eight-changes-the-trigrams-and-yin-and-yangယနေ့သည် ကျွန်ုပ်နှင့် ကိုသိန်းဖေ တွေ့ဆုံနေကြနေ့ဖြစ်ပြီး ယနေ့ဆွေးနွေးမည့် အကြောင်း အရာ မှာ (8)ဂဏန်း သမားများ အကြောင်း ဖြစ်လေသည်။

ကိုသိန်းဖေ။ ။ ဘယ်နှယ့်လဲ ဆရာ။ ပို့စ်တွေ တင်တာ ကြဲသွားပါလား။

ကျွန်ုပ်။ ။ အေးဗျာ။ မေးခွန်းတွေကို ဟိုထဲဝင်မေး၊ ဒီထဲဝင်မေး ဖြစ်နေလို့ တစ်စုတစ်စည်းထဲ ဖြစ်အောင်ဆိုပြီး အမေး/အဖြေ ကဏ္ဍကို လုပ်လိုက်တာ ၀င်လာတဲ့ လူကို မနည်းဘူးဗျ။ ကျွန်တော် တစ်နေ့ကို ဖြေနိုင်တာက (၁၀)ယောက် လောက် ၊ ၀င်လာတာက အယောက် (၃၀)လောက် ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိပါဘူးဗျာ။ တစ်ဖက်ကလည်း ကိုယ့်ဝမ်းရေးအတွက် အလုပ်လုပ် ရသေးတယ် လေ။ ပို့စ်တွေလည်း မှန်မှန် မတင်နိုင်တော့ဘူး။ ဒီကြားထဲမှာ MRTV-4 မှာ ကျွန်တော့် ဘလော့ဂ်အကြောင်း ပါလာတယ် ပြောတာဘဲဗျ။ အဲဒါကြောင့်လား မသိဘူး။ ကျ , လိုက်တဲ့ လူတွေဗျာ။ စိတ်တောင် ညစ်စ, ပြုလာပြီ။ ဗေဒင် မဟောချင် ပါဘူးဆိုမှ မေးလိုက် ကြတာဗျာ။

.

ကိုသိန်းဖေ။ ။ အဲဒါကြောင့် “ကိုယ့်အတတ်၊ ကိုယ်စူး” ဆိုတဲ့ စကားပုံ ပေါ်လာတာပေါ့ဗျာ။ ကဲ- ဆရာ ရေ။ စိတ်ညစ်တာ နောက်မှ ညစ်။ ကျွန်တော်တို့ ပုံမှန် တင်ဆက်မှုလေး စ,လိုက်ကြရအောင်။

.

ကျွန်ုပ်။ ။ ကိုသိန်းဖေ- ရေ။ (8)ဂဏန်းဟာ(1)ကနေ (9)အတွင်းမှာ ရှိတဲ့ ဂဏန်းထဲမှာ အတော်စွမ်းအားထက်မြက်တဲ့ ဂဏန်းတစ်ခုလို့ ဆိုရမယ်ဗျ။ သူဟာ စနေဂြိုဟ် (Satan)ရဲ့ အမှတ်အသား သင်္ကေတဖြစ်ပြီး ရှေးဟောင်း ဂရိ ဒဏ္ဍာရီတွေမှာရော၊ ခေတ်သစ် ခရစ်ယာန် ဘာသာမှာရော မကောင်းတဲ့ “နတ်ဆိုး” “မာန်နတ်” အဖြစ် သတ်မှတ်ကြတယ်ဗျ။ ခရစ်ယာန်ဘာသာမှာ ဘုရားသခင်ကို အံတုပြီး ဒုက္ခပေးတဲ့ ဇာတ်ကား တွေ မြန်မာနိုင်ငံမှာ တော်တော်များများ ကြည့်ဘူးကြမှာပါ။ သူဟာ အခါအခွင့် သင့်တိုင်း ဘုရားသခင် နဲ့ လူသားတွေကို ဒုက္ခပေးတတ် တယ်လို့ ယူဆကြတယ်ဗျ။ (8)ဂဏန်းဟာ (4)ဂဏန်းနဲ့ ကမ္ဘာရန်လို့ ဆိုရမယ်။ သူတို့ နှစ်ဦးတွေ့တိုင်း ပြင်းထန်တဲ့ ဘေးဒုက္ခတွေ ဖြစ်တတ်တာကို သချာင်္ဗေဒ ပညာရှင်တွေဟာ အတော်ကို လေးလေးနက်နက် ယုံကြည်ကြတယ်ဗျ။ ဒီဂဏန်း (၂)ခုဟာ မတည့်ကြပေမယ့် တစ်ခုနဲ့တစ်ခု ဆွဲအားတော့ အတော်ပြင်းထန်တယ် ဆိုရမယ်ဗျ။ ဘာကြောင့်လဲ ဆိုရင် လင်မယားစုံတွဲ အတော်များများကို လေ့လာကြည့်တဲ့အခါ (4)ဂဏန်းသမား နဲ့ (8)ဂဏန်း သမားတွေ ရကြတာ တော်တော်များတယ်။ ရပြီးတော့လည်း မတည့်ကြဘူး။ အဆင်မသင့်ရင် ကွဲကြပြန်ရော။

ကိုသိန်းဖေ။ ။ ဒီလိုဆိုရင် (8)ဂဏန်းဟာ မာန်နတ်ရဲ့ သင်္ကေတဆိုတော့ (8)ဂဏန်း သမားတွေဟာ လူဆိုးတွေလို့ ပြောလို့ရမလား ဆရာ။

ကျွန်ုပ်။ ။ အဲသည်လိုတော့လည်း ပြောလို့ မရပြန်ဘူးဗျ။ ဂဏန်းသဘောအရတော့ ဟုတ်တယ်။ ဒါပေမယ့် (8)ဂဏန်းသမားတွေထဲမှာ လူကောင်းတွေ၊ လူ့လောကကြီးကို အကျိုးပြုသူတွေ အများကြီးဗျ။ (8)ဂဏန်းသမားတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေကို ဖြတ်သန်းရပေမယ့် သူများတွေကို ဒုက္ခပေးတဲ့လူတွေလို့ တော့ သတ်မှတ်လို့ မရပြန် ဘူးဗျ။ အထူးသဖြင့် (17)ရက်မှာ မွေးတဲ့ (8)ဂဏန်းသမားတွေဟာဆိုရင် စိတ်ထားနူးညံ့ကြပြီး လူ့လောကကို အကျိုးပြုသူတွေ ၊ အေးအေးချမ်းချမ်း နေတတ်ကြသူတွေ များတာ ကို တွေ့ရတယ်ဗျ။

ကိုသိန်းဖေ။ ။ (8)ဂဏန်းရဲ့ ထူးခြားတဲ့ သင်္ကေတ လေးတွေကရော ဆရာ။

ကျွန်ုပ်။ ။ အရပ် (၈)မျက်နှာ နဲ့ ဂြိုဟ်ကြီး (၈)လုံး၊ ငရဲဘုံ (၈)ထပ်၊ လောကဓံတရား (၈)ပါး၊ မဂ္ဂင် (၈)ပါး၊ ဗုဒ္ဓဘာသာတွေ ဥပုဒ်စောင့်တဲ့ (၈)ပါးသီလ၊ ဘုရားဂုဏ်တော်တွေမှာ ၀ိဇ္ဇာ(၈)ပါးဂုဏ်တော်၊ မဟာဘုတ်မှာ သက်ရောက်ဂြိုဟ် (၈)လုံး၊ ပထ၀ီ၊ ၀ါယော၊ အာပေါ၊တေဇော ဆိုတဲ့ ဓာတ်ကြီး (၄)ပါးကို အဖို , အမ ခွဲလိုက်ရင် ဓာတ် (၈)ပါးပွားများခြင်း၊ စစ်အင်္ဂါ (၈)ပါး၊ တွေဟာ (8)ဂဏန်းနဲ့ သက်ဆိုင်တဲ့ သင်္ကေတာတွေဘဲ ဖြစ်ပါတယ်။ နောက်တစ်ခုက တရုတ်လူမျိုး တို့ရဲ့ “ယိကျင်း”ဗေဒင်ပညာမှာ “ယင်ဓာတ်” နဲ့ “ယန်ဓာတ်”ကို အခြေခံထားပြီး “တြိရေခါ (8)ခု” နဲ့ ဖွဲ့စည်း တည်ဆောက် ထားတာဖြစ်ပါတယ်။

ကိုသိန်းဖေ။ ။ (8)ဂဏန်းသမားတွေရဲ့ စရိုက်လက္ခဏာတွေကို ပြောပြပါဦး ဆရာ။

ကျွန်ုပ်။ ။(8)ဂဏန်းသမားတွေဟာ ငယ်စဉ်ဘ၀မှာ လောကဓံများခဲ့ကြသူတွေများပြီး ဒုတိယ၊ တတိယ အရွယ်မှာ ကောင်းစားကြတာ များတယ်ဗျ။ သူတို့ဟာ ဘ၀မှာ နေရာကောင်းတစ်ခုရဖို့ အခက်အခဲပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာကို အရင်းတည်ပြီးမှ ရလာကြသူတွေများတယ်ဗျ။ ရွှေဇွန်းကိုက်မွေးလာသူတွေ ရှိကောင်းရှိပေမယ့် အလွန်နည်းပါတယ်။ သူတို့ဟာ ဇွဲကောင်း၊ သတ္တိကောင်းသူတွေဖြစ်ပြီး ၀ီရိယလည်း ကောင်းတတ်ကြတယ်။ လောကဓံတရားကို ခံနိုင်ရည် ရှိသူတွေဖြစ်ကြတယ်။

= (8)ဂဏန်းသမားတွေဟာ အခက်အခဲ ပြဿနာတွေနဲ့တွေ့ရင် နောက်ဆုတ်ပြေးလေ့မရှိဘဲ ရင်ဆိုင် ဖြေရှင်းလေ့ ရှိသူတွေ ဖြစ်တယ်။ သူတို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လကြောင့် နောက်ဆုံးမှာ အောင်ပွဲခံရတာများတယ်။ လုံးဝ သုံညဘ၀မျိုး ရောက်သွားရင်တောင်မှ မီးလျှံငှက် (Phoenix) လို ပြာပုံထဲက ပြန်ရှင်သန်လာနိုင်သူတွေဖြစ်တယ်။ (26)ရက်နေ့မှာ မွေးတဲ့ တရုပ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး “မော်စီတုန်း” ဆိုရင် “ချန်ကေရှိတ်” ရဲ့ တိုက်ခိုက်မှုတွေကို မခံနိုင်တော့လို့ မြောက်ပိုင်း မိုင် (5000)ခရီး အထိဆုတ်ခွာပြေးခဲ့ရပေမယ့် နောက်ဆုံးမှာတော့ တရုပ်ပြည်ကြီးကို ပြန်လည် သိမ်းပိုက် နိုင်တဲ့ ဇွဲနဘဲက (8)ဂဏန်းသမားတွေရဲ့ သတ္တိဘဲဗျ။

= (8)ဂဏန်းသမားမှန်ရင် ဘ၀ကို ကိုယ့်ဘ၀ကိုယ် တည်ဆောက်နေတတ်ကြသူ၊ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားသူတွေ များတယ်ဗျ။ သူတို့ဟာ အသောက်အစား၊ အပျော်အပါးတွေကို သိပ်ခုံမင်လေ့မရှိဘဲ အလုပ်ကို ပိုပြီး ဦးစားပေးတတ်ကြသူများ ဖြစ်တယ်။ အပျော်အပါးရှိသင့်သလောက်တော့ ရှိမှာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ခေါင်းထဲမှာ စွဲဝင်နေတာကတော့ “အလုပ်” ဘဲဗျ။ “အောင်မြင်ကြီးပွားရေး” ဘဲဗျ။

= သူတို့ဟာ လက်တွေ့ကျသူများဖြစ်ပြီး စိတ်ကူးယဉ်တတ် ကြသူများမဟုတ်ဘူး။ လောကကြီးမှာ ကိုယ်လိုချင်တာရဖို့ တန်ရာတန်ကြေးပေးရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်ကြသူများဖြစ်တယ်။ အချောင်လမ်းစဉ်လိုက်သူ နည်းပါးတယ်။

= (8)ဂဏန်းသမားအတော်များများဟာ ကပ်စေးနဲ ချွေတာ တတ်ကြသူများဖြစ်ပြီး ငွေကြေးကို အလဟသ သုံးဖြုန်းပစ်လေ့မရှိတတ်ကြဘူး။ သူတို့ သုံးစွဲရင်လည်း “ထောင်မြင်၊ ရာစွန့်” သဘောမျိုး စွန့်လွှတ်တာမျိုးဖြစ်တတ်တယ်။ ဒါပေမယ့် သူတို့ သဒ္ဓါရက်ရောမိပြီ ဆိုရင်တော့ လုံးဝမငဲ့ကွက်ဘဲ လှူဒါန်း တတ်ကြတဲ့သူတွေဖြစ်တယ်ဗျ။ အမေရိကန် ရေနံသူဌေးကြီး “ဂျွန်ဒီရောက်ဖဲလား” ဆိုရင် ကပ်စေးနဲတဲ့နေရာမှာ အလွန်နာမည်ကြီးပေမယ့် သူမသေခင်မှာ “ရောက်ဖဲလားဖောင်ဒေးရှင်း” ဆိုတဲ့ အဖွဲ့ကြီးကို ဒေါ်လာ သန်းရာနဲ့ ချီပြီးတည်ထောင်ခဲ့တယ်။ အဲဒီဖောင်ဒေးရှင်းဟာ ဆေးဝါး ထုတ်လုပ်ရေးနဲ့ သုတေသန အတွက်ဖြစ်ပြီး ဒီအဖွဲ့ရဲ့ ကျေးဇူးကြောင့် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင် နိုင် ခဲ့တဲ့ သာဓကတွေရှိတယ်ဗျ။

= (8)ဂဏန်းသမားအတော်များများဟာ သူများကို ဒုက္ခမပေးတတ်ကြတာများပေမယ့် သူတို့ကို ဒုက္ခပေးလာသူများကိုတော့ ပြန်ပြီး လက်စားချေရမှ ကျေနပ် သူများဖြစ်တယ်။ သွေးအေးအေး၊ ခေါင်းအေးအေးနဲ့ စနစ်တကျ အကွက်ချပြီး တန်ပြန် ထိုးနှက်တတ်ကြတယ်။

= သူတို့ဟာ နဲနဲတော့ ပေါင်းဖို့သင်းဖို့ ခက်ခဲသူတွေဖြစ်တတ်တယ်။ လူ့ဂွစာတွေလည်း ပါတတ်တယ်။ အကြောင်းသိသွားရင်တော့ အလွန်ပေါင်းလို့ သင်းလို့ ကောင်းတဲ့သူတွေ ဖြစ်တယ်။ ကိုယ့်မိတ်ဆွေကောင်းတွေအပေါ်မှာ သစ္စာရှိတတ်ကြသူများဖြစ်တယ်။

= (8)ဂဏန်းသမားတွေဟာ ထိပ်ဆုံးကို ရောက်လာရင် လွယ်လွယ်နဲ့ ပြန်လည် ကျဆုံးသွားဖို့ မလွယ်လှဘူး။ ဒီနေရာမှာ တော့ (4)ဂဏန်းသမားတွေနဲ့ ဆန့်ကျင် ဘက်ဘဲ။ (4)ဂဏန်းသမားတွေက “ကနေ့သူဌေး၊ မနက်ဖြန်ခွေး” ဆိုတာမျိုး မကြာခဏဖြစ်တတ်တယ်။

= သူတို့တစ်တွေဟာ လူကြည့်ရင် သိပ်အထင်ကြီးစရာမရှိပေမယ့် အလွန်လိမ္မာပါးနပ်ကြသူများဖြစ်တယ်။ ရှေ့ရေးကို ကြိုတင် သိမြင်တတ်ပြီး အနာဂါတ်မှာ ဖြစ်လာမှာ တွေကို တွက်ချက်တဲ့ နေရာမှာ အလွန်တော်သူတွေဖြစ်တယ်။

ကိုသိန်းဖေ။ ။ (8)ဂဏန်းသမားတွေရဲ့ အိမ်ထောင်ရေး၊ အချစ်ရေး နဲ့ မိတ်ဘက်တွေကို ပြောပြပါဦးဆရာ။

ကျွန်ုပ်။ ။(8)ဂဏန်းသမားတွေဟာ အချစ်ရေး နဲ့ အိမ်ထောင်ရေးမှာ အေးစက်စက် နိုင်ကြသူများဖြစ်တတ်တယ်။ သူတို့ဟာ သူတို့အချစ်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် ပြသလေ့မရှိတတ်ကြဘူး။ အချစ်ရေး အိမ်ထောင်ရေးတွေမှာ သစ္စာရှိတတ် ကြသူများဖြစ်တယ်။ ဒါပေမယ့် (26)ရက်ဖွား တွေ ကျတော့ သစ္စာတရား သိပ်တန်ဖိုးမထားတတ်ကြ ပြန်ဘူးဗျ။ ဒါပေမယ့် အိမ်ထောင့်ဝတ္တရားတော့ ကျေပွန်ကြတဲ့ သူတွေဖြစ်ကြပြန်တယ်။ နောက်တစ်ခုက သင်္ချာသဘောအရ (8)ဂဏန်းနဲ့ တည့်တဲ့ ဂဏန်း ရှားပါတယ်။ (1)ဂဏန်း , တနင်္ဂနွေဂြိုဟ်ဆိုတဲ့နေမင်းကို ဖက်ပြိုင်တုပနိုင်စွမ်းရှိတာ (8)ဂဏန်းဘဲရှိတော့ သူနဲ့လည်း မတည့်ဘူး။ (2)ဂဏန်းသမားကျတော့ အလွန်အားပျော့တဲ့အတွက် သူလုပ်သမျှ ခံရမယ့် ဂဏန်းမျိုးဖြစ်တယ်။ ကြာသပတေးဂြိုဟ် (3)ဂဏန်း သမားကျတော့ ဘုရားသခင်၊ တရားဓမ္မကို အစိုးရတဲ့ဂြိုဟ်ဖြစ်ပြီး (8)ဂဏန်းက မိစ္ဆာဂြိုဟ် အမှတ်အသားဖြစ်တော့ မတည့်ပြန်ဘူး။ လူချင်းတည့်ချင်တည့်မယ်။ ဓာတ်မတည့်ဘူး။ (4)ဂဏန်း သမားနဲ့ ကျတော့ ကမ္ဘာရန်။ အဲ- (5)ဂဏန်းသမားကတော့ အားလုံးနဲ့ မိတ်ဖြစ်အောင် ပေါင်းနိုင်တော့ တည့်တယ်လို့ ဆိုရမယ်။ (6)ဂဏန်းသမားတွေကလည်း ငြိမ်းချမ်းရေးသမားတွေ ဆိုတော့ (8)ဂဏန်းကို သည်းခံနိုင်စွမ်းရှိတယ်။ (7)ဂဏန်းသမား နဲ့လည်း သဟဇာတ ဖြစ်တာကိုတွေ့ရပြန်ပါတယ်။ (8)ဂဏန်းသမားခြင်းလည်း မဆိုးပါဘူး။ (9)ဂဏန်းနဲ့ကျတော့ စနေ အင်္ဂါ တွဲမိရင် ဘေးဥပဒ်ဆိုးတွေ၊ သွေးထွက်သံယိုမှုတွေ အနိဌာရုံတွေ ဖြစ်နိုင်ပြန်ပါရော။

ဒီတော့ (8)ဂဏန်းနဲ့ လောက်လောက်လားလား တည့်တာဆိုလို့ (5)(6)(7) နဲ့ သူနဲ့ မျိုးတူ (8) ဘဲဆိုရမယ်ဗျ။ ဒီနေရာမှာတော့ ကျွန်တော့် အယူအဆ တွေက ဂဏန်းဗေဒင် စာအုပ်ထဲတွေ ထဲကနဲ့ ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က လက်တွေ့လေ့လာပြီးမှ ပြောတာဆိုတော့ သိပ်မယုံရင် ကိုယ်တိုင် ကွင်းဆင်း လေ့လာကြပေတော့ဗျာ။

ကိုသိန်းဖေ။ ။ (8)ဂဏန်းသမား (၃)မျိုးရဲ့ သီးခြား စရိုက်လက္ခဏာတွေကိုလည်း ပြောပြပါဦး ဆရာ။

ကွန်ုပ် ။ ။ အင်္ဂလိပ် (8)ရက်နေ့မှာ မွေးတဲ (8) ဂဏန်းကတော့ “ထီးတည်း” ဂဏန်းသမားတို့ရဲ့ထုံးစံအတိုင်း ပေါင်းရ၊ သင်းရ ကြပ်တတ်တယ်။ နဲနဲ ဂွကျကျ လူစားမျိုးတွေဘဲ။ အလုပ်ကြိုးစားတယ်။ ဇွဲနဘဲ ကြီးတယ်။ ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်တယ်။ အပြောအဆိုတိုတောင်းတတ်တယ်။ မာယာ ပရိယာယ် မရှိတတ်ဘူး။ ကျေးဇူးတရားကိုလည်း အလွန်သိတတ် သူများဖြစ်တယ်။ ကပ်စေးနဲ လက်ပေါက်ကပ်သူများလည်း ဖြစ်တတ်တယ်။ လူအများနဲ့ ဒွေးရော ယှက်တင် နေလေ့ မရှိတတ် ကြဘူး။ တစ်ချို့ဆိုရင် “အလုပ်စွဲ ရောဂါ” စွဲကပ်နေသူများတောင် တွေ့ရပါတယ်။

= အင်္ဂလိပ်ရက် (17)ရက်နေ့မှာ မွေးတဲ့သူတွေကတော့ (8)ဂဏန်းသမားတွေထဲမှာ “ရှယ်” လို့ဆိုရမှာပေါ့ဗျာ။ ကမ္ဘာကျော်တဲ့ (8)ဂဏန်း သမားတွေကလည်း (17)ရက်ဖွားတွေ ပိုများတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာတစ်ခုက “ဂဏန်းဗေဒင်ဟာ တားရော့ကဒ်တွေနဲ့ သွားပြီး ဆက်စပ်ရုံမျှမက တားရော့ကဒ်ဂဏန်းတွေရဲ့ လွှမ်းမိုးမှုကို အများဆုံး ခံရတဲ့ သဘော” ကို သွားတွေ့တယ်ဗျ။ ဂဏန်းဗေဒင်ပညာကို တဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်ချင်ရင် “တားရော့” ကို လုံးဝ လက်လွှတ်လို့ မရဘူး။ ပိုင်နိုင်ဖို့ လိုတယ်။ (17)ဂဏန်းဟာ တားရော့ကဒ်မှာ “The Star , သောကြာကြယ်” ဆိုတဲ့ ဂဏန်းကဒ်ဖြစ်တယ်။ “မှော်ဆရာရဲ့ကြယ်” လို့လည်း ခေါ်တယ်။ ဒီကဒ်ဟာ အလွန်အတိတ်နိမိတ်ကောင်းတဲ့ ကဒ်ဖြစ်တယ်။ ဂမ္ဘီရ ပညာရပ်တွေနဲ့လည်း ပတ်သက် နေတဲ့ဂဏန်း ဖြစ်တယ်။

ဒါကြောင့်မို့ (8)ဂဏန်းသမားတွေထဲမှာ (17)ရက်ဖွားတွေဟာ ဉာဏ်ပညာထက်မြက်ခြင်း၊ လူချစ်လူခင် များခြင်း၊ အများအကျိုး ဆောင်ရွက်တတ်ခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်းဆိုတဲ့ ဂုဏ်တွေ နဲ့ ပြည့်စုံကြတယ်ဗျ။ သူတို့ဟာ လူအများ အကျိုး ဆောင်ရွက်သူတွေ များကြပြီး ဒုက္ခပေးမှု အလွန်နည်းကြတယ်။ လျှို့ဝှက်နက်နဲတဲ့ ပညာရပ်တွေကို လိုက်စား တတ်ကြတယ်။ အတွေး အခေါ် ဒဿနလည်း မြင့်မားကြတယ်ဗျ။ နောက်ပြီး Current of Destiny လို့ခေါ်တဲ့ မွေးတဲ့ ခုနှစ်ဂဏန်း (17)ရတဲ့လူတွေဟာ ဆရာသမား အကြီးအကဲတွေ ဖြစ်ကြပြီး တပည့်တပန်း အလွန်များတတ်ကြတယ်။ ဥပမာ- 1952 လို ဂဏန်းမျိုးပေါ့ဗျာ။ နောက်ပြီး (17) ဂဏန်းဟာ ဥပစ္ဆေဒက ကံကို အကာအကွယ်ပေးနိုင်တဲ့ ဂဏန်းဖြစ်ပြီး မွေးဂဏန်း (17)ရသည်ဖြစ်စေ၊ မွေးခုနှစ် (17)ရသည် ဖြစ်စေ အသေဆိုးနဲ့ သေတာ အလွန့်အလွန်နည်းတာကို တွေ့ရ တယ်ဗျ။

= (26)ရက်မွေးတဲ့ (8)ဂဏန်းသမားတွေကတော့ တစ်ကိုယ်ကောင်း နဲနဲဆန်ချင်ပြီး လျှို့ဝှက်မှုတွေ ရှိတယ်ဗျ။ သူတို့ဟာ အာဏာရှင်ဆန်ပြီး တစ်ဖက်သားအပေါ် လွှမ်းမိုးလို သူများလည်းဖြစ်တယ်။ စကားပြောရင် နဲနဲ ဂွတိုက်ပြောချင်တဲ့သဘော၊ လှောင်ပြောင်ပြောချင်တဲ့ သဘောတွေရှိတယ်။ အိမ်ထောင်ရေး၊ အချစ်ရေးမှာတော့ ကျန်တဲ့ (8)ဂဏန်း သမားတွေနဲ့ ယှဉ်ရင် မျက်နှာများ တတ်တယ်။ ဖောက်ပြန်လွယ်တယ်။ အိမ်ထောင်ဆက်လည်း များသွားနိုင်တယ်။ ငယ်စဉ်ကာလမှာ ခက်ခဲကြမ်းတမ်း တဲ့ ဘ၀မျိုးကို ဖြတ်သန်း ပြီးမှ အောင်မြင်လာတတ်တယ်။ ဒီနေရာမှာ ကျွန်တော် သွားတွေ့မိတာက (8)ဂဏန်းသမား အတော် များများဟာ အိုဇာတာ ကောင်းတတ်ကြတယ်ဗျ။ (26)ဂဏန်း သမားတွေ တစ်ခုသတိထားရမှာက Accident ပါဘဲ။ Current of Destiny ဆိုတဲ့ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်။

ကိုသိန်းဖေ။ ။ အင်း- ပြည့်စုံပါပေ့ဆရာရယ်။ ကမ္ဘာကျော်တဲ့ (8)ဂဏန်းသမားတွေကိုလည်း ပြောပြပါဦး။

ကွန်ုပ် ။ ။ ကမ္ဘာကျော် (8)ဂဏန်းသမားတွေကတော့ – ဗြိတိသျှ နန်းရင်းဝန် အကျော်အမော် “လွိုက်ဂျော့” က (17)ရက်ဖွား၊ အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျွန်ပီးယားပွန့် မော်ဂန် (စီနီယာ)က (17)ရက်ဖွား၊ အာရေဗျသဲကန္တာရမြေခွေးလို့ နာမည်ရတဲ့ ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီး “မောင့်ဂိုမာရီ” က (17)ရက်ဖွား၊ ဟေလီ ကြယ်တံခွန်ကို ရှာတွေ့ခဲ့တဲ့ နက္ခတ်ပညာရှင်အက်ဒမွန် ဟေလီက (8)ရက်ဖွား၊ အင်ဒိုနီးရှား အာဏာရှင်ဟောင်း ဆူဟာတို က (8)ရက်ဖွား၊ မြန်မာနိုင်ငံထဲက ဂျပန်တွေကို မောင်းထုတ်တဲ့နေရာမှာ အရေး ပါခဲ့ပြီး လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ် “အော်ဒီ ၀င်းဂိတ်” က (26)ရက်ဖွား၊ ဟောလီးဝုဒ်မင်းသားကြီး “ဂျွန်ဝိန်း” က (26)ရက်ဖွား၊ အော်စကာဆုတွေ အကြိမ်ကြိမ် ရခဲ့တဲ့ မင်းသား “ဒတ်စတင် ဟော့ဖ်မန်း” က (8)ရက်ဖွား၊ သေဒဏ်ပေးခံရတဲ့ ရူမေးနီးယားသမ္မတ “နီကိုလပ်စ် ချောင်စက်စကူ” က (26)ရက်ဖွား၊ ဘက်စကတ်ဘော ချန်ပီယံ “မိုက်ကယ်ဂျော်ဒန် ” က (17)ရက်ဖွား၊ သဘောထား ပျော့ပြောင်းတဲ့ ဆိုဗီယက်အာဏာရှင်တစ်ဦးဖြစ်တဲ့ “နီကီတာ ကရူးရှက်ဗ်” က (17)ရက်ဖွား၊ ဟောင်ကောင်နဲ့ ဟောလီဝုဒ် အက်ရှင် မင်းသား “ဂျက်လီ” က (26)ရက်ဖွား၊ တင်းနစ်ချန်ပီယံ “ရော်ဂျာဖက်ဒရာ” က (8)ရက်ဖွား၊ ဂျာမန် ဘောလုံးစတား “မိုက်ကယ်ဘောလက်” က (26)ရက်ဖွား၊ နောက်စတား တစ်ယောက်ဖြစ်တဲ့ “ဂျိုလ်ကိုးလ်” က (8)ရက်ဖွား၊ မော်ဒယ် “ပဲရစ် ဟီလ်တန်” က (17)ရက်ဖွား၊ ဟာသမင်းသား “ဂျင်ကာရေး” က (17)ရက်ဖွား၊ အက်ရှင်မင်းသား “ကာ့တ်ရပ်ဆဲလ်” က (17)ရပ်ဖွား၊ ကမ္ဘာကျော် ဂီတပညာရှင်ကြီး “ဗီသိုဗင်” က (17)ရက်ဖွား၊ အမေရိကန်နိုင်ငံတည်ထောင်ရာမှာ ပါဝင်ခဲ့သူ ပညာရှိကြီး “ဘင်ဂျမင်ဖရင်ကလင်” က (17)ရက်ဖွား၊ တစ်ချိန်က “ရော့အင်ရိုးလ်” နဲ့ တေးဂီတနဲ့ ကမ္ဘာကျော်ခဲ့တဲ့ “အဲလ်ဗစ် ပရက်စလေ” က (8)ရက်ဖွား၊ အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာကြီး “ဂျော့ဘားနတ်ရှော” က (26)ရက်ဖွား၊ ဒုတိယကမ္ဘာစစ် ဗိုလ်ချုပ်ကြီး မက်အာသာ က (26)ရက်ဖွား၊ လက်ဝှေ့အကျော်အမော် “မိုဟာမက်အလီ” က (17)ရက်ဖွား၊ တရုပ်နီ ခေါင်းဆောင်ကြီး “မော်စီတုန်း” က (26)ရက်ဖွား၊ “ဆိုနီ” အမှတ်တံဆိပ်ရဲ့ ဖခင်ကြီး “မိုရိတ အကီယို” က (26)ရက်ဖွား၊ အမေရိကန် သူကြွယ်ကြီး “ဂျွန်ဒီ ရောက်ဖဲလား” က (8)ရက်ဖွား၊ အမေရိကန်သမ္မတ “ဟယ်ရီ အက်စ် ထရူးမင်း” က (8)ရက်ဖွား၊ “လေရူးသုန်သုန်” ၀တ္တုတစ်ပုဒ်ထဲနဲ့ ကမ္ဘာကျော်ခဲ့ရတဲ့ စာရေးဆရာမ “မာဂရက် မစ်ချယ်” က (8)ရက်ဖွား၊ လူသေသော်လည်း ယနေ့ထိအောင် နာမည်မသေသေးတဲ့ ဗြိတိသျှ ပြဇာတ်စာရေးဆရာကြီး “၀ီလျှံ ရှိတ်စ်ပီယား” က (26)ရက်ဖွား၊ ကမ္ဘာ့ ကြက်ခြေနီ ဖခင်ကြီး “ဟင်နရီ ဒူးနန့်” က (8)ရက်ဖွား၊ သန်းကြွယ်သူဌေး ထိုင်းဝန်ကြီးချုပ်ဟောင်း “သက်ဆင် ရှင်နာဝပ်”က (26)ရက်ဖွားတွေဖြစ်ကြပါတယ်။

ကိုသိန်းဖေ။ ။ အခုလို ပြည့်ပြည့်စုံစုံ သိခွင့်ရတဲ့အတွက် ကျေးဇူးပါဘဲ ဆရာရယ်။ ကဲ- နောက်တစ်ပတ်မှာတော့ (9)ဂဏန်းသမားတွေအကြောင်း မပျက်မကွက်ကလေး ဆွေးနွေး လိုက်ကြအောင်ဗျာ။

ကျွန်ုပ် ။ ။ ကောင်းပါပြီဗျာ။ ကြိုးစားပါ့မယ်။

.

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

.

Related Posts

1 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

2 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

3 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

4 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

5 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

6 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

7 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

9 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

Share

54 comments on “# (8)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

  1. Ma Win Yu Yu Maung on said:

    Please can you answer my question?I will marrry with kind of boy?My birthday is 8.12.1982.My boyfriend’s birthday is 18.4.1981.I will marry with him?Please answer my question.

  2. Myo Min Tun on said:

    ဆရာ… ကျွန်တော်က 26.2.1981 မှာမွေးတာပါ။ အထက်မှာ ဆရာပြောတဲ့ Current of Destiny ဆိုတဲ့ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်… ဆိုတာကို ရှင်းပြပေးပါလား ဆရာ… ကျွန်တော်နားမလည်တာက မွေးခုနှစ် ကောင်း မကောင်း ဘယ်လိုသိနိုင်မလဲ ဆရာ… ကျေးဇူးပြုပြီး ဖြေကြားစေချင်ပါတယ်…

    လေးစားစွာဖြင့်..

  3. Myo Min Tun on said:

    ဟုတ်ကဲ့ ဆရာ… ကျေှးဇူးတင်ပါတယ်။ Current of Destiny အကြောင်း နဲ့ မွေးသက္ကရာဇ် ကောင်းမကောင်း ဆောင်းပါးကို ကျွန်တော် မျှော်နေပါ့မယ်။

  4. ၉ ဂဏန်းကြောင်းလေး ဘယ်တော့လောက် ဖတ်ရမလဲဆရာ။

  5. dr.tin bo bo on said:

    (9)ဂဏန်း အကြောင်း ရေးပြီးသွားပြီနော်။

  6. ဒေါက်တာတင်ဗိုလ်ဗိုလ် on said:

    ကိုမျိုးမင်းထွန်း ရေ
    မကြာခင်မှာဘဲ Current of Destiny အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အဲဒီကျရင် ဘယ်ဟာက ကောင်းတယ်/ဆိုးတယ် ဆိုတာ သိလာရလိမ့်မယ်။

  7. ဇော်ဇော်မျိုးလွင် on said:

    ကျွန်တော်က ၈ ဂဏာန်းသမားဖြစ်တဲ့ ဧပြီ ၈ ရက်မွေးသူတယောက်ဖြစ်ပါတယ်။ နံပတ်တွေနဲ့ပတ်သက်ပြီးတဲ့နောက်မှာ ရာသီဖွားအနေနဲ့ရော နံပတ်တွေနဲ့ပါ သုံး သပ်ဆွေးနွေးတဲ့ အချက်အလက်များကို သိခွင့်ရရင် ပိုပြီး ကောင်းမယ်လို့ ထင်ပါတယ်။ ရာသီနဲ့ ဒီနံပတ်တွေနဲ့ ပေါင်းပြီး ထွက်လာတဲ့အချက် အလက်အသစ်များကို စောင့်မျှော်နေပါမယ်ခင်ဗျား၊ ကျေးဇူးတင်ပါတယ်။

  8. ဒေါက်တာတင်ဗိုလ်ဗိုလ် on said:

    ကိုဇော်ဇော်မျိုးလွင် ရေ

    တစ်ဆင့်ပြီး တစ်ဆင့် လာမယ်ဗျ။ နောက်ပိုင်းမှာ ရာသီဖွားတွေအကြောင်းလာမယ်။ ပြီးရင် ရာသီတစ်ခုခြင်း မှာ ဂဏန်းရပ်တည်ပုံတွေကိုပါ ဆက်လက်တင်ပြ ပေးသွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

  9. ဆရာရှင့်
    ဆွေ ချစ်သူက ၈ ရက် ၄ လ ပါ။
    ဆွေ က ၄ ရက် ၈လ ပါ။
    ဆွေတို.ရဲ. အနာဂတ်နဲ. အကျိုးအကြောင်းအစုံကို သိ ချင်ပါတယ်။
    ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။
    ကျေးဇူးတင်ပါတယ်။

  10. Dr.Tin Bo Bo on said:

    မဆွေ သို့

    မွေးသက္ကရာဇ်တွေလည်း အပြည့်အစုံ မပါ။ ဟူးရား နံပါတ်လည်း မပါတော့ ဟောရတော်တော်ခက်ပါတယ်။ (၈)(၄) သမား နဲ့ (၄)(၈) သမား။ ဘယ်လိုမှ မတည့်တာပါ။ ဒါပေမယ့် ဆွဲအား ပြင်းထန်တဲ့ အတွက် ရတတ်ပါတယ်။ ရပြီးရင်လည်း တကျက်ကျက်ဖြစ်နေပါမယ်။

  11. အေးချမ်းလွင်ထိုက် on said:

    ကျွန်တော်က ၈ ဂဏာန်းသမားဖြစ်တဲ့ February (၈) ရက်မွေးသူတယောက်ဖြစ်ပါတယ်။
    ချစ်သူက (၂) ရက် (၁၀) လ ပါ။
    ကျွန်တော်တို.ရဲ. အနာဂတ်နဲ. အကျိုးအကြောင်းအစုံကို သိ ချင်ပါတယ်။
    ကျေးဇူးပြုပြီးဖြေကြားပေးပါခင်ဗျာ။
    ကျေးဇူးတင်ပါတယ်။

  12. Dr.Tin Bo Bo on said:

    အေးချမ်းလွင်ထိုက် သို့

    ခုနှစ်တွေလည်း မပါ။ ဟူးရားနံပါတ်လည်း မပါ ဆိုတော့ ဟောရတော်တော်ခက်ပါတယ်။ ဒီတော့ အကြမ်းဖျဉ်းဘဲ ပြောလိုက်မယ်။ အချက်အလက်မစုံတော့ အကျိုးအကြောင်းစုံ သိဖို့ မလွယ်ဘူး။ (2)ဂဏန်း သမား နဲ့ (8)ဂဏန်းသမား လက်ထပ်ရင် (2)ဂဏန်းသမားမှာ အလွန်နစ်နာပါတယ်။ အိမ်ထောင်ရေး ပြဿနာတွေ အများကြီးရှိမယ်။ ဒါပေမယ့် ပြဿတွေကို သူက လုပ်မှာ မဟုတ်ဘဲ ကိုယ်က လုပ်မှာ ဆိုတာတော့ ကြိုတင် သိရှိထားစေချင်ပါတယ်။

  13. khin nyein chan on said:

    ဆရာ ပေးထားတဲ့ နာမည် နဲ့ ဆိုင်ဖွင့် တာ (7) လကျော်သွားပါပြီ။ မလေးရှားမှာပါ ။ အောင်မြင်ပါတယ်။ ဆရာလည်း အောင်မြင်တိုးတက်ပါစေ

  14. swe thida tun on said:

    sa yar
    swe mhar myanmar font ma shi loh par
    swe ka achit yay mhar kam ma kg: par bu sa yar
    swe aye aye cham cham pae nay chin par tal
    swe chitthu ka 29.7.83 born tr par
    khu swe ko hter twar par tal
    swe birthday ka 17.12.82 par
    thu nae pyam asin pay chin par tal
    thanks par sayar

  15. ဆရာ ရှင့်

    6 ကြွင်း ဘင်္ဂဖွား သောကြာသမီး (၈)ဂဏန်း ဘာနေ့သား၊ ဘယ်လိုလူမျိုးနဲ့တည့်ပါသလဲရှင်

    သမီးအကြိုက်ဆုံးဂဏန်းက 9

  16. Dr.Tin Bo Bo on said:

    မဖြူ သို့

    (၆)ကြွင်း သောကြာသမီး အဓိကရှောင်ရမှာ နေ့တူနံတူ သောကြာသား။ ပြီးတော့ စနေ၊ အင်္ဂါ သား။ ကျန်တာတွေ ရတယ်။ (8)ဂဏန်း အဓိက ရှောင်ရမှာ (4)ဂဏန်း။ ပြီးရင် (1)(2)(3)(9)ဂဏန်းဖွားတွေ ရှောင်ရမယ်။

  17. Dr.Tin Bo Bo on said:

    မခင်ငြိမ်းချမ်း သို့

    ဆရာပေးထားတဲ့ နာမည်နဲ့ အောင်မြင်တယ်ဆိုလို့ ၀မ်းသာမိပါတယ်။ ဘ၀ကံ အကျိုးပေးကြောင့်ဘဲလားတော့ မသိဘူး။ စီးပွားရေး လုပ်ငန်းသစ် (၁၀)ခုမှာ (၇)ခုလောက် မအောင်မြင်တတ်တဲ့ ခေတ်ကြီးမှာ ဆရာပေးလိုက်တဲ့ နာမည်နဲ့လုပ်တဲ့ လုပ်ငန်းတွေကတော့ အောင်မြင်တာ များတယ်။ ဆက်ပြီး ဆတိုးတစ်ပိုး တိုးပြီး အောင်မြင်ပါစေဗျား။

  18. Dr.Tin Bo Bo on said:

    မဆွေသီတာထွန်း သို့

    စိတ်တော့ မကောင်းပါဘူးကွယ်။ ဆရာက မြန်မာလို မဟုတ်ရင်လည်း အင်္ဂလိပ်ဘာသာနဲ့လည်း ဖတ်တတ်ပါတယ်။ အခုလို အသံထွက်အတိုင်း ပေါင်းတာမျိုးတော့ မဖတ်တတ်လို့ ဖြေမပေးနိုင်တာ သည်းခံပါ။

  19. nyi nyi on said:

    ဆရာ… ကျွန်တော်က ၁၇.၈.၁၉၇၂ မှာမွေးတာပါ။ အထက်မှာ ဆရာပြောတဲ့ Current of Destiny ဆိုတဲ့ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်… ဆိုတာကို ရှင်းပြပေးပါလား ဆရာ… ကျွန်တော်နားမလည်တာက မွေးခုနှစ် ကောင်း မကောင်း ဘယ်လိုသိနိုင်မလဲ ဆရာ… ကျေးဇူးပြုပြီး ဖြေကြားစေချင်ပါတယ်…
    ကျွန်တော်ချစ်သူက ၂.၂.၁၉၈၃ မှာမွေးတာပါ။ကျွန်တော်တို.ရဲ. အနာဂတ်နဲ. အကျိုးအကြောင်းအစုံကို သိ ချင်ပါတယ်။
    လေးစားစွာဖြင့်..

  20. Khine Wah Lwin on said:

    ဆရာရှင့်….

    ကျမက ၁၇-၈-၈၁ (တနင်္လာ) သမီးပါ…..
    ကျမရဲ့ ရှေးေ၇း ….. အလုပ်အကိုင်အေ၇း၊ အချစ်ေ၇း၊ စီးပွားေ၇း
    ကောင်းမကောင်း သိပါရစေရှင့်…..
    လေးစားစွာဖြင့်….

  21. Kyaw Win Tun on said:

    ကျွန်တော်က ၂၆.၁၁.၈၄ နေ့ မျာမွေးတာပါ။ တနင်္လာနေ့ပါ။။

    စီးပွားရေး ။ အချစ် နှင့် အိမ်ထောင်ရေး ။ နိုင်ငံခြား သွားကံ နှင့် အလုပ်အကိုင်အခြေအနေ။ ပြီးတော့ ကျွန်တော့်ရဲ့ ဖူးဇာရှင် အခြေအနေလေးများ
    သိပါရစေ ခင်ဗျား…………
    လေးစားစွာဖြင့်

  22. Dr.Tin Bo Bo on said:

    ကိုညီညီ သို့

    17.8.1972 မှာမွေးသူအတွက် ဥပစ္ဆေဒကကံ မပါပါဘူး။ Current of Destiny အကြောင်းကိုတော့ နောက်ပိုင်းဆောင်းပါးတွေမှာ ရှင်းပြပေးပါ့မယ်။ ဗေဒင်မေးချင်ရင်တော့ အမေး/အဖြေ ကဏ္ဍထဲမှာ ၀င်မေးပေးပါ။

  23. Dr.Tin Bo Bo on said:

    မ Khine Wah Lwin သို့

    ဗေဒင်မေးချင်ရင် အမေး/အဖြေ ကဏ္ဍထဲမှာ စည်းကမ်းချက်တွေကို သေသေချာချာ ဖတ်ပြီး ၀င်မေးလို့ရပါတယ်။ ဒီထဲမှာတော့ ဖြေမပေးပါဘူး။ Short Question တွေသာ မေးလို့ ရပြီး စုံစီနဖာ အကုန်တော့ ဟောမပေးပါဘူး။

  24. Dr.Tin Bo Bo on said:

    ကိုကျော်ဝင်းထွန်း ရေ

    အပေါ်က ရေးထားသလိုပါဘဲ။ အမေးအဖြေ ကဏ္ဍထဲကို သွားမေးပေးပါ။ စည်းကမ်းချက်တွေ တော့ ဖတ်ကြည့်ဖြစ်အောင် ဖတ်ကြည့်ပါ။ ပြီးမှ မေးပါ။

  25. waiwaikhaing on said:

    အခုလိုဖတ်ရတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတရ်.

  26. Hello Saya,

    Thank you so much for your article about the persons who owned No.8.
    My birthday is 8.9.1978. friday born.
    I wish you are in good health.
    with regards,

    gigi

  27. တင်မိုးအေး on said:

    ဆရာ
    ကျွန်မ မွေးသက္ကရာဇ်က 26.11.1977 (နံနက် 2း45) မှာ ရန်ကုန်မှာမွေးပါတယ်၊ ကျွန်မရဲ့ ကျန်းမာရေးနဲ့ စီပွားရေးကို သိချင်ပါတယ်၊
    ဆရာ ပျော်ရွှင်ချမ်းမြေ့ပါစေ

  28. kyaw kyaw on said:

    sa yar kyun taw ka 8,8,1989 mar mway par tae sa yar.kyun taw yae ah nar get ko thi chin par tae.kyun taw ka naing ngan gyar mar university tat chin par tae(korea).kyun taw ko ta tat lone ah kyal pay tate ah soung ko thi chin par tae sa yar.
    sa yar ba wa mar ah aung mying hmu tawe ah myat kyi ya par say.

  29. ye aung and aye aye mar on said:

    Hello Saya,
    Thank you. There are a lot of things we wish to know regardingnumber 8.I am Ye Aung, 17.1.1978.My wife is 26.3.1972.and then our office unit number is 04-26.Is there any effect for these 8.

    Thank you for replying this mail.
    With Best Regards,
    Ye Aung

  30. Htay Kyaw on said:

    မင်္ဂလာပါဆရာ

    ကျွန်တော် အမည်က ဌေးကျော် ပါဆရာ

    ကျွန်တော့်၏ ဘ၀ ရှေးရေးများ သိပါရစေဆရာ

    လေးစားစွာဖြင့်

    ဌေးကျော်

  31. Dr.Tin Bo Bo on said:

    ကိုဌေးကျော် သို့

    အမေး/အဖြေ ကဏ္ဍမှလွဲပြီး ကျန်နေရာများမှာ ဗေဒင်မေးမြန်းခြင်းများကို ဖြေပေးမည်မဟုတ်ပါ။ နောက် (၃)(၄)ရက်ဆိုရင် အမေး/အဖြေကဏ္ဍ ပြန်ဖွင့်တော့မှာပါ။ အဲဒီကျမှ အဲဒီထဲမှာ ၀င်မေးပါ။

  32. maungmaungthan on said:

    ကျွန်တော်ဟာ ဗဒင်ကိုယုံကြည်တဲ့လူတစ်ယောက်ပါ
    ကျွန်တော့မွေးနေ့က (8)လ (8)ရက်မှာမွေးတာပါ အောင်မြင်မှုကို လိုလားသူဖြစ်ပါတယ်
    အခုအချိန်မှာ မိသားစုနှင့် ခွဲခွာပြီးနေရပါတယ် အတူနေထိုင်ခွင့်ရအောင် ဖြေရှင်း ဟောကြားပေးပါရန် တောင်းပန်းအပ်ပါသည်။
    (8-8-1972) အင်္ဂါသားဖြစ်ပါတယ်

  33. moe thazin on said:

    min ga lar par sayar
    moe mhar myanmar font ma shi lo par
    moe ka 8.8.1993 par………
    anargat mhar bar twe soe soe war war pyit ma la` sayar……
    thz par sayaar

  34. Dr.Tin Bo Bo on said:

    ကိုမောင်မောင်သန်း သို့

    မေးခွန်းများကို အမေး/အဖြေကဏ္ဍထဲကိုသာ ၀င်မေးပေးပါ။ နောက်တစ်ခုက ကျွန်တော်က ဗေဒင်ဟောကြားမှုကိုသာ လုပ်တတ်ပါတယ်။ သူများ ပြဿနာတွေတော့ ဖြေရှင်းမပေးတတ်ပါဘူး။ သည်းခံပါ။ ဟိုဟာ ဒီဟာ ဖြစ်အောင် လုပ်မပေးတတ်ပါ။ ဘာတန်ခိုးမှ မရှိပါ။

  35. ခင် on said:

    ကျေှးဇူးတင်ပါတယ် ဆရာ။ (၈)ဂဏန်း အကြောင်း ဖတ်ရလို့ ကျေှးဇူးတင်ပါတယ် ဆရာ။ အထူးသဖြင့် (17) ဂဏန်းပါ။

    မေလ 17 ရက်၊ 1 ကြွင်း ပုတိဖွား တနင်္လာသမီး၊ အကြိုက်ဆုံးဂဏန်း 8 ရဲ့ အလုပ်အကိုင် အခြေအနေကို ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား ဆရာ။

    လေးစားစွာဖြင့်

  36. ပြည့်စုံ on said:

    ဆရာ ကျွန်တော်က 28.7.1983 ပါ။ ကောင်မလေးက 17.10.1985 ပါ။
    ကျွန်တော်ကြိုက်တဲ့ဂဏန်းက 91 ပါ။ ကျွန်တော်တို့ အဆင်ပြေပါ့မလားဆရာ။

  37. yu thandar aung on said:

    ဆရာရှင့်။ကျွနမက ၂၆.၆.၁၉၉၁ မှာမွေးတာပါရှင့်၊Current of Destiny ဆိုတဲ့မွေးခုနှစ်မကောင်းရင် ဥပစ္ဆေဒကကံ ပါလား။မပါဘူလားသိချင်လို့ပါ၇ှင့်၊ဗုဒဟူးသမီးပါ၇ှင့်။အမြန်ဆုံးဖြေကြားစေလိုပါတယ်၇ှင့်။

  38. ကျေးဇူးတင်ပါတယ် ဆရာ ပြည့်ပြည့် စုံစုံလေး ရှင်းပြထားပေးလို့ ကျွန် မ က 8 ဂဏန်း မို့လို့ပါ

  39. မိုးသီတာအောင် on said:

    ဆရာရှင့်
    မိုး ချစ်သူက ၂၃ ရက် ၅ လ ၁၉၈၄ ပါ
    မိုးက ၈ ရက် ၉ လ ၁၉၉၁ ပါ
    မိုး တို.ရဲ. အနာဂတ်နဲ. အကျိုးအကြောင်းအစုံကို သိ ချင်ပါတယ်။
    ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။
    ကျေးဇူးတင်ပါတယ်။

  40. ဇင်လက်မျီုး on said:

    ဆရာရှင့်
    ဇင် ချစ်သူက 23 ရက် 5လ 1984ပါ
    ဇင် က 8 ရက် 9လ 1991ပါ
    ဇင်တို.ရဲ. အနာဂတ်နဲ. အကျိုးအကြောင်းအစုံကို သိ ချင်ပါတယ်။
    ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။
    ကျေးဇူးတင်ပါတယ်။

  41. Aung Kyaw San on said:

    17ရက်မှာမွေးပါတယ် ၈ ဂဏန်းသမားတွေအတွက် ဆောင်ရန် ရှောင်ရန်လေးများ ပြောလို့ရရင် စောင့်ဖတ်ပါ့မယ်
    လေးစွားစာဖြင့်

  42. nanmokham on said:

    ဆရာ မိုခမ်းက ၈ ဂဏန်းသမားပါ 17 ရက်မွေးပါတယ်.ဆရာ ဟောတာ တွေက မိုခမ်း နဲ.တောတောတိုက်ဆိုင်ပါတယ်.ကျေးဇူးတင်တယ်ရှင်.

  43. kaungmalay on said:

    ဆရာရှင့်
    6 ဂဏန်းသမားနဲ့ 5 ဂဏန်းသမားတွေအကြောင်းကော
    မဟောပေးတော့ဘူးလားရှင်
    သမီးတို့စောင့်နေပါမယ် တင်ပေးပါအုံးနော်

  44. Dr.Tin Bo Bo on said:

    (1) ကနေ (9) ဂဏန်းအထိ အားလုံး ရှိပါတယ်။ ပို့စ်အောက်ဖက်မှာ လင့်ခ်တွေ ရှိပါတယ်။

  45. မျိုးမင်းဝင်း on said:

    ဆရာကျွန်တော်က 17.5.1979 ပါ ကျွန်တော့ချစ်သူက 8.6.1982ပါ ကျွန်တော်တို့နှစ်ဦး အဆင်ပြေပါ့
    မလား လက်ထပ်ရင်ရောကောင်းပါ့မလား သိချင်လို့ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

  46. ပန်းမြတ်မွန် on said:

    ဆရာ့ရဲ့ (ဂ)ဂဏန်းသမားအကြောင်းကိုဖတ်ရတာ တကယ်ပင်အားရမိသလို ဆရာ့ ရဲ့ လေ့လာလိုက်စားထားမှု အတိမ်အနက်ကိုပါ တော်တော်လေး သိခွင့်ရလိုက်လို့ အမှန်တကယ်လေးစားမိကြောင်းပါဆရာ။ ကျွန်မ ကိုယ်တိုင်က (၈) ဂဏန်း သမားဖြစ်နေပြီး အသက်လည်း ၃၁ နှစ်ထဲရောက်နေတော့ ဆရာ့ ရဲ့ ကောက်နှုတ်ပြောဆိုချက်တွေက မှန် မမှန်ဆိုတာကျွန်မကိုယ်တိုင်ခံစားဖူးတာတွေမို့ဆရာ့ ပညာကိုအင်မတန်လေးစားမိကြောင်းပါ။ကျွန်မမှာ မေးချင်တာလေးတွေကိုအသေးစိတ်သိချင်တာကတစ်ကြောင်းမို့ဆရာ့ ဆီကို အီးမေးကနေ တဆင့် ဆက်သွယ်ပြီးမေးလို့ရနိုင်မလားဆိုတာသိချင်လို့ပါကျွန်မတို့က နိုင်ငံခြားမှာအလုပ်လုပ်နေတာမို့ ဘယ်လိုမျိုးဆရာ့ဆီဘယ်လိုဆက်သွယ်မေးရမလဲဆိုတာသိပါရစေဆရာ လေးစားစွာဖြင့် ပန်းမြတ်မွန်

  47. ဝေဝေ on said:

    ဆရာ။။။ ကျမက ၈.၃.၁၉၈၃.. ပါ။ ဆရာရေးသားထားတာတွေနဲ့ တော်တော်များများတိုက်ဆိုင်ပါတယ်။ ကျမက လူမှုရေးအလုပ်တွေကိုစိတ်ဝင်စားပြီး၊ လူသားတိုင်းကိုကူညီချင်ပါတယ်၊ တက်နိုင်သလောက်လည်း ကူညီပါတယ်။ စိတ်ပုတ်စိတ်ယုတ်မမွေးပါဘူး၊ ကိုယ့်ပေါ်နဲနဲဆိုးရင် ကိုယ်က များများဆိုးတက်ပါတယ်။ ဆရာရဲ့ ပညာကို အရမ်းလေးစားမိပါတယ်။ အခုလို လိုင်းပေါ်မှာရေးသားပေးထားတဲ့ ဆရာစေသနာကို တန်ဖိုးထား ကျေးဇူးတင်ပါတယ်ဆရာ..

  48. khin hnin wai on said:

    ခင်နှင်းဝေ
    ၁.၁၂.၁၉၈၀
    တနင်းလာသမီး
    ဟူးရားဂဏန်း ၁၅
    ဆရာ
    သမီးက စင်ကာပူရောက်တာ ၁ လပြည့်တော့မယ်။ အလုပ် နဲ့ နေထိုင်ခွင့် ရမရ သိချင်ပါတယ်

  49. myominzaw on said:

    ဆရာ
    ကျွန်တော့မွေးသက္ကရာဇ်က ၁၇-၄-၁၉၇၅ ပါ
    အိမ်ထောင်ရေး သိပါရစေ
    ကျေးဇူးတင်ပါတယ် ခင်ဗျာ

    ဟူရားနံပါတ်က
    ၉၄

  50. maythaw on said:

    ဆရာ
    ကျွန်မက ၄ ဂဏာန်းသမားတစ်ယောက်ပါ။ ဒါပေမယ့် အရမ်းခင်တယ့် သူငယ်ချင်းက ၁၇ ရက်မွေး ၈ ဂဏာန်းသမားဖြစ်ပါတယ်။ ၄ နှင့် ၈ က ကမ္ဘာ့ရန်ဆိုရင်တောင် ချွင်းချက်တွေရှိမယ်ထင်ပါတယ်။

  51. Dr.Tin Bo Bo on said:

    (17) ဂဏန်းမှာ ထူးခြားတဲ့ ဂုဏ်အင်္ဂါတွေ ရှိတယ်။ (8)ဂဏန်းသမားများအကြောင်း ထဲမှာ ဖတ်ကြည့်ပါ။ သူက ပေါင်းရင်သာ (8)ဂဏန်း ရပေမယ့် သူ့ကို အဓိက လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ ဂြိုဟ်က စနေဂြိုဟ်မဟုတ်ဘဲ သောကြာဂြိုဟ် ဖြစ်နေတယ်။ ဒါကြောင့်ပါ။ (8)ထဲမှာတော့ (17)ဂဏန်းဟာ ပေါင်းရသင်းရလွယ်ပါတယ်။ ဘယ်ဂဏန်း နဲ့မှ သိပ်ပြဿနာမရှိပါဘူး။

  52. Ma Chaw Su on said:

    ဆရာရှင့်
    Current of Destiny ဆိုတဲ့မွေးခုနှစ်မကောင်းရင် ဥပစ္ဆေဒကကံ ထိုက်တယ်ဆိုတာ ဘယ်လိုသိရမလဲရှင့် ။
    ပိုစ့်တွေမှာ ရှာကြည့်တာ မတွေ့လို့ပါ။

  53. Dr.Tin Bo Bo on said:

    Current of Destiny အကြောင်းကို ဆောင်းပါးအဖြစ် မရေးရသေးပါ။ မိမိမှာ ထိုကံ ရှိမရှိ သိလိုလျှင် မွေးသက္ကရာဇ် အပြည့်အစုံပေးလိုက်ပါ။ ကြည့်ပေးမည်။

  54. Linn Nyo on said:

    ဆရာ့ Post ကိုအခုမှ တွေ. မိပါတယ်။ 17/08/1979 ဖွား သောကြာ သမီး ပါ။ ၈ တွေချည်းပါ ။ တခုခုထူးခြားတာများရှိပါသလား ဆရာ။ ငယ်ငယ်ကတည်း က အမြဲ အားထုတ်ကြိုးစားရပါတယ်၊ ထိုက်သင့်တဲ့အောင်မြင်မှုတချို.လဲ ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ