.
ပိတ်ထားသည်မှာ ကြာလှပြီ ဖြစ်သော အမေး/အဖြေ ကဏ္ဍကို ယနေ့ 21.8.2010 မှ စ၍ – ပြန်လည်ဖွင့်လှစ် လိုက်ပါသည်။ ဗေဒင် မေးမြန်းလိုသူများ အနေဖြင့် အောက်ပါ စည်းကမ်းချက်များကိုမူ အတိအကျ လိုက်နာရန် လိုအပ်ပါသည်။
.
စည်းကမ်းချက်များ
(A) မိမိ သိလိုသော မေးခွန်းအကြောင်းအရာ တစ်ခုကို “မေးခွန်းတို” (Short Question) ပုံစံဖြင့်မေးပါ။ အထွေထွေ ဗေဒင် တို့၊ ကံဇာတာလေး ကြည့်ပေးပါ တို့ ဆိုတဲ့ မေးခွန်းမျိုး တွေကို ဖြေပေးမည် မဟုတ်ပါ။ (လူက များပြီး အချိန်ပေးနိုင်မှုက နည်းခြင်းကြောင့် ဖြစ်ပါသည်)။ တစ်ကြိမ်လျှင် မေးခွန်း အမျိုးအစား တစ်ခု ဖြစ်ရပါမည်။ အိမ်ထောင်ရေးက တစ်ခု/ ရာထူး တက်မတက်က တစ်ခု/ ကျန်းမာရေးက တစ်ခု – စသည်ဖြင့် ပေါင်းစပ်ပြီး မေး၍ မရပါ။ ဟူးရားဗေဒင် နည်းစနစ်အရ ဟူးရားဂဏန်း နံပါတ် တစ်ခုသည် မေးခွန်းအမျိုးအစား တစ်ခုနှင့်သာ သက်ဆိုင်ပါသည်။
.
(B) မွေးသက္ကရာဇ် ရက်/လ/ခုနှစ်/နေ့သားသမီး ကို “ခရစ်သက္ကရာဇ်” ဖြင့် ပေးရပါမည်။ မြန်မာခုနှစ်တွေက လဆန်း/လဆုတ်တွေ မှန်မမှန် နှစ်တရာ ပြက္ခဒိန်နဲ့ တိုက်ကြည့်နေရလို့ အချိန်ကုန်ပါသည်။ အထူးသဖြင့် ကိုယ်ဘာနေ့ သားသမီးဆိုတာ ထည့်ပေးပါ။ (ကိုယ့် ချစ်သူ/အိမ်ထောင်ဘက် ပါလျှင်လည်း ထိုကဲ့သို့ပင် စုံစုံလင်လင် ထည့်ပေးပါ။
.
(C) နံပါတ် (1) ကနေ (108) အတွင်း ဂဏန်းတစ်ခုကို ဒီဆော့ဝဲလ်လေးကို Download လုပ်ပြီး ဂဏန်းရှာကြည့်ပါ။ ဒီနေရာလေးကို Click နှိပ်လိုက်ပါ။ ။ ဒီဂဏန်းဟာ “ဟူးရား” နည်းစနစ်နဲ့ ဟောမှာမို့ အလွန်အရေးကြီးပါသည်။ (အကြိုက်ဆုံး ဂဏန်းကို မေးတာမဟုတ်ပါ) Random ဂဏန်းကို လိုချင်တာဖြစ်ပါသည်။
.
(D) မေးခွန်းကို အတတ်နိုင်ဆုံး မြန်မာလိုဘဲ ရေးပါ။ မြန်မာလို ဘယ်လိုမှ မရိုက်တတ်ရင်လည်း အင်္ဂလိပ်စာ စစ်စစ်နဲ့ မေးပါ။ မြန်မာအသံထွက် ကို အင်္ဂလိပ်စာနဲ့ ပေါင်းရေးတာမျိုးကတော့ မဖတ်တတ်ပါခင်ဗျား။
.
(E) လူဦးရေ အလွန်များပြားလွန်း၍ လူတစ်ဦးလျှင် တစ်လအတွက် တစ်ကြိမ်သာလျှင် မေးခွန်းမေးခွင့် ပြုတော့မည် ဖြစ်ပါသည်။ နောက်တစ်ကြိမ် မေးလိုလျှင် (တစ်လတိတိ ပြန်စောင့်ရမည်)။ အခြားသူများအားလည်း ဦးစားပေးရဦးမည် ဖြစ်ပါသည်။
.
ချွင်းချက်
ဗေဒင်မေးမြန်းလိုသူသည် Facebook စာမျက်နှာရှိ Baydathukhuma Group ၏ အသင်းသား/အသင်းသူ ဖြစ်ရန်ဟူသော စည်းကမ်းချက် အသစ်ကို မူလက ပြဌာန်းရန် ရည်ရွယ်သော်လည်း . . . Facebook စာမျက်နှာကို အချို့နေရာများမှ ၀င်ရောက်ရန် ခက်ခဲခြင်း / အချို့မှာ မ၀င်တတ်ခြင်းတို့ကြောင့် အသင်းဝင်ရန် အခက်အခဲရှိသည်ဟု ကြားသိရပါသည်။ သို့ဖြစ်၍ ၎င်းအချက်ကို ပြန်လည် ပယ်ဖျက်လိုက်ပါသည်။ သို့သော် လူဦးရေ အလွန်များပြား လာလျှင်မူ အသင်းဝင်ဖြစ်သူများကို ဦးစားပေး ရမည်ဖြစ်ပါသည်။
.
ထို့ပြင် “အရေးပေါ် ကျန်းမာရေး ကိစ္စ” များကိုမူ အချိန်မရွေး မေးမြန်းခွင့် ပြုပါသည်။ သေရေး ရှင်ရေး ကိစ္စများအတွက်မူ အချိန်ပြည့် တံခါးဖွင့်ထားပါသည်။
.
အထက်ပါ (A) (B) (C) (D) (E) အချက်များနှင့် ကိုက်ညီမှု မရှိသော မွေးခွန်းများကို ဖြေကြားပေးမှာ မဟုတ်ပါ။ မိမိမေးခွန်း ဖြေဆိုထားခြင်း မရှိလျှင် စည်းကမ်းချက်များကို ပြန်ဖတ်ပါ။ စိတ်မရှိစေလိုပါ။
ထို့ပြင် မွေးသက္ကရာဇ် နှင့် ဟူးရားနံပါတ် မပါသော မေးခွန်းများကိုမူ “နေရာအခက်အခဲကြောင့်” ဖျက်ပစ်ရဖွယ် ရှိပါသည်။ သို့ဖြစ်၍ မိမိ မေးခွန်း ပျောက်ဆုံးနေလျှင် Data မစုံသောကြောင့် Cancel လုပ်လိုက်ခြင်း ဖြစ်ပါလိမ့်မည်။
.
ညီအစ်ကို မောင်နှမ များ နှင့် ချစ်မိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
.
Admin
BayDaThuKhuMa.Com
.





ဆရာ…ပြန်ဖွင့်ပြီဆိုလို့ မေးပါရစေ..ကျွန်မမှာ အခု အချစ်ရေးနှင့် ပတ်သက်ပြီး မေးချင်တာလေးရှိပါတယ်ဆရာ… ကျွန်မ မွေးနေ့က အင်္ဂလိပ်လို ၂၂.၁၂.၁၉၇၉ ပါ.. စနေသမီး.. ချစ်သူက ၁၇.၈.၁၉၇၉ သောကြာသားပါ.. သူနဲ့ကျွန်မ အခုတလော အဆင်မပြေ၊ အဆက်အသွယ်လည်း မရတာကြာနေပါပြီ… သူ့မှာ တခြားတယောက်ရှိနေပြီ၊ ကျွန်မကို တမင်မဆက်သွယ်ချင်တော့တာလို့ ကျွန်မထင်နေပါတယ်… အဲဒါ သူနဲ့ ကျွန်မ ရှေ့လျောက်အဆင်ပြေပါ့မလား.. ပြန်ပြီးပြေလည်မယ့် အခွင့်အလမ်းရှိပါသေးလားဆိုတာ သိချင်ပါတယ်ဆရာ..ဟူးရား ဂဏန်းက ၅၂ ရပါတယ်…. ကျေးဇူးတင်စွာဖြင့်
ဆရာရေ…ပြင်ဆင်ချက်လေးပါ..
မွေးနေ့က ၁၉၇၉. ၁၂လ.၂၂ရက်..စနေပါ…ချစ်သူက ၁၉၇၉. ၈ လ. ၁၇ ရက် သောကြာပါ..
Sagaarphyu သို့
သောကြာသား နဲ့ စနေ သမီး ၊ ရှေ့လျှောက် အဆင်ပြေဖို့ သိပ်မရှိနိုင် တော့ပါ။ ပြန်အဆင်ပြေရင်လည်း ခဏပါဘဲ။ ရေစက်ကုန်သလောက် ဖြစ်နေပါပြီ။ စိတ်လျှော့လိုက်တာဘဲ ကောင်းပါတယ်။
Dear sayar,
I was born on Sunday, May 11,1986. I would like to ask you about my family problem. My father and mother will be divorce soon at Court and they argue about their possesses. I would like to know who will be win? thank u
PS; Father has 2nd wife and secret family. my mom is Saturday born and father is Tuesday born. ,
EMS သို့
စနေသမီး နှင့် အင်္ဂါသား တရားတဘောင်ဖြစ်တဲ့နေရာမှာ ဘယ်သူမှ ပြတ်ပြတ်သားသား နိုင်မည်မဟုတ်ပါ။ ပိုင်ဆိုင်ခွင့် အညီအမျှစီလောက်ဘဲ ရပါမယ်။ တစ်ယောက်ယောက်က တစ်ဖက်သတ်နိုင်ဖို့ မဖြစ်နိုင်ပါ။
ဆရာရှင့်
၁၀.၀၃.၁၉၇၉ မွေး၊ စနေသမီးပါ။ ယခု စင်္ကာပူတွင် အလုပ်လုပ်နေပါသည်။ ဒီမှာ အစိုးရကျောင်းတတ်ချင်ပါသည် ဆရာ။ အဲဒါ သမီးဒီမှာ အလုပ်တစ်ဖက်ဖြင့် ပညာဆက်လက် ဆည်းပူးခွင့် ရှိ၊ မရှိ သိချင်ပါသည်ရှင့်။ ဟူးရား နံပါတ် က ၇၀ ပါဆရာ။ ကျေးဇူးတင်ပါတယ်။
NN သို့
အလုပ်တစ်ဖက် နှင့် ပညာဆက်သင်နိုင်ဖို့ အခွင့်အရေးက (50=50)% လောက်သာ ရှိပါသည်။ အတော်ကို ဆန္ဒပြင်းပြလွန်းမှ ရပါမည်။ အခက်အခဲများလွန်း၍ စိတ်ဓာတ်ကျ သွားတတ်ပါသည်။
ဆရာ
အမေးအဖြေ မှာမေးချင်ပေမယ့်ဘယ်ကမေးရမှန်းမသိလို့ပါဆရာ
ကျွန်မ မွေးနှစ် က 26.10.1976 အင်္ဂါသမီးပါဆရာ ဂဏန်း က 5 ပါဆရာ
ချစ်ဦးသူရော ၊ ဒုတိယချစ်သူရောလွဲခဲ့ရပြီးပါပြီ အိမ်ထောင်ကျနိုင်ပါဦးမလား
ကျခဲ့ယင်ရော ချစ်တဲ့သူဖြစ်ပါ့မလား မိဘသဘောတူနေသူတော့ရှိပါတယ်
ဒါလည်းကို့်ထက် 5 နှစ်လောက်ငယ်ပါတယ် ယခုကျွန်မချစ်မိသူကလည်း
ငယ်ပါတယ် 2 ယောက်ပဲထပ်ကြုံပါတယ်ဘယ်လိုလူနဲ့ဖူးစာကြုံရမှာပါလဲ
နောက်ထပ်ခံစားရဦးမှာလားကျေးဇူးပြုပြီးမေးပြန်ပို့ပေးပါဆရာ
ကျေးဇူးတင်စွာဖြင့်အားကိုးကြီးစွာမျှော်လင့်လျက်
Ma Sandar
Ma Sandar Soe သို့
မေးလ်ပို့ထားပါသည်။
မင်္ဂလာပါ….ဆရာ
ကျွန်တော့်…မွေးနေ့ ….17-11-1974 (Sunday)
ကျွန်တော်….အကြိုက်ဆုံးဂဏန်း …… ၉
အိမ်ထောင်ရေး အခြေအနေလေး သိချင်လို့ ပါ…ဆရာ…
ဘယ်လိုမိန်းကလေးမျိုးနဲ့ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
ကျွန်တော်…ဘယ် အသက်-အရွယ်လောက်မှာ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
အိမ်ထောင်ကျပြီးရင်ရော…အဆင်ပြေပါ့မလား..ဆ၇ာ..?
ကျေးဇူးပြုပြီး ဖြေကြားပေးပါ…ဆ၇ာ…
အစဉ်လေးစားလျှက်…
ကိုအောင်နိုင်ဝင်း (ANW)
ကိုအောင်နိုင်ဝင်း (ANW) သို့
အိမ်ထောင်ဘက်က ကိုယ်နဲ့ အသက်ကွာခြားတတ်ပါတယ်။ (များသောအားဖြင့် ငယ်တတ်တယ်) ။ ကိုယ့်ထက် ပညာ၊ ဥစ္စာ တစ်ခုခု သာပါမယ်။
အသက် (၃၉)(၄၀)(၄၁)မှာ အိမ်ထောင်ကျနိုင်ပြီး (၄၁)နှစ်က အဖြစ်နိုင်ဆုံးဖြစ်တယ်။
အသက် (၃၇)နှစ် မပြည့်မှီအတွင်း အိမ်ထောင်ကျလျှင် အိမ်ထောင်မမြဲတတ်ပါ။ ကွဲတတ်ပါသည်။
အိမ်ထောင်ကျပြီးရင်တော့ (အကြမ်းဖျဉ်း) အိမ်ထောင်ရေးကံ ကောင်းတဲ့အထဲမှာ ပါပါတယ်။
I was born on Saturday,14th November 1970. I am a government service official. Now I am studying Master Course in Thailand as state scholar. There is a promotion plan In my department in Myanmar, I would like to know my luck regarding promotion. Random No. is 12.
မ November သို့
ရှေ့လာမည့် တနှစ်အတွင်း ရာထူးတက်ကိန်း ရှိပါသည်။ သို့သော် ကိုယ့် စိတ်ကြိုက်ရာထူး ဖြစ်ဟန်မတူပါ။ ရာထူးတက်ပြီးလျှင် မသွားချင်သော နေရာကို သွားရပါဦးမည်။
hi..Sayar . Hope you are in good health . I want to ask a question to you sayar. Sorry for my English typing because i don’t know how to type Myanmar fonts. My question is ” we wanted to sell our Hostel Business( Renting rooms to Students ) ” . My partner name is Mr James Wong (DOB 28.04.1958 Monday ) & my name is Mary (DOB 8.2.1973 Thursday ). Random number is 8 . I want to know that how long have to wait for sell our business ; if can sell ? Thanks & Best Regards !
မ Mary သို့
ဒီကိစ္စက ဘ၀အလှည့်အပြောင်းဖြစ်သွားနိုင်လို့ အသေအချာ စဉ်းစား တွက်ချက်ထားပါတယ်။ ထွက်လာတဲ့ အဖြေအရ ဒီလုပ်ငန်းကို ရောင်းမယ်ဆိုရင် “မမေရီ” အတွက် ကောင်းတယ်။ အကျိုးအမြတ် ရှိမယ်။ Mr.James Wong အတွက် သိပ်မကောင်း လှဘူး။ ရှယ်ယာလုပ်သူ အချင်းချင်း ဘာကြောင့် ဒီလိုကွာခြား နေရလဲ မသိပါ။ ဒါကြောင့် ကျွန်တော့်ယူဆချက်အရ နှစ်ဦးလုံး အတွက် ရလဒ်ကောင်းထွက်ပါမှ ရောင်းသင့်တယ် ထင်ပါတယ်။ Mr.James Wong အတွက် ဒီလုပ်ငန်းရောင်းပြီးရင် နောက်လုပ်ငန်း လုပ်ဖို့အတွက် ငွေအရမ်းကြပ်သွားမယ့် အနေအထားမှာ ရှိနေပါတယ်။ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
Dear Sir,
Good day!
I was born on 23-Jul-1969 ,Wednesday evening around 5:30 ~ 5:55pm.
Random number is 108. My boyfriend was born on 23-Feb-1969, Sunday morning 00:30am. We would like to know when we can marry. Hope to receive your answer soon and we would much appreciate for your reply in advance.
Wish you have a good healthy and wealthy in your life.
Best regards,
Teresa Chen
နီးရက်နဲ့ ဝေး ဆိုတာလို ဖြစ်နေပါတယ်။ နှစ်ယောက်လုံးအတွက် လက်ထပ်ဖြစ်ဖို့ သိပ်မလွယ်သေးပါ။ တရားဝင်လက်ထပ်ဖြစ်ဖို့ အခွင့်အရေးမပေးသေးတာ တွေ့ရပါတယ်။ နောက်ထပ် တစ်နှစ်လောက် စောင့်ပြီး ပြန်မေးပါ။
အလုပ်ဘယ်တော့၇မှာလဲ18.12.1985…..အင်္ဂါသားပါ..
စိုးသူ သို့
အခုရောက်နေတဲ့ အသက်က အင်္ဂါသက္ခတ်ဖြစ်လို့ အလုပ်တော့ ရကိန်းရှိပေမယ့် တည်တံ့ခိုင်မြဲတဲ့ အလုပ်မဖြစ်နိုင်ပါ။ နောက်ပြီး ကိုယ့်စိတ်ကြိုက်လည်း ဖြစ်မှာမဟုတ်။ ရှေ့လာမယ့် (၃)နှစ်လုံး ကံမကောင်းပါ။
ဆ၇ာ၇ှင့် ကျမမွေးသက္ကရာဇ်က ၃၁၇က်သြဂုတ်၁၉၆၈ခုစနေညနေ၅နာ၇ီပါ.မွေးနေ့ပြီးလို့ေ၇ှ့နှစ်ထဲေ၇ာက်၇င်လက်၇ှိ
နေထိုင်နေတဲ့နိုင်ငံမှာတ၇ားဝင်နေထိုင်ခွင့်၇နိင်မ၇နှိင်လေးသိချင်ပါတယ်ဟူးရား ဂဏန်းက ၁၀၈ပါ.ဆ၇ာနဲ့မိသားစုစိတ်ေ၇ာကိုယ်ပါချမ်းသာကြပါစေ..
taryar သို့
မွေးနေ့ကျော်သွားပြီး နောက်ထပ် တစ်နှစ်အတွင်း “တရားဝင် နေထိုင်ခွင့်” မရနိုင်သေးပါ။ အခက်အခဲတွေ များနေပါဦးမယ်။ နောက်ထပ် တစ်နှစ်ထပ်စောင့်ရဖွယ် ရှိပါတယ်။
ဆ၇ာ
ကျနော့်မွေးသက္ကရာဇ်က ၂၀.၅.၁၉၇၃
ပါ.ဟူးရားဂဏန်းက7 ပါလက်၇ှိနေတဲ့နိုင်ငံမှာတ၇ားဝင်နေထိုင်ခွင့်ဘယ်တော့လောက်၇နိုင်မလဲ
သိချင်ပါတယ်ကျေးဇူးတင်ပါတယ်
ko htoo သို့
တရားဝင် နေထိုင်ခွင့်အတွက် အခြေအနေ မကောင်းသေးပါ။ လက်ရှိနိုင်ငံအပြင် နောက်ထပ် အပြောင်းအရွှေ့ဖြစ်နိုင်တဲ့ အနေအထားမျိုး ရှိနေပါသေးတယ်။ သိပ်အသေအချာကြီးတော့ မဟုတ်သေးပါ။ ဒါပေမယ့် တရားဝင်နေထိုင်ခွင့်အတွက် မကောင်းသေးပါ။
ဆ၇ာ
ခုနကမွေးနေ့ပြောဖို့မေ့သွားလို့ပါsunday ညနေ ၂၀.၅.၁၉၇၃ ပါ
ဆရာ ….. မင်္ဂလာပါ
သမီး မွေးနေ့က 6.11.1980 ပါ ။ ဟူးရားဂဏန်းက 27 ပါ
သမီးသိချင်တာက ဘ၀တလျှောက်မှာ နေထိုင်နိုင်မည့် ဘ၀အဆင့်အတန်း နဲ့
တိုင်းတပါးနိုင်ငံသွားပြီး အလုပ်လုပ်တဲ့အခါ အောင်မြင့်တဲ့လူ ဖြစ်နိုင်မဲ့ အသက်အပိုင်းအခြား
WMZ သို့
ဘ၀မှာ အဆင့်အတန်းမြင့်မြင့် နေထိုင်ရဖို့ကံ ပါပေမယ့် ဘ၀က လှုပ်ရှားရုန်းကန်ရမှုလည်း များမယ်(ဇိမ် နဲ့ မနေရပါ)။ နိုင်ငံရပ်ခြား အကျိုးပေးမယ်။ အသက် (၃၃)လောက်က စ,ပြီး အောင်မြင်မယ်။ အသက် (၃၃) ကနေ (၃၇)အတွင်း မြင့်မားတဲ့ တိုးတက်မှုတွေ ရမယ်။
ဆရာ.ကျွန်တော်မွေးနေ့က(၂၀.၁၀.၁၉၈၄) စနေသားပါ
ဒီတစ်သက်အိမ်ထောင်ကျနိုင်သလား?
ဘယ်အသက်အရွယ်လောက်အိမ်ထောင်ကျနိုင်သလဲ?
ဘယ်လိုမိန်ကလေးမျိုးနဲ့ကျနိုင်သလဲ?
ကျေးဇူးပြုပြိးဟောပေးပါအုံးဆရာ
မှတ်ချက်။ ။ အရေးကြီးတဲ့ “ဟူးရားဂဏန်း” မပါပါ။ စည်းကမ်းချက် ပြန်ဖတ်ပေးပါ။
ဆရာ
သမီး မွေးနေ့ 27-12-1983 ( အင်္ဂါ သမီး ) ၊ နံပါတ်က 62 ။
စီးပွားရေးအဖြစ် ဘာအလုပ်အကိုင်လုပ်ရင် အောင်မြင်နိုင်မလဲ၊ ဘယ်အသက်အပိုင်းအခြားလောက်မှာ စတင်လုပ်သင့်ပါသလဲ။
ကျေးဇူးတင်စွာဖြင့် ……
Atwo သို့
အကျိုးပေးနိုင်သော စီးပွားရေးတွေက – ဆေးဝါးဆိုင်ရာ၊ စက်မှုလက်မှု ဆိုင်ရာ၊ သင်ကြားပြသခြင်းဆိုင်ရာ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ စာ/နယ်/ဇင်း လုပ်ငန်းများ အကျိုးပေးတယ်။ ဒီခေတ်မှာ အလုပ်ပုံစံတွေများလွန်းလို့ ကိုယ်ဘာလုပ်ချင်တယ် ဆိုတာ တိတိကျကျသတ်မှတ်ပြီး မေးတာ ပိုပြီး ဘောင်ဝင်တယ်။ ဥပမာ – ဆေး နဲ့ ဆေးပစ္စည်း ဆိုင်ဖွင့်ချင်တယ်။ အောင်မြင်မလား၊ ပေါ့။ အခုဟာက ယေဘူယျ မေးခွန်းဘဲ။ တိတိကျကျ ဖြေမရပါ။ အသက်(၂၈)နှစ်ဟာ စီးပွားရေး စတင်လုပ်ဖို့ အကောင်းဆုံး နှစ်ဘဲ။
ဆရာ
မေးချင်တာလေးရှိပါတယ်ဆရာ.မွေးနေ့က11.5.1986(Sunday)ပါ.
ဘယ်အသက်အရွယ်လောက်အိမ်ထောင်ကျနိုင်သလ? အိမ်ထောင်ကျ
ပြီးရင်ရောအဆင်ပြေပါ့မလာ? favorite no က15ပါ.
Melle သို့
အိမ်ထောင်ကျနိုင်တဲ့ နှစ်တွေက (၂၅)(၂၇)(၂၉)(၃၀)နှစ်တွေဖြစ်ပြီး အဖြစ်နိုင်ဆုံးက (၂၇) နဲ့ (၃၀)ဖြစ်တယ်။ (၄)ကြွင်း တနင်္ဂနွေသမီး ဖြစ်လို့ အိမ်ထောင်ရေးကံ သိပ်အကောင်းကြီး မဟုတ်ပါ။ အိမ်ထောင်ရေး ရှုတ်ထွေးပွေလီမှု များတတ်တယ်။
Dear Sayar,
It’s so good you open the Q&A session again. I’m a Friday born girl. My DOB is 30.4.1982. I’d like to know my job opportunities in coming months. The number is 96. Thanks you so much.
TheSu သို့
အခုလာမယ့် မွေးနေ့မတိုင်ခင် အလုပ်ရဖို့ သိပ်မလွယ်လှပါ။ နောက်ပြီး အသက်(၂၉)နှစ်ဟာ “ဗုဒ္ဓဟူးသက္ခတ်” အတွင်းရောက် နေလို့ အလုပ်ရရင်လည်း မမြဲပါ။ အလုပ်ရမှာထက်စာရင် အိမ်ထောင် ရုတ်တရက်ကျသွားဖို့ အားများနေပါတယ်။ (အိမ်ထောင်မကျသေးရင်ပေါ့)။ အိမ်ထောင်ရေး ကိစ္စတွေ ကြုံရဖွယ် ရှိပါတယ်။
ဆရာကျမက စနေသမီးပါ။မွေးနှစ်က ၀၄-၀၆-၁၉၈၃ပါ။
အကြိုက်ဆုံးနပါတ်က-၉ပါဆရာ။
ဘယ်အသက်မှာအိမ်ထောင်ကျမလဲ။
ဘာနေ့သားသမီးနဲ့သင့်တော်မလဲဆိုတာလည်းသိချင်ပါတယ်ဆရာ။
မ mon သို့
အသက် (၂၈)(၂၉) ရယ်၊ (၃၂)(၃၃) တွေမှာ အိမ်ထောင်ကျနိုင်ပါတယ်။ (၂၈)(၂၉)မှာ ကျရင်ကောင်းတယ်။ (၃၂)(၃၃)မှာ ကျရင် မကောင်းဘူး။ တနင်္ဂနွေ၊ စနေ ၊ သောကြာ သားသမီးများ နှင့် သင့်တော်တယ်။
Dear Sayar,
Hope you are in good health.I would like to ask u a question for my younger brother.Now my brother want to be a seaman.Now he is final year.He will be finish of his final exam in may be October ’2010 .If his final exam will be finish , he want to start .This job is good for my brother.He should try or not.What time he should start this job.Please give your idea.My brother was born in 24.3.1989.He is Friday born.The random number is 4.
မေသဇင် သို့
မောင်ငယ်ဖြစ်သူအတွက် – အောက်တိုဘာလ စာမေးပွဲဟာ အခက်အခဲ ရှိတတ်ပါတယ်။ ဒီကာလမှာ ကံနဲနဲ နိမ့်နေလို့ အထူးကြိုးစားနိုင်မှ အောင်ပါမယ်။ ဒါပေမယ့် သင်္ဘောသား အလုပ်ကတော့ သူ့ဘ၀အတွက် အဆင်ပြေပါလိမ့်မယ်။ အကျိုးပြုမယ့် အလုပ်ဖြစ်ပါမယ်။ သင်္ဘောလိုက်ဖို့ အကောင်းဆုံး အသက်က (၂၃)နှစ်ဖြစ်ပါတယ်။ (၂၂)ထဲမှာ မ စ, စေချင်ဘူး။ (၂၂)နှစ်ထဲမှာ စ, လိုက်ရင် ဘေးဥပဒ် ကြုံတတ်တယ်။
သမီးက အခု ဆရာမ လုပ်နေတာပါ ဆရာမ လုပ်ရတဲ့ အဓိက က Ph.D ဘွဲ့ လိုချင်လို့ပါဆရာ အခုအလုပ်ထဲမှာ အဆင်မပြေမှု့တွေရော Ph.D ကလဲ မခေါ်တော့ဘူးကြားလို့ အလုပ်ထွက်ပြီး စီးပွားရေးလုပ်ချင်နေတာပါ အဲဒါ ၀န်ထမ်းအလုပ်နဲ့ စီးပွားရေးလုပ်တာနဲ့မှာ သမီးက ဘာနဲ့ ပိုသင့်တော်မလဲ သိချင်လို့ပါဆရာ သမီးမွေးနေ့က 3.3.1985 တနင်္ဂနွေပါ random number က 7 ပါ
angel သို့
ဇာတာအရ ၀န်ထမ်းအလုပ် အကျိုးမပြုပါဘူး။ ကိုယ်ပိုင် စီးပွားရေးဘဲ လုပ်သင့်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက စီးပွားရေး လုပ်မယ် ဆိုရင် လာမယ့် မွေးနေ့ (3.3.2011) မတိုင်ခင် စ, ရပါမယ်။ မွေးနေ့ကျော်သွားမှ စီးပွားရေး စ, လုပ်ရင် အောင်မြင် ဖို့ ခဲယဉ်းပါတယ်။ တကယ်လို့ ဒီကြားထဲ ဘယ်လိုမှ အလုပ် မစနိုင်ဘူးဆိုရင် ၀န်ထမ်းအလုပ်ကို အသက် (၂၉)ရောက်တဲ့ အထိ လုပ်ရမယ့် အနေအထားရှိပါတယ်။ အသက် (၃၀)မှာ စီးပွားရေး ပြန်လုပ်သင့်တယ်။ ဒီတော့ အခုချက်ခြင်း စ, မလား ? (၃)နှစ် စောင့်ဦးမလား ? ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆရာ့အကြိုက် ပြောရရင် အသက် (၃၀)မှာ ကောင်းပါတယ်။ အသက် မကြီးသေး ပါဘူး။ စဉ်းစားပေါ့။
ဆရာ
မေးပို့ဖြေကြားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် နောက်ထပ်အမေးအဖြေ အသစ်တွေမှာလည်း မေးချင်ပါသေးတယ် စောင့်မျော်လျက်
ဆရာကျန်းမာချမ်းသာပါစေ ဆုမွန်တောင်းလိုက်ပါတယ်။
အမေးအဖြေ၃မှာဖြေပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ။
အခုမှဖြေထားတာတွေ့တာပါဆရာ။
နေ့တိုင်းလာကြည့်ပါတယ်။
အခုလည်းမေးထားပါတယ်ဆရာ။
ဆရာ့အဖြေကိုစောင့်နေပါတယ်။
ဆရာကိုယ်စိတ်နှစ်ပါးကျန်းမာပါစေ။
ဘ၀အတွက် အမေးအဖြေတွေကို အခုလို မညည်းမညူ စိတ်ရှည်လက်ရှည် အများအကျိုးမျှော်ကိုးပြီး ဖြေကြားပေးနေတဲ့ ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်။
သမီး အလုပ်နဲ့ ပတ်သက်ပြီး မတင်မကျဖြစ်နေတာလေး တစ်ခုလောက် ထပ်ပြီး မေးချင်လို့ပါ။ ဒီအလုပ်လုပ်နေရတာ အရမ်းအဆင်ပြေပါတယ်။ သူများတွေရတဲ့ အလုပ်တွေထက်စာရင် အများကြီး ပိုကောင်းတယ်ပေါ့လေ။ ဒါပေမယ့် သမီးစိတ်ထဲမှာ အခုတလော အလုပ်ထွက်ချင်စိတ် (အလုပ်ပြောင်းချုင်စိတ်) ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ အဲဒါ အလုပ်ပြောင်းဖို့ သင့်၊ မသင့် ဆရာ ဖြေပေးပါ။
မွေးနေ့ ၂၅ ရက် ၈ လ ၁၉၈၇ (အင်္ဂါသမီး)။ လျှပ်တပြက် ဂဏန်းကတော့ ၂၇ ပါ ဆရာ။
SMMS သို့
အလုပ်အပြောင်းအရွှေ့လုပ်ဖို့ သိပ်မသင့်သေးတဲ့ အနေအထားပါ။ နောက်အလုပ်ဟာ လက်ရှိအလုပ်ထက် ဖိအားပိုများမယ်။ တာဝန်ယူရမှု ပိုများမယ်။ အတိုက်အခံ(ရန်) ပိုများလိမ့်မယ်။ အခု မွေးနေ့ကနေ – ရှေ့လာမယ့် နှစ်တွေဟာ အလုပ်အပြောင်းအရွေ့ လုပ်ဖို့ မကောင်းတော့ဘူး။ ပညာဆက်သင်ဖို့ဘဲ ကောင်းပါတယ်။ သြော် – မေ့နေလို့။ Happy Birthday ပါ။ နှစ်သစ်မှာ ကံကောင်းခြင်း လက်ဆောင်ကို ရရှိနိုင်ပါစေ။
ဆရာ..ကျနော်လဲ မေးပါရစေ..ကျနော်က ကြာသပတေးသားပါ မွေးနေ့က ၆.၁၂.၁၉၇၉ ပါဆရာ. ဒီနှစ်ထဲမှာ ပညာရေးသင်တန်ဲးပြီးမပြီး သိချင်ပါတယ်ဆရာ…
ကျေးဇူးတင်စွာဖြင့်
ကိုminthant သို့
ဒီနှစ်ထဲမှာ တစ်ခု သတိထားရမှာက “အပျော်အပါး” များတတ်တယ်။ ဒါက ပညာရေးသင်တန်းပြီးဖို့ အခက်အခဲဖြစ်နိုင်တယ်။ သင်တန်းပြီးဖို့ ရာနှုန်း (၆၀) ၊ မပြီးဖို့ ရာနှုန်း (၄၀)လောက် ရှိတော့ သိပ်အားအကောင်းကြီး မဟုတ်ဘူး။ ကြိုးစားဖို့တော့ လိုလိမ့်မယ်။
ဆရာ အားကိုးတကြီးနဲ့မေးပါတယ်………လက်ရှိအလုပ်မြဲ ပါ့ မလား။အရမ်းခိုင်းပြီး(တကယ်ကိုခိုင်းနေပါပြီ
မလုပ်တတ်ရင် …ဆိုတဲ့ ဝမ်နင် သဘောပြောတာလဲခံ၇ပြီးပြီ)(ခိုင်းတာမလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့
ထုတ်တာ) ဒီက comapyတွေရဲ့ မူအတိုင်း ပေးထာတဲ့ လစာနဲ့တန်အောင်(သို)မတန်တဆ
ခိုင်းတာလေforeigneerကို။လုပ်နိုင်ရင်လည်း ရှေ့လျှောက်လစာနည်းနေမှာဆိုးတယ်။ဒိနှစ်ကုန်ပြောင်းရင် ရော .ဒီထက်ကောင်းသောအလုပ်ရနိုင်ပါ့ မလားဆရာ။
ဒိမှာပဲ အဆင်ပြေပြေနဲ့ပဲမြဲသွားမလားသိချင်တယ်။ကြာသပတေး သမီး 5-2-1981၊
အကြိုက်ဆုံးဂဏန်း က 18ပါဆရာ။
မ Joyce သို့
မ Joyce လည်း ဆရာ့ဆောင်းပါးတွေ ပုံမှန်ဖတ်နေသူဘဲ။ အခုရောက် နေတဲ့ အသက်(၃၀)က အင်္ဂါသက္ခတ်လေ။ ဒီနှစ်မျိုးမှာ အပြောင်းအရွေ့ လုပ်ချင်လာတာ၊ ပြောင်းဖို့ဖန်လာတာ မျိုး ဖြစ်ရမှာဘဲ။ ဒီတော့ တွက်ချက်မှုအဖြေတွေအရ . . ပြောင်းရင် ကောင်းမလား? ဆိုတော့လည်း သိပ်မကောင်းပြန်ဘူး။ ပြောင်းရင် ပိုဆိုးမယ်။
ဆက်နေရင် ကောင်းမလား? ဆိုတော့ လည်း သိပ်မကောင်းပြန်ဘူး။ တစ်ချိန်ချိန် ကိုယ်လည်း Get Out ထဲပါသွားနိုင်တယ်။
စဉ်းစားရခက်တဲ့ အနေအထားဘဲ။ “ဆုပ်လည်း စူး၊ စားလည်း ရူး” အခြေအနေမျိုးဘဲ။ ဒီတော့ အကောင်းဆုံးအကြံအနေနဲ့ “ကိုယ်က ကံကြမ္မာကို မဖန်တီးဘဲ၊ ကံကြမ္မာဖန်တီးတဲ့အတိုင်း ကိုယ်က နေလိုက်ဖို့” အကြံ ပေးလိုပါတယ်။
ဆရာ
ကျွန်မက ၂၀.၈.၁၉၇၇ စနေသမီးပါ ဆ၇ာ။ Random ဂဏန်း ကတော့ ၁၂ ပါ။ ကျွန်မ အမျိုးသား က ၂၅.၆.၁၉၇၅ ရာဟုသားပါ။
ကျွန်မတို့ သားသမီး ဘယ်အချိန်မှာ ရနိုင်မှာလဲသိလိုပါတယ် ဆရာ။ အိမ်ထောင်သက်က ၂ နှစ်ကျော်ပါပြီ၊
ကျေးဇူးတင်ပါတယ် ဆရာ၊
မလင်း သို့
သားသမီးရဖို့ အလွန် နီးကပ်နေပါပြီ။ နောက်(၆)လအတွင်း ရလိမ့်မယ်။ (ကိုယ်ဝန်ရှိမယ်)။ ကလေးမြန်မြန်ရအောင် ဓာတ်ဆင်တဲ့ အနေနဲ့ “ကျောက်ဖရုံ” သီးကို နှစ်ယောက်လုံး မကြာခဏ ချက်ပြုတ်စားသောက်ပေးပါ။ “ယို” လည်း စားနိုင်ပါတယ်။
ကျွန်တော့်မွေးနေ့က (၄-၆-၁၉၈၁) (ကြာသာပတေး)ဖြစ်ပါတယ်။ အလုပ်အကြောင်းသိလိုပါတယ်။ အကြိုက်ဆုံး ဂဏန်းက ၄၉ ဖြစ်ပါတယ်။ sorry ဆရာ ကျွန်တော် အကြိုက်ဆုံးဂဏန်းကမှားပြီးပေးမိတယ်။ Random ဂဏန်းက ၁၃ ဖြစ်ပါတယ်။
ကို mg mg သို့
အလုပ်အကြောင်းကို မေးခွန်းတိတိကျကျလေး မေးပေးပါလား။ အလုပ်ရှာနေတာလား၊ လက်ရှိအလုပ် ကနေ ပြောင်းချင်တာလား၊ အလုပ်ထွက်ချင်တာလား၊ ရာထူးတက်ကိန်းမေးတာလား . . ဟူးရား ဗေဒင်က မေးခွန်း တိတိကျကျ မေးဖို့လိုပါတယ်။ ပြန်မေးပေးပါ။ ဟူးရားဂဏန်းအရတော့ Changes တစ်ခုခုနဲ့ ပတ်သက်နေမယ် ထင်ပါတယ်။
ဆရာရှင့်
ကျွန်မဖခင်ရဲ့ကျန်းမာရေးအခြေအနေကိုသိချင်လို့ပါ။ ဖခင်ရဲ့မွေးနေ့ က (၁၁.၈.၁၉၅၈) တနင်္လာသားပါဆရာ။ Random ဂဏန်း softwareကို download လုပ်လို့မရလို့ပါ။
ramdom number က ၄၃ ပါဆရာ။
မ Thinzar သို့
ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးက ဆိုးဝါးတဲ့ အနေအထားကို ပြနေ ပါတယ်။ ယာယီရောဂါ မဟုတ်ဘဲ ရေရှည်ကုသရမယ့် အနေအထားပါ။ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရေသပ္ပါယ် ယတြာ၊ ကိုယ်စား ယတြာ၊ ငါးလွှတ် ယတြာတွေ ပြုပေးပါ။
ဆရာ အခုနိုင်ငံကနေ နောက်တနိုင်ငံမှာ ပြောင်းလုတ်ကိုင်နေထိုင်ဖို့  အခွင့်အရေး ရှိသလား သိပါရစေ
မွေးနေ့ က June 25,1974၊ Tuesday (1:05am)
ဂဏန်းက 25 ပါ
မ saw nyunt san သို့
ယခင် PR ကိစ္စ မေးဘူးတယ် ထင်ပါတယ်။ ဒီတစ်ခါတော့ အခြေအနေ ကောင်းတယ်။ နောက်ထပ် နိုင်ငံတစ်ခုကို ပြောင်းရဖို့ ဇာတာ အသေအချာ ရှိတယ်။ ကြိုးစားကြည့်ပါ။ လွယ်လွယ်ကူကူနဲ့ အောင်မြင်မယ်။ လက်ရှိနိုင်ငံထက် အခွင့်အရေးပိုကောင်းမယ်။ ပြောင်းသင့်တယ်လို့ အကြံပေးလိုတယ်။
မင်္ဂလာပါ….ဆရာ
ကျွန် မ…မွေးနေ့ ….26-12-1978 (Tuesday)
အကြိုက်ဆုံးဂဏန်း …… 62
အိမ်ထောင်ရေး အခြေအနေလေး သိချင်လို့ ပါ…ဆရာ…
ဘယ်လို အမျိုးသား နဲ့ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
ဘယ် အသက်-အရွယ်လောက်မှာ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
အိမ်ထောင်ကျပြီးရင်ရော…အဆင်ပြေပါ့မလား..ဆ၇ာ..?
ကျေးဇူးပြုပြီး ဖြေကြားပေးပါ…ဆ၇ာ…
အစဉ်လေးစားလျှက်…
မ Su သို့
အိမ်ထောင်ကို ခက်ခက်ခဲခဲ ပြုရမယ့် ဇာတာဖြစ်ပြီး ကျချင်မှလည်း ကျမယ်။ ကျမယ်ဆိုရင်တော့ အခုအသက် (၃၂)ရယ်၊ (၃၆)(၃၇)များမှာ ကျနိုင်တယ်။ အိမ်ထောင်ဘက် က ကိုယ်နဲ့ အသက်ကွာခြားတတ်တယ်။ (ငယ်ဖို့များတယ်) ကလေးဆန်ပြီး သဘောထား နုတတ်တယ်။ အိမ်ထောင်ပြုလို့ စိတ်ချမ်းသာရမယ့် ဇာတာမရှိ။ အိမ်ထောင်ကျဖို့နဲ့ အပျိုကြီးဖြစ်ဖို့ အခွင့်အလမ်း (၅၀%=၅၀%) သာရှိလို့ အိမ်ထောင်ကျဖို့ အတော် ကြိုးစားရပါမယ်။
ဆရာ သမီးမှာငွေကြေးနဲ့ပက်သက်ပြီးလူလိမ်ခံရကိန်းရှိမရှိသိချင်ပါတယ် ဆရာ
ဘဏ်ကနေသမီးဆီဖုန်းဆက်လာတယ် insurance အကြောင်းပြောပြီး personal information တောင်းတယ်သမီးလည်းယောင်ပြီးပေးလိုက်မိတယ် နောက်မှသူပြော တဲ့စကားတွေကတစ်မျိုးပဲ သမီးတော့လူလိမ်ခံရပြီထင်တယ် ဒီနေ့လည်းအကြွေးတောင်းတဲ့ company ကနေသူတို့ဆီဖုန်းပြန်ဆက်ဖို့ message ပို့လာတယ် တစ်ချို့တွေကပြောတယ်ကိုယ့်အမည်နဲ့လူလိမ်တွေက ငွေလျှောက်ချေးပြီးကိုယ့်ကိုအကြွေးတင် အောင်လုပ်တာတို့ ဘဏ်မှာငွေလိမ်ထုတ် တာတို့လုပ်တတ်တယ်လို့ပြောတယ် လူလိမ်ခံရတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲ ဆရာလူလိမ်မခံရအောင် ယတြာချေလို့ကောရလားဆရာ
တနင်္ဂနွေသမီး
19-7-1987
Ramdomize 27
ကျေးဇူးတင်စွာဖြင့်
မ thidar သို့
လူလိမ်ခံရတဲ့ အနေအထားတော့ မတွေ့ရပါ။ စိတ်က ထင်တာဘဲ ဖြစ်ပါလိမ့်မယ်။ လူလိမ်မခံရအောင် ယတြာချေလို့ ရတယ်လို့တော့ မကြားဘူးပါ။ လူလိမ် မခံရအောင် (၁) ငွေနဲ့ ပတ်သက်လာရင် ဘယ်သူ့မှ မယုံပါနဲ့ (၂) လောဘ မကြီးပါနဲ့ (လိမ်မယ့်လူက ကိုယ့်ရဲ့ လောဘထွက်လာအောင် လှုံ့ဆော်ပြီး လိမ်တာပါ၊ လောဘမထွက်သရွေ့ သူတို့ လိမ်မရပါဘူး)။ ဒါဆို လူလိမ်ခံရတာ လွတ်ပါတယ်။
ကိုယ့်ဘဏ်စာရင်းထဲကငွေကို (ကိုယ်မသိအောင် နည်းပညာတွေသုံးပြီး) ထုတ်တာက လိမ်တာမဟုတ်ပါဘူး။ “ခိုး” တာပါ။
ဆရာ ရှင့်
သမီးရဲ့ဇာတာလေးကိုတချက်လောက်စစ်ပေးလို့ရမလားရှင့်။သမီးကအခုဂျပန်မှာ မို့လို့ပါရှင်။
သိချင်တာက သမီးရဲ့ပညာရေး ပါရှင်။သမီးရဲ့မွေးနေ့က ၁၉.၈.၁၉၈၇ ပါရှင်။ဗုဒ္ဓဟူးသမီးပါရှင်။
ဆရာပြောတဲ့အတိုင်းဆော့ဝဲလ်ကို Download ချပြီး လုပ်ကြည့်ပါတယ်ဆရာ။မရပါဘူးရှင်။
သမီးနောက်တခုလောက်မေးလို့ရမလားရှင့်။
သမီးရဲ့အချစ်ရေးပါ။ဗေဒင်ဟောတိုင်းနိုင်ငံခြားသား နဲ့အိမ်ထောင်ကျမယ်လို့ဟောပါတယ်ရှင်။
နောက်ပြီးသမီးထက်ငယ်မယ်လို့လဲဟောပါတယ်။အခု သမီးကိုချစ်ရေးဆိုထားတဲ့သူကလည်း နိုင်ငံခြားသားပါရှင်။
သူ့ရဲ့မွေးနေ့က၃၀.၉.၁၉၉၁ ပါရှင်။
သမီးရဲ့ဖူစာရှင်ဟုတ်မဟုတ် တွက်ပေးစေလိုပါတယ်ရှင်။
ရိုသေစွာဖြင့်
ဝင့်
မ wint သို့
အခု ချစ်ရေးဆိုထားသူက ဖူးစာရှင် မဖြစ်နိုင်ပါ။ အပျော်တွဲချင်တာဘဲ ဖြစ်လိမ့်မယ်။ ဒါတင် မကသေးဘဲ တခြား ဗေဒင်ဆရာတွေ ဟောသလို ကိုယ့်အိမ်ထောင်ဘက်က နိုင်ငံခြားသား ဖြစ်မယ် ဆိုတာ မဖြစ်နိုင်ပါ။ ကျန်တဲ့ ဗေဒင်တွေအားလုံးက မှားမလား / ဆရာ မှားမလား ဆိုတာ စောင့်ကြည့်ကြတာပေါ့။ နိုင်ငံခြား သားဆိုရင် ကိုယ့်ကို လိမ်သွားဖို့ များတယ်။ လူလိမ်တွေနဲ့ တွေ့လိမ့်မယ်။
ဆရာရှင့်
ကျွန်မနာမည်မချိုချိုခိုင်(ခ)မခင်သဇင်ပါ။11.11.1985တနင်္လာသမီးပါ။ဂဏန်6း
အဖေဘက်ကအဖိုးအိမ်ရောင်းဖို.ရှိပါတယ်။ ကျွန်မအမွေရနိုင်ပါသလား။
CHO CHO KHINE သို့
အခုနှစ်ပိုင်း လပိုင်းတွေမှာတော့ အမွေရကိန်းရယ်လို့ ထင်ထင် ရှားရှား မတွေ့ရသေးပါ။ ဆန္ဒမပြည့်ဝ နိုင်သေးပါ။
ဆရာကျွန်မကမေးခွန်းလေးမေးချင်လို့ပါမွေးနေ့က13 6 96 ပါ
ကျန်းမာရေးတော်တော်ညံ့ပါတယ်ဒိနှစ်ထဲမှာတော်တော်ဖြစ်ပါတယ်အဲဒါလေး
ကျန်းမားရေးနဲ့ပတ်သတ်ပြိးမေးချင်လို့ပါနော်……….ကျေူးဇူးပြူပြိးဖြေကြားပေး
စေချင်ပါတယ်နေ့ကဗုဒ္ဒဟူးပါဟူးရားဂဏန်းက13ပါ…..ကျန်းမာရေးတော်တော်
ညံ့နေလို့ဟိုရောဂါဖ်ြစ်ဒီရောဂါဖြစ်နဲ့တော့်တော်စိတ်ညစ်နေလို့ပါအားကိုးတကြိး
မျှော်လင့်လျက်………
မော်ကွန်းထင် သို့
မွေးသက္ကရာဇ်တွေ အလွဲလွဲ အမှားမှား ဖြစ်နေပါတယ်။ အခု မေးထားတဲ့ အထဲမှာ ခုနှစ်က ၉၆။ အီးမေးလ်ထဲမှ ခုနှစ်က ၁၉၆၇ ။ ဒါပေမယ့် ၁၃/၆/၁၉၆၇ နေ့က ဗုဒ္ဓဟူးနေ့ မဟုတ်ဘဲ အင်္ဂါနေ့ ဖြစ်နေပြန်ပါတယ်။ ဒီလို မွေးသက္ကရာဇ် တွေ အလွဲလွဲအမှားမှား ဖြစ်နေတာ နိမိတ်ကောင်း မဟုတ်ပါ။ သေချာအောင် ပြန်လုပ်ပါဦး။ ဟူးရား ဂဏန်းကို ပေးခိုင်းတာပါ ။ ကိုယ့်မွေးနေ့ဂဏန်းကို ပေးခိုင်းတာ မဟုတ်ပါဘူး။
အချစ်ရေးသီချင်ပါတယ်……..၇-၈-၁၉၈၇ သောကြာပါ
ချစ်သူက ၁၄-၁-၁၉၈၈ပါ…….ကြာသပတေးပါ
လက်ထပ်ဖို့ရည်၇ွယ်ထားပါတယ်………နှစ်ယောက်လုံးဝန်ထမ်းပါ
nu war hsan သို့
အချစ်ရေးဆိုပြီး လုံးထွေးမေးထားပြီး ဘာကို သိချင်မှန်း မသိပါ။ ဟူးရားဂဏန်းလည်း မပါပါ။ လက်ထပ်မယ်ဆိုရင် သိပ်လည်း မကောင်း/သိပ်လည်း မဆိုးတဲ့ အထဲမှာ ပါမယ်။ လိုက်ဖက်ညီမှု သင့်ရုံမျှဘဲ ရှိပါတယ်။
ဆရာ…ကျွန်မ မွေးနေ့က အင်္ဂလိပ်လို 25.5.1978 ကြာသပတေးသမီးပါဆရာ.ဂဏန်း က 7ပါ.
အိမ်ထောင်ရေး အခြေအနေလေး သိချင်လို့ ပါ,ဘယ် အသက်-အရွယ်လောက်မှာ အိမ်ထောင်ကျနိုင်ပါသလဲ..?အိမ်ထောင်ကျပြီးရင်ရော…အဆင်ပြေပါ့မလား..ဆ၇ာ..?
ကျေးဇူးတင်စွာဖြင့်အားကိုးကြီးစွာမျှော်လင့်လျက်…
NVK သို့
အသက် (၂၅)(၂၆)(၂၉)တွေမှာ အိမ်ထောင်ကျကိန်း ရှိတယ်။ အိမ်ထောင်ရေးကတော့ သိပ်အဆင်ပြေကြီး မဟုတ်ပါဘူး။ များသောအားဖြင့် အိမ်ထောင်ဘက်ကို အားကိုးမရတတ်ပါ။
random ဂဏန်းက ၄ ပါဆရာ။
အကြိုက်ဆုံးဂဏန်းပေးမိလို့ပါဆရာ။
ခွှင်လွှတ်ပါဆရာ။
၂ရက် ၉လ ၁၉၉၁ ဖွားပါ။ တနင်္လာသမီးပါ။ဂဏန်းက ၇၉ ပါ။ CAT diploma ပြီးရင် နောက်တဆင့်ကိုဆက်တက်သင့်ပါသလား။ စာရင်းကိုင်ပညာနဲ့ကောအလုပ်လုပ်ရင်အဆင်ပြေနိုင်မလား။ ဆိုတာ သိချင်ပါတယ်။
ကျေးဇူးတင်ပါသည်။
ခိုင်ယဉ်ဝင်း သို့
စာရင်းကိုင်သင်တန်း ဆက်တက်သင့်/မတက်သင့်ကို အသေအချာ စဉ်းစားဆုံးဖြတ်ရလိမ့်မယ်။ ဇာတာအရ စာရင်းကိုအလုပ်နဲ့ အသက်မွေးရဖွယ် မရှိပါ။ အခြားပညာ နဲ့ အသက်မွေးရဖို့များပါတယ်။
ဆရာ သမီးမွေးနေ့က 3.1.1990 ဗုဒ္ဒဟူးသမီး ပါ ချစ်သူက 7.4.1990 စနေသားပါ။ လက်ထက်ဖို့အထိရည်ရွယ်ပေမဲ့ခုတလောသူကခြေမငြိမ်ပါဘူး
သူနဲ့ လက်ထက်ဖို့အထိဖြစ်ပါ့မလား ရရင်စိတ်ချမ်းသာရပါ့မလားသိချင်ပါတယ်
ဟူးရားဂဏန်း 92 ရပါတယ် ဖြေကြားပေးပါနော်
LW သို့
ယောင်္ကျားတစ်ယောက်ဟာ လက်မထပ်ခင်ကတည်းက ခြေမငြိမ်ဘူး ဆိုတော့ လက်ထပ်ပြီးရင် ဒူးနဲ့ မျက်ရေ သုတ်ဖို့သာ ပြင်ထားပါ။ တွက်ချက် ကြည့်တော့လည်း ဒီအတိုင်းဘဲ တွေ့ပါတယ်။ လက်ထပ်ရင် စိတ်ဆင်းရဲရမှာ အမှန်မို့ ဘာလုပ်သင့်တယ် ဆိုတာ စဉ်းစားဆုံးဖြတ်ပါလေ။
ဆရာ
ကျမ မွေးနေ့က ၃ ရက် ၇လ ၁၉၈၅ ဗုဒ္ဓဟူးသမီးဖြစ်ပါတယ်.ထီဆုကြီးပေါက်ကိန်းရှိမရှိ သိချင်ပါတယ်ဆရာ.ကျမ ကျပန်းဂဏန်းက 2 ဖြစ်ပါတယ်.
LL သို့
ထီဆုကြီး ပေါက်ကိန်း မရှိပါ။ မတော်တဆ ပေါက်လျှင်လည်း လူကို “ခိုက်” မည့် ကိန်း ရှိပါတယ်။ ဒါကိုတော့ မမျှော်မှန်း စေလိုပါ။
ဆရာ သမီးမွေးနေ့က 4.9.1983၊ တနင်္ဂနွေသမီးပါ. (ည 8း45) ဟူးရားဂဏန်းက 93 ရပါတယ်ရှင့်၊ သမီး ဘ၀တစ်လျှောက် နေထိုင်ရမယ့်အဆင့်အတန်းနှင့် ဘယ်လိုလူမျိုးနှင့် အိမ်ထောင်ကျနိုင်မလဲဆိုတာ သိချင်ပါတယ်ရှင့်၊ ပထမဆုံး မေးဖူးတာဖြစ်လို့ အမှားပါရင် ခွင့်လွှတ်ပေးပါရှင့်၊ ဆရာ ကျန်းမာချမ်းသာပါစေရှင်၊ မေးခွန်းရဲ့ အဖြေကို မေးလ်ကို ပို့ပေးစေချင်ပါတယ်ရှင်
eimon သို့
ဘ၀မှာ အဆင့်မြင့်မြင့်နှင့် နေထိုင်ရမယ်။ အိုဇာတာ ကောင်းမယ်။ ဒါပေမယ့် အိမ်ထောင်ရေးကံ ညံ့ပါတယ်။ အိမ်ထောင်ဘက်ဟာ အိမ်ထောင်ရေး ရှုပ်ခြင်း (သို့) စီးပွားရေးမှာ အားမကိုးရခြင်း တစ်ခုခု ဖြစ်မယ်။ ကိုယ့်ထူး ကိုယ်ချွန် ကြီးပွားတိုးတက်ရမယ့် ဇာတာပါ။ အလွန်အရေးကြီးတဲ့ ကိစ္စမှ မေးလ်ပို့ပေးပါတယ်။
မင်္ဂလာပါဆရာ.. သိချင်တာလေး မေးပါရစေ.. ကျွန်တော်တို့ နှစ်ယောက် လက်ထပ်ခွင့် ရနိုင်မလား.. ရမယ်ဆိုရင် ဘယ်တော့လောက် ဖြစ်နိုင်မလဲ.. သိပါရစေ ဆရာ.. ကျွန်တော့မွေးနေ့က 23-2-1969 တနင်္ဂနွေသားပါ။ ချစ်သူက 23-7- 1969 ရာဟုသမီးပါ။ လျှပ်တပြက် ရလာတဲ့ ဂဏန်းက ၉၈ ပါ ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာနှင့် မိသားစု ကျန်းမာပျော်ရွှင်ပါစေ..
ko min သို့
ဟူးရားဂဏန်းအရ လက်ထပ်ဖို့ကိစ္စမှာ အခက်အခဲတွေ များနေတယ် လို့ တွေ့ပါတယ်။ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်မှ လက်ထပ် ဖြစ်ပါမယ်။ လွယ်လွယ်လေးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ယောင်္ကျားလေး ဖြစ်သူက ဦးဆောင်ကြိုးပမ်းရပါမယ်။ မိန်းကလေးဘက်က အားနည်းတဲ့ အနေအထားဖြစ်နေပါတယ်။ ကိုယ့်အဆုံးအဖြတ်က အဓိက ကျနေပါတယ်။ ကိုမင်းရဲ့ အခုအသက် (၄၂)ထဲမှာ လက်ထပ်ဖို့ကိစ္စ အောင်မြင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ကြိုးစားမှ ရမှာပါ။ အလိုလိုနေရင်းတော့ ဖြစ်မလာနိုင်ပါ။ အသက်တွေလည်း မငယ်ကြတော့ပါ။ အိမ်ထောင်ရေးကံ ကောင်းသည့်အထဲတွင် ပါသောကြောင့် မြန်မြန်အိမ်ထောင်ပြုရန် တိုက်တွန်းပါတယ်။
ဆရာ – ကျွန်တော်ကအစိုးရ၀န်ထမ်းဖြစ်ပြီး အခုထိုင်းကအဖွဲ့အစည်းတစ်ခုမှာ Research လုပ်နေတာ စက်တင်ဘာလကုန်ယင် ပြီးမှာဖြစ်ပါတယ်. နောက်ထပ် ၆ လ extension ရနိုင်/မရနိုင် သိချင်ပါတယ်။ဟူးရား ဂဏန်းက ၁၄ ဖြစ်ပြီး မွေးနေ့က ၁.၉.၁၉၇၉ ၊ စနေသား ဖြစ်ပါတယ်။
NNK သို့
တွက်ချက်မှုတွေအရ နောက်ထပ် (၆)လ Extension မရဖို့က များနေတယ်ဗျာ။ စိတ်မကောင်းပါဘူး။ (ကံကောင်း ထောက်မလို့ ဗေဒင် လွဲပါစေဗျာ)
ဆရာ- ကျွန်မ ထိုင်းမှာ Master တက်နေပါတယ်. ၂၀၁၂ မေ မှပြီးမှာပါ။ Master ဘွဲ့ကို ရနိုင်/ မရနိုင်နဲ့ ပညာရေး ကံအခြေအနေကို သိလိုပါတယ်။ ဟူးရား ဂဏန်းက ၅၆ ဖြစ်ပြီး မွေးနေ့က ၂၀.၁၂.၁၉၇၆ ၊ တနလာင်္သမီး ဖြစ်ပါတယ်။
KT သို့
Master မရစရာ အကြောင်း မရှိပါဘူး။ စိတ်ချလက်ချ ၀ီရိယ စိုက်ပြီးသာ ကြိုးစားလိုက်ပါ။ စိတ်ပူနေလို့ အကျိုးမရှိပါ။ 2012 မှာ အိုကေ သွားပါလိမ့်မယ်။
တနင်္လာသား ၊ ၁၂ရက် ၆ လ ၈၉ ခုနှစ် ။မေးလိုသည့်မေးခွန်း ၊အချစ်ရေးသစ္စာရှိနိုင်မရှိနိုင် ၊တဘ၀လုံးလက်တွဲနိုင်မတွဲနိုင် ၊ ဟူးရား နံပါတ် ၁ ၊ အိမ်ထောင်ဖက် ချစ်သူရဲ့ မွေးနေ့ ၄ရက် ၁၁ လပိုင်း ၁၉၈၅ ခုနှစ် တနင်္လာသမီး ။
အဖြေ ကိုစောင့်မျှော်လျက် ကျန်စစ် ။
ကို NgaKyanSit သို့
ကိုယ့်အိမ်ထောင်ဘက် သစ္စာရှိမလား ဆိုတာမျိုးဟာ ဒီလို နေရာမျိုးမှာ မမေးသင့်သလို ဖြေလည်း မဖြေသင့်ပါဘူး။ မလိုလားအပ်တဲ့ ပြဿနာ တွေ ပေါ်လာနိုင်ပါတယ်။ တစ်ခုတော့ ပြောလိုက်ပါမယ်။ နှစ်ယောက် လုံးမှာ လျှို့ဝှက်ချက် ကိုယ်စီ ရှိနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း မရှင်းကြရင် အိမ်ထောင်ပြုပြီးမှ ပြဿနာမီး ထ,တောက်နိုင်ပါတယ်။ သတိပြုပါ။
ဆရာ ဗိုလ် ခင်ဗျာ…
ပုဗ္ဗနိမိတ် အရ ပြောတာ – ကောက်လို့ ရတာ ဆိုတာ ဘာကို ဆိုလိုတာလဲ၊
ပုဗ္ဗနိမိတ် အကြောင်းလေး သိချင်လို့ပါ ဆရာ။
ကျေးဇူးပါပဲ…
စဓဗဝ
ကို sadabawa သို့
ပုဗ္ဗနိမိတ် ဆိုတာ သိပ်နက်နဲတဲ့ ခက်ဆစ်မဟုတ်ပါဘူး။ ပုဗ္ဗ=ပုဗ္ဗာ=ပုဗ္ဗေ ဆိုတဲ့ ပါဠိဟာ “ရှေ့ကအကြောင်း” “အတိတ်ကအကြောင်း” ကို ဆိုလိုပြီး “ပုဗ္ဗနိမိတ်” ဆိုတော့ ရှေးကပြုခဲ့ဘူးသော (အတိတ်)အကြောင်းကြောင့် (ပစ္စုန်ပ္ပါန်)အကျိုးတရားဖြစ်မဖြစ်ပေါ်မှီ ကြိုတင် အတိတ် နိမိတ်ပြခြင်းကို ပြောတာပါ။ အမှန်ကတော့ ပစ္စုပ္ပန် အကျိုးတရား ဟူသမျှဟာ အတိတ်အကြောင်းတရား မကင်းကြတာချည်းမို့ “နိမိတ်” ဟူသမျှဟာလည်း “ပုဗ္ဗနိမိတ်” ချည်းသာဖြစ်ပါတယ်။
ဆရာ
ကျွန်မ မွေးနှစ် က ၂၂.၁၁.၁၉၈၄ ကြာသာပတေးသမီးပါ၊ ကျွန်မချစ်သူရဲ့မွေးနေ့က ၇.၁၀.၁၉၈၇ ဗုဒ္ဒဟူးသားပါ။ ဂဏန်း က ၄၆ ပါ။ နောက် ၃လလောက်မှာ ကျွန်မကို အိမ်က သဘောတူတဲ့သူနဲ့ ပေးစားဖို့ ဇွတ်အတင်းစီစဉ်နေကြပါတယ်၊ ဘယ်လောက်ငြင်းငြင်း လက်မခံပါဘူး ဆရာ။ အဲ့ဒီလူက မိန်းမအရမ်းရှုပ်တယ်လို့ နာမည်ကြီးပါတယ်။ အဲ့ဒီအတွက် ကျွန်မအရမ်းကို စိတ်ညစ်နေရပါတယ်။ ချစ်တဲ့သူနဲ့ ရနိုင်မရနိုင် သိချင်ပါတယ်၊ ရိုသေစွာဖြင့်
phone
မ Phone သို့
ကိုယ့်ချစ်သူနဲ့ လက်ထပ်ဖို့က ဒီဘ၀အတွက်တော့ လက်လျှော့ရ တော့မယ် ထင်ပါတယ်။ သိပ်မလွယ်တော့ပါ။ ဒါပမယ့် တစ်ခုစဉ်းစား ရမှာက ဘယ်သူ့ကို လက်ထပ်သည်ဖြစ်စေ အိမ်ထောင်ရေးကံ သိပ်ကောင်းမယ့် အထဲမှာ မပါပါ။ သိပ် မျှော်လင့်ချက် မထားဖို့ ပြောတာပါ။ ဘယ်သူ့ကို ယူယူ သိပ်မထူး လှပါဘူး။
ဆရာခင်ဗျား … ကျွန်တော်အခုမှပထမဦးဆုံးအကြိမ်စမေးရတာမလို့ အမှားများရှိရင်ခွင့်လွှတ်ပါလို့ ကြိုတောင်းပန်ပါရစေခင်ဗျာ ။ ကျွန်တော် နဲ့ အခု ကျွန်တော့်ချစ်သူ တစ်ဘဝလုံးအတွက် ပေါင်းခွင့်ရမရကို သိချင်လို့ပါခင်ဗျာ ။ ကျွန်တော် မွေးနေ့က 16.10.1983 ဖြစ်ပါတယ် ။ တနင်္ဂနွေသားပါ ။ ကျွန်တော့်ကောင်မလေးက 13.6.1985 ကြာသပတေးသမီးပါ ။ ဟူးရား ဂဏန်းက ၁၉ ရပါတယ် ။ ကျွန်တော်တို့ ၂ ယောက်လုံး ဘဝတစ်ယောက်လုံးပေါင်းဖက်ရ မရကို သိချင်လို့ပါခင်ဗျာ ။
ကျေးဇူးတင်စွာဖြင့်
AYWD
AYWD သို့
တနင်္ဂနွေသား နဲ့ ကြာသပတေး သမီး ပေါင်းဖက်ဖို့က သိပ်မလွယ်လှပါ။ ပေါင်းရဖို့က (40)% ၊ မပေါင်းရဖို့က (60)% လောက် ရှိနေတာကို တွေ့ရပါတယ်။ နှစ်ဦးလုံး သစ္စာ ခိုင်မြဲကြရင်တော့ ပေါင်းရပါလိမ့်မယ်။ ဒါပေမယ့် တစ်ဦးဦးက စ, ဖောက်လိမ့်မယ်။
ကျေးဇူးတင်ပါတယ်ဆရာ။အစောတည်းကတွက်ဆထားမိတယ်ဆရာ( ဆရာ့ ဆောင်းပါးတွေ ဖတ်ထားတော့ လေ)။ကျွန်မသတိထားပြီးနေပါ့ မယ်။အကောင်းဆုံးအတတ်နိုင်ဆုံးကြီုစားနေပါ့ လုပ်ကိုင်ပါ့မယ်ဆရာ။
ဆရာရှင့်။
၁။ သမီးချစ်သူနှင့်အိမ်ထောင်ကျနိုင်ပါသလား။
၂။အိမ်ထောင်ရေးကံကောင်းနိုင်မလားး။
၃။ချစ်သူကသစ္စာရှိပါ့မလား။
၎။သမီးနဲ့ချစ်သူရဲ့ကျန်းမာရေး။
၅။လက်ရှိအလုပ်ကသမီးဘ၀တစ်လျှောက်လုံးအတွက်သင့်တော်ပါသလား။
၆။ဘယ်နှစ်မှာအိမ်ထောင်ကျနိုင်ပါသလဲ။
အဲဒီအချက်လေးတွေသိချင်ပါတယ်ဆရာရှင့်။
ဟူးရားဂဏန်းကတော့ ၇ ပါ။
သမီးမွေးနေ့က26.11.1986ဗုဒ္ဒ္ဓဟူး(ရာဟု)ပါ။
ချစ်သူမွေးနေ့က3.5.1985သောကြာပါ။
ကျေးဇူးတင်စွာဖြင့်……………….
Theingi Tun
ဟူးရားဗေဒင်ဆိုတာ- ဒီလို “စုံစီနဖာ” လျှောက်မေး၍ မရပါ။ မိမိ အဓိက သိလိုသော မေးခွန်းတစ်ခုကို သိချင်စိတ်ပြင်းပြစွာဖြင့် မေးမှ အဖြေမှန် ထွက်ပါတယ်။ အခုမေးထားတာက “အထွေထွေ ဗေဒင်” မေးတာမျိုး ဖြစ်ပါတယ်။ ဒီလို မေးခွန်းအများကြီးကို တွက်ပေးဖို့ အချိန်မရှိသလို ဟောလျှင်လည်း မှန်မည်မဟုတ်ပါ။ စည်းကမ်းချက် (A) ကို ပြန်ဖတ်ကြည့်ပါ။
ကျနော်မေးချင်တာကျနော့်သူငယ်ချင်းအတွက်ပါဆ၇ာသူက
ဆ၇ာ့ကိုအတော်ယုံကြည်ပါတယ်မကြာသေးခင်ကတောင်
မေးထားသေးတယ်လို့ပြောပါတယ်ဒီလ၂၅၇က်ကသူဒီက
လ.၀.ကမှာ ခဏထိမ်းသိမ်းခံ၇ပါတယ်၁လကနေ၆လအတွင်း
ကြာနိုင်တယ် လို့ကြားပါတယ်အဲဒါဘယ်တော့လောက်လွတ်နိုင်
မလဲဆိုတာ၇ယ်အမြန်လွတ်အောင်ဘယ်လိုယတြာချေ၇မယ်
ဆိုတာလေးမေးခိုင်းလိုက်လို့ပါဆ၇ာ့စည်းကမ်းချက်တွေ
သိပေမယ့်သူ့အတွက်တကယ်အေ၇းကြီးနေလို့ကူညီပါဦး
ဆ၇ာ၇ယ်သူ့မွေးသက္ကရာဇ်က၁၉၇၃မေ၂၀ တနင်္ဂနွေပါ
ဟူး၇ားဂဏန်းက ၇လို့ပြောပါတယ်
ကျေးဇူးအထူးတင်စွာဖြင့် zaw zaw
ဆ၇ာ ကျနော်ပြောချင်တာတွေများပြီးသူငယ်ချင်းနံမည်ပြောဖို့မေ့သွားလို့ပါသူ့နံမည်ကိုထူးပါခင်ဗျာ…
ကိုဇော်ဇော် သို့
အရေးကြီးတဲ့ ကိစ္စမို့ အမြန်ဖြေ ပေးလိုက်ပါတယ်။ ကိုထူးအနေ နဲ့ နောက်ထပ် (၃)လထက် စောပြီး လွတ်ဖို့ မလွယ်လှပါဘူး။ ဒီလောက်တော့ နေရမယ် ထင်ပါတယ်။ (အနည်းဆုံး ၃လ ကြာနိုင်တယ်/ဒီထက်လည်း ကြာနိုင်တယ်)
ယတြာလုပ်ချင်ရင်တော့ “ငှက် အရှင် သက်စေ့၊ ငါး အရှင် သက်စေ့တွေကို” တနင်္ဂနွေ နေ့တိုင်းမှာ လွှတ်ပေးပါ။ မြန်မာပြည်ကနေ လုပ်ပေးလို့ ရပါတယ်။ ကြိုးစားကြည့် တာပေါ့။
My birthday is 23.5.1978
I would like to know whether I can go to France for scholarship in coming September or not?
Sir,
The number is 18. I m a Tuesday born .
Aung သို့
မသွားရဘူးလို့ဘဲ အဖြေထွက်နေပါတယ်။ ကြိုးစားတော့ ကြည့်ဦးပေါ့။ သိပ်မျှော်လင့်လို့တော့ မရလောက် ပေဘူး။
အမြန်ဆုံးပြန်ဖြေပေးတဲ့အတွက်ဘယ်လိုပြော၇မှန်းမသိအောင်ကျေးဇူးတင်ပါတယ်ခင်ဗျာသူသိ၇င်လည်းဆ၇ာ့ကို
အ၇မ်းကျေးဇူးတင်မှာပါကျနော်သေချာပြောပြလိုက်ပါ့မယ်ယတြာကိုလည်းမြန်မာပြည်ကနေသေချာလုပ်ခိုင်းလိုက်ပါ့မယ်
သူကပှတီးလည်းအမြဲမှန်မှန်စိတ်နေပါတယ်တဲ့လွတ်တာနဲ့ဆ၇ာ့ဆီအ၇င်ဆုံးအကြောင်းကြားပါလိမ့်မယ်ဆ၇ာ။
ဆ၇ာနဲ့မိသားစုကိုယ်ေ၇ာစိတ်ပါချမ်းသာပါစေ
မင်္ဂလာပါ….ဆရာ
ကျွန်မ…မွေးနေ့ ….၇-၄-၁၉၇၈ (Friday)
အိမ်ထောင်ရေး အခြေအနေလေး သိချင်လို့ ပါ…ဆရာ…
ဘယ်လို အမျိုးသား နဲ့ ..အိမ်ထောင်ကျနိုင်ပါသလဲ..?ဘာနေ့သား ဖြစ်နိုင်ပါသလဲဆရာ?
ဘယ် အသက်-အရွယ်လောက်မှာ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
အိမ်ထောင်ကျပြီးရင်ရော…အဆင်ပြေပါ့မလား..ဆ၇ာ..?
Randomဂဏန်း …..72
ကျေးဇူးပြုပြီး ဖြေကြားပေးပါ…ဆ၇ာ…
အစဉ်လေးစားလျှက်…
မ Shin သို့
အသက်(33)(34) ၊ (37)(38) များမှာဘဲ အိမ်ထောင်ကျမယ်။ (33)(34) ဆိုရင် အိမ်ထောင်မြဲမယ်။ (37)(38)ဆိုရင် သေကွဲရှင်ကွဲ ကွဲမယ်။ စိတ်ကောင်းရှိပြီး ကြင်နာတတ်သူနဲ့ အိမ်ထောင်ကျ မယ်။ ဒါပေမယ့် ကိုယ်က အိမ်ထောင်ပြုပြီးရင် နောင်တရ, တတ်တဲ့ သူမျိုး ဖြစ်နေလို့ အိမ်ထောင်ရေး သိပ်မသာယာနိုင်ပါ။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ သားသမီးထဲက ဖြစ်မယ်။ ဗုဒ္ဓဟူးသားသမီး ဆိုရင် အဆိုးနည်းပြီး အကောင်းများမယ်။
သူနဲ့မိုးတို့ရှေ့ဆက်အဆင်ပြေပါ့မလားလက်ထပ်တဲ့အနေအထားအထိအဆင်ပြေနိုင်ပါ့မလားဟင်
မိုးက မတ်လ26ရက်1982(သောကြာသမီးပါ)
သူက ဇန်န၀ါရီလ13ရက်1985(တနင်္ဂနွေသားပါ)
ဂဏန်းကတော့ 81 ရပါတယ်ရှင့်
ကျေးဇူးတင်စွာဖြင့်
မမိုးတိမ် သို့
သူ နဲ့ မိုး တို့ ရှေ့ဆက် အဆင်ပြေကြမှာပါကွယ်။ လက်ထပ်တဲ့ ထိအောင် အဆင်ပြေမှာပါ။ ရာနှုန်း (၇၀)%လောက် သေချာပါတယ်။ မပူပါနဲ့လေ။ အရေးအသားကတော့ ကဗျာ ဆန်ပါပေတယ်ကွယ်။
ဆရာရှင့်
၀၇.၀၃.၇၄ ကြာသာပတေးသမီးပါ အလုပ်အကိုင်နှင့်ပတ်သက်ပြီးသိချင်လို့ ပါဆ၇ာ. အခုလုပ်နေတဲ့အလုပ်မှာဆက်လုပ်လျှင်အဆင်ပြေပါ့မလားဆရာ. အိမ်ထောင်ရေးလည်းအဆင်မပြေဖြစ်နေလို့ ပါဆရာ ဘာလုပ်သင့်သလဲဆိုတာကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ. ဟူးရား ဂဏန်းက13 ပါဆရာ အိမ်ထောင်ဖက်မွေးနေ့ က ၁၂.၀၅.၁၉၇၇ ပါ
ကျေးဇူးတင်စွာဖြင့်
THO သို့
လက်ရှိအလုပ်မှာ ဆက်လုပ်နေရင် အိမ်ထောင်ရေး ပြဿနာ ဒီထက် ဆိုးစရာ ရှိတယ်။ ဒါကြောင့် အလုပ်ထက် အိမ်ထောင်ရေးကို ဦးစား ပေးချင်ရင် အလုပ်က ထွက်လိုက်ဖို့ဘဲ ရှိတယ်။ လောလောဆယ် ဘာအလုပ်အသစ်မှ မလုပ်သင့်သေးဘူး။ 2011 နှစ် အစပိုင်းလောက်မှာ အလုပ်သစ် ပြန်ရှာပါ။
1 Dec 77 ကြာသပတေးသမီး ည ၇း၃၁
ဂဏန်း = ၉
မေမေဆုံးတာ ၁၅နှစ်ရှိပါပြီ။ မေမေဘက်က အမွေခွဲတော့မှာမို့လို့ အမွေရ မရ သိချင်ပါတယ်။ အချိုးတူ ညီတူ ညီမျှမှ ရပါ့မလား
မျိုးမွန်ရီဦး သို့
ဒီ အမွေကိစ္စက တော်တော်ရှုပ်ထွေးစရာ ရှိတယ်။ အမွေရဖို့ အခက် အခဲ ပြဿနာ ၊ အမှုကိစ္စ များမယ်။ နောက်ပြီး ညီတူမျှတူ ရဖို့လည်း သိပ်မလွယ်လှပါ။
ဆရာခင်ဗျားကျနော်ရဲမွေ.နေ.ကတော.၁၃၄၁ ခုနှစ်နယုန်လဆန်း၈ရက်နေ.၊သောကြာသား
ခုအသက်၃၁နှစ်ထဲမှာပါ.ဆရာကျနော်သိချင်တာကတော.ဒီနှစ်နိုင်ငံခြားခရီးထွက်ရဘို.
ရှိ/မရှိနဲ. အိမ်ထောင်ကျနိုင်/မကျနိုင်ပါဘဲ.အလုပ်လုပ်ရန်သင်.တော်သောအရပ်ဒေသ
ကိုလည်းဖြေပေးစေချင်ပါတယ်
ကျေးဇူးတင်လျှက်……….
ကို Soe Lin သို့
ဟူးရားဂဏန်း မပါ။ မွေးသက္ကရာဇ်က ခရစ်နှစ်မဟုတ်။ မေးခွန်းက (၂)ခု (၃)ခု ဖြစ်နေ။ စည်းကမ်းချက်တွေ ဖတ်ဟန်မတူပါဘူး။ ပြန်ဖတ်ပြီး ပြန်မေးပေးပါ။
ကေသီချစ်သူကနိုင်င်္ငခြားမှာပါ။သူမွေးနေ့က27.7.86နဲ့ကေသီမွေးနေ့က6.4.92 ပါဆရာကေသီတို့လက်ထက်ဖြစ်မှာလားသိချင်လို့ပါဆရာဖြေကြားပေးပါနော်။
မကေသီ သို့
ဟူးရား ဂဏန်း နှင့် ဘာနေ့သားသမီး ဆိုတာ မပါပါ။ အချက်အလက် မစုံပါ။ စည်းကမ်းချက်များကို ဖတ်ပြီး ပြန်မေးပါ။
မင်္ဂလာပါ….ဆရာ
ပြန်ဖွင့်ပြီဆိုလို့ မေးပါရစေ..
ပထမဆုံးအကြိမ်မေးခြင်းပါဆရာ။
မိမိမွေးနေ့ — 03/10/1979 (ဗုဒ္ဒဟူးင်္)
ချစ်သူမွေးနေ့ — 27/04/1978(ကြာသပတေး)
ကျွန်မတို့ နှစ်ယောက် လက်ထပ်ခွင့် ရနိုင်မလား.. ရမယ်ဆိုရင် အိမ်ထောင်ကျနိုင်မယ့် ခုနှစ်နဲ့ပြုခဲ့ရင် အဆင်ပြေ၊မပြေ ။အိမ်ထောင်ရေးကံကောင်း/မကောင်းသိချင်ပါတယ်ဆရာ။
ဟူးရား ဂဏန်းက ၃၈ ရပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ ။
ဆရာ အဆင်ပြေမယ်ဆိုရင် သမီးရဲ့ mail ထဲကိုပို့ပေးလို့ရမလားရှင်။
ကျေးဇူးတင်စွာဖြင့်
မေးလ်ဖြင့် ပို့ထား။
မင်္ဂလာပါဆရာ
ကျွန်တော့် မွေးနေ့ကတော့..(12.7.1988)..အင်္ဂါ နေ့ ဖြစ်ပါတယ်
ကျွန်တော့်ဘ၀ရဲ့ စီးပွားရေး အခြေ အနေလေးသိချင်ပါတယ်…
အချစ်ရေးကတော့ ဘယ်တော့ အိမ်ထောင်ကျ မယ် ဘယ်လိုမိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျမယ်ဆိုတာ ကို သိချင်ပါတယ်ဆရာ…..
ကို zawminhtet သို့
ဟူးရားဂဏန်း မပါ။ မေးခွန်း မတိကျသောကြောင့် စည်းကမ်းချက်များ မဖတ်ထားဘူးနဲ့ တူပါတယ်။ ဟူးရားနံပါတ်က သိပ်အရေးကြီး လို့ ဒီနံပါတ်ကို (ပရိုဂရမ်လေးနဲ့ရှာပြီး) ပြန်မေးပါ။ မေးခွန်းကို အမျိုးအစား တစ်ခု (တိတိကျကျမေးပါ)
ဆရာရှင့်
ကျမမွေးနေ့က 1969 ဇူလိုင် လ 10 ရက် ကြာသပတေးသမီးပါ။
ကျမမှာအိမ်ထောင်ကျဖို့ကံဇာတာပါမပါ သိချင်ပါတယ်ရှင့်။
ဟူးရားနံပါတ်မှာ-47 ရပါတယ်။
်ကျေးဇူးတင်လျက်..
Me Me Htun သို့
ယခုအသက် (၄၂) မှာ အိမ်ထောင်ကျကိန်း ရှိတယ်။ မကျရင် (၄၅)မှာ အိမ်ထောင်ကျကိန်း ရှိသေးတယ်။ အဲဒီမှာမှ မကျရင် မကျနိုင်တော့ပါ။
Hi, Sayar…
I would like to get PR Status in Singapore,is it ok for me?
DOB:26/07/1983(Tuesday)
No.: 32
My Husband
DOB:24/07/1983(Sunday)
Thank you,
Good day!
မ Sandar သို့
PR ရဖို့ အလွန်အားကောင်း နေပါတယ်။ ရာနှုန်း (80)% အထက်မှာ ရှိပါတယ်။ ယခုနှစ် (သို့) ရှေ့နှစ်ထဲမှာ ကျလိမ့်မယ်။ ကြိုးစားလျှောက် ကြပါ။
ဆရာခင်ဗျ
ကျွှန်တော်ယူမယ့်အိမ်ထောင်ဘက်ကိုဆ၇ာ့ဆိုက်ထဲကအတိုင်းတွက်ရင်
ရာခိုင်နှုန်းက30ပဲရတယ်ဆရာ ကျွှန်တော်အတွက်အဆင်ပြေအောင်ဆရာ
လုပ်ပေးလို့ရမလားရာခိုင်နှုန်းတက်ရရင်လဲါ်ရပါတယ်သူက13.1.1991
အေးချမ်းမိုး ပါ ကျွှန်တော်က9.12.90 ပါဖြိုးဇော်အောင်ပါ တနင်္ဂနွေပါ
နှစ်ယောက်စလုံးက အဆင်ပြေအောင်တွက်ပေးပါအုံးဆရာရယ်
ကိုဖြိုးဇော်အောင် သို့
ရာနှုန်း (၃၀)% ဘဲရရင် (၃၀)ဘဲပေါ့။ အဆင်ပြေအောင် လုပ်ပေးပါ ဆိုတာ ဘာပြောမှန်း မသိပါ။ “ဒီလိုဒီလို” အဖြေထွက်နေတာကို “ဟိုလိုဟိုလို” ဖြစ်အောင် လုပ်ပေးတာမျိုး – ဆရာ မလုပ်တတ် သလို/ တစ်ခါမှလည်း လုပ်မပေးဘူးပါ။ ကာယကံရှင်များ စိတ်ချမ်းသာအောင် လှည့်ဖျား ပေးတတ်သော ဆရာမျိုးမဟုတ်၍ ဘာမှ လုပ်မပေး နိုင်တာကို နားလည်စေချင်ပါသည်။
ဆရာ မင်္ဂလာပါ။
ကျွန်မအလုပ်အတွက်နဲ့အချစ်ရေးမှာသိပ်ကံမကောင်းပါဘူး။ ဒါကြောင့်သိချင်တာလေးကိုဖြေကြားပေးပါ။
အလုပ်ကိုရေခြားမြေခြားမှာလုပ်ရင်ကောအဆင်ပြေမလားဆရာ။ မွေးနေ့က 24/8/1984 (friday)
ဟူးရားနံပါတ် 23 ကျေးဇူးတင်စွာ
မသီ သို့
အချစ်ရေး အဆင်မပြေလို့ နိုင်ငံခြားကို ထွက်ပြေးဖို့ ကြိုးစာနေတယ် ထင်ပါတယ်။ အဆင်မပြေနိုင်သေးပါ။ ဟိုမှာ ဒီထက် စိတ်ပိုညစ်ရဖို့ ရှိပါတယ်။ ရှေ့လာမယ့် (၃)နှစ်အတွင်း နိုင်ငံခြားကို ထွက်လို့ မရသေးပါ။ ဒုက္ခပိုတွေ့ ပါမယ်။
သန္တာမွေးနေ့က (21-9-1973)သောကြာသမီးပါ၊ ဒီနှစ်(သို့)ရှေ့နှစ်အိမ်ထောင်ပြုရင်ကောင်းမကောင်းသိချင်ပါတယ်… ဟူးရားဂဏန်းက (21)ပါ။ ခ်စ္သူက တနလာၤ၊ အဓိပတိဖြားပါ။ ကျေးဇူးပါနော်ဆရာ…
မ Thandar သို့
အိမ်ထောင်ပြုဖို့ အရမ်းနောက်ကျနေတာ မှန်ပေမယ့် ဒီနှစ်ကနေ – နောက်နှစ် မွေးနေ့မတိုင်မှီ အထိ “စနေ” သက္ခတ်ထဲ ရောက်နေလို့ လက်မထပ်သင့်ပါ။ (စနေသက္ခတ်က အဆင်မသင့်ရင် ကွဲတတ်တယ်)။ ဒါကြောင့် နည်းနည်းသည်းခံပြီး နောက်နှစ် (2011 ခုနှစ်) မွေးနေ့ကျော်မှ လက်ထပ်ပါလို့ အကြံပြု လိုပါတယ်။ တနင်္လာသား နှင့် အိမ်ထောင်ရေးကံ အတော်လေး သင့်မြတ်ပါတယ်။
ဆရာ မင်္ဂလာပါ
ကျမက သောကြာသမီး 16.31984ပါ၊ ကျမ ခင်ပွန်းက တနင်္လာသား 25.6.1984ပါ။ ကျမ ခင်ပွန်းရဲ့ ရွာ (ဖုတ်ထန်းတောရွာ) မှာ စီးပွားရေးသွားပြီးလုပ်ချင်လို့ပါ။
မြေဆီ (ဓါတ်မြေသြဇာ) ရောင်းချင်လို့ပါ။ နောက်နှစ်စ ပိုင်းလောက်မှာ အဆင်ပြေမလားဆိုတာ သိချင်ပါတယ်။ ကျမကို ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။ ဟူးရား ဂဏန်း က 7 ပါ။
မ Thazin Htike သို့
နောက်နှစ် (2011)နှစ်စ ပိုင်းလောက်မှာ လုပ်ငန်းစ, မယ်ဆိုရင် အမျိုးသမီးအတွက် အလွန်ကောင်းမွန်တဲ့ အခြေအနေ ရှိပြီး ၊ အမျိုးသား အတွက် အလွန်ညံ့တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါကြောင့် အမျိုးသားအနေနဲ့ မဟုတ်ဘဲ ကိုယ်တိုင်ဦးစီး လုပ်ပါ။ လုပ်ငန်းအမည်ကို ကိုယ့်ဇာတာနဲ့ နာမည်ပေးပါ။ အတော်လေး အောင်မြင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ရဲရဲလုပ်ပါ။
ဆရာ ကျမမွေးနေ့က (7.7.1981) အင်္ဂါသမီး၊ (ညနေ 43း0) ဖြစ်ပါတယ်ရှင်၊ ဘယ်အသက်အပိုင်းခြားမှာ အိမ်ထောင်ကျနိုင်မလဲ သိချင်ပါတယ်ရှင်၊ နိုင်ငံခြားသွားဖို့ကံ ပါသလား သိချင်ပါတယ်ရှင့်၊ ဟူးရားဂဏန်းက 92 ရပါတယ်ရှင်။
မ zaya သို့
ယခုအသက် (၃၀) ကနေ (၃၃)အတွင်း အိမ်ထောင်ကျကိန်းရှိတယ်။ အဖြစ်နိုင်ဆုံးအသက်က (၃၀) နဲ့ (၃၃)ဘဲဖြစ်တယ်။ ဟူးရားဗေဒင်က တပြိုင်တည်း မေးခွန်း(၂)ခုမေးရင် မကောင်းလို့ နိုင်ငံခြားသွားဖို့ ကိစ္စကို နောက်မှ ထပ်မေးပါ။ (တစ်လ စောင့်ပါ)
sayar
this qyestion i didnit ask u.i don’t know who joke to me.so please delete this question all,please .as soon as possible
hhz
ကို hein htut zin သို့
ဟုတ်လိမ့်မယ်။ အရင်တစ်ခါ မေးထားတဲ့ IP Adress နဲ့ မတူဘူး။ ဒါပေမယ့် အခုနေတဲ့ နိုင်ငံ/မြို့ကတော့ ဖြစ်ပုံပေါ်တယ်။ အတော်ရင်းနှီးသူ/အီးမေး လိပ်စာကို သိထားသူဖြစ်မယ်။ သူငယ်ချင်းချင်း ပျော်ချင်လို့ နောက်တာဖြစ်မယ်။ သူငယ်ချင်းတွေကတော့ ဒီလိုပါဘဲ ။ သိပ်ခံစားမနေပါနဲ့လေ။ ဖျက်လိုက်ပါပြီ။ ဆရာတော့ နဲနဲ အလုပ်ရှုပ်သွားတာပေါ့။
ဆရာ
ခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်.ကျမ ၁၈ နှစ်လောက်ကဗေဒင် ၁ခါ၊မနှစ်က အကြားအမြင် ၁ခါ၊ဒီနှစ် လက္ခဏာ ၁ခါ မေးဖူးပါတယ်. ဗေဒင်က အဲဒီလိုကံ မြင်တယ်ဟောတုန်းက သာမန်ပါပဲ. မနှစ်ကတော့ နာမည်ကြီးအကြားအမြင်ဆရာမ တစ်ယောက်က သေချာပေါက် ပေါက်ကိုပေါက်ကိန်းရှိတယ် ပြောတော့ နည်းနည်း စိတ်ဝင်စားသွားတာပါ. တတိယအကြိမ် လက္ခာဏာ တွက်တော့လည်း ထီဆုကြီးပေါက်ကိန်း ပေါ်နေတယ်ဆိုလို့ တော်တော် သိချင်သွားတာပါဆရာ. ခုလိုပေါက်ခဲ့ရင်တောင် ကျမအတွက် မကောင်းဘူးဆိုတာသိလိုက်လို့ မစဉ်းစားတော့ပါဘူး.
ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်.
ဆရာ… ကျွန်တော့် အလုပ်နဲ့ ပတ်သတ်ပြီးမေးချင်လို့ပါဆရာ။ ကျွန်တော့် မွေးနေ့ က ၁၆.၆.၁၉၈၂ ပါ။ ရာဟုသားပါဆရာ။ဟူးရာ ဂဏန်း က ၂၈ ရပါတယ်။ ကျွန်တော် စင်္ကာပူ ကနေပြီး ဘွဲ့ ရထားတာပါ။ စင်္ကာပူ နိုင်ငံသား လည်းဖြစ်နေပါပြီ။ အလုပ်အသစ် ရှာမယ်ဆိုပြီး အလုပ်ထွက်ထားတာ တစ်နှစ်လောက်ကျော်ရှိပါပြီ။ ကြားထဲမှာ ကိုယ်ပိုင်စီးပွားရေးတွေလုပ် ကြည့်တာ လည်း မအောင်မြင်ပါဘူး။ အလုပ် အသစ်တွေ က အင်တာဗျုးလည်း ရပါတယ်။ ဒါပေမယ့် အလုပ်မရဘူး ဆရာ။ တစ်ခုခု လွဲ နေသလိုပဲ။ ကျွန်တော့် မိန်းမ ကိုလည်း အားနာလှပြီဆရာ။ အဲဒါ ကျွန်တော် ဘယ်တော့ အလုပ်သစ်ရမလဲ ဆို တာကို သိချင်ပါတယ် ဆရာ။ အဆင်ပြေရင် ယတြာ လေး ပါ ပေး ပေးပါဆရာ။ ကျွန်တော့် နာမည်အရင်း က အီးမေးလ် အတိုင်းဖြစ်ပါတယ်ဆရာ။
ဆရာ့ မိသားစု ကျန်းမာ ချမ်းသာ ကြပါစေ.
ကိုလင်း သို့
စင်္ကာပူမှာ ဘွဲ့ရပြီး စင်္ကာပူနိုင်ငံသား ဖြစ်ရက်နဲ့ အလုပ်ကို တစ်နှစ် ကျော်အောင် မရတာတော့ အတော်ထူးဆန်းတယ် ပြောရမှာဘဲ။ ဒီလို ပြဿနာမျိုးကို အတော်စိတ်ဝင်စားလို့ အသေအချာ တွက်ကြည့်ပါတယ်။ မနှစ်က အသက် (၂၈)ကတော့ အတော်ညံ့တယ်လို့ တွေ့ရပါတယ်။ ဆေးရုံတက်ရတာ/ အချုပ် အနှောင်ခံရတာအထိ ဖြစ်နိုင်ခဲ့တာ မဖြစ်တာ အတော်ကံကောင်း တယ်ပြောရမှာဘဲ။ ဒီနှစ် အသက် (၂၉)မှတော့ အညံ့ ရှိသေးပေမယ့် ကံဇာတာ အတော်လေး တိုးတက်လာပါပြီ။ ဆရာ မှန်းထားတာတော့ အခုနှစ် နိုဝင်ဘာလ (၁၈)ရက် ကနေ နောက်နှစ် (2011) မတ်လ (၁၀)ရက် အတွင်းတော့ အလုပ်တစ်ခု သေချာပေါက် ရပါလိမ့်မယ်။ ဒီကြားထဲမှာ သတိထားရမှာက ကျန်းမာရေး နဲ့ မတော်တဆ ထိခိုက်မှုပါဘဲ။ အမှန်အတိုင်း ပြောရရင် အခု (၂၉)နှစ်မှာလည်း အလုပ်ကိစ္စတစ်ခုက လွဲရင် ကံဇာတာက နိမ့်နေတုန်းပါဘဲ။ ရတနာ သုံးပါးကို မမေ့ဖို့ လိုပါတယ်။ ဘာသာတရား များများ လုပ်ပေးပါ။ အဓိဌာန် ပုတီးစိပ် တစ်ခုခု လုပ်စေချင်ပါတယ်။
ဆရာ သမီးက 28.4.84(စနေ)ဖြစ်ပြီး ရည်ရွယ်သူက 29.1.83(စနေ)ဖြစ်ပါတယ် သူနဲ့ယူဖြစ်ရင်အိမ်ထောင်ရေးသာယာမှာလားသိချင်ပါတယ် ဟူးရားနံပတ်က 100 ပါ
denay သို့
အိမ်ထောင်ရေး အဆင်ပြေမှု ရာနှုန်း မဆိုးပါ။ သင့်မြတ်ပါတယ်။ ပိုပြီး သင့်မြတ်ကောင်းမွန်စေချင်ရင် မိန်းကလေးဖြစ်သူက “အနိုင်ယူချင်တဲ့” စရိုက်ရယ် ယောင်္ကျားလေးဖြစ်သူက “လျှို့ဝှက်ဖုံးကွယ်တတ်တဲ့” စရိုက်ရယ် ကိုယ်စီကိုယ်စီ ပြင်လိုက်မယ် ဆိုရင် သိပ်ကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်မယ်။
မင်္ဂလာပါဆရာ
ဒီဇင်ဖွေး။စနေသမီးပါဆရာ။မွေးသက္ကရာဇ်က 3.12.1988 ပါဆရာ။ဂဏန်းက 16 ပါဆရာ။သိချင်တာကတော့ဘ၀မှာဘယ်လိုအလုပ်မျိုးနဲ့ အောင်မြင်ကြီးပွားနိုင်မလဲလို့ပါဆရာ။
dezinphway သို့
အလုပ်အမျိုးအစားပေါင်း သောင်းနဲ့ချီ ရှိနေတဲ့ ဒီခေတ်ကြီးမှာ ဘာအလုပ်က အကျိုးပေးမယ်ဆိုတာ တိတိကျကျ ပြောဖို့ခက်တယ်။ ယေဘူယဘဲ ပြောနိုင်တယ်။ အစိုးရ၀န်ထမ်း၊ ဟော်တယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၊အကျိုးဆောင် လုပ်ငန်းများ ၊ စာရင်းအင်း၊ စာနယ်ဇင်း လုပ်ငန်းများ ၊ ၀န်ဆောင်မှု လုပ်ငန်းများ အကျိုးပေးပါတယ်။ အဲဒီထဲကမှ ကိုယ်လုပ်ချင်တာကို နာမည်တိတိကျကျတပ်ပြီး ပြန်မေးပါ။ ဥပမာ- စာရင်ကိုင် အလုပ်။
sayar
thanks u very much for deleting really.sorry for disturbing.
hhz
ဆရာခင်ဗျား …. ကျေးဇူးတင်စွာဖြင့် စာရေးမေးမြန်းအပ်ပါတယ်။
အခုဘဲ အလုပ်ကပရပ်နားဘို့ ပြောလာပါတယ်၊ 18ရက် 12 လ 1965 စနေ သားပါ
ဟူးရား နံပါတ်က 60 ဖြစ်ပါတယ်၊
အလုပ် ထပ်ရှာဘို့ ရဘို့ အတွက် အကူအညီတောင်း ပါတယ်ခင်ဗျာ…
ကိုလင်း18
ကိုလင်း18 သို့
ကံဇာတာ အလွန်နိမ့်ပါးနေပါတယ်။ အလုပ်သစ် ရဖို့အတွက် 2010 ကုန်ခါနီးလောက်အထိ သည်းခံ စောင့်ရမယ့် အနေအထား ရှိပါတယ်။ ဒီကြားထဲမှာ အလုပ်သစ်ရှာဖို့ထက် အကုသိုလ် နည်းပါးသွားပြီး စိတ်ဓာတ်တည်ငြိမ်ကြံ့ခိုင်လာအောင် ဘာသာတရားလေး များများဖိလုပ်ပေးပါ။
ဗေဒင်ဝါသနာပါလို့ လေ့လာနေပါတယ် ဗေဒင်တော့မမေးပါဘူး
ဗုဒ္ဒဟူးနေ့ ညနေပိုင်းမွေးတဲ့ ရာဟုသားသမီးအတွက် ဂြိုဟ်စားကို ဘယ်လို၊ သက်ရောက်ကို ဘယ်လို ကောက်ယူပါသလဲ နောက်ပြီး ဘုမ္မိကြီး ဘုမ္မိလေးကို ဘယ်လိုကောက်ယူပါသလဲ ဆရာဖြေပေးစေလိုပါတယ်။
baby သို့
မေးထားတဲ့မေးခွန်းများအတွက် အကျုံးဝင်တဲ့ ဆောင်းပါးတစ်ပုဒ် ရေးနေပါတယ်။ “ဘုမ္မိအကြောင်း သိကောင်းစရာ” အမည်နဲ့ပါ။ မကြာခင် တင်ပေးပါမယ်။ အဲဒီမှာ အသေးစိတ်ရှင်းပြထားလို့ ဖတ်ကြည့်ပါ။
အမေရဲ့ ကျန်းမာရေးကို မေးချင်ပါတယ်။အမေ့ မွေးနေ့က ၂၅.၁၀.၁၉၄၈ ပါ။ ဟူရားဂဏန်းက ၅၂ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်
မေဖြူ သို့
မိခင်ဖြစ်သူ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ အပရိက (သာမန်) နေမကောင်းခြင်းမျှသာ ဖြစ်ပါလိမ့်မယ်။ ပူပန်ရမည့် အခြေအနေမျိုး မတွေ့ရပါ။
ဆရာ….
သမီးချစ်သူနဲ့ဒီဇင်ဘာလမှာစေ့စပ်နိုင်ပါသလား။
1.5.1989တနလာၤသမီးပါ။ချစ်သူကတော့14.7.1985 တနင်္ဂနွေသားပါ။
ဟူးရားဂဏန်းက78 အဖြေရပါတယ်။
mayone သို့
ဒီဇင်ဘာလမှာ စေ့စပ်ပွဲဖြစ်မည် မထင်ပါ။ မိန်းကလေးဘက်က အခက်အခဲ နည်းနည်း ရှိနိုင်ပါတယ်။ နောက်ကျပါလိမ့်မယ်။
၃.၃.၁၉၈၆..တနင်္လာသမီးပါ…သမီးချစ်သူက..၁.၃.၁၉၈၈…အင်္ဂါသားပါ
….သမီးအပေါ်ကိုအချစ်စစ်နဲ့ချစ်သလား . . . သိချင်ပါတယ်…
သူနဲ့အိမ်ထောင်ပြုရင်ကောင်မလား..သိချင်ပါတယ်ရှင်…
သမီးအိမ်ထောင်ကျရင်ချမ်းချမ်းသာသာနဲ့
နေရမလားသိချင်ပါတယ်ရှင်…ကျေးဇူးပြုပြီးဆရာဖြေကြားပေးပါနော်
ချိုချိုမြင့် သို့
တကယ်အချစ်စစ်နဲ့ ချစ်/မချစ်ဆိုတဲ့ ဘာသာရပ်ကို အထူးပြု မလေ့လာဘူးလို့ မပြောတတ်ပါ။ အချိန်က စကားပြောလာပါလိမ့်မယ်။ အိမ်ထောင်ကျပြီးရင် အနည်းနဲ့ အများ စိတ်ဆင်းရမှာတော့ သေချာတယ်။ မိန်ရာသီဖွားတွေ ဖြစ်တဲ့အတွက် မတောင့်မတ မကြောင့်မကြ နေရမှာပါ။
Dear sir,
23.2.1982, Tuesday, random no=33, female,
Can i get new master program studying at Portugyiee ( Europ) ?
su yin min သို့
master program တက်ခွင့်ရဖို့ (70)% အထက်မှာ ရှိတယ်။ ကံတရား ကတော့ ရှိနေပြီ။ လူကိုယ်တိုင် ကြိုးစားဖို့ဘဲ လိုပါတယ်။ စိတ်ပြောင်းသွားရင်တော့ မတတ်နိုင်ဘူး။
အချစ်ရေးနဲ့ပတ်သက်ပြီးမေးချင်လို့ပါဆရာ
ကျွန်တော်ချစ်နေတဲ့သူရဲ့ မွေးနေ့က ၁၄.၁.၁၉၉၁(ကြာသာပတေးပါ)။
ကျွန်တော်မွေးနေ့က ၃.၈.၁၉၈၉ (ကြာသာပတေး)ပါ
ဘယ်တော့လောက်များအဆင်ပြေမလဲမသိဘူးဆရာ
ဟူးရား ဂဏန်းက ၂၀ရပါတယ်
ကျေးဇူးတင်စွာဖြင့် ………….
ကိုမင်းနိုင် သို့
အချစ်ရေးက အဆင်ပြေတော့မလိုလိုနဲ့ ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုတာလို ဖြစ်တတ်တယ်။ အနှောင့်အယှက် ပေါ်တတ်တယ်။ ကံတရားက အဆင်ပြေဖို့နဲ့ မပြေဖို့ (50%=50%)လောက် ဖြစ်နေလို့ အတော်ကြိုးစားရလိမ့်မယ်။ (လုံးဝ မဖြစ်ဘူးလို့တော့ မပြောနိုင်ပါ၊ မျှော်လင့်ချက် ရှိပါတယ်၊ ခက်ခဲမယ်)
နာမည်- ကျော်မြင့်ထွန်း
မွေးနေ့- 7-12-1983 (ရာဟု)
နံပါတ်- ( 7)
မေးခွန်း -အလုပ်ကိစ္စပါဆရာ ကျွန်တော် တာဝန်နဲ့ တာချိလိတ်မြို့ကို လာပြီး ဆိုင်သစ်ဖွင့်ပြိး ရောင်းဝယ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို လုပ်ဖို့ရောက်နေပါတယ်
လုပ်ငန်းကတော့ စားသောက်ကုန်ုလုပ်ငန်းဖြစ်ပြီး နယ်မြေသစ်မှာ ဈေးကွက်သစ်လာရောက်ရှာဖွေရောင်းချရမယ့် လုပ်ငန်းဖြစ်ပါတယ်
ကျွန်တော်အတွက် ယခုရောက်နေတဲ့နယ်မြေသစ် မှာလာရောက်လုပ်ကိုင်ရတဲ့လုပ်ငန်းမှာ အောင်မြင်အောင်လုပ်နိုင်မလားဆိုတာသိချင်ပါတယ်ဆရာ
ကျေးဇူးပြု၍ဖြေပေးပါခင်ဗျာ
ဆရာနှင့်တကွဆရာ့မိသားစုကျန်းမာချန်းသာလို့စိတ္တသူခနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်း
တောင်းလျှက် ——ကိုကျော်မြင့်ထွန်း
မောင်ကျော်မြင့်ထွန်း သို့
ဈေးကွက်သစ် လာရောက်ရှာဖွေ ရောင်းချတဲ့ နေရာမှာ အခက်အခဲ ပြဿနာ မျိုးစုံ ကြုံတွေ့ဖွယ် ရှိပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်ပါလိမ့်မယ်။ ကြိုးစားလုပ်ပါ။
ဆရာ..ကျမမေးချင်တာက ကျမ တခြားနိုင်ငံကို ပစ္စည်းစာတိုက်ကနေပို့ တာ ခုထိမရောက်သေးလို့  . ဆုံးပြီလား.ပြန်ရနိုင်လား သိချင်တာပါ. .
မွေးနေ့ က ၂၆.၈.၁၉၇၈. စနေသမီး
ဟူးရားဂဏာန်းက ၈၆ပါ
နေ သို့
စာတိုက်က ပို့လိုက်တဲ့ ပစ္စည်း လုံးဝတော့ မဆုံးပါ။ ဒါပေမယ့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကိစ္စ တစ်ခုကြုံပြီးမှ ရောက်မယ်။ ပစ္စည်းမှာ ခြေရာလက်ရာ ပျက်နိုင်တယ်။
ဆရာ…ကျနော်..ငွေတိုးပေးထားတာ…လူကမရှိတော.ဘူး…
ပြန်ရနှိင်တဲနည်လမ်းကောင်းလေးများရှိရင်..ညွန်ပေးပါဆရာ….
1971/14/7….wed…ဖြစ်ပါတယ်…
အားကိုးပါတယ်ဆရာ….
မိုးကြည်ဖြူ သို့
ပြန်ရနိုင်တဲ့ နည်းလမ်း ဆရာမသိ/မတတ်ပါ။ ငွေယူထားတဲ့သူက တနင်္ဂနွေ၊ ဗုဒ္ဓဟူး ၊ တနင်္လာ သားဆိုရင် ပြန်မရနိုင်တော့ပါ။ ကျန်နေ့သားများဆိုလျှင် (လူပြန်တွေ့လျှင်) မျှော်လင့်ချက် ရှိပါသေးသည်။ သူလည်း ဒုက္ခအတော်ရောက်နေပါသည်။
ဆရာရှင့် မေလ်းကနေ တစ်ခါမေးဖူးပါတယ် ဆရာ ပြန်ဖြေပေးလို့ လည်းကျေးဇူးတင်ပါတယ်..
ကျွန်မ မွေးနေ့ က Wednesday ဖြစ်ပါတယ်…ယခုလက်ရှိ အဖြေတောင်းထားတဲ့ အင်္ဂါသား နဲ့  အဆင်ပြေပြီး အိမ်ထောင်ကျနိုင်ပါသလား..မိဘသဘောတူနိုင်ပါ့မလား…ဘယ်မရွယ်မှာ အိမ်ထောင်ကျရင် ကံကောင်းမလဲ..လူမျိုးခြားဖြစ်နိုင်ပါသလားရှင်…ဟူးရား ဂဏန်းက ၅ ပါဆရာ…ကျေးဇူးအထူးတင်လျှက်ပါ….
ma yin mon သို့
လုံးဝ မသင့်မြတ်တဲ့ အင်္ဂါသားကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တော့ “ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းတတ်သည်” ဆိုတဲ့ စကားပုံ လေးကို သတိရမိတယ်။ အင်္ဂါသားနဲ့ဆိုရင် ဘယ်အရွယ်ရွယ် အိမ်ထောင်ကျကျ အိမ်ထောင်ရေးကံ မကောင်းပါဘူး။ မယုံရင် လက်တွေ့ရင်ဆိုင် ကြည့်ပေါ့ကွယ်။
ဟုတ်ကဲ့ပါဆရာ။သမီးအရင်သိချင်တဲ့အချက်ပဲမေးပါ့မယ်
သမီးချစ်သူနဲ့လက်ထပ်ဖြစ်မလားဆရာ
ဟူးရားနံပါတ်က ၇ ပါ
သမီးမွေးနေ့က26.11.1986(ရာဟု)ပါ
ချစ်သူက3.5.1985(သောကြာ)ပါ
မ Theingi Tun သို့
အခုလို ဆရာပြောပြတာကို နားလည် သဘောပေါက် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်။ ထွက်လာတဲ့ အဖြေက မှန်ကန်တိကျ စေချင်လို့ပါ။ ရောကော သောကောဆိုတော့ မှန်သင့်သလောက် မမှန်တော့ ဘူးပေါ့။
အခု မေးခွန်းကတော့ ရှင်းလင်းတိကျသလို တွက်လိုက်တဲ့အခါမှာလည်း ပြတ်သားတဲ့ အဖြေ ထွက်ပါတယ်။ ချစ်သူနှစ်ဦး ပေါင်းဖက် လက်ထပ်ရဖို့ (80)% နဲ့ အထက်မှာ ရှိလို့ သိကြားမင်း ဆင်းဖျက်ရင်တောင် ပျက်စရာ မရှိပါဘူးကွယ်။
တစ်ခုတော့ ထည့်တွက်လို့ရလို့ တွက်ပေးလိုက်ဦးမယ်။ လက်ထပ်မယ်ဆိုရင် – - အခုကနေပြီး – 2012 မေလ မတိုင်မှီအတွင်းမှာ လက်ထပ်သင့်တယ်။ ဒါဆို အိမ်ထောင်ရေး အေးချမ်းမယ်။ 2012 မေလ ကနေ 2015 မေလအတွင်း လက်ထပ်ရင်တော့ အိမ်ထောင်ရေး အလွန်မသာမယာ ဖြစ်မယ်။ ဒီတော့ 2012 အတွင်းမဟုတ်ရင် နောက်ထပ် (၃)နှစ် ထပ်စောင့်သင့်ပါတယ်။ ကျန်တဲ့ မေးခွန်းတွေ နောက်ထပ် နှစ်ပါတ်လောက် ဆိုရင် မေးလို့ ရပါပြီ။
I want to ask about my love affairs. My Birthday is 30.4.1988/ Sat born. My girlfriend’s birthday is 24.10.1987/Sat born. She told that she wanna break up with me. What i want to know is “can we still be together again?” because i plan to marry her. ဟူးရား ဂဏန်းက ၅၈ ရပါတယ်
my birthday is 30.4.1988 (Sat born) and my girlfriend’s birthday is 24.10.1987 (Sat born).
ကို sawhtutaung သို့
အခြေအနေ မကောင်းပါ။ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်မည့်ကိန်း ဆိုဒ်နေပါပြီ။ အနှေးနဲ့ အမြန် အပြီးလမ်းခွဲရ တော့မယ့် ကိန်းရှိပါတယ်။
ဆရာရှင့် အပျိုကြီးဇာတာပါ ပါသလားရှင့်….
မပါရင် ဘယ်အရွယ်လောက်မှာ အိမ်ထောက်ကျနိုင်ပါသလဲ…
မွေးနေ့ က (၁၃-၈-၈၁) ကြာသာပတေး ဖြစ်ပါတယ်…
အိမ်ထောက်ကျရင် ဘယ်လို လူမျိုးဖြစ်ပြီး..ဘယ်အရွယ်မှာကျနိုင်ပါသလဲ….ကောင်းမကောင်းသိချင်ပါတယ်….
ဟူးရာဂဏန်းကတော့ (၃၆ ) ဖြစ်ပါတယ်…
ကျေးဇူးတင်လျှက်ပါ….
yin mon သို့
အပျိုကြီးဇာတာ ဖြစ်လုနီးပါး ဇာတာဖြစ်တယ်။ ဒီဇာတာမျိုးက အိမ်ထောင် စောစောကျရင်ကျ ၊ မကျရင် နောက်ကျတတ်တယ်။ အိမ်ထောင်ကို ခက်ခဲစွာ ပြုရတတ်တယ်။ အသက် (၃၀)(၃၂) (၃၃) (၃၅)တွေမှာ အိမ်ထောင်ကျနိုင်ပြီး အဖြစ်နိုင်ဆုံးက အသက် (၃၅) နှစ်ဖြစ်တယ်။ အိမ်ထောင်ရေးကျဖို့ကံ အားနည်းတာကြောင့် အိမ်ထောင်ဘက်က ဘယ်လိုလူမျိုးဆိုတာ “ပီပီပြင်ပြင်” တွက်လို့ မရပါ။
ကျွန်တော် မွေးသက်ကရာဇ်မှာ (၁-၁၀-၁၉၈၈) စနေနေ့ဖြစ်ပါတယ်။
ကျွန်တော် ကံမှာ ထီပေါက်မယ်ကံပါလား ဆရာ။
ကျွန်တော် အိမ်ထောင်ကျကိန်းရှိလား ဆရာ။
ဆရာရှင့်…..ကျွန်မရဲ.အချစ်ရေးနဲ.ပတ်သက်ပြီးမေးချင်ပါတယ်..ကျွန်မမွေးနေ.က ခရစ်နှစ်လို 17.5.1988ပါ..အင်္ဂါသမီး…ချစ်သူက 8.5.1968 …ကြာသပတေးသားပါ.ကျွန်မတို.ဘယ်တော့လောက်လက်ထပ်ဖြစ်မလဲသိချင်ပါတယ်ရှင့်။
ဆုံစည်းခွင့်ကောရှိမလား ဟူးရာဂဏန်းကတော.30 ပါ ကျေးဇူးတင်စွာဖြင့်
shwe sin သို့
လက်ထပ်ခွင့် ဆုံဆည်းခွင့် အလွန်နည်းလှပါတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်ကွယ်။ ယောင်္ကျားလေးဘက်မှာ ကျော်လွှားရမယ့် အခက်အခဲတွေ များလွန်းနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့် နောက်ဆုတ် သွားတတ်ပါတယ်။
sorry ဆရာ။ အရင်မေးတုန်းကလောသွားလို့။ှဆရာပြန်မေးခိုင်းလို့ ကျေးဇူးပါဆရာ။ လက်ရှိအလုပ်ကနောက်တစ်ခုကိုအပြောင်းအလဲရှိမလားဆိုတာပါဆရာ။ မွေးနေ့က (4-6-1981) ကြာသာပတေးပါ။ ဟူးရား င်္နပါတ်က ၁၃ ပါဆရာ။
ကို mg mg သို့
အလုပ်အပြောင်းအလဲ ရှိနိုင်တယ်။ ဒါပေမယ့် သိတဲ့အတိုင်း အခုရောက်နေတဲ့ (၃၀)က အင်္ဂါသက္ခတ်လည်းဖြစ်၊ ဟူးရာမှာက လည်း အခြေအနေ မကောင်းလို့ ပြောင်းဖြစ်ရင်လည်း အဆင်ပြေတဲ့ နေရာ၊ အလုပ် ဖြစ်ဖို့ သိပ်မရှိပါဘူး။ အပြောင်းအလဲ မဖြစ်ရင် ပိုကောင်းတယ်။ ပြောင်းရင် လက်ရှိအခြေအနေထက် ပိုညံ့သွားမယ်။
ဆရာ
အလုပ်ရှာနေတာ ရနိုင်မလားသိချင်ပါတယ်။
၃၁.၃.၇၈ (သောကြာ)ဖြစ်ပြီးဟူးရား ဂဏန်းက ၃၈ ရပါတယ်။
ကျေးဇူးတင်ပါတယ်
မ mee သို့
ကံဇာတာ အလွန်နိမ့်နေပါတယ်။ အလုပ်တစ်ခု ရဖို့ (၆)လအတွင်း မလွယ်သေးပါ။ ဒီကြားထဲ မထင်မှတ်တဲ့ ပြဿနာက ၀င်လာတတ်ပါ သေးတယ်။ ဘာသာတရား များများလုပ်ပါ။ အခုလ (၉)လပိုင်းမှာ သတိထားပါ။
ဆရာ..သမီး က အချစ်ရေးနဲ့ ပတ်သက်လို့ မေးချင်လို့ ပါ. အရင်ကလည်းတခါမှမမေးဖူးလို့  အမှားပါခဲ့ရင်ခွင့်လွှတ်ပါ.
သမီးရဲ့ မွေးသက္ကရာဇ်က (10.2.1987) အင်္ဂါသမီးပါ. နံပါတ်က ဟူးရားနဲ့ ရှာလိုက်တော့ (106) ရပါတယ်.သမီးရဲ့ ချစ်သူ က မောင်အောင်ကိုကိုဦး (29.6.1986) တနင်္ဂနွေသားပါ.
သမီးသိချင်တာက သမီးတို့ နှစ်ယောက် အဆင်ပြေပြေနဲ့ ဘယ်တော့အိမ်ထောင်ပြု ရမလဲသိချင်ပါတယ်.
ကျေးဇူးတင်ပါတယ် ဆရာ..
ဆုရည်အောင် သို့
အိမ်ထောင်ကျဖို့ ကိစ္စမှာ အခက်အခဲတွေ အများကြီးတွေ့နေရပါလား။ အိမ်ထောင်ကျဖို့ ရာနှုန်း (63)%လောက် ဘဲရှိလို့ သိပ်အသေအချာကြီး ပြောမရပါ။ တော်တော်လေး ကြိုးစားရပါမယ်။ အသက် (၂၅) နဲ့ (၂၇) က အိမ်ထောင်ကျဖို့ အားအများဆုံးဖြစ်နေတယ်။ အိမ်ထောင်ကျသွားရင်တော့ အိမ်ထောင်ရေးကံ သင့်မြတ်တဲ့ အထဲမှာ ပါပြီး စီးပွားအလွန်တက်တတ်တဲ့ အိမ်ထောင်ရေးမျိုးဖြစ်တယ်။
ဆရာရှင့်
သမီးက ဟူးရားနံပါတ် 96 ပါ။
မွေးသက္ကရာဇ်က 20/04/1983 Wednesday သမီး ပါ။
သမီး အိမ်ထောင်ရေးကံကောင်း/မကောင်း သိချင်လို့ပါ။
ဘယ်လိုလူမျိုးနဲ့ ဘယ်နှစ်ထဲမှာအိမ်ထောင်ကျမည် ဆိုတာသိချင်လို့ပါ ဆရာ…..
ကျေးဇူးတင်ပါတယ် ဆရာ။
မ nwenwe သို့
အိမ်ထောင်ရေးကံ သိပ်အညံ့ထဲမှာ မပါပေမယ့် အိမ်ထောင်ပြု မမှားဖို့တော့ လိုတယ်။ အဓိက တနင်္လာ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး သားများကို ရှောင်ဖို့လိုတယ်။ အိမ်ထောင်ကျနိုင်တဲ့ အသက်ပိုင်းတွေက (၃၁)(၃၄)(၃၆) နှစ်များဖြစ်ပြီး (၃၁)က အဖြစ်နိုင်ဆုံးဖြစ်တယ်။ အိမ်ထောင်ဘက်က ကိုယ့်ထက် အသက်ကြီးတတ်ပြီး အလုပ်အကိုင် ကောင်းသူ (သို့) ရာထူးရာခံရှိသူ ဖြစ်တတ်တယ်။
ဆရာရှင့် အခု လက်ရှိလူနဲ့ အိပ်ထောင်ကျရင် အစဉ်ပြေမပြေ သိချင်လို့ ပါ….
သမီး မွေး နေ့က စနေ့  နေ့ပါ(24-9-88) နဲ့ Wednesday သား (21-6-89) နဲ့  ပေါင်းသင်ရန် ကံပါမပါ သိချင်ပါတယ်..ဟူးရာဂဏန်းကတော့ (၁ ) ဖြစ်ပါတယ်….
ကျေးဇူးတင်ပါတယ်…
မယုမွန်ကျော် သို့
စနေသမီး နှင့် ဗုဒ္ဓဟူးသား ပေါင်းရဖို့ကံ ပါပါတယ်။ အိမ်ထောင်ရေး အဆင်ပြေမှုလည်း သိပ်မဆိုးပါဘူး။ မိန်းကလေးကတော့ နည်းနည်း သည်းခံရမယ့် အနေအထားရှိပါတယ်။ အစပိုင်းမှာတော့ ပြဿနာ ရှိတတ်တယ်။အိမ်ထောင်သက် ကြာလာရင် အဆင်ပြေလာမှာပါ။
ကျွန်တော်ကတော့ ချစ်သူဆီမှအဖြေဘယ်တော့ရမလဲပဲမေးချင်တာပါ ?
ဟူးရားဂဏန်းက ၇ ရပါတယ် ကျေးဇူးအထူးတင်ပါတယ်
မွေးနေ.က ၁၀ ရက် ၁၀ လ ၁၉၈၈ ( တနင်္လာ) မွေးတာပါ
ချစ်သူက ၁၅ ရက် ၆ လ ၁၉၈၆(တနင်္ဂါနွေ) ပါ
ကိုကောင်းမြတ် သို့
အမြန်ဆုံး (၂)လ ကနေ အကြာဆုံး (၆)လအတွင်း အဖြေရပါမယ်။
Dear Saya,
I am 27 Feb 1976 Friday born (34 years old).
Now I am staying Blk 88,# 04-09.
I lost my job in this month & have some problem in health & wealth.
Could you please advise me how to get the good fortune?
Huya Number is (94)
ကို THURA TUN သို့
ကံဇာတာ အလွန်အမင်း နိမ့်နေပါတယ်။ အလုပ်ထက် ကျန်းမာရေးကို ပိုပြီး ထိခိုက်ဖို့ မြင်ပါတယ်။ အခုကာလထက် (၁၀-၁၀-၂၀၁၀) မှ (၁၃-၁၁-၂၀၁၀)အတွင်း ကာလကို အထူးသတိထားပါ။ ဒီနှစ်အတွက် အညံ့ဆုံးကာလဖြစ်ပါတယ်။ ကံအလွန်ညံ့နေချိန်မှာ ရုတ်ချည်း ကံကောင်းလာနိုင်တဲ့ နည်းလမ်းမရှိပါ။ မိမိကိုးကွယ်ရာ ဘာသာတရားကိုသာ ပြင်းပြင်းထန်ထန် လုပ်စေချင်ပါသည်။
ဘ၀တစ်လျှောက်လုံး ငွေရေးကြေးရေးချမ်းသာမှု နှင့် စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံနိုင်ပါ့မလား . . . မွေးနေ့ကတော့ ၁ . ၁၁ .၁၉၉၁ ( သောကြာသမီးပါ )
ဟူရားနံပါတ်ကတော့ ၁၁ ရပါတယ်ရှင့်
မမိုးမိုး သို့
ဘ၀တစ်လျှောက်လုံး အကောင်းချည်းသာ ဖြစ်မယ်လို့ မျှော်လင့်ရင် စိတ်ထားမရင့်ကျက်ရာ ကျလိမ့်မယ်။ ဘယ်သူတစ်ဦး တစ်ယောက်မှ မဖြစ်နိုင်ဘူး။ သင့်ရုံလောက်ဆို တော်ပြီပေါ့။ ဟူးရားတွက်ကိန်းအရ ငွေကြေး ပြည့်စုံမှုကတော့ ထိုက်တန်သလောက် ရလိမ့်မယ်။ စိတ်ချမ်းသာမှု ကတော့ ရရှိမှု နည်းမယ်။ အထူးသဖြင့် အိမ်တွင်းရေး၊ အိမ်ထောင်ရေး အပူသောက အမြဲလို ရှိနေမယ်။
ကျွန်တော်ငခုတက်ရောက်နေသော Ph.D. ဘွဲ.ကို အဆင်ပြေပြေ အခက်အခဲမရှိပြီးနိုင်မည်လား။
ရာဟုသား။၂ ရက် ၊ ၆ လ ၊၁၉၈၂ ခု။ဟူးယား ဂဏန်း ၅၄ ရပါတယ် ခင်ဗျ။ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ကို GINGO သို့
လက်ရှိ တက်နေသော Ph.D ဘွဲ့ ကို ခက်ခက်ခဲခဲ နဲ့ ကြိုးစားရပါလိမ့်မယ်။ ယခု (၂၉)နဲ့(၃၀)မှာ ပညာရေးကံ ညံ့ပါတယ်။ အသက်(၃၁)မှာတော့ အတော်လေး ကောင်းပါတယ်။ ဒီနှစ်မှာတော့ ရလိမ့်မယ်လို့ ယူဆပါတယ်။
ဆရာ…ကျနော်…ရဲ.ဟူရားဂဏန်းက51ပါ…
မွေးနေက14/7/71..ဗုဒ္ဓဟူးနေ.ပါ……
ကျှနော်ပေးထားတဲ့ငွေတွေပြန်ရနိုင်တဲနည်းလမ်းကောင်းလေးညွန်ပေးပါဆရာ…
ကျေးဇူးအထူးတင်ပါတယ်….အားလဲကိုးပါတယ်….
ကိုမိုးကြည်ဖြူ သို့
ဟူးရားဂဏန်းပေးတော့ ပိုသေချာသွားတာပေါ့ဗျာ။ ဒီငွေက ပြန်ရဖို့ သိပ်မလွယ်တော့ပါ။ ရရင်လည်း အချို့အ၀က်မျှသာ ရပါတော့မယ်။ ယတြာလုပ်တဲ့ နည်းတွေ ရှိပေမယ့် ပြန်ရကိန်း ရှိမှ လုပ်လို့ရတာပါ။ ဒီလို အခြေအနေမျိုးမှာ လုပ်မရပါ။ အတိတ်ဘ၀က အကြွေးတစ်ခု ဆပ်လိုက်တယ်လို့သာ ခံယူလိုက်ပါဗျာ။
ဆရာကျမမွေးနေ့က( 9-Sept-1974 ) တနင်္လာသမီးပါ။ ဟူးရားဂဏန်းက ၃၀ ရပါတယ်။ ကျေးဇူးပြုပြီး ကျမဒီလထဲမှာအလုပ်ရမလားပြောပေးပါ။ တနင်္လာနေ့ (6- Sep-2010) မနက် ၁၀ နာရီ အင်တာဗျူးသွားရပါမယ်။
မ Thuzar Khin သို့
တနင်္လာနေ့က ဖြေဆိုခဲ့သော အင်တာဗျူး အခြေအနေ မကောင်းပါ။ ဒီလ (စက်တင်ဘာလ)ထဲ အလုပ်ရဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါ။ နောက်လတွေ ကြိုးစားကြည့်ပေါ့။
ဆရာခင်ဗျား
ကျွန်တော့်မွေးနေ့ ၆.၇.၁၉၈၉ (ကြာသပတေး) ပါ။ ကျွန်တော်ချစ်ရသူက ၂၂.၁.၁၉၈၉ (တနင်္ဂနွေ)ပါ။ ကျွန်တော်တို့က အချင်းချင်း သံယောဇဉ်ရှိပေမယ့် သူ့ဘက်က လူမျိုး ကိစ္စကြောင့် အခြေအနေသိပ်မကောင်းပါ။ ပြိုင်ဘက်လည်းရှိပါတယ်။ ကျွန်တော်ကတော့ သူ့ကိုပဲဆက်ကြိုးစားချင်ပါတယ်။ ရှေ့ဆက်ဘယ်လိုဖြစ်နိုင်လဲ သိချင်ပါတယ်။ ဘယ်လိုဆက် ကြိုးစားသင့်လဲ ဆိုတာလဲ အကြံဥာဏ်လေးတောင်းချင်ပါတယ် ခင်ဗျာ။ ဟူးရားနံပါတ် က ၆၁ ပါခင်ဗျာ။
ကို PS သို့
ကြာသပတေးသား နဲ့ တနင်္ဂနွေ သမီးတို့က ရှေးဘ၀က ရေစက် ပါပုံမရပါဘူး။ ကျွန်တော်တော့ မျှော်လင့်ချက် သိပ်မရှိဟုသာ ယူဆပါသည်။ တွက်ချက်မှုများအရ ဖြစ်နိုင်ချေ အလွန့်အလွန် နည်းနေပါတယ်။ မင်းကုသထုံး နှလုံးမူပြီး ကြိုးစားချင်လည်း ကြိုးစားကြည့် ဦးပေါ့လေ။
ဆရာခင်ဗျား
ကျွန်တော်မေးမေးမယ်ဆိုပြီဆရာမပြန်မှာဆိုလို့ကြောက်ပြီမမေးဖြစ်တာပါ၊အခု ကျွန်တော်အလုပ်အတွက်အရေးကြီးလို့မေးပါရစေ၊ ကျွန်တော် က 26/09/1976 ဖွားတနင်္ဂနွေသားပါဆရာ၊ကျွန်တော် ဟူးရားနံပါတ် က ၄ ပါဆရာ၊ကျွန်တော်ယခုလုပ်ကိုင်နေသော Company မှာအလုပ်အကိုင်ရာထူးတက်ဖို့ရှိမရှိ၊ ဒီ Companyနဲ့ဆက်လုပ်ရမလားဆိုတာလေးသိချင်ပါတယ်ဆရာ
ကိုဗိုလ်ဗိုလ်အောင် သို့
အခုလက်ရှိ လုပ်ကိုင်နေသော ကုမ္ပဏီမှာ ရာထူးတက်ကိန်း ရှိပါတယ်။ အခု သက္ခတ် အင်္ဂါက ဒီလိုဘဲ ဟိုပြောင်းရ ကောင်းနိုးနိုး/ဒီပြောင်းရ ကောင်းနိုးနိုး ဖြစ်တတ်ပါတယ်။ ပြောင်းရင် မှားမယ်။ ဇွဲကောင်းကောင်း နဲ့ ဆက်လုပ်ပါ။ ထိပ်တန်း ရာထူးများအထိ ရမယ်။ (၂)နှစ် (၃)နှစ်တော့ သည်းခံလိုက်ဦး။ အိုကေ နော်။
ဆရာ
သမီးက 3.3.1985 တနင်္ဂနွေသမီးပါ random number က 5 ပါ သမီးဝန်ထမ်းက ထွက်ပြီး အပြင်အလုပ်လုပ်တဲ့အခါ စီးပွားရေးလုပ်တာနဲ့ ပညာနဲ့ အလုပ်လုပ်တာနဲ့ ဘာက ပိုသင့်တော်မလဲ ပိုအောင်မြင်မလဲ သိချင်လို့ပါ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးဆရာ
angel သို့
အလုပ်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ စိတ်ကူးနေတာလား။ ထွက်မယ်ဆို မတ်လ(၃)ရက် မွေးနေ့ မတိုင်မှီထွက်မှ ရမယ်။ အဲဒီနောက်ပိုင်း မထွက်ရင် (၃)နှစ်ပြန်စောင့်ရမယ်။ အကောင်းဆုံးကတော့ ကိုယ်ပိုင်လုပ်ငန်းလည်းဖြစ်/ပညာနဲ့အသက်မွေးရတာလည်း ဖြစ်ရင် အကောင်းဆုံးပေါ့။
ဆရာကျွန်တော်သဘောင်္လိုက်ချင်တာအဆင်ပြေမလားမသိပါဘူးခင်ဗျာ။
ကျွန်တော်က အဂါင်္သားပါ။
မွေးနေ.က 16 ရက် 3လ 1993 ပါ။
ဟူးရားဂဏန်းကတော. ၈၈ ရပါတယ်။
မောင်ဆက်အောင် သို့
သင်္ဘောလိုက်ချင်လို့လား။ လိုက်လို့ရပါတယ်။ အကျိုးပေးပါမယ်။ ဒါပေမယ့် ဘေးဥပဒ်တော့ မကင်းဘူး။ မုန်တိုင်းဘေး ၊ သဘောင်္နစ်တဲ့ဘေး ၊ ပင်လယ်ဓါးပြဘေးတွေ ကြုံနိုင်တယ်။ ဒါပေမယ့် သတ္တိရှိရင် လိုက်လိုက်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကြုံလာရင်တောင် အသက်အန္တရာယ် မရှိလို့ပါ။
ဆရာ..အားကိုးပါရစေ..။သမီးမွေးနေ့က ၈.၁.၁၉၉၀ ၊ တနင်္လာသမီးပါ..။ဟူရားဂဏန်းက ၃၀ ပါ။အခု နိုင်ငံခြားမှာပါ.။လျှောက်ထားတဲ့အလုပ်တွေကများပေမယ့် ၁ခုမှ အကြောင်းမပြန်သေးတော့ အခက်တွေ့နေပါတယ်။
စိတ်ဓာတ်ကလဲကျချင်ချင်ဖြစ်နေပါပြီ။ဒီလ september လထဲမှာ အလုပ်ရချင်ပါတယ် ဆရာ..။ဖြစ်နိုင်ပါ့မလား။ပြီးတော့ ဘယ်လို အလုပ်နဲ့အကျိုးပေးပြီး ဘယ်အချိန်အလုပ်ရမလဲ သိချင်ပါတယ်။
မကဗျာ သို့
စက်တင်ဘာလ အတွင်းရော၊ ဒီနှစ် (2010)အတွင်းရော အလုပ်ရဖို့ သိပ်မလွယ်ဘူးလို့ တွေ့ရပါတယ်။ စိတ်ဓာတ်တော့ ကျစရာဘဲ။ 2011 ထဲကို ၀င်သွားရင်တော့ ကံဇာတာ တက်လာပြီမို့ အလုပ်တစ်ခု ရပါလိမ့်မယ်။ စာရင်းအင်း ၊ ကွန်ပျူတာ ၊ ဟိုတယ် ခရီးသွားလုပ်ငန်း ၊ အရောင်းဆိုင် ၊ ဖက်ရှင်လုပ်ငန်း ၊ အထည်ချုပ်လုပ်ငန်း ၊ အစိုးရ၀န်ထမ်း လုပ်ငန်းများ အကျိုးပေးပါတယ်။
ဆရာ ..မင်္ဂလာပါ .. ကျွန်မကတော့ ကြာသပတေးသမီးပါ ..မွေးနေ့ကတော့ (17.4.1986) ပါဆရာ။ ဟူးရားဂဏန်းကတော့ 108 ပါဆရာ။ကျွန်မသိချင်တာကတော့ ..ကျွန်မရဲ့ အိမ်ထောင်ရေးကံ ကိုသိချင်ပါတယ်ဆရာ။အိမ်ထောင်ဘက်က ကျွန်မထက်အသက်ကြီး/မကြီး၊ အိမ်ထောင်ရေးကံ ကောင်း/မကောင်း၊ ဘာနေ့သားနဲ့အိမ်ထောင်ဖက်ဖြစ်မလဲ၊ အသက်အပိုင်းအခြား ဘယ်တော့လောက်မှာ အိမ်ထောင်ကျမလဲ သိချင်ပါတယ်ဆရာ။ ဆရာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ…လေးစားစွာဖြင့်
မ phyo su thaw win သို့
(၁)အိမ်ထောင်ရေးကံ- အိမ်ထောင်ကို ခက်ခဲစွာ ပြုရမည်။
(၂)အိမ်ထောင်ဘက်- ရွယ်တူမှ အသက်ငယ်နိုင်သည်။ အသက်ကြီးလျှင် မိမိထက် အဆင့်နိမ့်မည်။
(၃)အိမ်ထောင်ရေးကံ သင့်ရုံမျှသာ ရှိသည်။ (မဆိုး/မကောင်း)
(၄)တနင်္လာ၊ အင်္ဂါ၊ စနေ ၊ ကြာသပတေး သားများဖြင့် အိမ်ထောင်ကျတတ်ပြီး စနေ နှင့် ကြာသပတေးဖြစ်ဖို့ ပိုများ။
(၅)အသက် (၂၅)(၂၈)(၂၉)များတွင် အိမ်ထောင်ကျမည်။
Dear Saya,
I was born on 26/08/1984, Sunday at 10:45 am. Random no. is 29. Currently I’m working as HR/Admin Executive in Singapore for more than 3 years. This is my very first job here, everything goes very well in the company, and I’m really satisfied with current job and benefits. I’ve already got my first master degree in Myanmar, related to business. But I’m going to pursue another master degree (part-time) in either engineering or information system by 2011, and thinking of changing my career to Business Analyst, related to ICT, because it’s starting to become boring with current job scope. With newly acquired knowledge and a year or two of working experience, I’m planning to reside in either Australia or Canada for change of environment. Timeline for this is in next 3 to 4 years. I would like to seek your kind advice on this plan.
Hope everything goes well with you.
Thank you in advance.
ဆရာရှင့်
ကျွန်မစာမေးကတော့ 17.9.2010 တွင်ဖြေရပါမယ်
ကျွန်မပညာရေးကံကိုသိချင်ပါတယ်
ကျွန်မမွေးနေ့ကတော့ 26.3.1992 (ကြာသပတေးသမီး)ဖြစ်ပါတယ်
ဟူးရားဂဏန်းကတော့ 76 ရပါတယ်……ကျေးဇူးအထူးတင်ရှိပါတယ်………….
မြတ်နိုးအေး သို့
အဲဒီ စာမေးပွဲ ကတော့ လွတ်လွတ်ကျွတ်ကျွတ် အောင်ပါလိမ့်မယ်။ စောင့်ကြည့်လေ။ မအောင်စရာ အကြောင်း လုံးဝမတွေ့ရပါ။
ဆရာခင်ဗျာ
ကျွန်တော်ရဲ့ မွေးနေ့က 12.7.1988 (အင်္ဂါနေ့) ဖြစိပါတယ်
ကျွန်တော့်ဘ၀ ရဲ့ စီးပွားရေး အခြေ နေလေး သိချင်ပါတယ်
ကျေးဇူးပြုပြီး ဖြေ ကြားပေးပါနော်
Zaw Min Htet သို့
ဒီမေးခွန်းက ဟူးရားဂဏန်း လိုပါတယ်။ နောက်ပြီး စီးပွားရေးဆိုတာနဲ့ မရပါ။ အထွေထွေ ဗေဒင်မဟောပါ။ အလုပ်သစ်လုပ်ချင်တာလား။ ဘာအလုပ်လဲ။ စသည်ဖြင့် မေးရပါမယ်။ သူများတွေ မေးတာ လေ့လာကြည့်ပါဦး
Dear Sayar,
I want to know about love.
Please check for me
My date of birth is December 6th,1988 (Tuesday).
My randomize number is 1.
Zaw Min Htet သို့
About Love ဆိုပြီး မေးမရပါ။ အပေါ်က စည်းကမ်းချက်တွေကို သေသေချာချာ မကြည့်ဘူး ထင်ပါတယ်။ တိကျတဲ့ မေးခွန်း မေးပေးပါ။
ဆရာ သမီးအခု လက်ရှိလုပ်နေတဲ့အလုပ်က ထွက်ပြီး အလုပ်သစ်ရှာနေပါတယ်
အဲဒါ အဲဒီအလုပ်သစ်က တစ်ပတ်အတွင်းရနိုင်ပါ့မလား
ရခဲ့ရင်လည်းသမီးရဲ့ တက်လမ်းအတွက် အထောက်အကူဖြစ်ပါမလား
သမီးရဲ့ဇာတာဟာအပျိုကြီးဖြစ်မဲ့ ဇာတာလားဆိုတာလဲသိချင်ပါတယ်
မွေးနေကတော့ 6.11.1980ပါ
ဟူးရားဂဏန်း က 24ပါ
သမီးရဲ့ email ကို ပေးပို့ ဖြေကြားပေးစေလိုပါတယ်
ကျေးဇူးတင်လျှက်
wmz
WMZ သို့
အင်္ဂါသက္ခတ်အတွင်းမှာ အလုပ်ပြောင်းရင် အဆင်ပြေပြေ ဖြစ်ခဲပါတယ်။ တစ်ပါတ်အတွင်း အလုပ်ရဖို့ သိပ်မလွယ်ပါ။ ဒီထက် ကြာနိုင်ပါတယ်။ အောက်တိုဘာလ နဲ့ နိုဝင်ဘာလ အတွင်းလောက်မှ ရလိမ့်မယ်လို့ ယူဆတယ်။ အင်္ဂါသက္ခတ်ထဲမှာ ပြောင်းတဲ့အလုပ်ဖြစ်လို့ သိပ်အဆင်ပြေတဲ့ အလုပ်မဖြစ်နိုင်ပါ။
ဟူးရားမေးခွန်းက တစ်ကြိမ်မှာ တစ်ခုဘဲ မေးခွင့်ရှိလို့ အပျိုကြီးဖြစ်မဖြစ် နောက်တစ်ခါ ပြန်မေးပါ။
လူအများ မြင်ရင် မသင့်သော မေးခွန်းမဟုတ်၍ မေးလ် ပို့မပေးပါ။
ဆရာ ဗေဒင်မေးချင်ပါတယ် ဟူးရားဂဏန်းက start ကိုနှိပ်လိုက်တာ 44 ပေါ်လာတယ် ညီမယောက်င်္ကျားမွေးနေ့က1342 တန်ဆောင်မုန်းလဆန်း2ရက် တနင်္ဂနွေနေ့ ပါ ညီမက 1341 တန်ခူးလဆုတ် 13ရက် အင်္ဂါနေ့ပါ ညီမတို့ ခု ကလေးက ဗိုက်ထဲမှာ 2လကျော်ကျော်ရှိနေပါပြီ ဘာလေးမွေးမှာလဲနဲ့ နောက်ပြီး ညီမတို့ရဲ့အိမ်ထောင်ရေး နဲ့ အကျိုးပြုမပြု တချက် ကြည့်ပေးပါလား ကောင်းမကောင်းပေါ့ဆရာ ကျေးဇူးတင်ပါသည်မေးလ်ပို့ပေးလဲ ရပါတယ် ဆရာ ပထမဦးဆုံး လေ့လာပြီး ဆရာကို မေးကြည့်ပါသည်
စိမ့်စမ်းစု သို့
ဟူးရားဇာတာအရ ယောင်္ကျားလေး ဖြစ်ဖို့ များပါတယ်။ သေချာအောင် ULtra Sound ရိုက်လိုက်ပါလေ။ နောက်တစ်ခုက ကလေးက မိဘကို အကျိုးပြု/မပြုကို မေးတာလား? ဒါကတော့ မွေးတဲ့ နေ့ရက်ကို သိရမှာ တွက်လို့ရမှာပါ။ မွေးပြီးအောင် စောင့်လိုက်ပါဦးလေ။
ဆရာရှင့်
မင်္ဂလာပါ….
သူငယ်ချင်းအလုပ်အတွက်တစ်ခုလောက်မေးပါရစေရှင့်…..
အခုလောလောဆယ်အဲဒိသူငယ်ချင်းကအလုပ်လျှောက်ထားဆဲပဲရှိပါသေးတယ်ရှင့်…
ဘယ်တော့လောက်အလုပ်ရနိုင်ပါ့မလဲ(ရခဲ့ရင်အဲဒိအလုပ်နဲ့အဆင်ပြေပါ့မလား)
ဆိုတာသိပါရစေရှင့်13ရက် ဇန်န၀ါရီလ 1985 တနင်္ဂနွေသား ဂဏန်း 46 ပါရှင့်
ဆရာနေကောင်းကျန်းမာပျော်ရွှင်ပါစေ….
kaunt kaw khin သို့
သူငယ်ချင်းဖြစ်သူ အလုပ်ရဖို့ လအနည်းငယ် စောင့်ရပါဦးမယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်န၀ါရီတွေလောက်မှ ရမယ်ထင်ပါတယ်။ ရခဲ့ရင်တောင်မှ အလုပ်က ပင်ပန်းမှု/တာဝန်ကြီးမှု များတဲ့လုပ်ငန်း ဖြစ်တတ်တယ်။
Dear Sayar,
Name : Pye Phyo Kyaw
DOB : 14-09-1978 10:40am
Huyar Number : 45
Sayar, I would like to know my finical situation…. I really still very bad situation. Pls sayar…
with rgrds
Nyi
Pye Phyo
ကိုပြည့်ဖြိုးကျော် ရေ
“ဗေဒင်ပညာနှင့် ခံယူသင့်သော သဘောထား” ဆောင်းပါးလေး ဖတ်ပြီးပြီး ထင်ပါတယ်။ အဲဒီထဲက အတိုင်းဘဲ ကျွန်တော်တို့ ဗေဒင်ဆရာတွေဟာ ကံကြမ္မာကိုသာ ခန့်မှန်းနိုင်ပြီး ကံကို ပြောင်းလဲ မပေးနိုင်ပါဘူး။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာတွေ ညွှန်ကြားပြီးပြီ – ကိုပြည့်ဖြိုးကျော် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးပြီး ဆိုရင် ဖြစ်လာမယ့် ကံကြမ္မာကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင်အောင် ကြိုးစားဖို့ကလွဲပြီး ဘာမှ ဆက်လုပ်ဖို့ မရှိတော့ပါ။ စောင့်ကြည့်ပါ။ ပြီးရင် လက်ခံလိုက်ပါ။
ဆရာ မင်္ဂလာပါ။သမီးနာမည် က ထက်ထက်အောင်ပါ ။ မွေးသက္ကရာဇ်က 6.4.1985 (စနေသမီး) ပါ။ သမီးရဲ့ အချစ်ရေးကိုသိချင်ပါတယ် ဆရာ။
ဗေဒင်မေးကြည့်တိုင်းအချစ်ရေးကံမကောင်းတတ်ဘူးလို့ပြောလို့ပါဆရာ။
လက်တွဲဖော်ဟာဘယ်လိုလူမျိုးလဲဆိုတာသိချင်ပါတယ်ဆရာ။ဟူးရားဂဏန်းက 55 ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။
မင်္ဂလာပါဆရာ ။သမီးနာမည်က ထက်ထက်အောင်ပါ။မွေးသက္ကရာဇ်က 6.4.1985
(စနေ)ပါဆရာ။ သမီးရဲ့အချစ်ရေးကိုသိချင်ပါတယ်။ သမီးရဲ့လက်တွဲဖော်ကဘယ်လိုလူမျိုးလဲဆိုတာသိချင်ပါတယ်။ဟူးရားနံပါတ်က 60 ပါ။ ကျေးဇူးတင်စွာဖြင့်
Htet Htet သို့
အိမ်ထောင်ရေး ညံ့သင့်သလောက် ညံ့မယ့်ဇာတာပါပါတယ်။ ဒါပေမယ့် အိမ်ထောင်ဘက် ရွေးချယ်မှု မှန်ရင် သက်သာခွင့် ကြုံနိုင်တယ်။ အဓိက က တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားများ ရှောင်ပါ။ ရှောင်ပါလို့သာ ပြောရပေမယ့် (၂)ကြွင်း စနေသမီးများဟာ အိမ်ထောင်ရေးမှာ မိဘစကား နားထောင်ခဲပြီး အမှားလုပ်မိကြသူတွေ များပါတယ်။ ဟူးရားဂဏန်းက ပထမဆုံးပြောတဲ့ ဂဏန်းကို အမှန်ယူရပါမယ်။
မင်္ဂလာပါ….ဆရာ
ကျွန် မ…မွေးနေ့ ….၂၀-၁၁-၁၉၈၀( ကြာသပတေး)
ဂဏန်း …… ၇၇
အိမ်ထောင်ရေး အခြေအနေလေး သိချင်လို့ ပါ…ဆရာ…
ဘယ်လို အမျိုးသား နဲ့ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
ဘယ် အသက်-အရွယ်လောက်မှာ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
အိမ်ထောင်ကျပြီးရင်ရော…အဆင်ပြေပါ့မလား..ဆ၇ာ..?
ကျေးဇူးပြုပြီး ဖြေကြားပေးပါ…ဆ၇ာ…
အစဉ်လေးစားလျှက်…
မဖြူဖြူ သို့
အိမ်ထောင်ဘက်ဟာ ကိုယ့်ထက် ပညာ၊ ဥစ္စာ တစ်ခုခု နိမ့်မယ်။ (၂၃) (၂၆) (၂၉)တွေမှာ အိမ်ထောင်ကျနိုင်တယ်။ အိမ်ထောင်ပြုမှားရင် အိမ်ထောင် နှစ်ဆက်ဖြစ်နိုင်တယ်။ တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ စနေ သားသမီးများ နှင့် အိမ်ထောင်ရေး မသင့်မြတ်နိုင်ပါ။
ဆရာ.. တခုလောက်မေးချင်လို့ပါ။ သမီးမေးချင်တာလေးတွေကို email က တဆင့်မေးလို့ ရမရ သိချင်လို့ပါ။ နားမလည်ဘဲ အမှားပါသွားရင် ခွင့်လွှတ်ပါ။
ssu သို့
အီးမေးလ်မှ အလွန်အရေးကြီးသော ကိစ္စများကိုသာ ဖြေပေးပါမယ်။ မေးခွန်းတိုင်းတော့ မဟုတ်ပါ။ ကျန်းမာရေး ကိစ္စ ၊ အမှုအခင်း ကိစ္စတို့ပေါ့။
Sir, I am currently staying and working in Singapore as an Engineer. Next year September I want to go and study in UK for my Degree Course.
“I would like to know whether can I get my company sponsor and scholarship or not?”
D.O.B 3/11/1980 (Monday)
ဟူးရား ဂဏန်းက 69 ရပါတယ်….
ကျေးဇူးတင်စွာဖြင့်
ကို Kyaw Khaing Thein သို့
နောက်နှစ် စက်တင်ဘာလောက်ဆိုရင် ဒီကိစ္စက အဆင်ပြေပြေနဲ့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် တစ်ခုတွေ့ထားတာက ကိုယ့်ဘက်က သေချာဖို့လိုတယ်။ အခြေအနေ ပေးပါလျှက်၊ အကြောင်းကြောင်း ကြောင့် စိတ်ပြောင်းသွားတာမျိုးလည်း ဖြစ်တတ်တယ်။ ဒီလို မဟုတ်ရင် ဒီ ကိစ္စ အောင်မြင်မှာပါ။
မင်္ဂလာပါ….ဆရာ
ကျွန် မ…မွေးနေ့ ….23-07-1969 (ရာဟု)
ဟူးရား ဂဏန်း …… 71
အိမ်ထောင်ရေး အခြေအနေလေး သိချင်လို့ ပါ…ဆရာ…
ကျွန်မ ရည်ရွယ်ထားတဲ့သူနဲ့ လက်ထပ်ရမလား
ဘယ်အသက်-အရွယ်လောက်မှာ ..အိမ်ထောင်ကျနိုင်ပါသလဲ..?
အိမ်ထောင်ကျပြီးရင်ရော…အဆင်ပြေပါ့မလား..ဆ၇ာ..?
ကျေးဇူးပြုပြီး ဖြေကြားပေးပါ…ဆ၇ာ…
အစဉ်လေးစားလျှက်…
YS သို့
ယခု ရည်ရွယ်ထားသူနှင့် အိမ်ထောင်ကျဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ ဖြစ်နိုင်ချေ အနည်းငယ်မျှသာ ရှိပါမယ်။ အိမ်ထောင်ကျဖို့ကတော့ အသက် (၄၂)(၄၃)(၄၄) တစ်နှစ်နှစ်မှာ ကျနိုင်ပါတယ်။ ဒီ (၃)နှစ်မှာ မကျရင် အိမ်ထောင်ကျဖို့ အလွန်ခဲယဉ်းသွားပြီ ဖြစ်ပါတယ်။ အိမ်ထောင်ရေးကံ ကတော့ သင့်မြတ်ပါတယ်။ မဆိုး/မကောင်းပေါ့။
ဆရာရှင့်… ကျမမွေးနေ့က (၂၀-၁၁-၁၉၈၁)၊ သောကြာသမီးပါ။ ရည်ရွယ်ထားတဲ့သူမွေးနေ့က (၂၄-၉-၁၉၈၁)၊ ကြာသပတေးသားပါ၊
သူနဲ့အိမ်ထောင်ပြုရင်အဆင်ပြေမပြေသိချင်လို့ပါ၊ ဟူးရားဂဏန်း က (၅၂)ပါ၊
ကျေးဇူးပါဆရာ…
Han Myat Mon သို့
သောကြာသမီး နှင့် ကြာသပတေးသား အိမ်ထောင်ပြုမယ်ဆိုရင် သောကြာ သမီးက အလိုလိုက် အနာခံရပါမယ်။ ဒါမှ အိမ်ထောင်ရေး အဆင်ပြေသင့် သလောက် ပြေပါမယ်။ ကိုယ်က သည်းခံရမည့် အိမ်ထောင်ရေးပါ။ ဒါဆို ဆိုးဆိုးဝါးဝါး မဖြစ်နိုင်လောက်ပါ။
ဆရာရှင့် ဆရာ့ကိုသမီးအချစ်ရေးနဲ့ပတ်သက်ပြီးမေးချင်ပါတယ်။ သမီးရဲ့မွေးနေ့က ၂၃.၉.၁၉၉၂ (ဗုဒ္ဓဟူး) ပါ။ သမီးချစ်သူရဲ့မွေးနေ့က ၆.၆.၁၉၉၃ (တနင်္ဂနွေ) ပါ။ ဟူးရား ဂဏန်းက ၆၃ ပါ။ သမီးတို့နှစ်ယောက်က လမ်းခွဲ ပြီးသွားပါပြီ။ သူ့ကိုသမီး အရမ်းချစ်နေတုန်းဘဲမို့လို့ သမီးဆီ ပြန်လာစေချင်ပါတယ်။သူဟာ နောက်ထပ် ပြန်လာမလား၊ပြန်မလာတော့ဘူးလား ဆိုတာကို သိချင်ပါတယ်။
ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင်။
ချမ်းချမ်း
ပြန်မလာတော့ပါဘူး။ အချစ်သစ်တောင် တွေ့နေလောက်ပါပြီ။
Dear Sir,
Good day to you.
My DOB is 22.11.1977, Tuesday and random no. is 102.
I am in London now. I am still looking for a job and working as part time volunteer in charity. I need to have a job with good salary to support my parents.
May I know when can I get a job? I appreciate your kind assistance.
Thank you in advance.
Warmest regards,
ST သို့
အလုပ်က ရခါနီးပြီဘဲ။ (အခုဆို ရနေပြီလားတောင် မသိပါဘူး)။ မကြာတော့ပါဘူး။ (၃)လအတွင်း အလုပ်အကိုင်ကောင်းတစ်ခု ရတော့မယ်။ မိဘကျေးဇူးဆပ်ချင်သူအတွက် အဆင်ပြေတော့မှာပါ။
၂၂-၁-၁၉၇၄ အင်္ဂါသား ကျနော်အကြွေးတွေရဖိုရှိပါသလာ-ဘဝပျက်ဖိုရှိပါသလား
ကျနော်ကြိုက်တာက(၃၈)ပါ
ကိုဇော်သူရ သို့
အကြွေးတွေတစ်စိတ်တစ်ပိုင်း ရဖို့ ရှိပေမယ့် တရားတဘောင်ဖြစ်ပြီးမှ ရလိမ့်မယ်။ စကားနောက် တရားပါဆိုတာလို ဘ၀ပျက်လုနီးပါး အခြေအနေ မျိုးကို ရင်ဆိုင်ရလိမ့်မယ်။ သတိပြုပါ။ ကံ အရမ်းနိမ့် နေပါတယ်။
ဆရာ..သမီးက 25.5.1986 မွေးနေ့ပါရှင်..ရည်ရွယ်ထားသူက 12.3.1986 ပါ..သူနဲိ့အိမ်ထောင်ပြုဖြစ် မပြုဖြစ် သိချင်ပါတယ်ရှင်.ပြီးတော့ ဘယ်တော့လောက် အိမ်ထောင်ကျနိုင်လည်း ဆိုတာသိချင်ပါတယ်ရှင်..ဟူးရား ဂဏန်းက (25)ပါရှင်
Ohnmar သို့
ဘာနေ့သားသမီးလည်းဆိုတာ မပါလို့ ရက်စွဲအတိုင်း ရှာကြည့်တာ တနင်္ဂနွေသမီး နဲ့ ဗုဒ္ဓဟူးသား လို့ တွေ့ပါတယ်။ ဒီအတိုင်း မှန်ရင် အိမ်ထောင် ပြုဖြစ်ဖို့ အခက်အခဲ အများကြီးရှိပါတယ်။ သိပ်မျှော်လင့်လို့ မရနိုင်ပါဘူး။ ဗုဒ္ဓဟူးသားဘက်က စ,ပြီး ပျက်ကွက်တတ်တယ်။
ဆရာ
ကျမမွေးနေ့က (16.3.1984) နေ့ပါ။ မုံရွာ၊ ဖုတ်ထန်းတောရွာ မှာသွားနေချင်ပါတယ်။ ဒီနှစ်ထဲ မှာ သွားနေလို့အဆင်ပြေမပြေသိချင်ပါတယ်။ သွားရမည့် လ၊ ရက် ကိုလည်းသိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။ ဟူးရားဂဏန်းက(7)ပါ။
Thazin Htike သို့
အလုပ်စ, လုပ်ဖို့ ခရီးထွက်မယ်ဆိုရင် ဒီလ (အောက်တိုဘာ) ၂၇ နောက်ဆုံး ထားပြီး ထွက်ရင် ကောင်းတယ်။ ဒီရက်ကျော်သွားရင် အခက်အခဲများတတ် တယ်။ ဘာမှ မပြင်ရသေးရင်တောင်မှာ ဒီလထဲမှာ “အထွက်ပြ” လိုက်ပါ။ ဗုဒ္ဓဟူး နဲ့ သောကြာနေ့တွေမှာ ခရီးစတင်လိုက်ပါ။
ဆရာရှင့် August 30 ‘ 2010 က ကျမ ဟူးရားဂဏန်းကို (21)လို့ပေးမိပါတယ်…ဆရာက“စနေ” သက္ခတ်ထဲ ရောက်နေလို့ လက်မထပ်သင့်ပါ။ ဒါကြောင့် နည်းနည်းသည်းခံပြီး နောက်နှစ် (2011 ခုနှစ်) မွေးနေ့ကျော်မှ လက်ထပ်ပါလို့ အကြံပြု လိုပါတယ်။ တနင်္လာသား နှင့် အိမ်ထောင်ရေးကံ အတော်လေး သင့်မြတ်ပါတယ်ပြန်ဖြေပါတယ်…
ဟူးရားဂဏန်းအမှန်က (13)ပါ။
သန္တာမွေးနေ့က (21-9-1973)သောကြာသမီးပါ၊ ဒီနှစ်(သို့)ရှေ့နှစ်အိမ်ထောင်ပြုရင်ကောင်းမကောင်းသိချင်ပါတယ်… ချစ်သူက တနလာင်္၊ အဓိပတိဖွားပါ။ အဲဒါအဖြေကောလွဲနိုင်လား ပြန်ဖြေပေးပါနော်ဆရာ…ကျေးဇူးပါ။
မThandar သို့
ဟူးရားဂဏန်းပြောင်းလို့ အဖြေမလွဲသည့် အပြင် 2011မွေးနေ့ မတိုင်ခင် လက်ထပ်လျှင် “သေကွဲ၊ ရှင်ကွဲ” ကွဲဖို့ ပိုမို အားကောင်း သွားတာကို တွေ့ရပါတယ်။ ဒီတော့ စောင့်နိုင်လျှင်လည်း စောင့်ပါ။ မစောင့်နိုင်လျှင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုတာလို ဖြစ်ရတော့မယ်။ ယတြာချေ မရပါ။ တော်ကြာ ငွေ(၅)သိန်းပေးရင် မကွဲအောင် လုပ်ပေးမယ်ဆိုတဲ့ “ရိုက်စား/ခွင်ဖန် ဗေဒင်ဆရာမ အတုတွေ” ဆီကိုလည်း ရောက်သွားဦးမယ်။ စဉ်းစားနော်။
ဆရာ..သမီးက 25.5.1986 မွေးနေ့ပါရှင်..ရည်ရွယ်ထားသူက 12.3.1986 ပါ..သူနဲိ့အိမ်ထောင်ပြုဖြစ် မပြုဖြစ် သိချင်ပါတယ်ရှင်.ပြီးတော့ ဘယ်တော့လောက် အိမ်ထောင်ကျနိုင်လည်း ဆိုတာသိချင်ပါတယ်ရှင်..ဟူးရား ဂဏန်းအမှန်က (94)ပါရှင်…
Ohnmar သို
ဂဏန်းပြောင်းပေးပေမယ့် အဖြေမပြောင်းပါ။ အထက်က အဖြေအတိုင်း ဖြစ်ပါတယ်။
ဆရာရှင့် ကျမမွေးနေ့က (6-10-1980) တနင်္လာသမီးပါ…ရည်ရွယ်သူက (17-4-1982)စနေသားပါ… ဘယ်နှစ်လောက်မှာ အိမ်ထောင်ပြုဖြစ်မလဲနဲ့ အဆင်ပြေမပြေသိချင်ပါတယ်…ဟူးရားဂဏန်းက (၂၃)ပါ…
Khin Khin Soe သို့
တနင်္လာသမီး နဲ့ စနေသား အိမ်ထောင်ပြုဖြစ်ဖို့ အတော်ကြိုးစား ရပါမယ်။ လာမယ့် အသက် (၃၁)မှာ ပြုဖြစ်ရင် ပြုဖြစ်မယ်။ မပြုဖြစ်ရင် အခက်အခဲ အလွန်များသွားပြီး နောက် (၃)(၄)နှစ်လောက် ထပ်စောင့်ရ ဦးမယ့် သဘောမျိုးတွေ့နေပါတယ်။ အိမ်ထောင်ပြုဖြစ်ရင်တော့ အိမ်ထောင်ရေးကံ မဆိုးလှပါဘူး။ သင့်မြတ်ပါတယ်။
ဆရာရှင့်… ကျမမွေးနေ့က (၂၀-၁၁-၁၉၈၁)၊ သောကြာသမီးပါ။ ရည်ရွယ်ထားတဲ့သူမွေးနေ့က (၂၄-၉-၁၉၈၁)၊ ကြာသပတေးသားပါ၊
သူနဲ့အိမ်ထောင်ပြုရင်အဆင်ပြေမပြေသိချင်လို့ပါ၊ ဟူးရားဂဏန်းအမှန်က (40)ပါ၊
ကျေးဇူးပါဆရာ…
Han Myat Monn သို့
ဟူးရားဂဏန်းဟာ ပရိုဂရမ်လေးနဲ့ ရှာမှ ပိုမှန်တတ်တယ် ဆိုပေမယ့် မေးခွန်းတစ်ခုအတွက် (စိတ်ထဲရှိတဲ့ဂဏန်းဘဲဖြစ်ဖြစ်) ပထမဆုံး ဂဏန်းက သာ အတည်ဖြစ်ပါတယ်။ နောက်ဂဏန်းနဲ့ ပြောင်းတွက်လည်း အဖြေက မတိမ်းမယိမ်းမျှသာဖြစ်ပြီး သိသိသာသာ ကွဲပြားလေ့မရှိပါ။
ဆရာ…မေးခွင့်ပြုပါ…ကျွန်တော့်မှာအရမ်းချစ်နေတဲ့ကောင်မလေးတယောက်ရှိပါတယ်။
သူမနဲ့ကျွန်တော့်ကိုအိမ်ကသဘောမတူပါဘူး။
ကျွန်တော်တို့ နှယောက်ပေါင်းစပ်ခွင့်ရနိုင်မရနိုင်သိချင်ပါတယ်။ကျွန်တော့်မွေးနေ့ က
အင်္ဂလိပ်လို ၂၀.၆.၁၉၈၃ ၊တနင်းလာနေ့ သားပါ။ချစ်သူက ၂၁.၉.၁၉၈၆ တနင်းဂနွေ
သမီးပါဆရာ။ကျွန်တော်တို့ နှယောက်အဆင်ပြေနိုင်၊မပြေနိုင်။သူမကကျွန်တော့်
အပေါ်အမြဲတန်းသစ္စာရှိနိုင်မလားဆိုတာသိချင်ပါတယ်ဆရာ။
ဟူးရားဂဂဏန်းက၆၃ရပါတယ်ဆရာ။
ကျေးဖူးတင်ပါတယ်ဆရာ
kyaw Myint Khine သို့
အိမ်က သဘောမတူပေမယ့် လက်ထပ်ဖြစ်ဖို့က (၇၀)%လောက် ရှိပါတယ်။ သိပ်မလွဲနိုင်ပါဘူး။ လက်ထပ်ဖြစ်မယ်လို့ ယူဆပါတယ်။ လက်ထပ်ပြီးရင် လည်း အနည်းငယ် ကတောက်ကဆဖြစ်တတ်ပေမယ့် ဆိုးဆိုးဝါးဝါး ဖြစ်ဖို့ မမြင်ပါ။ ကိုကျော်မြင့်ခိုင်တို့လို တနင်္လာ ပုတိဖွား တွေရဲ့ အားနည်းချက်က ကိုယ့်အိမ်ထောင်ဘက်ကို မယုံသင်္ကာဖြစ်လွန်း တာဘဲ။ “ကိုယ့်တာ” ကိုသာ လုံအောင် ထိန်းပါလေ။ ကိုယ်က သစ္စာခိုင်မြဲရင် သူလည်း ခိုင်မြဲလိမ့်မယ်လို့ စွဲမှတ်ထားစေချင်ပါတယ်။
ဆရာရှင့်
အဂါင်္သမီးပါဟူးရားနံပါတ်75 ရတယ် ပညာရေး နဲ့  အချစ်ရေးသိချင်လို့  ပါ ဆရာ
သူ့ ကို ချစ်နေတာ ကြာပါပြီသူလည်းသိမယ်ထင်တယ် သူ့  စိတ်သဘောထားပဲသိပါရစေဆ၇ာ သူ က တနင်္လာ သားပါ
ဟူး၇ား75၇တယ်ဆ၇ာ
ကျွန်တော်အခုလောကြံစည်ထားတာတွေအောင်မြင်မလား။ရည်မှန်းချက်နဲ့အချစ်ရေး
ဆရာရှင့်
အင်္ဂါသမီးပါပညာရေးကံကိုသိချင်လို့ ပါဟုးရားနံပါတ် 8 ရပါတယ် ကျေးဇူးပါဆရာ
ကျွန်တော်အခုတလောအကြံအစည်အောင်မြင်ပါ့မလား။ရည်မှန်းချက်နဲ့အချစ်ရေးပေါ့
23.10.1993 စနေသားပါ ဟူးရားဂဏန်းက၂၆ ပါ။ကျေးဇူးတင်ပါတယ်ဆရာ
ကျွန်တော်အခုတလောကြံစည်ထားတာတွေအဆင်ပြေမလား။ ရည်မှန်းချက်နဲ့အချစ်ရေး
ပါ။ 23.1.1993 စနေသားပါ။ ဟူးရားက၂၆ပါ။ကျေးဇူးတင်ပါတယ်ဆရာ။
ဘ၀တသက်လုံး ဘာကံတွေကညံတာ တွေ ပြီးတော့ တသက်စာအတွက် ပါဟောပေးပါတော့ဆရာ ဟူးရားနံပါတ် 8 ရတယ် ဆရာ 1 က ပညားရေးကိုအဓိကထားဟောပေးပါ
တစ်ဘ၀လုံးအထူးကျေးဇူးတင်နေပါ့မယ်
ဆရာ့ကိုတခုလောက်မေးပါရစေ…ကျွှန်တော့်ရဲ့အိမ်ထောင်ဘက်ဟာ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာ ဖြေကြားပေးပါဆရာ… ကျွှန်တော့်မွေးနေ့က 8.5.1987 (သောကြာ)သားပါ ဆရာ..ကျေးဇူးတင်ပါတယ်…
So sorry…..ဟူးရာ ဂဏန်းရွေးတာ အခုမှ နားလည်လို့်  ပြန်မေးလိုက်တာပါ..
ကျွန်မက 11ရက် 10လ 1981ခုနစ် နေ့လည် 1း20 (Yangon) ဖွား တနင်းဂနွေသမီးဖြစ်ပါတယ်။ ဟူးရာဂဏန်းကတော့ 105ပါ။ ကျွန်မရဲ့ အချစ်ရေးနဲ့အိမ်ထောင်ရေးအကြောင်း ကို သိလိုပါသည်ရှင့်။ သမီးရဲ.ဖူးစာရှင်က ဘယ်လိုပုံစံမျိုး ဆို တာရယ်၊
သူနဲ့ဘယ်တော့ လောက် မှာတွေ့ဆုံ နိုင်မလဲ။
အသက်ဘယ်လောက်မှာအိမ်ထောင်ကျနိုင်မလဲ။
သမီးရဲ့ အိမ်ထောင်ဖက်၏ ပုံပန်းနှင့်အိမ်ထောင်ရေး ကံကောင်း/မကောင်: ကို သိပါရစေရှင်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ…ဆ၇ာ…
ကျေးဇူးအထူးတင်ရှိစွာဖြင့်
မွေးနေ့က 20-08-1974 ပါ အင်္ဂါသားပါ။ ဟူးရာဂဏန်းက ၃၆ ပါ။
ဒီနှစ်ကုန် ၁၂ လပိုင်းထဲ (စင်ကာပူနိုင်ငံ)အလုပ်လုပ်ရန် နိုင်ငံခြားခရီးကြိုးစားချင်ပါတယ်။
အဆင်ပြေမပြေ သိချင်ပါတယ်။
arcread သို့
ယခုနှစ်အကုန် စင်္ကာပူသို့ ထွက်ရန် ကြိုးစားလျှင် အဆင်ပြေဖို့ အလွန်များပါတယ်။ အချိန်အခါကောင်းပါဘဲ။ သင့်မြတ်ပါတယ်။ ကြိုးစားပါ။
ဆရာရှင့်
ကျွန်မ အချစ်ရေးနဲ့ပတ်သတ်ပြီးမေးချင်ပါတယ်။ ကျွန်မက 1.11.1991 သောကြာသမီးပါ။ ကျွန်မချစ်သူက 26.1.1987 တနင်္လာသားပါ။ ဟူးရား ဂဏန်းက 108ပါ။ ကျွန်မတို့နှစ်ယောက်လုံးက နိုင်ငံခြားမှာပညာသင်နေကျတာပါ။ ကျွန်မတို့နှစ်ယောက်လုံး အခုလောလောဆယ်မှာ ယူဖို့အစီအစဉ်လည်းမရှိပါဘူး ဒါပေမယ့် ကျွန်မတို့နှစ်ယောက်လုံးက စိတ်အခက်မသင့်မှုတွေ ခဏခဏဖြစ်ပါတယ်။ ကျွန်မနဲ့သူနဲ့ လမ်းခွဲလိုက်ရင်ကောင်းမလား။ ဆက်ပြီးလက်တွဲသင့်ရင်ကောင်းမလား သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
ဆရာ ဖြေကြားပေးလို့  ကျေးဇူး တင်ပါတယ်။ အားလဲ အရမ်း တက် ပါတယ်။
ဆရာ နှင့် မိသားစုအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ နိုင်ကြပါစေ။
Dear Saya
I am looking for a job at Aussie at Hospital but it is too diifficult for me to get a place.I wolud like to know my luck about in finding a job here & when will I get job in this year 2010???
My date of birth 22.4.1978 Saturday
the number I like is 8
with regards
norman
ကို norman သို့
စိတ်ဓာတ်သိပ်မကျပါနဲ့လေ။ အခုနှစ် ဒီဇင်ဘာ (၈)ရက် ကနေ ၂၀၁၁ ဇန်န၀ါရီ (၂၇)အတွင်း အလုပ်အကိုင်တစ်ခုတော့ ရပါလိမ့်မယ်။ အလုပ်က သိပ်စိတ်တိုင်းအကျလှကြီးတော့ မဟုတ်ပေမယ့် ဒါဟာ ဘ၀တက်လမ်း အစလို့ မှတ်ယူလိုက်ပါ။ မိုးသောက်ချိန် ရောက်လာပါတော့မယ်။
ဆရာရှင့် ကျွန်မ၏ မွေးသက္ကရာဇ်မှာ(10.6.1987)ဗုဒ္ဓဟူးသမီး နေ့လည် 2း00 အချိန် ဖြစ်ပါသည် ကျွန်မ၏ ကျန်းမာရေးနှင့် အိမ်ထောင်ရေးကို သိချင်ပါသည်
ဟူးရားဂဏန်း မရှာတတ်ပါရှင်
email မှ တဆင့် ပို့ပေးစေချင်ပါသည် အထူးကျေးဇူးတင်ပါသည် ဆရာ
လေးစားစွာဖြင့်
သမီးမွေးနေ့က 26.11.1986(ရာဟု)ပါ
သမီးချစ်သူက 3.5.1985(သောကြာ)ပါ
ဟူးရားနံပါတ်က54 ရပါတယ်
သမီးသိချင်တာကသမီးချစ်သူကသမီးအပေါ်မှာသစ္စာရှိသလားဆိုတာကိုပါ။
အရင်ကကော၊အခုလက်ရှိကော၊နောက်ဘ၀တစ်လျှောက်လုံးအတွက်ကောပါ။
သမီးမသိတဲ့အရှုပ်ဇတ်လမ်းတွေဖန်တီးတတ်တဲ့လူစားမျိုးလားဆိုတာသိချင်ပါတယ်။
ဖြစ်နိုင်ရင်သမီးဆီကိုမေးလ်နဲ့ပဲစာပြန်ပေးလို့ရမလားဆရာရှင့်…..
Theingi Tun သို့
လူတစ်ယောက် သစ္စာရှိမရှိဆိုတဲ့ ဘာသာရပ်ကို အထူးပြုမလေ့လာဘူးပါ။ လေ့လာတတ်မြောက်လျှင်လည်း ပြဿနာဖြစ်မည့် မေးခွန်းဖြစ်၍ ဖြေမည် မဟုတ်ပါ။ တစ်ခုတော့ အကြံပေးချင်ပါသည်။ “ဥပါဒါန်ကြောင့်၊ ဥပါဒ်ရောက်” ဆိုသည့် စကားပုံရှိသည်။ ကိုယ်က အိမ်ထောင်ဘက်အပေါ် အမြဲမသင်္ကာဖြစ်နေလျှင် အိမ်ထောင်ရေး အဆင်မပြေမှုဖြစ်ပြီး ဇာတ်သိမ်းမကောင်းဖြစ်တတ်ပါသည်။ အရေးကြီးလှသောကိစ္စများကိုသာ မေးလ်ပြန်ပေးပါသည်။
ဆရာရှင့် ကျွန်မ ဟူးရားဂဏန်းမသိပါ တစ်ခါမှလည်းမေးလို့မရပါ
ကျွန်မ၏ မွေးသက္ကရာဖ်မှာ (10.6.1987)ဗုဒ္ဓဟူးနေ့ မွန်းလွဲ 2း00 ဖြစ်ပါတယ်ရှင်
ကျွန်မ၏ ကျန်းမာရေး နှင့် အိမ်ထောင်ရေးအခြေအနေကို ဖြေကြားပေးစေလိုပါသည်
ကျေးဇူးအထူးတင်ပါသည် ဆရာ
အထူးလေးစားစွာဖြင့်
ကိုကြီး ကိုတကယ်စောင့်ရမလား တကယ်ရောဖြစ်နိုင်မှာလား ဟူရားနံပတ်က 60 ပါ mail နဲ့ ပို့ပေးပါ yaminnlay@gmail.com
ဘယ်လိုမေးရမလဲမသိလို့ ဒီမှာပဲရေးထားခဲ့ပါတယ်ဆရာ
ကျွန်တော်က 7.1.1987 ဖွား ဗုဒ္ဓဟူးသားပါ
ကျွန်တော့ချစ်သူက 5.8.1986 အင်္ဂါသမီး ပါ
ရတဲ့ဟူးရားနံပါတ်က 15 ပါ
ဆရာဆောင်းပါးထဲမှာလို အင်္ဂါသမီးလည်းဖြစ် ဇင်နဲ့ လည်းစတော့
သူနဲ့ ကျွန်တော်နဲ့ လက်ထပ်ပြီးရင် အိမ်ထောင်ရေးအခြေအနေဘယ်လိုဖြစ်နိုင်မလဲဆရာ
ကိုကျော်ဇောအောင် သို့
အင်္ဂါသမီး “ဇင်” နဲ့ စ,တဲ့အတွက် အိမ်ထောင်ရေးမှာ တကယ်နစ်နာမည့်သူက မိန်းကလေးဘဲ ဖြစ်တယ်။ ဗေဒင်ရှုထောင့်က ပြောရရင် ကိုယ်က အင်္ဂါသမီးကို ရတာ ကံကောင်းတယ်။ အင်္ဂါသမီးက ကိုယ့်ကိုရတာ ကံမကောင်းဘူး။ ဆရာပြောတာ မှန်မမှန် အိမ်ထောင်ကျလို့ အိမ်ထောင်သက်ရလာရင် သိလိမ့်မယ်။
လေးစား ချစ်ခင်ရပါသော ဆရာ ကျွန်တော် ကိုယ်စားမေးလို့ ရရင် မေးချင်ပါတယ်။ ဖော်ပြပါ နှစ်ဦးနက် တစ်ဦးရဲ့ ဆန္ဒလည်း ပါပါတယ်။ သူတို့ နှစ်ယောက် လက်ထပ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒါ အမှန်တကယ် လက်ထပ်ခွင့် ရ မရဆိုတာရယ်၊ လက်ထပ်ရမယ်ဆိုရင် ဘယ်နှစ်မှာ လက်ထပ်ဖို့ ကောင်းတယ်ဆိုတာရယ်။ လက်ထပ်ပြီးရင် အိမ်ထောင်ရေး အခြေအနေလေး ကောင်းမကောင်းဆိုတာရယ် သိချင်ပါတယ်ဆရာ။ အမျိုးသားက 1-10-1978 တနင်္ဂနွေသားပါ၊ အမျိုးသမီးက 17-7-1979 အင်္ဂါသမီးပါ ဆရာ။ ဟူးရား ဂဏန်းက 84 ပါဆရာ။ အားကိုးစွာနဲ့ ဆရာ့အဖြေကို စောင့်မျှော်လျက်ပါ၊
ဆရာနှင့် မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေ ဆရာ။
ko သို့
ပထမဆုံးမေးခွန်းဖြစ်တဲ့ “လက်ထပ်ခွင့် ရ,မရ” ဆိုတဲ့ မေးခွန်းကတင် အခြေအနေ မကောင်းဖြစ်နေပါပြီ။ လက်ထပ်ခွင့် မရဖို့ (၈၀)% လောက်ရှိပါတယ်။ အလွန်ခက်ခဲ့တဲ့ အခြေအနေမျိုးပါ။ ကံကောင်းထောက်မစွာ ဗေဒင်မှားပြီး လက်ထပ်ခွင့်ရခဲ့ရင်တော့ အတော်လေး အဆင်ပြေတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေ ရောက်ဖို့ မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့ အိမ်ထောင် ကျကျ တနင်္ဂနွေသားက (၃၅)(၃၆)(၃၇)တွေမှာ အိမ်ထောင်မပြုသင့်ပါ။ အင်္ဂါသမီးက (၃၃)(၃၄)(၃၅)တွေမှာ အိမ်ထောင်မပြုသင့်ပါ။
ဆရာ ကျွန်မမွေးနေ့က ၁၅-၆-၁၉၆၇ပါ။ ကြာသပတေးသမီး နံနက် ၃ နာရီမွေး ပါတယ်။ ကျွန်မမှာ လွန်ခဲ့တဲ့နှစ်အထိ ကောင်းမွန်တဲ့အလုပ်ရှိခဲ့ပေမဲ့ အခု ကျွန်မမှာ ပညာအရည် အချင်းနဲ့ထိုက်တန်တဲ့ အလုပ်မရှိပါ။ ကျွန်မအနေနဲ့ လူမှန်နေရာမှန် အလုပ် ဘယ်တော့ ရနိုင်ပါမလဲ။ ရရောရနိုင်ရဲ့လား။ ဘယ်လိုအလုပ်မျိုးနဲ့ အကျိုးပေး ပြီး အကျိုးပေးတဲ့ နေရာဒေသလေးပါ ဟောပေးပါလို့ တောင်းပန်ပါတယ်။ ဘုရားရှေ့မှာ စာအုပ်လှန်ပြီး ရလာတဲ့ ညာဘက်က စာမျက်နှာ နံပါတ်က 311 ပါ။
စိတ်ရှည်ရှည်နဲ့ အကြံပေးတာကျေးဇူးအထူးတင်ပါတယ်။ ကောင်းမွန်သောစေတနာ ပြန်လည်အကျိုးပေးပါစေ။
ဆရာ…
ကျွန်မက 29.8.1980 ၊ သောကြာသမီးပါ။ ကျွန်မက အခု Chief Accountant နဲ့ Export Company တခုမှာ လုပ်နေပါတယ်။အလုပ်တခုပြောင်း ချင်ပါတယ် ဆရာ၊အခုနောက် အလုပ်တခုမှာ CV တင် ထားပါတယ်၊ အဲဒါပြောင်းသင့်/မပြောင်းသင့်၊ ပြောင်းမဲ့အလုပ်နဲ့ ကျိုးပေးမပေး သိချင် ပါတယ် ။ဘ၀အာပခံ ချက်ရှိနိုင်ပါ့ မလားဆရာ၊ အမေးအဖြေ 3 မှာ တစ်ခါမေး တုန်းက ဆရာက မွေးနေ့လွန်မှ စဉ်းစားခိုင်းလို့ အခုတခါမေး ကြည့်တာပါ။ နံပတ် က 22 ပါ ဆရာ၊ အားကိုးပါတယ် ဆရာ။
Sander Lwin သို့
ပြောင်းသင့်တယ်။ နောက်အလုပ်မှာ အခက်အခဲ အနည်းငယ် တွေ့ကြုံနိုင်ပေမယ့် ရေရှည်မှာ လက်ရှိအလုပ်ထက် “သာ”သွားမှာ ဖြစ်တယ်။ သက္ခတ်အရလည်း “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” လွတ်ပြီး “ကြာသပတေး”ကို ရောက်နေပြီ။ ဒီအပြောင်းအရွှေ့ဟာ ရေရှည်အတွက် ကောင်းဖို့ဘဲဖြစ်လိမ့်မယ်။
ဆရာရှင့်.. သမီး ဆရာရဲ့ဘလော့စာမျက်နှာကို အမြဲရောက်ပါတယ်.. ဆရာရဲ့ လစဉ်ဗေဒင် ဟောစာတမ်းလေးကို သမီးတို့ www.shwevideos.net ၏ သင့်ကံကြမ္မာ ကဏ္ဍတွင်ထည့်သွင်းခွင့်ပြုပါလို့ လာရောက်ခွင့်တောင်းတာပါ.. ဆရာ့အမည်နှင့်တကွ သမီးတို့ဖော်ပြချင်ပါတယ် တကယ်လို့ ဆရာမှ ခွင့်မပြုခဲ့လျှင်လည်း ပြန်ဖြုတ်ပေးပါမည်ရှင့်.. လေးစားစွာဖြင့်.. ဘီဘီး
စာရေးသူ အမည် နှင့် ၀က်ဘ်ဆိုဒ် အမည်များ ပါဝင်တယ်ဆိုရင် အချိန်မရွေး ယူသုံးလို့ ရပါတယ်။ ခွင့်မပြုနိုင်စရာ မရှိပါ။
ဆရာ
ကျမ ဟူးရားဂဏန်း မှားသွားလို့ပါ အမှန်က ဟူးရားဂဏန်းက (31)ပါ။
ကျမ မြေဆီလုပ်ဖို့ကိစ္စနှင့် မုံရွာ၊ ဖုတ်ထန်းတောသွားနေဖို့ မေးထားတာရှိပါတယ်။
ပထမ အဖြေက ပြောင်းလဲသွားမသွားသိချင်ပါတယ်။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။
Thanks alot for reply.
25.5.1998 မှာမွေးတယ် ရဲမင်းသွင် တဲ့ သူဘာနေ့ သားလဲ ဟူး၇ားနံပါတ် 76 ရတယ် ဆရာ
ကျေးဇူးတင်လျှက်
အဖြေမြန်မြန် ပေးပါ ဆရာ အရေးကြီးတယ်
25.5.1998 က တနင်္လာသား။ ဘာတွေ အရေးကြီးတာလဲ။ “မဟာဘုတ် တွက်ကြမယ်” ထဲမှာ မွေးသက္ကရာဇ် ရိုက်ထည့်လိုက်လေ။ ဟူးရား နံပါတ် မလိုပါ။
ကျွန်တော် က တော့ ဆရာ အ ကြောင်း ကို အ ခု မှ ကြား ဖူး တာ ပါ…. ကျွန်တော် မေး ချင် တာက အ ချစ် ရေး ပါ ….. ကျွန်တော် မှာ အ ချစ် ရေး ကောင်း မ ကောင်း ပဲ သိ ချင် တာပါ …… ကျွန်တော် မွေး နေ့ က ၁၉၉၃.၉လ.၁၂ရက် ပါ….တင်္နဂနွေ သား ပါ………
14.10.1997 မွေးသူပါ ပညာရေးကံသိချင်လို့  ပါ ပထမ လ ကနေစပြီးပြန်ဖြေရမှာပါ
ဒါကြောင့်ကျမှာစိုးလို့ ပါ အောင်မအောင်လည်းသိချင်ပါတယ် ဘာယတြာပြုလုပ်ရမလဲ
ပညာရေးကံသိလျင်တာပါအင်္ဂါသမီးပါ ဟူးရားနံပါတ်က 57 ပါ
ကျေးဇူးတင်နေလျှက် susandy kyaw min
စန္ဒီ၊ သစ္စာ၊ ရဲမင်းသွင်၊ စန္ဒီကျော်မင်း တို့ခင်ဗျား,
ဘယ်သူက ဘယ်သူ့အတွက် မေးနေလဲ မသိတော့ပါ။ မေးခွန်းတွေ ကလည်း ဗြောက်သောက်၊ ဟူးရားနံပါတ်တွေကလည်း တစ်ခုတစ်မျိုး။ ဒီနေရာမှာ အပျော်တမ်း ဗေဒင်တွက်ပေးနေတာ မဟုတ်ပါ။ ဆရာလည်း အလုပ် အားလွန်းလို့ လုပ်နေတာမဟုတ်။ မအားတဲ့ ကြားထဲက တကယ်လိုအပ်နေသူအတွက် ကူညီပေးနေတာပါ။ ကိုယ်ခြင်းစာတရား ရှိစေချင်ပါသည်။
နိုင်ငံခြားသွားပြီး အလုပ်လုပ်ရန်ရည်ရွယ်ချက်ရှိပါသည် ၊
ကောင်းမကောင်း ၊အဆင်ပြေနိုင်မပြေနိုင်သိချင်ပါတယ်ဆရာ
ကျေးဇူးပြုပြီးဖြေပေးပါ
အမေး/အဖြေ ကဏ္ဍ(၄)အတွက် သတ်မှတ်ထားသော လူဦးရေ ပြည့်သွားပြီ ဖြစ်ရာ ၊ ခေတ္တ ပိတ်ထားလိုက်ပါသည်။ ယခု ကဏ္ဍ(၄)မှ လူအားလုံး ဖြေဆိုပြီးလျှင် နောက်ထပ် ကဏ္ဍ(၅) ဖွင့်ပေးမည်။ မေးလိုသူများ ခေတ္တစောင့်စားပေးပါရန် မေတ္တာရပ်ခံပါသည်။ (ကျန်းမာရေး ကိစ္စဆိုလျှင် မပိတ်ပါ။ မေးလ်ဖြင့် မေးနိုင်ပါသည်)
ဆရာခင်ဗျား အကူအညီတခုလေက် တောင်းပရစေ။ ခရစ်သက္ကရစ် ကနေ မြန်မာ သက္ကရစ် ကိုပြောင်းတဲ့ formula ရှိပါသလားခင်ဗျာ။ ကျွန်တော် မြန်မာပြက္ကဒိန် application လေးတခုရေးနေတာ ဘယ်လိုတွက်ရမယ်မသိလို့ အခက်တွေ့နေပါတယ်။ ကျွန်တော်က UK မှာနေ တဲ့အတွက် မှီငြမ်းစရာ ဘာမှမရှိလဲဖြစ်နေပါတယ်။ ကျွန်တော့် အဖိုးတွက်တာကို တွေ့ဖူးပေမယ့် ငယ်တုန်းမို့ တန်ဖိုးထားရမှန်းမသိ၍ မမှတ်သားမိခဲ့ပါ။ application လေးရေးရတဲ့ ရည်ရွယ်ချက်ကလဲ မြန်မာပြည်နဲ့ အဆက်ပြတ်နေတဲ့သူတွေ အင်တာနက်ကနေ မြန်မာ-အင်္ဂလိပ်-မြန်မာ အပြန်အလှန် ပြက္ကဒိန်ကို ရှာနိုင်ရန်ဖြစ်ပါတယ်။
ကျေးဇူးအထူးတင်လျှက်၊
မင်းကို
ကိုမင်းကို သို့
ကျွန်တော်က ပရိုဂရမ်မာ မဟုတ်တဲ့အတွက် ဒီကိစ္စကို သိပ်မကျွမ်းပါ။ လက်တွေ့ ခရစ် ခုနှစ်ကနေမြန်မာခုနှစ်ကို ပြောင်းတဲ့ ပရိုဂရမ်ကို ရေးဆွဲနေပြီး ရောင်းချနေသူ ရှိပါတယ်။ နာမည်က “ကိုမောင်မောင်မြင့်”ပါ။ ကျွန်တော်လည်း သူ့ဆီက၀ယ်ပြီး သုံးနေပေမယ့် သူ့မူပိုင်ခွင့်ကို သူမသိဘဲ ပြန်ပြီး မဝေငှလိုပါ။ ဒါကြောင့် သူ့ဆီမှာဘဲ တိုက်ရိုက် မေးလ်ဖြင့် လှမ်းမေးပြီး ၀ယ်လိုက်ပါ။ Formula ဆိုရင်လည်း ရနိုင်ပါလိမ့်မယ်။
ငွေကြေး အဓိကသမား မဟုတ်တဲ့အတွက် ဈေးလည်းသိပ်များမည် မဟုတ်ပါ။ သူ့ မေးလ်လိပ်စာက mmm603@gmail.com ဖြစ်ပြီး ဘလော့ဂ်လိပ်စာက http://myanmarastrology.yolasite.com/ ဖြစ်ပါတယ်။ ဆက်သွယ်ကြည့်ပါ။