.
ယနေ့သည် ကျွန်ုပ်တို့၏ တနင်္ဂနွေ စကားဝိုင်း အလှည့်ကျရောက်လာပြန်ပေပြီ။ ယနေ့အတွက် အများ တောင်းဆိုချက်အရ၄င်း၊ နံပါတ်စဉ်အတိုင်းလည်း ဖြစ်သွား စေရန် (3) ဂဏန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးကြမည် ဖြစ်ပေသည်။
ကျွန်ုပ်။ ။ ကိုသိန်းဖေရေ။ ဒီနေ့တော့ (3)ဂဏန်းအကြောင်း တစေ့တစောင်းလေး ဆွေးနွေးကြရ အောင်လားဗျာ။
ကိုသိန်းဖေ။ ။ ကောင်းပါလေ့ဗျာ။ ဂဏန်းဗေဒင်ဟာ ဆရာ့ဘလော့ထဲမှာ လူ စိတ်ဝင်စားဆုံး ဘာသာရပ်တစ်ခု ဖြစ်နေတာ ကျွန်တော် သတိထားမိတယ်။
ကျွန်ုပ်။ ။ သူက ဖတ်ဖို့နားလည်ဖို့လွယ်တယ်လေ။ မြန်မာ့ဗေဒင်ကတော့ မဟာဘုတ်တို့ ဘာအကြွင်းဖွားတို့၊ ရာဇဖွားသိုက်ဖွားတို့နဲ့ ရှုတ်နေတော့ လူတွေက သိပ်နားမည်ကြဘူး ဖြစ်နေတာလည်း ပါမှာပေါ့။
ကိုသိန်းဖေ။ ။ ဟုတ်တယ်ဗျ။ နောက်ပိုင်းလူငယ်တွေကလည်း စာဖတ်တဲ့ နေရာမှာ နဲနဲအားစိုက်ပြီးကို မဖတ်ချင်ကြတော့ဘူး။ ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူ တွေကိုဘဲ ဖတ်ချင်ကြတော့တယ်။
.
ကျွန်ုပ်။ ။ ကဲ- ထားတော့ဗျာ။ (3)ဂဏန်း အကြောင်း စ,လိုက်ကြစို့လား။ (3)ဂဏန်းဟာ ကြာသပတေးဂြိုဟ်ပိုင်တဲ့ ဂဏန်းဗျ။ ကြာသပတေးဂြိုဟ်ဟာ ကျွန်တော်တို့ နေစင်္ကြာဝဠာ အဖွဲ့အစည်းထဲမှာ “နေမင်း” ပြီးရင် ဒုတိယအကြီးဆုံးဂြိုဟ် ဖြစ်တယ်ဗျ။ ပြီးတော့ သူက အင်မတန် အားကြီးတဲ့ “သောမ” ဂြိုဟ်ကြီး လည်း ဖြစ်တယ်။ “သောမဂြိုဟ်” ဆိုတာက ဂြိုဟ်ကောင်းပေါ့ဗျာ။ “ပါပဂြိုဟ်” ကတော့ ဂြိုဟ်ဆိုးပေါ့။ နက္ခတ်ဗေဒင်ပညာ မှာတော့ ကြာသပတေးဂြိုဟ်ကောင်း-အပြစ်တစ်သိန်းပျောက် လို့ ဆိုကြတယ်။ ဇာတာခွင်တစ်ခုမှာ ကြာသပတေးဂြိုဟ်သာ အားကောင်းရင် ကျန်တဲ့ အားနည်းချက်၊ အပြစ်တွေ ပျောက်ကုန်တယ်လို့ ယူဆကြပါတယ်။ သူဟာ တရားဥပဒေ၊ ဘာသာရေး၊ အတွေးအခေါ်ဒဿန၊ ငွေကြေးဓနဥစ္စာ၊ ကိုယ်ကျင့်တရား၊ ရိုးရာအစဉ်အလာတွေကို စိုးမိုးတယ်ဗျ။ ရောမဒဏ္ဍာရီမှာတော့ ကြာသပတေးဂြိုဟ်ကြီးဟ “ဂျူပီတာ” ဆိုတဲ့ နတ်ဘုရားရဲ့ အမှတ်အသားဖြစ်ပြီး သူဟာ “ကောင်းကင်၊ မြေကြီး နဲ့ မိုးကြိုး” တွေကို အစိုးရတဲ့ နတ်မင်းကြီးတစ်ပါးလို့ဆိုတယ်။ ပြီးတော့ “နတ်အားလုံးတို့ရဲ့ ဘုရင်” လို့ လည်းဆိုပြန်တယ်။ သူဟာ “တရားဥပဒေကို စိုးမိုးတဲ့ နတ်မင်းကြီး” လို့လည်း သတ်မှတ်ကြပြန်တယ်။
.
ဒါကြောင့် (3)ဂဏန်းသမားတွေဟာ တရားဥပဒေကို ရိုသေလေးစားလိုက်နာသူတွေ၊ ကိုယ်ကျင့်တရားကောင်းသူတွေ၊ ရိုးရာအစဉ်အလာတွေကို လိုက်နာလေ့ ရှိသူတွေများတယ်ဗျ။ သူတို့ဟာ ခေတ်ရေစီးကြောင်းကို သိပ်မလိုက်ချင်ကြတဲ့ ရှေးရိုးစွဲ ဝါဒီတွေလည်း ဖြစ်တတ်ကြတယ်။ ဒါပေမယ့် လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီကိုတော့ မြတ်နိုးကြတယ်ဗျ။ သိပ်ခေတ်ဆန်လွန်းတာ၊ ခေတ်ရှေ့ပြေးလွန်းတာတွေကိုတော့ သိပ်နှစ်ခြိုက်လေ့မရှိကြဘူး။ စည်းကမ်းလည်း အင်မတန်ကြီး ကြတယ်။ ဇွဲသတ္တိအလွန်ကောင်းပြီး နောက်မလျော့အရှုံးမပေးတတ်တဲ့ စရိုက်တွေရှိတတ်တယ်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံရဲ့ အထင်ရှားဆုံး သမ္မတစ်ဦးဖြစ်တဲ့ “အေဘရာဟင်လင်ကွန်း” ဟာ (12)ရက်မွေးတဲ့ (3) ဂဏန်းသမားဘဲဗျ။ သူဟာ တောထဲက သစ်လုံးအိမ်ကလေးထဲမှာ မွေးဖွားခဲ့သူဖြစ်ပြီး ကိုယ့်ထူးကိုယ်ချွန်ဘဝနဲ့ အမေရိကန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး သမ္မတဖြစ်လာသူဘဲ။ နောက်တစ်ယောက်က ဒုတိယယ ကမ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီတို့ရဲ့ ရန်ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့တဲ့ ဗြိတိသျှ ဝန်ကြီးချုပ် “ဆာဝင်စတန်ချာချီ” ကလည်း (30)ရက်နေ့မှာ မွေးတဲ့ (3)ဂဏန်းသမားတစ်ဦးဘဲဗျ။
နောက်တစ်ဦးကတော့ မြင်းမပါဘဲ သူ့ဟာသူသွားတဲ့ယာဉ်ကို တီထွင်မယ်ဆိုတော ရူးသွပ်နေသူတစ်ယောက်လို့ သတ်မှတ် ခံရပေမယ့် ကိုယ့်ယုံကြည်ချက်အတိုင်း တစ်စိုက်မတ်မတ် လုပ်ခဲ့လို့ ယနေ့ကာလမှာ ပျားပန်းခတ်မျှ သွားလေနေတဲ့ မော်တော်ကားကို တီထွင်ခဲ့သူ “ဟင်နရီဖို့ဒ်” ဟာလည်း (30)ရက်ဖွား (3)ဂဏန်းသမားဘဲဗျ။
(3)ဂဏန်းသမားတွေဟာ သူများမဖြစ်နိုင်ပါဘူးလို့ ပြောနေတဲ့ အရာတွေကို ဖြစ်အောင် လုပ်ပြနိုင်တဲ့ ဇွဲသတ္တိမျိုး ရှိကြသူတွေ ဖြစ်တယ်။ သမ္မတလင်ကွန်းဟာ ဘယ်သူမှ မဖြစ်နိုင်ဘူးထင်တဲ့ “ငွေဝယ်ကျွန်စနစ်”ကိုဖျက်သိမ်းဖို့အတွက် ပြည်တွင်း စစ်ကြီးအနိုင်တိုက်ပြီး ဖြစ်အောင်လုပ်ပြသွားသူဖြစ်တယ်။ ဝင်စတန်ချာချီ ဟာလည်း အင်္ဂလန်ကျွန်းလေးကို နောက်ဆုံး အချိန်အထိ ကြံ့ကြံ့ခံကာကွယ်ခဲ့ပြီး အရှုံးကနေ အနိုင်ပြန်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကဲ- သူစရိုက်လက္ခဏာ လေးတွေကို လေ့လာကြည့်ကြရအောင်လား။
= (၃)ဂဏန်းသမားတွေဟာ တည်တည်တံ့တံ့နေလေ့ရှိသူများဖြစ်တယ်။ အိနြေ္ဒသိက္ခာကြီးမားကြတယ်။ (၃)ဂဏန်းသမား တွေထဲမှာ လူပျော်၊ လူရွှတ်၊ လူနောက်တွေ သိပ်မတွေ့ရဘူး။ တစ်ခါတစ်ရံ မာနကြီးတယ်လို့ အထင်ခံရတတ်တယ်။ သူတို့ဟာ တွေ့ရာလူနဲ့ ရောရောနှောနှော မနေတတ်ကြဘူး။
= ငယ်စဉ်ကတည်းက ကိုယ့်ကစားစရာ၊ ကိုယ့်ပစ္စည်းလေးတွေကို ရိုသေတယ်။ သူများကိုင်တာမကြိုက်ဘူး။ သူပိုင်ပစ္စည်း လေးတွေကို သီးသီးသန့်သန့် သိမ်းဆည်း တတ်တယ်။ ငွေကြေးကို ရိုသေတယ်။ စုဆောင်းတတ်တယ်။ တစ်ခါတစ်ရံ နှမြော တွန့်တိုတတ်တယ်။
= (3)ဂဏန်းသမားတွေဟာ စည်းကမ်းကြီးသူတွေဖြစ်လို့ မိသားစု အပေါင်းအသင်းတွေထဲမှာ သီးသီးသန့်သန့် လိုဖြစ်နေတယ်။ ဒွေးရောယှက်တင် မနေတတ်ကြဘူး။ သူတို့ဟာ သြဇာအာဏာပေးလိုသူတွေဖြစ်တယ်။ ငယ်စဉ်ကတည်းက ခေါင်းဆောင်စိတ်ရှိတယ်။ ကိုယ့်ဘဝတက်လမ်းကို အမြဲကြံစည်နေ တတ်ကြတယ်။ သူများလက်အောက်မှာ မနေလိုဘဲ သူများကိုသာ အုပ်ချုပ်လိုသူတွေဖြစ်တယ်။
= (3)ဂဏန်းသမားတွေဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ လိုသူတွေဖြစ်တယ်။ ဘဝကို တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလိုကြတယ်။ အချောင်နှိုက်၊ အပွကြံ၊ ဖြတ်လမ်းနည်း တွေနဲ့ ကြီးပွားချမ်းသာတာမျိုးကို သိပ်ပြီး မယုံကြည်သူတွေဖြစ်တယ်။ တကယ်လို့ လုပ်မိရင်လည်း ရေရှည်စွဲမလုပ်ဘဲ နောင်တရ လွယ်သူတွေဖြစ်တယ်။
= (3)ဂဏန်းသမားတွေဟာ ရန်လိုသူတွေမဟုတ်ပေမယ့် သူတို့ရဲ့ စည်းကမ်းကြီးမှု၊ သြဇာပေးတတ်မှုတို့ကြောင့် အတူနေ သူများနဲ့ မကြာခဏ မသင့်မတင့်  ဖြစ်လေ့ ရှိတတ်တယ်။ သူတို့ဟာ ကိုယ်စည်းကမ်းရှိသလို သူများတွေကိုလည်း စည်းကမ်း လိုက်နာစေချင်တယ်။ ကပျစ်ကညစ်နေတတ်တဲ့ သူများနဲ့ဆိုရင် မကြာခဏ ကတောက်ကဆဖြစ်လေ့ရှိတယ်။
= သူတို့ဘဝမှာ တက်လမ်းရှိပေမယ့် တက်သင့်သလောက် မတက်ရတဲ့ အထဲမှာ “လူ့အောက်မကြို့ချင်တဲ့ သူတို့ရဲ့ ညဉ်ကြောင့်” လည်းဖြစ်နေတတ်တယ်။ လူ့အောက်မကြို့ချင်တဲ့(မဖားတတ်တဲ့) သူတို့ညဉ်ကြောင့် သူတို့ဟာ အကြီးအကဲ တွေရဲ့ နှစ်သက်မှုကို သိပ်မခံရသူတွေလည်းဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ဖားတာကို ကြိုက်တဲ့ အထက်လူကြီးရဲ့ လက်အောက်မှာဆိုရင် ဘဝတက်လမ်းပိတ်နေတတ်ပြီး၊ ဖားတာကို မကြိုက်ဘဲ အမှန်အကန်သမားကိုမှ ကြိုက်နှစ်သက်တဲ့ အထက်လူကြီးတွေလက်အောက်မှာဆိုရင် ဘဝတက်လမ်း အလွန်မြန်သူတွေဖြစ်ပြီး တာဝန်ကြီးကြီးမားမားတွေကို ပေးအပ် ခံရတတ်တယ်။ ယုံကြည်စိတ်ချ ခံရတတ်တယ်။ ယုံကြည်စိတ်ချခံရသလို ပေးအပ်တဲ့တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသူတွေလည်း ဖြစ်တယ်။
= (3)ဂဏန်းသမားတွေဟာ သူတို့ကိုယ်တိုင် အုပ်ချုပ်သူလူကြီးဖြစ်လာရင်လည်း တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ အုပ်ချုပ် တတ်တာကြောင့် လက်အောက်လူတွေ တော်တော် အနေမချောင်ဘဲ ရွံ့ကြောက်ကြီး အဖြစ်ခံရတတ်ပါတယ်။ သူတို့ဟာ စည်းကမ်းနဲ့ ပတ်သက်လာရင် နည်းနည်းလေးမှ အလျော့မပေးတတ်သူတွေ ဖြစ်တယ်။ ဒါကြောင့် (3)ဂဏန်းသမားတွေဟာ လက်အောက်လူတွေရဲ့ ချစ်ခင်မှုကို မရကြတာများပါတယ်။
= (3)ဂဏန်းသမားတွေဟာ ဘယ်လိုဘဝအခြေအနေမျိုးမှာ ပေါက်ဖွားကြီးပြင်းလာရသည်ဖြစ်စေ နောက်ဆုံးမှာတော့ မြင့်မားတဲ့ ဘဝအခြေအနေကို တက်လှမ်းနိုင် ကြသူများဖြစ်တယ်။ အိုဇာတာ ကောင်းကြသူတွေများတယ်။ ဘဝမှာ အဆင့်မြင့် တာဝန်တွေကိုထမ်းဆောင်ရတတ်တယ်။ အကြီးအကဲ ခေါင်းဆောင်ဖြစ်လွယ်တယ်။ သူတို့ဟာ မွေးကတည်းက “ရာဇ”ယုဂ် ပါလာ ကြသူများဖြစ်ကြတယ်။
= အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင်တော့ (3)ဂဏန်းသမားများဟာ အိမ်ထောင်ရေးကံ ညံ့သူတွေတော့မဟုတ်ဘူး။ ဒါပေမယ့် စည်းကမ်းကြီးလွန်းတာ၊ သူ့ဖက်ကိုယ့်ဘက် မျှတမှုနည်းပါးတာ၊ (ကိုယ်က မှားရင်တောင်မှ) မတောင်းပန်ချင်တာ၊ အောက်ကြို့မခံချင်တာ တွေကြောင့် အိမ်ထောင်ရေး ပဋိပက္ခတွေ မကြာခဏဖြစ်နိုင်တယ်။ နောက်ပြီး သူတို့ဟာ ခွင့်လွှတ် လွယ်သူတွေမဟုတ်ဘဲ အမှတ်အတေး ကြီးတာတွေကြောင့်လည်း အိမ်ထောင်ရေးပြဿနာတွေဟာ အလွယ်တကူ ပြီးပျောက် မသွားနိုင်အောင်ဖြစ်နေတတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးမှာ ကိုယ့်ဘက်ကသာ နဲနဲ လျော့ပေးလိုက်ပြီး၊ လူတိုင်း ကိုယ်လို မဟုတ်နိုင်ဘူး ဆိုတာ နှလုံးသွင်းနိုင်ရင် သာယာတဲ့ အိမ်ထောင်ရေးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘက်ကသာ အလျော့မပေးရင် ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ကို အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပြီး နောက်ဆုံး အိမ်ထောင်ရေး လမ်းခွဲရတဲ့ အထိဖြစ်သွား တတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ ကိုယ့်အလုပ်၊ ကိုယ့်ဆရာသမား နဲ့ အပေါင်းအသင်းတွေအပေါ်မှာ သစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့မှာ ကပ်စေးနှဲတဲ့ ညဉ်လေး ရှိတတ်ကြပေမယ့် ကိုယ်တကယ် ခင်မင်တဲ့ သူတွေ ဒုက္ခရောက်နေရင်တော့ ရှောင်ပြေးလေ့ မရှိဘဲ တတ်အားသရွေ့ ကူညီတတ်ကြသူတွေ လည်းဖြစ်ပါတယ်။
= ကပ်စေးနှဲတဲ့ ညဉ်နဲ့ ပတ်သက်ပြီးပြောရရင် (3)ဂဏန်းသမားတွေဟာ သူတို့ မစားရက်၊ မသုံးရက်စုဆောင်းထားတဲ့ ငွေကြေးဥစ္စာတွေဟာ သူတို့ မသုံးလိုက်ရဘဲ သူများအတွက် ဖြစ်သွားရတတ်တာ အထူးသတိထားပါ။ သုံးသင့်တဲ့ အချိန်မှာ သုံးသင့်သလောက် မသုံးလို့ နောက်ဆုံး ကိုယ့်နောက် ပါမသွားဘဲ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို ဖြစ်သွားရတတ်ပါတယ်။
ကိုသိန်းဖေ။ ။တော်တော်လေးပြည့်စုံပါပေတယ်ဆရာ။ သူတို့နဲ့ တည့်တဲ့ဂဏန်းလေးတွေနဲ့ သူတို့ဘဝအကျိုးပေး လုပ်ငန်း လေးတွေကိုလည်း အမိန့်ရှိပါဦး ဆရာ။
ကျွန်ုပ်။ ။ အင်း။ (3)ဂဏန်းသမားတွေနဲ့ တည့်တဲ့ ဂဏန်းကလည်း ခပ်ရှားရှားဘဲဗျ။ သင်္ချာဗေဒစာအုပ် တော်တော်များများမှာတော့ (3)ဂဏန်းသမား (3,6,9) ဂဏန်းသမားတွေနဲ့ သင့်မြတ်ကောင်းမွန်သည်ဆိုတဲ့ အဆိုကိုတော့ ကျွန်တော်သိပ်သဘောမကျလှဘူးဗျ။ (6) ဂဏန်းသမားနဲ့ မိတ်ဘက်ကျတယ်ဆိုတာတော့ လက်ခံနိုင်ပေမယ့် (9)ဂဏန်း သမားနဲ့ (3)ဂဏန်းသမားတော့ အဆင်မပြေနိုင်ဘူး။ (9)ဂဏန်းသမားတွေဟာ အတ္တစိတ်ကြီးတတ်တယ်။ အနိုင်ထက် ပြုတတ်တယ်။ သူများကို လွှမ်းမိုးလိုတယ်။ “တရားတစ်ဖက် ဒါးတစ်လက်” ပြုတတ်တယ်။ ဒါတွေဟာ (3)ဂဏန်း သမားတွေနဲ့ထိပ်တိုက်တွေ့နိုင်တဲ့ ကိစ္စဘဲဗျ။
(1)ဂဏန်းသမားတွေနဲ့ ဆိုရင်လည်း “ဟိုကလည်း ဆရာကြီး၊ သူကလည်း ဆရာကြီး” ဆိုတော့ မဖြစ်ပြန်ဘူး။ (2)ဂဏန်း သမားနဲ့တော့ သိပ်မဆိုးလှဘူးဗျ။ (2)ဂဏန်း သမားတွေကတော့ အေးချမ်းပြီး၊ သူများအပေါ် လွှမ်းမိုးလိုစိတ်မရှိတော့ လိုက်ဖက်နိုင်တယ်။ အဲ- (4)ဂဏန်း နဲ့ (5) ဂဏန်းတွေကတော့ ကပျစ်ကညစ်သမားတွေက များတော့ (3)ဂဏန်း သမားနဲ့ကတော့ “ဓမ္မာသောက၊ အင်းဝရာဇာ” ဆိုတာမျိုးလိုဘဲဖြစ်သွားနိုင်တယ်။
(7)ဂဏန်းသမားနဲ့ တည့်နိုင်တယ်။ (8)ဂဏန်းသမားနဲ့ကျတော့ ဂြိုဟ်ရဲ့ သဘာဝချင်းကိုက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတော့ လုံးဝမဖြစ်နိုင်ဘူး ။ ဒါကြောင့် အသင့်တော်ဆုံးက (2)(3)(6)(7)ဂဏန်းသမားတွေဟာ (3)ဂဏန်း သမားတွေနဲ့ သင့်မြတ်နိုင်တယ်။
(3)ဂဏန်းသမားတွေနဲ့ အကျိုးပေးနိုင်တဲ့လုပ်ငန်းတွေကတော့ တရားဥပဒေနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်း၊ စာရင်းအင်းလုပ်ငန်း၊ သင်ကြားပြသခြင်း လုပ်ငန်း၊ အုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်း၊ ဘာသာရေးနှင့် ဆက်နွယ် နေသော လုပ်ငန်းများ၊ အာမခံလုပ်ငန်း၊ အသိပညာအတတ်ပညာများ ဖြန့်ဝေပေးရသော လုပ်ငန်း၊ အနုပညာလုပ်ငန်းများ၊ စာပေရေးသားခြင်း လုပ်ငန်းများ အကျိုးပေးနိုင်တယ်။ နောက်ဆုံး ပြောရရင်တော့ (3)ဂဏန်းသမားများဟာ ဘာလုပ်ငန်းကိုဘဲ လုပ်လုပ် စည်းကမ်းရှိခြင်း၊ ဝီရိယရှိခြင်း၊ အလုပ်ကို ရိုသေခြင်း၊ ကြီးပွားတိုးတက်လိုခြင်း၊ စေ့စပ်သေချာခြင်းများကြောင့် မြင့်မားတဲ့ ဘဝအဆင့်အတန်းတွေကို ရောက်ကို ရောက်ရ မှာဘဲဗျ။
ကိုသိန်းဖေ။ ။ (3)ဂဏန်းတစ်မျိုးစီရဲ့ သီးခြားဂုဏ်အင်္ဂါလေးတွေကိုလည်း ပြောပြပါဦးဆရာ။
ကျွန်ုပ်။ ။ (3)ဂဏန်းလေးမျိုးရှိတယ်ဗျ။ “ထီးတည်း” လို့ခေါ်တဲ့ (3)ရက်ဖွားရယ်၊ (12)ရက်ဖွားရယ်၊ (21)ရက်ဖွားရယ်၊ (30)ရက်ဖွားရယ်ပေါ့။ အဲဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ (21)ဂဏန်းဘဲဗျ။ (3) ထီးတည်းကတော့ စည်းကမ်း ကြီးလွန်းပြီး အထီးကျန်ဆန်တယ်။ ဒီနေရာ တစ်ခုပြောချင်တာ (1)ကနေ (9) အထိ ဂဏန်း(9)လုံးဟာ တွဲဖက်မရှိလို့ သူတို့ကို “ထီးတည်း” ဂဏန်းတွေလို့ ခေါ်တယ်ဗျ။ ထီးတည်းဂဏန်းမှန်ရင် (5)ဂဏန်းတစ်ခုကလွဲရင် ကျန်တဲ့ ထီးတည်း ဂဏန်းသမားတွေဟာ အထီးကျန်ဆန်ခြင်း၊ ပေါင်းရသင်းရခက်ခြင်းဆိုတဲ့ သဘောတရားတွေ အနည်းနဲ့အများ ရှိနေကြ သူတွေဘဲဖြစ်တယ်။ (10)ကနေ စပြီး (31) အထိ ဂဏန်းတွေကိုတော့ “တွဲလုံး” ဂဏန်းတွေလို့ခေါ်တယ်။ ဂဏန်းဗေဒင်နဲ့ ပတ်သက်ရင် ဒီအချက်ဟာ သိထားသင့်တယ်။
(12)ဂဏန်းဟာ နဲနဲတော့ စိုးရိမ်ရတဲ့ ဂဏန်းဖြစ်တယ်။ သူ့မှာ ရန်သူ(၅)ပါးဘေး၊ သဘာဝဘေးအန္တရာယ်ဘေးတွေ ကျရောက် လွယ်တယ်။ အိမ်ထောင်ရေးပြဿနာ အကြီးစားတွေဖြစ်နိုင်တယ်။ သူတို့ဟာ “ဗူးဆိုရင် ဖရုံမသီး” တဲ့လူတွေဖြစ်ပြီး ဖြောင့်ဖျ ပြောဆိုဖို့ အင်မတန်ခက်ခဲတယ်။ ရန်သူပေါတယ်။ မုန်းသူများမယ်။ သူများရဲ့ လုပ်ကြံချောက်တွန်းမှုတွေ ခံရနိုင်တယ်။
(21)ဂဏန်းသမားတွေကတော့ ဂဏန်းအရတော့ ရှယ်ဘဲဗျ။ ကြာသပတေးဂြိုဟ်ရဲ့ Logo သင်္ကေတကို ကြည့်ပါလား။ (21)ဂဏန်းနဲ့ တူမနေဘူးလား။ ဒါကြောင့် (21)ဂဏန်းဟာ ကြာသပတေးဂြိုဟ်ရဲ့ ကောင်းကျိုးတွေကို အပြည့်အဝရတဲ့ ဂဏန်းတစ်ခုဖြစ်တယ်ဗျ။ ဘဝအကျိုးပေးလည်း ကောင်းတတ်တယ်။ သူတို့ရဲ့ ဘဝတည်ငြိမ်တယ်။ မချမ်းသာရင်တောင်မှ ဘဝက ပရမ်းပတာ ဖြစ်မသွားနိုင်ဘူး။ အိမ်ထောင်ဘက်ကောင်း ရတတ်တယ်။ မိန်းကလေး (21)သမားတွေကတော့ ရုပ်ရည်အဆင်ပြေချောမောတတ်ကြပြီး ကိုယ့်ထက် အဆင့်အလွန်မြင့်မားတဲ့ ယောင်္ကျားမျိုးကို ရတတ်တယ်။ သူတို့ဟာ အိမ်ထောင်ဘက်အပေါ်မှာလည်း လွှမ်းမိုးနိုင်စွမ်းရှိတယ်ဗျ။
(30)ရက်ဖွားတွေကတော့ သြဇာအာဏာကြီးသူတွေဖြစ်တယ်။ လွယ်လွယ်နဲ့ လက်လျော့အရှုံးမပေးတတ်ဘူး။ နောက်ဆုံး တော့ သူတို့ဘဲ အနိုင်ရသွားတတ်ပါတယ်။ စဉ်းစားချင့်ချိန်ဉာဏ်အလွန်ကောင်းတယ်။ အတွေးအခေါ်မြင့်မားတယ်။ တစ်ယူသန်ဆန်တယ်။ တစ်ချို့ အနုပညာဘက်မှာ အလွန်အကျိုးပေးတတ်တယ်။ သူတို့မှာလည်း ရန်သူမျိုးငါးပါးဘေးနဲ့ လုပ်ကြံ ခံရမှုမျိုး ရှိနိုင်တတ်တယ်။
ကိုသိန်းဖေ။ ။ ကဲ-ဆရာရေ။ နောက်ဆုံးအနေနဲ့ ကမ္ဘာကျော်ကြားတဲ့ (3) ဂဏန်းသမားတွေကိုလည်း ပြောပြပါဦး။ ဗဟုသုတ ပေါ့ဗျာ။
ကျွန်ုပ်။ ။ ကမ္ဘာကျော်တဲ့ (3) ဂဏန်းသမားတွေကတော့ = အေဘရာဟမ်လင်ကွန်း က (12)ရက်ဖွား၊ ဝင်စတန်ချာချီက (30)ရက်ဖွား၊ မော်တော်ကားတီထွင်ခဲ့ သူ ဟင်နရီဖို့ဒ် က (30)ရက်ဖွား၊ လူဟာ မျောက်ကဆင်းသက်တယ်ဆိုတဲ့ သီအိုရီကို ဖော်ထုတ်ခဲ့သူ ချားလ်ဒါဝင်က (12)ရက်ဖွား၊ စာရေးဆရာကြီး မတ်တွိန်းက (30) ရက်ဖွား၊ နိုဘယ်ဆုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တဲ့ အယ်ဖရက်နိုဘယ် က (21)ရက်ဖွား၊ အခု ကယ်လဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး အက်ရှင် မင်းသားကြီး အာနိုးလ်က (30)ရက်ဖွား၊ ဟောလီးဝုဒ် မင်းသမီးချော ကင်မရွန်းဒဇ် က (30)ရက်ဖွား၊ တိုက်တန်းနစ် သီချင်းနဲ့ ကမ္ဘာကျော်သွားတဲ့ အဆိုတော် ဆယ်လိုင်းဒီယွန် က (30)ရက်ဖွား၊ အောင်ဆန်း-အက်တလီ , နု- အက်တလီ ဆိုတဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကိစ္စမှာ အရေးပါခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့် အက်တလီက (3)ရက်ဖွား၊ နိုဗယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟင်းမင်းဝေးက (21)ရက်ဖွား၊ စာရေးဆရာကြီး ဂျက်လန်ဒန်က (12)ရက်ဖွား၊ ဖလော်ရင့် နိုက်တင်ဂေးက (12)ရက်ဖွား၊ ချယ်ဆီးတိုက်စစ်မှူး ဖရင့် လမ်းပတ် က(21)ရက်ဖွား၊ ကားမှောက် ကွယ်လွန်သွားတဲ့ မိုနာကိုမင်းသမီးကြီး ဂရေ့စ်ကယ်လီက (12)ရက်ဖွား၊ ဟောလီဝုဒ် သရုပ်ဆောင်နဲ့ဒါရိုက်တာဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆင် က (3)ရက်ဖွား၊ ပြိုင်ကားမောင်းချန်ပီယံ မိုက်ကယ်ရှုးမေကာက (3)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ကိုရီးယား သမ္မတဟောင်း ပတ်ချုံဟီးလ် က (30)ရက်ဖွား၊ နောက်ထပ်လုပ်ကြံခံရတဲ့ ဆွီဒင်ဝန်ကြီးချုပ် အိုလော့ပန်း က (30)ရက်ဖွား၊ လက်ရှိ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး အယ်လီဇဘက် က (21)ရက်ဖွား၊ ကမ္ဘာကျော် ကာတွန်းသရုပ်ဆောင် “မောဂ္ဂလိ ” ကို ဖန်ဆင်းခဲ့တဲ့ စာရေးဆရာကြီး ရုယဒ်ကစ်ပလင်းက (30)ရက်ဖွား၊ သိပ္ပံစာရေး ဆရာကြီး H.G Well က (21)ရက်ဖွား၊ ဂျာမန်နာဇီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာမန်းဂိုးအားရင်းက (12)ရက်ဖွား – တစ်ခြားကျန်တာတွေရှိသေးတယ်။ သိပ်များ သွားမှာစိုးလို့ တော်လောက်ပြီထင်တယ်ဗျာ။
ကိုသိန်းဖေ။ ။ ဆရာရေ၊ ဒီစာရင်းအရဆိုရင် (3)ဂဏန်းသမားတွေဟာ နိုင်ငံခေါင်းဆောင်တွေ၊ စာရေးဆရာတွေနဲ့ အနုပညာရှင်တွေ တော်တော်ထွန်းကားတဲ့ မွေးရက်တစ်ခုလို့ ဆိုရမှာပေါ့နော်။
ကျွန်ုပ်။ ။ ဒီလိုလည်း ပြောနိုင်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်ပြောခဲ့သလို ဘာအလုပ်ဘဲလုပ်လုပ် (3)ဂဏန်းသမားကတွေကတော့ တဖြည်းဖြည်း မြင့်တက် သွားမယ့်သူတွေဖြစ်တယ်။ ကဲ – (3)ဂဏန်းသမားအကြောင်း တစေ့တစောင်းကို ဒီမှာဘဲ အဆုံးသတ်လိုက်ကြရအောင် ။ နောက်တစ်ပတ် တနင်္ဂနွေကျရင် (5)ဂဏန်း သမားတွေ အကြောင်း ဆွေးနွေးကြတာပေါ့ဗျာ။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်၊
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
.
Related Posts
1 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
2 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
4 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
5 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
6 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
7 ဂဏန်းသမားများအကြောင်း တစေ့တစောင်း







ဆရာ မင်္ဂလာပါရှင် …
ဆရာရဲ့ ဘလော့ဂ် ကိုမတွေ့တော့ လို့ အပြီးဖျတ်သိမ်းသွားပြီလို့ထင်နေတာ ၊ အခုလို ပြန်တွေ့ရတာဝမ်းသာပါတယ် ။
ဇင်မင်း က အရင် အမေး/အဖြေ ကဏ္ဍ မှာမေးထားတာလေး ရှိပါတယ် ။
ဆရာ အချိန်ရမယ်ဆိုရင် ဖြေကြားပေးပါဦးနော် ဇင်မင်း မေးထားတာက
ဇင်မင်း က ( 21. 05. 1985 ) အင်္ဂါသမီးပါ အကြိုက်ဆုံးဂဏန်း က “3″ ပါ။ သိချင်တာ ကတော့ အနာဂတ်ကံအခြေ/နေ နဲ့ အဓိက ကတော့ ဇင်မင်း ရဲ့ အိမ်ထောင်ရေးကံ အခြေ/နေ ၊ ဘယ်လိုလူမျိုးက အိမ်ထောင်ဖက်ဖြစ်လာနိုင်မလဲ သိချင်ပါတယ်ရှင့် ။
ဆရာ အေးချမ်းသာယာ ပျော်ရွှင်မှုတွေ ကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …
ဆ၇ာေ၇..ကျနော်က ၃ရက်နေ့ဖွား ထီးတည်း၃ ဂဏန်းသမားပါ။ဆရာ့ဟောချက်တွေထဲက
ကျနော်နဲ့ အများဆုံးတိုက်ဆိုင်တာတွေကို ရွေးကောက်ဖော်ပြခွင့်ပြုပါ။
= ငယ်စဉ်ကတည်းက ကိုယ့်ကစားစရာ၊ ကိုယ့်ပစ္စည်းလေးတွေကို ရိုသေတယ်။ သူများကိုင်တာမကြိုက်ဘူး။ သူပိုင်ပစ္စည်းလေးတွေကို သီးသီးသန့်သန့်သိမ်းဆည်း တတ်တယ်။ ငွေကြေးကို ရိုသေတယ်။ စုဆောင်းတတ်တယ်။ တစ်ခါတစ်ရံ နှမြောတွန့်တိုတတ်တယ်။
= (3)ဂဏန်းသမားတွေဟာ စည်းကမ်းကြီးသူတွေဖြစ်လို့ မိသားစု အပေါင်းအသင်းတွေထဲမှာ သီးသီးသန့်သန့်လိုဖြစ်နေတယ်။ ဒွေးရောယှက်တင် မနေတတ်ကြဘူး။ = အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင်တော့ (3)ဂဏန်းသမားများဟာ အိမ်ထောင်ရေးကံ ညံ့သူတွေတော့မဟုတ်ဘူး။ ဒါပေမယ့် စည်းကမ်းကြီးလွန်းတာ၊ သူ့ဖက်ကိုယ့်ဘက် မျှတမှုနည်းပါးတာ၊ (ကိုယ်က မှားရင်တောင်မှ) မတောင်းပန်ချင်တာ၊ အောက်ကြို့မခံချင်တာ တွေကြောင့် အိမ်ထောင်ရေး ပဋိပက္ခတွေ မကြာခဏဖြစ်နိုင်တယ်။ နောက်ပြီး သူတို့ဟာ ခွင့်လွှတ်လွယ်သူတွေမဟုတ်ဘဲ အမှတ်အတေးကြီးတာတွေကြောင့် လည်း အိမ်ထောင်ရေးပြဿနာတွေဟာ အလွယ်တကူ ပြီးပျောက်မသွားနိုင်အောင်ဖြစ်နေတတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးမှာ ကိုယ့်ဘက်ကသာ နဲနဲ လျော့ပေးလိုက်ပြီး၊ လူတိုင်း ကိုယ်လို မဟုတ်နိုင်ဘူးဆိုတာ နှလုံးသွင်းနိုင်ရင် သာယာတဲ့ အိမ်ထောင်ရေးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘက်ကသာ အလျော့မပေးရင် ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ကို အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပြီး နောက်ဆုံး အိမ်ထောင်ရေး လမ်းခွဲရတဲ့ အထိဖြစ်သွားတတ်ပါတယ်။
= (3)ဂဏန်းသမားတွေဟာ ကိုယ့်အလုပ်၊ ကိုယ့်ဆရာသမား နဲ့ အပေါင်းအသင်းတွေအပေါ်မှာ သစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့မှာ ကပ်စေးနှဲတဲ့ ညဉ်လေး ရှိတတ်ကြပေမယ့် ကိုယ်တကယ် ခင်မင်တဲ့ သူတွေ ဒုက္ခရောက်နေရင်တော့ ရှောင်ပြေးလေ့မရှိဘဲ တတ်အားသရွေ့ ကူညီတတ်ကြသူတွေလည်းဖြစ်ပါတယ်။
= ကပ်စေးနှဲတဲ့ ညဉ်နဲ့ ပတ်သက်ပြီးပြောရရင် (3)ဂဏန်းသမားတွေဟာ သူတို့ မစားရက်၊ မသုံးရက်စုဆောင်းထားတဲ့ ငွေကြေးဥစ္စာတွေဟာ သူတို့မသုံးလိုက်ရဘဲ သူများအတွက် ဖြစ်သွားရတတ်တာ အထူးသတိထားပါ။ သုံးသင့်တဲ့ အချိန်မှာ သုံးသင့်သလောက် မသုံးလို့ နောက်ဆုံး ကိုယ့်နောက်ပါမသွားဘဲ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို ဖြစ်သွားရတတ်ပါတယ်။
ဆရာ မင်္ဂလာပါ
ကျွန်မကဗေဒင်ကိုသိတက်စအရွယ်တည်းကစိတ်ဝင်စားခဲ့ပါတယ်။ စိတ်ဝင်စားခဲ့တယ်ဆိုတာက
သူများကိုဟောဖို့အတွက်မဟုတ်ပါဘူး ၊ ကျွန်မကိုကျွန်မေ၇ှ့မှာ ဘာတွေဖြစ်မလဲ ဆိုတာကို သိချင်နေခဲ့တာပါ ။ ဒါပေမယ့်ကျွန်မက ကံမကောင်းဘူးလို့ပြောရမလားပဲ ဆရာ ကျွန်မကိုဟောတဲ့သူတိုင်းက ကျွန်မအိမ်ထောင်ေ၇းကံမကောင်းဘူး ၊ အိမ်ထောင်၂ဆက် ဖြစ်မယ်ဆိုတာကိုပဲ ဗေဒင် ဆ၇ာ ၊ ဆရာမ တိုင်းက ဟောပေးကြပါတယ် အဲဒါ ကျွန်မရဲ့ ကံဇာတာလေးကို စစ်ပေးပါအုံး ကျွန်မကို ဆရာရဲ့အမြင်လေးပြောပေးပါနော်
ကျွန်မကအခုလက်ရှိအိမ်ထောင်နဲ့ပါ ၊ ပြီးတော့ကျွန်မရဲ့အိမ်ထောင်ေ၇းက အရမ်းကိုသာယာနေပါတယ်၊ ဒါပေမယ့်ဗေဒင်နဲ့ပတ်သက်လာရင် ကျွန်မကြောက်နေမိတယ်
ဘာလို့လဲဆိုတော့ကျွန်မ ကိုအားလုံးက ဒီလိုပြောနေကြတဲ့အတွက်ပါ ဆရာ ။
ကျေးဇူးပြုပြီး ကျွန်မ ကို ပြန်လည်ဖြေ ကြားပေးပါနော် ။ ကျွန် မ အခု ကြိုက်နေတဲ့ ဂဏန်းကတော့ 9 ဖြစ် ပါတယ်
ကျွန်မ က 12.11.1985 မှာမွေးခဲ့တာပါဆရာ
အင်္ဂါသမီးပါ
လေးစားစွာဖြင့်
မြတ်စန္ဒာအေး
မြတ်စန္ဒာအေး သို့
ဆရာတွက်ကြည့်တော့လည်း အိမ်ထောင်ရေး သိပ်အကောင်း မတွေ့ရဘူး။ အိမ်ထောင်ဘက်ရဲ့ မွေးသက္ကရာဇ်ကို သိရရင် ပိုကောင်းမယ်။ အိမ်ထောင်နှစ်ဆက်လို့တော့ ဆရာ မယူဆဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေ တစ်ချက်က အိမ်ထောင်ဘက်ဟာ တစ်ချိန်ချိန်မှာ ကျန်းမာရေး ချို့ယွင်းပြီး ကိုယ်က အမြဲပြုစုနေရတဲ့ ဘ၀မျိုးဖြစ်နိုင်တယ်။ ဒါက ခန့်မှန်းကြည့်တာနော်။ သူ့မွေးသက္ကရာဇ်ကို ရရင်တော့ ပိုကောင်းတယ်။ ဟူးရား ဇာတာ အရတော့ အိမ်ထောင်ဘက်ဟာ ကျန်းမာရေးချို့ယွင်းမှု၊ မတော်တဆဖြစ်မှု၊ မင်းဘေးသင့်မှု တွေဖြစ်နိုင်တယ်။ ဒါတွေကြောင့် အိမ်ထောင်ရေးကံ မကောင်းဘူးလို့ ပြောကြတာဖြစ်နိုင်တယ်။ အိမ်ထောင် နှစ်ဆက်လို့တော့ မထင်ဘူး။
အခုလိုဖြေကြားပေးတယ်ကျေးဇူးတင်ပါတယ်ဆရာ
အမျိုးသား၇ဲ့ မွေးသက္က၇ာဇ်က တော့ 1331 . ၈ လ. 26 ရက် အင်္ဂါသား ပါ ဆ ၇ာ
ဖြေကြားပေးပါအုံးနော်
ကျေးဇူးတင်ပါတယ်
ဆရာမင်္ဂလာပါ
ဆရာ့ဆီကိုဗေဒင်မေးလို့ရတယ်ဆိုလို့ပါဆရာ
ဒီဝဘ်ဆိုဒ်ကနေမေးရင်ညဏ်ပူဇော်ခဘယ်လိုသတ်မှတ်ထားပါသလဲခင်ဗျာ
ကျွန်တော်က ၃ ရက် ၁၂ လ ၁၉၈၂ပါဆရာ
ကျွန်တော်ကရှေ့ဖြစ်ကိုသိချင်တာပါဆရာကျွန်တော့်ရဲ့စိတ်အခြေနေနဲ့အကြောင်းတရားဆောင်ရန်ရှောင်ရန်လေးတွေလည်းသိချင်ပါတယ်ဆရာ။
ကျေးဇူးတင်စွာဖြင့်
သူရဇော်
ကိုသူရဇော် သို့
လောလောဆယ်တော့ ဘလော့ဂ်ထဲမှာ Free ဘဲဟောပေးနေပါတယ်။ ဉာဏ်ပူဇော်ခယူပြီး ဟောဖို့ကိုတော့ စဉ်းစားနေတုန်းပါဘဲ။ ဘာဖြစ်လို့လည်း ဆိုတော့ Free က ကိုယ်မအားလို့ နောက်ကျပြီးမှ ဖြေလို့ လည်း ကိစ္စ မရှိဘူး။ သူ့ငွေကို ယူလိုက်ပြီ ဆိုတာနဲ့ တိတိကျကျ မြန်မြန်ဆန်ဆန် လုပ်ပေးရတော့မယ်။ ကျွန်တော့်မှာက လုပ်ချင်တာတွေက များနေပြီး အချိန်က မလောက်ဖြစ်နေလို့ပါ။ ဒါပေမယ့် ရေရှည်မှာ တော့ Free လုပ်ပေးဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး။ အင်တာနက်ချိတ်ထားတဲ့ Charges တွေက ရှိသေးတယ်။ ကိုသူရဇော်မေးခွန်းတွေ ဖြေပေးပါ့မယ်။ ရှေ့ကလူတွေကို နဲနဲ စောင့်ပေးပါ။ ကျေးဇူးတင် ပါတယ်။
မင်္ဂလာပါ…
ကျွန်တော်မွေးနေကတော့ 21.9.84 ပါဆရာ။ ကျွန်တော့်ကံဇာတာလေးကိုစစ်ပေးပါအုန်းဆရာ။ ကျွန်တော်ခု management ပညာသင်ကြားနေပြီး၊ အဲဒီပညာနဲ့ကျွန်တော်အောင်မြင်တဲ့သူဖြစ်နိုင်မလား၊ ကျွန်တော်အဲဒီပညာကိုကော ဆုံးခန်းတိုင်သင်ကြားခွင့်ရှိမရှိ ။ ကျွန်တော့်ဘ၀မှာ အောင်မြင်တဲ့သူဖြစ်ချင်တယ်…စိတ်ချမ်းသာသာလဲနေချင်တယ်…အဲဒါတွေဖြစ်လာမလာဆိုတာသိချင်ပါတယ်။ ပြီးတော့ကျွန်တော့် အချစ်ရေးပါဆရာ၊ ကျွန်တော့်ချစ်သူက 13.10.84 မွေးတာပါဆရာ၊ သူနဲ့တစ်ဘ၀လုံးပျော်ရွှင်စွာလက်တွဲသွားလိုပါတယ်။ အဲဒါလေးတွေကို ဆရာအချိန်ရရင် စစ်ဆေးပေးစေလိုပါတယ်ဆရာ။ ကျွန်တော့်နောက်ဘာဖြစ်မလဲဆိုတာ တစ်ခါမှမမေးဘူးပါ။ စိတ်တော့ဝင်စားပါတယ်။ ခုဆရာရေးထားတဲ့ ၃ ဂဏန်းအကြောင်းဖတ်ရင်း၊ ကျွန်တော်နဲ့တော်တော်တူနေလို့အတွက် ဆရာ့ပညာကိုကျွန်တော်လေးစားပါတယ် ဆရာ။ ဆရာအချိန်ရရင် ကျွန်တော့်ဇာတာကို တွက်ချက် ပေးပါစေချင်လိုပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။
ဆရာ မင်္ဂလာပါ
ကျေးဇူးပြုပြီး သမီးဇာတာလေးကို စစ်ပေးစေချင်ပါတယ်ရှင်။ မွေးနေ့က 13.11.1980 ပါဆရာ။သမီးရဲ့ဖူးစာရှင်က ဘယ်လိုလူမျိုးလဲဆိုတာကိုလဲ သိချင်ပါတယ် ဆရာ။
ကျေးဇူးတင်စွာဖြင့်
ကိုသန့်ဇင် ရေ
အမေး/အဖြေ ကဏ္ဍကို ပြန်ဖွင့်ပေးနေတာမို့ အဲဒီအထဲမှာ ၀င်မေးပါ။ စည်းကမ်းချက်တွေကို သေသေချာချာ ဖတ်ပြီးမှ မေးပါ။ တစ်ဘ၀စာလုံးတော့ ဟောမပေးပါ။ မေးခွန်းတိုများသာ မေးနိုင်ပါသည်။
မပပဖြိုး သို့
အမေး/အဖြေ ကဏ္ဍထဲဝင်ပြီး မေးပေးပါ။
ကောင်းပါတယ်ဆရာအခုလိုတင်ပေးလို့
21.11.1984မွေးပါဆရာ။ကျွန်မကိုဟောပေးပါအုံးနော်။ကျေးဇူးတင်ပါတယ်။
ဆရာခင်များ
လေးစားပါတယ်၊ ဟောပြောမှုတွေကိုလည်း သဘောတွေ့ပါတယ်
ခင်မင်လေးစားစွာဖြင့်
ဇင်လင်း
hi! Saya Tin Bo Bo ,Pls check my daughter 21-6-1993.
thanks My friend!
ဆရာ
သမီးအမေအတွက် သိရလို့ အ၇မ်းကျေးဇူးတင်ပါတယ်ဆရာ…ဆရာ့ဆောင်းပါးတွေကို အမြဲဖတ်ပါတယ်…တစ်နေ့တစ်နေ့ ဆရာ့ website နဲ့ပဲအချိန်ကုန်တာပါ..သမီးက 5 ကြွင်းသမား
မို့လို့လားမသိဘူး…ဆရာ့ website ကို တွေ့ ပြီးကတည်းက စိတ်ဝင်စားသွားပြီး တခြားဟာတွေ
တောင်မကြည့်ဖြစ်တော့ဘူး…ဒါကိုပဲ စိတ်ဝင်စားပြီးတွက်ချက်နေတော့တာပဲဆရာ။
ဆရာ သမီးကို အမေးအဖြေကဏ္ဍမှာဟောပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ဆရာ။
သမီးတို့အများကြီး ဆင်ခြင်ပြီးနေလို့ ရတာပေါ့။ ဆရာနှင့် မိသားစုကျန်းမာ၊ ချမ်းသာပါစေ။
ဆရာ မင်္ဂလာပါ၊
ကျွန်တော် ဗေဒင်ဆိုက်လေးတွေ ရှာဖတ်ရင်းနဲ့ ဆရာဆိုက်ကလေးကို ရောက်လာတာပါ၊ ဆရာဖော်ပြထားတဲ့ (၃)ဂဏန်းအကြောင်းဆိုရင် ပိုမှန်ပါတယ်။ ကျွန်တော်ကလည်း (၃)ဂဏန်းသမားတစ်ယောက်မို့ပါ၊ ကျွန်တော် ဗေဒင်ကို ပညာရပ်တစ်ခုအဖြစ်လက်ခံထားတဲ့အတွက် ဆရာဖော်ပြထားတဲ့ အကြောင်းအရာတွေက ကျွန်တော်နဲ့ ရာခိုင်နှုန်းအတော်နီးပါး မှန်ကန်ပါတယ်။ (၃)ဂဏန်းသမားတွေရဲ့ အဆိုး၊အကောင်း တွေကို ဖော်ပြပေးတဲ့အတွက် ဆရာကို ကျေးဇူးတင်ရပါတယ်။ ဆရာအားတဲ့အချိန်မှာ အပန်းမကြီးရင် ကျွန်တော့်ရဲ့ လက်ရှိနဲ့နောင်ဖြစ်နိုင်မယ့် အကြောင်းလေးတွေ ပြောပေးပါနော်၊ ကျွန်တော့်မွေးရက်က (၂၁-၁၀-၁၉၈၆)အင်္ဂါနေ့ပါ ။ ကျေးဇူးပါဆရာ………………..
i was born on 21-4-89.
please can u guest my future?
Thank you so much sayar.
ဆရာ
ကျန်မက 21.12.1978ခုဖွားဖြစ်ပါတယ်။ မည့်သည့်လုပ်ငန်းများနှင့်အကျိုးပေးမည်ဆိုတာကိုသိချင်ပါသည်။ လက်ရှိအရောင်းအ၀ယ်လုပ်ငန်းတစ်ခုအား ပြုလုပ်ချင်ပါသည်။ မည်သည့်အရောင်းအ၀ယ်မျိုးနှင့်အဆင်ပြေနိုင်သည်ကိုသိချင်ပါသည်။
ဖြိုးပပ သို့
အမေး/အဖြေ ကဏ္ဍမှလွဲပြီး ကျန်နေရာများမှာ ဗေဒင်မေးမြန်းခြင်းများကို ဖြေပေးမည်မဟုတ်ပါ။ နောက် (၃)(၄)ရက်ဆိုရင် အမေး/အဖြေကဏ္ဍ ပြန်ဖွင့်တော့မှာပါ။ အဲဒီကျမှ အဲဒီထဲမှာ ၀င်မေးပါ။
ဆရာ မင်္ဂလာပါရှင်
ဆရာအထက်မှာဖော်ပြထားတဲ့အထဲမှာ (၅)ဂဏန်းသမားတွေအကြောင်းမပါလို့ပါဆရာ
အဲဒါသမီး(၅)ဂဏန်းသမားတွေရဲ့အဆိုးအကောင်းကိုသိချင်လို့ပါဆရာ
သမီးကိုပြောပေးပါအုံးနော်ဆရာ
ဆရာ ရေ ရိုသေစွာ တောင်းဆို ပါရ စေ
ကျွန်တော် က ၃ သမား ပဲ
ဖြစ်နိုင်ရင် ပေါ့  လေ
နဲနဲ လောက် ဟောပေးပါ အကျဉ်းချုပ် ပဲ
နော် ဆရာ နော်…သက္ကရာဇ် က ၃ ၃ ၁၉၈၃
အဲဒါ ပဲ ဆရာ ရေ
ကျေးဇူး တင်ပါ တယ် ဆရာ
ခင်မင်လေးစားလျက်….
ဆရာ သမီးနာမည်ဝင်းဝင်းခိုင်ပါ သမီးက
၂၁.၂.၁၉၇၉ မှာမွေးပါတယ် မနက် ၁၁ နာရီ ၂၅ မိနစ်မှာမွေးပါတယ် သမီးအကြောင်းလေး
နည်းနည်းပါးပါးဟောပေးပါလား ဆရာ
ဆရာရဲ့ပြန်စာကိုစောင့်မျော်နေမယ်နော်
လေးစားလျှက်
သမီး
I wanna know my future about the success of life and about the love.I am always unlucky in love.my birthday is 30.5.92
Dear Sir,
I would like to check my baby name. We want to give our baby ” Min Sit Thawe ” . He was born in 29-10-2009 Thursday born and is this name is good or not?. I was already asked my baby name from you. But my husband want to give this name. Please check.
ဆရာ….ကျမ မွေးနေ့ကတော့ ၃၁.၇.၁၉၈၆ ပါ။
တသက်စာ ဟောကိန်း လိုချင်ပါတယ်ရှင်။
တစ်သက်စာ ဟောကိန်း မဆိုထားနဲ့၊ တစ်နှစ်စာ ဟောကိန်းကို ဟောပေးဖို့ကို အချိန် မပေးနိုင်ပါ။ လူတွေ့ဗေဒင်ဟောခြင်း၊ ဟောစာတမ်းရေးခြင်းများကို ရပ်နားထား သည်မှာ (၆)နှစ်ကျော်ပါပြီ။
Soe Nanda Oo သို့
“မင်းစစ်သွေး” နာမည်ဟာ (၆)ကြွင်းနှစ်မှာ မွေးတဲ့ကလေးဖြစ်ပြီး သောကြာနံဟာ “ဘင်္ဂ” မှာ ရှိပါတယ်။ ဒါကြောင့် သောကြာနဲ့ ဆုံးထားခြင်းဟာ ဘ၀ကံမကောင်းစေဘဲ၊ အိုဇာတာကိုပါ ညံ့စေပါတယ်။ အသက်ကြီးလေ ညံ့လေဖြစ်ပါမယ်။ ဒီနာမည်ကို ဇွတ်ပေးရင်တော့ ကလေးရဲ့ ကံဘဲပေါ့။
မ၀င်းဝင်းခိုင် သို့
အမေးအဖြေကဏ္ဍမှ လွဲ၍ အခြားနေရာများတွင် ဗေဒင်ဟောမပေးပါ။ မေးရင်လည်း တိတိကျကျ မေးခွန်းတွေမေးဖို့လိုပါတယ်။ အီးမေလ်းနဲ့လည်း ပြန်ကြားမပေးပါ။
To Dr Tin Tin Bo,
Dear Sir,
Let me introduce myself first , my name is Zay Htut and I really want to know about my current condition. I am now in a foreign country to search a job. I am a medical doctor and still struggling to get a job here.
As you said , number 12 persons have too many enemies and I am in the same condition. My Date of Birth is ( 12.03.1985 ).
Sir , I will be very pleased if you help me to know whether I will get a job here and settle.
Kind regards ,
Zay Htut
တော်တော် များများတိုက်ဆိုင်ပါတယ်
Dear Sir,
ကျွန်မက ၁၂ . ၆ . ၁၉၈၄ မှာမွေးတာပါ.. ကျွန်မရဲ့ ချစ်သူက ၂၄. ၂. ၁၉၈၁ မှာ မွေးတာပါ..ကျွန်မတို့ နှစ်ယောက်အိမ်ထောင်ပြုလို့ရမရသိချင်ပါတယ်ဆရာ.. ကျွန်မအပေါ်မှာဖတ်ခဲ့ရသလောက်တော့ 12 ရက်နေ့မှာမွေးတဲ့လူတွေက အိမ်ထောင်ရေးကံမကောင်းဘူးဆိုတာ တစ်ကယ်ပဲလားဆရာ
လေးစားလျှက်
swe zin
ဆ၇ာ…၇ှင့်…
ကျေးဇူးပြုပြီး ခုနှစ်ဂဏန်း အကြောင်းလေး ဆ၇ာ အားခဲ့လျှင် တင်ပေးပါ။
၇ိုသေလေးစားလျှက်…..
(1) ကနေ (9) အထိ ဂဏန်းတွေကို အကုန်ရေးပြီးပါပြီ။ All Post List ထဲမှာ သွားကြည့်ရင် တွေ့လိမ့်မယ်။ ကြာပါတယ်။ ဒီ လင့်ခ်ကိုသာ ကလစ်လုပ်လိုက်။ ရော့ http://compubaydathukhuma.com/?p=75
I have so many friends with numbers 3. one is my best fri, one is my lover , and my little brother.
ဆ၇ာ အိမ်ထောင်ဘက်နဲ့ကိုယ်မဟာဘုတ်ပေါ်ဘယ်လို၇ှိလဲ..တွှက်နည်း၇ှိကသိချင်ပါတယ်…ဥပမာ..ကိုယ်က သူ့၇ဲ့သိုက်ဒါမှမဟုတ်..၇ာဇာ..အနေအထားလားဆိုတာပေါ့..ကျေးဇူးပါ၇ှင်
အဲဒါ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လေ။ http://compubaydathukhuma.com/?p=39 လင့်ခ်ကို နှိပ်ကြည့်လိုက်ပါ။ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး ဆောင်းပါး တော်တော်များများ ရှိပြီးသားပါ။ အပေါ်ဖက် လက်ယာထိပ်က All Post Lists ထဲကို ၀င်ရှာကြည့်ပါ။
Saya, I born on 21 September 1983.
In this year i have any chance to win lottery?.
ကျွန်မက 3.8.1984 ဖွားပါဆရာ။ ကျွန်မဘယ်အချိန်မှာ အိမ်ထောင်ကျမလဲ၊ ကျွန်မရဲ.အိမ်ထောင်ရေးကံကောင်းမကောင်းနဲ့၊ ကျွန်မရဲ့ နောင်ဖြစ်လာမည့် ကံတရားအခြေအနေကိုသိချင်ပါတယ်ဆရာ၊ ကျေးဇူးပြုရ်ျဖြေကြားပေးစေလိုပါတယ်ဆရာ။
ဆြာ
ကျွန်တော်မေးချင်တာလေးတစ်ခုလောက်ရှိလိုပါ့။
ကျွန်တော့မွေးနေ့ကတော့ ၃-၉-၁၉၈၈ ပါ။
ကျွန်တော် ဘယ်တော့လောက်မိန်းမရမလဲသိချင်လို့ပါ။
ဘယ်လိုမှမအောက်မေ့ပါနဲ့ဆရာရယ်
တကယ်ကိုသိချင်နေလို့ပါ။
ဆရာ
ကျနော်လည်း ၃ ဂဏန်းသမားပါ..
၁၂ ရက် ၇ လ ၁၉၈၂ မွေးပါ… အပေါ်က
(12)ဂဏန်းဟာ နဲနဲတော့ စိုးရိမ်ရတဲ့ ဂဏန်းဖြစ်တယ်။ သူ့မှာ ရန်သူ(၅)ပါးဘေး၊ သဘာဝဘေးအန္တရာယ်ဘေးတွေ ကျရောက် လွယ်တယ်။ အိမ်ထောင်ရေးပြဿနာ အကြီးစားတွေဖြစ်နိုင်တယ်။ သူတို့ဟာ “ဗူးဆိုရင် ဖရုံမသီး” တဲ့လူတွေဖြစ်ပြီး ဖြောင့်ဖျ ပြောဆိုဖို့ အင်မတန်ခက်ခဲတယ်။ ရန်သူပေါတယ်။ မုန်းသူများမယ်။ သူများရဲ့ လုပ်ကြံချောက်တွန်းမှုတွေ ခံရနိုင်တယ်။
ဆိုတာကို ဖတ်ပြီး လန့်သွားတယ် ခင်မျ .. ကျနော့အနေနဲ့ ယခုနှစ်အတွက် ပညာရေးပိုင်းဆိုင်ရာမှာ ဘယ်လိုအနေအထားရှိနိုင်မလဲဆိုတာလေး လည်း သိချင်မိပါတယ်.. ဆရာ အချိန်ရရင်ဖြစ်ဖြစ် အနည်းငယ်လောက် ဖြေကြားပေးပါခင်များ…
လေးစားစွာဖြင့်
ဆရာ
၃၁ ရက်နေ့ဖွား ၄ ဂဏာန်းသမား နှင့် ၂၁ ရက်ဖွား ၃ ဂဏာန်းသမား နှစ်ယောက်ချစ်သူဖြစ်သောအခါ ရေရှည်လက်တွဲနိုင်ပါမည်လား။
ဆရာရှင့်
ဆရာ့ရဲ့ လစဉ် နေ့ အလိုက် ဟောကိန်းတွေက ကျွန်မနဲ့ အမြဲ တိုက်ဆိုင်လွန်းတာမို့ ဆရာ့ရဲ့ လစဉ်ဟောကိန်းတွေကို
အမြဲ လာရောက်ဖတ်ရှုမှတ်သားပါတယ်ရှင်
ရှောင်သင့်တာ ရှောင်လို့ ရအောင်ပါ
ကျွန်မကော ကျွန်မ ချစ်သူပါ လက်ရှိ စကာင်္ပူမှာ အလုပ် လုပ်နေကြပါတယ်
ဇန်နဝါရီ ၂၀ ၊ ၂၀၁၃မှာ လက်မှတ်ထိုးဖို့ စီစဉ်ထားပါတယ်
မိသားစုအတွင်းမှာ လူမှုရေး ပြဿနာတွေ ငယ်ငယ်ကတည်းက ကြုံခဲ့ရတာမို့
ဆရာ့အနေနဲ့ ကူညီသောအားဖြင့် အိမ်ထောင်ရေးအတွက် ဇာတာလေး စစ်ပေးစေချင်ပါတယ်
အေးသန္တာဖြိုး
တနင်္ဂနွေ သမီး
12-5-1985
ရာဇဖွား
နဲ့
လင်းထက်အောင်
ကြာသပတေးသား
17-1-1985
မရဏဖွားပါ ဆရာ
ဆရာ့ရဲ့ ဖုန်းကို ဇာတာလေး စစ်ချင်လို့ ဖုန်းနဲ့ လှမ်းဆက်သွယ်ဖူးပါတယ်
ဆရာ့ တပည့်ထံမှ ဆရာက ကလေးအမည်ပေးကိုပဲ လက်ခံဟောပေးကြောင်းသိရပါတယ်
အခွင့်သာမယ် ဆိုရင်ဖြင့် ကူညိဖြေကြားပေးစေလိုပါတယ်ရှင်
တသက်တာ ရှောင်ရ ဆောင်ရအောင်ပါ
ကျေးဇူးတင်ပါတယ်
အားကိုးလျက်
လက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဇာတာစစ် မနေနဲလို့ အကြံပေးလိုတယ်။ တကယ်လို့ လုံးဝ မယူသင့်ဘူးဆိုတဲ့ အဖြေထွက်လာရင် . . . ? ဘာဆက်လုပ်မလဲ။ များသောအားဖြင့် လက်ထပ်ဖို့ ဇာတာတိုက်ကြတယ်ဆိုတာ ဗေဒင်ပညာရှင်တွေ ထံက ထောက်ခံချက်တောင်းကြတာပါဘဲ။ ဆရာကတော့ တွေ့တဲ့အတိုင်း ပြောမှာမို့ ထောက်ခံတော့ ပေးမှာမဟုတ်ပါ။ လောကမှာ ဖြစ်ရ ပျက်ရမယ့် ကိစ္စတွေက အားလုံးဟာ ရှောင်လွဲ မရနိုင်တာမို့ ဒီလို ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို ဇာတာစစ် တာမျိုး လုပ်မပေးလိုပါ။ အခကြေးငွေ ယူပြီးလည်း မလုပ်ပါ။ အကောင်းဆုံးတွေကို မျှော်လင့်ပြီးသာ အိမ်ထောင်တစ်ခုကို တည်ဆောက်ကြစေလိုပါတယ်။ အိမ်ထောင်ရေးဆိုတာ အနည်းနဲ့ အများ ပြဿနာ ရှိကြတာ ပါဘဲ။ “ရှောင်ရန် ဆောင်ရန်” ဆိုတာကတော့ ပြဿနာ ကြုံလာရင် ပြေလည်အောင် ဖြေရှင်းမယ်လို့ စိတ်ပိုင်းဖြတ်ထားရင် ဗေဒင်မေးစရာ မလိုပါ။
ပြန်ကြားချက်ကို ကျေးဇူးတင်ပါတယ် ဆရာ
ဇာတာက လူကြီးတွေ စစ်ပေးထားကြပြီးသားပါရှင့်
ဒါပေမယ့် ဆရာ့ ဟောကိန်းတွေက ကျွန်မ အတွက် မှန်တာ ကိုယ်တွေ့မို့
ဆရာ့ကို အားကိုးပြီး မေးချင်တာပါ
အိမ်ထောင်ရေးကံ အခြေအနေလေးကိုတော့ ဖြစ်နိုင်မယ်ဆိုရင် ဖြေကြားပေးစေလိုပါတယ်ရှင်
အားကိုးလျက်
၃ ဂဏန်းသမားများအတွက် ဆောင်သင့်တဲ့ကျောက်မျက်လေးတွေအကြောင်းရေးပြီး တင်ပေးပါလားဆရာ၊ဒါမှမဟုတ် နေ့နံ/ ရာသီဖွါးအလိုက် ဆောင်သင့်တဲ့ကျောက်မျက်လေးတွေ အကြောင်းရေးပေးပါလား၊ ဆောင်ထားချင်လို့ပါ၊ (၃၀.၇.၆၈) ဖွါး အင်္ဂါသမီးပါ။
Nan Wai
ကျွန်မက Feb 3, 1973 ပါဆရာ ကျေးဇူးပြုပြီးဟောပေးပါဆရာ
I WAS BORN 21.6.1968.
ဆရာ….
ကျွန်တော်က ၂၁.၁၂.၁၉၈၇ မှာ မွေးပါတယ်။ ဘာတွေကိုလုပ်ရပြီ။ဘာတွေကိုရှောင်ရမလဲ။ဒါကိုသိခြင်းလိုပါ။နောက် စိပွါေ၇း နဲ့ အိမ်ထောင်ရေး ကိုကောပြောပေးပါခင်ဗျာ။