ္စ ကံကောင်းနိုင်သလို စိတ်ပူစရာလည်း ရှိမည်။ ငွေဝင်ကိန်း ငွေထွက်ကိန်း (၂)မျိုးလုံး ရှိနေမည်။ အချို့ ကံဇာတာညံ့သော အသက်ပိုင်းများအတွင်း ရောက်ရှိနေသော တနင်္ဂနွေသားသမီးများ ငွေကြေးအတွက် အလွန်ပူပင်သောက ရောက်ရဖွယ်ရှိသည်။ ငွေရေးကြေးရေး ပြဿနာ တက်နိုင်သည်။ ငွေအတွက် ခေါင်းခဲစရာ ကိစ္စများ ကြုံနိုင်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်ပြေမည်။ ချစ်သူစုံတွဲများ သဒ္ဓါလွန်၍ တဏှာကျွံတတ်သည်။ ဆယ်ကျော်သက်များ အပေါင်းအသင်း စုံသောကြောင့် လိင်ကိစ္စများရှုတ်ထွေးမိတတ်သည်။ ကျောင်းသူကျောင်းသားများ ပညာရေးကံ အနည်းငယ် နိမ့်ကျနေမည်။ ကျန်းမာရေး ချူခြာနေမည်။ ဦးနှောက် အာရုံကြော ၊ အစာအိမ် ၊ နှလုံး ၊ ခြေထောက် ပိုင်းတွင် အားနည်းချက်များ ရှိနိုင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် စာနယ်ဇင်း နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ၊ ၀န်ဆောင်မှု နှင့် အကျိုးဆောင်လုပ်ငန်းများ ၊ လှောင်ကုန်လုပ်ကိုင်သူများ ၊ စက်ပစ္စည်း ရောင်းဝယ်ဖောက်ကားသူများ ၊ ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်သူများ အကျိုးများလိမ့်မည်။ ခရီးသွားလာခြင်း နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ကံမကောင်းနိုင်သေးပါ။

ယခုလအတွက် နာမည်တွင် – တနင်္ဂနွေ စ,ပြီး ဗုဒ္ဓဟူး ၊ စနေ ၊ အင်္ဂါ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံကောင်းမှုများကို ပိုမိုရရှိနိုင်သည်။ တနင်္ဂနွေဖြင့် အစပြုပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ သောကြာ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံဇာတာ အညံ့ဖက်ပိုမိုနိုင်ပြီး ကျန်းမာရေး အထူးဂရုပြုပါ။

ယတြာပြုလုပ်လိုပါက – မွေးနေ့ တနင်္ဂနွေနေ့ တစ်ရက်တွင် ဈေးထဲမှ အသတ်ခံရတော့မည့် ငါးအရှင်များ (အရေအတွက် မိမိတတ်နိုင်သလောက်) ၀ယ်ပြီး မြစ်ချောင်းများအတွင်း လွှတ်ပြီး ဇီဝိတဒါန ပြုလိုက်ပါ။

(more…)

# စက်တင်ဘာလ အတွက် (၇)ရက် သားသမီး ဟောကိန်းများ

.

 

တနင်္ဂနွေ သားသမီးများ

ယခုလအတွက် တနင်္ဂနွေ သားသမီးများ ကံဇာတာ ကောင်းမွန်တိုးတက်မည့် လ, ဖြစ်သည်။ မိသားစုဘ၀ ပျော်ရွှင်ရမည်။ ဝေးကွာနေသော မိသားစု မိတ်ဆွေများနှင့် ပြန်လည် ဆုံဆည်းခွင့်ရှိသည်။ အချို့သော တနင်္ဂနွေသားသမီးများအတွက် ဘ၀အပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ ကောင်းသော အပြောင်းအလဲဖြစ်မည်။ ၀န်ထမ်းများ ရာထူးတက်ကိန်း ရှိသည်။ အလုပ်အကိုင် အသစ် ရှာဖွေနေသူများ အလုပ်အကိုင်ကောင်း ရရှိမည်။ ငယ်ရွယ်သူများ ပညာရေးကံ ကောင်းနေမည်။ အိုးအိမ်အဆောက်အဦး (အိမ်ခြံမြေ) နှင့် ပတ်သက်ပြီး ကောင်းကျိုးများ ခံစားရမည်။  ယာဉ်ကားကိစ္စ ထူးထူးခြားခြား မကောင်းသေးပါ။ ပါမစ် ၊ တင်ဒါ စသည်များ လျှောက်ထားသူများ ၄င်းနှင့် ပတ်သက်ပြီး အကျိုးခံစားရမည်။ လေကြောင်းခရီး သွားလာရကိန်း ရှိသည်။ နာမည်နှင့် အသက်မွေးသူများ နာမည်ကျော်ကြားမည့် လ, ဖြစ်သည်။ အချို့သောသူများတွင် “ထီပေါက်ကိန်း” ရှိနိုင်သည်။ ကုန်သည် ၊ ဘဏ်လုပ်ငန်း ၊ အကြီးအကဲ ရာထူးများတွင် တာဝန်ယူရသူများ အကျိုးပေးမည့် လ, ဖြစ်ပေလိမ့်မည်။ ယေဘူယျ ခြုံပြောရလျှင် ယခုလသည် (သက္ခတ် အညံ့ထဲတွင် ရောက်နေသော သူများမှ လွဲ၍ တနင်္ဂနွေသားသမီး အတော်များများ ကံကောင်းမှု အလွန်များနိုင်သည့် လ, ဖြစ်သည်ဟု ဆိုရပေမည်။

ယခုလအတွင် နာမည်တွင် တနင်္ဂနွေ စ,ပြီး – တနင်္ဂနွေ နှင့် ကြာသပတေး ပိတ်သူများ ထူးခြားသော ကံကောင်းမှုများကို ရရှိနိုင်ချေရှိသည်။ အင်္ဂါ နှင့် ဗုဒ္ဓဟူး နှင့် ပိတ်သောသူများ လုပ်ငန်းခွင်အတွင်း မပြေလည်မှုများ ၊ ပဋိပက္ခများ အနည်းငယ် ကြုံနိုင်သည်။ တနင်္လာ ၊ သောကြာ ၊ စနေ ပိတ်သောသူများ ကံကောင်းမှုများကို လျော့နည်းစွာ ခံစားရဖွယ် ရှိသည်။

(more…)