Archive of the tags: နာမက္ခရ ဗေဒင်

# အောက်တိုဘာလ အတွက် (၇)ရက် သားသမီး ဟောကိန်းများ

.

တနင်္ဂနွေ သားသမီးများ

.

ယခုလအတွက် တနင်္ဂနွေသားသမီးများ အတိုက်အခံ ၊ ရန် အခက်အခဲ နှင့် ယှဉ်သော အောင်မြင်မှုများကို ရရှိနိုင်လိမ့်မည်။ အပြိုင်အဆိုင် ယှဉ်ပြိုင်ရသော လုပ်ငန်းများတွင် အောင်မြင်မှု ရရှိမည်။ လူမှုဆက်ဆံရေးပိုင်း အောင်မြင်မည်။ လူအများ၏ ထောက်ခံမှုကို ရရှိမည်။ ငွေကြေးကိစ္စ ကံကောင်းနိုင်သလို စိတ်ပူစရာလည်း ရှိမည်။ ငွေဝင်ကိန်း ငွေထွက်ကိန်း (၂)မျိုးလုံး ရှိနေမည်။ အချို့ ကံဇာတာညံ့သော အသက်ပိုင်းများအတွင်း ရောက်ရှိနေသော တနင်္ဂနွေသားသမီးများ ငွေကြေးအတွက် အလွန်ပူပင်သောက ရောက်ရဖွယ်ရှိသည်။ ငွေရေးကြေးရေး ပြဿနာ တက်နိုင်သည်။ ငွေအတွက် ခေါင်းခဲစရာ ကိစ္စများ ကြုံနိုင်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်ပြေမည်။ ချစ်သူစုံတွဲများ သဒ္ဓါလွန်၍ တဏှာကျွံတတ်သည်။ ဆယ်ကျော်သက်များ အပေါင်းအသင်း စုံသောကြောင့် လိင်ကိစ္စများရှုတ်ထွေးမိတတ်သည်။ ကျောင်းသူကျောင်းသားများ ပညာရေးကံ အနည်းငယ် နိမ့်ကျနေမည်။ ကျန်းမာရေး ချူခြာနေမည်။ ဦးနှောက် အာရုံကြော ၊ အစာအိမ် ၊ နှလုံး ၊ ခြေထောက် ပိုင်းတွင် အားနည်းချက်များ ရှိနိုင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် စာနယ်ဇင်း နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ၊ ၀န်ဆောင်မှု နှင့် အကျိုးဆောင်လုပ်ငန်းများ ၊ လှောင်ကုန်လုပ်ကိုင်သူများ ၊ စက်ပစ္စည်း ရောင်းဝယ်ဖောက်ကားသူများ ၊ ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်သူများ အကျိုးများလိမ့်မည်။ ခရီးသွားလာခြင်း နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ကံမကောင်းနိုင်သေးပါ။

ယခုလအတွက် နာမည်တွင် – တနင်္ဂနွေ စ,ပြီး ဗုဒ္ဓဟူး ၊ စနေ ၊ အင်္ဂါ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံကောင်းမှုများကို ပိုမိုရရှိနိုင်သည်။ တနင်္ဂနွေဖြင့် အစပြုပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ သောကြာ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံဇာတာ အညံ့ဖက်ပိုမိုနိုင်ပြီး ကျန်းမာရေး အထူးဂရုပြုပါ။

ယတြာပြုလုပ်လိုပါက – မွေးနေ့ တနင်္ဂနွေနေ့ တစ်ရက်တွင် ဈေးထဲမှ အသတ်ခံရတော့မည့် ငါးအရှင်များ (အရေအတွက် မိမိတတ်နိုင်သလောက်) ၀ယ်ပြီး မြစ်ချောင်းများအတွင်း လွှတ်ပြီး ဇီဝိတဒါန ပြုလိုက်ပါ။

(more…)

# စက်တင်ဘာလ အတွက် (၇)ရက် သားသမီး ဟောကိန်းများ

.

 

တနင်္ဂနွေ သားသမီးများ

ယခုလအတွက် တနင်္ဂနွေ သားသမီးများ ကံဇာတာ ကောင်းမွန်တိုးတက်မည့် လ, ဖြစ်သည်။ မိသားစုဘ၀ ပျော်ရွှင်ရမည်။ ဝေးကွာနေသော မိသားစု မိတ်ဆွေများနှင့် ပြန်လည် ဆုံဆည်းခွင့်ရှိသည်။ အချို့သော တနင်္ဂနွေသားသမီးများအတွက် ဘ၀အပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ ကောင်းသော အပြောင်းအလဲဖြစ်မည်။ ၀န်ထမ်းများ ရာထူးတက်ကိန်း ရှိသည်။ အလုပ်အကိုင် အသစ် ရှာဖွေနေသူများ အလုပ်အကိုင်ကောင်း ရရှိမည်။ ငယ်ရွယ်သူများ ပညာရေးကံ ကောင်းနေမည်။ အိုးအိမ်အဆောက်အဦး (အိမ်ခြံမြေ) နှင့် ပတ်သက်ပြီး ကောင်းကျိုးများ ခံစားရမည်။  ယာဉ်ကားကိစ္စ ထူးထူးခြားခြား မကောင်းသေးပါ။ ပါမစ် ၊ တင်ဒါ စသည်များ လျှောက်ထားသူများ ၄င်းနှင့် ပတ်သက်ပြီး အကျိုးခံစားရမည်။ လေကြောင်းခရီး သွားလာရကိန်း ရှိသည်။ နာမည်နှင့် အသက်မွေးသူများ နာမည်ကျော်ကြားမည့် လ, ဖြစ်သည်။ အချို့သောသူများတွင် “ထီပေါက်ကိန်း” ရှိနိုင်သည်။ ကုန်သည် ၊ ဘဏ်လုပ်ငန်း ၊ အကြီးအကဲ ရာထူးများတွင် တာဝန်ယူရသူများ အကျိုးပေးမည့် လ, ဖြစ်ပေလိမ့်မည်။ ယေဘူယျ ခြုံပြောရလျှင် ယခုလသည် (သက္ခတ် အညံ့ထဲတွင် ရောက်နေသော သူများမှ လွဲ၍ တနင်္ဂနွေသားသမီး အတော်များများ ကံကောင်းမှု အလွန်များနိုင်သည့် လ, ဖြစ်သည်ဟု ဆိုရပေမည်။

ယခုလအတွင် နာမည်တွင် တနင်္ဂနွေ စ,ပြီး – တနင်္ဂနွေ နှင့် ကြာသပတေး ပိတ်သူများ ထူးခြားသော ကံကောင်းမှုများကို ရရှိနိုင်ချေရှိသည်။ အင်္ဂါ နှင့် ဗုဒ္ဓဟူး နှင့် ပိတ်သောသူများ လုပ်ငန်းခွင်အတွင်း မပြေလည်မှုများ ၊ ပဋိပက္ခများ အနည်းငယ် ကြုံနိုင်သည်။ တနင်္လာ ၊ သောကြာ ၊ စနေ ပိတ်သောသူများ ကံကောင်းမှုများကို လျော့နည်းစွာ ခံစားရဖွယ် ရှိသည်။

(more…)