.
စည်းကမ်းချက်များ
(A) မိမိ သိလိုသော မေးခွန်းအကြောင်းအရာ တစ်ခု/မေးခွန်းအမျိုးအစား တစ်ခုသာ မေးပါ။ အချစ်ရေး အိမ်ထောင်ရေး ဆိုလည်း အချစ်ရေးအိမ်ထောင်ရေး၊ အလုပ်အကိုင် ကိစ္စ ဆိုရင်လည်း အလုပ်အကိုင် ကိစ္စ ၊ ပညာရေး ဆိုရင်လည်း ပညာရေး၊ ကျန်းမာရေး ဆိုရင်လည်း ကျန်းမာရေး ပေါ့။ သီးခြားခွဲမေးပါ။ ရောကော သောကော မေးခွန်းတွေ ဖြေပေးမည် မဟုတ်ပါ။ အထွေထွေ ဗေဒင် တို့၊ ကံဇာတာလေး ကြည့်ပေးပါ တို့ ဆိုတဲ့ မေးခွန်းမျိုး တွေကို လည်း ဖြေပေးမည် မဟုတ်ပါ။
(B) မွေးသက္ကရာဇ် ရက်/လ/ခုနှစ်/နေ့သားသမီး ကို “အင်္ဂလိပ်လို” ဘဲ ပေးပါ။ မြန်မာ ခုနှစ်တွေက လဆန်း/လဆုတ်တွေ မှန်မမှန် နှစ်တရာ ပြက္ခဒိန်နဲ့ တိုက်ကြည့်နေရလို့ အချိန်ကုန်ပါတယ်။ အထူးသဖြင့် ကိုယ်ဘာနေ့ သားသမီးဆိုတာ ထည့်ပေးပါ။ (ကိုယ့် ချစ်သူ/အိမ်ထောင်ဘက် ပါရင်လည်း ဒီလိုဘဲ စုံစုံလင်လင် ထည့်ပေးပါ။
(C) နံပါတ် (၁) ကနေ (၁၀၈) အတွင်း မိမိ စိတ်ထဲမှာ လျှပ်တပျက် ပေါ်လာသော ဂဏန်းတစ်ခု။ (ကြိုက်ခြင်း မကြိုက်ခြင်းက အရေးမကြီးပါ)။ ဒီဂဏန်းဟာ “ဟူးရား” နည်းစနစ်နဲ့ ဟောမှာမို့ အလွန်အရေးကြီးပါတယ်။ ကိုယ်တိုင် စဉ်းစားဖို့ခက်ရင် ဒီဆော့ဝဲလ်လေးကို Download လုပ်ပြီး ဂဏန်းရှာကြည့်ပါ။
(D) မေးခွန်းတွေကို အတတ်နိုင်ဆုံး မြန်မာလိုဘဲ ရေးပါ။ မြန်မာလို ဘယ်လိုမှ မရိုက်တတ်ရင်လည်း အင်္ဂလိပ်စာ စစ်စစ်နဲ့ မေးပါ။ မြန်မာအသံထွက် ကို အင်္ဂလိပ်စာနဲ့ ပေါင်းရေးတာမျိုးကတော့ မဖတ်တတ်ပါ။
အထက်ပါ (A) (B) (C) (D) အချက်တွေနဲ့ မကိုက်ညီတဲ့ မွေးခွန်းတွေကိုတော့ ဆရာ့အနေနဲ့ လုံးဝဖြေပေးမှာ မဟုတ်ပါ။ အဲဒီကျမှ စိတ်မဆိုးကြပါနဲ့။
.
ဦးစားပေး အစီအစဉ် နှင့် လူဦးရေကန့်သတ်ချက်
ရက်သတ္တပါတ်ကို လူ (၂၅)ယောက်လောက် ဖြေပေးပါမယ်။ တစ်လကို အကြမ်းဖျဉ်း လူဦးရေ (၁၀၀) လောက်ပေါ့။ ဦးစားပေး အစီအစဉ်က စီနီယာစနစ် မဟုတ်ပါဘူး။
.
(၁) ကျန်းမာရေးကိစ္စ ၊ အရေးပေါ်ဖြေရှင်းရမယ့် ပြဿနာတွေ ၊ တရားဥပဒေနဲ့ အမှုအခင်း ကိစ္စတွေကို ပထမ ဦးစားပေး အနေနဲ့ ဖြေပေးမှာ ဖြစ်ပါတယ်။
(၂) အလုပ်အကိုင်/စီးပွားရေးကိစ္စ/ပညာရေး ကိစ္စများကို ဒုတိယဦးစားပေးအနေနဲ့ ဖြေပေးမှာ ဖြစ်ပါတယ်။
(၃) အိမ်ထောင်ရေး၊ အချစ်ရေး ကိစ္စတွေကိုတော့ တတိယဦးစားပေးအနေနဲ့ ဖြေပေးမှာ ဖြစ်ပါတယ်။
(၄) ဖြစ်မလာသေးတဲ့ အနာဂါတ်နဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်၊ စိတ်ကူး၊ သိချင်တာတွေကိုတော့ နောက်ဆုံး ဦးစားပေးအနေနဲ့ ဖြေပေးမှာဖြစ်ပြီး အချိန်မရလျှင် ဖြေချင်မှလည်း ဖြေပေးမှာပါ။
(၅) နိုင်ငံရေး နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ အနှောင့် အသွားမလွတ်တဲ့ မေးခွန်းတွေ၊ စည်းကမ်းချက်များကို မလိုက်နာတဲ့ မေးခွန်းတွေ၊ ဗေဒင်ပညာ နဲ့ ဆရာကို မလေးစားရာရောက်တဲ့ မေးခွန်းတွေကိုတော့ ပယ်ဖျက်ပစ်မှာ ဖြစ်ပါတယ်။
ဒီအချက်(၅)ချက်ကို လက်ခံနိုင်ရင် အမေး/အဖြေ ကဏ္ဍထဲမှာ ၀င်မေးနိုင်ပါပြီ။
ကြီးကျယ်တယ်လို့တော့ အထင်မလွဲကြစေချင်ပါဘူး။ ဆရာ့မှာ ဟောပေးချင်တဲ့ စိတ်သာ မရှိရင် ဒီ အမေးအဖြေ ကဏ္ဍကို ပြန်ဖွင့်ပေးမှာတောင် မဟုတ်ပါဘူး။ နားလည်ပေးကြပါ။
ဗေဒင်ကို အခကြေးငွေယူပြီး ဟောပြောမှုကို ရပ်နားတာ (၆)နှစ် ရှိသွားပါပြီ။ တစ်လကို အနည်းဆုံး (၁၀)သိန်းလောက် ၀င်တဲ့ လုပ်ငန်းတစ်ခုပါ။ (လူပင်ပန်းလွန်းလို့) ရပ်နားထားတာဖြစ်ပါတယ်။ ဒါကို အခု ဉာဏ်ပူဇော်ခ မယူဘဲ အခမဲ့ အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး လုပ်ပေးနေတာပါ။ ဒါကြောင့် အရေးမပါတဲ့ မေးခွန်းတွေ/ အပျင်းပြေ မေးခွန်းတွေကို မမေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
.
ညီအကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)





ခုလိုပြန်ဖွင့်တာ ကျေးဇူးတင်ပါတယ်ဆရာ…ကျနော်မန်နေဂျာနေရာလျှောက်ထားတာ ဇွန်လ ၁ ရက်အင်တာဗျူးဖြေရပါမယ်. အလုပ်ရမရသိချင်ပါတယ်…နောက်ပီး ကျောင်းပြန်တက်ရန်လည်းစိတ်ကူးထားပါတယ် ဆရာဝန်လက်ထောက်(physician assistance) သင်တန်းဖြစ်ပါတယ်..အဲဒါ ကျောင်းအရင် တက်ရင်ပိုကောင်းမှာလား အလုပ် လုပ်ရင်ပိုသင့်တော်ပါသလား သိချင်ပါတယ်ဆရာ မွေးနေ့က ၁၈.၂.၇၅ပါ..ဂဏန်းကတော့ ၇၆ ပါဆရာ… ဆရာနှင့်မိသားစု ကျန်းမာ ရွှင်လန်းကြပါစေ
ကျနော်မေ့သွားလို့ .. အဂ်ါသားပါဆရာ…
ကို Maverick သို့
ဟူးရားဇာတာအရ(လဂ်ကို ဗုဒ္ဓဟူးပူးနေလို့) စိတ်နှစ်ခွ ဖြစ်နေပြီး အင်တာဗျူးဖြေဖို့ကို အပိုင်မဆုံးဖြတ်ရသေးတဲ့ သဘောရှိတယ်။ မန်နေဂျာ အလုပ်ရဖို့ ရာနှုံး (၆၀)လောက်သာ ရှိပြီး သိပ်အားမကောင်းပါ။ ဇာတာအရ ပညာရေးဖက်က ပိုပြီး အလေးသာနေပါတယ်။ ပညာရေးဖက်ကို ဦးစားပေးသင့်တယ်လို့ အဖြေထွက်ပြီး ပညာဆက်သင်လို့ မှားစရာမရှိပါ။ တကယ်လို့ အလုပ်ဝင်လိုက်ရင် အလုပ်က ထင်သလောက်မဟုတ်ဘူး ဖြစ်နေတတ်တယ်။ စဉ်းစားဆုံးဖြတ်ပါ။
မင်္ဂလာပါဆရာ
ကျွန်တော်ကအခုမှစမေးဘူးလို့ပါ။အမှားအယွင်းပါရင်ခွင့်လွှတ်ပါဆရာ။
မွေးနေ့ February 25, 1977
သောကြာသား၊ မွေးချိန် မနက်(93း0)
randomize က 59 ပါ
မည့်သည်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမျိုးဖြင့်အကျိုးပေးမည်ကိုသိလိုပါတယ်ဆရာ၊
အခုလိုအချိန်ယူဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ
ဆရာ ကျန်းမာချမ်းသာပါစေ
ကိုသန်းဇော် သို့
ဆရာက ခပ်တင်းတင်း စကားပြောထားလို့ အမှားဖြစ်မှာ စိုးရိမ်နေပုံရတယ်။ မစိုးရိမ်ပါနဲ့လေ။ ဆရာက သဘောကောင်းပါတယ်။ ပေါ့ပေါ့ပါးပါး မေးပါ။ အခုမေးခွန်းကတော့ ယေဘူယျ ဆန်ပါတယ်။ ဒီခေတ်လောက် အလုပ်အမျိုးအမည် စုံလှတဲ့ ခေတ်မျိုးမကြုံဘူးလို့ ဆရာ့သဘောသက်သက်နဲ့ အတိအကျရွေးလိုက်ရင် မှားသွားမှာ စိုးရတယ်။ အကောင်းဆုံးက ကိုယ်လုပ်ချင်တဲ့ အလုပ် (၃-၄)မျိုးလောက် ရွေးပြီး အဲဒီထဲက အကျိုးပေးနိုင်တာကို ပြန်ရွေးထုတ်တာ ပိုကောင်းတယ်။ အရင်ဆုံး ဆရာက ဇောင်းပေးပြီးတော့ ပြောပြလိုက်မယ်။ အဲဒီထဲက ကိုသန်းဇော် ပြန်ရွေးပေါ့။ (၁) ရေ/အရည် နဲ့ ပတ်သက်တဲ့ လုပ်ငန်း ဖြစ်ရမယ်။ (၂) မီး၊ အပူပေးခြင်း (သို့) လျှပ်စစ်နဲ့လည်း ပတ်သက်ရမယ်။ (၃) အလှအပ ဆွဲဆောင်မှု နဲ့ ပြုပြင်မွမ်းမံထားမှုလည်း ပါရမယ်။ (၄) လူအများစုနဲ့လည်း ဆက်သွယ်မှု ရှိရမယ်။ (၅) ကိုယ်တိုင်လည်း ဦးစီးလုပ်ရမယ်။ အဲဒီ အချက်(၅)ချက် ပြည့်စုံတဲ့ လုပ်ငန်းမျိုး ရွေးကြည့်ပြီး ပြန်မေးပါ။ အကျုံးဝင်တဲ့ လုပ်ငန်းတွေကတော့ များလိမ့်မယ်။ လေ့လာလည်း ကြည့်ပေါ့။ ဥပမာ လုပ်ငန်း တစ်ခု – လဘ္ဘက်ရည် နှင့် စားသောက်ဖွယ်ရာများ တွဲဖက်ရောင်းချတဲ့ လုပ်ငန်းမျိုးပေါ့။ ဥပမာ နော်။
ကျွန်တော့မွေးနေ့ကတော့ ၂ ၊ ၉ ၊ ၁၉၉၁ ပါ။ တနလာၤသမီးပါ။ ဂဏန်းကတော့ ၁၀၄ ပါ။
ပညာရေးနဲ့ပါတ်သက်ပြီးတော့မေးခြင်ပါတယ်။ စာရင်းကိုင် လိုင်းကိုလုပ်ရင်အောင်မြင်နိုင်ပါသလားဆိုတာသိချင်ပါတယ်။ နိုင်ငံခြားထွက်ရဖို့ရှိမရှိဆိုတာလဲသိချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျား။
မခိုင်ယဉ်ဝင်း သို့
စာရင်းကိုင်လုပ်ငန်း သိပ်အကျိုးမပြုနိုင်ကြောင်း တွေ့ရ ပါတယ်။ စာနယ်ဇင်းလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ စက်မှုလက်မှု လုပ်ငန်းများနှင့် ပတ်သက်ရပါမယ်။ နိုင်ငံခြားကတော့ ထွက်ရဖို့ ရှိပါတယ်။ ဒါပေမယ့် အခုအသက် (၁၉)နှင့် (၂၀)မှာ ထွက်ဖို့မလွယ် သေးသလို ထွက်လျှင်လည်း မကောင်းပါ။ ယခုနှစ်ပိုင်းတွေမှာ ကိုယ့်ဇာတာ နဲနဲ ညံ့နေလို့ အလိုဆန္ဒတွေ မပြည့်ဝဘဲ ဖြစ်နေတတ်တယ်။ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေတတ် တယ်။ ကံကောင်းမယ့် အချိန်ကို သည်းခံပြီး စောင့်ပါဦး။
ဆရာရှင့်
ကျွှန်မ မွေးသက္ကရာဇ်က ၂၅.၆.၁၉၇၈ (တန๎ဂနွေသမီး) ပါ စက๎ာပူမှာ ကွန်ပျူတာပညာနှင့် အလုပ်လုပ်နေ တာ ၂ နှစ်ကျော်လာပါပြီ ဒါကြောင့် အမြဲတန်းနေထိုင်ခွင့် (Permanent Residence Pass) ကိုတင်ရန် ကျွှန်မရဲ့လာမည့်မွေးနေ့မှာ ၂၅.၆.၂၀၁၀ ၈နာရီ၁၅ မိနစ်(နံနက်ပိုင်း) မှာ ICA ၌ appointment ယူထားပါသည်။ PR အတွက် ကျွှန်မရဲ့ကံဇာတာကို သိချင်ပါတယ်၊ ဆောင်ရန် ရှောင်ရန်အချက်များလည်းပြောကြားပေးပါရှင့်. လျှပ်တပျက် ပေါ်လာသော ဂဏန်းတစ်ခုက ၂၆ ပါ။
ဆရာကျန်းမာပါစေ။
မအိအိခိုင် သို့
PR လျှောက်ဖို့ အဲဒီနေ့ကို ရွေးချယ်တာ သင့်မြတ်ပါတယ်။ ဒါပေမယ့် အခက်အခဲ၊ နှောင့်နှေးကြန့်ကြာမှုလေးတွေ ရှိနိုင်ပါသေးတယ်။ သိပ်ကြီး မျှော်လင့်လို့တော့ မရသေးဘူး။ ဒါပေမယ့် မရဘူးလို့လဲ အပြတ်မပြောနိုင်ပြန်ပါဘူး။ On the Margin ဖြစ်နေပါတယ်။ ဒီတော့ ယတြာ များများလုပ်ပေးပါ။ အိမ်ကဘုရားမှာ “ပြောင်းဖူး ပေါက်ပေါက်ပွင့်” ကို မကြာခဏ ကပ်လှူပေးပါ။ မျှော်လင့်နိုင်ပါတယ်။
ဆရာရှင့်..ခုလိုပြန်ဖွင့်တာ ကျေးဇူးတင်ပါတယ်ဆရာ။ဆရာစာတွေကိုအမြဲဖတ်ဖြစ်ပါတယ်။
ကျွန်မရဲ့လုပ်ငန်ခွင်မှာ အလုပ်ရာထူးတိုးမယ်ပြောပြီးခုချိန်ထိဘာမှုန်းမသိရလို့ပါ။
မွေးနေ့က 3.Oct,1979. ( Wednesday born )ပါဆရာ။
စိတ်ထဲပေါ်လာတဲ့ဂဏန်းကတော့ 12 ပါ။
အခုလိုအချိန်ယူဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ
ဆရာ ကျန်းမာချမ်းသာပါစေ။
မစုမွန် သို့
ရာထူးတိုးမှာ အမှန်အကန်ပါဘဲဗျာ။ အချိန်မရောက်သေးလို့ပါ။ အခုနှစ် ဇွန်လ (၂၈)ရက်ကနေ စက်တင်ဘာ (၅)ရက်အတွင်း ရာထူးတိုးကိန်းရှိပါတယ်။ စောင့်ကြည့်ပါ။ ၈၀%လောက် သေချာပါတယ်။
ဆ၇ာ..
ကျနော့် မွေးနေ့က 24-Dec-1984 ရက်နေ့ပါ။
စိတ်ထဲမှာပေါ်လာတဲ့ဂဏန်းက 24 ပါဆရာ။
ကျွန်တော် ဘယ်တော့လောက် အလုပ်သစ် ရနိုင်မလဲ ဆ၇ာ။
အလုပ်သစ် က ပိုကောင်းမလား ပိုဆိုးမလား ဆ၇ာ။
အမေး/အဖြေ ကဏ္ဍ-၂ တွင် မေးပြီး
ကျေးဇူးတင်ပါတယ်။
ကိုဝင်းထက် သို့
မွေးနေ့ဘာနေ့ဆိုတာမပါပါ။ နှစ်တရာပြက္ခဒိန် အရ တနင်္လာသား ဖြစ်မယ်ထင်ပါတယ်။ တနင်္လာသားမှန်ရင်တော့ အလုပ်သစ် ရမှာပါ။ အခုနှစ် စက်တင်ဘာ(၂၄)ရက်ကနေ မွေးနေ့ မတိုင်မှီ ဒီဇင်ဘာ (၂၃)အတွင်းမှာ ရနိုင်တယ်။ ဒါပေမယ့် အင်္ဂါသက္ခတ်ထဲမှာ ရတဲ့ အလုပ်ဖြစ်လို့ သိပ်ပြီး ကောင်းမယ်လို့ မျှော်လင့်ချက်ထားလို့မရပါ။ အလုပ်မမြဲ တတ်ပါ။ အသက် (၂၆)(၂၇)(၂၈) တွေက အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်များဖြစ်လို့ ကံဇာတာ အညံ့ဖက်ကို ရောက်နေ ပါတယ်။ ကျော်ဖြတ်ရပါဦးမယ်။
My D.O.B is 3nd December 1983 (Friday) and my girlfriend is 9th October 1979.(Tuesday)
We are Planing our wedding in this year November. I would like to know are we really match for each other and future for our marriage. I don’t know i can ask another question or not but i would like to ask about my job. I’m looking forward for a new job and find a job for my girlfriend. Will this be alright in this time? The number in my mind is 13. Thanks for this section and thanks for answering Sir!.
Sai Thant Sin Linn သို့
မွေးသက္ကရာဇ် ပေးတာ မှားနေပါတယ်။ 3nd December 1983 နေ့က (Friday) မဟုတ်ပါဘူး။ စနေနေ့ပါ။ ပြန်စစ်ကြည့်ပါ။
ဆရာ.. ကျွန်မ က 29.8.1980 ၊ သောကြာသမီးပါ ၊
အခုကျမက Export Company တစ်ခုမှာ chief accountant နဲ့ လုပ်နေ ပါတယ်။
ဘ၀အာခံချက်နဲ့ တက်လမ်းအတွက် လက်ရှိအလုပ်မှာဘဲနေသင့်ပါသလား
နောက်တနေ၇ာကိုပြောင်းသင့်ပါသလား သိချင်ဘာတယ် ဆရာ။
ပြောင်းရွှေ့နှိုင်မယ့် အခွင့် အလမ်း နဲ့ အချိန်လေး သိချင်ပါတယ် ဆရာ၊
ဂဏန်းကတော့ 22 ပါ၊
ကျေးဖူးတင်ပါတယ်ဆ၇ာ
မစန္ဒာလွင် သို့
စာရင်းကိုင်လုပ်ငန်း တစ်ဘ၀လုံးအကျိုးပေးတယ်။ ဒါပေမဲ့ လက်ရှိနေရာ ကနေ အသက် (၃၀) အတွင်း မပြောင်းသင့် သေးပါ။ အသက် (၃၀)ကျော်ပြီး (၃၁)ထဲရောက်မှ ပြောင်းပါ။ သြဂုတ် (၂၉) မွေးနေ့ကျော်ရင် (၃၁)ထဲရောက်ပါပြီ။ အဲဒီကျမှ ပြောင်းပါ။ လက်ရှိနေရာထက် တိုးတက်ကောင်းမွန်မှုကို ရရှိပါလိမ့်မယ်။
ဆရာရှင့်
သမီးရဲ့မွေးနေ့ကတော့ 30.6.1978 သောကြာသမီးဖြစ်ပါတယ်။ သမီးသိချင်တာကတော့သမီးရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးကိုသိချင်ပါတယ်။
အခုမှ ပထမဆုံးမေးဖူးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးပါနော် သမီးရဲ့ ဂဏန်းကတော့ 30 ဖြစ်ပါတယ်။
ဟန်စုယဉ် သို့
(၃)ကြွင်း သောကြာသမီး၊ မဟာဘုတ် မရဏဖွားဖြစ်လို့ အချစ်ရေး အိမ်ထောင်ရေး ရှုတ်ထွေးမယ်။ အိမ်ထောင်ပြု မှားရင် အိမ်ထောင်ဆက် များတတ်တယ်။ ကိုယ်က အချစ်ရေး မရှုတ်ရင် အိမ်ထောင်ဘက်က ရှုတ်တတ်တယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ သားသမီးများနဲ့ အိမ်ထောင်ကျရင် အိမ်ထောင်(၂)ဆက်(၃)ဆက် ဖြစ်တတ်တယ်။ အကြမ်းဖျဉ်း ပေါ့။ နောက်ကို မေးရင် တိကျတဲ့ မေးခွန်းတွေ မေးပါ။
Dear Sir,
May I get Promotion ( or ) Better Job ( or ) Better Income during this year,2010?
Myat Min ( Thu ) 09-April, 1970 03;21 hrs
( 18 )
Highly appreciate!
Have a nice day!
Myat Min
Myat Min သို့
2010 လို့ပြောတာထက် အသက် (၄၁)လို့ ပြောတာ ပိုကောင်း မယ်။ အခုရောက်နေတဲ့ အသက် (၄၁)ထဲမှာ အလုပ်တိုးတက် ကိန်း၊ ရာထူးတိုးတက်ကိန်း အသေအချာ ရှိပါတယ်။ 2010 အကုန်လောက်မှာ ဖြစ်မယ်။ 2010 အောက်တိုဘာ (၂၂)ရက်နေ့ကနေ 2011 ဇန်န၀ါရီ (၇)ရက် အတွင်းဖြစ်မယ်။ ငွေကြေးကံကတော့ အသက် (၄၁)ထဲမှာ သိသိသာသာ မကောင်းသေးပါ။ (၄၂)ထဲရောက်မှာ ငွေကြေးကံ ကောင်းမယ်။
Hello Sayar…
Warm greetings.
I am very interesting in ” Bal Din & Lat Kha Nar ” since childhood.
I ‘d like to consult you one thing.
I am a dcotor and now I am working in compnay. My contract will be end in this Dec and i have a chance to extend. If I not extend, I will change another job. And I also want to enter Gov serivces as ” Assistant doctor”. So, kindly let me know what should I do and how should I decide? As for me I am interesting in this job, new job and Gov services. I am also married and now plan to be stable for whole life. I’d like to know which way or which king of work may be sutiable for my life? My date of Birth is 31, March, 1985 and I am Sunday thar par… .. if you need further information, pls feel free to contact to my e mail. I am waiting reply from Sayar.. Thanks and best regards,
ကိုအောင်သူငြိမ်း သို့
အလွန်အရေးကြီးတဲ့ “ဟူးရားဂဏန်း” မပါပါ။ တိတိကျကျ သိလိုလျှင် ထိုဂဏန်း ထပ်ပေးပါ။
ဆ၇ာ
ပထမဆုံးမေးတာမို့ လွဲနေတာရှိ၇င်ခွင့်လွတ်ပါ..ကျွန်မကအင်ဂျင်နီယာ (အစိုး၇၀န်ထမ်းတစ်ယောက်)ပါ..ဇာတိကအညာ ..တာဝန်က ၇န်ကုန်မှာပါ .ဌာနပြောင်းလဲမှုလုပ်ချင်ပါတယ်…ပြောင်းခွင့်၇မှာလား …ပြောင်း၇င်သင့်တော်မှာလား
သိချင်ပါတယ်…..မွေးနေ့ က8.8.1981 ပါ.. စနေသမီးပါ။
ဂဏန်းက 5ပါ…ဆ၇ာကိုလေးစားလျက်……
မလှိုင်သူ သို့
လောလောဆယ်အနေအထားအရ လက်ရှိနေရာက ပြောင်းဖို့ ခက်နိုင်သလို ပြောင်းဖို့လည်း မသင့်သေးပါ။ လက်ရှိအလုပ် လက်ရှိနေရာမှာ ရာထူးတက်ကိန်း ရှိနေ ပါတယ်။ ဒါကြောင့် အပြောင်းအလဲလုပ်ဖို့ အကြံမပြုလိုပါ။
ကျေးဇူးပါဆရာ.. ဆရာ့ဆိုက်ကို မြင်ပြီးတည်းက မေးချင်နေတာပါ.. သမီးက ဘယ်လိုလူမျိုးနဲ့ရမှာလဲ သိလိုပါတယ်ဆရာ… လောလောဆယ်တော့ သမီးကောင်လေးက သမီးထက်ငယ်ပါတယ်.. ကွဲသလိုလိုမကွဲသလိုလိုဖြစ်နေတော့ ဘာပြောရမှန်းမသိတော့ပါဘူးဆရာ.. သမီးမွေးနေ့က 09.12.1983 သောကြာသမီးပါ ..သူက ကြာသာပတေးသားပါဆရာ.. စိတ်ထဲပေါ်လာတဲ့ဂဏန်းကတော့ 45 ပါ
ဆရာ ကျွန်တော်က 24.7.1989 မှာမွေးတာပါ ကျွန်တော်သိချင်တာက ကျွန်တော်ရဲ့ ပညာရေး အခြေအနေကိုသိချင်ပါတယ် (MOnday ) မှာမွေးတာပါ
စိတ်ထဲမှာရှိတဲ့ နံပတ်က( ၇) ဖြစ်ပါတယ်
ခိုင်စိုးအောင် သို့
မေးခွန်း မတိကျပါ။ ပညာရေးက စာမေးပွဲဖြေမှာလား၊ ဖြေပြီး အောင်မအောင် သိချင်တာလား၊ သင်တန်းတက်မှာလား၊ master ဆက်ဖြေမှာလား . . စသည်ဖြင့် တိကျရပါမယ်။ အခုလို ခပ်ဝါးဝါး မေးထားတော့ ဆရာလည်း ခပ်ဝါးဝါးဘဲ ပြန်ဖြေလို့ရမယ်။ အကြမ်းပြောရရင် အခုအသက် (၂၁)မှာ ပညာရေးနဲ့ ပတ်သက်ရင် ကောင်းပါတယ်။ စာမေးပွဲဖြေဖြေ၊ သင်တန်းတက်တက်၊ ကြိုက်တာလုပ်၊ ရတယ်။ အသက်(၂၂)နှစ်မှာတော့ ပညာရေး နဲ့ အပျော်အပါး ရောထွေးမှုကြောင့် ပြဿနာ တက်တတ်ပါတယ်။
sir
my birthday is 04.09.1986(thusday).
My lover brithday is 15.08.1991.(thusday)
can we be marry ? I like the number 4.
ယမင်းအောင် သို့
အိမ်ထောင်ရေး သင့်မြတ်မှု (၅၀)% သာရှိပါတယ်။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်တွေထဲက ပုတိနေ့သားသမီးနဲ့ မရဏနေ့ သားသမီးတို့ လက်ထပ်ကြတာဖြစ်လို့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ စိတ်ထားခြင်း ဝေးကွာ လာတတ်ပါတယ်။ ယောင်္ကျားလေးဟာ မိန်းကလေး အပေါ် မှာ ကြာလေ စိတ်ကုန်လေ ဖြစ်လာတတ်ပါတယ်။
ကျွန်တော့်မွေးနေ့က ၃ ရက် ၄လ ၁၉၈၀ ပါ။ ကြာသပတေးသားပါ။
ကျွန်တော် အခု အင်တာနက်ဆိုင်လေး (ကွန်ပျူတာ ၁၀လုံးခန့်) ဖွင့်ထားပါတယ် ဆရာ..။ ဖွင့်ထားတာ ဆယ်လ ခန့်ရှိပါပြီ။ လုပ်ငန်းတအား ကျဆင်းနေလို့ လုပ်ငန်းပြောင်းဖို့ စဉ်းစားနေတာပါ ဆရာ…။
အဲဒါ ပြောင်းရမလား ဆက်လုပ်ရမလား သိချင်ပါတယ်ဆရာ.. ။ ပြောင်းရင်လည်း ဘယ်လိုလုပ်ငန်းမျိုး ပြောင်းရမလဲ သိချင်ပါတယ် ဆရာ…။ ကျွန်တော့်အမျိုးသမီးက အလှပြင်ဆိုင်အရင်းဖွင့်ချင်နေတာ… ပြောင်းလုပ်လို့ ရမလား သိချင်ပါတယ် ဆရာ..။ အမျိုးသမီးက ရာဟုသမီးပါ (၂၇.၅.၁၉၈၁)။ စိတ်ထဲပေါ်လာတဲ့ ဂဏန်းက ၂၃ ပါဆရာ…။ ကျေးဇူးတင်ပါတယ်…
ကို Jason သို့
လက်ရှိအခြေအနေအရ ဘာမှ လုပ်လို့မရနိုင်သေးတဲ့ အနေအထား ဖြစ်နေပါတယ်။ အသက် (၃၀)(၃၁)(၃၂)ဟာ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်ထဲကို ဖြတ်နေပါတယ်။ အခု ဗုဒ္ဓဟူး သက္ခတ်ထဲမှာပါ။ ဘာအလုပ်မှ အသစ်လုပ်လို့ မရပါဘူး။ လက်ရှိအလုပ်ဘဲ ဆက်လုပ်မလား? ထိုင်နေမလား ဆိုတာဘဲ စဉ်းစားရမယ်။ အမျိုးသမီးက အလှပြင်ဆိုင်လုပ်လို့ ရတယ်။ ကောင်းတယ်။ ဒါပေမယ့် သူဘဲ ဦးစီးလုပ်ကိုင်ရမယ်။ သူ့ဇာတာ နဲ့ နာမည်ပေးရမယ်။ သူ့ကို အလှည့်ပေးပြီး ကိုယ် (ဇာတာသန့် သွားတဲ့အထိ) ခဏ စောင့်လိုက်ပါ။
Dear Sayar,
Thanks for your kindness to open Q&A section.
I’m 24/04/1982, Saturday born. I have plan to change my current job as I felt I’m over loading at current work. I’m studying evening class simultaneously.
But, I’m afraid that my fortune (Myanmar New Year Horoscope) said that something will wrong if saturday born people are changing job in this year.
Kindly advise me how should I do? I’m really afraid that if change is worse than current as I need to be independent myself and have to support my family too.
Appreciate your kind advise on this matter. This is my randum no (9) for Q.
Best Regards,
Htet
Htet သို့
ဒီနှစ်ဟာ အလုပ်အကိုင် ပြောင်းကို ပြောင်းရမယ့် နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ရဲရဲသာ ပြောင်းလိုက်ပါ။ ဆိုးစရာ မရှိပါ။ ၁၃၇၂ ဟောကိန်းထဲက “စနေသားသမီး” အားလုံး အတွက် ယေဘူယျပါ။ တစ်ဦးခြင်းအနေနဲ့ တွက်ကြည့်တော့ ဒီနှစ် ကောင်းမွန်သော အပြောင်းအလဲတွေ လုပ်ရမယ့် နှစ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ 28.5.2010 ကနေ 31.7.2010 အတွင်း ပြောင်းဖြစ်အောင် ပြောင်းပါ။
Dear Sayar,
I would like to know when I can get the job. I am saturday born and my date of birth is 10.01.1981. randomized number is 53. I do need the job as soon as possible cause I have to support my family who are living in myanmar. Thank you and appreciate your kind help. I am looking forward to hearing from u soon. Thanks.
Si Si သို့
အလုပ်က ရသင့်နေပါပြီ။ ဆရာတွက်တာ မမှားရင်တော့ အခုလာမယ့် ရက်အနည်းငယ်ကနေ နောက်အကျဆုံး သြဂုတ်(၈)ရက်အတွင်း အလုပ်ရနိုင်တယ်။ ဒါပေမယ့် ဇာတာရှင်မှာ အခက်အခဲ အရှုတ်အထွေးတစ်ခု ကြုံတွေ့ နေရတဲ့ သဘောမျိုးတွေ့နေရတယ်။ ပင့်ကူအိမ်ထဲမှာ ၀င်ငြိ နေတဲ့ ပုံစံမျိုး တွေ့နေရတယ်။ နဲနဲ သတိထားပါ။
မင်္ဂလာပါဆ၇ာခင်ဗျာ
ကျွန်တော်အခု.GTCကျောင်းပြီပါတော.မယ် နိင်ငံ၇ပ်ခြားမှာသွားေ၇ာက် ကျောင်းဆက်လက်တက်ခွင်.ကံပါမပါသိချင်ပါတယ် တက်ချင်တဲ.ဆဒလဲ၇ှိပါတယ်ခင်ဗျာ ကြိုးလဲကြိုးစားနေပါတယ်
မွေးနေ.. 10.1.1986 သောကြာနေ. နေ.လည် ၁၂ နာ၇ီပါ
ဂဏန်းက ၁ ပါဆ၇ာ ခု.လို.ဖြေကြားပဲတဲ.အတွက်ကျေးဇူးတင်ပါတယ်ဆ၇ာ
ဖြိုးမောင်မောင် သို့
နိုင်ငံခြား ပညာဆက်သင်ရဖို့ ရှိတယ်။ ၂၀၁၀ ထဲတော့ မဟုတ်ဘူး။ ၂၀၁၁ ထဲရောက်မှဖြစ်လိမ့်မယ်။ စောရင် မတ်၊ဧပြီ . . . နောက်ကျရင် သြဂုတ် စက်တင်ဘာလောက်မှာ ထွက်ရဖို့ ရှိတယ်။ ဒီနှစ်ကတော့ အခက်အခဲ အလွန်များမယ်။
ဆရာ..ခုလိုပြန်ဖွင့်တာ ကျေးဇူးတင်ပါတယ်ဆရာ။ဆရာစာတွေကိုအမြဲဖတ်ဖြစ်ပါတယ်။
ကျွန်တော်နဲ့ ကျွန်တော့ ချစ်သူ အိမ်ထောင်ပြုရင် အိမ်ထောင်ရေးကံကောင်းနိုင်ပါသလားဆရာ
ကျွန်တော့် မွေးနေ့က 23/12/1983. (Friday)ပါဆရာ။
ကျွန်တော့် ချစ်သူမွေးနေ့က 28/06/1980 (Saturday)ပါဆရာ။
စိတ်ထဲပေါ်လာတဲ့ဂဏန်းကတော့ ၃၅ ပါ။
အခုလိုအချိန်ယူဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ
ဆရာ ကျန်းမာချမ်းသာပါစေ။
မျိုးသီဟ သို့
ရာဇဖွား နဲ့ သိုက်ဖွား – ပက္ခတ်မိနေပြီး အိမ်ထောင်ရေး တိုက်ဆိုင်မှုက ၄၅% သာရှိပါတယ်။ အလွန်ပဋိပက္ခ များတတ်တဲ့ အိမ်ထောင်ရေးမျိုး ဖြစ်တတ်ပါတယ်။ သိပ်မကောင်းလှပါ။
ကျွန်တော်က 29-09-1975 ( Monday )
ချစ်သူက 01-05-1980( Thursday)
randomize က 5
အိမ်ထောင်ေ၇းကံ သိချင်ပါတယ်
ကျေးဇူးပါ
ကျော်သူရ သို့
အိမ်ထောင်ရေး တိုင်ဆိုင်မှုရာနှုံး ၆၅% ဖြစ်ပြီး ကိုယ့်မဟာဘုတ် ထဲက ပက္ခတ်နေ့သားသမီးဖြစ်နေလို့ အိမ်ထောင်ရေး ပြဿနာ များတတ်ပါတယ်။ ဒါပေမယ့် ၆၅% ဆိုတာက ဒီခေတ်မှာ သိပ်မဆိုးလှတဲ့ ကိန်းဂဏန်းဖြစ်လို့ ကွဲကြကွာကြထိအောင်တော့ မဖြစ်နိုင်လောက်ဘူး။ ပြဿနာတော့ အနည်းနဲ့ အများ ရှိမယ်။
မင်္ဂလာပါ..ဆရာ
ကျမက ကျောင်းတတ်ရင်း Full Time အလုပ်ရှာနေပါတယ်..အလုပ်ရဖို. အဆင်ပြေနိုင်မပြေနိုင်သိချင်ပါတယ်ဆရာရှင်.
(၉.ရ.၁၉၇၈) တနင်္ဂနွေသမီး။ ဂဏန်းကတော. (၉)ပါ။
လေးစားစွာဖြင်.
ဂျူလိုင် သို့
အချိန်ပြည့်အလုပ်ရဖို့ အခုအသက် (၃၂)ထဲမှာ သိပ်မလွယ်ဘူး။ ရှေ့လာမယ့် ဇူလိုင်(၉)ရက် မွေးနေ့ကနေ စက်တင်ဘာ(၁၇)ရက် အတွင်းမှာတော့ အချိန်ပြည့်အလုပ် တစ်ခု ရဖို့ အတော်လေး သေချာပါတယ်။ မျှော်လင့်ချက်နဲ့ စောင့်ပါဦး။
ဆရာရှင့် . . .
စင်ကာပူမှာ ဒီနှစ်အလုပ်သွားလုပ်ရင် အဆင်ပြေမလားဆိုတာလေးသိချင်လို့ပါ။
20.8.1981 (ကြာသပတေး)
randomize ကတော့ “7″ ပါ။
Pearl သို့
သိပ်ကြီး အဆင်မပြေနိုင်ပါ။ အခက်အခဲ၊ ရန်၊ ပြဿနာတွေ ရှိပါတယ်။ စိတ်ညစ်/စိတ်ပျက်လွယ်သူဖြစ်ရင် မသွားတာ ကောင်းပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ရင်တော့ သွားလို့ ရပါတယ်။ ဒါပေမယ့် မွေးနေ့မတိုင်ခင်အတွင်း ဖြစ်ရပါမယ်။ မွေးနေ့သြဂုတ်(၂၀)ကျော်သွားရင် လုံးဝ မကောင်းတော့ပါ။ ချင့်ချိန်ကြည့်ပေါ့။
ဆရာ
၁၇-၁၀-၁၉၇၅ (သောကြာ)
အကြိုက်ဆုံး နံပါတ်က ၎
လောလောဆယ် ဖြစ်နေတဲအလုပ်ကိုင် နဲ ငွေကြေးအကြပ်အတည်းကို ဘယ်ချိန်မှာ အဆင်ပြေသွားနီုင်မလဲ အလုပ်ပြောင်းရင်ကောင်းမလား လက်ရှိအလုပ်မှာ တိုးတက်မှုရှိနိုင်မလား
တခုခုပြောင်းလဲသွားနိုင်တဲ(ဆိုး/ကောင်း)ကံတရားများဖြစ်လားနိုင်လား သိပါရစေ
လေးစားအားကိုးပါတယ်
ကိုသန့် သို့
ဒီကိစ္စက အသက်(၃၄)နှစ်ကတည်းက စ,ခဲ့တာလို့ ထင်ပါတယ်။ မနိုင်ဝန် ထမ်းမိပုံ ပေါ်ပါတယ်။ အသက် (၃၆) ထိအောင် အကြပ် အတည်းကို ဖြတ်ကျော်ရပါဦးမယ်။ (၃၆)နှစ်ထဲမှာ အမှုအခင်း ကြုံရဖွယ်ရှိပါတယ်။ အသက် (၃၇) မှာ အခြေအနေတချို့ ပြန်ကောင်းပါမယ်။ ဒါပေမယ့် (၃၈)မှာ နဲနဲ ပြန်ဆိုးပါဦးမယ်။ သတိထားနိုင် အောင်ကြိုပြော ထားတာပါ။ (၃၈)ကျော်ရင်တော့ ကံကြမ္မာ အကောင်းဘက် ကို ပြန်ရောက်ပါပြီ။
ဆရာ..ကျွန်တော် က17.12.1970 ကြာသပတေး သားပါ
ကျွန်တော် ချစ်သူကတော့ 29.8.1980 သောကြာသမီး
ကျွန်တော် တို့နှစ်ယောက် ရဲ့ အိမ်ထောင်ရေး၊အချစ်ရေး သိချင် ပါတယ်ဆရာ
ဘယ်တော့လောက် အတူတူ နေ ရ မလဲ
နေရမဲ့ကံကော ပါရဲ့လား သိချင်ပါတယ်
ကျေးဖူးတင် ပါတယ်
25.06.1974 , အင်္ဂါနေ့ ၊ ဂဏန်းက ၉ ပါ
မြန်မာလိုက ၁၃၃၆ ပထမဝါဆို လဆန်း ၇-ရက်၊ နံနက် ၁နာရီ ၅မိနစ်
ယခုလက်ရှိ အလုတ်ထက် လစာ(သို့ ) ရာထူးကောင်းသော အလုပ်နှင့် အသက်မွေးဝမ်းကြောင်းမူပြုနိုင်ပါမည်လား။( တိုးတက်ရန် ရှိ၊ မရှိသိပါရစေ)
ဆရာစေတနာကို ကျေးဇူးတင်ပါတယ်
စောညွန့်စံ သို့
အခုအသက်(၃၆)နှစ်ဟာ ကောင်းမလိုလိုနဲ့ ညံ့တဲ့နှစ်မျိုးပါ။ ကြာသပတေးသက္ခတ် ဖြစ်လို့ ငွေကြေး ကြပ်တည်းပြီး အစစ အရာရာ အဆင်မပြေတတ်ပါဘူး။ မကြာတော့ပါဘူး။ အခုမွေးနေ့ ကျော်ရင် ရာဟုသက္ခတ်ထဲရောက်မယ်။ အဲဒီမှာ ငွေကြေး၊ အလုပ်အကိုင် ပြန်အဆင်ပြေလာမယ်။ စောင့်ကြည့်ပါ။
ဆရာ မင်္ဂလာပါရှင်။
သမီးက (4.4.1987)ဖွားပါ။ လျပ်တပြတ်ဂဏန်းက 5 ပါ။သမီးအသက် 23နှစ်ကနေ အခု 24 နောက် 25 နှစ်အထိ အင်္ဂါ၊ဗုဒဟူး၊ စနေ သက္ခတ်တွေချည်းပဲ မိနေလို့ အဲဒါ ဘာမှ မလုပ်ရဲပါဘူး။အဓိကသိချင်တာက လာမည့် ဇွန်လတွင် တတ်ရောက်ချင်သောစာရင်းကိုင်သင်တန်းကို တတ်ရောက်ဖို့ရာအောင်မြင်နိုင် ဖို့ ရာခိုင်နှုန်း ရှိမရှိ သိချင်ပါတယ်ဆရာ။အခက်အခဲတွေ့ရမယ်ဆိုလည်း ဘယ်လိုကာကွယ်နိုင်မလဲဆိုတာပါ ။နောက်ပြီးသမီးက တနှစ်ပြီးတနှစ်အောက်နေရင် အချိန်ပုပ်သွားမှာစိုး လို့ တကယ်အောင်မြင်ဖို့အလားအလာကို လေးစားရသောဆရာပညာနဲ့ အကူအညီယူရတာပါ။မိသားစုတဖက်နဲ့ ၀န်ထမ်းဆိုတော့ အချိန်ကုန်။ငွေကုန်။လူပင်ပန်းပေးဆပ်ရမှာမို့လို့ပါဆရာ။ ဆ ရာ ခုနှစ်သားသမီးများကိုကယ်တင်နိုင်ပါေ။
လေးစားစွာဖြင့်
လေပြေ သို့
အင်္ဂါ၊ ဗုဒ္ဓဟူး စနေ သက္ခတ်များဟာ စီးပွားလုပ်ဖို့၊ အိမ်ထောင် ပြုဖို့ မကောင်းပေမယ့် “ပညာရှာဖို့” အလွန်ကောင်းတဲ့ နှစ်တွေ ပါ။ ဒီကာလတွေဟာ “ခံစား စံစား” ရမယ့် ကာလတွေ မဟုတ်ပေမယ့် “ပေးဆပ်”ရမယ့် ကာလတွေ ဖြစ်တာမို့ ပညာသင်တာ အကောင်းဆုံး နဲ့ အမှန်ကန်ဆုံး ပေါ့။ စာရင်းကိုင်အလုပ်ဟာ ဘ၀မှာ အကျိုးပေးမယ့် အလုပ်ဖြစ်လို့ တက်ဖြစ်အောင် တက်လိုက်ပါ။ စာမေးပွဲတွေလည်း အခက်အခဲမရှိ လွယ်လွယ် ကူကူနဲ့အောင်မြင်မယ်လို့တွေ့ထားပါတယ်။ ကြိုးစားပါ။
သမီးမွေးနေ့က ၂၈-၈-၁၉၇၅ ကြာသာပတေးသမီးပါ. သမီးက၀န်ထမ်းတယောက်ပါ. သမီးအလုပ်နဲ့ပတ်သက်ပြီးမေးချင်ပါတယ်. ယခုနှစ်ထဲမှာ ပြည်ပခရီးစဉ်ရှိမရှိသိချင်ပါတယ်ရှင့်. ဂဏန်းကတော့ ၇၅ ပါဆရာ. ဆရာကျန်းမာပါစေ.
ခင်မျိုးဆက် သို့
ဒီနှစ်ထဲမှာ ပြည်ပ ခရီးစဉ် အသေအချာ ရှိပါတယ်။ မေလ (၂၈) မှ သြဂုတ်(၂၇) အတွင်းဖြစ်စေ/ အောက်တိုဘာ (၃၁)မှ ဒီဇင်ဘာ(၁၁) ရက်အတွင်းဖြစ်စေ ထွက်ရပါလိမ့်မယ်။
မင်္ဂလာပါဆရာ
ကျွန်မမွေးနေ့က 21.12.1982 (အဂါင်္)သမီးပါ
ကောင်လေးကတော့ 19.6.1987 (သောကြာသား)ပါ …..ကျွန်မတို့ နှစ်ယောက်ရဲ့
ဖူးစာရေး အခြေအနေလေး သိချင်ပါတယ် ဆရာ………(ခုလောလောဆယ်တော့ နှစ်ယောက်လုံး ဝေးနေကြပါတယ်)….ဂဏန်းကတော့ 7 ပါ ဆရာ
မစုစုလှိုင် သို့
မရဏ နဲ့ ပုတိဖွား လက်ထပ်ရင်တော့ အိမ်ထောင်ခိုင်မြဲရင် စီးပွားမဖြစ်ထွန်းပါ။ စီးပွားဖြစ်ထွန်းရင် အိမ်ထောင်မခိုင်မြဲပါ။ နောက်ပြီး ယောင်္ကျားလေးမှာ အိမ်ထောင်(၂)ဆက်ဖြစ်နိုင် ဖွယ်ရှိလို့ အခုလို ဝေးနေတာဘဲ ခပ်ကောင်းကောင်းပါ။
သမီးက(7.6.1986)စနေသမီးပါ၊သမီးယူမယ့်သူကမြင့်မိုရ်ဝင်း(20.9.1984)ကြာသာပတေးသားပါ။
အဲဒါမတည့်တဲ့နှစ်ယောက်ဖြစ်နေလို့။ဘယ်လိုမျိုးအဆောင်လုပ်ရင် တည့်နိုင်မလဲ။ဘယ်စီးပွားရေးလုပ်ရင်ကောင်းနိုင်မလဲ။ရေရှည်ပေါင်းဖက်နိုင်အောင်ဘာလုပ်ရမလဲ
(သမီးကိုအိမ်ထောင်ဆက်များမယ်လို့ခဏခဏဟောထားဖူးလို့ပါ)။သမီးစိတ်ထဲကဂဏန်းကတော့(7)ပါ။
ကျေးဇူးပြုပြီးဖြေပေးပါရှင့်
မရီနန္ဒာအောင် သို့
စနေ ကြာသပတေးကြောင့်က အဓိက မဟုတ်ပါဘူး။ (၂)ယောက် လုံးက မရဏဖွားချည်းဖြစ်နေတာ ခက်တယ်။ ဒါဟာ အိမ်ထောင် ရေရှည်တည်မြဲမှုကို ထိခိုက်စေမယ်။ အိမ်ထောင် (၂)ဆက် ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကံကြမ္မာကတော့ (၂)ဦးလုံးမှာ ပါနေပါတယ်။ မူလကတည်းက ပါလာတဲ့ ကံဖြစ် ရင် ယတြာမရှိပါ။ နှစ်ဦးစလုံး အိမ်ထောင်ရေး သစ္စာ ရှိကြဖို့က အကောင်းဆုံး ယတြာပါ။
Could you please tell me whether can I get a job in these few months. My date of birth is 30/4/82 ( Friday born). The number is 14. I don’t know how to type in Myanmar Font. Sorry about that.
သဲစု သို့
ဒီနှစ် သြဂုတ်လ မကျော်ခင်အတွင်း အလုပ်တခု သေချာပေါက် ရပါလိမ့်မယ်။ ဒါပေမယ့် ဗုဒ္ဓဟူးသက္ခတ် အတွင်း ရတဲ့ အလုပ် ဖြစ်လို့ အလုပ်မြဲပါမယ်လို့ တော့ မပြောနိုင်ဘူး။
I would like to know which country is best for me to do job.Interested countries are Japan,America,Europe or Singapore.
D.O.B of mine is (28-3-1976)
The number I like most is 108. Now I am living in Japan. I always read this excellent web place. Thank you for your kindness.
ကို Research သို့
ဟူးရားစနစ်အရ ပြောရရင် ကိုယ့်ဘ၀ကြီးပွားရေးအတွက် အကောင်းဆုံးနိုင်ငံက (၁) အမေရိကား (၂) ဂျပန် တို့ ဖြစ်ပါတယ်။ စင်္ကာပူ နဲ့ ဥရောပကတော့ သိပ်မကြိုက်ပါ။
ဆရာ..သမီးရဲ.မွေးနေ.က (14.7.1983)ကြာသပတေးသမီးပါ
Randomize က 7 ပါ
သမီးရဲ. အချစ်ရေးနဲ.အိမ်ထောင်ရေးကိုကံ ကို သိချင်လို.ပါ..
ကျေးဇူးတင်ပါတယ်..ဆရာ
မိုးပြည့် သို့
(၁)ကြွင်း ကြာသတေး အဓိပတိဖွားဖြစ်လို့ အချစ်ရေး ရှုပ်ထွေးပြီး နာမည်ပျက်ကိန်း ရှိတယ်။ အိမ်ထောင်ရေး ကံကောင်းမှုက ကိုယ့်အပေါ်မှာ အများဆုံးတည်မယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေးသားတွေကို ရှောင်ရပါမယ်။ ယေဘူယျ အိမ်ထောင်ရေးကံကို ပြောရရင်တော့ သင့်မြတ်ပါတယ်။ သိပ်အဆိုးထဲမှာ မပါပါ။
ဆရာ မင်္ဂလာပါ။ သတ်မှတ်ထားတဲ့မေးခွန်းအရေအတွက်မကျော်သေးရင် ဖြေပေးပါ ဆရာ။
ခု လက်ရှိနေ နေတဲ့ နေရာက ထွက်ခွာပြီးရင် ပြန်ရောက်နိုင် မရောက်နိုင် သိချင်ပါတယ်။ အားလုံးကို တကယ် ဆုံးရှုံးပြီး နောက်လေးရက်မြောက်တဲ့ နေ.မှာ သွားရတော့မှာပါ။ သောကြာနေ.(၃၁-၃-၇၈) ပါ ။စိတ်ကြိုက်ဂဏန်းက ၁၈ ပါ။ ကျေးဇူးတင်ပါတယ်။
mee သို့
ပဟေဠိ ဆန်တဲ့ မေးခွန်းတွေကို ဆရာမဖြေတတ်ပါ။ ဘာအကြောင်း ဘာကိစ္စလည်း ဆိုတာ ရှင်းရှင်းလင်းလင်း မေးဖို့ လိုတယ်ထင်ပါတယ်။ ပြန်မေးပါ။
မင်္ဂလာပါဆရာ
သမီးမွေးနေ့က (19.9.1982)ဖြစ်ပါတယ်။တနင်္ဂနွေသမီးဖြစ်ပါတယ်။ လက်ရှိအလုပ်ကနေပြောင်းချင်လို့ပါ၊ပြောင်းရင်လက်ရှိအလုပ်ထက်ပိုကောင်းနိုင်မလား၊
ဘယ်အချိန်လောက်ပြောင်းရင်အဆင်ပြေမလဲလို့သိချင်လို့ပါဆရာ။ကိုယ်ပိုင်စီးပွားရေး
လုပ်ရင်လည်းဘယ်လိုလုပ်ငန်းမျိုးကအဆင်ပြေနိုင်မလဲဆိုတာသိချင်လို့ပါဆရာ။ဂဏန်းကတော့ 25 ပါဆရာ……ဆရာနှင့်မိသားစုကျန်းမာပျော်ရွှင်ကြပါစေ
မအိခိုင် သို့
လက်ရှိရောက်နေတာ အသက် (၂၈)နှစ် ၊ ဗုဒ္ဓဟူး သက္ခတ် ဖြစ်လေ တော့ အလုပ်ပြောင်းရင် ခက်ခဲမယ်။ နောက် အလုပ်မှာ ပင်ပန်းမယ်။ စိတ်ဆင်းရဲမယ်။ အလုပ်လည်း မမြဲ တတ်ဘူး။ ဒါပေမယ့် လက်ရှိအလုပ်ထက်တော့ ပိုကောင်း လိမ့်မယ်။ စဉ်းစားပေါ့။ အပြောင်းအလဲ လုပ်တာဟာ လတ်တလော မကောင်းပေမယ့် ရေရှည်မှာ ကောင်းမယ်လို့ ယူဆပါတယ်။
မင်္ဂလာပါ ဆရာ .. သမီး က (17.4.1986) မွေးပါတယ် .. ကြာသပတေး သမီးပါ ..သမီးချစ်သူက (25.1.1979) ပါ ..ကြာသပတေးသားးပါပဲ .. သူက သမီးရဲ့  အိမ်ထောင်ဖက် ဟုတ်မဟုတ်သိချင်ပါတယ် .. သမီးနှစ်သက်တဲ့ဂဏန်းကတော့ ၉ ပါ ..
ဖြိုးဆုသော်ဝင်း သို့
လက်ရှိ ကြာသပတေးသားဟာ အိမ်ထောင်ဘက် ဖြစ်ဖို့ ရာနှုံး (၅၅)% လောက်သာရှိလို့ မဖြစ်နိုင်ဘူးလို့ဘဲ ယူဆပါတယ်။ မဖြစ်တာလည်း ကောင်းပါတယ်။ သိပ် မတည့်လို့ပါ။
ဆရာအခုလို အမေး ဖြေကဏ္ဍလေးကိုပြန်ဖွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ကျနော့်နာမည်ကိုဖြိုးလို့ပဲအတိုကောက်သုံးလိုက်ပါရစေ။ ကျနော်က ၂၁.၀၇.၈၃ မှာမွေးပါတယ်၊ ကြာသာပတေးသားပါ။ ကျနော့်ဇနီးက ၁၉.၀၅.၈၇ ခုနှစ်မှာမွေးပါတယ်၊ အင်္ဂါသမီးပါ။ ကျနော့်မှာ ၆လအရွယ်သားလေးတစ်ယောက်ရှိပါတယ်၊ မွေးနေ့က ၂၇.၁၁.၀၉ပါ။ ကျနော်က ဥရောပက နိုင်ငံတစ်ခုမှာ asylumခံထားတာ ၅ နှစ်ကျော်ပါပြီ။ ကျနော်အမျိုးသမီးနဲ့ သားငယ်ကို ကျနော့်ဆီခေါ်ဖို့ကြိုးစားတာ မနှစ်ကတည်းကပါ။ ဆရာ့ကိုမေးချင်တာက ကျနော့်မိသားစုကို ကျနော်နေတဲ့နိုင်ငံကိုဘယ်တော့လောက်မှရောက် နိုင်ပါမလဲဆရာ။ ပြီးတော့ ဘယ်လိုယတရာမျိုးများလုပ်သင့်ပါသလဲဆရာ။ ဆရာ့အာကြုံညာဏ်လေးနဲ့ကိုကျနော့်ကိုကျေးဇူးပြု၍ ကူညီပေးပါခင်ဗျာ။ ကျနော် ဇနီးနဲ့ခွဲနေရတာ ၃ နှစ်ကျော်ပါပြီ။ ဂဏန်းကတော့ ၁၅ ပါခင်ဗျား။ ဆရာ့မိသားစုဝင်အားလုံး ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျား။
ကိုဖြိုး သို့
မိသားစုခြင်း ပြန်လည်ပေါင်းစည်းဖို့ကိန်း ဧကန်ရှိပါတယ်။ ကျွန်တော်ခန့်မှန်းတာ မမှားရင် ၂၀၁၁ ခုနှစ် ဇွန်လ နောက်ပိုင်းကနေ တနှစ်အတွင်း မှာ မိသားစုခြင်း ပြန်လည်ပေါင်းစည်းရမယ်လို့ ယူဆပါတယ်။ ယတြာကတော့ ထူးထူးထွေထွေလုပ်ရန် မလိုပါ။ အချိန်မကျသေးလို့သာ ဖြစ်ပါတယ်။ အချိန်ကျလျှင် သူ့ဟာနဲ့သူ ဖြစ်လာပါလိမ့်မယ်။
ဆရာရှင့်
လျှပ်တပျက်ပေါ်သောဂဏန်း ၂၁
မွေူနေ့ ၈.၇.၁၉၇၄ (တနင်္လာသမီး)
အလုပ်အသစ်လျောက်ထားတာ ရနိုင်မလား ဘယ်တော့လောက်ရနိုင်မလဲ သိချင်ပါတယ်ဆရာ.
လေးစားစွာဖြင့်
စီစီ သို့
ရှေ့လာမယ့် (၃)လ ကနေ (၅)လအတွင်းမှာ အလုပ်သစ်တစ်ခု ရလိမ့်မယ်။ မွေးနေ့မတိုင်ခင် ရတဲ့ အလုပ်ဖြစ်ရင် ခက်ခဲ ပင်ပန်းမယ်။ မွေးနေ့ကျော်ပြီးမှာ ရတဲ့ အလုပ်ဖြစ်ရင် အဆင်ပြေတိုးတက်မယ်။
ဆရာ
သမီးက အခု စင်ကာပူမှာအလုပ်ရှာနေတာပါ သမီးရောက်တာ ၈ရက်နေ့ မေလပါဆရာ သမီး အလုပ်ဘယ်တော့လောက်ရနိုင်မလဲသိချင်ပါတယ် စင်ကာပူနိုင်ငံမှာနေထိုင်ခွင့်ရနိုင်မလားသိချင်ပါတယ်
သမီးက နေထိုင်ခွင့်နှစ်လပဲရမှာမို့ နှစ်လအတွင်းရနိုင်မလားသိချင်ပါတယ်သမီးအမေကိုပိုက်ဆံအမျုားကြီးရှာပေးချင်ပါတယ် အမေ့ကိုထောက်ပံ့ပေးခွင့်ရနိုင်တဲ့ သမီးမျိုးဖြစ်နိုင်မလားသိချင်ပါတယ် မွေးနေ့က ၂၆.၁၁.၁၉၈၅ (Tueday) ပါဆရာ နံပါတ်က ၂၆ ပါဆရာ
ဇင်မင်းထိုက် သို့
မေလ(၈)ရက်ကနေ စ,ပြီး ရေတွက်ရင် (၂)လအတွင်းဆိုတော့ ဇူလိုင်(၈)ရက်အတွင်းပေါ့။ ဟူးရားဇာတာအရ အလုပ်တစ်ခု ရဖို့ ၇၀% လောက် ရှိပါတယ်။ ရလိမ့်မယ်လို့ဘဲ ယူဆပါတယ်။ ဒါပေမယ့်  တစ်ခုမကြိုက်တာက အသက် (၂၅) အင်္ဂါသက္ခတ်ထဲမှာ နိုင်ငံခြားကို ထွက်လာတာကို သိပ်မကြိုက် လှဘူး။ အင်္ဂါသက္ခတ်မှာ အပြောင်းအရွှေ့လုပ်တာဟာ အကောင်းဖြစ်ဖို့ ခဲယဉ်းလှတယ်။ ဒီတော့ မိဘကျေးဇူး ဆပ်ဖို့ကိုဘဲ အာရုံပြုထားပေါ့။ ဒါမှ ကံမကောင်းမှုတွေ ပြေပျောက်နိုင်မယ်။
I’m Sorry Sir. I just got the typing error in my date of birth it is 2.12.1983
(Friday) and my girlfriend date of birth is 09.10.1979 (Tuesday). The number in my mind is 13.
Thank you so much Sir!
Sai Thant Sin Linn သို့
2.12.1983 ဆိုရင်တော့ (Friday) မှန်ပါတယ်။ အိမ်ထောင်ရေးက ပေါင်းတော့ ပေါင်းဖက်ရမှာ အမှန်ဘဲ။ ဒါပေမယ့် (2)ဂဏန်း သမား နဲ့ (9)ဂဏန်းသမားဖြစ်လို့ စီးပွားတက်ပေမယ့် တကျက်ကျက် ဖြစ်နေမယ်။ ယောင်္ကျားလေးဖြစ်သူက နောက်ပိုင်း ခြေငြိမ်မှာ မဟုတ်ဘူး။ အပျော်အပါးများပြီး အိမ်ထောင်ရေး ရှုတ်မယ်။ ကိုသန့်စင်လင်းမှာ အိမ်ထောင်(၂)ဆက်ဖြစ်နိုင်တဲ့ ကံပါနေတာ သတိပြုပါ။ အမျိုးသမီးမှာတော့ မပါပါ။ ကိုယ့် “တာ” သာလုံမယ် ဆိုရင် အိမ်ထောင် တာရှည်ခိုင်မြဲနိုင်ပါတယ်။ အလုပ်အကိုင် ကတော့ ကိုသန့်စင်လင်းက လောလောဆယ် မဆင်မပြေနိုင်သေး ပါ။ အမျိုးသမီးကတော့ မကြာခင် အဆင်ပြေ တော့မယ်။
အလုပ်အကိုင် ကိစ
17.10.1985 par
ဂဏန်းကတော့ 17ပါ။
phyoe mg mg သို့
မေးခွန်း မတိကျပါ။ အလုပ်အကိုင်က အလုပ်ရှာတာလား၊ အလုပ်ထွက်ချင်တာလား၊ လက်ရှိအလုပ်မှာ အဆင်မပြေတာလား၊ အလုပ်ပြောင်းချင်တာလား . . စသည်ဖြင့် တိကျတဲ့ အမေးဖြစ်ဖို့လိုပါတယ်။ ပြန်မေးပါ။
Hi Saya,
I would like to ask you about my job. I want to switch career but still couldnt get offer.
My birthday is 27.10.1982.
Wednesday born
No. 97
Thanks
kelly သို့
Offer ရဖို့ အချိန်သိပ်မလိုတော့ပါဘူး။ အခု ဂျူလိုင် ၂၁ ရက်ကနေ စက်တင်ဘာ (၂၉)အတွင်း ဖြစ်လိမ့်မယ်။
ဆရာ မင်္ဂလာပါရှင်…
ကျွှန်မ မွေးသက္ကရာဇ်က 22.11.1984 (ကြာသပတေးသမီး) ပါ..23.4.2010 နေ့တွင် Australia သွားရန် Prospective Marriage (Fiancee) Visa တင်ထားပါသည်… Visa ရမရ သိချင်ပါတယ်.. စိတ်ထဲပေါ်လာတဲ့ဂဏန်းကတော့ 47 ပါ။
ကျေးဇူးတင်ပါတယ် ဆရာ..
PKT သို့
ဗီဇာရဖို့ အခက်အခဲအများကြီး ရှိပါတယ်။ ရနိုင်ဖို့ ၆၀%လောက်သာ ရှိပါတယ်။ ဒါကြောင့် သိပ်ကြီး အသေအချာ ပြောမရပါ။ မွေးနေ့ မွေးလ ကျော်သွားရင် ပိုပြီးခက်လိမ့်မယ်။
ဆရာရေ- အမေးအဖြေ အခန်းကိုပြန်ဖွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
သင်္ကြန်ပြီးကတည်းက internet မသုံးဖြစ်လို့ ဆရာ့ဆိုဒ်ကို လည်းမဖတ်ရတာကြာပါပြီ
ခုဝင်ကြည့်မှ blog အသစ်တွေ 4ခုတောင်ရှိနေလို့ အားပါးတရ၀င်ဖတ်သွားပါတယ်။
ခုလည်း မေးခွန်းတစ်ခုလောက်မေးပါရစေ- သမီး ရှေ့လ ဇွန် 2ရက် 3ရက် 7ရက် 8ရက်မှာ accounting စာမေးပွဲဖြေဖို့ရှိပါတယ်ဆရာ- နောက်ဆုံး2ရက်မှာ ဖြေမဲ့ဘာသာ2ဘာသာကို အားနည်းလို့ ဆရာ့ရဲ့ ထင်မြင်ချက်လေး လိုချင်လို့ပါ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြေရတော့မှာဖြစ်ပေမဲ့ ကိုယ့်ရဲ့ပညာရေးအခြေအနေကို သိချင်လို့ပါဆရာ-
15.6.1983 ဗုဒဓဟူးသမီးပါ စိတ်ထဲပေါတဲ့ ဂဏန်း 63 ပါ ဆရာကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေ-
SawHlaMyat သို့
Accounting ဖြေတာ အခုလောက်ဆို အောင်စာရင်းတောင် ထွက်နေပြီလား မသိဘူး။ ဖြေဖြစ်မယ်ဆိုရင် အောင်ဖို့ (၇၀)%တောင်မှ ရှိပါတယ်။ အခုချိန်ဆို result သိရရောပေါ့။
Thank you so much that you reopen it.i want to know about future of me and my girlfriend.
My birthday is 27.11.1990(Tuesday born) and My girlfriend is 13.12.1987(Sunday born).
The number is 97. thanks you so much sir…
Si Thu Htut သို့
ပရိုဂရမ်အရ အိမ်ထောင်ရေးတိုက်ဆိုင်မှု ၄၅% ဘဲရှိတာတွေ့ရတယ်။ ဒါပေမယ့် အခြားအချက်တွေနဲ့ ပေါင်းစပ်ကြည့်ရင် သိပ်ကြီး မဆိုးလှ/ မကောင်းလှတဲ့ အထဲမှာဘဲ ပါတယ်။ အင်္ဂါသားက ခြေများတတ်လို့ ကိုယ့်ကိုယ်ကို နဲနဲထိန်းနိုင်ရင် ရပြီ။ တကျက်ကျက်တော့ အမြဲဖြစ်နေမယ်။ စီးပွားတော့ ဖြစ်လိမ့်မယ်။
မင်္ဂလာပါဆရာ။
ကျမ မွေးနေ့က 27.5.1982 ပါ။ ကြာသပတေးနေ့ 13:45 လောက်မှာမွေးပါတယ်။ လက်ရှိ စင်ကာပူမှာ၂ နှစ်လောက်ရှိပါပြီ။ စာရင်းကိုင်နဲ့ အလုပ်လျှောက်နေတာကြာပါပြီ။ မရသေးတော့စိတ်ဓာတ်တွေ ကျနေပါပြီ။ အဲဒါဘယ်တော့ လောက် ရမလဲဆိုတာလေး သိချင်ပါတယ်ဆရာ။ အမျိုးသားကတော့ PR လျှောက်ဖို့ရှိပါတယ်။ သူကတော့ 22.12.1975 ပါ။ အဆင်ပြေပါ့မလားလည်းသိချင်ပါတယ်။ ကျေးဇူးပြုပြီး ဆရာဖြေကြားပေးပါရှင်။ ဆရာတို့ မိသားစု ကျန်းမာချမ်းသာကြပါစေ။
Little Lady သို့
အလုပ်က ဒီနှစ်ထဲမှာ ရဖို့ အလွန်များပါတယ်။ မေလ (၂၇) မွေးနေ့ ကနေ နိုဝင်ဘာ (၁၉)အတွင်း ရနိုင်ပါတယ်။ ဒီထက် ပိုစောနိုင်ပါတယ်။ အမျိုးသား ပီအာရ် ကျဖို့ နဲနဲ စောင့်ရဦးမယ်။ အသက် (၃၇)ထဲမှ ကျလိမ့်မယ်လို့ ခန့်မှန်းတယ်။ လျှောက်တော့ အမြဲလျှောက်နေပေါ့လေ။
ဆရာ..အရမ်းစိုးရိမ်လို့ပါ။တရားဥပဒေနဲ့ အမှုအခင်းတွေ့ကိန်းရှိပါသလား။ရှိရင်ယတြာသိချင်ပါတယ်။
Birthday:5/6/1978 (Monday born)
Randomize No:52
KN သို့
တရားဥပဒေနဲ့ ညိစွန်းဖွယ် အခြေအနေတရပ်နဲ့ ကြုံတွေ့နေပုံ ရပါတယ်။ ဒါပေမယ့် ဘာမှ စိုးရိမ်ဖွယ် မရှိပါ။ အခြေအနေ ပြန်ကောင်း သွားမှာပါ။
မင်္ဂလာပါဆရာ
သမီးအရင်တစ်ခါမေးဖူးပါတယ်။ဆရာဖြေလိုက်တာလည်းအရမ်းမှန်ပါတယ်။အဲ့ဒါကြောင့်ဆရာ့ အမေးအဖြေ ကဏ္ဍလေးပြန်ဖွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။သမီးအခုမေးချင်တာက သမီးရဲ့ချစ်သူနဲ့လက်ထပ်ဖြစ်မဖြစ်သိချင်တာပါဆရာ။သမီးက 2.3.1983(ဗုဒ္ဓဟူး)ပါ။ သူက 3.7.1978 (တနလာၤ)ပါ။အကြိုက်ဆုံး ဂဏန်းကတော့ 8 ပါ။ဆရာ့အဖြေကိုစောင့်မျှော်နေပါ့မယ်။ဆရာတို့ မိသားစုကျန်းမာပျော်ရွှင်ပါစေ။
linn lei lei kyaw သို့
မိမိချစ်သူနဲ့ လက်ထပ်ဖို့ အခက်အခဲတွေ အများကြီး တွေ့နေပါတယ်။ ဒီအခက်အခဲ ပြဿနာတွေကို ကျော်ဖြတ်နိုင်မှ လက်ထပ်ဖြစ်ပါလိမ့်မယ်။ သိပ်မလွယ်လှပါ။
ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ပြန်တာနောက်ကျတာထုံစံအတိုင်းမီးမလာလို့ကွန်ပျူတာမသုံးရလို့ပါဆရာ။ကျွန်တော်လည်းဆရာအကြံပေး
သလိုစားသောက်ဆိုင်ဖွင့်ပို့အစီအစဉ်ရှိပါတယ်ဆရာ။ ဆရာအားရင်ဘယ်လိုနံမည်မျိုးပေးရမလဲဆိုတာလမ်းညွှန်ပေးပါအုံးဆရာ။
ဆရာကျန်းမာချမ်းသာပါစေ။
မင်္ဂလာပါ ဆရာ…..
ကျမက (၃၀.၁၀.၁၉၇၉) အင်္ဂါသမီးပါ …ကျမ နာမည်အသစ်ပြောင်းချင်လိုပါ…
ကူညီနိုင်မယ်လို့ထင်တယ်……
ကျေးဇူးတင်ပါတယ်……
မစုစုမာ သို့
နာမည်ပြောင်းလိုလျှင် “ကွန်ပျူဗေဒသုခုမ” ရုံးခန်း၊ ဖုန်းနံပါတ် ၀၁-၇၂၃၁၀၂ နှင့် ၀၁-၂၂၈၆၆၅ သို့ ဆက်သွယ်လိုက်ပါ။ Stuff တွေ အသေးစိတ် ရှင်းပြပါလိမ့်မယ်။
ဆရာရှင့်
ကျွန်မ အမေးအဖြေကဏ္ဍ(2)မှာမေးဖူးပါတယ်။ဒါပေမယ့် အဖြေမတွေ့လို့ထပ်မေးလိုက်ရတာပါ။ အမျိုးသားက ( 28.7.1972)သောကြာ၊ ကျွန်မက ( 3.7.1973)အင်္ဂါပါဆရာ၊၊ ဗုဒဟူးနေ့ညနေပိုင်းမွေးတဲ့သားလေးတယောက်ရှိပါတယ်။ ကျွန်မတို့က အိမ်ထောင်ကျပြီးကတည်းက ခွဲနေကြရတာပါဆရာ။ မိသားစုဘယ်တော့လောက်အတူနေရမလဲသိချင်ပါတယ်ရှင့်။ ကြိုက်တဲ့ဂဏန်းက 23ပါဆရာ။. မိသားစုခွဲနေရတဲ့စိတ်ပင်ပမ်းမှုကိုမခံနိုင်တော့လို့ပါဆရာ။ အမေးအဖြေကဏ္ဍလုပ်ပေးထားတဲ့ဆရာ့ကိုကျေးဇူးတင်ပါတယ် ရှင့်။
Ma San သို့
ယခုနှစ် ၂၀၁၀ ဂျူလိုင်လကုန်လောက်ကနေ နောက်နှစ် ဂျူလိုင်လ အတွင်းမှာ မိသားစု ပြန်လည် ပေါင်းစည်းရဖို့ ရှိပါတယ်။ ရှေ့လာမယ့် တစ်နှစ်အတွင်းပေါ့။ တွက်ချက်မှုအရ ကံကောင်းမှု တွေ အများကြီးတွေ့နေရပါတယ်။ အဆင်ပြေသွားမှာပါ။
Dear Saya,
My date of birth is 07.04.1992 and Tuesday born. I would like to know whether I will be able to attend univerisity this September 2010 for economics major or not in uk. The number I have in my mind is 89.
Thank you so much saya.
Wishing you a healthy and peaceful life.
Sandy သို့
U.K မှာ ကျောင်းတက်ခွင့်ရဖို့က အခွင့်အလမ်း အတော်များပါတယ်။ တက်ခွင့်ရလိမ့်မယ်လို့ ယူဆပါတယ်။ ဟိုက ကျောင်းဖွင့်ချိန်တွေတော့ မသိဘူး။ အချိန်ကတော့ စက်တင်ဘာ လထက် နောက်ကျနိုင်တဲ့ အခြေအနေမျိုးတွေ့ရတယ်။ အောက်တိုဘာ (၆)ရက်မှ နိုဝင်ဘာ (၁၆)အတွင်း ကံဇာတာ အလွန်ကောင်းနေတာကို တွေ့ရတယ်။
ဆရာရှင့်
သမီးရဲ့မွေးနေ့ကတော့ 11.07.1976 တနနွေသမီးဖြစ်ပါတယ်။ သမီးသိချင်တာကတော့သမီးရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးကိုသိချင်ပါတယ်။
အခုမှ ပထမဆုံးမေးဖူးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးပါနော် သမီးရဲ့ ဂဏန်းကတော့ 25 ဖြစ်ပါတယ်။
Aedar သို့
(၁)ကြွင်း တနင်္ဂနွေသမီးဖြစ်လို့ ဘ၀မှာ အချစ်ရေး၊ အိမ်ထောင်ရေး အလွန်ရှုတ်ထွေးတတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ရေး ကိစ္စတွေ ကြုံတတ်တယ်။ နီးစပ်သူနဲ့ ညိစွန်းတတ် တယ်။ သနားရာကနေ ခါးပါတဲ့ ကိစ္စမျိုး ကြုံတတ်တယ်။ ကိုယ့်ထက် အဆင့်နိမ့်တဲ့သူနဲ့ ညိစွန်းလွယ်တယ်။ ဘ၀ကံ ကောင်းနိုင် သလောက် အိမ်ထောင်ရေးကံ မကောင်းတတ်ပါ။ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားများ အထူးရှောင်ရ ပါမယ်။
Mingalarbar Sayar!
I want to know about marriage.I’m twenty two years of age.
when I get the marriage?Who person like?I had boyfriend,but don’t have at the moment.Because my mother isn’t agree with him.His birthday is 08/06/1987(Monday).Now Someone are propose me.His birthday is 16/07/1988(Saturday).Sayar,Who will get marriage me? my last boyfriend or propose person or another person!Please be answer me.My birthday is 30/04/1988(full moon day of Kasone),Saturday 01:04am. No.37 is in my mind.
Have a good day sayar!
Hnin Wai Wai Aye သို့
တနင်္လာသားနဲ့ ပေါင်းဖက်ဖို့က ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ တကယ်လို့ ပေါင်းဖက်ရလျှင်လည်း သေကွဲရှင်ကွဲ ကွဲပါမယ်။ လုံးဝ မသင့်မြတ်ပါ။ စနေသားနှင့် အိမ်ထောင်ဘက်ချင် ဘက်ရမယ်။ ဒါပေမယ့် အိမ်ထောင်ရေးကံ ကောင်းလိမ့်မယ်ဟု ပြောမရပါ။ ကိုယ်လည်း(၆)ကြွင်း ၊ သူလည်း (၆)ကြွင်း ဖြစ်နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ဖုံးကွယ်မှုတွေ၊ မပွင့်လင်းမှု တွေကြောင့် အိမ်ထောင်ရေး ပြဿနာ မကြာခဏဖြစ်ပါမယ်။ ဘယ်လိုလူမျိုးနဲ့ လက်ထပ်ထပ် အိမ်ထောင်ရေး စိတ်ဆင်းရဲရမယ့် ဇာတာဖြစ်ပါတယ်။
်သမီးအဖေက စနေသားပါ၊ မွေးနေ့ ၂၅-၅-၁၉၅၇ ပါ၊ ကျန်းမာေ၇းအခြေအနေ သိချင်ပါတယ်ရှင့်။ stress တွေတအားများလို့ ဆေးသောက်နေ၇ပါတယ်။ စိတ်က တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ တအားအဆိုးကြီး မဟုတ်ပါ။ ၊ ဒါပေမဲ့ ၇ုံးအလုပ်ကိုထိခိုက်မှာ စိုး၇ိမ်မိလို့ပါရှင့်။ သူေ၇ွးပေးတဲ့နံပါတ်က 7 ပါ။
ကျေးဇူးအထူးတင်ပါတယ်ဆ၇ာ။
meenge သို့
ဖခင်ဖြစ်သူက စနေအဓိပတိဖွား ၊ (7)ဂဏန်းပိုင်ရှင်ဖြစ်လို့ နဂို ကတည်းက “အလုပ်စွဲ” သမားတွေ ဖြစ်ပါတယ်။ ဒီလိုဘဲ မကြာခဏ ဖြစ်နေမှာပါ။ စိုးရိမ်စရာ မရှိပါ။ အလုပ်လည်း ထိခိုက်စရာ မမြင်ပါ။ ရာထူးတက်ကိန်း (သို့) နာမည်ကောင်း ထွက်ကိန်းတောင်မှ ရှိပါတယ်။ အိုကေသွားမှာပါ။
ဆ၇ာ၇ှင့်
ဒီကဏ္ဍလေးကိုအခုမှစေ၇ာက်တာပါ၇ှင့်။ အမှားအယွင်းပါ၇င် ခွင့်လွှတ်နားလည်ပေးပါ၇ှင့်။ ပန်းအိက ကြာသပတေးသမီးပါ။ မွေးနေ့က ၁၈-၈-၁၉၈၃ အဓိပတိဖွားပါ၇ှင်။ နာမည်အပြည့်အစုံက ပန်းအိဖြူပါ။ ဒီနာမည်နဲ့ေ၇ှ့အနာဂါတ်မှာ လျှောက်လှမ်းဖို့အောင်မြင်နိုင်ပါ့မလားသိချင်ပါတယ်၇ှင်။ နာမည်ပြောင်းသင့်မပြောင်းသင့်ပါ၇ှင့်။
pannei သို့
နာမည်က ချို့ယွင်းချက် အနည်းငယ်ရှိပေမယ့် နာမည်ပြောင်းရ လောက်အောင် မဆိုးဝါးပါ။ ဒါကြောင့် မပြောင်းဘဲ နေလည်း ရပါတယ်။ နဲနဲတော့ ပင်ပန်းမှု၊ တာဝန်ကြီးမှု၊ စိတ်သောက များရမှုများ ရှိပေမယ့် မဆိုးလှပါဘူး။
မင်္ဂလာပါဆရာ။ သမီးနာမည် ထက်စုအောင် ပါ။ မေလ (၃၁) ၁၉၈၆ ခုနှစ်ဖွားပါ။ အကြိုက်ဆုံးဂဏန်းက (၅၇)ပါ။ သမီးအတွက် ၂၀၁၀ ခုနှစ် အတွက် အလုပ်အကိုင်နဲ့ပက်သက်ပြီးမေးချင်ပါတယ်။ လက်ရှိ IT admin post နဲ့ အလုပ်လုပ်နေပါတယ်။ ရန်ကုန်မှာနေပါတယ်ရှင်။
ထက်စုအောင် သို့
အခုရောက်နေတဲ့ အသက် (၂၅)နှစ်က “စနေ” မရဏ သက္ခတ်ဖြစ်လို့ ကျန်းမာရေး၊ အလုပ်အကိုင် တစ်ခုခု ညံ့ပါမယ်။ အလုပ်က အကောင်း နဲ့ အဆိုး ဒွန်တွဲနေမယ်။ အလုပ်ထဲမှာ ပြဿနာ ပေါ်ကိန်း နဲ့ အလုပ်ရာထူး တိုးတက်ကိန်း (၂)ခုလုံး ရှိနေတယ်။ အပြောင်းအလဲ တစ်ခုခုဖြစ်နိုင်ပါတယ်။
ဆရာခင်ဗျား
ကျွန်တော်နာမည်ကဇော်ဇော်ညိန်းပါ။မွေးသက္ကရာဇ်က30.12.1986ခုနှစ်အင်္ဂါသားဖြစ်
ပါတယ်။ကျွန်တော်သိချင်တာကနိုင်ငံခြားသွားရကိန်းရှိ/မရှိသိချင်ပါတယ်။သွားဖြစ်ရင်
ဘယ်တော့လောက်သွားရမလဲဆိုတာသိချင်ပါတယ်။နိုင်ငံခြားသွားဖြစ်ရင်အလုပ်အကိုင်
အဆင်ပြေမပြေလည်းသိချင်ပါတယ်ခင်ဗျား။ကျေးဇူးတင်ပါတယ်။ကျွန်တော်၇ဲ့ကံကေင်းခြင်းဂဏ္ဍန်းကိုလဲ
သိချင်ပါတယ်ဆ၇ာ။ကျေးဇူးတင်ပါတယ်ဆ၇ာ။
ဇော်ဇော်ညိန်း သို့
နိုင်ငံခြား သွားရကိန်း ဧကန် ရှိပါတယ်။ ဒါပေမယ့် နောက်(၃)နှစ် အတွင်းထွက်လျှင် အဆင်ပြေဖွယ် မရှိသေးပါ။ ဟိုမှာ အခက်အခဲ များစွာကြုံနိုင်ပါတယ်။ အသက် (၂၈)နှစ်ထဲရောက်မှ လွတ်လွတ် ကျွတ်ကျွတ် ကောင်းနိုင်ပါမယ်။
မွေးနေ့ – ၀၈၊၀၂၊၁၉၈၃ အင်္ဂါနေ့
စိတ်ထဲမှာပေါ်လာတဲ့နံပါတ် – ၈
မေးခွန်း – အခုကျောင်းပြီးလို့ အလုပ်ရှာနေပါတယ်။ ဘယ်တော့အလုပ်ရမလဲဆိုတာသိချင်ပါတယ်။ ကျေှးဇူးတင်ပါတယ်ဆရာ။
ဆွေဆွေလင်း သို့
ကျောင်းပြီးလို့ အလုပ်ရှာနေတာလား? မကြာခင် ရတော့မှာပါ။ ဇွန်လ (၇)ရက် ကနေ နိုဝင်ဘာလကုန်အတွင်း အလုပ်တစ်ခု ရလိမ့်မယ်။ အစပိုင်းမှာ သိပ်အဆင်ပြေကြီး မဟုတ်ပေမယ့် နောက်ပိုင်းအဆင်ပြေလာမယ်။ ပထမ နှစ်ကတော့ ရင်းရမယ်ပေါ့။
ဆရာ အမေးအဖြေကဏ္ဍကို ကြည့်လိုက်တိုင်း ပိတ်ထားတာနဲ့ပဲကြုံတော့ အခုလိုပြန်ဖွင့်ပေးတာ အရမ်းဝမ်းသာပါတယ် ကျမအိမ်ထောင်ရေးအခြေအနေသိချင်လို့ပါ ကျမ မွေးသက်ကရာဇ်က ၂၁.၂.၁၉၇၅ (သောကြာသမီး)ပါ အကြိုက်ဆုံးဂဏန်းက ၃ ပါ အမျိုးသားရဲ့ မွေးသက်ကရာဇ်က ၂၅.၁.၁၉၇၅ (စနေသား)ပါ ဆရာကျန်းမာရွှင်လန်းပါစေ
မိုးမိုးသန်း သို့
(၂)ယောက်လုံးက (၆)ကြွင်းဖွားချည်း ဖြစ်နေလို့ အိမ်ထောင်ရေး အခြေအနေတွေ ဆိုးဝါးနိုင်တယ်။ ဟူးရားဂဏန်းအရ အိမ်ထောင်ရေး ပဋိပက္ခဖြစ်နေပြီ (သို့) မကြာခင် ဖြစ်တော့မယ် လို့ ပြောနိုင်တယ်။ အဆင်မသင့်ရင် ကွဲကွာသွားနိုင်လို့ သတိထားပါ။
ကျွန်မ အချစ်ဆုံးက ကျွန်မအပေါ် ချစ်သလိုနဲ့ သူကိုယ်တိုင်ဒွိဟ ဖြစ်နေတယ် ဆရာ သူနဲ့ ကျွန်မ ဆက်ပြီး အနာဂတ်မှာ လက်တွဲ သင့် ၊မသင့် သိပါရစေ၊ နှစ်ယောက်စလုံး လက်ထပ်ဖို့ အခြေအနေ ရောက်နိုင်ပါ့မလား သိပါရစေဆရာ ကျွန်မက စနေသမီး (13.12.19876)ပါ၊ ကျွန်မချစ်သူရဲ့ မွေးနေ့က(18.5.1988)ပါ ဆရာ ကျေးဇူးပြုပြီး ကျွန်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ဖက် ဖြစ်နိုင်၊မဖြစ်နိုင်သိပါရစေ၊
Hnin Yee Soe သို့
မွေးသက္ကရာဇ် ပေးထားတာ မှားနေပါတယ်။ စနေသမီး (13.12.19876) ဆိုတော့ ခုနှစ်ဂဏန်းက (၅)လုံးဖြစ်နေပါတယ်။ ဘယ်နှစ်ကို ယူရမှန်း မသိလို့ နောက်ထပ်, သေချာအောင် ထပ်မေးပါ။
Dear Sir,
17-07-1980
thursday
i would like to know about my apply job.Thks alot.
Regards,
may
Ma May သို့
ဒီလို အဆုံးအဖြတ်ပေးရမယ့် မေးခွန်းမှာ “ဟူးရားဂဏန်း” Random ဂဏန်းက သိပ်အရေးကြီးပါတယ်။ နောက်ပြီး မေးခွန်း ကလည်း ရှင်းရှင်းလင်းလင်းမရှိပါ။ ပြန်မေးပါ။
ကျွန်တော် အဆက်အသွယ်ရလို့ Singapore ထွက်ဖို့ စီစဉ်နေပါတယ်….
တကယ် ထွက်ဖြစ်မဖြစ် .. အဲဒီမှာ တိုးတက် လမ်းရှိမရှိ သိချင်ပါတယ်…..
မွေးနေ့က ၉ရက် ၈လ ၁၉၈၅ တနင်္ဂနွေပါ…….
ဂဏန်းကတော့ (၂၅) ကိုပေးပါတယ်…
ဆရာ…. ချမ်းမြေ့ပါစေ……
ကိုအောင်အောင် သို့
နိုင်ငံခြား ထွက်မယ်ဆို ထွက်ဖြစ်ဖို့များတယ်။ အခုကနေ နောက်နှစ် ၂၀၁၁ ခုနှစ်မွေးနေ့မတိုင်ခင် (တစ်နှစ်အတွင်း) ထွက်ရဖို့များတယ်။ ဒါပေမယ့် ဟိုမှာ ပင်ပန်းဆင်းရဲမှုတွေနဲ့ ဘ၀ကို အစပြုရမယ်။ သက်တောင့်သက်သာ ဘ၀အခြေအနေမျိုး/ကံကြမ္မာမျိုး မရနိုင်ပါ။ ခံနိုင်ရည် ရှိရင်တော့ ထွက်လို့ရပါတယ်။
ဆရာ
ကျွန်မက 21.12.1978ခုဖွား ကြာသာပတေးသမီးပါ။
ဂဏန်းကတော့ 145 ပါ ဆရာ။ ဘာစီးပွားရေးနဲ့ကြီးပွားနိုင်မယ်ဆိုတာသိချင်လို့ပါ။
အခုလောလောဆယ်တော့ အင်တာနက်ဆိုင်ဖွင့်ထားပါတယ်ရှင့်။
ကျေးဇူးတင်စွာဖြင့်။
ဖြိုးပပ သို့
လက်ရှိ အင်တာနက်လုပ်ငန်း ရေရှည် မကြီးပွားနိုင်ပါ။ ပေးဂဏန်းက (၁-၁၀၈) ဖြစ်ရမှာ ၁၄၅ ဖြစ်နေပါတယ်။ လက်ရှိ သက္ခတ်တွေ မကောင်းလို့ စီးပွားရေး မကောင်းသေးပါ။ အသက် ၃၃ထဲရောက်ရင် အလုပ်သစ် အကိုင်သစ် ပေါ်ပေါက်လာကိန်း ရှိပါတယ်။ အဲဒီကျ သင့်မသင့် ပြန်တိုင်ပင်ပါ။ အခုတော့ မှေးပြီး ဆက်လုပ်နေပါဦး။
မဖြိုးပပ သို့
တစ်ကြိမ်လျှင် မေးခွန်းအမျိုးအစား(၁)ခုသာ မေးခွင့်ပြုတာမို့ ကျန်တဲ့ အိမ်ထောင်ရေးကိစ္စမေးတာတွေ ဖျက်ပစ်လိုက်ပါတယ်။ နောက်မှ ပြန်မေးပါ။
ဆ၇ာ… ကျွန်တော်မွေးနေ့ က ၁၀.၅.၁၉၈၁ တနဂ်နွေသားပါ… ယူအက်စ်မှာ ဆ၇ာဝန် အလုပ်အကိုင် နဲ့ အဆင်ပြေမှု ပက်သက်ပြီး သိချင်ပါတယ်… ၁၀ ဂဏန်းကို ကြိုက်ပါတယ်…ကျေးဇူးပါ ဆ၇ာ
ကိုအောင်ကိုစိုင်း သို့
ယူအက်စ် မှာ ဆရာဝန်လုပ်ဖို့က အခုမှ သွားဖို့လား ဟိုမှာရောက်နေ ပြီလား မသိပေမယ့် တော်တော် အဆင်ပြေဖို့ များတာကို တွေ့ရတယ်။ ဆက်ကြိုးစားပါ။အသက် (၃၀)အတွင်း ပြီးစီးအောင် ကြိုးစားပါ။ အဆင်ပြေလိမ့်မယ်။
ဆရာရေ.. အလုပ်ထဲမှာအတော်လေးကိုအဆင်မပြေဖြစ်နေပါတယ်။ အလုပ်သစ်ပြောင်းဖို့ပြောထားတာ ဘယ်တော့လောက်ပြောင်းရပါမလဲ သိချင်ပါတယ်ဆရာရေ။ အလုပ်သစ်မှာ အဆင်ပြေနိုင် မပြေနိုင်လေးပါ သိပါရစေ
မွေးနေ့က ဂျူလိုင် ၉ ရက် ၁၉၇၂ ပါ။တနင်္ဂနွေသမီးပါဆရာ။ အခုပေါ်လာတဲံဂဏန်းက ၆၁ ပါဆရာ။
ကျေးဇူးတင်ပါတယ်။
ဆူး သို့
အခြေအနေ (၂)ခုဘဲ တွေ့တယ်။ (၁) အလုပ်ပြောင်းရဖို့ သိပ်မလွယ်ဘူး။ (၂) အဲဒီလိုမဟုတ်ဘဲ ပြောင်းဖို့ဖြစ်လာရင် နောက်အလုပ်ထဲမှာ လုံးဝအဆင်မပြေနိုင်ဘူး။ အခုအလုပ်ထက် ဆိုးမယ်။ အလုပ်ရပ်စဲကိန်း ရှိတယ်။ ကံ ညံ့နေပါတယ်။
ဆရာ သမီး အလုပ်အတွက် အရေးကြီးတဲ့ ကိစ္စမေးချင်လို့ပါ..သမီးက လက်ရှိ မလေးရှား မှာ အလုပ်လုပ်နေပါတယ်..စပြီးအလုပ် လုပ်တုန်းက လက်ရှိcompany permit မဟုတ်ပါဘူး..ဒါကြောင့် မြန်မာပြည်ကို ပြန်ပြီး လက်ရှိ company permit ကို ပြောင်းခဲ့ပါတယ်..ဒါပေမဲ့ မြန်မာပြန်တုန်းက သမီး ဆေးစစ်တာ အောင်ပါတယ်..မလေးရှားပြန်ရောက်တော့ permit အတွက် ဆေးပြန်စစ်ရပါတယ်.. အဲဒီအခါမှာ ဆေးကျနေပါတယ်.. ဒါကြောင့် သမီးရဲ့ permit က ခု အချိန်အထိ မရသေးပါဘူး..အဲဒါ permit ရဖို့ ကြိုးစားနေပါတယ်..ခုလက်ရှိ overstay ဖြစ်နေပါတယ်.. company က ခု အချိန်အထိမသိသေးပါဘူး..သိခဲ့ရင် လဲ ပြသာနာ တက်နိုင်ပါတယ်..ဒါကြောင့် သမီးရဲ့ permit ရနိုင် မရနိုင် ကို သိချင်လို့ ဆရာ ကူညီ ဖြေကြားပေးပါနော်..ဆရာရဲ့ အဖြေကို မျှော်နေပါမယ်.. သမီး မွေးနေ့က 1.4.1975 (အင်္ဂါ) ပါ။ကျေးဇုးတင်ပါတယ်.. ဆရာ
sandar သို့
မေးခွန်း မေးတဲ့ အချိန်နဲ့ ဖြေချိန်က (၂)လလောက် ကွာခြားနေလို့ အခြေအနေတွေ ပြောင်းလဲနေပြီလို့ ယူဆပါတယ်။ ဟူးရားဂဏန်း မပါရင် ဖြေပေးလေ့မရှိပေမယ့် အခုဟာက သိပ်အရေးကြီးတယ် ထင်လို့ တခြားနည်းနဲ့ တွက်ပေးလိုက်တယ်။ အဆင်ပြေနိုင်တဲ့ အနေအထားမှာ မရှိပါ။ အခက်အခဲ ပြဿနာတွေ အများကြီးတွေ့ ရနိုင်ပါတယ်။ သိပ်မလွယ်လှပါ။
ဆရာ
ကျွန်မခင်ပွန်းသည်က မလေးရှားမှာ သွားအလုပ်လုပ်တာ 2010 ၊10 လပိုင်းဆို 3နှစ်ပြည့်ပါတော့မယ်။သူကဒီမှာပဲပြန်အလုပ်လုပ်ချင်ပါတယ်။ကျွန်မကလည်းဒီပြန်ရောက်ပြီးအဆင်မပြေမှာ
စိုးပါတယ်။အခုဟိုမှာနေနေတာတော့မဆိုးပါဘူး။သူကတော့ပြန်လာချင်တာများနေတယ်။ အရင်ကတော့taxiမောင်းသွားတာပါ။ကျွန်မသိချင်တာက ပြန်လာပြီးမိသားစုအတူနေ၊အတူရှာစားရင်ရောအဆင်ပြေနိုင်မှာလားဆိုတာပါပဲ။
သူကစနေသား (27.7.1974)၊ ကျွန်မက ကြာတပတေးသမီး (14.12.1978)မွေးတာပါ။စိတ်ကူးထဲပေါ်လာတာကတော့(5)ဂဏန်းပါပဲ။ ဆရာတစ်ယောက်ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်။ဆရာ့ရဲ့အဖြေကိုစောင့်မျှော်နေမှာပါ။
ဆရာ့ကိုယုံကြည်အားကိုးစွာဖြင့်
အထူး ကျေးဇူးတင်လျှက်
mmt
mmt သို့
မြန်မာပြည် ပြန်မယ်ဆိုရင် ဟိုမှာလောက်တော့ ဘယ်ရနိုင်မလဲ။ ဒါက ဗေဒင်မေးစရာတောင် မလိုပါဘူး။ သေချာအောင် ဗေဒင် ချတွက်ကြည့်လိုက်တော့ ဟိုက ၀င်ငွေထက် ၃၃% လောက် (၃ ပုံ ၁ပုံ) လောက်တော့ ရနိုင်ပါတယ်။ ဒါကို လက်ခံနိုင်ရင် ပြန်ခေါ် လိုက်ပေါ့။ “မိသားစုဘ၀ နဲ့ ငွေ” တစ်ခုခုတော့ လဲရမှာပေါ့လေ။
ဆရာရှင့်
ကျွန်မမွေးနေက 26-2-1973 တနင်္လာသမီးဖြစ်ပါတယ်
ကျွန်မကရိုးရိုး (B.A) ဘွဲတခုနဲ ဒီပလိုမာဘွဲတခုရထားပါတယ်
ကျွန်မသိချင်တာက master ဆက်တက်ချင်ပါတယ်တက်နိုင်မတက်နိုင်သိချင်ပါတယ်
တက်နိုင်ရင်ဘယ်နှစ်ခုနှစ်လောက်မှာတက်နိုင်မလဲသိချင်ပါတယ်ရှင့်
ကျွန်မအကြိုက်ဆုံးဂဏန်းက 8 ဂဏန်းပါ
ဆရာကျမ်းမာရွန်းလန်းပါစေ
မခင် သို့
master ဆက်တက်ဖို့ အခြေအနေ သိပ်မပေးတာကို တွေ့ရပါတယ်။ ဖြစ်တတ်တာက ကိုယ်ကိုယ်တိုင် စိတ်ပြောင်းသွားတာမျိုး ဖြစ်နိုင်တယ်။ ဆက်တက်ဖို့ ရာနှုံး 60% လောက်ဘဲ ရှိလို့ မသေချာပါ။
ဆရာ
ကျမ ပထမ အကြိမ်က အလုတ်အကြောင်း မေးထားပါတယ်။ ဆရာ ဆီက အဖြေမရသေးပါဘူး။
အလုတ်မှာလဲ စိတ်တိုင်းမကျသလို ခံစားနေရပါတယ်။ ကိုယ်က စိတ်ကောင်းထားပေမယ့် ကိုယ်ကိုတုန့် ပြန်တော့ တမျိုးဖြစ်နေပါတယ်။
ကျမ မိဘကိုလဲ ကန်တော့ပြီး ထောက်ပံနေတာမို အလုတ်မတည်မြဲမှာစိုးမိပါတယ်။
ပထမ အလုတ်က လိုမျိုး ဖြစ်မှာစိုးလို့ ပါ။
အလုတ်တိုးတက်မှုနဲ့  လစာဟာ ကျမ ရည်ရွယ်ချက်နှင့် စိတ်ဓာတ်ကျနေတာကို ဖြည့်စည်းနိုင်မယ်ထင်လို့ တဆိတ်လောက် ပြန်ဖြေပေးပါနော်။
25-6-1974၊ အင်္ဂါနေ့ 
ဂဏာန်းက 9ပါပဲ
ရွှင်လန်း ချမ်းမြေ့ ကြပါစေရှင်
မစောညွန့် စံ သို့
ဗေဒင်မေးစဉ်က အသက်(၃၆)ထဲမှာ ဖြစ်ပေမယ့် အခုဆို အသက် (၃၇) ထဲ ၀င်သွားပါပြီ။ မကြာခင်ဘဲ အလုပ်တိုးတက်မှု၊ ၀င်ငွေ တိုးတက်မှုတွေ တွေ့ကြုံလာတော့မှာပါ။ ဒီနှစ် (၃၇)ဟာ ကိုယ့်အတွက် ကံကောင်းမှု များမယ့်နှစ်ပါ။ မနှစ်ကနဲ့ ဘယ်လိုမှ မတူနိုင်တော့ပါဘူး။ စောင့်ကြည့်ပါ။ ကျန်းမာရေးလေးဘဲ နဲနဲ ဂရုစိုက်ပါ။
တနင်္ဂနွေသားဖြစ်ပါတယ်။ ၂၀ မတ်လ ၁၉၈၃ မွေးပါတယ်။ နံပါတ်က ၃၇ပါဆရာ
၁။ကျွန်တော် Ph.D လုပ်ချင်ပါတယ်။ ဘယ်နိုင်ငံမှာ ဘယ်အချိန်စလုပ်ရမလဲဆိုတာ သိချင်ပါတယ်။
၂။လောလောဆယ်ကျောင်းတက်နေပါသဖြင့် လုပ်နေဆဲ စာနယ်ဇင်းအလုပ်ကို ရပ်နားထားပါတယ်။ အထက်လူကြီးနဲ့အလုပ်တွင်အဆင်မပြေပါ။ ပညာအားအသုံးချရသော အလုပ်ကို ရေခြားမြေခြားတွင် လုပ်ခွင့်ရပါ့မလား။
၃။မိဘကျေးဇူးကို အပြည့်အ၀ ဘယ်တော့ဆပ်ရပါ့မလဲ။
အခုလို စေတနာထားဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ
ဆရာနဲ့ဆရာ့မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေ
ကိုအောင်အောင် သို့
Ph.D ရယူလိုလျှင် ရနိုင်တဲ့ ကံကြမ္မာကို အထင်အရှား တွေ့ရ ပါတယ်။ အခု ရောက်နေတဲ့ အသက် (၂၇)ကနေစ,ပြီး အသက် (၃၀) အတွင်းဟာ ပညာရှာဖို့ အကောင်းဆုံး အသက်ပိုင်း တွေပါဘဲ။ ဒါပေမယ့် ကိုယ့်စရိုက်က စိတ်အပြောင်းအလဲ မြန်တတ်ပြီး မကြာခဏ စိတ်နှစ်ခွ ဖြစ်တတ်လို့ ကိုယ့်ရည်မှန်းချက် ခိုင်မာဖို့ လိုပါတယ်။ ကံကြမ္မာတော့ တကယ်ရှိပါတယ်။ အသက် (၃၁)လောက်က စ,ပြီး မိဘကျေးဇူး ဆပ်ဖို့အခွင့်ကြုံလာမယ်။ ရေခြားမြေခြား အကျိုးပေးတယ်။
ဆရာ ခင် ဗျာ
ကျွှန် တော် စင် ကာ ပူ ကို လာ ပြီး အလုပ် ရှာ နေ တာ ပါ။ တစ် လ ကြာ ပါ ပြီ၊ အဆင် မပြေ သေး ပါ ဘူး။ မွေး ရက် က ၁၅ ၊၆၊ ၁၉၇၇ ၊ wednesday ပါ. လာ မည်. ၂၂ ဇွန် ၂၀၁၀ ဆို နေ ထိုင် ခွင်. ကုန် တော. မှာ ပါ။ အဲ ဒီ အချိန် ထိ အဆင် မပြေရင် ပြန် ရ မှာ ပါ။ အဲ တာ အဆင် ပြေ နိုင် ပါ. မလား။ ကူ ညီ ပေး ပါ။
ဟူး ရား မှာ ဂ ဏန်း ရွေး ဆို ရင် အကြိုက် ဆုံး က ၁၅ ပါ။
ကျေး ဇူး တင် လျက်
ကိုရန်နိုင်စိုး သို့
ဇွန်လ(၂၂)မှာ နေထိုင်ခွင့် ကုန်ပြီဆိုရင်တော့ အခုအချိန်ဆို အဖြေသိ နေလောက်ပြီပေါ့။ ဗုဒ္ဓဟူးသက္ခတ်အတွင်းမှာဖြစ်လို့ သိပ်မလွယ်လှ ဘူးပြောရမှာဘဲ။ အလုပ်ရခဲ့တောင်မှ စိတ်မချရပါ။ ပြန်လာရကိန်း ရှိပါတယ်။
ဆရာရှင့်…
ကျွန်မမွေးနေ့က 4.4.1990 ပါ .. ဗုဒ္ဒဟူးနေ့ ည 9 နာရီ ၃၅ မိနစ်မှာမွေးတာပါ ..
ဂဏန်းကတော့ 8 ပါ …
ကျွန်မသိချင်တာက .. ခု ဇွန်လမှာဖြေမယ့် စာမေးပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုကံအခြေအနေရှိတယ်ဆိုတာလေးပါ ..
ကျေးဇူးတင်ပါတယ်ရှင် …
Aye Khin Myat သို့
ဇွန်လမှာ ဖြေမယ့် စာမေးပွဲဆိုတော့ အခုဆို အဖြေသိနေပြီလား တောင် မသိပါဘူး။ အဖြေနောက်ကျသွားတယ်။ အသက်(၂၁)ဟာ သောကြာသက္ခတ်ဖြစ်လို့ ကောင်းတယ်ဆိုပေမယ့် စာမေးပွဲဖြေ ချိန်ဟာ ကံဇာတာ ညံ့တဲ့ အပိုင်းအခြားလေးမှာ ဖြစ်နေလို့ သတိထားရမယ်။ မြင်းကောင်းခွာလိပ် ဖြစ်တတ်တယ်။ အောင်ရင်လည်း ကပ်အောင်၊ ကျရင်လည်း ကပ်ကျ လိမ့်မယ်။
ဆရာကျွန်တော်အလုပ်အကိုင်ကိစ္စမေးချင်ပါတယ်…ကျွန်တော်ကုမ္ပဏီမှာသွင်းကုန်-
ထုတ်ကုန် လိုင်စင်လျှောက်ခြင်းကိုလုပ်ပါတယ်ဆရာ…ကျွန်တော်အလုပ်မှာဘယ်နှစ်
အတိုင်းတာလောက်မှာတိုးတက်ဖို့ရှိပါသလဲ….ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်အဆင်ပြေ
နိုင်မလားသိချင်ပါတယ်ခင်ဗျာ..ကျွန်တော်မွေးနေ့ကကြာသပတေး 30-8-1984
ပါ။ ဂဏန်းကတော့63 ပါ.ကျေးဇူးတင်ပါတယ်ဆရာ..
ကို ဖြိုးစည်သူတိုးမြင့် သို့
သြဂုတ်(၃၀)မွေးနေ့ကျော်လျှင် ကံကြမ္မာ အထူးတိုးတက် ကောင်းမွန် မှုကို တွေ့ရမယ်။ ကိုယ်ပိုင်အလုပ်လုပ်လိုလျှင် အစပြုသင့်သော နှစ်ဖြစ်ပါတယ်။ ခေါင်းမာ တစ်ယူသန်ခြင်း စိတ် နည်းပါးပြီး လူကြီးမိဘ ဆရာသမားတို့၏ စကားကို နာယူတတ်သူ ဖြစ်လျှင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာကြွယ်ဝဖို့ ကံ ရှိပါတယ်။ ကိုယ့်လမ်းကိုယ်ထွင်ပြီး ရဲရဲ ဆက်လျှောက်ပါ။
Dear Sir,
17-07-1980
thursday and randomize 8
i would like to know about my apply job.Thks alot.
Regards,
may
Ma May သို့
အလုပ်လျှောက်တာက အခုမှ လျှောက်မှာလား၊ လျှောက်ထားဆဲလား၊ ဘာအလုပ်လဲ . . စသည်ဖြင့် ပြည့်ပြည့်စုံစုံ ပါရင်တော့ ပိုကောင်း တာပေါ့။ ဒါပေမယ့် တွက်ကြည့်ရသလောက်တော့ အခုလောလော လတ်လတ် ကိစ္စ ဖြစ်ရင်တော့ အလုပ်ရဖို့ (80)% လောက်ထိအောင် အခြေအနေ ကောင်းပါတယ်။ ရပါလိမ့်မယ်။ ဒါပေမယ့် ဂျူလိုင်(၁၇)ရက် မတိုင်မှီ ရခဲ့ရင်တော့ ပိုကောင်းတယ်။ အဲဒီ နောက်ပိုင်းမှ ရတဲ့ အလုပ်ဖြစ်ရင် သိပ်အဆင်မပြေတာဖြစ်ဖြစ်/အလုပ်မမြဲတာ ဖြစ်ဖြစ် ကြုံတတ်တယ်။
Hi Sir,
This is Juan, Date of Birth is 06-04-1981 (Monday). The number always in my mind is 6. I’m going to go to overseas(Singapore) for looking for a job in next month. So, I would like to know that can I get a job in there?
Juan သို့
အခုမွေးနေ့ကျော်လာရင် ရာဟုသက္ခတ်ရောက်နေတော့ အနှေးနဲ့ အမြန် အလုပ်တစ်ခုတော့ ရမှာပါလေ။ ကြိုးစားကြည့်ပေါ့။ သြဂုတ် (၁၈) မတိုင်ခင်အတွင်း အလုပ်ရဖို့ (80)% ရှိပါတယ်။
သက်နိုင်ဝင်း
in May 21st, 2010 @ 21:53
ဆ၇ာခင်ဗျား။ကျနော်.မွေးနေ.ကတော.21.3.1980ဖြစ်ပါတယ်။သေကြာသား
ပါ။ဂဏန်းကတော.31ပါ။လတ်တလောပြသနာကြီးကြီးမားကြုံနေ၇လို.ပါ။ကျနော်အင်တာနက်ဆိုင်ငှားလုပ်တာ
အ၇ူံ့းပေါ်နေလို.ပါခင်ဗျာ။လက်၇ှိအကြွေးတွေနဲ.မလုပ်ဖြစ်တော.ပါ။
နော်အလုပ်လုပ်ဖို.လည်းအ၇င်းအနှီးမ၇ှိတော.လို.လမ်းပျောက်နေပါတယ်။
ဘယ်တော.လောက်မှကျနော်အလုပ်အကိုင်အခွင်.အလမ်းတွေကောင်းလာနိုင်မလဲဆိုတာသိချင်ပါတယ်ခင်ဗျာ။
ကျေးဇူးပါ။
ကိုသက်နိုင်ဝင်း သို့
အခုရောက်နေတဲ့ အသက်(၃၁)ကိုတော့ ဖြတ်ကျော်ရဦးမယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာဘဲ အခွင့်အလမ်းတချို့တော့ ပေါ်လာမှာပါ။ ငွေရေးကြေးရေးကတော့ ဆက်ပြီး ကြပ်တည်း နေဦးမှာဘဲ။ အသက် (၃၂)ထဲရောက်မှာ ငွေကြေးကံ ကောင်းလာမယ်။
My name is Aung Thet Oo and birthday 16 06 1991 ( Sunday)
My girlfriend name is Aye Su Paing and birthday 25 11 1990 ( Sunday)
number is 78
I want to ask you, when my girlfriend and me are married.
Thank you. Have a nice day. Please reply me with myanmar language.
ကိုအောင်သက်ဦး သို့
လက်ထပ်ဖြစ်ရန် သိပ်မလွယ်ကူလှပါ။ အခက်အခဲ ပြဿနာတွေ အများကြီး ကြုံရမယ်။ ကျော်ဖြတ်နိုင်မှ လက်ထပ်ဖြစ်မယ်။ ဖြစ်နိုင်ချေ နည်းလွန်းလှပါတယ်။ ဘာမှတော့ အပြတ်ပြောလို့မရဘူးပေါ့လေ။
ဆရာရှင့် ….
ကျမရဲ့ မွေးနေ့မှာ 15-11-1978 ဖြစ်ပြီး 3 ကြွင်း ပုတိဖွားဖြစ်တယ် .. ကျမလက်ထပ်မည့်ချစ်သူမှာ 17-1-1975 6ကြွင်း ဘင်္ဂဖွားဖြစ်ပါသည် .. အိမ်ထောင်ရေးအရှုပ်အရှင်းအဆင်မပြေမှုများမည်လို့သိရပါတယ် ။ ကျမတို့လာမည့် 2011တွင် လက်ထပ်ဖို့စီစဉ်ထားပါသဖြင့် … ကျမမှာတွေးတောပူပင်နေရပါသည် .. ကျမတို့ လက်ထပ်သင့်ပါသလားရှင့် …ဘယ်လို ယတြာမျိုး ပြုလုပ်လျှင် အတွက် အဆင်ပြေနိုင်မည် ကိုသိလိုပါတယ်ရှင့် ဖြေကြားပေးပါရန် အနူးအညွတ်တောင်းပန်ပါသည် … စိတ်ထဲပေါ်လာတဲ့ ဂဏန်းကတော့ 24 ဖြစ်ပါတယ် ဆရာ ။.
မလင်းဖြူဇင် သို့
ဟုတ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေမှု များတတ်ပါတယ်။ လက်ထပ်သင့်သလားဆိုတဲ့ မေးခွန်းကတော့ ဖြေဖို့မကောင်းပါ။ ကိုယ့် ပယောဂ မပါလိုပါ။ ကံကြမ္မာကို ပြောင်းလဲစေနိုင်တဲ့ ယတြာ မျိုး မရှိပါ။ အကောင်းဆုံး ပေးနိုင်မယ့် အကြံဉာဏ်တစ်ခုက မလင်းဖြူဇင် အသက် (၃၅)ထဲရောက်မှ လက်ထပ်ပါ။ ဒါဆို အဆိုးတော်တော် လျော့သွားပါမယ်။ စောင့်နိုင်ရင် ပေါ့လေ။
ဆရာခင်ဗျား.ကျွန်တော် က 30.6.1982 နေ့ ဗုဒ္ဓဟူးသားပါ.လက်ရှိက ကုမ္ပဏီတွေကို သဲပို့ ပါတယ် .နေတာကတော့နေပြည်တော်မှာပါ.အလုပ်ကအခုပါးလာလို့ .အိမ်နဲ့ ဝိုင်း ကို ရောင်းပြီး ကားဝယ်ပြီးတော့ ကိုယ့်ကားနဲ့ ကို လုပ်ချင်ပါတယ်ဆရာ။အဆင်ပြေမပြေလည်းသိချင်ပါတယ်။အလုပ်နေရာလည်းပြောင်းချင်ပါတယ် ကျောက်ဆည်ဘက်ကိုသွားပြီး လုပ်ငန်းလုပ်ချင်လို့ ပါ ခုနက ၀ယ်မယ်ဆိုတဲ့ ကားနဲ့ ပေါ့ ဆရာရယ် ။သဲတို့ ကျောက်တို့ ပေါ့ ပို့ ချင်တာပါ။
ကိုရာဇာနောင် သို့
အခုရောက်နေတဲ့ အသက် (၂၉)နှစ်ဟာ ဘ၀မှာ အကြီးအကျယ် အောင်မြင်မယ့် နှစ်ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ ချမှတ်ပြီး ပြတ်ပြတ်သားသားသာ လုပ်ပေတော့။ ကိုယ်ပိုင်ကား နဲ့ လုပ်မယ့် လုပ်ငန်း နဲ့ ကျောက်ဆည်ဘက်ကို ပြောင်းရွှေ့ခြင်းကို ထောက်ခံပါတယ်။ မြန်မြန်သွက်သွက် စ, လုပ်ပေတော့။ ဒီလိုနှစ် မျိုးက အနှစ်(၂၀)ကို တစ်ကြိမ်ကြုံဖို့ မလွယ်ဘူး။ သြဂုတ် (၂၈)မတိုင်မှီအတွင်း အလုပ်သစ် စ,ဖြစ်အောင် စ,ပါ။
ဆရာရှင့်
ကျွန်မက ၁၁ရက် ၁၀လ ၁၉၈၁ခုနစ် နေ့လည် ၁း၂၀ ဖွား တနင်းဂနွေသမီးဖြစ်ပါတယ်။
ကျွန်မရဲ့ နာမည်မှာ အက်ခရာ ၃လုံး ရှိပြီး တနင်းဂနွေနံနဲ့စပြီး ကြာသပတေးနံအလယ်နဲ့ ကြာသပတေးနံနဲ့ဆုံးပါတယ်။
အခုတလော စိတ်ညစ်စရာတွေများနေလို့ သမီးရဲ့ ကံဇာတာကို ကြည့်ပေးပါနော်။
ကျွန်မအလုပ်အကိုင် ကိစ္စအကြောင်းသိချင်ပါတယ်။ ကျွန်မအခုအလုပ်ဝင်နေပါတယ်။ ၅ နှစ်လောက်ရှိပါပြီ။
ကျွန်မ colleagues တွေနဲ့အခုအဆင်မပြေဖြစ်နေပါတယ်။ ကျွန်မ ဘာပဲလုပ်လုပ် သူတို့ အပြစ်ပဲမြင်နေကြတယ်။ အရင်ကအခုလိုမျိုးမဟုတ်ပါ။ ကျွန်မ အလုပ်အကိုင်ကိစ္စ နဲ့အရမ်းစိတ်ဆင်းရဲနေရပါတယ်။
အလုပ်အကိုင်/စီးပွားရေးကိစ္စ/ပညာရေး ကိစ္စ သိချင်ပါတယ်။ ကျွန်မ ဘယ်လိုလုပ်ရမလဲ။ ယတြာလေးရှိရင်ပေးပါ။ ဂဏန်းကတော့ ၁၁ ပါ။
ကျေးဇူးပြုပြီးကူညီပါရှင့်။
prettie သို့
အလုပ်အကိုင်/စီးပွားရေးကိစ္စ/ပညာရေး ကိစ္စ ဆိုတဲ့ အထွေထွေ ဗေဒင် မျိုးတော့ ဟောမပေးပါ။ အချိန်မပေးနိုင်လို့ပါ။ အခုမေးခွန်းကို ကြည့်ပြီး ဘာမေးချင်မှန်းတောင် မသိပါ။ စိတ်ညစ် ညစ်နဲ့ ၀င်မေးပုံ ပေါ်ပါတယ်။ ဟုတ်တယ်။ ဒီနှစ် (၂၉)နှစ်ထဲမှာ ကံ နိမ့်နေပါတယ်။ ကိုယ်ဘာအကောင်းလုပ်လုပ် အကောင်းမဖြစ်ပါ။ ကျန်းမာရေး မထိခိုက်ရင်ဘဲ တော်လှပြီ။ မွေးနေ့အထိ ညံ့ဦးမယ်။ မွေးနေ့ကျော်သွားရင် နဲနဲ သက်သာမယ်။ ယတြာကတော့ တရားများများ ထိုင်ပေးပါ။ မေတ္တာများများ ပို့ပေးပါ။
Dear Sayar,
Many thanks for your kind advice on my confusion by Q&A session.
Appreciate it very much for your kindness.
Best Regards
Htet
ဆရာ
ကျွန်မ စင်ကာပူ မှာ အလုပ် လျှောက် ထားတာ ရ မရ သိချင် လို.ပါ။ အလုပ်မရ ရင် ရန်ကုန် ပြန်ရမှာ မို.လို. ပါ။ နေခွင့်က July ထိဘဲ ရှိ တော့လို.ကူညီပါဦး ဆရာ။
၃၀.၄.၁၉၈၀ မနက်မွေး ပါ။ ဂဏန်းကတော့ ၂၆ ပါ.
Khin Khin Win သို့
ကံဇာတာကတော့ တော်တော် အကောင်းပြနေပါတယ်။ ဗေဒင် မမှားရင်တော့ အလုပ်မရစရာ မရှိဘူးဘဲ။ အဆင်ပြေသွားမယ်လို့ဘဲ မျှော်လင့်ပါတယ်။
A. Please let me know my chance of death at current age.
B. 3/ February / 1969 ( Monday )
C. 99
D. -
Thanks
Chit Khaing သို့
ပေါက်တတ်ကရ လျှောက်မေးတာလားလို့ တွက်ကြည့်တော့ ကံတော်တော် နိမ့်နေပါလား။ အသက်အန္တရာယ်ဖြစ်လောက်တဲ့ ကိစ္စ တစ်ခု ကြုံနေပုံဘဲ။ အဖြစ်အပျက် စုံစုံလင်လင်ကို utinbobo@gmail.com ထဲကို ၀င်မေးပါလား။ ဒီနေရာမှာ ပြောလို့ သိပ်မကောင်းဘူး။ ဘာမှ မလုပ်ဘဲ ဒီအတိုင်းထိုင်နေ ရင်တော့ မကောင်းလှဘူးနော်။
ဆရာ .. ကျွန်တော့်ချစ်သူနဲ့ ကျွန်တော် အိမ်ထောင်ဖက် အဖြစ် အဆင်ပြေပါ့မလား . သိချင်ပါတယ် ။ တချို့က တနင်္ဂနွေ ဗုဒ္ဓဟူး မတည့်ဘူး ပြောနေလို့ပါ ။ ကျွန်တော်က တနင်္ဂနွေသား(၂၃.၁၁.၁၉၈၆) ည ၁၀ နာရီ ၁၀ မိနစ် ၊ သူက (၃.၂.၉၃) ဗုဒ္ဓဟူး သမီးပါ ။ ဂဏန်းက ၈ ပါ ။
မင်္ဂလာပါ ဆရာ မေးခွန်း ၂ ခုကို သပ်သပ် စီ ခွဲမေးရင် ဆရာ့ စည်းကမ်းနဲ့ ကိုက် မလားလို့ သီးသန့် ခွဲမေးတာပါ ခင်ဗျာ ။ ၂၃.၁၁.၁၉၈၆ ည ၁၀ နာ၇ီ ၁၀ မိနစ် ၊ တနင်္ဂနွေသားပါ ။ random က ၃၅ ကျပါတယ် ။ အီးမေးလ်လိပ်စာက နာမည်က ကျွန်တော့နာမည် အရင်းပါ ။ ပညာရေးနဲ့ ဆိုင်တာ တစ်ခုမေးချင်ပါတယ် ။ အခုလောလောဆယ် ၆ လပိုင်းကုန်ဆိုရင် မာစတာ စာတမ်းဖတ်ပီးရင် . ကျောင်းပီးပါပီ ။ ပီအိပ်ခ်ျဒီ ဆက်တက်ဖို့ အိုကေ မလား ဆိုတာ သိချင်ပါတယ် ။ ကျွန်တော်က တက်ချင်ပီး တခြားအခြေအနေတွေ ပေး မပေး ဆိုတာ ကြည့်ပေးပါခင်ဗျား ။
ကိုအောင် သို့
“ဓမ္မာ သောက၊ အင်းဝ ရာဇာ” ဆိုတဲ့ အိမ်ထောင်ရန်က ယေဘူယျ သဘောလောက်ပါ။ အခု ဟူးရားနည်းနဲ့ တွက်ကြည့်တာ မဆိုးပါဘူး။ ယူလို့ရပါတယ်။ နဲနဲ တကျက်ကျက် ဖြစ်တာလေးတွေ တော့ ရှိမှာပေါ့။ အဆိုးထဲမှာ မပါပါဘူး။
Ph.D ဆက်တက်ဖို့ ကိစ္စက အခက်အခဲ နည်းနည်း ရှိမယ်။ လွယ်လွယ်ကူကူတော့ မတွေ့ရဘူး။ ဒါပေမယ့် အခွင့်အရေးလည်း ရှိနေပါတယ်။ နဲနဲ ကြိုးစား ကျော်ဖြတ်လိုက်ပေါ့။
To Dr. Tin Bo Bo
Great greetings….
My D.O.B is 26/2 /1990….(monday)
No. is 10……
Q: I’m final year student..I want to know my future job for suiting for
me….(language teacher(or) tour guide (or) music artist (or)
other business? Please advice me….Dr.
Thankful
by ,
yu ki.
moe ma kha သို့
ယေဘူယျ မေးထားတော့ ယေဘူယျဘဲ ဖြေပေးလိုက်မယ်။ music artist လုပ်ငန်း အကျိုးမပြုနိုင်ပါ။ tour guide က အကောင်းဆုံးဖြစ်လိမ့်မယ်။ အခြားစီးပွားရေးတွေ လုပ်တော့မယ်ဆိုမှ အကျိုးပေး/မပေး မေးပါ။
May 20th, 2010 မှာကျွန်တော်မေးထားတာလေး လာဖတ်တော့မှ..မွေးနေ့မှားရေးထားမိတာ သွားတွေ့တယ်ဆရာ..အဲဒီအတွက်တောင်းပန်ပါရစေ…ဆရာ..
ကျွန်တော် ပြန်မေးခဲ့ပါရစေဆရာ….
ကျွန်တော် အဆက်အသွယ်ရလို့ Singapore ထွက်ဖို့ စီစဉ်နေပါတယ်….
တကယ် ထွက်ဖြစ်မဖြစ် .. အဲဒီမှာ တိုးတက် လမ်းရှိမရှိ သိချင်ပါတယ်…..
မွေးနေ့က ၈ရက် ၉လ ၁၉၈၅ ညနေ ၇နာရီ ၀န်းကျင် ..တနင်္ဂနွေပါ…….
ဂဏန်းကတော့ (၂၅) ကိုပေးပါတယ်…
ဆရာ…. ချမ်းမြေ့ပါစေ……
ကိုအောင်အောင် သို့
မွေးရက်မှားပေမယ့် ဟူးရားဂဏန်း(၂၅)ကို မူတည်တွက်ချက်ထားတဲ့ အတွက် အဖြေကတော့ မမှားပါ။ အပေါ်က အတိုင်းပါဘဲ။
မင်္ဂလာပါဆရာရှင့်
ကျွန်မကအခုမှစမေးဘူးလို့ပါ။အမှားအယွင်းပါရင်ခွင့်လွှတ်ပေးပါနော်ဆရာ။
ကျွန်မ မွေးနေ့က(၁၈.၃.၁၉၇၅)အင်္ဂါသမီးပါ၊ ကျွန်မအမျိုးသားမွေးနေ့က (၃.၅.၁၉၇၆) တင်္နလာသားပါ၊ ဂဏန်းကတော့ ၂၉ ပါဆရာ
ကျွန်မတို့ အိမ်ထောင်ရေး ခရီးဆက်သင့်၊ မဆက်သင့် သိလိုပါတယ်ဆရာ…
ဆရာကို အဆင်လေးစားစွာဖြင့်
makayla
makayla သို့
အိမ်ထောင်ရေးအခြေအနေက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေပြီလို့ တွေ့ရပါတယ်။ ဆက်သင့် မဆက်သင့်ကို ဆရာတို့က ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ ကံတရားရဲ့ ဆုံးဖြတ်မှုကိုသာ ခံလိုက်ပါလေ။ အခြေအနေက မကောင်းပါ။
ဆရာ ကျွန်တော်က 23.12.1983 သောကြာသားပါ ။ ကျွန်တော် အခု singapore မှာအလုပ်လုပ်နေပါတယ်ဆရာ။ ကျွန်တော်သိချင်တာက ကျွန်တော်အခုလက်ရှိလုပ်နေတဲ့ company မှာဆက်လုပ်နေရင် ကောင်းသလား နှင့် company ပြောင်းရင် အခု company ထက်ပိုအဆင်ပြေသလား သိချင်ပါတယ်ဆရာ။ အမှန်တိုင်းပြော ရရင် ကျွန်တော် company ပြောင်းချင်ပါတယ်ဆရာ။ ပြောင်းရင် အလုပ် မြဲမမြဲ နှင့် လစာကောင်းမကောင်း သိချင်ပါတယ်ဆရာ။
စိတ်ထဲမှာရှိတဲ့ နံပတ်က( ၂၃) ဖြစ်ပါတယ်
ကို myo thiha သို့
အပြောင်းအရွှေ့တွက်ကြည့်တာ အလုပ်သစ်မှာ လက်ရှိထက် ပိုကောင်းစရာ မမြင်ပါ။ ညံ့ရင်သာ ညံ့ဖို့ရှိပါတယ်။ ပြဿနာ များလိမ့်မယ်။ (လစာတော့ ကောင်းချင်ကောင်းမယ်)။ အသက်(၃၀) အတွင်း အလုပ်အပြောင်းအလဲလုပ်ရင် မမြဲတာ(သို့) ပြဿနာ များတာတွေနဲ့ဘဲ ကြုံရမယ်။
ဆရာရေ အမေးအဖြေပြန်ဖွင့်ပေးလို့ကျေးဇူးပါ သမိးလည်းဆရာတစ်ခါကပြောဖူးသလို ပထမအိမ်ထောင်နဲ့ရောအလုပ်ကရောရုန်းထွက်လိုက်ပါပြိ အခုတော့ဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေရတာပေါ့ဆရာ စာရင်းကိုင်လုပ်ငန်းနဲ့သမိးအကျိုးပေးရဲ့လားအခုအလုပ်မရှိတော့စလုံးသွားဖို့ စီစဉ်နေတာအဆင်ပြေပါ့မလားအကြွေးတွေလည်းဝိုင်းနေတယ်ပေါ့ဆရာ ကူညီပြီးတွက်ပေးပါအုန်း
Dear Sayar,
I’m 22/03/1980, Saturday born. I would like to change my current job because it isn’t suitable to work long time for my health. Is it the right time to get another job? Pls kindly advise me. My random number is 23. And i am also planning to join Australia. I’m currently working in sg. Which country is more suitable for me ? Thanks and Regards,
မနီနီ သို့
အလုပ်အကိုင်က အပြောင်းအလဲလည်း တွေ့တယ်။ ပြဿနာလည်း တွေ့တယ်။ နောက်ပြောင်းမယ့်အလုပ်မှာ “အကောင်း နဲ့ အဆိုး” မျှပြီး ယူရလိမ့်မယ်။ ဒါပေမယ့် လက်ရှိအလုပ်ထက်တော့ “သာ” နိုင်ပါတယ်။ လက်ရှိနေရာထက် “သြဇီ” ကို နေရာ/အလုပ် (၂)ခုလုံးပြောင်းတာကို ပိုကြိုက်ပါတယ်။ ဒါလည်း ပြဿနာတော့ အနည်းနဲ့အများ ရှိနေမှာဘဲနော်။ ကျန်းမာရေး ဂရုစိုက်ပါ။ အညံ့ရှိတယ်။
Dear sayar
My name is Aung Thet Oo , birthday is 16.06.1991 ( Sunday)
I want to know about my education. So, can i attend Master degree in Singapore or not. Thanks you very muck.sorry sayar i forgot the number 78.Dear sayar
My name is Aung Thet Oo , birthday is 16.06.1991 ( Sunday)
I want to know about my education. So, can i attend Master degree in Singapore or not. Thanks you very muck.
မောင် အောင်သက်ဦး သို့
စင်္ကာပူမှာ Master ဆက်တက်ဖို့ အခွင့်အလမ်း နည်းပါတယ်။ ဒါပေမယ့် ကြိုးစားတော့ ကြည့်ပါဦး။ မမျှော်လင့်ဘဲ “စိုင်ကော်လို့ ခြုံပေါ်ရောက်” သွားနိုင်တဲ့ ကိန်းလေးလည်း တွေ့ထားလို့ပါ။ မျှော်လင့်ချက် အကြီးကြီး မထားဘဲ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ကြိုးစားပါ။
ဆရာရှင့် ကျမမွေးနေ့ကတော့ ၃.၃.၁၉၈၅ တနင်္ဂနွေသမီးပါ လျှပ်တပြတ်ဂဏန်းက ၃ ပါ ပညာရေးနှင့် ပတ်သတ်ပြီး Ph.D ဘွဲ့ ရနိုင်မလား သိချင်လို့ပါ ဘယ်အသက်အရွယ်လောက်မှာ Ph.D သင်တန်းတက်ရောက်ခွင့်ရမလဲ သိချင်ပါတယ်ရှင့် အသက်ကန့်သတ်ထားလို့ပါ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာ စိတ်ချမ်းသာပျော်ရွှင်ပါစေ
angel သို့
Ph.D တက်ခွင့် ရဖို့ (၇၀)% အထက်မှာ ရှိတယ်။ အသက် (၂၉) မကျော်ခင်အတွင်း တက်ခွင့်ရနိုင်တယ်။ ကိုယ့် စိတ်မပြောင်းဖို့တော့ လိုတယ်။
ဆရာ ကျွန်တော် အိမ်ထောင်ရေး အကြောင်းအသေးစိတ်သိချင်ပါတယ်ဆရာ…..
ကျွန်တော်က 3.3.1978 သောကြာနေ့ပါ ကျွန်တော့်အမျိုးသမီးက 10.2.1978
သောကြာနေ့ပါပဲ
စိတ်ချမ်းချမ်း သာသာနဲ့ အိုအောင် မင်းအောင် ပေါင်းရမလား ဆိုတာသိချင်ပါတယ်
ဆရာ………..ဖြစ်နိုင်ရင် မေးထဲကိုပို့ပေးစေချင်ပါတယ်ဆရာ……..
thinzawmin@gmail.com ပါဆရာ randomize က 55 ပါ ဆရာ
ကိုမင်း သို့
ဒီနေရာမှာ မေးခွန်းတိုတွေသာ မေးနိုင်ပြီး “အသေးစိတ်” ဟောပေးဖို့ အချိန်မပေးနိုင်ပါ။ နှစ်ယောက်လုံးက (၂)ကြွင်း အဓိပတိဖွားချည်း ဖြစ်တာမို့ တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူဖို့ ကြိုးစားနေတတ်ပြီး အိမ်ထောင်ရေး မသာယာတတ် ပါ။ (၂) ကြွင်းရဲ့ သဘောကလည်း အိမ်ထောင်ပြုပြီးတာနဲ့ နောင်တ ရတတ်ကြပါတယ်။ စိတ်ချမ်းချမ်းသာသာနဲ့ ပေါင်းရဖို့ မလွယ်ပါ။
ဆရာရှင့်
ကျွန်မအားကိုးစွာနဲ့ဆရာ့ကို မေးချင်ပါတယ်။ကျွန်မရဲ့မွေးနေ့က(25.9.1982)ပါ။
ကျွန်မမှာကြွေးတော်တော်များများတင်နေပါတယ်။ဒီနှစ်အတွင်းကျေအောင်ဆပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ကျွန်မသိချင်တာက အဆင်ပြေ/မပြေပါဆရာ။
ကျွန်မ စိတ်ထဲမှာပေါ်လာတဲ့ဂဏန်းက(7)ပါ။
မနှင်းနှင်း သို့
ယခုနှစ် (2010)အတွင်း အကြွေးကျေအောင် ဆပ်ချင်တဲ့ ဆန္ဒကို လေးစားပါတယ်။ ဒါပေမယ့် ဆန္ဒ ပြည့်ဝကိန်း မရှိသေးပါ။ ယခုနှစ်အတွင်း မကြေနိုင်သေးပါ။ (၂)နှစ်လောက် အချိန်ယူရပါမယ်။
မင်္ဂလာပါဆရာ။ သမီးတခါမှ မမေးဖူးလို့ အမှားပါရင်ခွင့်လွှတ်ပါ။ သမီးချစ်သူနဲ့ အဆက်အသွယ်ပြတ်သွားတာ (၅)လရှိပါပြီ။ သမီးသိချင်တာက သူ့ကျန်းမာရေးအခြေအနေ၊ သက်ရှိထင်ထားရှိနေသေးလား သိချင်တာပါ။ သမီးချစ်သူရဲ့ မွေးသက္ကရာဇ်က (20.8.1982) ဖြစ်ပါတယ်။ သောကြာသားပါ။ ဂဏန်းကတော့ (၁၃)ပါ။ ဆရာနှင့်မိသားစု ကျန်းမျာရွှင်လန်းကြပါစေ . . .
မနှင်းပွင့် သို့
သောကြာသားဟာ မနှင်းပွင့်မေးတဲ့ အချိန်ပိုင်းမှာ တော်တော် ဆိုးဝါးတဲ့ အခြေအနေမျိုးကို ရောက်နေပါတယ်။ အသက်မသေရုံ တမယ်ပါဘဲ။ ဘာဖြစ်တာလည်းတော့ မပြောတတ်ပါ။ ထောင်၊ အချုပ် ကျတာလိုမျိုး ဖြစ်မယ်ထင်ပါတယ်။ သေချာ စုံစမ်းကြည့်ပါ။
ဆရာရှင်
ကျမ၏ တူလေး (၁၇.၈.၁၉၉၁) စနေသား သည် ၂၀၁၀ ခုနှစ်မှာ ဆယ်တန်း စာမေးပွဲကို ဖြေဆိုထားပါတယ်ရှင် သူရဲ့ ပညာရေးအခြေအနေလေးကိုသိရှိ လိုပါတယ်ရှင် ကျေးဇူးအများကြီးတင်ပါတယ်
မပိုင်ပိုင် သို့
တူကလေး စာမေးပွဲရလဒ်မေးထားတာ ယခုအချိန်ဆိုရင် စာမေးပွဲ အောင်စာရင်း ထွက်ပြီးပြီမို့သိပြီးလောက်ပါပြီ။ အခြေအနေ သိပ်ကောင်းပုံ မရပါ။ သူရည်မှန်းသလောက် မဖြစ်နိုင်ဘူး လို့ဘဲ တွေ့ရပါတယ်။
ဆရာရှင့် သမီး မွေးနေ့က ၂၇.၅.၁၉၈၁ ပါ။ ရာဟုသမီးပါ (မွန်းလွဲ ၁၂:၁၅)။ အခုသမီးစိတ်ထဲမှာ ပေါ်လာတဲ့နံပါတ်က ၇ ပါ။ သမီး အလုပ်က Makeup and Hair Stylist ပါ။ လုပ်သက် ၆ နှစ်ကျော်ရှိပြီး ကိုယ်ပိုင်ဆိုင် ထောင်ချင်ပေမယ့် ငွေရေးကြေးရေး အခက်အခဲကြောင့် မလုပ်နိုင်ဖြစ်နေပါတယ်။ ဆိုင်ဖွင့်ဖို့ဆိုပြီး စုဆောင်းတဲ့ ငွေကြေးတွေဟာလည်း ထွက်ပေါက်ရှာပြီး ထွက်ထွက်နေပါတယ်။ အခုနောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်က လစာငွေ ၁သိန်းခွဲခန့်သာ ရပြီး စိတ်ပင်ပန်းလို့ထွက်ထားတာ မကြာသေးပါ။ အလုပ်အသစ်လိုက်ရှာတော့လည်း စိတ်တိုင်းကျတာ တစ်ခုမှ မတွေ့ပါ။ သမီး သိချင်တာက သမီး လိုချင်တဲ့ Quality and Salary ရှိတဲ့အလုပ်အကိုင် ရပါ့မလား – ဘယ်တော့လောက်ရနိုင်မလဲ နဲ့ သမီး ဖွင့်ချင်တဲ့ ကိုယ်ပိုင်ဆိုင်မျိုး – ဘယ်တော့လောက်မှ ဖွင့်နိုင်မယ် ဆိုတာ သိချင်ပါတယ်ရှင်။ အဲဒီအတွက် ယတြာရှိရင်လည်း ပြောပြပေးပါဆရာ။ ပြီးတော့ သမီးအခုထွက်ခဲ့တဲ့ဆိုင်က “ကောက်ကောက်တွေထဲမှာ ဖြောင့်တာရှာရင်” တော့ နည်းနည်းဖြောင့်သယောင်ရှိပါတယ်။ ပြန်ဝင်မယ်ဆိုရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ပြန်ဝင်ရင် အဆင်ပြေနိုင်မပြေနိုင်လည်း သိချင်ပါတယ် ဆရာ။ အဲဒီဆိုင်နာမည်က W တစ်လုံးတည်းပါ။ သမီး မေးခွန်း နည်းနည်းရှည်သွားတာ ခွင့်လွှတ်ပါဆရာ။ ဆရာ့ အဖြေကို စောင့်မျှော်နေပါ့မယ် ….
မ၀ါဝါ သို့
အသက် (၃၁)မကျော်ခင်အတွင်း ကိုယ်ပိုင်ဆိုင် ဖွင့်နိုင်တဲ့ အခွင့်အရေး တွေ ပေါ်လာနိုင်စရာ တွေ့ပါတယ်။ လခစားအလုပ် ပြန်ဝင်ရင် ရနိုင်ပေမယ့် ကိုယ်ပိုင်လုပ်ငန်းကိုဘဲ အာရုံစိုက်ထားပါ။ ငွေထုတ်ပေးနိုင်သူနဲ့ စပ်တူပူးပေါင်းနိုင်အောင်လုပ်ပါ။ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးတွေနဲ့ စပ်တူလုပ်ပါ။ ကိုယ် တစ်ဦးတည်း လုပ်ဖို့မလွယ်ပါ။ အဓိဌာန် ပုတီးစိပ်ပါ။ ဖြစ်လာပါ လိမ့်မယ်။
အမျိုးသားမွေးနေ့ က3/4/1980,ကျွန်မမွေးနေ့က 13/9/1981,ပါဆရာ,နိုင်ငံခြားကို
အပြီးအပိုင်ထွက်ဖို့ထွက်လာခဲ့တာ၊လမ်းတစ်ဝက်ရောက်မှလမ်းပျောက်သွားလို့၊
ခရီးတစ်ထောက်နားရင်နဲ့ပြန်လဲမပြန်ချင်း၊သွားချင်းစိတ်လဲမပျောက်သေးပါ။ဒီခရီးမနီးပေမယ့်၊သွားဖို့ရှိအုံးမလား
လို့ သိချင်းပါတယ်။ဆရာအချိန်ပေးပြီးဖြေပေးရတဲ့အတွက်ဆရာကိုဂါရ၀ပြုပါတယ်။ကြိုက်တဲ့ဂဏန်းက ( ၁ ) ပါဆရာ။ဆရာကျန်းမာပါစေ။
maymon သို့
အခု (၁)နှစ်အတွင်းမှာ နေရာထိုင်ခင်း အပြောင်းအလဲတွေ ဖြစ်ဖို့ရှိတယ်။ လက်ရှိနေရာကနေ ပြောင်းရဦးမယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်ထားသလို အတိအကျဖြစ်ဖို့တော့ မလွယ်သေးဘူး။ အပြောင်းအလဲရှိပေမယ့် ဆန္ဒပြည့်ဝမှု မဖြစ်နိုင် သေးတာကို တွေ့ရပါတယ်။
ဆရာသမီးရဲ့မွေးသက္ကရာဇ်က 22.4.1988(သောကြာသမီး)ပါ။သမီးရဲ့ချစ်သူက 25.9.1988 (တနင်္ဂနွေသား)ပါ။သမီးတို့နှစ်ယောက်ဒီနှစ်ထဲမှာလက်ထပ်ရင် အဆင်ပြေ မလားသိချင်ပါတယ်။သမီးရဲ့အကြိုက်ဆုံးဂဏန်းက(9)ပါ။ကျေးဇူးပြုပြီးဖြေကြားပေးစေ လိုပါတယ်ရှင့်
သင်းသဇင်ထိုက် သို့
ယခုနှစ်အတွင်း အပြည့်အ၀ မကောင်းသေးပါ။ မိန်းကလေး အသက် (၂၄)နှစ်အတွင်း နှင့် ယောင်္ကျားလေးအသက် (၂၃)နှစ်အတွင်းမှာ ပိုမို သင့်တော်ပါတယ်။ 2011 ဧပြီ 23 မှ 2011 စက်တင်ဘာ 24 အတွင်း မှာ ပိုမိုသင့်တော်ပါတယ်။
ဆရာ ကျမက ပညာရေးအကြောင်းလေးမေးချင်လို့ပါ.အခု ပညာသင်ဆု ထပ်ရဖို့စောင့်နေ၇ပါတယ်။။အဲဒါ လေး ရနိုင်မရနိုင် နဲ့ ကျမနဲ့ ပညာရေးအခြေအနေလေးကိုလည်း ကြည့်ပေးပါအုံးနော်.. ကျေးဇူးအထူးတင်ပါတယ်.
ကျမမွေးနေ့က Sunday 20 ၇က် 11 လ 1988 ပါဆရာ။. ဆရာ့ကိုကျေးဇူးအထူးတင်ပါတယ်။ ကျမရဲ့ လျပ်တပြတ် number ကတော့ 57 ပါဆရာ
မ Phyu သို့
ပညာရေး အခြေအနေ ကောင်းပေမယ့် ပညာသင်ဆုရဖို့ အခက်အခဲ တွေ ရှိပါသေးတယ်။ တစ်နှစ်လောက်တော့ စောင့်ရဦးမယ် ထင်ပါတယ်။ လောလာဆယ် မရနိုင်သေးပါ။
မင်္ဂလာပါဆရာ.. ကျွန်တော် စကာင်္ပူသွားပြီး အလုပ်သွားရှာမလို့ပါဆရာ..
၆ လ ပိုင်း ထဲ သွားမယ်လို့ စီစဉ်ထားပါတယ်။ ခုလိုချိန်မှာ visit visa နဲ့ သွားတာကြောင့်နဲနဲ စွန့်စားရမှာမို့ ကျွန်တော် အဆင်ပြေမပြေ ..
အလုပ်ရနိုင် မရနိုင် သိချင်တာပါဆရာ
ဆောင်ရန် ရှောင်ရန် များ ကိုလည်း လမ်းညွန်ပေးပါဆရာ
မွေးနေ. – ၂၉ . ၀၃ . ၁၉၇၉ ( ကြာသာပတေး )
ဂဏန်း – ၂၃
ကျေးဇူးတင်ပါတယ်ဆရာ
(ဂဏန်းမပါသွားလို့ ဖြည့်ပြီး ထက်ပို့လိုက်ပါတယ်ဆရာ)
MGH သို့
အခုအချိန်မှာ ဖြေတာအရမ်းနောက်ကျနေလို့ – (၁) ယခုအချိန်အထိ မသွားဖြစ်သေးဘဲ ဖြစ်ချင်ဖြစ်နေမယ်။ (၂) သွားဖြစ်လို့ ဟိုမှာ ရောက်နေရင် မဆင်မပြေဖြစ်နေမယ် လို့ တွေ့ပါတယ်။ အသက် (၃၂) “စနေ” သက္ခတ်ထဲမှာ သွားတာဖြစ်လို့ ပင်ပန်းဆင်းရဲခြင်း၊ ဥပေဒကို ရှောင်တိမ်းနေရခြင်း များကြုံရဖို့ရှိပါတယ်။
ဆရာ
ကျမ Singapore မှာ အလုတ်လုတ်နေတာ (၃)နှစ် လောက်ရှိပါပြီ။ အဲဒါ PR တင်ရင် အဆင်ပြေ၊ မပြေ သိချင်ပါတယ်။ အမျိုးသားနှင့် တွဲးတင်ရမလား၊ ဒါမှမဟုပ် တဦးတည်းပဲ တင်ရမလား မသိဖြစ်နေပါတယ်။
မွေးနေ့ ကျော်မှ တင်ရင် အဆင်ပြေပါ့မလား ဆရာ။
25.06.1974 , အင်္ဂါနေ့ ၊ ဂဏန်းက 108 ပါ
မြန်မာလိုက ၁၃၃၆ ပထမဝါဆို လဆန်း ၇-ရက်၊ နံနက် ၁နာရီ ၅မိနစ်
အမျိုးသားက
08.09.1971 ,ဗုဒ္ဓဟူးနေ့  (ညနေဆိုရင် ရာဟူးပေါ့နော်)
မစောညွန့် စံ သို့
အခုလက်ရှိ ကံဇာတာအရ တစ်ယောက်ထဲဘဲ တင်တင်၊ ခင်ပွန်းဖြစ်သူ နဲ့ဘဲ တင်တင် မရနိုင်သေးပါဘူး။ မျှော်လင့်ချက် အတော်နည်းနေ ပါသေးတယ်။ တင်လို့ ဘာမှ ဆုံးရှုံးစရာမရှိ ရင်တော့ တင်လိုက်ပါ။ ဒါပေမယ့် သိပ်မျှော်လင့်ချက် မထားပါနဲ့။ မရနိုင်သေးဘူး။ တစ်နှစ်လောက် စောင့်ရပါဦးမယ်။
ဆရာခုလို ဖြေပေးနေတာကို အရမ်းပဲ ကျေးဇူးလဲတင်ပါတယ် ရှင်။
အားလဲနာပါတယ်။
မေးရမယ့် မေးခွန်းကလဲ ရှိနေလို့ မိုပါ။
ဆရာနှင့် မိသားစု အားလုံးကျမ်မာ ချမ်းသာပါစေ
ဆရာခင်ဗျာ
ကျွန်တော့်အချစ်ရေး နဲ့ အိမ်ထောင်ရေးကိုသိချင်ပါတယ် ခင်ဗျာ
ဘယ်လိုမိန်းကလေးမျိုးက အိမ်ထောင်ဖက်ဖြစ်နိုင်မလဲဆိုတာလည်းသိချင်ပါတယ်
၉.၄.၈၆ ဗုဒ္ဒဟူးသား ပါ
randomize နံပါတ်ကတော့21 ပါဆရာ
( အမေးအဖြေ ကဏ္ဍ ၂ တွင် မေးပြီး)
ဆ၇ာရှင့်..သမီးအဖေက မွေးနေ့ ၂၅-၅-၁၉၅၇ .. စနေသားပါ..
စိတ်ကျန်းမာေ၇းအတွက် ဆေးသောက်နေ၇တာ ၃လရှိသွားပါပြီ.. အ၇မ်းမသက်သာပါ.. depression ၇တာလို့ပြောပါတယ်.. အဆိုးကြီးမဟုတ်ပေမဲ့..ေ၇ရှည် ၇ုံးလုပ်ငန်းကိုထိခိုက်မှာစိုးမိပါတယ်… သမီးတို့မိသားစု စိတ်ညစ်နေကြပါတယ်.. မွေးနေ့ပြီး လာမဲ့နှစ်မှာ အဖေကျန်းမာေ၇းကောင်း မကောင်း လုပ်ငန်းမှာ အဆင်ပြေ မပြေ သိပါ၇စေ….. ဂဏန်းကတော့ ၉ ပါဆ၇ာ.. ကျေးဇူးတင်ပါတယ်ဆ၇ာ..
meenge သို့
ဆေးကို ရေရှည်စွဲသောက်ဖို့ လိုတယ်လို့ တွေ့ရပေမယ့် ဆိုးဆိုးဝါးဝါး ဖြစ်စရာ မရှိပါ။ ဒီလိုဘဲ ဆေးသောက်ရင်းနဲ့ ပျောက်သွားပါလိမ့်မယ်။ အလုပ်ထိခိုက်စရာ အကြောင်း မမြင်ပါ။
hi Sayar,
I wanna know what kind of person will be my husband?
I wanna also know which appearance does he have ?
Is he younger or older or same with me?
My birthday list is 31.7.91 and randomize number is 26.
If there is some error from my question , i apologize you.
Thanks you Sayar.
ဆရာ ..မင်္ဂလာပါရှင် ..သမီး အလုပ်အကိုင်ကိစ္စလေးမေးချင်လို့ပါ … သမီးက အစိုးရ၀န်ထမ်းပါဆရာ .. ခုအလုပ်မှာ လုပ်နေတာ ၂ နှစ်ပြည့်ပါတော့မယ် .. လုပ်ငန်းဆိုင်ရာအခြေအနေတိုးတက်ကောင်းမွန် မလားသိချင်ပါတယ် ..ဆရာ .. ပြီးတော့ သမီးတို့ဌာနက နိုင်ငံခြားပညာတော်သင်လည်းလွတ်ပါတယ်ဆရာ ..အဲဒါ ပညာတော်သင်သွားဖို့ ကံ ပါမပါ လည်းသိချင်ပါတယ်ဆရာ .. သမိးမွေးနေ့ကတော့ (17.4.1986) ကြာသပတေးသမိးပါ .. ခုစိတ်ထဲပေါ်လာ တဲ့ ဂဏန်းကတော့ ၈ ပါဆရာ . .ဆရာ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ.
ဖြိုးဆုသော်ဝင်း သို့
လက်ရှိအလုပ်မှာ ဆက်လက်တိုးတက်ကိန်း ရှိပါတယ်။ ရာထူး/လစာ တိုးတက်ကိန်း ရှိပါတယ်။ နိုင်ငံခြားသွားကိန်းလည်း ရှိပါတယ်။ အသက်(၂၅)ကနေ , အသက် (၂၈)အတွင်း မှာ နိုင်ငံခြား သွားရကိန်း ရှိပါတယ်။
ဆရာ ခင်ဗျား
ကျနော့် နာမည်က သန့်ဇင်ပါ။
မွေးသက္ကရဇ်က ၂၀- အောက်တိုဘာ- ၁၉၇၈
သောကြာ ညနေ ၈၊၀၀ – ၈၊၃၀ ကြား ဖွား ပါ။
ကျနော် ရွေးချင်သော ဂဏန်းက ၃၁ ပါ
ကျနော်က ယခုလက်ရှိ စင်္ကာပူမှာ အင်ဂျင်နီယာ အလုပ်လုပ်နေပါတယ်။မေးချင်တဲ့ မေးခွန်းက ကျနော် ပိုက်ဆံ မစုနိုင် ဖြစ်နေလို့ပါ။ အဲဒါကလည်း ကျနော်သတိထားမိသလောက် ကျနော် ငယ်ငယ်ထဲကပါ။ ငွေနဲ့ လူနဲ့ မမြဲပါ။ ကျနော့် လက်ချောင်းများက တော်တော်လေးတော့ ကျဲပါသည်။ အသောက်အစား၊ လောင်းကစား အတွက် ကုန်ကျငွေက လည်း တော့တော့ ကို နဲပါသည်။ ရံဖန် ရံခါသာ ပြုလုပ်လေ့ ရှိပါသည်။ ဒါပေမယ့် ရသမျှ ကုန်ပါသည်။ အဲဒါ စုမိဆောင်မိ ဖြစ်ချင်လို့ပါ။
လေးစားစွာဖြင့်
သန့်ဇင်
ကိုသန့်ဇင် သို့
ငွေဝင်ကိန်း နဲ့ ငွေစုမိကိန်းက သတ်သတ်စီပါ။ ၀င်တိုင်း မစုမိပါဘူး။ စုမိရမယ့် ကံပါမယ့် နှစ်ပိုင်းတွေ ရောက်မှ စုမိပါမယ်။ အခုအသက် (၃၂) (၃၃)မှာ စုမိဖို့မလွယ်ပါဘူး။ အပေါက်ရှာပြီး ထွက်နေမှာပါ။ အသက် (၃၄)(၃၅)မှာတော့ ငွေကြေးစုဆောင်း မိပါလိမ့်မယ်။ သည်းခံ စောင့်လိုက်ပါ။
dear sayar
my name is hein htut zin.my date of birth is 15july1983,friday.i would like to know that when can i get my own house and can go back my country.now i am working in Shangri-la hotel,abudabi,UAE.please answer to me as soon as possible.
your sincerely,
hein htut zin
hein htut zin သို့
အရေးကြီးတဲ့ “ဟူးရား ဂဏန်းနံပါတ်” မပါပါ။ ပြန်မေးပါ။
ဆရာခင်ဗျား………
အမည်က ဖိုးသာထွန်း
28.7.1978 သောကြာသား၊ လျှပ်တပြက်ဂဏာန်းက (105)
အလုပ်အကိုင်၊ စီးပွားရေးအခြေအနေ သိချင်ပါတယ်
ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်
ကို pho thar tun သို့
မေးခွန်းက မတိကျ မရှင်းလင်းပါ။ သူများတွေ မေးထားတာကို လေ့လာပြီး ဘာကို သိချင်တာလည်း ဆိုတာ ရှင်းရှင်းလင်းလင်း မေးပေးပါ။ အထွေထွေ ဗေဒင်မျိုးကတော့ မဟောပေးပါဘူး။ ပြန်မေးပါ။
ဆရာရှင့်
ကျွန်မ ကေသွယ်ဝင်းပါ
1.12.1980 တနလာၤသမီးပါ
လျှပ်တပြက်ဂဏာန်းက 89 ပါ
အိမ်ထောင်ရေးအခြေအနေသိချင်ပါတယ်ရှင့်
ကျေးဇူးပြုပြီး တွက်ပေးစေလိုပါသည်
kay thwe win သို့
တိကျတဲ့ မေးခွန်းမျိုးဖြစ်ဖို့လိုပါတယ်။ အိမ်ထောင်ရေးဆိုပေမယ့် ဘာလဲ။ လက်ထပ်ချင်တာလား။ ချစ်သူနဲ့ ပေါင်းရ/မပေါင်းရ သိချင်တာလား။ လက်ထပ်ပြီး အဆင်မပြေဖြစ်နေတာလား . . စသည်ဖြင့် တိကျရပါမယ်။ ယေဘူယျ ဆန်တဲ့ မေးခွန်းတွေ ဖြေမပေးပါ။
birthday – 19.11.84 -monday , number – 37 . let me know my health’s sithuation in future .
thank you .
မ khaing zarchi sann သို့
အခုလောလောဆယ် ကျန်းမာရေး အတော်ညံ့နေပုံ ရပါတယ်။ ခွဲစိတ် ကုသကိန်းတွေ ရှိတတ်တယ်။ ကံဇာတာ အတော်နိမ့်နေလို့ န၀င်းယတြာ လုပ်သင့်တယ်။ နာတာရှည် ရောဂါ ဖြစ်နေတတ် ပါတယ်။ သတိပြုရမယ့် ကာလပါ။ မပေါ့ပါနဲ့။
ရွှေစူး
ဘယ်အချိန် အလစ်ဝင်မေးသွားလဲ မသိဘူး။ မိဘတွေ အဆင်ပြေ မပြေတော့ မသိဘူး။ ဒါပေမယ့် အချိန်ပြည့် ကျောင်းတက်ဖို့ကိစ္စ တနည်းနည်းနဲ့ အဆင်ပြေလိမ့်မယ်။ တစ်နှစ်အတွင်းဖြစ်လိမ့်မယ်။ စောင့်ကြည့်။
Dear Sir,
I’m one of your blog readers. Your blog is one of my most favourite blogs.
My birthday is 02-March-1987 (Monday) and his birthday is 16-April-1974. He is different nationality and the ages are also a bit different. May I know the possibility of our marriage, please? Can I be happy if I married with him? The random number is 65.
Sorry for my English because it is a bit difficult to type Myanmar font in my machine. Thank you very much Sir. Looking forward to hear from you soon. Really appreciate this section very much.
kmt.aung သို့
လက်ထပ်ဖြစ်ဖို့ သိပ်မလွယ်လှဘူး။ အခက်အခဲတွေ ရှိတယ်။ လက်ထပ်ဖြစ်ရင်လည်း အိမ်ထောင်ရေး သာယာမှု ရာနှုန်း နည်းပါတယ်။ ပျော်ရွှင်ရလောက်အောင် ကောင်းတဲ့ အိမ်ထောင်ရေးမျိုး မဖြစ်နိုင်ပါ။
Hello Sir,
My date of Brith is 3-July-1987.
I was born on Friday.
Random number: 26
I’d like to consult with you is that now i’m working and want to attend the college coming 6 months.Can it be for me??And also I can’t decide which field(Health care profession or Engineering ) i should choose.Which career is more suitable for me??Looking forward to your reply.
Best Regards and Many Thanks !
Ma KHIN C WIN သို့
လာမယ့် (၆)လမှာ ကျောင်းတက်ဖို့အစီအစဉ် အခက်အခဲ အများကြီး ရှိတယ်။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှ ကျောင်းတက်ဖြစ်မယ်။ ဘာသာရပ် ရွေးမယ်ဆိုရင် ကျန်းမာရေး ၀န်ဆောင်မှုကို ပိုကြိုက်တယ်။ အကျိုးပေးများမယ်။
Dr.Tin Bo Bo
မ၈င်္လာပါဆ၇ာ
အိမ်ထောင်ေ၇းသင့်မသင့်ကောင်းမကောင်းပေါ့ဆ၇ာသိချင်ပါတယ်
က်ြန္မကအဂါၤသမီး၁၅.၄၁၉၈၆
သူကေသာၾကာသား၂၈.၉.၁၉၈၄ပါ
သူနာမည်က၇ဲဇော်သိုက်ပါ
ဆ၇ာမိသားစုကျန်းမာပါစေ
nan su su aye သို့
အိမ်ထောင်ရေး တိုက်ဆိုင်မှု (၆၅)% ရှိပေမယ့် သိပ်အကောင်းကြီး ပြောမရပါဘူး။ အိမ်ထောင်ဘက်ဟာ သည်းခံစိတ်နည်းသူ ဖြစ်တတ်တယ်။ ကိုယ့်အပေါ် အနိုင်ယူလိုစိတ်များမယ်။ အိမ်ထောင်ကျပြီး နောင်တရတတ်တယ်။ အကောင်းတွေ သိပ်မမျှော်လင့်ပါနဲ့။
မင်္ဂလာပါ ဆရာ. ကျမသားအတွက် မေးချင်ပါတယ်ဆရာ.သားနာမည် – Htut Eainda Shwe ပါ ဆရာ. အခု သားက စင်ကာပူမှာ Primary II တက်နေပါတယ်ဆရာ. သားရဲ့ ပညာရေး ဆုံးခန်းတိုင် ကောင်းမွန်စေရန် ဆောင်ရန် ၊ ရှောင်ရန် အတွက် အကြံ ပေးစေလိုပါတယ်ဆရာ. သားမွေးနေ့ မှာ – ၂.၁၁.၂၀၀၂(ရန်ကုန်) စနေနေ့သား နေ့လယ် ၂း၄၅ မိနစ်ပါဆရာ. ဂဏန်း က (၁၃) ဖြစ်ပါတယ်ဆရာ. မေးခွင့်ပြုတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဆရာ. ဆရာနှင့် မိသားစု ကျန်းမာပျော်ရွင်ပါစေ.
လေးစားစွာဖြင့်
Ommar Myint
မ Ommar Myint သို့
သားနာမည်က တိုင်စဉ်မှန်တဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ဗြိစ္ဆာရာသီ (2)ဂဏန်းဖွားတွေက ပညာရေး မညံ့ပါဘူး။ လူမှုဆက်ဆံရေးတော့ ညံ့တတ်တယ်။ လူတွေနဲ့ သိပ်ရောရော နှောနှော မနေတတ်တာက ဘ၀တက်လမ်းမှာ အခက်အခဲ ရှိနိုင်တယ်။ Social Relationship တိုးတက်လာအောင် လေ့ကျင့် ပေးပါ။
ဆရာရှင့်
သမီးမွေးနေ့ကတော့( 25. 03 .1980 )အင်္ဂါသမီးဖြစ်ပါတယ်။
သမီးရဲ့လျှပ်တပြတ်ဂဏန်းကတော့ 9 ပါဆရာ။ အခုလက်ရှိအလုပ်ကနေထွက်ပြီး နောက်အလုပ်တစ်ခု(ဘဏ်လုပ်ငန်း)ကိုပြောင်းချင်ပါတယ်။ပြောင်းရင်ကောင်းမကောင်းနှင့် ဘယ်တော့လောက်ဘဏ်လုပ်ငန်းကိုရနိုင်မလဲသိချင်ပါတယ်။
အခုလက်၇ှိအလုပ်မှာကအဆင်မပြေဖြစ်နေလို့ပါဆရာ။ပြောင်းလည်းအရမ်းကိုပြောင်း
ချင်နေပါတယ်။ကျေးဇူးတင်စွာဖြင့်။
မ Zin သို့
လက်ရှိ အလုပ်ကနေ “ဘဏ်” လုပ်ငန်းကို ပြောင်းရင် အဆင်မပြေ နိုင်ပါဘူး။ လက်ရှိလုပ်ငန်းထက် ဆိုးသွားနိုင်ပါတယ်။ မမျှော်လင့်တဲ့ အခက်အခဲ အကျဉ်းအကျပ်တွေ ကြုံကိန်းရှိတယ်။ လက်ရှိလုပ်ငန်းကလည်း မကောင်းပါဘူး။ ၀န်ဆောင်မှု လုပ်ငန်းများ နဲ့ ဟော်တယ် ခရီးသွားလုပ်ငန်း၊ စတိုးဆိုင် စူပါမားကတ်လုပ်ငန်း၊ အမျိုးသမီးအလှအပ ပစ္စည်း ထုတ်လုပ် ရောင်းဝယ်မှု လုပ်ငန်းများကို လေ့လာကြည့်ပါဦး
ကျမ အားကိုးတကြီးမေးချင်ပါတယ်။
ကျမမွေးသက္ကရာဇ်က 14.12.1979 (သောကြာ)၊ အမျိုးသားက 31.1.1976 (စနေ) ပါ။
ကျမတို့ အိမ်ထောင်ကျပြီး မကြာခင်တည်းက ကျမအမျိုးသား နေ့ရောညပါ အရက်ကို သောက်ခဲ့ပါတယ်။ ဖြတ်လိုက် ပြန်သောက်လိုက်နဲ့ အရက်သမားလုံးလုံး ဖြစ်နေပါပြီ ။ အဓိကစီးပွားရေးကတော့ ရာဘာ၊ သရက် နဲ့ ပီလောပီနံ စိုက်ပါတယ်။ နာဂစ်ဒဏ်ကိုခံလိုက်ရတဲ့အပြင် သူကအလုပ်လည်းကောင်းကောင်း မလုပ်တော့ စီးပွားရေးကထိုးကျလာပါတယ်။ ကျမ ဦးစီးပြီးလုပ်မယ်ဆိုတော့ သူကရှေ့ကလည်းမသွားဘူး။ နောက်ကလည်းမလိုက်ချင်ဘူး။ သား၂ ယောက်နဲ့ဆိုတော့ အလုပ်လုပ်မှဖြစ်မှာမို့ ကျမလည်းစိတ်ညစ်ရပါတယ်။ အိမ်ထောင်ရေးအဆင်မပြေပေမယ့် ကျမ ဒီစိုက်ပျိုးရေးအလုပ်ကို ၀င်လုပ်ရင် အောင်မြင်အောင်လုပ်နိုင်မလားဆိုတာရယ်၊ တခြားရော ဘာစီးပွားရေးနဲ့ အဆင်ပြေနိုင်မလဲဆိုတာရယ်လေး ဆရာဖြေကြားပေးပါရှင်။
လေးစားစွာဖြင့်
မ Mei Mei သို့
နာဂစ်ကြုံတဲ့နှစ်က ယောင်္ကျားက စနေသက္ခတ်၊ မိန်းမက ဗုဒ္ဓဟူး သက္ခတ်ထဲရောက်နေတော့ အဆုံးအရှုံးများပါလိမ့်မယ်။ ကျွန်တော် တွက်ချက်ကြည့်သလောက်တော့ စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လုပ်ရင် ဒီလိုဘဲ “လိမ်ဖယ် လိမ်ဖယ်” နဲ့ စခန်းသွား နေရဦးမယ်။ အကြီးအကျယ် တိုးတက်ဖို့ မရှိတော့ပါ။ နောက်ပြီး အလုပ်ပြောင်းကိန်းလည်း (နှစ်ဦးလုံးမှာ) ရှိနေပါတယ်။ ဘာအလုပ် အကျိုးပေးမယ်ဆိုတာ (ဒီခေတ် အလုပ်ပုံစံတွေက များလွန်းလို့) မခန့်မှန်းတတ်ပါ။ အလုပ်ပြောင်းချိန်တန်လို့ အလုပ်သစ် ပေါ်လာရင် “သင့် မသင့်” မေးကြည့်တာ ပိုကောင်းပါတယ်။ စိုက်ပျိုးရေးကို မ Mei Mei အနေနဲ့ ဆက်လုပ်ရင် သိပ်တိုးတက်စရာ မရှိလှပါ။ စဉ်းစားဆုံးဖြတ်ပါ။
ဆရာ ၊ ကျွှန်တော်မွှေးနေ့ ၁၆ ၊ ၁၂ ၊ ၁၉၈၀ ပါ ၊ အင်္ဂါသားပါ ၊ ဂဏန်းကတော့ ၁၆ ပါ။ကျွှန်တော် အခု မလေးရှားမှာနေပါတယ် ၊ အမေရိက သို့သွားရန် ကြိုးစားနေပါတယ် ၊ ဘယ်တော့လောက်သွားရမလဲ ၊ ဒီနှစ်အတွင်းသွားရမလား ။။ ဘယ် လ လောက်သွားဖြစ်မလဲ ၊. သိချင်လို့ပါ ၊။….ဆရာနှင့်မိသားစု ကျန်းမာ ရွှင်လန်းကြပါစေ၊
ကို soe hlaing myint သို့
US သို့သွားဖို့ အကြံအစည် အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ တစ်နှစ်အတွင်း မရောက်နိုင်သေးပါ။ အချိန်စောင့်ရပါ ဦးမယ်။
ဆရာ —- သမီင်္း အခု LCCI level 3 ကိုဆက်တက်ဖို့လုပ်ထားပါတယ်။ ဒီပညာရပ်နဲ့ အဆင်ပြေနိုင်မလား အခက်အခဲမရှိ စာမေးပွဲကိုဖြေဆိုနိုင်မလား သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။ ဂဏန်းကတော့ 70 ပါ။
date of birth 28.7.1988
Mya Myintzu Oo သို့
LCCI level 3 ဆက်တက်တာ အခက်အခဲ မရှိနိုင်ပါ။ စာမေးပွဲ ကောင်းစွာ ဖြေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီပညာရပ်ဟာ တစ်ဘ၀လုံး အကျိုးပေးမယ့် အနေအထား မရှိပါ။ ဒီပညာနဲ့ အလုပ်လုပ်လျှင်လည်း ခေတ္တခဏမျှသာ ဖြစ်ပါမယ်။
dear sayar,
my name is hein htut zin.my DOB is 15july,1983,friday.i would like to know that when can i go back my country and can get my own house.my lucky number is 7.please answer to me as soon as possible.
yours sincerely,
hein htut zin
dear sayar,
my lucky number is 7.
yours sincerely,
hein htut zin
ကို hein htut zin သို့
ကိုယ့်နိုင်ငံကို ပြန်တာ ဘယ်အချိန်ပြန်ပြန် ရပါတယ်။ ဒါပေမယ့် အိမ်ပြန် မျက်နှာပန်းလှချင်ရင်တော့ အခု မပြန်သင့်သေးပါဘူး။ အသက်(၃၀)ထိအောင် အလုပ်လုပ်ပြီး ငွေစုဖို့လိုပါတယ်။ အသက် (၃၀)မကျော်မှီ ပြန်ရင် နောင်တရလိမ့်မယ်။ အိုးအိမ်ဝယ်ဖို့ ကိစ္စကို အသက်(၃၀)အတွင်း မိမိနာမည်နှင့် လုံးဝ မ၀ယ်ပါနှင့်။ အ၀ယ်မှားတတ်တယ်။ နောက်အကျဆုံး အသက် (၃၁)မှာ အိုးပိုင် အိမ်ပိုင်ဖြစ်မယ်။
ဆရာရှင့်..ခုလိုပြန်ဖွင့်တာ ကျေးဇူးတင်ပါတယ်ဆရာ။အလုပ်ရမရသိချင်ပါတယ်…နောက်ပီး ကျောင်းပြန်တက်ရန်လည်းစိတ်ကူးထားပါတယ်အဲဒါ ကျောင်းအရင် တက်ရင်ပိုကောင်းမှာလား (Diploma of English language teaching)အလုပ် လုပ်ရင်ပိုသင့်တော်ပါသလားမည့်သည်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမျိုးဖြင့်အကျိုးပေးမည်ကိုသိလိုပါတယ်ဆရာ၊ မွေးနေ့က 03Nov,1981ပါ..ဂဏန်းကတော့ 92 ပါဆရာ…အဂ်ါသမီးပါ။ ဆရာနှင့်မိသားစု ကျန်းမာ ရွှင်လန်းကြပါစေ…..ကျေးဇူးတင်ပါတယ်။
sandarsoe သို့
အခုအသက် (၂၉)ထဲမှာ “အလုပ် နဲ့ ကျောင်း” ဘယ်ဟာရွေးသင့်လဲ မေးရင် “ကျောင်းဆက်တက်ဖို့ဘဲ” အကြံပြုလိုပါတယ်။ အသက်(၂၉)နှစ်ဟာ အလုပ်သစ်တစ်ခု မစတင် သင့်ပါဘူး။ ကျောင်းသာ ဆက်တက်စေလိုပါတယ်။ ဒီကြားထဲ ရုတ်တရက် အိမ်ထောင်ကျ သွားနိုင်ပါသေးတယ်။
မင်္ဂလာပါဆရာခင်ဗျား
ကျွန်တော့မွေးနေ့က 5-3-1990 ပါဆရာ (တနင်္လာ) ပါဆရာ
စိတ်ကူးထဲပေါ်တဲ့ဂဏန်းက (၇၈) ပါ။
ကျွန်တော်အခု လုပ်နေတဲ့အလုပ်ကထွက်ဖို့စဉ်းစားထားပါတယ်။ ပြီးတော့သင်္ဘောသားအလုပ် လုပ်ဖို့ စဉ်းစားထားပါတယ်။သင်္ဘောသားလုပ်ဖို့ က ဒီလကုန်ကျရင်။ အင်္ဂလိပ်စာဖြေရပါမယ်။ စာမေးပွဲအောင်မှဆက်လုပ်ရမှာပါ အဲ့ဒီသင်္ဘောသားအလုပ်အကိုင်ကို ကျွန်တော်လုပ်ဖြစ်ပါ့မလားဆရာ၊
်အဲ့ဒါအဆင်ပြေပါမလားဆိုတာဖြေပေးပါဆရာခင်ဗျား
ကျေးဇူးတင်ပါတယ်။
ဆရာကျမ်းမာပျော်ရွှင်နိုင်ပါစေ
ကို ကျော်ဖြိုးသန့် သို့
လက်ရှိအလုပ်က ထွက်မှာကိုတော့ မကန့်ကွက်လိုပါ။ ဒီနှစ်က ဘ၀အပြောင်းအလဲ တစ်ခုခု ဖြစ်ရမယ့် နှစ်မို့ပါ။ ဒါပေမယ့် သင်္ဘောသားအလုပ်ကိုတော့ သိပ်မကြိုက်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ “မူလဇာတာ” ရော “ဟူးရားဇာတာ”မှာပါ ရေလမ်းခရီး နှင့် ဘေးဥပဒ် တွေ့ရမည့် ဇာတာဖြစ်နေလို့ပါ။ ပြန်စဉ်းစားပါ။ ဒီလို ကိန်းမျိုးတွေ့ရင် မှားခဲပါတယ်။ အခြားအလုပ် တစ်ခု စဉ်းစားကြည့်ပါဦး
ဆရာ
သမီးမွေးနေ့က 5.8.1983 ပါ. သောကြာသမီးပါ. ဂဏန်းကတော့25 ပါ ဆရာ..
လက်ရှိအလုပ်မှာ ဒေါက်တာဘွဲ့ အတွက် ဆက်တက်ခွင့်ရှိမရှိ သိချင်ပါတယ် ဆရာ..
မသဲသဲ သို့
လက်ရှိအလုပ်မှာ ဒေါက်တာဘွဲ့ဆက်တက်ခွင့် ရာနှုန်း (၈၀) % လောက်ရှိနေပါတယ်။ ကံတရားအခွင့်သာပါတယ်။ ကိုယ့်ဘက်က ကြိုးစားဖို့ဘဲ လိုပါတော့တယ်။
ဆ၇ာ၇ှင့်
ဒီကဏ္ဍလေးကိုအခုမှစေ၇ာက်တာပါ၇ှင့်။ အမှားအယွင်းပါ၇င် ခွင့်လွှတ်နားလည်ပေးပါ၇ှင့်။ ပန်းအိက ကြာသပတေးသမီးပါ။ မွေးနေ့က ၁၈-၈-၁၉၈၃ အဓိပတိဖွားပါ၇ှင်။ နာမည်အပြည့်အစုံက ပန်းအိဖြူပါ။ ဒီနာမည်နဲ့ေ၇ှ့အနာဂါတ်မှာ လျှောက်လှမ်းဖို့အောင်မြင်နိုင်ပါ့မလားသိချင်ပါတယ်၇ှင်။ နာမည်ပြောင်းသင့်မပြောင်းသင့်ပါ၇ှင့်။ Randomize က ၈ ပါ၇ှင့်
pannei သို့
ဒီနာမည်က အမှားမရှိပါဘူး။ ဒါပေမယ့် အဓိပတိနာမည်ဖြစ်လို့ ဘ၀မှာ တာဝန်ကြီးမားမှု၊ အခက်များမှု ရှိပေမယ့် အောင်မြင်မှုတော့ ရှိမယ့်နာမည်ဖြစ်တယ်။ ၁၈-၈-၁၉၈၃ မွေးတဲ့ ကြာသပတေးသမီးအတွက် အနာဂါတ်နဲ့ ပတ်သတ်ပြီး စိတ်ပူစရာ မရှိပါ။ ဒါပေမယ့် အတိုက်အခိုက်တော့ များမယ်။ အိုဇာတာ ကောင်းမယ်။
Dear Sayar,
My DOB is 30th JAN 1972 ( SUNDAY BORN), 11:45am.
Place of birth is Yangon ( S/Okkalapa).
I want to know when I could get a scholarship for studying abroad.
Government servant is good for me in the long run?
If I do my own business, what type of business is better for me?
The number in my mind is 23.
Thank you for your time Sayar.
aye aye lin သို့
တစ်ကြိမ်လျှင် မေးခွန်းတစ်ခုသာ မေးခွင့်ပြုတာ စုပြုံမေးတော့ ခေါင်းနဲနဲရှုပ်သွားတယ်။ စကောလားရှစ်ကတော့ ရမှာ သေချာ သလောက်ပါဘဲ။ ကျန်တာတွေတော့ နောက်မှ ပြန်မေးတာပေါ့။
ဆရာ
ကျမ ကျန်းမာရေးအခြေနေလေး သိပါရစေ
စနေသက္ခတ် ထဲရောက်တော့မှာမို့လို့ပါ
ကျေးဇူးပါဆရာ။
ကျမ မွေးသက္ကရာဇ်က 12 .2.1951 တနလာင်္ပါ။
မမြင့် သို့
စနေထဲကို ၀င်လာတာ တစ်ဝက်တောင် ကျိုးသွားပြီဘဲ။ ဧပြီလထဲတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလား။ ဖြစ်ဖြစ် မဖြစ်ဖြစ် နိုဝင်ဘာ (၁၂)ရက်ကနေ – (2011) ဇန်န၀ါရီ (၂၂)အတွင်း ကျန်းမာရေး တစ်ချက် သတိထားပါ။ ကျန်းမာရေး ညံ့စရာ ရှိတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး မတွေ့ပါ။
Dear Saya,
My date of birth is 22-04-1978 ,Saturday, 8:20 am.I like number 22.
I am now at Australia and looking for a job concerning medical position here.
May I know when I will get a job in Aussie? My visa will expiry on September 2010..
Please reply me Saya
With regards
ကိုNorman သို့
စက်တင်ဘာမှာ ဗီဇာသက်တမ်းကုန်မယ်ဆိုတော့ စိုးရိမ်စရာဘဲ။ ဒီအတောအတွင်း ဆေးပညာဆိုင်ရာ အလုပ်ရဖို့ တော်တော်ခဲယဉ်း နေပါတယ်။ သိပ်မလွယ်ဘူး ထင်ပါတယ်။ မိမိ ကိုးကွယ်တဲ့ ဘာသာတရားကိုသာ အားကိုးပါတော့။ ကံကောင်းလွန်းမှ ဘုရား မ, လိမ့်မယ်။
dear sayar,
i hv been waiting for this resumin’ of Q & A sections! I have wanted to ask you about something. My brother is a kind and considerate man. One of his close friends took my brother’s car. At first, my brother let him use just for a while. But his friend didn’t give him back. He has been using my brother’s car for a year and half already. Our family forced my brother to ask the car back. But his friend never pick the phone up. I am so worried that we may loss our brother’s car. Is there any possible way to get the car back. My brother’s date of birth is (28/4/1980). He is a Tuesday born. His car color is gray. His friend’s nick name is Naw Naw who is a Kachin. I don’t know his friend’s date of birth. Radom number in my mind is 27. Help me sayar. Thanks indeed for your kindness.
zin သို့
ဒီပြဿနာက နဲနဲ ရှုပ်ထွေးပြီး လျှို့ဝှက်ချက် တစ်စုံတစ်ခု ရှိကောင်း ရှိနိုင်ပါတယ်။ အစ်ကိုလုပ်တဲ့သူက တကယ်ပြန် တောင်းရင် ပြန်မရစရာ မရှိပါဘူး။ ဒါပေမယ့် သူနဲ့ သူ့ သူငယ်ချင်းအကြားမှာ ကိစ္စ တစ်ခုခု ရှိနေရင်တော့ မပြောတတ်ဘူး။ သူလုပ်ချင်တိုင်း လုပ်ဖို့က တရားဥပဒေ ရှိတာဘဲလေ။ တောင်းမရရန် တရားဥပဒေ အတိုင်း လုပ်ပေါ့။ မရစရာ မရှိပါဘူး။
ဆရာ
ကျွန်တော့်မွေးသက္ကရာဇ်က(၁-၉-၆၂)၊စနေနေ့၊၂၀း၃၅နာရီ၊(၁)ဂဏန်းပါ။ လက်ရှိအဆင့်မှာစိနီယာပါ။ဂျူနီယာတွေကျာ်ပြီးရာထူးတိုးနေပါပြီ။အသံကြားပြီးကျန် ကျန်နေပါတယ်။၂၀၁၃မှာ နှစ်ပြည့်ပင်စင်ယူဘို့တောင်စိတ်ကူးနေပါပြီ၊ရာထူးတက်ဘို့ရှိရင်ကူပါအုံး။ ရှက်လို့အပြင်တောင်သိပ်မထွက်ဖြစ်တော့ပါဘူး၊
ဦးထွန်းထွန်းဦး သို့
ရာထူးကတော့ တက်သင့်နေတာ အမှန်ပါ။ မပူပါနဲ့။ မွေးနေ့ ကျော်သွားပြီး အသက် (၄၉)ထဲမှာ တစ်ချက်၊ (၅၀)ထဲမှာ တစ်ချက် ရာထူးတက်ဖို့ (၈၀)% အထက်မှာ ရှိတယ်။ စောင့်ကြည့်ပါ။
ဆရာရှင့်ကျွန်မမွေးသက္ကရာဇ်က(၃၀-၈-၆၅)၊တနင်းလာ။ဂဏန်း(၃)။ကျန်းမာရေးအရမ်းချူ
ချာနေပါတယ်။အသဲကြီး။သိုင်းရွိုက်ထုတ်လို့ခေါင်းမူးဆေးကုနေရပါတယ်။အလုပ်တောင်
သိပ်မလုပ်နိုင်တော့ပါဘူး။ကြည့်ပေးပါအုံးဆရာ။လေးစားစွာဖြင့်။
မကြည်ကြည်လှ သို့
အသက် (၄၄)(၄၅)(၄၆)တွေက ကျန်းမာရေး ထိခိုက်ရမယ့် နှစ်တွေဖြစ်ပါတယ်။ အသက်အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် ထပ်ပြီး ခွဲစိတ်ကိန်းတော့ ရှိနိုင်တယ်။ (၄၆)နှစ်ကျော်မှ လူကောင်းပကတိ ပြန်ဖြစ်ပါမယ်။ ကောင်းတာက ဗိုလ်တထောင်ဘုရားက “ဆရာဦးအောင်ကြင်” ထံမှာ “န၀င်းယတြာ” သွားချေလိုက်ပါ။ ခွဲစိတ်ကိန်း လွတ်သွားနိုင်တယ်။ မဟုတ်ရင် ခွဲရလိမ့်ဦးမယ်။
ဖြူက ကြာသပတေးသမီးပါ ဆရာ။မွေးနေ့က၂၀-၁၁-၁၉၈၀ ပါ. ချစ်သူကတော့ အဂ်ါသားပါဆရာ…သူ့မွေးနေ့ကတော့၂-၁-၁၉၇၉ပါ.သူနဲ့ယူရင် အိမ်ထောင်ရေး အဆင်ပြေပါ့မလား သိချင်လို့ပါ.ခု လောလောဆည်မှာတော့ သူနဲ့ ဘာမှမဟုတ်တဲ့ကိစ္စနဲ့လည်း ပြသနာ ခနခန ဖြစ်နေလို့ပါ ဆရာ.သူ့ကို လက်တွဲဖို့ထိ ရည်ရွယ်ထားတာမို့ ဘယ်လိုနေရင် အဆင်ပြေနိုင်လဲဆိုတာ ကျေးဇူးပြူပြီး ဆရာ ဖြေကြားပေးပါနော် . သမီး စိတ်တအားညစ်နေရလို့ပါ. ကျေးဇူးတင်ပါတယ် ဆရာရှင့်
ဆရာရှင့် . ဂဏန်းလေး မေ့ကျန်နေခဲ့လို့ပါ ဆရာ.တောင်းပန်ပါတယ်ရှင့်.ဂဏန်းကတော့ ၁၁ ပါဆရာ. ကျေးဇူးတင်ပါတယ် ဆရာရှင့်
ဖြူဖြူ သို့
ကြာသပတေး နဲ့ အင်္ဂါ “မိတ်” ဖြစ်ပေမယ့် မဟာဘုတ်မှာ “ဘင်္ဂ” သားသမီးချည်းသာ ဖြစ်နေလို့ ယူရင် အိမ်ထောင်ရေး ပြဿနာကြီးပါတယ်။ “မူလမဟာဘုတ်” ရော “ဟူးရားမဟာဘုတ်” မှာပါ “ပက္ခတ်” မိနေလို့ အနာဂါတ်မကောင်းလှတဲ့ အိမ်ထောင်ရေးမျိုး ဖြစ်တတ် ပါတယ်။
Dear Sayar,
I would like to say thank you for your prediction. Now I got job offer and found that your talk is amazingly true. Furthermore, I am facing awkward situation like what you said “pint ku”. I have been suffering from complicated things that my bf had done. still can’t sove the problem. I do want to get clear situatuion. Could you please advise any ‘ ယတြာ’ for me? Now my question is when I can be free from this difficulties , sayar. Randomize number is 33. Thank you and wish you healthy and peaceful life ever after.
မစီစီ သို့
ရက်ပိုင်းအတွင်း အလုပ်ရတော့မယ်ဆိုတာ မှန်တယ်ဆိုလို့ အထူးဝမ်းသာမိပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲက ပြေလည်ကိန်း ရှိပါတယ်။ ဗုဒ္ဓဘာသာဆိုရင် အိမ်က မိဘတွေကို ကိုယ့်အတွက်ရည်စူးပြီး “ရွှေတိဂုံ” ဘုရားမှာ “ရွှေဆိုင်း” သက်စေ့ လှူဒါန်း ခိုင်းလိုက် ပါ။ ပြီးရင် ညအိပ်ယာဝင်ဖြစ်စေ၊ အိပ်ယာထဖြစ်စေ မိမိနေအိမ်ကဘုရားမှာ “ရေချမ်း(၇)ခွက်” ကပ်လှူပြီး ဘုရားစင်ရှေ့မှာ “လောက၀ိဒူ” ဂုဏ်တော်ကို ပုတီး(၇)ပါတ် စိတ်ပါ။ (“လောက၀ိဒူ” ဆိုရင် ပုတီးတစ်လုံးချ) အခက်အခဲက လွတ်မြောက်သွားပါလိမ့်မယ်။
dear sir,
i’d like to know that can i become a doctor in untied states? i want to apply the job after september, is it ok for me? i took the exam last month but i could not take well. my date of birth is 9/9/1982. i like no is 9.
thanks for answering me.
best regards,
မ phyu သို့
လောလောဆယ် ဆန္ဒပြည့်ဝဖို့ သိပ်မမြင်သေးပါ။ အသက် (၃၀)ကျော်သွားရင်တော့ ပြန်ကြိုးစားကြည့်ပါဦး။
ကျွန်တော်နံမည် စိုင်းဘိုပါ 1976-4-23 သောကြာသား ဖြစ်ပါတယ် အကြိုက်ဆုံးနံပါတ်ကတော့ 5 ဂဏန်းပါ။ ကျွန်တော်အမျိုးသမီးကတော့ ခိုင်ခိုင် လို့ခေါ်ပါတယ် 1984-2-27 တနင်္လာသမီး ဖြစ်ပါတယ် သူ့ရဲ့အကြိုက်ဆုံး နံပါတ်ကတော့ 9 ဂဏန်းဖြစ်ပါတယ်….။ကျွန်တော်တို့နှစ်ယောက်ဟာ ဒီလပိုင်း 14 နေ့ကစပြီး စကားများရန်ဖြစ်ရင်နဲ့ အခုဆို တစ်ယောက်တစ်နေရာစီ နေနေပါတယ်…ကျွန်တော့်ဘက်က အလျှော့ပေးထားပေမဲ့ သူ့ဘက်ကမလျှော့ပါဘူး ကွဲမယ်တကဲကဲပါပဲ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ကွဲနိုင်လား? သို့တည်းမဟုတ် ပြန်ကောင်းလာနိုင်စရာရှိလား? ဆိုတာလေး သိချင်ပါတယ်…. ဆရာ့ကိုကျေးဇူးအထူးတင်ပါတယ် …ဆရာနေကောင်းကျမ္မာပါစေ။
ကိုစိုင်းဘို သို့
အဖြေဖြေတာ နောက်ကျသွားပေမယ့် ကိုစိုင်းဘိုရဲ့ စာကိုတော့ အသေအချာ ဖတ်ပြီးပါပြီ။ အတိုချုပ် ပြောရရင်တော့ ဒီအိမ်ထောင်ရေးက လမ်းဆက် လျှောက်လို့ မရတော့ပါဘူး။ ရေစက်က နည်းပါတယ်။ ပြန်ပြီး အဆင်ပြေတယ်ဆိုရင်တောင်မှ နောက်ထပ် ပြဿနာ တစ်ခုမဟုတ် တစ်ခု လာဦးမှာပါ။ နှစ်ယောက်လုံးမှာ အိမ်ထောင်(၂)ဆက်ဖြစ်ရမယ့် ဇာတာ ပါနေကြလို့ပါ။ စိတ်မကောင်းပါဘူး။ ကိုယ့်ကံအကြောင်းဘဲ လို့သာ သဘောထားလိုက်ပါတော့လေ။
မဂ်လာပါဆရာ
ကျွန်မရဲ့မွေးနေ့က 4.6.1983ပါ။စနေသမီးပါ။ဂဏန်းကတော့ 9 ပါ။
အလုပ်နဲ့ပတ်သတ်ပြီးမေးချင်လို့ပါရှင်။
လက်ရှိ မှာ စာရင်းကိုင်အလုပ်နဲ့companyတခုမှာလုပ်နေပါတယ်။
လက်ရှိအလုပ်မှာတက်လမ်းရှိမရှိသိချင်ပါတယ်။ဒါမှမဟုတ်တခြားနေရာ
ပြောင်းသင့်မပြောင်းသင့်သိချင်ပါတယ်။ဘယ်လိုအလုပ်ကကျွန်မအတွက်
အဆင်ပြေမလဲဆိုတာလည်းသိချင်ပါတယ်။
အမှားပါရင်ခွင့်လွှတ်ပါဆရာ။
ကျေးဇူးတင်ပါတယ်ရှင်။
မ htet htet သို့
လက်ရှိအလုပ်မှာ တက်လမ်းရှိပါတယ်။ ပြောင်းဖို့ မကောင်းဘူး လို့ဘဲ ယူဆပါတယ်။ ရှေ့လာမယ့် နှစ်တွေက ကိုယ့်အတွက် ကံကောင်းတော့မယ် နှစ်တွေဖြစ်နေပါပြီ။ ဆက်ပြီး အားတင်းထားပေါ့။
Dear sir
01/08/1981 it is my birthday sir when i marry my wife it beauty or not young or old
မင်္ဂလာပါဆရာ.. မေးခွန်းတွေ ပြန်မေးခွင့်ပြုလို့ ကျေးဇူးများကြီးတင်ပါတယ်ဆရာ.. US ကအလုပ်တခုကို အသိညီမလေးတယောက်ကလျောက်ပေးလို့ ဇွန်လ၁၅ရက်နေ့ မှာ ဖုန်းနဲ့ အင်တာဗျူးဖြေရဖို့ ရှိတယ်ဆရာ။အဲဒီအလုပ် ရမရ အဆင်ပြေမပြေဖြစ်နိုင်ခြေ ရှိမရှိ၊ ကျနာ့်အတွက် ကောင်းမကောင်းသိချင်လို့ ပါဆရာ..။ ၂၆.၁၁.၈၂..သောကြာနေ့ နံနက်၈နာရီခွဲမှာ မွေးတာပါဆရာ..စိတ်ထဲပေါ်လာတဲ့ဂဏန်းကတော့ ၃၆ ပါဆရာ..။ ဆရာနှင့်မိသားစု ကျန်းမာ ရွှင်လန်းကြပါစေနော်..။
လဲ့မွန်သော် သို့
US အလုပ်က ဟုတ်မလိုလို နဲ့ မဟုတ်ဘူး ဖြစ်သွားတတ်တယ်။ အနှောင့်အယှက်တွေ ရှိနေတယ်။ အခုဆို အဖြေသိရရောပေါ့နော်။ အဆင်ပြေမယ်လို့ မထင်ဘူး။ အခက်အခဲ များလိမ့်မယ်။
ကျွန်မမွေးနေ့က ၁၈.၄.၁၉၉၀ ဗုဒ္ဓဟူး ပါ။ သိချင်တာက အချစ်ရေး အိမ်ထောင်ရေးပါ။ ချစ်သူရဲ့မွေးနေ့ က၁၈.၃.၁၉၉၀ တနင်္ဂနွေသားပါ။ ကျွန်မတို့နှစ်ယောက် ဘယ်တော့လောက် လက်ထပ်နိုင်မလဲ သိချင်တာပါဆရာ။ ဆွေမျိုးတွေ သိပ်သဘောမကျလို့ပါ။ ကျွန်မတို့နှစ်ယောက်ကတော့ အဆင်ပြေပါတယ်။ အဲဒါ ကျွန်မတို့နှစ်ယောက် အိမ်ထောင်ရေးသာယာနိုင်ပါ့မလားဆရာ။ သားသမီးရောရနိုင်လား။ ချမ်းချမ်းသာသာနေနိုင်ပါ့မလားဆရာ။ စိတ်ထဲပေါ်လာတဲ့ဂဏန်းက (၂) ပါ။
ကျေးဇူးပါရှင့်။
sy သို့
အိမ်ထောင်ရေး အဆင်မပြေမှုတွေ များပြားလှတဲ့ ဒီခေတ်ကြီးမှာ ရှားရှားပါးပါးတွေ့ရတဲ့ စုံတွဲပါဘဲ။ ချမ်းချမ်း သာသာနေရ/မနေရတော့ မပြောတတ်ဘူး။ အိမ်ထောင်ရေးတော့ သာယာလိမ့်မယ် (တော်ပြီပေါ့၊ ဒါအရေးကြီးဆုံးဘဲ) ဆွေမျိုးတွေ ဘာပြောပြော လက်ထပ်ဖြစ်အောင် လက်ထပ်ပါလို့ တိုက်တွန်းလိုက် ပါတယ်။ နှစ်ယောက်လုံးအသက် (၂၃)ထဲမှာ လက်ထပ်ဖို့ သင့်တယ်။ ချစ်စရာကောင်းတဲ့ သားသမီးတွေ ရဦးမယ်။
ကျနော်က အောင်ကျော်လင်း ၁၃၄၃ (၁၉၈၁) ကဆုန်လဆန်း ၁၄ ရက် ( မေလ ၁၇ ) တနင်္ဂနွေ နေ့မွေးဖွားပါတယ်… အိမ်ထောင်ကျမယ့် အသက်အရွယ်နဲ့ ဘယ်လိုမိန်းမမျိုးနဲ့ ရနိုင်မယ်ဆိုတာ သိချင်ပါတယ်…
ဂဏန်းကတော့……………… ၃ ဖြစ်ပါတယ်..
ကျေးဇူးတင်ပါတယ်
ကိုအောင်ကျော်လင်း သို့
အသက် (၃၃),(၃၄) နဲ့ (၃၆)နှစ်များမှာ အိမ်ထောင်ကျကိန်း ရှိတယ်။ (၃၃)(၃၄)မှာ ကျရင် ကောင်းတယ်။ (၃၆)မှာ ကျရင် မကောင်းဘူး။ အခု အသက် (၃၀)ထဲမှာတောင် အိမ်ထောင် ကျကိန်း တစ်ချက်ရှိတယ်။ (အားမကောင်းပါ)။ ဘယ်လို မိန်းမမျိုးနဲ့ အိမ်ထောင်ကျမယ်ဆိုတာတော့ တွက်ရတာ ဦးနှောက်စားလွန်းလို့ ဘယ်သူ့ကိုမှ တွက်မပေးတော့ပါ။
may i know when will my marriage come & with who?my birthday is 31.08.1991(05:25am).thank you for your kindness.
ဆရာ..
ကျမ ၁.၁၁.၁၉၈၄ (ကြာသာပတေး) ဖွားပါ။ ကျမ အမျိုးသားက ၁၀.၀၆.၁၉၈၄( တနင်္ဂနွေ) ဖွားပါ။ ကျမတို့ အိမ်ထောင်သက်က လပိုင်းသာရှိပါသေးတယ်။ ကျမ အမျိုးသား မမျှော်လင့်ပဲ ရုတ်တရက်ဆုံးသွားခဲ့ပါတယ်။ ကျမတို့ ရဲ့ အိမ်ထောင်ကံက အလွန် မကောင်းတာလား ကျမသိလိုပါတယ်။ ကျမရဲ့ အိမ်ထောင်ကံ အကြောင်းသိလိုပါတယ်။ကျေးဇူး တင်လျက်ပါ။ ဆရာ ကျန်းမာပါစေ။
ဂဏန်းရွေးပေးဖို့ ကျန်ခဲ့လို့ပါရှင်။
နံပါတ် ၉ ပါရှင်။
မ Swe သို့
စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ တစ်ဦး နဲ့ တစ်ဦး မတည့်တာမျိုးမဟုတ်ဘဲ “သေကွဲ” ကွဲရတာ ဆန်းကျယ်သလို ပညာလည်း တိုးပါတယ်။ တစ်ခု ပြောနိုင်တာ နှစ်ယောက်စလုံး (၂)ကြွင်းချည်းသာ ဖြစ်ခြင်း၊ Current of Destiny မကောင်းသော 1984 မှာ မွေးဖွားသူအချင်းချင်းဖြစ်ခြင်းများက အရေး ပါပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အိမ်ထောင်ရေးဟာ (၁) အိမ်ထောင်ရေး မသာယာခြင်း (၂) အိမ်ထောင်ရေး သာယာလျှင် စီးပွားမဖြစ်ထွန်းခြင်း (၃) အိမ်ထောင်ရေးလည်း သာယာ / စီးပွားလည်း ဖြစ်ရင် “သေကွဲ” ကွဲရခြင်း တစ်ခုမဟုတ် တစ်ခု ကြုံဆုံနေမယ့် ဇာတာမျိုးဖြစ်ကြောင်း လေ့လာ တွေ့ရှိရ ကြောင်းပါ။ အိမ်ထောင်ရေး အကျိုးမပြုသော ဇာတာရှင် ဖြစ်ပါတယ်။
ဆရာ … အမေးအဖြေကဏ္ဍ ပြန်ဖွင့်ထားတာလေး ရိပ်ကနဲ တွေ့လိုက်လို့ ၀င်မေးတာပါ။ သမီး ပညာရေးအတွက် တစ်ခုလောက် မေးပါရစေဆရာ။ part-time တက်နေရာကနေ full-time တက်ချင်ပါတယ်။ မြန်မြန်ပြီးအောင်လို့ပါ။ အဲဒါ သမီးကို full-time ထားနိုင်ဖို့အတွက် မိဘ ငွေရေးကြေးရေး ဘယ်တော့ အဆင်ပြေမယ်ဆိုတာလေး သိပါရစေ။ မွေးရက်က၂၅.၈.၁၉ ၈၇ (အင်္ဂါသမီးပါ)။ စိတ်ထဲက ပေါ်လာတဲ့ ဂဏန်းကတော့ 33 ဖြစ်ပါတယ်။
SMMS သို့
full-time တက်ဖို့ကိစ္စ မိဘအဆင်ပြေသည်ဖြစ်စေ/မပြေသည်ဖြစ်စေ တက်ဖို့အခွင့်အလမ်းပေါ်လာမယ်။ တစ်နှစ်အတွင်း ဒီကိစ္စ ဖြစ်လာ လိမ့်မယ်။ တက်ခွင့်ရမယ်။
ဆရာ
ကျမက၁၆.၁၁.၇၆ ပါဆရာကျမမိသားစုမှာငွေကြေးအခက်ခဲလေးရှိနေပါတယ်အဲဒါလေး
သိချင်ပါတယ်ဆရာ.ကျမကအင်္ဂါသမီးပါဆရာ.နံပတ်ကတော့(၇)ပါဆ၇ာ.နောက်ကျမချစ်သူ
နဲလက်ထပ်ဖြစ်ပါမလားဆရာသူက၂၃.၂.၆၈ပါသောကြာသားပါဆရာ..ကျေးဇူးတင်ပါတယ်ဆရာ
မ san သို့
ငွေကြေးကိစ္စ တစ်နှစ်အတွင်း မပြေလည်နိုင်သေးပါ။ ချစ်သူနဲ့ကတော့ (သောကြာသားဆိုရင်) လက်ထပ်ဖြစ်မယ်။ ဒါလည်း တစ်နှစ်ကျော် စောင့်ရပါဦးမယ်။