(2)Kyin Mahaboke(frame)ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၂)ဖြစ်ပါက (၂)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်ကို မသိပါက ကိုယ်မွေး သော ခရစ်ခုနှစ်ထဲမှ (၆၃၈) ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရပါသည်။ အကယ်၍ ကိုယ့် မွေးရက် မွေးလသည် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်လျှင် (၁)တိုးပြီး (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်းမွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။

(၂)ကြွင်းဖွားများသည် ခန့်ငြားပေါ်လွင်သော ရုပ်ရည်၊ ဥပတိရုပ်မျိုး ရှိတတ် သည်။ များသောအားဖြင့် အရပ်အမောင်းမြင့်မားပြီး မျက်လုံးအကြည့် စူးရှ တောက်ပြောင် သည်။ လူချစ်လူခင်များတတ်ပြီး အပေါင်း အသင်း မိတ်ဆွေ ပေါများတတ်သည်။ မိမိ မိတ်ဆွေအပေါင်းအသင်းများပေါ်တွင် အလွန်အနစ်နာ ခံပြီး ပေါင်းသင်းတတ် လေသည်။

(၂)ကြွင်းဖွားများသည် လူတိုင်းအတွက် အပေါင်းအဖော်ကောင်း၊ မိတ်ကောင်းဆွေကောင်းများ ဖြစ်တတ်ကြသည်။ သို့သော် သူတို့သည် ခေါင်းမာသည်။ တစ်ယူသန်ဆန်သည်။ သူတစ်ပါး၏ အကြံပြုချက်များကို လက်မခံတတ်ဘဲ မိမိအယူအဆကိုသာ ရှေ့တန်းတင် လိုကြသူများဖြစ်ကြသည်။ မိမိလုပ်ချင်ရာကို တစ်ဇွတ်ထိုး လုပ်တတ်သည်။ တတ်သိနားလည်သူတို့၏ အကြံပေးချက်ကို လိုက်နာမှုမရှိဘဲ မိမိအယူအဆအတိုင်း တစ်ဇွတ်ထိုး လုပ်တတ်မှုကြောင့် ဘဝတွင် ဆုံးရှုံးမှု နှင့် အမှားများ မကြာခဏ ကြုံရတတ်သည်။ မိမိအပေါ် လွှမ်းမိုးမှုကို မကြိုက်သော်လည်း သူတစ်ပါး အပေါ်တွင်လည်း အလွန်အကျွံ လွှမ်းမိုးလိုစိတ် မရှိတတ်ကြ။ မိမိအပေါ် အလွန်အကျွံ လွှမ်းမိုးလာလျှင်လည်း ခေါင်းငုံ့ ခံတတ်ကြသူများမဟုတ်ဘဲ တော်လှန် တတ်ကြသူများဖြစ်ကြသည်။ ယေဘူယျအားဖြင့် မျှတသော စိတ်ထား ရှိတတ်သည်။ သူတစ်ပါး၏ အခက်အခဲကို ကူညီတတ်သည်။ တာဝန်သိတတ်စိတ်ရှိသည်။ ဝတ်စားဆင်ယင်မှုများ၌ ခေတ်နှင့် ဆီလျှော်သည်ဖြစ်စေ၊မဖြစ်စေ မိမိနှစ်သက် သလို ဝတ်ဆင်တတ်သည်။ သူတပါး၏ ဝေဖန်မှု၊ ကဲ့ရဲ့မှုများကို ဂရုမစိုက်တတ်ကြပေ။

Continue reading

Share

ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၁) ဖြစ်ပါက (၁)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ(၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရရှိပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာ နှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်း မွေးလျှင် (၆၃၈) ဂဏန်းကို နုတ်ရပါမယ်။

(၁)ကြွင်းဖွားများသည် ရုပ်ပိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော ပုံစံမျိုး ရှိတတ်သည်။ ကိုယ်ခန္ဓာသည် လေးဒေါင့်ဆန်ပြီး ကျယ်ပြန့်သော ပုခုံးပြင်များ၊ အနည်းငယ် တိုတောင်းဟန်ရှိသော ခြေတန် လက်တန်များ ရှိတတ်သည်။ အသားအရေ ကြမ်းတမ်းတတ်သည်။ (အကယ်၍ ကိုယ်ခန္ဓာ ပိန်ပါးလျှင် ကျန်းမာရေး မကောင်းတတ်ပါ) စကားပြောလျှင် အသံကို ကျယ်လောင်စွာ ပြောတတ်သည် (Tone မြင့်သည်)။ စကားကို ကွေ့ဝိုက် မပြောတတ်ဘဲ လိုရင်း တိုရှင်း ပြောတတ်သည်။ စကားပြော တိုတောင်းသည်။ မာန်မာနကြီးသည်။ သည်းခံစိတ်နည်းပါးသည်။ မိမိအမှားကို ဝန်ခံရန် ဝန်လေးတတ်သည်။ သူတပါးကို အောက်ကြို့လိုစိတ်မရှိ။ အရာရာကို ကိုယ့်ခြေကိုယ့်လက် လုပ်လိုသည်။ သူတစ်ပါး ဝင်ရောက် စွက်ဖက်သည်ကို မကြိုက်တတ်ပါ။

လိမ္မာပါးနပ်မှု အလွန် နည်းပြီး စကားပြောရာတွင် (အထူးသဖြင့် သူတစ်ပါး၏ အပြစ်ကိုဖော်ထုတ်ရာတွင်) ပရိယာယ်သုံး၍ မပြောတတ်ခြင်းကြောင့် လူချစ်လူခင်နည်းတတ်သည်။ အချို့(၁)ကြွင်းဖွား များသည် သူတစ်ပါးအပေါ် အလွန်လွှမ်းမိုး လိုစိတ်ရှိတတ်သည်။ အထူးသဖြင့် မိမိအိမ်ထောင်ဘက် အပေါ်တွင် အလွန်အနိုင်ယူတတ်သည်။ မိမိအိမ်ထောင်ဘက် ကို အလွန်ချစ်မြတ်နိုးတတ်သော်လည်း လွှမ်းမိုးလိုစိတ် အမြဲရှိသည်။ အိမ်ထောင်ရေးတွင် သူ့ဖက် ကိုယ့်ဖက် မျှတသော စိတ်မရှိသောကြောင့် အိမ်ထောင်ရေးပဋိပက္ခများ မကြာခဏ ဖြစ်ပွားတတ်သည်။

Continue reading

Share

.

မြန်မာတို့ရဲ့ ဓလေ့ရိုးရာတွေထဲမှာ နှစ်သက်စရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ကိန်းဂဏန်း တွေကို မှတ်သားတဲ့နေရာမှာ “လင်္ကာ” လေးတွေနဲ့ မှတ်သားကြခြင်းဖြစ်ပါတယ်။ “ဥသြအော်မည်၊ ကုန်းဘောင်တည်” ဆိုတာ ၁၁၁၅ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင် ခဲ့တာကို မှတ်သားခဲ့ကြတာဖြစ်ပါတယ်။

လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း” ဆိုပြီး ပုဂံပြည်မှာရှိခဲ့တဲ့ စေတီပုထိုးပေါင်းဟာ ၄၄၄၆၇၃၃ခု ရှိတယ်ဆိုတာကို လင်္ကာနဲ့မှတ်သားကြတာ ဖြစ်ပါတယ်။ “ဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်”ဆိုပြီးတော့လည်း ၁၂၄၇ ခုနှစ်မှာ သီပေါမင်း ပါတော်မူပြီး မြန်မာ့ထီးနန်းဆက် ပျက်သုန်းသွားတာကို မှတ်သားကြတာဖြစ်ပါတယ်။ ဒီလိုမှတ်သားနိုင်ဖို့-

.

တနင်္ဂနွေ (အ၊ဥ) ဆိုရင် (၁)ဂဏန်း

တနင်္လာ (က၊ခ၊ဂ၊ဃ၊င) ဆိုရင် (၂)ဂဏန်း၊

အင်္ဂါ (စ၊ဆ၊ဇ၊ဈ၊ည)ဆိုရင် (၃)ဂဏန်း၊

ဗုဒ္ဓဟူး (ရ၊ယ၊လ၊ဝ)ဆိုရင် (၄)ဂဏန်း၊

ကြာသပတေး (ပ၊ဖ၊ဗ၊ဘ၊မ)ဆိုရင် (၅)ဂဏန်း၊

သောကြာ (သ၊ဟ)ဆိုရင် (၆)ဂဏန်း၊

စနေ (တ၊ထ၊ဒ၊ဓ၊န)ဆိုရင် (၇)ဂဏန်း ဆိုတာတော့ အခြေခံအနေနဲ့ သိထားရပါမယ်။

.

ဒီလိုဘဲ မြန်မာ့ဆေးပညာ နဲ့ ဗေဒင်ပညာတွေမှာလည်း ကိန်းဂဏန်းတွေကို လင်္ကာတွေနဲ့ မှတ်သားကြပါတယ်။ “အောင်၊လံ၊ထူ၊စစ်၊သူ၊ကြီး၊ပွဲ” ဆိုတာ မဟာဘုတ်ချတဲ့ လင်္ကာပါ။ “စ၊ သာ၊ ရွှေ၊ ကူ၊ အင်း၊ ဝ၊ သူ၊ ဆန်၊ ဖြူ၊ တ၊ တင်း၊ ပေး” ဆိုတာ နက္ခတ်ဗေဒင်မှာ ရာသီခွင်တွေရဲ့ အိမ်ရှင်ဂြိုဟ်တွေကို မှတ်သားတာပါ။

မြန်မာ့ဗေဒင်ပညာ အင်္ဂဝိဇ္ဇာမှာကျပြန်တော့ လင်္ကာတွေနဲ့ ချည်းသာ မှတ်သားထားခဲ့တာ ဖြစ်ပြီး ယခုအချိန်အထိ အချို့လင်္ကာတွေဟာ အဓိပ္ပါယ်ဖော်လို့ မရသေးပါဘူး။ အင်္ဂဝိဇ္ဇာပညာဟာ အပေါ်ယံကြည့်ရင် လွယ်သယောင်နဲ့ ခက်ခဲနက်နဲတဲ့ ပညာတစ်ခုဖြစ်ပါတယ်။ ဗေဒင်ပညာတစ်ခုတည်း သာမက မြန်မာ့ဆေးပညာ၊ အဂ္ဂိရတ်ပညာ၊ အင်းပညာတို့ထိအောင် ပါဝင်ပတ်သတ်နေပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ အင်္ဂဝိဇ္ဇာပညာဟာ “ထွက်ရပ်လမ်း” ထိအောင် ပေါက်မြောက်နိုင်တယ် လို့လည်း ယုံကြည် နေကြပါတယ်။

အင်္ဂဝိဇ္ဇာပညာမှာ လွယ်လွယ်ကူကူနဲ့ တိကျမှန်ကန်အောင် ပြောနိုင်တဲ့ နည်းလေးတွေ ရှိပါတယ်။ ဒီနည်းလေးတွေကိုလည်း လင်္ကာလေးတွေနဲ့ ဖွဲ့ထားတာပါဘဲ။ အဲဒီအထဲက “အင်တူလက်မျှ၊ နဂိုပ” ဆိုတဲ့ လင်္ကာကို လေ့လာကြည့်ရအောင်။ “အင်”ဆိုတာ တနင်္ဂနွေ၊ “တူ”ဆိုတာ စနေ၊ “လက်”ဆိုတာ ဗုဒ္ဓဟူး၊ “မျှ” ဆိုတာ ကြာသပတေး ပေါ့။

ဒီ လင်္ကာရဲ့ အဓိပ္ပါယ်က တနင်္ဂနွေ၊ စနေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ဆိုတဲ့ နေ့နံတွေဟာ “သူ့နဂိုအတိုင်းဘဲ” ရှိမြဲအတိုင်းဘဲ။ မရွေ့ပြောင်းဘူး၊ မလှုပ်ရှားဘူး၊ တည်ငြိမ်နေတယ် လို့ ဆိုလိုတာဖြစ်တယ်။ အင်္ဂဝိဇ္ဇာမှာ “နေ့ နဲ့ အခါ” ဆိုပြီး (၂)မျိုးရှိပါတယ်။ နေ့တစ်နေ့မှာ နေ့ပိုင်းမှာ အခါ (၈)ပိုင်း၊ ညပိုင်းမှာ အခါ(၈)ပိုင်းစီ ရှိပါတယ်။ နံနက် (၆) နာရီ ကနေ၊ ညနေ (၆)နာရီ အတွင်း အခါ(၈)ပိုင်း ပိုင်းလိုက်တော့ တစ်ပိုင်းကို တစ်နာရီခွဲရပါတယ်။ ညပိုင်းမှာလည်း ညနေ(၆)နာရီကနေ၊ နံနက် (၆)နာရီအတွင်း အခါ(၈)ပိုင်း ပိုင်းလိုက်ပြန်တော့ တစ်ပိုင်းကို တစ်နာရီခွဲရပါတယ်။ အဲဒီတစ်နာရီခွဲစီကို “သူရဇ္ဇ ၊ သောကြ ၊ ဗုဒ္ဓ ၊ စနြေ္ဒာ ၊ သောရီ ၊ ဂုရု ၊ ဘောမ” ဆိုတဲ့ လင်္ကာလေးကို နေ့အစဉ်အလိုက် အတိုင်း ချသွားရင် အင်္ဂဝိဇ္ဇာအခါတွေကို ရပါတယ်။ လင်္ကာမှာပါတဲ့ အခေါ်အဝေါ်တွေက -

သူရဇ္ဇ ဆိုတာ တနင်္ဂနွေ (၁)ဂဏန်း

သောကြ ဆိုတာ သောကြာ (၆)ဂဏန်း

ဗုဒ္ဓ ဆိုတာ ဗုဒ္ဓဟူး (၄)ဂဏန်း

စနြေ္ဒာ ဆိုတာ တနင်္လာ (၂)ဂဏန်း

သောရီ ဆိုတာ စနေ (ဝ)ဂဏန်း

ဂုရု ဆိုတာ ကြာသပတေး (၅)ဂဏန်း

ဘောမ ဆိုတာ အင်္ဂါ (၃)ဂဏန်း

.

အဲဒီတော့ နေ့တစ်နေ့မှာ ရှိတဲ့ အင်္ဂဝိဇ္ဇာ အခါတွေ ရှိနေပုံကို ဇယားလေးနဲ့ ကြည့်ရအောင်။


၆းဝဝ မှ ၇း၃ဝ ၇း၃ဝ မှ ၉းဝဝ ၉းဝဝ မှ ၁ဝး၃ဝ ၁ဝး၃ဝ မှ ၁၂းဝဝ ၁၂းဝဝ မှ ၁း၃ဝ ၁း၃ဝ မှ ၃းဝဝ ၃းဝဝ မှ ၄း၃ဝ ၄း၃ဝ မှ ၆းဝဝ
တနင်္ဂနွေနေ့ သူရဇ္ဇ သောကြ ဗုဒ္ဓ စနြေ္ဒာ သောရီ ဂုရု ဘောမ သူရဇ္ဇ
တနင်္လာနေ့ စနြေ္ဒာ သောရီ ဂုရု ဘောမ သူရဇ္ဇ သောကြ ဗုဒ္ဓ စနြေ္ဒာ
အင်္ဂါနေ့ ဘောမ သူရဇ္ဇ သောကြ ဗုဒ္ဓ စနြေ္ဒာ သောရီ ဂုရု ဘောမ
ဗုဒ္ဓဟူးနေ့ ဗုဒ္ဓ စနြေ္ဒာ သောရီ ဂုရု ဘောမ သူရဇ္ဇ သောကြ ဗုဒ္ဓ
ကြာသပတေးနေ့ ဂုရု ဘောမ သူရဇ္ဇ သောကြ ဗုဒ္ဓ စနြေ္ဒာ သောရီ ဂုရု
သောကြာနေ့ သောကြ ဗုဒ္ဓ စနြေ္ဒာ သောရီ ဂုရု ဘောမ သူရဇ္ဇ သောကြ
စနေနေ့ သောရီ ဂုရု ဘောမ သူရဇ္ဇ သောကြ ဗုဒ္ဓ စနြေ္ဒာ သောရီ

.

ဒီဇယားလေးကို သိရင် အင်္ဂဝိဇ္ဇာပညာကို အသုံးပြုပြီး မေးခွန်းတစ်ချို့တွေကို ဖြေနိုင်ပါပြီ။ “အင်၊ တူ၊ လက်၊ မျှ ၊ နဂိုပ” ဆိုတဲ့ တနင်္ဂနွေ၊ စနေ၊ ဗုဒ္ဓဟူး၊ နဲ့ ကြာသပတေး (၄)မျိုးဟာ “နေ့ နဲ့ အခါ” နှစ်ခု တွဲရက်ဖြစ်နေရင် အဲဒီ အချိန်မှာ လှုပ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ ခရီးသွားလာခြင်း ဆိုတဲ့ ကိစ္စတွေဟာ မအောင်မြင်ဘူး၊ မဖြစ်မြောက်ဘူးလို့ ဟောနိုင်ပါတယ်။

ဥပမာ- တနင်္ဂနွေနေ့ နေ့လယ် (၁)နာရီလောက်မှာ လူတစ်ယောက်က သူနိုင်ငံခြားကို သွားဖြစ်မလားလို့ မေးရင် တနင်္ဂနွေနေ့ (သောရီ)စနေအခါ ဖြစ်နေတော့ “အင် တူ” ဖြစ်နေတဲ့အတွက် လုံးဝမသွားဖြစ်ဘူး လို့ ယတိပြတ်ဟောချလိုက်ပါ။ လုံးဝမမှားစေရဘူး။ သူအနည်းဆုံး (၆)လလောက်အတွင်း နိုင်ငံခြားကို မသွားဖြစ်နိုင်ပါဘူး။ ခရီးသွားဖို့ လက်မှတ်ဝယ်ထားပြီးမှ ဆတ်ဆော့ပြီး ဗေဒင်မေးလိုက်လို့ “နေ့နဲ့အခါ” ဟာ အင်တူလက်မျှ အချိန် ဖြစ်နေရင်လည်း ဒီခရီးဟာ လုံးဝ မသွားဖြစ်တော့ပါဘူး။ ဝယ်ပြီးသားလက်မှတ် ဆုံးလိမ့်မယ်လို့ ရဲရဲပြောလိုက်ပါ။ မမှားစေရပါဘူး။ အာမခံပါတယ်။

လွန်ခဲ့တဲ့ (၁ဝ)နှစ်ကျော်လောက်က ကျွန်တော် ဗေဒင်ပညာနဲ့ အသက်မမွေးခင် ဗေဒင်ကို အပျော်တမ်းဟောနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဆရာတစ်ယောက်(ဗေဒင်ဆရာမဟုတ်)နဲ့ လမ်းမှာတွေ့ရင်း စကား စမည်ပြောကြတော့ သူမနက်ဖြန်ခါကို မန္တလေးကို မိတ်ဆွေတစ်ယောက်နဲ့ သွားမှာဖြစ်တဲ့အကြောင်း ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ အင်္ဂဝိဇ္ဇာနဲ့ ပတ်သတ်ပြီး အရမ်း Crazy ဖြစ်နေတဲ့ အချိန်ဖြစ်တော့ နာရီကို လှမ်းကြည့်လိုက်တာ “အင်တူ၊လက်မျှ” ဖြစ်နေတယ်။ ဒီတော့ ကျွန်တော်က ဆရာ့ကို “ဆရာ- မနက်ဖြန် ဆရာတို့ရဲ့ ခရီးစဉ် ပျက်လိမ့်မယ်” လို့ ပြောချလိုက်ပါတယ်။ ဆရာက သူ့အိတ်ထဲက လက်မှတ်နှစ်စောင်ထုတ်ပြပြီး “ဟေ့ကောင်၊ ဒီမှာ လတ်မှတ်တောင် ဝယ်ပြီးပြီးကွ ” လို့ ပြောပါတယ်။ ဒီတော့ ကျွန်တော်က “အဲဒါဆို ဆရာ့လတ်မှတ်တွေ ဆုံးပြီဆရာ” လို့ ခပ်ရဲရဲ ပြောချလိုက်တော့ ဆရာက မယုံကြည်တဲ့ အမူအရာနဲ့ ခပ်ပြုံးပြုံးလုပ် နေပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။

ဒီလိုနဲ့ ဆရာနဲ့ကျွန်တော်လမ်းခွဲသွားပြီး နောက်နေ့ ညနေပိုင်းလောက်မှာ ဆရာ့ဆီက ဖုန်းလာပါတယ်။ အကြောင်းကတော့ သူနဲ့အတူသွားမယ့် မိတ်ဆွေရဲ့ မိခင်ဖြစ်သူ ရုတ်တရက် ဆေးရုံတင်လိုက်ရလို့ ခရီးစဉ် ပျက်သွားတဲ့အကြောင်းပါ။ “ဟေ့ကောင် , မင်း ဟုတ်လှချည်လား” လို့ ချီးမွမ်းလိုက်တာကိုတော့ မကြွားချင်ပေမယ့် ကြွားလိုက်ရပါဦးမယ်။ ပြောချင်တာကတော့ အင်္ဂဝိဇ္ဇာပညာရဲ့ အံ့သြစရာကောင်းတဲ့ ဟောကွက်ကလေး တွေကိုပါ။ ဘာမွေးနေ့သက္ကရာဇ်၊ ဘာ ဘောပင်၊စာရွက်မှ မပါဘဲ စက္ကန့်ပိုင်းအတွင်းပြောနိုင်တာကို ပြောချင်တာပါ။

ဒီ “အင်တူလက်မျှ”လေးကို သုံးပြီး – တနင်္ဂနွေနေ့ – စနေအခါ၊ ဗုဒ္ဓဟူးအခါ နဲ့ ကြာသပတေးအခါ။

ဗုဒ္ဓဟူးနေ့ – တနင်္ဂနွေအခါ၊ စနေ အခါ၊ ကြာသပတေးအခါ။

ကြာသပတေးနေ့ – တနင်္ဂနွေ အခါ၊ ဗုဒ္ဓဟူး အခါ၊စနေအခါ။

စနေနေ့ – တနင်္ဂနွေအခါ၊ ဗုဒ္ဓဟူး အခါ၊ ကြာသပတေးအခါ တွေမှာ မေးလာတဲ့ ……

ခရီးကိစ္စ ၊ အပြောင်းအရွှေ့ကိစ္စ၊ အပြောင်းအလဲ ကိစ္စတွေကို မအောင်မြင်နိုင်ဘူးလို့ ဟောနိုင်ပါတယ်။ ချဲ့ထွင်ဟောချင်ရင် ရာထူးတက်မလားမတက်ဘူးလား၊ အိမ်ထောင်ကွဲမလားမကွဲဘူးလား၊ အိမ်ပြောင်းရ မလားမပြောင်းရဘူးလားဆိုတာတွေပါ ဟောနိုင်ပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်စရာရှိတာက အဲဒီ မဖြစ်သေးဘူးဆိုတာ ဘယ်လောက်ကြာမှာလည်း ဆိုတာပါဘဲ။ အဲဒါက အခြေအနေအပေါ်မှာ တည်ပါတယ်။ နိုင်ငံခြား ခရီးဆိုရင်တော့ (၆)လလောက်အတွင်း သွားဖြစ်ဖို့ မလွယ်ပါဘူး။ ပြည်တွင်းခရီးဆိုရင် အနည်းဆုံး (၁)လအတွင်း မသွားဖြစ်ပါဘူး။ အိမ်ထောင်ရေးအဆင်မပြေလို့ ကွဲချင်လို့မေးရင် အနည်းဆုံး (၁)နှစ်အတွင်းတော့ မကွဲ နိုင်သေးပါဘူး။ ရာထူးတက်မတက်မေးရင်လည်း (၆)လ ကနေ (၁)နှစ်အတွင်း မတက်နိုင်သေးပါဘူး။ ဒါတွေက အတွေ့အကြုံနဲ့ ဉာဏ်ထုတ်တတ်မှုအပေါ်မှာ တည်ပါတယ်။

ဒီနေရာမှာ အဖြစ်အပျက်တစ်ခုကို ပြောပြပါဦးမယ်။ သူငယ်ချင်းတစ်ယောက်ဟာ (သြစတေလျှ)ကို အပြီးထွက်ဖို့ကြိုးစားနေတဲ့အချိန်။ သူဘယ်တော့လောက် ထွက်ရမလဲ မေးဘူးတယ်။ သူမေးတဲ့ အချိန်မှာ “အင်တူလက်မျှ” ဖြစ်နေလို့ မသွားဖြစ်သေးဘူး ပြောလိုက်ပါတယ်။ မှန်ပါတယ်။ မသွားဖြစ်ပါဘူး။ ဒါပေမယ့် နောက် (၃)လလောက်မှာ ထပ်မေးတယ်။ “အင်တူလက်မျှ” ပါဘဲ။ နောက်(၄)လလောက်မှာ ထပ်မေးတယ်။ “အင်တူလက်မျှ” ဘဲ ဖြစ်နေပြန်ပါတယ်။ ဒီတော့ ကျွန်တော်က (အတွေ့အကြုံအရ) လုံးဝမထွက်ဖြစ်တော့ဘူးလို့ဘဲ ပြောလိုက်ပါတော့တယ်။ မှန်ပါတယ်။ အခုဆို (၁ဝ)နှစ်ကျော်ခဲ့ပါပြီ။ သူ, ထွက်ဖို့ ကြိုးစားနေတုန်း သြစတေလျှနိုင်ငံမှာ ရွှေ့ပြောင်းနိုင်ငံခြားသားတွေကို ကန့်သတ်တဲ့ ဥပဒေအသစ်ထွက်လာပါတယ်။ နောက်ဆုံး ဘယ်လိုမှ ကြိုးစားလို့မရတဲ့အတွက် သူ လက်လျှော့သွားရပါတော့တယ်။

အင်္ဂဝိဇ္ဇာဟာ တွက်ရတာ လွယ်ကူမြန်ဆန်သလောက် အမှန်များပါတယ်။ လူ့ဘဝမှာ အများဆုံးတွေ့ကြုံနေရတဲ့ ပြဿနာတွေရဲ့ အဖြေကို သိအောင်ကြိုးစားတဲ့နေရာမှာ အင်္ဂဝိဇ္ဇာဟာ သိပ်အသုံးဝင်ပါတယ်။ လက်ဝါးကို ဖြန့်ကြည့်ရင်ဘဲဖြစ်ဖြစ်၊ ဇာတာခွင်ကြီးချကြည့်ရင်ဘဲဖြစ်ဖြစ်၊ ခရီးသွားဖြစ်မလား၊ မသွားဖြစ်ဘူးလား ဆိုတာကို ပြောပြဖို့ မလွယ်လှပါဘူး။ ဒါမျိုးကိစ္စမှာ အင်္ဂဝိဇ္ဇာက အေးအေးဆေးဆေးဘဲ။ နာရီကို တစ်ချက်ကောက်ကြည့်လိုက်ပြီး ခရီးသွားဖြစ်မလား၊ မဖြစ်ဘူးလား။ မနက်ဖြန်ဘောလုံးပွဲမှာ မန်ယူနိုင်မလား၊ ချယ်ဆီးနိုင်မလား။ ပြောနိုင်တယ်။ အိုဘားမားနိုင်မလား၊ မက်ကိန်းနိုင်မလား။ ဒါလည်း လွယ်လွယ်လေးဘဲ။ သူတို့မွေးနေ့တွေသိစရာမလိုပါဘူး။ နာမည်သိရင် ရပါတယ်။ နောက်ဆုံး မွေးနေ့၊ နေ့နံ၊ နာမည် ဘာတစ်ခုမှ မသိရရင်လည်း အင်္ဂဝိဇ္ဇာမှာ ဟောလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

အကြွေးပြန်ရမလားမရဘူးလား၊ ဒီလုပ်ငန်းလုပ်ရင် အောင်မြင်မလား၊ ရာထူးတက်မလား၊ အရောင်းအဝယ် ရှုံးမလားမြတ်မလား၊ ဒီကုန်ပစ္စည်း လှောင်သင့်သလား၊ အမှုအခင်းမှာ အနိုင်ရမလား၊ ဒီလူနဲ့တွဲလုပ်သင့်လား၊ ဒီလူနဲ့လက်ထပ်သင့်သလား၊ ဒီအိမ်ခြံမြေ၊ အခန်းကို ဝယ်သင့်သလား။ ဒီပစ္စည်း ဝယ်သင့်သလား။ အတုလား၊ အစစ်လား။ အရှုပ်အရှင်း ရှိသလား။ ဒီလူကို ငွေချေးသင့်သလား။ လူနာ ပြန်ကျန်းမာလာမလား၊ နာတာရှည်ဖြစ်နေမလား၊ နောက်ဆုံး သေမလား၊ရှင်မလား ဆိုတာမျိုးက အစ ပြောနိုင်ပါတယ်။ အင်မတန်လွယ်ကူပါတယ်။ ဘယ်လိုမေးခွန်းမျိုးကိုမဆို ဖြေနိုင်ပါတယ်။ အနည်းဆုံး (၈၅)% မှန်ရပါမယ်။

ဗေဒင်ပညာကို ဝါသနာပါပြီး အခုမှ စတင် သင်ယူလိုသူများအတွက် ရှေ့လပိုင်းလောက်မှာ မဟာဘုတ်၊ အယူတော်မင်္ဂလာပညာ၊ မြန်မာ့ဟူးရားဗေဒင်(အင်္ဂဝိဇ္ဇာ နှင့် မဟာကာလ)၊ အရှေ့တိုင်း ဟူးရား ဗေဒင်၊ အနောက်တိုင်းဟူးရားဗေဒင်၊ တားရော့သင်္ချာဗေဒ(Taro-Numerology) တွေကို သင်ခန်းစာအစီအစဉ်နဲ့ ဘလော့ပေါ်မှာ ကဏ္ဍတစ်ခုဖွင့်လှစ်ပြီး အခန်းဆက် သင်ကြားပြသ ပေးသွားမှာဖြစ်ပါတယ်။

.

အားလုံးကျန်းမာချမ်းသာကြပါစေကုန်သော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

Share

astro clock

.

ဟူးရားဗေဒင်ဆိုတာ မွေးသက္ကရာဇ်၊ မွေးနေ့၊ မွေးချိန်မလိုဘဲ လက်ရှိ ရောက်နေတဲ့ အချိန်ပေါ်မှာ မူတည်ပြီး ဇာတာဖွဲ့၊ လက်တပ်ပြီး ဟောပြော တဲ့ပညာဖြစ်တယ်။ အင်္ဂလိပ်ကို (Horary Astrology) လို့ ခေါ်ပါတယ်။ Hora ဆိုတာ Hour (နာရီအချိန်) ကနေ ဆင်းသက် လာတာ ဖြစ်တယ်။ လက်ရှိအချိန်နာရီကို မူတည်ပြီး ဇာတာဖွဲ့ထားတာ ဖြစ်တဲ့အတွက် ဒီလို တွက်ချက် ဟောပြောတဲ့ ပညာရပ်ကို “ဟူးရားဗေဒင်ပညာ” လို့ ခေါ်ဆို ကြတာဘဲ ဖြစ်ပါတယ်။

.

အခြားဗေဒင်ပညာရပ်တွေနဲ့ ယှဉ်လိုက်ရင် ဟူးရားဗေဒင်မှာ ချစ်စရာ ကောင်းတဲ့ အချက်တွေ ရှိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ဟူးရားဗေဒင် တွက်မယ်ဆိုရင် မွေးနေ့ မွေးသက္ကရာဇ် မလိုလို့ပါ။ ဒါကလည်း ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ နဲ့လည်း သက်ဆိုင်နေပါတယ်။ ကျွန်တော့ရဲ့ ဇာတိက အထက်အညာ၊ တောအရပ်ဒေသ ဖြစ်တဲ့အတွက် ဒီဒေသနေသူအများစုဟာ ကိုယ် ဘာနေ့ သားသမီး ဆိုတာ လောက်ဘဲ သိကြပြီး မွေးတဲ့ရက်၊ လ၊ နာရီ အတိအကျ မသိကြတာက များပါတယ်။ ဒီကိစ္စဟာ ဗေဒင်ပညာလိုက်စားခါစ ကျွန်တော့်အတွက် အခက်အခဲ အလွန်တွေ့စေ ပါတယ်။

.

အထူးသဖြင့် ကျေးလက်တောရွာတွေမှာ ရက်၊ လ၊ ခုနှစ်သာ သိချင်သိမယ်။ မွေးချိန်နာရီ အတိအကျမရနိုင်ပါဘူး။ အဲဒီခေတ်က နာရီဆိုလို့ ဘုန်းကြီးကျောင်း တွေလောက်ဘဲ ရှိကြတာဆိုတော့ ဘုန်းကြီးကျောင်းက အုန်းမောင်း ခေါက်တဲ့ အချိန်နဲ့ အနီးစပ်ဆုံးအချိန်ကိုသာ မွေးချိန်အဖြစ် မှတ်ထားလိုက်ကြပါတယ်။ အဲဒီတော့ နာရီအတိအကျသိရမှ ဇာတာဖွဲ့လို့ရတဲ့ နက္ခတ်ဗေဒင်ပညာ ဟာ တောအရပ်ဒေသတွေမှာ ဟိတ်ကြီးဟန်ကြီး မထုတ်နိုင် တော့တဲ့ ဘဝကို ရောက်ရပါတော့တယ်

.

မွေးချိန်အတိအကျသိရမှ ဗေဒင်ဟောလို့ရမယ်ဆိုတာဟာ- နှိုင်းယှဉ်ပြရရင် ယခုခေတ် အနောက်တိုင်းဆေးပညာသုံး ဆိုင်ရာ ဆေးဝါးလက်နက် ကရိယာ မရှိတဲ့ အရပ်ဒေသကို ရောက်နေရင် ဘာမှလုပ်မရတဲ့ ရောက်နေတဲ့ အနောက်တိုင်း ဆရာဝန်တစ်ဦးနဲ့ တူပါတယ်။ ကျွန်တော်တို့ မြန်မာ့ သမားတော်ကြီး များကြပြန်တော့ လူနာတစ်ယောက် အိမ်ကို သွားကြည့်ရင် ဘာဆေးဝါးမှ မပါလည်း မီးဖိုချောင်ထဲမှာရှိတဲ့၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုပ်သီး၊ နနွင်း၊ ငပိ အစရှိတဲ့ ပစ္စည်းတွေရယ်၊ အိမ်ဘေးနားမှာ အလေ့ကျပေါက်နေတဲ့ အပင်တွေနဲ့ဘဲ ဆေးကုပြီး လူနာကို ကျန်းမာ လာအောင် လုပ်နိုင်ကြပါတယ်။

.

ဒါကြောင့် မွေးချိန်မသိဘဲ ဗေဒင်ဟောပြောနိုင်တဲ့ ဟူးရားဗေဒင် ပညာဟာ မြန်မာသမားတော်ကြီးများရဲ့ မြန်မာ့ဆေးပညာ နဲ့ အသွင်တူပါတယ်။ ရောက်ရာ နေရာမှာ အချိန်နာရီ သိရုံနဲ့ ဟောပြောနိုင်ပါတယ်။

ဟူးရားဗေဒင်ပညာရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ မေးခွန်းတွေကို တိတိကျကျဖြေဆိုနိုင်ခြင်းပါဘဲ။ လူတစ်ယောက်ဟာ ဒီနှစ် နိုင်ငံခြားကို သွားရမလား၊ မသွားရဘူးလားဆိုတာ သူ့ရဲ့(မွေးချိန်နာရီနဲ့ ဖွဲ့ထားတဲ့) မူလဇာတာခွင်ကို ကြည့်ပြီး ဟောရရင် တိတိကျကျအဖြေထွက်ဖို့ ခက်ခဲချင် ခက်ခဲနေပါဦးမယ်။ ဒါပေမယ့် ဟူးရားဗေဒင်ကျတော့ ဒီနှစ်ထဲ ထွက်ရမယ်၊ မထွက်ရဘူးဆိုတာကို လွယ်လွယ်ကူကူနဲ့ ပြောနိုင်ပြီး ဘယ်လပိုင်းမှာ ထွက်ရမယ် ဆိုတာပါ တိတိကျကျ ပြောနိုင်ပါတယ်။ ဟူးရားဗေဒင်ထဲမှာ အဆင်အမြင့်ဆုံးဖြစ်တဲ့ ကေပီ K.P စနစ်ကျတော့ ထွက်ရမယ့်နေ့၊ လေယာဉ်ပေါ်တက်ရမယ့် အချိန်ထိ အောင် ဟောပြော နိုင်ကြပါတယ်

.

တကယ်တော့ လက်ရှိအချိန်ကို ဇာတာဖွဲ့ပြီး ဟောတဲ့ ဟူးရားဗေဒင်စနစ်ဟာ အိန္ဒိယနိုင်ငံက ရောက်လာတဲ့ နည်းပညာပါ။ ခရစ်ရှနားမူရ်တီးရဲ့ ကေပီ K.P စနစ်ဟာဆိုရင်လည်း အိန္ဒိယပြည်တောင်ပိုင်းမှာ ထွန်းကားခဲ့တဲ့ ပညာတစ်ခုပါ။ ဆရာကြီး “ခရစ္စနားမူးရ်တီး ပဒ္ဓတိ” ဆိုတဲ့ ပညာရှင်ကြီး တစ်ဦးက မူလစနစ်ဟောင်း ဟူးရားဗေဒင်ပေါ်မှာ ထပ်ဆင့်ပြီး တီထွင်ထားတဲ့ ပညာဖြစ်ပါတယ်။

= ဒီတော့ မေးခွန်းတစ်ခု ထုတ်ကြည့်ကြရအောင်။ ကျွန်တော်တို့  မြန်မာနိုင်ငံမှာရော မြန်မာ့ပညာစစ်စစ်ဖြစ်တဲ့ ဟူးရားဗေဒင်မျိုး မရှိဘူးလားလို့။

ရှိသမှ သိပ်ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ “အင်္ဂဝိဇ္ဇာ” လို့ လူသိများတဲ့ ပညာဟာ ဟူးရားဗေဒင် စစ်စစ်ပါဘဲ။ ဗေဒင်ပညာနဲ့ အကျွမ်းတဝင် မရှိသူတွေကတော့ “အင်္ဂဝိဇ္ဇာ” ဆိုတာ အင်္ဂရုပ်ကိုကြည့်ပြီး ဟောတဲ့ ပညာတစ်မျိုးလို့ ထင်တတ် ကြတယ်။ အမှန်က အင်္ဂရုပ်ကို ကြည့်ပြီးဟောတဲ့ ပညာဟာ “အင်္ဂရုပ်ပညာ” သာဖြစ်ပါတယ်။

.

“အင်္ဂဝိဇ္ဇာ” ပညာကျတော့ တစ်နေ့တာရဲ့ အချိန် (၂၄)နာရီကို နေ့ နဲ့ ည (၂) နှစ်ပိုင်း ပိုင်းလိုက်ပြီး တစ်ပိုင်းကို အခါ (၈)ခါ ခွဲလိုက်ရင် အချိန်တစ်ချိန်ကို (၁)နာရီခွဲရပါတယ်။ အဲဒီ တစ်နာရီခွဲ အချိန်မှာရောက်နေတဲ့ ဂြိုဟ်ကို “ဆပွတ်” တိုင်ထူပြီး ဟောပြောတာ အင်္ဂဝိဇ္ဇာ ပညာဖြစ်ပါတယ်။ တောင်တွင်း အကျော် ခင်ကြီးဖျော် လို့ခေါ်တဲ့ ဆရာတော်ကြီး တီထွင်ခဲ့တဲ့ နည်းဖြစ်ပါတယ်။ ဒီဆရာတော်ကြီးဟာ သူမသိ၊ မတတ်တဲ့ ပညာဟူ၍ လုံးဝမရှိတဲ့အတွက်မ,တစ်လုံးကြေဆရာတော် လို့လည်း နာမည် တွင်ပါတယ်။

.

အင်္ဂဝိဇ္ဇာပညာလေးကို လိုက်စားမိပုံလည်း ပြောပြရဦးမယ်။ ကျွန်တောဟာ ငယ်ငယ်ကတည်းက ဗေဒင်ပညာကို လိုက်စား နေသူဖြစ်တော့ ရောက်လေရာ အရပ်မှာ မျက်နှာပွင့်ပါတယ်။ တွေ့တဲ့လူတိုင်းက ကိုယ့်ရဲ့ အခက်အခဲ လေးတွေကို မေးချင်ကြ ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် တတ်မြောက် ထားတာက သင်္ချာဗေဒ နဲ့ နက္ခတ်ဗေဒင် ဖြစ်တော့ မွေးရက်၊လ၊ ခုနှစ် မသိသူ တွေနဲ့ တွေ့ရင် ကောင်းကောင်းဒုက္ခရောက်တော့တာပေါ့။ အဲဒီမှာ ဟူးရားဗေဒင်ကို ဆက်လေ့လာဖြစ်တယ်။

.

ဟူးရားဗေဒင်က အခုရက်ပိုင်းမှာ ဘယ်ဂြိုဟ်တွေ ဘယ်ရာသီခွင်မှာ ရှိနေလဲဆိုတာကို စိတ်ထဲမှာ အလွတ် မှတ်ထားပြီး မေးတဲ့လူတွေ့ရင် အဲဒီအချိန်ကို လဂ်အကြမ်းကောက်ပြီးထည့်လိုက်ရင် ဇာတာခွင် တစ်ခုရပါတယ်။ တခါတလေလည်း အချိန်နဲ့ လဂ်ကို မကောက်ချင်ရင် မေးတဲ့သူကို (၁) ကနေ (၁ဝ၈) အတွင်းက ဂဏန်းတစ်လုံးကို မေးပြီး ဂဏန်းနံပါတ်နဲ့ လဂ်တပ်လိုက်ရင်လည်း မှန်တာပါဘဲ။

.

ဒါပေမယ့် ဟူးရားဗေဒင် မှာလည်း ဂြိုဟ်တွေရဲ့ ဒီဂရီအံသာတွေကို မှတ်ရတာတစ်မျိုး၊ လဂ်ကောက်ရတာတစ်မျိုး၊ ဇာတာရလာတော့လည်း ချက်ခြင်း မပြောနိုင်သေးဘဲ ဇာတာခွင်ကို အချိန်ယူကြည့်ရတာတစ်မျိုးနဲ့ အခက်အခဲလေးတွေ ရှိနေသေးတာကြောင့် ဒီထက်လွယ်တဲ့ နည်းများရှိသေးလားဆိုပြီး ရှာကြည့်တော့ “အင်္ဂဝိဇ္ဇာ” ကို သွားတွေ့ပါတယ်။

အမှန်အတိုင်း ပြောရရင် အစကတော့ သိပ်အထင်မကြီးလှဘူး။ ဇာတာမရှိတဲ့အချိန်၊ ဂြိုဟ်တွေကို အလွတ်မရတဲ့အချိန်မှာ ပြောနိုင်အောင်သာ “တစ်ပွဲတိုး” အနေနဲ့ ဆောင်ထားတာမျိုးသာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာရင်း ဟောပြောရင်းနဲ့ အင်္ဂဝိဇ္ဇာကို အထင်ကြီးလာပါတယ်။ အင်္ဂဝိဇ္ဇာထဲမှာလည်း မြုတ်ကွက်တွေက အများသားလား။ ကျွန်တော်ကလည်း နဂိုကတည်းက သုတေသနဝါသနာပါသူဆိုတော့ ဒီမြုတ်ကွက်တွေကို ဖော်ကြည့်တယ်။ မြုတ်ကွက် တစ်ခု တွေ့လာလေ၊ အထင်ကြီးလာလေဖြစ်ပြီး အင်္ဂဝိဇ္ဇာပညာဟာ ကျွန်တော့အတွက် “ဖေးဘရိတ်” ဖြစ်လာပါတော့တယ်။

.

မြန်မာ့ အင်္ဂဝိဇ္ဇာပညာဟာ ယှဉ်ပြီးပြောရရင် ဇာတာဖွဲ့ပြီး ဟောရတဲ့ အရှေ့တိုင်း(အိန္ဒိယ)ဟူးရားဗေဒင်တို့၊ ခရစ်ရှနားမူရ်တီးရဲ့ ကေပီစနစ်၊ အနောက်တိုင်း ဟူးရားဗေဒင်တို့ထက် ပိုပြီး အားသာချက်တွေ ရှိပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရှေ့တိုင်း၊ အနောက်တိုင်း ဟူးရားဗေဒင်မှန်သမျှ (သံဒိဋ္ဌပြက္ခဒိန်) လို့ခေါ်တဲ့ ဂြိုဟ်သွားပြက္ခဒိန်စာအုပ်တွေ နဲ့ ဘာဝစက် ကောက်ကိန်း စာအုပ်တွေရှိမှ တွက်လို့ချက်လို့ ရတာပါ။

ပြီးတော့ အချိန်လည်း အကြာကြီး ယူရပါသေးတယ်။ ကေပီ K.P စနစ်ဆိုရင် (ကွန်ပျူတာဇာတာ ပရိုဂရမ်တွေမပေါ်ခင်က) ဇာတာတစ်စောင်ထွက်ဖို့ နာရီဝက်၊ တစ်နာရီ အချိန်ယူရပါတယ်။ တွက်ချက်မှု တွေအများကြီးလုပ်ရပါတယ်။ တွက်ချက်မှုမှားရင် အဖြေလည်း မှားသွားနိုင်ပါတယ်။ ကွန်ပျူတာတွေ ပေါ်လာပြန်တော့ လည်း ကိုယ့်အနားမှာ ကွန်ပျူတာမရှိရင် အလုပ်လုပ်လို့ မရပြန်ပါဘူး။

.

မြန်မာ့ အင်္ဂဝိဇ္ဇာကျတော့ ဘာ သံဒိဋ္ဌ နဲ့ ကောက်ကိန်းစာအုပ်မှ မလိုပါဘူး။ နာရီလေးကို တစ်ချက်ကြည့်လိုက်ပြီး၊ “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စနြေ္ဒာ၊ သောရီ၊ ဂုရု၊ ဘောမ” ဆိုတဲ့ လင်္ကာလေးအတိုင်း တိုင်ထူလိုက်ရင် ခဲတံ၊ ဘောပင်၊ စာရွက်တောင်မလိုဘဲ စိတ်တွက်နဲ့တွင် ဟောလို့ရပါတယ်။ အင်္ဂဝိဇ္ဇာ ပညာရှင်တွေဟာ ခဲတံ၊ ဘောပင်၊ စာရွက်တောင် မသုံးကြဘဲ အလွတ်ပြောနေကြလို့ တစ်ချို့က အကြားအမြင်ပညာနဲ့ အထင်မှားတတ် ကြပါတယ်။

.

ဒါကြောင့် တစ်ချို့က လူရဲ့ အင်္ဂရုပ်ကို ကြည့်ပြီး ပြောနေတယ်ထင်လို့ “အင်္ဂဝိဇ္ဇာ” လို့ နာမည်တပ်ကြတာ ထင်ပါတယ်။ ဒီလို ဘာမှ မတွက်ချက်ဘဲ အင်္ဂဝိဇ္ဇာပညာနဲ့ လက်တန်းထိုး အလွတ်ပြောနိုင်လာတော့ တစ်ချိန်တုန်းက ကေပီ K.Pစနစ်နဲ့ အချိန်နာရီပေါင်းများစွာ ချွေးတစ်လုံးလုံးနဲ့ တွက်ချက်ခဲ့ရတာ တွေကို ပြန်အမှတ်ရလာပါတယ်။ ဒီနေရာမှာ မြန်မာ့ဆေးပညာရှင်၊ စာရေးဆရာ “မကွေးဝင်းမြင့်” ရဲ့ စကားတစ်ခုကို အမှတ်ရမိ ပါတယ်။

.

အဲဒါကတော့ သမားဖျင်းလျှင်၊ ပုလင်းများ ၏ တဲ့။ အတော်မှတ်သားစရာကောင်းတဲ့ စကားပါ။ မြန်မာသမားတော် တစ်ယောက် တော်မတော်၊ တတ်မတတ်ဆိုတာ သူသုံးတဲ့ ဆေးပုလင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်တဲ့။ ခပ်ဖျင်းဖျင်း ဆိုရင်တော့ အသင့်ဖော်စပ်ပြီး ဆေးတွေကို များများ သုံးရ ပါတယ်တဲ့။ ဒါကြောင့် ပုလင်းတွေ သိပ်များနေရပါသတဲ့။

ထူးချွန်တဲ့ သမားတော်များကြပြန်တော့ ကိုယ့်အနီးအနားမှာ ရှိတဲ့ သဘာဝသစ်သီးသစ်ရွက်၊ သစ်ဥသစ်ဖု၊ အရာဝတ္တုတွေကို သုံးပြီး ဆေးကုနိုင်ကြပါတယ်တဲ့။ အရေးကြီးတဲ့ သက်စောင့်ဆေး(၄)မျိုး(၅)မျိုးလောက်သာ ဆောင်ထားတတ်ကြပြီး ကျန်တဲ့ အပိုင်းကတော့ လူမမာအိမ်နဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ ပစ္စည်းတွေနဲ့ ဆေးကုနိုင်ကြပါတယ်တဲ့။

.

ဒီလိုပါဘဲ။ ထူးချွန်တဲ့ မြန်မာ့ အင်္ဂဝိဇ္ဇာပညာရှင်တွေဟာ ဘာစာအုပ်၊ ဘောပင်မှ မဆောင်တော့ပါဘူး။ နာရီကို တစ်ချက်ငုံ့ကြည့်ပြီး လျှပ်တပြက် မိနစ်၊ စက္ကန့်ပိုင်းအတွင်း ကိစ္စတစ်ခုရဲ့ အဖြေကို ချက်ခြင်း ထုတ်နိုင်ကြပါတယ်။ မှန်ကန်တဲ့ ရာနှုံးမှလည်း ကေပီ K.Pစနစ်တို့နဲ့ ယှဉ်နိုင်ပါတယ်။ ကေပီ စနစ်သမားတွေက မေးချင်မေးလိမ့်မယ်။ အင်္ဂဝိဇ္ဇာဟာ ကေပီလိုတော့ မိနစ်၊ စက္ကန့်ပိုင်းအထိ မတွက်ချက်နိုင်ပါဘူးလို့ ပြောချင် ပြောကြမယ်။

.

ဟုတ်ပါတယ်။ မူလ အင်္ဂဝိဇ္ဇာကျမ်းတွေမှာတော့ မပါရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ကေပီစနစ်ကို လေ့လာကျွမ်းဝင်ခဲ့သူမို့ မြန်မာ့အင်္ဂဝိဇ္ဇာကိုလည်း၊ အချိန် တစ်နာရီခွဲ ထဲမှာ ဘုတ္တိတိုင်တွေထပ်ခွဲ၊ ဇာတ်ဆောင်ဂြိုဟ် နဲ့ စိုးမိုးဂြိုဟ် တွေရှာပြီး နာရီ၊ မိနစ်၊ စက္ကန့် အထိခွဲခြမ်းစိတ်ဖြာလိုက်တဲ့ အခါမှာ ကေပီ K.Pစနစ်လိုဘဲ အချိန်အတိအကျပြောနိုင်တဲ့ နည်းကို ရှာဖွေတွေ့ရှိ လာရပါတော့တယ်။

.

လွယ်လွယ်တော့ ရခဲ့တာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ရှာဖွေသုတေသနပြုပြီးမှ ရလာတာ ဖြစ်ပါတယ်။ မီးရထားဘယ်အချိန် ဆိုက်မလဲ၊ ကလေးကျောင်းက ဘယ်အချိန်ပြန်လာမလဲ စတဲ့ ကေပီ K.P စနစ်က မိနစ်၊ စက္ကန့် အတိအကျ တွက်ချက်တဲ့ နည်းတွေကို အင်္ဂဝိဇ္ဇာနဲ့ တွက်ချက်လာနိုင်ပါတော့မယ်။ ဘာဂြိုဟ်သွားပြက္ခဒိန်၊ ဘာဝကောက်ကိန်း မှလည်း မလိုတော့ပါဘူး။

.

အခုတော့ ကျွန်တော်နားလည်လာတာက မဟာဘုတ် နဲ့ အင်္ဂဝိဇ္ဇာပညာတွေကို အထင်သေးနေတဲ့သူတွေဟာ ဒီပညာတွေကို နက်နက်နဲနဲ မလေ့လာဘူး သူတွေသာ ဖြစ်ပါလိမ့်မယ်။ နာမည်ကျော် သိပ္ပံပညာရှင် တစ်ဦးက ပြောဘူးပါတယ်။ စက်ပစ္စည်း နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အလုပ် ပြီးမြောက် မှုခြင်း တူတယ်ဆိုရင်တောင်မှ ရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ထားတဲ့ စက်ပစ္စည်းကို ပိုပြီး ချီးမွမ်းရမှာဖြစ်ပါတယ်တဲ့။ ရိုးရိုးရှင်းရှင်းနဲ့ အလုပ်ပြီးမြောက်လေ စွမ်းဆောင်ရည်မြင့်လေ လို့ ပြောရမှာပါတဲ့။

.

ကျွန်တော် ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့နည်းပညာတွေဟာ ကမ္ဘာ့ နည်းပညာတွေနဲ့ ရင်ဘောင်တန်း နိုင်တယ်ဆိုတာကို သက်သေပြချင်တာရယ်၊ အချို့သော နက္ခတ်ဗေဒင် နဲ့ K.P ပညာရှင်တွေဟာ အင်္ဂဝိဇ္ဇာကို အထင်ကြီး လေးစားရကောင်းမှန်း မသိကြတာရယ်ကြောင့် ရယ်ပါ။ ကျွန်တော် တီထွင်ထားတဲ့ (ကေပီ K.Pစနစ် နဲ့ ပြိုင်ဆိုင်နိုင်တဲ့) ကေပီ စနစ် နဲ့ မဟာကာလကြီး ဗေဒင်ပညာ နှစ်ခုကို ပေါင်းစပ်ထားတဲ့ ဟူးရား-မဟာကာလကြီးဗေဒင်ပညာကိုလည်း အပြောမဟုတ်ဘဲ လက်တွေ့သက်သေပြနိုင်ဖို့ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေသွားမှာဖြစ်ပြီး ဗေဒင် ဝါသနာအိုးများ (အထူးသဖြင့် လက်ဆန်းဗေဒင် ဝါသနာပညာရှင်များ) စောင့်မျှော်ဖတ်ရှုကြပါလို့။

.

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

.

Share

.

နက္ခတ္တပညာ(Astronomy) နဲ့ နက္ခတ်ဗေဒင်ပညာ(Astrology) တို့ဟာ (မြန်မာရော/ အင်္ဂလိပ်ပါ) နာမည်ခြင်း ခပ်ဆင်ဆင်တူကြပေမယ့် မတူညီဘဲ ကွဲပြားခြားနားတဲ့ ပညာရပ် နှစ်ခု ဖြစ်ပါတယ်။ လူအတော် များများဟာ ဒီကွဲပြားခြားနားမှု ကို မသိကြပါဘူး။ အတော်များများ ကတော့ အတူတူလို့ဘဲ ထင်ကြပါတယ်။ တူတယ်လို့ ထင်ရလောက်အောင် လည်း ဆင်တူတဲ့ အချက်တွေက တော်တော်များပါတယ်။ ဂြိုဟ်တွေ နက္ခတ်တွေကို လေ့လာမှုတွေ၊ ရာသီခွင်တွေ ၊  နေကြတ်တာတွေ၊ လကြတ် တာတွေကို ပြောဆို ရေးသားကြတာတွေဟာ တစ်ခုနဲ့တစ်ခု တူညီကြသလိုပါဘဲ။ ဒါပေမယ့် မတူညီကြပါဘူး။

ကမ္ဘာပေါ်မှာရှိတဲ့ ပညာရပ်တစ်ခု ခြင်းစီအပေါ်မှာ သတ်မှတ်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition) အရ ပြောရရင် ဒီပညာနှစ်ခုဟာ လုံးဝ မတူညီကြပါဘူး။ အဘိဓါန်တွေမှာ နက္ခတ္တပညာ (Astronomy) ကို  Scientific Study of Universe လို့သတ်မှတ်ပြီး နက္ခတ်ဗေဒင်ပညာ (Astrology) ကိုတော့ Study of Relation Between Planets and Human Affairs လို့ အဓိပ္ပါယ်သတ်မှတ်ကြပါတယ်။ သိပ္ပံပညာဆိုတဲ့ အသုံးအနှုံး မပါပါဘူး။

သိပ္ပံပညာရပ်တို့ ဟူသည်

နက္ခတ္တပညာဆိုတာ “သိပ္ပံပညာစစ်စစ်” ဖြစ်ပါတယ်။ Science လို့ခေါ်တဲ့ သိပ္ပံပညာ စစ်စစ်ပါ။ သိပ္ပံပညာ ဆိုတာ မှန်ကန်တဲ့ အချက်အလက် တွေအပေါ်မှာသာ အခြေပြုရပါတယ်။ သိပ္ပံပညာမှာ “သီအိုရီ” လို့ ခေါ်တဲ့ ဥပဒေသတွေ ဆိုတာလည်း အမြဲတန်းမှန်ကန်နေရပါတယ်။ မှန်တဲ့အခါမှန်လိုက်၊ မှားတဲ့ အခါမှားလိုက် မဖြစ်ရပါဘူး။

Continue reading

Share

ကမ္ဘာပေါ်မှာ တရုတ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုး (ဟိန္ဒူ) တွေဟာ အိမ်ထောင်ကွဲမှု အနည်းဆုံးဘဲတဲ့။ (ဟို တုန်းကပါ၊ လွန်ခဲ့တဲ့ အနှစ် (၅ဝ) ဟိုဘက်လောက်ကပါ) အခုတော့ သူတို့လည်း ကမ္ဘာနဲ့အမှီရင်ဘောင်တန်း လာကြပါပြီ။ အိမ်ထောင်ကွဲမှု တွေများလာကြပါပြီ။

ဟိုတုန်းက ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးဖြစ်တဲ့ အဓိကလူမျိုးကြီး (၂) ခုမှာ အိမ်ထောင်ကွဲမှု ဘာကြောင့် ဒီလောက် နည်းရတာလည်းဆိုတာကို လေ့လာ ကြည့်တော့ သူတို့ လူမျိုးတွေမှာ အိမ်ထောင်ပြုပြီဆိုရင် “သေတပန် သက်တဆုံး” ပေါင်းသင်းသွားကြရမယ်ဆိုတဲ့ အသိတရားကို ကိုယ့်လူမျိုးရဲ့ ဓလေ့ထုံးတမ်း တစ်ခုအဖြစ် နက်နက်ရှိုင်းရှိုင်း ခံယူခဲ့ ကြတာက အဓိကကျတဲ့ အကြောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒီထက်ပိုပြီး နောက်ကွယ်ကနေ အဓိကကျတဲ့ အကြောင်းတစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ လူမျိုးကြီး (၂) မျိုးဟာ အိမ်ထောင်ပြုတဲ့ နေရာမှာ ယောင်္ကျားလေးနဲ့ မိန်းကလေး ဇာတာခြင်း တိုင်ဆိုင်ကြည့်ပြီး “တည့်တယ်” ဆိုမှ အိမ်ထောင်ချပေးလေ့ရှိကြတာ အတော်များပါတယ်။ တရုတ် လူမျိုးတွေဆိုရင် သူတို့မွေးဖွားတဲ့နှစ် အပေါ်မှာ မူတည်ပြီး ကျားနှစ်၊ နွားနှစ်၊ နဂါးနှစ်၊ မြွေနှစ်၊ ဆိတ်နှစ် စသည်ဖြင့် ရှိကြပါတယ်။

မြန်မာလူမျိုးတွေ ကိုယ့်ကိုယ်ကို ငါဘာနေ့သားလဲဆိုတာ မြန်မာတိုင်း သိကြသလို၊ တရုတ်လူမျိုးတွေဟာလည်း ငါ ဘာအကောင်ဖွားဆိုတာ တရုတ်တိုင်း သိကြပါတယ်။ တရုတ်လူမျိုးတွေဟာ ကိုယ့်သားသမီးကို အိမ်ထောင်ချ ပေးတော့မယ် ဆိုတာနဲ့ တစ်ဖက်က ယောင်္ကျား လေး(သို့) မိန်းကလေးဟာ ဘာအကောင်ဖွားလည်း ဆိုတာကို အရင်ဆုံး လေ့လာကြပါတယ်။ အကောင်ခြင်းမတည့်လို့ ကတော့ ပေးစား တယ်ဆိုတာ ဟိုဘက်ခေတ်တွေတုန်းက မရှိသလောက် ပါဘဲ။ အနည်းဆုံး တရုပ်မိဘ (၉ဝ) % လောက်ကတော့ မိန်းကလေးနဲ့ ယောင်္ကျားလေး အကောင်ခြင်း တည့်/မတည့် မှုအပေါ်မှာ မူတည်ပြီး အိမ်ထောင်ချ ပေးလေ့ရှိကြပါတယ်။

Continue reading

Share

.

မြန်မာစကားပုံ တစ်ခု ရှိပါတယ်။ ” အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤ သုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” တဲ့။ ဆိုလိုတာက အိမ်ထောင်ပြုတာရယ်၊ ဘုရားတည်တာရယ်၊ ဆေးမှင်ကြောင် ထိုးတာရယ်၊ ဒီ (၃)ခုဟာ စ, မိပြီဆိုရင် နောက်နောင်အခါမှာ ပြန်ပြင်ဖို့ အလွန်ခက်ခဲပါတယ်တဲ့။ လက်တွေ့ မှာကော ဟုတ်ပါရဲ့လား။

ဟိုး ယခင့်ယခင် အခါတုန်းကတော့ ဟုတ်ကောင်း ဟုတ်ခဲ့ပေမယ့် ဒီနေ့ဒီခေတ် အခါမှာတော့ ဒီစကားပုံဟာ မှန်သင့် သလောက် မမှန်နိုင်တော့ပါဘူး။ ရှေးခေတ်အခါတွေကတော့ အိမ်ထောင်တစ်ခုပြုပြီးပြီ ဆိုရင် အိမ်ထောင်ရေး အဆင်ပြေသည် ဖြစ်စေမပြေသည်ဖြစ်စေ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်း သွားကြတာဘဲ များပါတယ်။ တော်ရုံတန်ရုံ အဆင် မပြေကြရုံ နဲ့တော့ ကွဲကြ ပြဲကြသည်အထိ မဖြစ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ အဘိုးအဘွားတွေ ခေတ်ကပေါ့။

ဒီဘက်ခေတ် မှာတော့ အိမ်ထောင်တစ်ခုပြုတာ လွယ်လွယ်နဲ့ ပြုလိုက် ကြသလို အဆင်မပြေကြရင်လည်း လွယ်လွယ် နဲ့ဘဲ ကွဲလိုက်ကြပါတယ်။ ဒီလို ကိစ္စမျိုးတွေဟာ တစ်နေ့ထက်တစ်နေ့ များသည်ထက် များလာတာကို သတိပြုမိကြမှာပါ။ ဒီခေတ် လူငယ်တွေ ဟာ အိမ်ထောင်ရေး ကိစ္စကို သိပ်ပြီး အလေး အနက်မထားကြတော့ပါဘူး။ “ဝမ်းဂိုး၊ တူးကမ်း” ဆိုတာမျိုးလို ဖြစ်လာကြပါပြီ။

Continue reading

Share

.

ပြီးခဲ့တဲ့ ပို့စ်မှာ မြန်မာလူမျိုးတွေဟာ ကိုယ့်ရဲ့ မွေးတဲ့နေ့ကိုတော့ လုံးဝ မမေ့တဲ့ အကြောင်း၊ ကိုယ်ဘာနေ့ သားသမီးလဲဆိုတာ ချက်ခြင်းပြောနိုင်တဲ့ အကြောင်းကို ပြောခဲ့ပြီးပါပြီ။ နောက်ထပ်တစ်ခု ထပ်ပြီး ချစ်စရာကောင်းတဲ့ ရိုးရာ ဓလေ့လေးက ကိုယ် ဘာ”အဖွား” လဲ ဆိုတာကိုလည်း မြန်မာလူမျိုး တော်တော် များများ သိကြပါတယ်။

ရှေးခေတ်တုန်းကဆိုရင် ကလေးတစ်ဦး လူ့လောကထဲကို မွေးဖွား ဝင်ရောက် လာပြီ ဆိုတာနဲ့ အမည်နာမ တစ်ခုကို ပေးကြတဲ့နေရာမှာ မိမိကိုးကွယ်တဲ့ ဆရာတော်ကြီး များဆီမှာ အပ်နှံပြီး နာမည် ပေးခိုင်းလေ့ ရှိကြပါတယ်။ ရဟန်းသံဃာ ဆိုတာ မျိုးကလည်း လူ့လောကီကိစ္စတွေကို လုံးဝ ကင်းကွာ လို့မရတော့ ဗေဒင်လေး၊ ဘာလေးတော့ အနည်းနဲ့ အများဆိုသလို လေ့လာ ထားကြရပါတယ်။ များသောအားဖြင့်တော့ လွယ်လည်း လွယ်ကူ၊ အသုံးလည်း တည့်တဲ့ “မဟာဘုတ်” ကိုတော့ ရဟန်းသံဃာတိုင်း လိုလို အနည်းနဲ့ အများတော့ သိကြပါတယ်။

ဒီတော့ ကိုယ့်ဒကာရဲ့ သားသမီးဖြစ်တော့ မဟာဘုတ်ကလေးကောက်တွက်၊ ပြီးတော့ နာမည် ပေးလိုက်ကြတာပေါ့။ နာမည်ပေးပြီးတာနဲ့ ဒီကလေးက “အထွန်းဖွား၊ ရာဇဖွား၊ ပုတိဖွား”  စသည်ဖြင့် တွက်ချက်ပေးလိုက်ကြပါတယ်။ ဒီတော့ ဒီကလေး တွေဟာ ကြီးပြင်းလာတဲ့အထိ၊ ကိုယ်ဘာနေ့သား၊ ဘာနေ့ဖွားဆိုတာကို သေသေချာချာ မှတ်သား ထားလိုက် ကြတာပေါ့။

ဒီဘက်ခေတ်ရောက်လာတဲ့ မိဘတွေကျတော့ နာမည်ပေးတာကိုလည်း ကိုယ်တိုင် စိတ်တိုင်းမကျမချင်း ပေးချင်သလို ပေးကြ၊ ခေတ်အဆန်ဆုံး ပေးကြ ပေမယ့် ကလေးက “ဘာအဖွား” လည်းဆိုတာကိုတော့ မသိကြတော့ပါဘူး။

Continue reading

Share

.

ပုတိ , ဘင်္ဂ , မရဏ ဆိုတာ မဟာဘုတ်ခွင်မှာ အောက်တန်းဖွားတွေလို့ ခေါ်ပါတယ်။ တနည်းအားဖြင့် အနိဋ္ဌ ခွင်ဖွား တွေလို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ပုတိ , ဘင်္ဂ , မရဏ အဖွားတွေဟာ လူခြင်းယှဉ်ရင် တပန်းရှုံးသလို ဖြစ်နေပါတယ်။ ဗေဒင်ပညာ မတောက်တခေါက် လေ့လာဖူးတဲ့သူဆိုရင် ပုတိ , ဘင်္ဂ , မရဏ ဆိုရင် အညံ့ဖွားဘဲ။ “ပုတိ သဘောမကျော်စော၊ နှမြောတွန့်တို ရှိလှ၏” ဆိုတာမျိုး၊ “မရဏဖွားဆိုရင် မွေးစမှာ ချုချာပြီး သေရင်သေ၊ မသေရင်ကောင်းစားမယ်” တဲ့။ “ဘင်္ဂ” ဆိုရင် မိဘတွေနဲ့ သေကွဲရှင်ကွဲ ကွဲရ တတ်တယ်ဆိုတာမျိုးကတဖုံ အမျိုးမျိုးပြောနေ ကြတာပါဘဲ။

စာရေးသူကတော့ ဘာဘဲဖြစ်ဖြစ် လက်တွေ့သုတေသနပြုရမှ ကျေနပ်အားရ တဲ့သူမို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂ဝ)လောက် ကတည်းက ပုတိ , ဘင်္ဂ , မရဏ ဖွားတွေနဲ့ ကျန်အဖွားတွေနဲ့ ကွာခြားမှုကို လေ့လာ ကြည့်တယ်။ မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားသူတွေရဲ့ မွေးသက္ကရာဇ် တွေ ကိုပါ ရှာဖွေပြီး လေ့လာကြည့်တယ်။

အဲဒီမှာ ဘာသွားတွေ့တုန်းဆိုတော့ ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ အထက်တန်းဖွားလို့ခေါ်တဲ့ အထွန်း , သိုက် , ရာဇ နဲ့ အဓိပတိတို့ထက် ပိုပြီး ညံ့ပါတယ်ဆိုတဲ့ အချက်ဟာ လုံးဝမှားယွင်းပါတယ်။ ရာခိုင်နှုံးအရ ပြောရရင် ပုတိ , ဘင်္ဂ , မရဏ ဆိုတဲ့ အောက်တန်းဖွားတွေနဲ့ အထွန်း , သိုက် , ရာဇ နဲ့ အဓိပတိ ဆိုတဲ့ အထက်တန်းဖွားတွေရဲ့ အောင်မြင်မှု ကျော်ကြားမှုတွေဟာ (၅ဝ%=၅ဝ%) စီလောက်ပါဘဲ။ အထက်တန်းဖွားတွေက ပိုထူးချွန်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

Continue reading

Share

.

“ဟဲ့ – ဘာနေ့သားလေးလဲဟဲ့၊ သောကြာသားလေးလား၊ ကောင်းတယ်ဟဲ့၊ “သားဦး သောကြာ ပဒေသာ” တဲ့၊ မိဘတွေကံ ကောင်းတာပေါ့ဟယ်” စသည်ဖြင့် မှတ်ချက်ပြုလေ့ရှိကြပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်ရဲ့မွေးနေ့ (ရက်, လ , ခုနှစ်) ကိုသာ မေ့ချင်မေ့မယ်။ ကိုယ်ဘာနေ့ သားသမီးဆိုတာကိုတော့ သေတဲ့အထိ မှတ်မိကြပါတယ်။

“ခင်ဗျား ဘယ်နှစ်ရက်နေ့မှာ မွေးတာလဲ” လို့ကောက်ခါငင်ကာ မေးလိုက်ရင် ချက်ခြင်းပြန်ဖြေဖို့ အချိန်ယူရပေမယ့် “ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ရင်တော့ – ကျွန်တော်လား ? အင်္ဂါသားလေ (ဒါမှမဟုတ်) ဗုဒ္ဓဟူးသားဗျ လို့ ချက်ခြင်း မဆိုင်းမတွ ပြန်ဖြေကြပါလိမ့်မယ်” ။

.

နိုင်ငံခြားသားတစ်ဦးကို ခင်ဗျား ဘာနေ့သားလဲလို့ မေးကြည့်ပါလား။ ပြန်ဖြေနိုင်သူ အတော် ရှားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတော်တော်များများဟာ ကိုယ့်ရဲ့ မွေးနေ့ကို (ရက် , လ , ခုနှစ်) နဲ့ မှတ်သားထားတတ်ကြပေမယ့် “နေ့” အနေနဲ့ မှတ်သားတတ်ကြတဲ့ အလေ့အထ မရှိကြလို့ပါဘဲ။ သူများတွေမှာ မရှိတဲ့ အလေ့အထ တစ်ခုကို ကျွန်တော်တို့မြန်မာတွေက ပိုင်ဆိုင်ထားကြတာဟာ ဂုဏ်ယူစရာ တစ်ခု မဟုတ်ပါလားဗျာ။

.

ကျွန်တော်ဟာ ဗေဒင်ပညာနဲ့ ပတ်သက်ပြီး သုတေသနပြုတဲ့အခါ ကမ္ဘာပေါ်မှာ ရှိတဲ့ ထင်ပေါ်ကျော်ကြားသူတွေရဲ့ မွေးနေ့တွေကို စုဆောင်းတဲ့ နေရာမှာ ရက် , လ , ခုနှစ် ကိုသာ ရရှိပြီး နေ့ကိုတော့ ကိုယ့်ဟာကိုယ် ပြန်ရှာယူရပါတယ်။ ဘာနေ့သား သမီးဆိုတာကိုတော့ ဖော်ပြလေ့မရှိကြပါဘူး။ ကျွန်တော်ထင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘာနေ့သားသမီးမှန်း မသိဘဲ နေသွား , သေသွား ကြသူတွေအများကြီးရှိမှာဘဲလို့ (ကျွန်တော်တို့ မြန်မာ လူမျိုးတွေက လွဲရင်ပေါ့လေ)။

.

ဒါကြောင့် ကျွန်တော်တို့ ဓလေ့က ချစ်စရာ၊ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတာပေါ့။ ဒါပေမယ့် ဂုဏ်ယူစရာ မကောင်းတဲ့ အချက်ကတော့ ကိုယ်ဘာနေ့သားသမီးဆိုတာကို မလွဲတမ်းမှတ်ထားနိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးအတော် များများဟာ ကိုယ့်ရဲ့ မွေးရက်၊ လ၊ ခုနှစ် ကိုတော့ တိတိကျကျမှတ်သားထားတဲ့သူ အလွန်နည်းခဲ့ကြပါတယ်။ “နည်းခဲ့ကြပါတယ်” လို့ ပြောတာက ဟိုတုန်းကနည်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ တော်တော်လေး တိတိကျကျ မှတ်သားလာကြပါပြီ။

.

ဟိုတုန်းခေတ်အခါများဆီ ကတော့ မြန်မာလူမျိုးတွေ(အထူးသဖြင့် ကျေးလက်တောရွာနေသူများ)ဟာ ကိုယ့်ရဲ့ မွေးရက်၊ မွေးလ၊ မွေးခုနှစ်ကို တိတိကျကျ မှတ်သားထားကြသူ အလွန်နည်းခဲ့ကြပါတယ်။ တစ်ချို့ဆိုရင် ကိုယ်မွေးတဲ့ခုနှစ်ကို သေသေ ချာချာ မမှတ်မိတော့လို့ ကိုယ့်အသက် ဘယ်လောက်ရှိမှန်းတောင် တိတိကျကျမသိကြပါဘူး။ ကျွန်တော်ဟာ တောအရပ်ဒေသ မှာ မွေးဖွားကြီးပြင်းလာသူမို့ ဒီအချက်ကို တော်တော့်ကို သတိပြုမိပါတယ်။ ဂျပန်တက်တုန်းက မွေးတာတို့၊ တော်လှန်ရေး အစိုးရ တက်တုန်းက မွေးတာတို့၊ ရွာမှာ ရေတွေအရမ်းကြီးတုန်းက မွေးတာပေါ့ တို့လို မရေမရာတွေက အများကြီးဗျ။

.

မွေးလ , ကျပြန်တော့လည်း မြန်မာသက္ကရာဇ်နဲ့ဘဲ မှတ်သား လေ့ရှိကြတာမို့ လဆန်း နဲ့ လဆုတ် မကွဲပြားသူ တွေကလည်း အများကြီးပါ။ ဗေဒင်မေးဖို့ရောက်လာရင် ပြောလိုက်တော့ ကြာသပတေးသား၊ နှစ်တရာပြက္ခဒိန်ထဲမှာ သူပြောတဲ့ နေ့ရက်လနဲ့ တိုက်ကြည့်တော့ စနေနေ့ ဖြစ်နေတယ်။ ဒါမျိုးတွေ ဗေဒင်ပညာလေ့လာလိုက်စားပြီး ဗေဒင် အပျော်တမ်း ဟောဘူးတဲ့သူတိုင်း ကြုံဘူးကြမှာပါ။ ဒါပေမယ့် မှားစရာရှိရင် ရက် , လ , နှစ် တို့သာ မှားချင်မှားဖို့ ရှိပြီး နေ့ကတော့ မမှားကြဘူးဗျ။ ဒါကြောင့် နေ့ကို မူသေထားပြီး ဘယ်ရက်ဘယ်လ ဖြစ်နိုင်တယ်။ လဆန်းမဟုတ်ဘဲ လဆုတ်ဖြစ်နိုင်တယ်။ စသည်ဖြင့် ရှေ့တိုး နောက်ဆုတ်လုပ်ကြရတော့တာပေါ့ဗျာ။

.

ကျွန်တော် စိတ်မကောင်းတဲ့အချက်ကတော့ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ မွေးနေ့ကို ရှာရတာ ဟာ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝ လောက်က ဖြစ်ရင်တောင်မှ) အင်မတန်လွယ်ကူသလောက် မြန်မာနိုင်ငံထဲက ကျော်ကြားသူတွေ ရဲ့ မွေးနေ့ကို ရှာရတာ အင်မတန် ခက်ခဲလှတဲ့ အဖြစ်ကိုပါ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ မှတ်တမ်းမှတ်ရာနဲ့ သုတေသန အရာမှာ အင်မတန် အားနည်းကြပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၅ဝဝ) လောက်ကို မပြောနဲ့ လွန်ခဲ့တဲ့ အနှစ်(၅ဝ)လောက်တုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ ဂီတစာဆို တစ်ယောက်ရဲ့ မွေးနေ့ကိုတောင်မှ ရှာလို့မလွယ်လှပါဘူး။ တွေ့ပြန်တော့လည်း အထက်ကပြောခဲ့သလို နှစ်တစ်ရာပြက္ခဒိန်နဲ့ တိုက်ကြည့်ရင် အလွဲလွဲ အမှားအမှားဖြစ်နေပြန်ရော။

.

အင်္ဂလန်နိုင်ငံသား ကမ္ဘာကျော်ပြဇာတ်စာရေးဆရာကြီး ဝီလျံရှိတ်စပီးယား ကွယ်လွန်ခဲ့တာ အခုဆို နှစ်ပေါင်း (၄ဝဝ) ပြည့်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ အကြောင်းဘာသိချင်လဲ။ အကုန်သိလို့ရနိုင်တယ်။ မွေးနေ့လား ? (၁၅၆၄ခု ဧပြီလ ၂၆ရက်)။ အနိစ္စရောက်တဲ့နေ့လား ? (၁၆၁၆ခု ဧပြီလ ၂၃ရက်)။ ပြဇာတ်ဘယ်နှစ်ပုဒ်ရေးခဲ့လဲ။ အဲဒီ ပြဇာတ်တွေကို ဖတ်ချင်လား။ အကုန်ရှိတယ်။ သူ့ရဲ့ အထုပ္ပတ္တိ ကကော။ အားလုံးအပြည့်အစုံဘဲ။ အင်တာနက်ပေါ်မှာ ကလစ်တစ်ချက် ခေါက်ရုံနဲ့ အကုန် သိနိုင်တယ်။

.

ဒါပေမယ့် မြန်မာ့စာပေသမိုင်းမှာ ထင်ရှားခဲ့တဲ့ “မြဝတီမင်းကြီးဦးစ” တို့။ “နတ်ရှင်နောင်” တို့။ အမတ်ကြီး “အနန္တသူရိယ”တို့။ သူတို့တစ်တွေ ရဲ့ မွေးနေ့တွေ။ ကွယ်လွန်ခဲ့တဲ့နေ့တွေ။ အထုပ္ပတ္တိတွေ။ ရေးခဲ့တဲ့စာတွေ။ ရှိကောင်း ရှိပေမယ့် ခက်ခက်ခဲခဲ ရှာရပါမယ်။ မရှိဖို့ နဲ့ ရှိပြန်ရင်လည်း အမှားမှား အယွင်းယွင်း ဖြစ်နေဖို့ ပိုများပါတယ်။ သမိုင်းအမွေအနှစ် ကို တန်ဖိုးထားတတ်သူ တွေအတွက်တော့ အင်မတန် နှမြောစရာကောင်းတဲ့ ကိစ္စတွေပါ။

.

မြဝတီမင်းကြီးတို့၊ နတ်ရှင်နောင် တို့ဟာ ရှိတ်စပီးယားထက် အများကြီးနောက်ကျပြီးမှ မွေးလာခဲ့တာပါ။ အလွန်ဆုံးရှိလှရင် နှစ် (၂ဝဝ)ပေါ့။ ဒါပေမယ့် သူတို့အကြောင်းတွေကို နောင်လာ နောက်သားတွေ သိဖို့ မလွယ်တော့ဘူး။ ကျွန်တော် ဒီဆောင်းပါးကို ရေးနေတဲ့ အချိန်မှာကို သူတို့နာမည်တွေကို မကြားဘူးတဲ့ လူငယ်တွေ တော်တော်များမယ် ထင်ပါတယ်။

.

လွန်ခဲ့တဲ့ အနှစ် (၂ဝဝ)အတွင်းလောက်က ကျော်ကြားခဲ့သူတွေကို မပြောပါနဲ့ဦး။ လွန်ခဲ့တဲ့ အနှစ် (၅ဝ)လောက်က ကျော်ကြားခဲ့သူတစ်ဦးရဲ့ မွေးနေ့နဲ့ အထုပ္ပတ္တိကိုတောင် ရှာဖို့မလွယ်ပါဘူး။ ဒါပေမယ့် ကြိုးကြိုးစားစားနဲ့ ရှာဖွေ စုဆောင်းမယ် ဆိုရင်တော့ အနည်းဆုံး ကုန်းဘောင်ခေတ် ကစပြီး အဲဒီနောက်ပိုင်းလောက်မှာ ထင်ပေါ်ကျော်ကြားခဲ့သူ တွေရဲ့ အထုပ္ပတ္တိ တွေကို စုဆောင်းလို့ ရနိုင်ပါတယ်။

ဒီကိစ္စမျိုးကျတော့ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရနိုင်ပါဘူး။ အဖွဲ့အစည်းနဲ့လုပ်မှ ရပါလိမ့်မယ်။ သမိုင်း အရှာကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းဖွဲ့စည်းပြီး ငွေကြေး အထောက် အပံ့ပါ လိုပါလိမ့်မယ်။ ဒါမျိုးကိစ္စမှာ သက်ဆိုင်ရာ အစိုးရ ရဲ့ ကူညီပံ့ပိုးမှုဟာ အတော်အရေးပါ ပါလိမ့်မယ်။

.

ကျွန်တော်အနေနဲ့ ကိုယ်ခံစားရတဲ့ ခံစားချက်အရ ပြောနေပေမယ့် တစ်ချို့သူတွေအတွက်တော့ အရေးမပါတဲ့ ကိစ္စဖြစ်နေ မလားမသိဘူး။ ကျွန်တော် ကတော့ ဗေဒင်သမားတစ်ယောက်အနေနဲ့ နာမည်ကျော်တွေရဲ့ မွေးနေ့နဲ့ အထုပ္ပတ္တိ တွေကို ရှာဖွေ ကြည့်တဲ့အခါတိုင်း အမြဲ ဖြစ်ပေါ်လာတဲ့ ခံစားချက် တစ်ခုကို ကောက်ရေးလိုက်တာပါ။ သူများနိုင်ငံက ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ရှာဖွေရတာ လွယ်သလောက် ကိုယ့်နိုင်ငံက လူတော်တွေရဲ့ အကြောင်းကို ရှာရခက်လွန်းလို့ ရေးမိလိုက်တဲ့ စာတပုဒ်ပါ။

.

သမိုင်းဆိုတာ လူတွေရဲ့ မှတ်တမ်းပါ။ လူတွေရဲ့ မှတ်တမ်းမရှိရင် သမိုင်းဆိုတာ မရှိနိုင်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို တန်ဖိုး ထားတတ်မယ် ဆိုရင် လူတွေရဲ့ အကြောင်းကိုလည်း တန်ဖိုးထားရပါလိမ့်မယ်။ အထူးသဖြင့် လူတော်လူကောင်း တွေ၊ ပါရမီရှင် တွေ၊ လူ့လောကကို တည်ဆောက်သွားတဲ့သူတွေ၊ အကြင်နာ မေတ္တာတရားကြီးမားလွန်းသူတွေ၊ အနစ်နာခံခဲ့ သူတွေ၊ စွန့်လွှတ်ခဲ့သူတွေ၊ စွန့်စားခဲ့သူတွေ —- သူတို့တွေဟာ ကမ္ဘာပေါ်မှာ ရှိခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း ရှိခဲ့ကြပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာနည်းပါးမှု၊ ပြန်လည် ဖော်ထုတ်နိုင်စွမ်း နည်းပါးမှုတို့ကြောင့် မြန်မာ့နိုင်ငံရဲ့ လူတော် လူကောင်းတွေ ရဲ့ အကြောင်းကို နောင်လာနောက်သားတွေ သိပ်မသိကြဘူးဖြစ်နေကြတာပါ။

.

မာသာထရီဇာကို ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံမှာ ရှိခဲ့လား။ ရှိတာပေါ့။ နှင်းဆီကုန်းဘိုးဘွားရပ်သာကို တည်ထောင်ပြီး ဒုက္ခရောက်နေတဲ့ အဘိုးအဘွား တွေကို ပြုစုခဲ့တဲ့ ဒေါ်ဦးဇွန်း။ ကိုင်ရို လို ထူးချွန်ထက်မြက်တဲ့ ဗေဒင်ပညာရှင်မျိုးရှိခဲ့လား။ ရှိတာပေါ့။ အတုလဆရာတော် ခင်ကြီးဖျော်။ အလက်ဇန်းဒါး သဂရိတ် လို အင်ပါယာကြီးတွေချဲ့ထွင်နိုင်ခဲ့တဲ့ ဘုရင်တွေကော ရှိခဲ့လား။ ရှိတာပေါ။ ဘုရင့်နောင် နဲ့ အလောင်းဘုရား တို့ပေါ့။ တစ်ဦးချင်းထူးချွန်တဲ့ စစ်သူရဲကောင်းတွေကော ရှိခဲ့လား။ ရှိတာပေါ့။ နာမည်ကြီး တရုပ်သူရဲကောင်း “ဂါမဏိ” ကို စီးချင်းထိုးပြီး ခေါင်းဖြတ်ယူခဲ့တဲ့ “သမိန်ဗရမ်း” ဆိုတဲ့ မွန်မြန်မာ သူရဲကောင်းပေါ့။ ဖော်ထုတ်ရှာဖွေကြမယ်ဆိုရင် အများကြီးပါ။ “ဂျော့ဘားနတ်ရှော” နဲ့ “အလက်ဇန်းဒါး ဒူးမား” တို့လို စာပေတွေကို ရေးနိုင်တဲ့ စာရေးဆရာ ကြီးမျိုးရှိခဲ့လား။ ရှိတာပေါ့။ ဆရာကြီး ရွှေဥဒေါင်း၊ဆရာကြီး ဒဂုန်ရွှေမြှား၊ သိပ္ပံမောင်ဝ၊ ပီမိုးနင်း အများကြီးပါ။ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းမှာ အတွင်းရေးမှူးချုပ်ဖြစ်ဘူးသူ ရှိရဲ့လား။ ရှိတာပေါ့။ မြန်မာ့ “ဦးသန့်” လေ။

.

ဒီလိုလူတွေရဲ့ အကြောင်းတွေကို ဖော်ထုတ်ပြုစုပြီး စာသင်ကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေထဲမှာ ထည့်သွင်းပေး သွားမယ် ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ ………………. ။ တွေးကြည့်တာပါ။ ပို့စ် အသစ်တွေ မတင်တာကြပြီဖြစ်လို့ တောက်လျှောက် တင်သွားပါဦးမယ်။ နောက်တစ်ရက် နှစ်ရက်အတွင်း ဒီပို့စ် နဲ့ ဆက်စပ်နေတဲ့ “ပုတိ၊ ဘင်္ဂ၊ မရဏ” ဆိုတဲ့ ဆောင်းပါးကို ဆက်ပြီး တင်သွားပါမယ်။

.

ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ်(ကွန်ပျူဗေဒသုခုမ)

.

မှတ်ချက်။              ။ အထက်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး စာဖတ်ပရိတ်သတ်ကြီးအား အကူအညီ တောင်းခံလိုပါသည်။ မြန်မာနိုင်ငံမှ လွန်ခဲ့သော နှစ်တရာအတွင်း ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးများ၏ မွေးသက္ကရာဇ်များကို ကိုယ်တိုင် သိလျှင်သော်၎င်း၊ မည်သည့်နေရာတွင် ရှာဖွေရမည်ကို အကြံပေးနိုင်လျှင်သော်၎င်း  အထူးကျေးဇူးတင်ရှိပါမည်။

ယခုလက်ရှိထင်ပေါ် ကျော်ကြားနေကြသူများ၏ မွေးနေ့များကိုလည်း သိရှိလိုပါသည်။ စာရေးသူထံတွင် ပုဂ္ဂိုလ် (၅၀၀)ကျော်ခန့် စုဆောင်း ထားရှိပြီးဖြစ်သော်လည်း မစုံလင်သေးပါ။ အချို့မှာ လူတစ်ဦးတည်း မွေးသက္ကရာဇ် (၂)မျိုး (၃)မျိုး ဖြစ်နေပါသည်။ အထူးသဖြင့် အနုပညာလောကမှ ပုဂ္ဂိုလ်များ၏ မွေးသက္ကရာဇ်များကို အရှာရခက်ပါသည်။ (များသော အားဖြင့် မင်းသမီးမင်းသား များသည် အသက်ကို ပုံမှန်ထက် ငယ်၍ ပြောတတ်ကြခြင်းကြောင့် အမှန်ရသူ နည်းလှပါသည်)

.

ယခု ဆောင်းပါးကို ဖတ်ရသော ထင်ပေါ်ကျော်ကြား သူ တစ်ဦးဦး၏ မျိုးဆက်ဖြစ်လျှင် ပိုကောင်းပါသည်။ စီးပွားရေး၊ စစ်ရေး နိုင်ငံရေး၊ အနုပညာ၊ အားကစား၊ စာပေ၊ သိပ္ပံပညာ၊ ၀ိဇ္ဇာပညာ၊ ရဟန်း၊ ယောဂီ၊ မည်သည့် လောကမှ ဖြစ်စေ ရယူလိုပါသည်။ သိရှိသူများ ပေးပို့ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။ Comment ထဲတွင် ၀င်ရောက် ရေးသား ခဲ့စေလိုပါသည်။

.

Share

.

ဗုဒ္ဓဘာသာ ကျမ်းစာတွေတွေအရ (၃၁) ဘုံကို အကြမ်းအားဖြင့် – လူ့ဘုံ၊ နတ်ဘုံ၊ ဗြမ္မာ့ဘုံ ဆိုပြီး သုဂတိဘုံက (၃)ဘုံ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ ဒုက္ခတိဘုံက (၄)ဘုံ ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီမှာ လူသားတွေနေဖို့အတွက် မြင့်မိုရ်တောင်ဆိုတဲ့ တောင်ကြီးကို ဝန်းရံပြီး အရှေ့ကျွန်း၊ တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း ဆိုပြီး ကျွန်းကြီး လေးကျွန်း ရှိပါသတဲ့။ အဲဒီ ကျွန်းကြီးလေးကျွန်းပေါ်မှာ နေထိုင်ကြသူ တွေဟာ လူ့ဘုံလောကသားတွေပေါ့။

.

အဲဒီမှာ ကျွန်တောင်တို့နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တဲ့ ကျွန်းကတော့ “ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်း” လို့ ခေါ်တဲ့ မြင့်မိုရ်တောင်ကြီးရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ တောင်ကျွန်း လို့ ဆိုပါတယ်။ ကျန်တဲ့ကျွန်းတွေမှာ ဘုရားပွင့်လေ့မရှိဘဲ လက်ယာတောင်ကျွန်းလို့ခေါ်တဲ့ တောင်ကျွန်းအရပ် သည်သာလျှင် ဘုရားရှင် အဆူဆူပွင့်တော်မူရာ မြင့်မြတ်သော ဘူမိနက်သန် နေရာတစ်ခု ဖြစ်တယ်လို့ ပိဋကတ်တော်တွေမှာ အဆိုရှိပါတယ်။

.

(ဆရာရေ – ကျွန်တော်တော့ “ Google Map ” မှာကြည့်တာ ဒီကျွန်းတွေကို မတွေ့ပါဘူးလို့တော့ ကပ်တီးကပ်ဖဲ့ မပြောနဲ့နော်။ လောကကြီးမှာ ကိုယ်မသိနိုင်သေးတာတွေ အများကြီး ရှိသေးတယ် လို့သာ ခံယူလိုက်ပါဗျာ။ တကယ်လည်း လောကကြီးအကြောင်းကို လူတွေသိတာက နည်းနည်းလေးပါ။ မသိတာက တကယ့်ကို အများကြီးပါ၊ ကိုယ့်မျက်စေ့နဲ့ မမြင်လို့သာ မရှိဘူးပြောရရင် နေ့စဉ်ရှုရှိုက်နေတဲ့ “လေ” ကိုကော မြင်ရလို့လား။ ဒါပေမယ့် “လေ” ရှိတယ်ဆိုတာတော့ လက်ခံတယ်မဟုတ်လား။ ဒီလိုဘဲပေါ့)

.

ဒီဆောင်းပါးမှာ ပြောချင်တာက ကျွန်တော်တို့ နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တော်မူတဲ့ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဆိုတာ ကျန်တဲ့ကျွန်းတွေနဲ့လုံးဝမတူတဲ့ အချက်က – “နိမိတ်ထွန်း” တယ်ဆိုတဲ့ အချက်ပါဘဲ။ “ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ် ထွန်း၏” လို့ ကျမ်းစာ အဆူဆူမှာ ဖော်ပြပါရှိပါတယ်။

.

ဒီတောင်ကျွန်းမှာ ကောင်းတာဘဲဖြစ်ဖြစ်၊ ဆိုးတာဘဲဖြစ်ဖြစ်၊ ဖြစ်မယ့်ပျက်မယ့် အရာအားလုံးအတွက် ရှေ့ပြေးနိမိတ်က အရင်လာတယ်လို့ ဆိုပါတယ်။ “ဖြစ်မယ် ဆိုရင်လည်း နိမိတ်ကအရင်လာတယ်၊ ပျက်မယ်ဆိုရင်လည်း နိမိတ်က အရင်လာတယ်” လို့ ဆိုပါတယ်။ လူတွေကသာ သတိမထားမိချင်နေမယ်။ ဖြစ်မယ့်ပျက်မယ့် ကိစ္စတွေအားလုံးဟာ နိမိတ်တစ်ခု၊ (တစ်ခါတစ်လေ တစ်ခုထက်ပိုပြီး) နိမိတ်ပြတတ်ပါတယ်။ ရှေ့ပြေး ပုဗ္ဗနိမိတ် လာပြီးမှ အဖြစ်အပျက်တွေ ဖြစ်လာတာဘဲ ဖြစ်ပါတယ်။

.

ဘုရားပွင့်တော့မယ်ဆိုရင်လည်း အနှစ်ရာနဲ့ချီပြီးကတည်းက ပုဗ္ဗနိမိတ်တွေ ပေါ်ပါတယ်။ မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ကို ဘုရားလောင်း ဝင်စားတော့မယ်ဆိုရင်လည်း- ငလျှင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ပန်းနံ့သာမိုးများရွာသွန်းခြင်း၊ အလုံးစုံသော တူရိယာ တို့သည် မတီးမမှုတ်ဘဲ အလိုလို မြည်ခြင်း၊ အချိန်အခါ မဟုတ်ဘဲ သစ်ပင်ပန်းမန် အားလုံး ဖူးပွင့်လာခြင်း၊ ငရဲမီးများ ခေတ္တငြိမ်းသက်သွားခြင်း – - စတဲ့ (၃၂) ပါးသော ပုဗ္ဗနိမိတ်တွေပြပြီးမှ ဝင်စားလာတာပါ။ ဘုရားသခင်ဖွားတော်မူမယ့် နိမိတ်၊ ဘုရားလောင်း တောထွက်တော့မယ့် “သူအိုသူနာ သူသေရဟန်း” ဆိုတဲ့ နိမိတ်ကြီး (၄)ပါး၊ ဘုရားပွင့်တော့မယ့် နိမိတ်၊ ဘုရားပရိနိဗ္ဗာန်စံတော့မယ့် နိမိတ် စသဖြင့် နိမိတ်တွေ ရှိကြတာကို ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဘူးနားဝရှိကြမှာပါ။

.

အင်္ဂုလိမာလဆိုတဲ့ လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့တဲ့ လူဆိုးကြီးဆိုရင်လည်း သူမွေးဖွားတဲ့ အချိန်မှာ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ဓါး၊ လှံ၊ လက်နက်တွေ နဲ့ ကောသလမင်းကြီးရဲ့ နန်းတော်ထဲမှာရှိတဲ့ ဓါးလှံလက်နက်တွေဟာ အရောင်တဝင်းဝင်း တောက်ပြီး၊ အသံမျိုးစုံမည်လာတယ်လို့ ဆိုပါတယ်။

.

မှန်နန်းရာဇဝင်ကြီးကို ဖတ်ကြည့်ရင်လည်း မင်းလောင်းပေါ်မယ့် နိမိတ်၊ ရှင်ဘုရင်တွေ နန်းကျမယ့်နိမိတ်၊ ကံတော်ကုန်မယ့် နိမိတ်၊ စစ်အောင်နိုင်မယ့် နိမိတ်၊ စစ်ရှုံးမယ့် နိမိတ်တွေကို တွေ့ရမှာပါ။

.

ရှေးခေတ်လူတွေကတော့ အတိတ်တို့ နိမိတ်တို့ကို ယုံကြည်ကြတယ်။ လေးစားလိုက်နာကြတယ်။ အခုခေတ် လူငယ်တွေ ကတော့ ဒါတွေကို အယုံအကြည်မရှိကြတော့ပါဘူး။ “Date Out ” သွားပြီးလို့ဘဲ ပြောကြမှာပါ။ အယူသည်းတယ်။ အစွဲအလန်းကြီးတယ်။ သိပ္ပံနည်း မကျဘူး ဆိုတာတွေနဲ့ လာကြမှာပါဘဲ။

.

ဒါပေမယ့် ဒီခေတ်မှာလည်း အတိတ်တို့၊ နိမိတ်တို့၊ အိပ်မက်တို့ကို ယုံကြည်ပြီး နေ့စဉ် အသုံးချနေတဲ့ လူတန်းစားတွေ ကလည်း ရှိသေးတယ်။ သူတို့ကတော့ (၂)လုံး၊ (၃)လုံး သမားတွေပေါ့။ ညက အိပ်မက်ထဲမှာ လူသေတာကို မက်တယ်ဟေ့။ ကနေ့ တော့ သုညတစ်လုံးကျိန်းသေဘဲ – - – တို့။ – - – မနက်က ဘုရားလှည့်လာတာတွေ့တယ်တော့- ဒီနေ့တော့ (၉) ပါလိမ့်မယ် ထင်တယ်တို့ နဲ့ နေ့စဉ်ကို အတိတ်နိမိတ်ကောက်နေကြတာကို ကြားကြမှာပါ။ မှန်တာလည်း ရှိ၊ မှားတာလည်း ရှိ။ များသောအားဖြင့် တော့ မှားကြပါတယ်။ နောက်ပြီးကျမှသာ “ပေါက်ဖော်” လုပ်ကြပြီး – - – ငါ့နှယ်ကွာ – - ဒီလောက်ရှင်းရှင်းကြီး ပြရက်သားနဲ့ သောက်တလွဲ ကောက်မိတယ်တို့၊ ဘာတို့ဖြစ်ကုန်ကြရော။

.

အမှန်ကတော့ ဒီလိုသေးသိမ်တဲ့ လောင်းကစားကိစ္စလေးတွေ ကနေစပြီး ၊ အင်မတန် အရေးကြီးလှတဲ့ တိုင်းရေးပြည်ရာ ကိစ္စအထိ အရာအားလုံးဟာ အတိတ်နိမိတ် အရင်လာပြီးမှ ဖြစ်ရ/ပျက်ရတယ်လို့ ကျွန်တော်ကတော့ အလေးအနက် ယုံကြည်ပါတယ်။ ဒါပေမယ့် ပေါ်လာတဲ့ နိမိတ်ကို ကောက်တဲ့နေရာမှာ ထက်မြက်တဲ့ ဉာဏ်ပညာလိုတယ်။ အတွေ့အကြုံ လိုတယ်။ ခပ်ပေါ့ပေါ့လေး မကောက်ယူဘဲ လေးလေးနက်နက် တွေးတောကြံဆတတ်ဖို့လိုတယ်လို့ ယူဆပါတယ်။ ဒါမှ မှန်ကန်တဲ့ နိမိတ်ကောက်ကိန်းကို ရနိုင်ပါမယ်။

.

နိမိတ်ကတော့ ဘယ်တော့မှ မမှားနိုင်ဘူး။ ကောက်ယူပုံလွဲလို့သာ မှားချင်မှားပါလိမ့်မယ်။ ဒါကလည်း အတွေ့အကြုံက အများဆုံးလိုပါတယ်။ နောက်တစ်ခုကတော့ “ပါရမီ” ပေါ့။ “ပါရမီ” ဆိုတာကတော့ ရှင်းပြရဖို့ တော်တော်ခက်ပါတယ်။ ဟိုး အတိတ်, အတိတ် ဘဝတွေက ပြုလုပ်ခဲ့တဲ့ အကျိုးဆက်လို့ ဆိုရပါမယ်။ ပါရမီ နဲ့ ပတ်သက်လာရင်တော့ မြန်မာ့ဗေဒင်သမိုင်းမှာ အတိတ်နိမိတ်ပညာနဲ့ ပတ်သက်ပြီး တစ်ခေတ်တစ်ယောက်လို့ ဆိုနိုင်ခဲ့တဲ့ “အယူတော်မင်္ဂလာ ဦးနိုး” ရဲ့ သမိုင်းကြောင်းက သက်သေသာဓက ဖြစ်နေပါတယ်။

.

အယူတော်မင်္ဂလာဦးနိုးဟာ အဲဒီခေတ်အခါက ရှင်ဘုရင်အပါးမှာ ခစားနေကြတဲ့ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ ဟူးရား၊ ပုရောဟိတ် တွေရဲ့ နေလနက္ခတ်တွေနဲ့ တွက်ချက်ဟောပြောတဲ့ပညာတွေကို အံတုပြီး ဘာတွက်ကိန်းမှ မပါတဲ့ အတိတ်နိမိတ်ဆိုတဲ့ ပညာနဲ့ ဒက်ထိဟောပြောပြီး ကျော်ကြားခဲ့ သူတစ်ဦးပါ။ သူဟာ ဘယ်သူမှ ဘယ်သူမှ မတွေးမကြံနိုင်သလို ကြံတွေးဆပြီး အမှန်တရားတွေကို ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်တဲ့ အတွက် ပါရမီထူးတဲ့ ပုဂ္ဂိုလ်တစ်ဦး လို့ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိတ်နိမိတ်ပညာကို ပိုမို လေးနက်ခန့်ငြားတဲ့ စကားလုံးဖြစ်တဲ့ “ အယူတော် မင်္ဂလာ” ဆိုတဲ့ ဘွဲ့တံဆိပ်တော် ကိုပါ ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။ အယူတော် မင်္ဂလာဦးနိုးရဲ့ အကြောင်းတွေကိုတော့ စာအုပ်ဆိုင်တွေမှာ ဝယ်ဖတ်လို့ ရနိုင်တဲ့အတွက် ဒီအကြောင်းကို အကျယ်ချဲ့ပြီး မရေးတော့ပါဘူး။

.

(ဒီနေရာမှာ အတိတ်နိမိတ်ပညာနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖတ်ချင်ရင် “ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးဘသိန်း ရဲ့ ကိုယ်တွေ့ အယူတော်မင်္ဂလာ” ဆိုတဲ့ စာအုပ်ကလေးကို ပညာအလင်းပြ စာအုပ်ဆိုင်မှာ ဝယ်လို့ရပါသေးတယ်။ တစ်ချိန်က အလွန်ရှားပါး စာရင်းဝင် စာအုပ်ပါ။ အခုတစ်ခါ ပြန်ရိုက်တာပါ။ ပြောလောက်အောင် ကောင်းပါတယ်။ ကုန်သွားရင် နောက်ထပ် ပြန်ရိုက်ချင်မှ ရိုက်တော့မယ်။ မြန်မာ့ရိုးရာဗေဒင်ပညာ ဝါသနာပါသူတိုင်း ဆောင်ထား သင့်တဲ့စာအုပ်ပါ)

.

အယူတော်မင်္ဂလာဆိုတဲ့ အတိတ်နိမိတ်ပညာရဲ့ ဘောင်ထဲမှာ အကျုံးဝင်နေတဲ့ ဝေါဟာရတွေကတော့ “ အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း” တို့ဖြစ်ကြပါတယ်။

.

“အတိတ် နဲ့ နိမိတ်” ကတော့ ပေါက်ဖော်ကြီးနဲ့တရုတ်ကြီးလိုပါဘဲ။ သဘောသွားခြင်း အတူတူပါဘဲ။ လူတစ်ဦး တစ်ယောက် အတွက်ဖြစ်စေ၊ လူအများအတွက်ဖြစ်စေ ကောက်ယူနိုင်ပါတယ်။ တစ်ဦးချင်းနဲ့ပိုပြီး သက်ဆိုင်တဲ့ သဘော ရှိပါတယ်။ “ဘဝေါ” ကတော့ တိုင်းရေးပြည်ရာနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ တိုင်းရေးပြည်ရေးအတွက် သီးသန့် ကောက်ယူရတာမျိုးဖြစ်ပါတယ်။ ငလျှင်လှုပ်တာ၊ ဘုရားရောင်ခြည်တော်လွှတ်တာ၊ ရုပ်ပွားတော် တွေကနေ ချွေးထွက်တာ၊ လကိုကြယ်ဖောက်တာ၊ ကြယ်ကြွေတာ စတာတွေဟာ “ဘဝေါ” အမျိုးအစားတွေထဲမှာ ပါပါတယ်။

.

“စနည်း” ဆိုတာကတော့ ပြဿနာတစ်ခုခုအတွက် အဖြေရှာချင်လို့ အပြင်ကိုထွက်ပြီး ဘာမြင်ရလဲ၊ ဘာကြားရလဲဆိုတာကို လေ့လာပြီး ကိုယ်သိချင်တဲ့ ပြဿနာကို အဖြေရှာတာဖြစ်ပါတယ်။ အတိတ်နိမိတ်ပညာကို တတ်ကျွမ်းသူတွေ အဖြေရှာလေ့ရှိတဲ့ နည်းစနစ်တခု ဖြစ်ပါတယ်။

.

“အပြင်ထွက်ပြီး စနည်းနာ လိုက်ဦးမယ်” ဆိုတာမျိုး ကြားဘူးကြမှာပါ။ စာရေးသူ ကိုယ်တိုင်လည်း ပြဿနာတစ်ခုကို တွက်ချက်မှုတွေမလုပ်ဘဲ – အဖြေရှာချင်တဲ့အခါမှာ လမ်းလျှောက်ထွက်ရင်းနဲ့ စနည်းနာလေ့ရှိပါတယ်။ ကိုယ်သိချင်တဲ့ ကိစ္စကို တိုင်တည်ထားပြီး တွေ့သမျှ မြင်သမျှတွေဟာ ကိုယ့်အတွက် နိမိတ်ဖြစ်ပါစေလို့ စိတ်ထဲက ရည်စူးထားရတာပေါ့။ မကြာပါဘူး။ တိုက်ဆိုင်တဲ့ကိစ္စ တစ်တစ်ခုခုတော့ တွေ့လာရတာပါဘဲ။

.

ဥပမာ- စနည်းနာပုံလေးတစ်ခုကို ပြောပြပါဦးမယ် – ယောင်္ကျားလေးတိုင်းလိုလို စိတ်ဝင်စားတဲ့ ဘောလုံးပွဲလေး တစ်ခုအကြောင်းကို ကိုယ်တွေ့စနည်းနာ ခဲ့ပုံလေး တင်ပြပါဦးမယ်။ မန်ယူ နဲ့ အာစင်နယ် ကန်မယ့်ပွဲတုန်းကပေါ့။

ညနေခင်းလောက်မှာ ကျွန်တော် လမ်းလျှောက်ထွက်ပြီး စနည်းနာကြည့်တော့ မကြာပါဘူး။ တွေ့တော့တာပါဘဲ။ လူတစ်ယောက် ကုန်းကုန်းကွကွနဲ့ လုပ်နေတာတွေ့လို့ မယောင်မလည်နဲ့ အနားကပ်ပြီး စနည်းနာကြည့်တော့ ဖိနပ်ပြတ်နေတာ ခင်ဗျ။ သူ့ပါးစပ်ကလည်း ပြောသေးတယ်။ ဒီ ဖိနပ်နှယ်ကွာ၊ အိမ်တုန်းက မပြတ်ဘဲ အပြင်ရောက်မှ ပြတ်ရသလားကွာ တဲ့။ ကျွန်တော် အဖြေရလိုက်ပါပြီ။ “ဖိနပ်” နဲ့ “မန်ချက်စတာယူနိုက်တက်” က ရှေ့ဆုံးနေ့နံ နဲ့ နောက်ဆုံးနေ့နံ (ကြာသပတေး နဲ့ စနေ) ဓာတ်တူနံတူ။ “ပြတ်” နေတယ်ဆိုကတည်းက မန်ယူ အတွက် သိပ်မကောင်းတော့ဘူး။ ဒီကြားထဲပြောလိုက်တာက “အိမ်မှာတုန်းက မပြတ်ဘဲနဲ့အပြင်ရောက်မှပြတ်တယ်” ဆိုတာက – အဲဒီနေ့ကန်မယ့်ပွဲမှာ အာစင်နယ်က အိမ်ကွင်း၊ မန်ယူက အဝေးကွင်း (အပြင်ကွင်း)။ အဲဒီတော့ ကောက်ချက်ချလိုက်ရင် မန်ယူဟာ အိမ်ကွင်းမှာဆိုရင်တော့ မရှုံးနိုင်ဘဲ အဝေးကွင်း (အပြင်ကွင်း) မှာ ရှုံးလိမ့်မယ်ဆိုတဲ့ အဖြေထုတ်လို့ ရလိုက်ပါတယ်။ တကယ်လည်း (၂-၁)နဲ့ မန်ယူရှုံးခဲ့တယ် မဟုတ်လား။ ဟို ပြီးခဲ့တဲ့ (၂)ပတ်က ပွဲနော်။

.

“တဘောင်” ဆိုတာကတော့ ကလေးတွေ၊ လူငယ်တွေ သူတို့ဟာသူတို့ လုပ်ပြီး သီဆိုကြတဲ့ ကဗျာတိုလေးတွေ နဲ့ သီချင်းမျိုး တွေဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်နဲ့သာမက တိုင်းပြည်တစ်ခုလုံး၊ ကမ္ဘာကြီးတစ်ခုလုံးနဲ့ပါ သက်ဆိုင်နေတတ် ပါတယ်။ မြန်မာနိုင်ငံမှာ သီပေါမင်း နန်းတက် လာတော့ ဒီလို တဘောင်ပေါ်ခဲ့ဘူးပါတယ်။

“တုန်းအောက်က သီတွန်၊ လူလွန်မသား၊ မုန့်ဆီကြော် အလယ်အက်၊ ပြည်ဖျက်မယ့်သား” တဲ့။ တုန်းအောက်က သီတွန် ဆိုတာ “သီပေါမင်းဟာ မင်းတုန်းမင်းရဲ့ သားတော်တစ်ပါးမဟုတ်လား။ “တုန်း” က “မင်းတုန်း” ၊ “သီ” က “သီပေါ” ။ လူလွန်မသား ဆိုတာ သီပေါမင်းရဲ့ မယ်တော်ဟာ လူ့ဘောင်လောကကို လွန်မြောက်ပြီး သီလရှင်ဝတ်သွားလို့ “လူလွန်မ,သား” လို့ တင်စား ပြောတာဖြစ်ပါတယ်။ “မုန့်ဆီကြော်အလယ်အက်” ဆိုတာကတော့ ကျွန်တော် အသေအချာ မသိပါဘူး။ ကာရံညီအောင် ညှိထားတာလို့ ထင်ပါတယ်။ “ပြည်ဖျက်မယ့်သား” ဆိုတာကတော့ ရှင်းပါတယ်။ သူရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းလို့ တိုင်းပြည်ပျက်ပြီး အင်္ဂလိပ် လက်အောက် ကို ရောက်သွားတာပေါ့။

.

နောက်တစ်ခါ အင်္ဂလိပ်ပြေးပြီးခါနီးတော့ ကျွန်တော့်တို့ အမေရဲ့ ဇာတိဖြစ်တဲ့ ရေနံချောင်းမြို့မှာ အရူးမတစ်ယောက်က သူ့ဟာသူ သဲပုံစေတီ တစ်ဆူ တည်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ “အရူးမ ဘုရားတည်၊ တန်ခူးလ ကုလားကွယ်” ဆိုတဲ့ တဘောင်တစ်ခု ဖြစ်လာပါတယ်။ တကယ်လည်း တန်ခူးလလောက်မှာ ဂျပန်တွေဝင်လာပြီး ကုလားလို့ခေါ်တဲ့ အင်္ဂလိပ်တွေ အိန္ဒိယ ကို ဆုတ်ခွာပြေးရပါတယ်။

.

တစ်ခါ ဂျပန်တွေ ဝင်လာတော့လည်း လ ကို သောကြာကြယ်ဖောက်သွားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်လာပြီး – “ လ ကို ကြယ်ဖောက် ဂျပန်ရောက်၊ ရောက်သည့် ဂျပန် (၃)နှစ်ခံ” ဆိုတဲ့ တဘောင်ပေါ်လာပါတယ်။ ဂျပန်ဟာ မြန်မာပြည်ကို ၁၉၄၂ ခုနှစ်မှာ ဝင်လာပြီး ၁၉၄၅ ခုမှာ စစ်ရှုံးလို့ ဂျပန်အုပ်ချုပ်ရေး ပြီးသွားတဲ့အတွက် ဒီတဘောင်ဟာလည်း မှန်တယ်လို့ ဆိုရမှာပါ။

.

ဖ.ဆ.ပ.လ ခေတ်မှာ တည်မြဲပါတီနဲ့ သန့်ရှင်းပါတီတို့ အပြိုင်အဆိုင်မဲဆွယ်နေကြတဲ့ အချိန်မှာ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခရဲ့ “ဘဝသံသရာ” ဇာတ်ကားကြီးပေါ်ထွက်လာပြီး အဲဒီဇာတ်ကားထဲမှာပါတဲ့ “ ဘဝသံသရာ၊ ရှည်လျားထွေပြား၊ မနေမနား တစ်သွားတည်းသွားကြတာ – - – ဘယ်ဟာ မတည်မြဲ၊ ဖောက်လွဲဖောက်ပြန်၊ အကြောင်းမှန် ကမ္မသကာ – - -) ဆိုတဲ့ သီချင်းဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ ဒါကိုတော့ တေးသီချင်း “ဘဝေါ” အမျိုးအစားထဲမှာ ပါလိမ့်မယ်။ “ဘယ်ဟာ မတည်မြဲ” ဆိုတဲ့ အတိုင်း တည်မြဲ ပါတီဟာ မတည်မြဲတော့ဘဲ သန့်ရှင်းပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

.

အတိတ်၊ နိမိတ်၊ တဘောင်တွေကို ဖြစ်လာတဲ့ နေရာမှာ “ကလေးရယ်၊ သူရူးရယ်၊ သဘင်သည်” တွေရယ်ဟာ တော်တော် အရေးကြီးတဲ့ ကဏ္ဍမှာ ပါနေပါတယ်။ ကလေးတွေပြောတဲ့စကားနဲ့ သီချင်းတွေရယ် – အရူးတွေပြောတဲ့စကားနဲ့ အပြုအမူတွေရယ် – သဘင်သည်လို့ခေါ်တဲ့ အခုခေတ် ရုပ်ရှင်၊ ဗွီဒီယို၊ ဂီတပညာရှင်တွေရဲ့ သရုပ်ဆောင်မှုနဲ့ သီချင်းတွေဟာ “အတိတ်နိမိတ်” သဘောသာမက “ တဘောင်၊ ဘဝေါ ” လို့ခေါ်တဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ အကျိုးသက်ရောက်မှု ရှိနေတာကို ကျွန်တော် သတိထားမိပါတယ်။

.

အထူးသဖြင့် မြန်မာနိုင်ငံမှာ အဆိုတော်လို့ခေါ်တဲ့ သီချင်းသည်တွေရဲ့ သီချင်းတွေဟာ တိုင်းပြည်ရဲ့ တဘောင်၊ ဘဝေါတွေ ဖြစ်နေတာကို သတိထားမိပါတယ်။ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်လောက်မှာ Iron Cross တေးဂီတအဖွဲ့တွေရဲ့ သီချင်းတစ်ပုဒ်ဟာ တိုင်းပြည့်အနှံ့ အတော်ရေပန်းစားခဲ့ပါတယ်။ အဲဒါကတော့ “ရောဂါ” ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းရဲ့သံစဉ်လေးကလည်း အင်မတန်ကောင်းပါတယ်။ လူငယ်တိုင်းရဲ့ ပါးစပ်ဖျားမှာလဲ “ရောဂါ – ရောဂါ” နဲ့ပေါ့ ။ သိပ်မကြာပါဘူး၊ တစ်ချိန်တည်းလိုပါဘဲ။ ကမ္ဘာ့လူသားအားလုံးကို တုန်လှုပ်ချောက်ခြားသွားစေတဲ့ “ဆားစ်” ရောဂါတို့၊ “ကြက်ငှက်တုပ်ကွေး” ရောဂါတို့ ပေါ်လာ ပါတော့တယ်။

.

အခု ၂ဝဝ၈ ခုနှစ် သင်္ကြန်ကာလတုန်းက နေရာတိုင်းမှာ ကလေး၊ လူကြီး အားလုံး သီဆိုနေတဲ့ သီချင်းတစ်ပုဒ်ကို လူတိုင်း သတိထားမိကြမှာပါ။ အဲဒါကတော့ “အိုးလေးလှုပ်ပါဟေ့၊ အိုးလေးလှုပ်ပါဟေ့” ဆိုတဲ့ သီချင်းပါ။ တစ်ချို့က “အိုးလေးတွင် အားမရဘဲ အိုးကြီးလှုပ်ပါဟေ့၊ အိုးကြီးလှုပ်ပါဟေ့” ပါ ဖြစ်ကုန်ကြရော။

.

အဲဒီတုန်းက ကျွန်တော့်ရဲ့ မိတ်ဆွေလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ “မဟာဘုတ်သက္ခတ်ပညာရှင် ဆရာဦးအောင်ကြင်” က “ဆရာရေ – - ဒီသီချင်း ဒီလောက် ရေပန်းစားနေတာ ကျွန်တော်တော့ သိပ်ဘဝင်မကျလှဘူး။ “အိုး” ဆိုတာ ရေထည့်တာကို ပြောသလို အိမ်တစ်အိမ်ရဲ့ စီးပွားရေးကိုလည်းပြောတာဗျ။ အိုးလေးရော အိုးကြီးရော ဆိုတော့ နဲနဲရှိတဲ့လူကော၊ များများရှိတဲ့ လူကော လှုပ်ခတ်ပြီး ဒုက္ခရောက်ကြမယ့် ကိန်းခန်း ဘဲဗျ။ နောက်ပြီး “အိုးအိမ်ဦးစီး ဌာနတို့၊ အသက်အိုးအိမ်စည်းစိမ်တို့ – စသဖြင့် အိုး နဲ့ အိမ် နဲ့ တွဲခေါ်ကြတယ်မဟုတ်လား” “အိုး” ဆိုရင် “အိမ်” လည်းပါတယ်ဗျ။ “စည်းစိမ်(စီးပွား)လည်း ပါလိမ့်မယ်ဗျ” လို့ ကြိုတင် နိမိတ်ဖတ်ထားဘူးတယ်ဗျ။

.

သိပ်မကြာပါဘူးဗျာ။ “နာဂစ်” နှိပ်စက်လိုက်တာ မြန်မာနိုင်ငံသား တော်တော်များများရဲ့ အိုးအိမ်စည်းစိမ်တွေသာမက အသက်တွေပါ ဆုံးရှုံးသွားကြ ရတယ်မဟုတ်လား။ (အဲဒီနေ့က လေတွေတဝုန်းဝုန်း တိုက်နေတဲ့ မနက် (၄)နာရီလောက်မှာ ဆရာဦးအောင်ကြင်ဆီကို “ဆရာရေ – ဆရာ နိမိတ် ကောက်တာ မှန်လှချည့်လား” လို့တောင် လှမ်းပြီးဖုန်းဆက်မိသေးတယ်)

.

ဒါတောင်မှ ဒီနိမိတ်က မပြီးသေးဘူး ။ အခု အမေရိကန်နိုင်ငံက စလိုက်တဲ့ ဘဏ်ပျက်၊ စီးပွားပျက်ကပ်ဟာ ကမ္ဘာအနှံ့ထိအောင် နဲနဲရှိသူရော များများရှိသူရောပါ လှုပ်ခတ်နေပြီ မဟုတ်ပါလား။ ဒါကြောင့် တစ်ချို့ နိမိတ်၊ တဘောင် နဲ့ ဘဝေါတွေဟာ နိုင်ငံတစ်ခုအတွက်သာမက တစ်ကမ္ဘာလုံးနဲ့ပါ သက်ဆိုင်နေတတ်တယ်။ ဆက်သွယ်ရေးစနစ်တွေ သိပ်ကောင်းလာတဲ့ ခေတ်ကြီးမှာ ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုလိုဖြစ်လာပြီး “ကမ္ဘာ့ရွာကြီး” လို့တောင် တင်စားခေါ်ဝေါ်နေကြပြီ မဟုတ်လား။ ရွာအရှေ့ပိုင်းက ဖြစ်တဲ့ အဖြစ်အပျက်ဟာ ရွာအနောက်ပိုင်းက ချက်ခြင်းသိရသလိုဘဲ ကမ္ဘာ့တစ်နေရာက အဖြစ်အပျက်ဟာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးက သိနိုင်ကြတဲ့ အချိန်ကို ရောက်လာပါပြီ။ ဒါကြောင့် “အတိတ်၊ နိမိတ်၊ တဘောင်၊ ဘဝေါ” တစ်ခုဟာ မြို့ရွာတစ်ခု၊ နိုင်ငံတစ်ခုနဲ့သာမက တကမ္ဘာလုံးနဲ့ပါ သက်ဆိုင်လာပါပြီ။

.

ဒါကြောင့် အယူတော်မင်္ဂလာ လို့ ခေါ်တဲ့ “အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း” ဆိုတဲ့ ပညာတွေဟာ ခေတ်နောက်ကျတဲ့ အယူသည်းတဲ့ ပညာတွေမဟုတ်ဘဲ အကယ်ရှိ၊ အဟုတ်ရှိ၊ လက်တွေ့မှန်တဲ့ပညာများဖြစ်တယ်လို့ ကျွန်တော်ကတော့ လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေဟာ “နိမိတ်မရှိတဲ့ စကားများ မပြောကြနဲ့၊ မနက် စောစောစီးစီး ကျက်သရေမရှိတဲ့ စကားများ မပြောကြနဲ့” လို့ ဆိုဆုံးမလေ့ရှိကြပါတယ်။

.

အခုခေတ်လူငယ်တွေဟာ အဝတ်အစားကို ဖရိုဖရဲဝတ်လာကြပါတယ်။ အနက်ရောင်တွေ၊ အရိုးခေါင်းပါတဲ့တီရှပ်တွေ၊ တမင်တကာ စုတ်ပြဲအောင်လုပ်ထားတဲ့ အင်္ကျီဘောင်းဘီတွေ ခေတ်စားနေကြတာဟာ ဘယ်လိုမှ နိမိတ်ကောင်း မဖြစ်နိုင်ပါဘူး။ အနက်ရောင်ဟာ တကယ်တော့ စနေဂြိုဟ်ရဲ့အရောင်၊ ဒုက္ခ နဲ့ မရဏ ရဲ့ အရောင်။ ဝမ်းနည်းကြေကွဲမှုရဲ့အရောင်ပါ။ အရိုးခေါင်း ဆိုတာကလည်း သေခြင်းတရားကို တိုက်ရိုက်ရည်ညွှန်းနေတာပါ။ အစုတ်အပြဲတွေ တမင်ဖြစ်အောင်လုပ်ဝတ်နေကြတာလည်း အစုတ်စုတ် အပြတ်ပြတ် ဖြစ်တော့မလားလို့ စဉ်းစားစရာပါ။ ရှာထိုးဦးထုပ်တွေကို နောက်ပြန်ဆောင်းနေကြတာဟာလည်း ရှေ့ကို တက်လှမ်းဖို့ မညွှန်ပြတော့ဘဲ နောက်ပြန်ဆုတ်ဖို့ ညွှန်ပြနေတဲ့ နိမိတ်လို့ ယူဆစရာပါ။ ဒါကြောင့် ဒီလိုဝတ်စား နေတာတွေကို မြင်ရတာ လုံးဝ စိတ်မချမ်းသာ စရာပါဘဲ။

.

နောက်တစ်ခုလူငယ်တွေစကားပြောလိုက်ရင် “သေ” စကားက အမြဲပါတာကို သတိထားမိပါတယ်။ “အသေမုန်းတယ်” တို့ ၊ “အသေကြိုက်တယ်” တို့၊ “အသေမိုက်တယ်” တို့၊ “သေပြီဆရာ” တို့။ ဒါတွေကလည်း လုံးဝမကောင်းပါဘူး။ “စကားနောက်၊ တရားပါ” ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အခုခေတ်မှာ နာရေးကြော်ငြာကို ကြည့်လိုက်ရင် အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ သေတဲ့သူတွေ ပိုများလာတာကို သတိပြုမိကြမှာပါ။ ဒါကြောင့် “သီးမှည့် တဝင်းဝင်း၊ သီးကင်းတဖြုတ်ဖြူတ်” ဆိုတဲ့ စကားပုံပေါ်လာတာပါ။ အသက်ကြီးတဲ့လူတွေက အသေနည်းပြီး အသက်ငယ်တဲ့သူတွေ အသေပိုများ လာတဲ့ခေတ် ဖြစ်နေပါတယ်။

.

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ဇာတိမြို့ကလေးမှာ “နာရေး” ဖြစ်ပြီ ဆိုရင် အဖိုးကြီး အဖွားကြီး တွေဘဲများပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့များ သေတယ်ကြားရင် အထူးအဆန်းလုပ်ပြီး သွားကြည့်ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လတုန်းက မိဘဘိုးဘွားတွေကို ကန်တော့ဖို့ အညာကို ပြန်သွားတဲ့အခါ ဟိုလူငယ်လေးကို မတွေ့လို့မေးကြည့် – သေသွားပြီ (AIDS နဲ့) ။ ဒီကလေးကို မတွေ့လို့ မေးကြည့် သေသွားပြန်ပြီ – (အရက် နဲ့) ။ ဟိုချာတိတ် မတွေ့ပြန်လို့ မေးကြည့်၊ ရွှေသွားတူးရင်း သေသွားပြီ (ငှက်ဖျား နဲ့) ။ လူငယ်လေးတွေ သိပ်သေကြတယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ လူငယ်ဘဝ နဲ့ သေခြင်းတရားနဲ့ဟာ ဘာမှ မဆိုင်သလိုပါဘဲ။

.

“စကားနောက် တရားပါ” ဆိုတာနဲ့ ပတ်သတ်ပြီး ပြောရဦးမယ်။ ကျွန်တော်တို့ ဇာတိမြို့လေးက ရပ်ကွက်ထဲမှာ အပျိုကြီး တစ်ယောက် ရှိတယ်။ အပျိုကြီးဆိုတော့ သုံးစွဲမယ့် လင်သား၊ သားသမီးကလည်းမရှိ၊ ကပ်စေးကလည်း အလွန်နဲတော့ အသက် (၅ဝ)လောက် ဆိုရင်ဘဲ ရွှေငွေပစ္စည်းက တော်တော်လေး စုမိနေပြီ။ အဲဒီတော့ ဆွေမျိုးမိတ်ဆွေတွေက အဆင်မပြေလို့ သူ့ဆီလာပြီး ချေးငှားရင် ဘယ်တော့မှ ချေးလို့မရပါဘူး။ “ပိုက်ဆံများ – - မရှိပါဘူးတော်” ဆိုတာ သူ့လက်သုံးစကား။ အမြဲတမ်း မရှိကြောင်း ပြောတတ်တယ်။ ဒီလိုနဲ့ အသက်(၆ဝ)ကျော်လာတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ လက်ထဲရှိတဲ့ ရွှေငွေတွေဟာ တတိတိနဲ့ ကုန်ဆုံးလာလိုက်တာ ကွယ်လွန်ချိန်မှာ သူပြောသလို “ဘာဆို ဘာမှ မရှိတော့ဘဲ” ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားရရှာပါတယ်။

.

ဒါကြောင့် တတ်သိနားလည်းတဲ့ ရှေးလူကြီးသူမတွေဟာ “ကိုယ့်မှာ ဘယ်လောက်အဆင်မပြေပြေ၊ မရှိစကားတော့ မပြောကြနဲ့ ဟေ့” လို့မှာသွားကြတာပါ။ မရှိတာကို ရှိချင်ယောင်ဆောင်ပြီး၊ ကြွားဖို့ မဟုတ်ပါ။ မရှိသေးပေမယ့်၊ တညည်းညည်း တညူညူ လုပ်မနေဘဲ အနာဂါတ်မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြဖို့ ပြောတာပါ။

စဉ်းစားစရာ ရှိတာက ဖြစ်ပေါ်လာတဲ့ အကောင်း/အဆိုး ကိစ္စတွေဟာ – တကယ် ဖြစ်ကို ဖြစ်ရမှာမို့ အတိတ်နိမိတ်က ပေါ်လာတာလား။ အတိတ်နိမိတ်မကောင်းတာတွေကို ပြောဆိုလုပ်ကိုင်မှုတွေကြောင့် မကောင်းတာတွေဖြစ်လာကြသလား ဆိုတာတော့ အတော်ပြောဖို့ ခက်ပါတယ်။ နောက်ဆုံးတော့ တစ်ခုတစ်ခုဟာ “ အညမည” သဘော ၊ “ပဌာန်း” သဘော နဲ့ အပြန်အလှန် အထောက်အကူပေးပြီး အကျိုးပြု နေကြတယ်လို့သာ ကောက်ချက်ချမိ ပါတော့တယ်ဗျာ။

.

ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီး မိမိရဲ့အိမ်၊ မိမိရဲ့မြို့၊ မိမိရဲ့ နိုင်ငံ တတ်နိုင်သရွေ့ကောင်းစားကြရအောင် ကျက်သရေ မင်္ဂလာရှိတဲ့ အပြောအဆို နဲ့ ဝတ်စားဆင်ယင်မှုလေးတွေကို ကိုယ်တိုင်လည်းလုပ်၊ မိမိသားသမီး၊ ညီငယ် ညီမငယ်တွေ၊ ခင်မင်ရင်းနှီး တဲ့ မိတ်ဆွေတွေ (အထူးသဖြင့် ဆယ်ကျော်သက်များ) ကိုလည်း စည်းရုံး ပြောဆို ပေးနိုင်ကြမယ် ဆိုရင် “အညမည” သဘော၊ “ ပဌာန်း” သဘောအရ အချင်းချင်း အပြန်အလှန်အထောက်အကူဖြစ်ပြီး ကောင်းမြတ်သာယာ မင်္ဂလာရှိတဲ့ ကိစ္စတွေ ဖြစ်ထွန်းပေါ်ပေါက် လာလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ ခင်ဗျား။

.

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခု)

.

Share

lottery

.

ဒီခေါင်းစဉ်ကို ကြည့်ပြီး ဒီလူ့နှယ် ဘယ်လိုပါလိမ့်။ “ဂေါက်” များ ဂေါက်နေသလား လို့ ထင်ချင်ထင်မိမယ်။ ဟုတ်တယ်လေ။ ထီပေါက်ပါတယ်ဆိုမှ ကံကောင်းလို့ ပေါက်တာပေါ့။ ကိုယ်ကိုယ်တိုင် ပင်ပင်ပန်းပန်းမရှာရဘဲ ဗြုန်းကနဲ ပိုက်ဆံတွေ သိန်း,သန်းချီပြီး ကိုယ့်လက်ထဲ ရောက်လာတာကိုမှ ကံကောင်းတာ မဟုတ်ရင် ဘယ်ဟာကို ကံကောင်းတာလို့ ဆိုကြမလဲ။ ဒီလိုဘဲ ပြောကြမှပေါ့။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်က ဒီလိုဘဲ ထင်ခဲ့ပါတယ်။ ထီဆုကြီးကြီး အရမ်းပေါက်ချင်လို့ ထီတွက်ကိန်း မျိုးစုံကို ဗေဒင်ကျမ်းအမျိုးမျိုးမှာ မွှေနှောက် ရှာဖွေ၊ နည်းတစ်နည်း နဲ့ တစ်နည်း ပေါင်းစပ်ကြည့်၊ နည်းသစ်တီထွင်ကြည့်နဲ့ (၄-၅-၆) နှစ်လောက် အချိန် ကုန်ခဲ့ဘူးပါတယ်။ ထီပေါက်ကိန်း ရှိ/ မရှိ နဲ့ ဆုပမာဏ ဘယ်လောက် ပေါက်မလဲ။ ဘယ်ဂဏန်းတွေကို ထိုးရမလဲ ဆိုတာကိုတောင် ပရိုဂရမ် ရေးထားပါတယ်။ အခုကျွန်တော့်ဆီမှာ အဲဒီ ပရိုဂရမ် ရှိနေပါတယ်။ ဒီပရိုဂရမ် အတိုင်းတွက်ချက်ပြီး လက်တွေ့ပေါက်တဲ့ သူတွေလည်း ရှိပါတယ်။ သတင်းစာထဲမှာ ကြော်ငြာ ထည့်ဘူးပါတယ်။

ကိုယ်ကိုယ်တိုင် ထီမပေါက်တော့ ထီဆုကြီး ပေါက်တဲ့လူတွေကို လိုက်ရှာ။ သူတို့ရဲ့ ဇာတာကို လေ့လာကြည့်ရင်းနဲ့ ရင်းနှီးလာ ကြချိန်မှာ သူတို့ရဲ့အကြောင်းတွေကို ဂဃနဏ လေ့လာကြည့်လိုက်တော့ – ထီဆုကြီးပေါက်တဲ့သူတွေ အတော်များများဟာ ထီပေါက်ပြီး (၁) နှစ် ကနေ (၃) နှစ်လောက် အတွင်းမှာ ပေါက်ခဲ့သမျှငွေတွေဟာ နည်းအမျိုးမျိုးနဲ့ ကုန်သွားပြီး ဖြူခါပြာခါကျသွားတာကို အတော် များများ တွေ့လာရပါတယ်။ အဲဒါတွေတွင်ဘဲလားဆိုတော့ မပြီးသေးဘူးဗျ။ ကျန်တဲ့ အိမ်တွင်းရေး ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးတွေ မှာပါ လာပြီး ထိခိုက်လာတာကို အသေအချာ သတိထားမိလာပါတယ်။

Continue reading

Share

.
ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေး ပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက် လုပ်ငန်းရှင်လေး တစ်ဦး ဖြစ်ခဲ့တော့ ဆိုတော့ ဒီဘာသာရပ်တွေကို တော်တော်လိုက်စားခဲ့ဘူးပါတယ်။ လက်ရိုး၊ လက်ဆန်း၊ သင်္ချာဗေဒ၊ ဟူးရား ဗေဒင် နည်းအမျိုးမျိုး၊ လမ်းအစုံစုံ နဲ့ နေ့မအိပ်၊ ညမအိပ်ကို တွက်ခဲ့ ချက်ခဲ့ဘူးပါတယ်။

အဲဒီတုန်းကတော့ဗျာ – ငယ်ရွယ်သူလည်းဖြစ် ၊ ကြီးပွားချမ်းသာချင်စိတ်ကလည်း အလွန်များခဲ့တော့ ကုန်ဈေးနှုန်း အတက် အကျ သာမက ယိုးဒယားချဲထီ တို့ ၊ ဘောလုံးပွဲတို့လည်း အသေအလဲ တွက်ခဲ့ တာပေါ့ဗျာ။ လုံးဝနီးပါး မှန်ကန်တဲ့ ဖော်မြူလာ တစ်ခုတော့ ကျိန်းသေ ရှိရမယ်လို့ ယူဆခဲ့တာပေါ့။
ဒါပေမယ့် အမှန် နဲ့ အမှား ပိန်မသာ၊ လိမ်မသာဖြစ်ရုံကလွဲပြီး သူဌေးလည်း ဖြစ်မလာခဲ့ပါဘူး။ မှန်ကန်တဲ့ ရာနှုန်းက နည်းပါတယ်။ နောက်ပိုင်း မှားတာက ပိုများလာလို့ လက်လျော့လိုက်ရပါတယ်။နောက်တော့မှ သိလာတာက ဒီလို မှန်ကန်တဲ့ ရာနှုန်း ဘာကြောင့် နည်းလာရသလဲဆိုရင် ဗေဒင်ပညာက မမှန်လို့ မဟုတ်ဘူး ဗျ။ “လောဘ” ဆိုတဲ့ နိမ့်ကျတဲ့စိတ်ကြောင့် အမှားများရတာပါ။အခုနေ လူတစ်ယောက်ကို ဗေဒင်တွက်ကြည့်။ အနည်းဆုံး (၇၅) ရာနှုန်းမှန်ရမယ်။ ဒါပေမယ့် အလောင်းအစားနဲ့ ပတ်သက်လာရင် “လောဘ” ပါလာတဲ့အတွက် ညစ်နွမ်းသွားပြီး အမှန်တရားတွေ ပျောက်ကွယ်လာရတာဖြစ်ပါတယ်။ မှန်ကန်မှု ရာနှုန်းဟာ (၅ဝ) ရာနှုန်း အောက်ကို ကျလာခဲ့တယ်။ (၅ဝ) ရာနှုန်းအောက် ကျပြီ ဆိုကတည်းက ရှုံးပြီပေါ့ဗျာ။ ဒီလိုသိလာတဲ့ အချိန်ကစပြီး အလောင်းအစားတို့၊ ကုန်လှောင်တာတို့ကို လုံးဝစွန့်လွှတ်ခဲ့ပါတယ်။ Continue reading
Share

အမေရိကန်နိုင်ငံ , အိုဘားမားနဲ့ (4)ဂဏန်း အကြောင်းကို ရေးပြီးတော့ (4)ဂဏန်း အကြောင်းကို ဆက်ပြီး ရေးချင်စိတ် ပေါ်လာလို့ ရေးလိုက် တယ်ဗျာ။ ဗဟုသုတပေါ့။

(4)ဂဏန်းဟာ ဂဏန်းဗေဒင်ပညာမှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂဏန်း တစ်ခုပါ။ (4)ဂဏန်းဟာ ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇော ဆိုတဲ့ မူလဘူတ ဓါတ်ကြီး (4)ပါးကို ကိုယ်စားပြုတဲ့ ဂဏန်းပါ။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပဋိစ္စသမုပ္ပဒ်ဆိုတဲ့ သစ္စာတရားဟာ (4)ပါးရှိပါတယ်။ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ နဲ့ နိယောဓ သစ္စာတို့ ဖြစ်ပါတယ်။ လောကမှာ “ပညတ်” တရားတွေ ဘယ်လောက် များများ၊ “ပရမတ်” တရားကတော့ (4)ခုသာ ရှိပါတယ်။ “စိတ်၊ စေတသိက်၊ ရုပ် ၊ နိဗ္ဗာန်” တို့ဘဲဖြစ်ပါတယ်။ (4)ဂဏန်း အတွဲပါဘဲ။

နောက်ပြီး မဟာဘုတ်ပညာမှာ သုံးတဲ့ “အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ” ဆိုတာ တကယ်တော့ ဂြိုဟ်တစ်ခု နဲ့ တစ်ခု “စတုရန်း အစီအစဉ်နဲ့” ချထားတာ မဟုတ်ပါလား။ ဂြိုဟ်တစ်ခုကနေ ဂြိုဟ်တစ်ခုကို (4)ခုမြောက် ရေတွက်ပြီး ချထားတာဖြစ်တယ်။ (၁ – ၄ – ဝ – ၃ – ၆ – ၂ – ၅ )
Continue reading

Share

obama8

.

ကျွန်တော်တို့မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်၊နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်း ထားသလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်သွား ခဲ့ပါပြီ။

ရွေးကောက်ပွဲ မတိုင်မှီကတည်းက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာကို တွက်ချက် ကြည့်ရင်းနဲ့ နိုင်ချေရှိတဲ့ ဘားရက်အိုဘားမား ရဲ့ မွေးဂဏန်းကို သင်္ချာဗေဒ (Numerology) ပညာနဲ့ လေ့လာ ကြည့်တဲ့ အခါမှာ ထူးခြားချက် တွေ တွေ့လာရပါတယ်။

အမေရိကန်နိုင်ငံဟာ (၄) ဂဏန်း စိုးမိုးတဲ့ နိုင်ငံတစ်ခုလို့ပြောရင် မမှားပါဘူး။ လွတ်လပ်ရေးနေ့ဟာ ဂျူလိုင်လ (၄) ရက်ဖြစ်သလို၊ ဂျူလိုင်လ (၄) ရက်နေ့ဟာ ကရကဋ်ရာသီခွင် ဖြစ်လို့ မိဿရာသီ ကနေ စပြီးရေရင် (၄) ခုမြောက် ရာသီ ဖြစ်နေပြန်ပါတယ်။ တစ်ခါ အမေရိကန် လွတ်လပ်ရေး ကြေငြာလိုက်တဲ့ ၁၇၇၆ ခုနှစ်ဟာလည်း ရာစုဂဏန်းဖြစ်တဲ့ ၁၇ ကို ဖယ်ထားပြီး ဆယ်စုနှစ်ဂဏန်းကို ပေါင်းလိုက်ရင် (၇+၆)=၁၃=၁+၃= (၄)ဂဏန်းဘဲ ရပါတယ်။

နောက်ပြီး အမေရိကန်နိုင်ငံကို အင်္ဂလိပ်ကိုလိုနီဘဝကနေ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့တဲ့ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန်ဟာဆိုရင်လည်း (၂၂)ရက်နေ့မွေးတဲ့ (၄)ဂဏန်းသမားဖြစ်ပါတယ်။ သူနဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန် လွတ်လပ်ရေး ကြေငြာစာတမ်းကြီးကို ရေးသား ကြေငြာ ခဲ့သူ (၃)ဦးမြောက် သမ္မတ ဖြစ်တဲ့ သောမတ်ဂျက်ဖာဆန် ဟာလည်း (၁၃)ရက်နေ့မှာ မွေးတဲ့ (၄)ဂဏန်းသမားတစ်ဦးပါ။

ဒီလို အမေရိကန်နိုင်ငံတည်ထောင်ခဲ့တာ (၂ဝဝ) ကျော်လွန်လာခဲ့ပြီး သမ္မတအယောက်ပေါင်း (၄၃)ယောက် တက်လာခဲ့တဲ့နေရာမှာ ထူးခြားချက်ကြီး တစ်ခုကို သွားတွေ့မိပါတယ်။

Continue reading

Share

Reports to my Friends !

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ