လစဉ်ဟောကိန်းတွေကို ကျွန်တော် ပုံမှန်တွက်ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်မတင်ဖြစ်ပါဘူး။

အကြောင်းကတော့ ပြီးခဲ့တဲ့ အသက်(၅၀)ပြည့်မွေးနေ့ကစပြီး ကျွန်တော့်စိတ်ထဲမှာ အတွေး

အခေါ်တစ်ခုဝင်လာတယ်။ အဲဒါကတော့ ကိုယ့် ဘလော့ဂ်လေးကို လာရောက်ဖတ်ရှုသူတွေ

ဗေဒင်ဟောကိန်းတွေဖတ်ပြီး စိတ်ဆင်းရဲသွားရတာ ၊ စိတ်ညစ်သွားရတာမျိုး မဖြစ်စေ

ချင်တော့ဘူး။ စိတ်ချမ်းသာပျော်ရွှင်သွားတာမျိုးသာ ဖြစ်စေချင်တယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကဆိုရင် (၇)ရက်သားသမီးအားလုံးလောက်ဘဲ ကျန်းမာရေး

(သို့) စီးပွားရေး (သို့) အချစ်ရေး အိမ်ထောင်ရေး တစ်ခုမဟုတ် တစ်ခု ညံ့နေလို့

မတင်ဖြစ်တော့ဘူး။ ဒီလ(သြဂုတ်လ) လည်း သိပ်မကောင်းလှပါဘူး။ ဒါပေမယ့်

ကျွန်တော့်ဆီကို လစဉ်ဟောကိန်းတွေကိုတော့ မှန်မှန်လေး တင်ပေးပါလို့

လူကိုယ်တိုင်တစ်မျိုး၊ ဖုန်းနဲ့တစ်ခါ ၊ အီးမေးလ်ကတစ်ဆင့် မကြာမကြာ ပူဆာကြတဲ့သူတွေ

များလွန်းလို့ မကောင်းတာရှိရင် “လျှော့လျှော့ပေါ့ပေါ့” လေးလောက်ဘဲ ရေးပြီး

တင်ပေးလိုက်ပါတယ်။

အမှန်ကတော့ ဒီ သြဂုတ်လအတွက်ကို ခါတိုင်းလို (၇)ရက်သားသမီးဟောကိန်းမဟုတ်ဘဲ

“နာမည်ဟောကိန်းစနစ်” နဲ့ ကိုယ့်နာမည်လေးကို ပေါင်းကြည့်ပြီး ရလာတဲ့ အဖြေပေါ်ကနေ

ကိုယ့်နာမည် အစ, အလုံး နဲ့ တိုင်ဆိုင်ဖတ်တဲ့ နည်းပါ။ သြဂုတ်လဆန်း ကတည်းက

တင်ရကောင်းနိုး၊ မတင်ရကောင်းနိုး နဲ့ စဉ်းစားရင် လ, တောင်မှ ကုန်လုပြီ။
ဒါပေမယ့် ညီငယ်လေးတစ်ယောက်က ဒီလထဲမှာ လုပ်မှား ကိုင်မှားတွေ

တော်တော်ဖြစ်သွားပြီး ငွေကြေးတော်တော်များများ ဆုံးရှုံးသွားပါတယ်။ သူက “ဆရာ့ရဲ့ လစဉ်ဟောကိန်းလေးသာ

တင်ပေးထားမယ်ဆိုရင် ကိုယ့် ကံဇာတာ ညံ့ထားတာကို ကြိုသိရရင် ဒီလောက်

အဆိုးမကြုံနိုင်ထင်တယ်” . . ဆိုတဲ့ စကားလေးကြောင့် စိတ်မကောင်း ဖြစ်ရပြီး ဒီလို

မကောင်းတာကို ကြိုတင် သတိပေးနိုင်ရင်လည်း သူတို့အတွက် အကျိုးဖြစ်နိုင်ကောင်းရဲ့

ဆိုတဲ့ အတွေးဖြစ်လာပြီး ပြန်တင်ပေးလိုက်ပါတယ်။ လ, တစ်ဝက် ကျိုးလာတော့

မှန်မမှန်ကိုလည်း တိုက်ဆိုင်စစ်ဆေးလို့ ရတာပေါ့။

ဒီလတွက်ကိန်းကလေးကတော့ နည်းနည်းထူးခြားပါတယ်။ အမှန်လည်း ပိုများလာမယ် လို့

ယူဆပါတယ်။ နေ့နံနဲ့ တွက်တာမဟုတ်ဘဲ ကိုယ့်နာမည်နဲ့ အတိအကျတွက်တာမျိုး

ဖြစ်ပါတယ်။

တွက်နည်းက လွယ်ပါတယ်။

(၁) ကိုယ့်နာမည်ထဲမှာပါတဲ့ “ဗျည်း” အက္ခရာ အားလုံးကို သင်္ချာတန်ဖိုးပြောင်းပါ။
(၂) ပြီးရင် ဂဏန်းအားလုံးကို ပေါင်းလိုက်ပါ။
(၃) ပေါင်းလို့ရတဲ့ ဂဏန်းကို (၉)ဂဏန်းထက် ကျော်ရင် “ဂဏန်းတစ်လုံးထဲ ဖြစ်အောင်”

ပြန်ပေါင်းလိုက်ပါ။ အဲဒီ ဂဏန်းကို ရရင် ဟောကိန်းလေးတွေ ဆက်ဖတ်လို့ ရပါပြီ။

နမူနာ (၁) “ညီထွန်း” လို့ ခေါ်တဲ့ နာမည်တစ်ခုကို တွက်ကြည့်ရအောင်
ညီ= အင်္ဂါနံ = ဂဏန်း (၃)
ထွန်း= စနေနံ = ဂဏန်း (၇)
(၃) + (၇) = (၁၀) = ၁+၀ = ၁ ဂဏန်း ရတယ်။ ဒါကြောင့် ကိုညီထွန်းဟာ နံပါတ်(၁) ဟောကိန်းကို ကြည့်ရမယ်။

နမူနာ (၂)  “မြင့်ဇော်” လို့ ခေါ်တဲ့ နာမည်တစ်ခုကို တွက်ကြည့်ရအောင်
မြင့် = ကြာသပတေးနံ = ဂဏန်း (၅)
ဇော် = အင်္ဂါနံ = ဂဏန်း (၃)
(၅) + (၃) = ၈ ဂဏန်း ရတယ်။ ၈ ဂဏန်းဟောကိန်းကို ဖတ်ရမယ်။

နမူနာ (၃)  “မြမြအေး” လို့ ခေါ်တဲ့ နာမည်တစ်ခုကို တွက်ကြည့်ရအောင်
မြ = ကြာသပတေးနံ = ဂဏန်း (၅)
မြ = ကြာသပတေးနံ = ဂဏန်း (၅)
အေး = တနင်္ဂနွေနံ = ဂဏန်း (၁)
(၅) + (၅) + (၁) = (၁၁) = ၁ + ၁  = ၂ ဂဏန်း ရတယ်။ ၂ ဂဏန်း ဟောကိန်းကို ဖတ်ရမယ်။

နေ့နံပိုင် ဂဏန်းတွေကိုရော သိကြတယ်မဟုတ်လား။ မသိသေးသူလည်း ရှိကောင်း

ရှိနိုင်တယ်။ ဒါကြောင့် မွေးနံ တူညီစွာကောက်ရမယ့် ဂဏန်း တွေကို ဆက်ကြည့်ပါ။

အ ၊ ဥ ၊ ဧ = တနင်္ဂနွေနံ = (၁) ဂဏန်း
က ၊ ခ ၊ ဂ ၊ ဃ ၊ င = တနင်္လာနံ = (၂) ဂဏန်း
စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည = အင်္ဂါနံ = (၃) ဂဏန်း
ယ ၊ ရ ၊ လ ၊ ၀ ၊ ဠ = ဗုဒ္ဓဟူး(ရာဟု)နံ = (၄) ဂဏန်း
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ = ကြာသပတေးနံ = (၅) ဂဏန်း
သ ၊ ဟ = သောကြာနံ = (၆) ဂဏန်း
တ ၊ ထ ၊ ဌ ၊ ဒ ၊ ဓ ၊ န ၊ ဏ= စနေနံ = (၇) ဂဏန်း

နာမည်မှာ ရှိတဲ့ နေ့နံ အားလုံး (ဗျည်း)တွေကို ပေါင်းရမယ်။ နာမည်က (၂)မျိုးဖြစ်နေရင်

လူခေါ်များ ၊ လူသိများတဲ့ နာမည်နဲ့ တွက်သင့်တယ်လို့ ထင်ပါတယ်။ နှစ်မျိုးစလုံး

တွက်ကြည့်ပေါ့။ နောက်ဆုံး ပေါင်းရကိန်း ဂဏန်းကတော့ (၁)ကနေ (၉) အထိဘဲ ရှိမယ်။

(နာမည် ဘယ်လောက်ရှည်ရှည်)

ကဲ – ဖတ်ကြည့်ကြရအောင်လား ?

.

နာမည်ပေါင်းခြင်း (၁)ဂဏန်း ရသူများ

ဒီလထဲမှာ အထူးကံကောင်းနိုင်ပါတယ်။ ပညာရေး ၊ ဘာသာရေး ၊ ငွေကြေး နှင့်

ဘဏ်လုပ်ငန်း၊ စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူများ ထူးခြားစွာ

ကံကောင်းမှုကို ရရှိနိုင်ပါတယ်။ အောင်မြင်မယ်။ ကျော်ကြားမယ်။ ဂုဏ်ပြုခံရမယ်။ မရွယ်ဘဲ

စော်ကဲမင်းဖြစ်ကိန်း ရှိတယ်။ ဒီလထဲမှာ အပေးအယူ မျှတမှု ၊ သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်မျှ

ကြည့်ရှုလုပ်ကိုင်တတ်သူများ ပိုမိုကံကောင်းပါမယ်။ အပြိုင်အဆိုင်တွေ အပေါ် အနိုင်ရကိန်း

ရှိတတ်ပြီး လုပ်ငန်းရှင်များ လုပ်ငန်းတိုးတက်ချဲ့ထွင်ရတတ်ပါတယ်။ ၀န်ထမ်းဖြစ်ရင် ရာထူး၊

လစာ ၊ အခွင့်အရေး တိုးတက်ကိန်း ရှိပါတယ်။ ကျန်းမာရေးကတော့ မတော်တဆ နဲနဲပါးပါး

ထိခိုက်တာမျိုး ၊ အပြင်းဖျားတာမျိုးလောက် ရှိနိုင်ပေမယ့် သိပ်စိုးရိမ်စရာ မရှိပါ။

ဘာဘဲပြောပြော ဒီလထဲမှာ နာမည်ပေါင်းခြင်း (၁)ရသူတွေ ကံကောင်းပါမယ်။
= အထူးဖြင့် – နာမည် အစ, စာလုံးဟာ စနေ ၊ အင်္ဂါ ၊ သောကြာ အက္ခရာများ နဲ့ စ, သူများ

ပိုမိုကံကောင်းနိုင်ပါတယ်။ ကျန်နေ့နံ အက္ခရာများနဲ့ စ,ထားသူများလည်း ထိုက်သင့်တဲ့

အကျိုးကို ခံစားရနိုင်ပါတယ်။

= နာမည် (၁)ဂဏန်း ရသူများအတွက် ဒီလကို ပေးချင်တဲ့ အကြံဉာဏ်ကတော့ အားလုံးနဲ့

မျှမျှတတ သင့်သင့်မြတ်မြတ် ဆက်ဆံပါ။ အောင်မြင်မှုအပေါ် မာန်မာန မတက်ပါနှင့်။

ပိုမိုကံကောင်းစေနိုင်ပါသည်။

.

နာမည်ပေါင်းခြင်း (၂)ဂဏန်း ရသူများ

ဒီလအတွက် ကံဇာတာ နဲနဲ နိမ့်နေတတ်ပါတယ်။ စိတ်ရူးပေါက်ပြီး လုပ်မိလုပ်ရာကနေ

အမှားအယွင်းဖြစ်တတ်ပါတယ်။ လုပ်မှားကိုင်မှား ရှိတတ်တယ်။ အပျော်ကြူးတာကနေ

ဒုက္ခဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလမှာ စိတ်ခံစားမှု ထက် အသိဉာဏ်ကို

ပိုမိုဦးစားပေးသင့်ပါတယ်။ အမြင့်ကနေ ခြေချော်ကျတတ်ပါတယ်။ လူလိမ်ခံရကိန်း ရှိလို့

ဘယ်သူ့ကိုမှ မယုံပါနဲ့။ ကျန်းမာရေးလည်း ဂရုစိုက်ပါ။ ဒီလထဲ ခရီးသွားလာခြင်း ကိစ္စများ

ပေါ်ပေါက်တတ်ပြီး သွားရင်လည်း အဆင်မပြေတတ်ပါ။ ဒီလထဲမှာ ရုတ်တရက် ထ,ပြီး

အောင်မြင်လာတာ ၊ ငွေစုငွေပုံဝင်လာရင် သတိထားပါ ။ နောက်ဆက်တွဲ ပြဿနာ

လိုက်လာတတ်တယ်။ အထူးသဖြင့် “လာဘ်ငွေ” ကို အထူးသတိပြုပါ။ အကြံပေးချင်တာက

ဒီလ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အလျှင်စလို မချမိ ၊ မလုပ်မိ ပါစေနဲ့။ မှားတတ်တယ်။

ကျန်းမာရေး ဂရုစိုက်ပါ။
= နာမည် အစ, အက္ခရာဟာ တနင်္ဂနွေ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) များနဲ့ စ, ထားသူများ

ဒီလ အညံ့များနိုင်တယ်။ ကျန်နေ့နံများကတော့ အဆိုးသက်သာမယ်။ ဖြစ်ချင်မှလည်း

ဖြစ်မယ်။
= ဒီလအတွက် နာမည်ပေါင်းခြင်း (၂)ရသူများကို ပေးချင်တဲ့ အကြံဉာဏ်က

လူမှုဆက်ဆံရေး ပြေပြစ်အောင်နေပါ။ လုပ်ငန်းခွင်အတွင်း ပဋိပက္ခဖြစ်မှုများ

ကြိုတင်ရှောင်ရှားပါ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချမှီ တတ်သိနားလည်သူများကို

တိုင်ပင်ပါ။ လူမှုရေး အသင်းအပင်း တစ်ခုထံမှာ အရေးကြီးတဲ့ ပစ္စည်းတစ်ခု

လှူဒါန်းလိုက်ပါ။

.

နာမည်ပေါင်းခြင်း (၃)ဂဏန်း ရသူများ

ဒီလအတွက် (၃)ဂဏန်းနာမည်ပိုင်ရှင်များအတွက် ကံမဆိုးမကောင်း အသင့်အတင့်ပါဘဲ။

ကျန်းမာရေးတစ်ခုဘဲ ဂရုစိုက်ပါ။ စီးပွားရေး ၊ ငွေကြေးကံ ကောင်းနိုင်ပါတယ်။ အလှူဒါန

ဘာသာရေး နဲ့ လူမှုရေး ကိစ္စများမှာ ပါဝင်ဆောင်ရွက်ခွင့်ကြုံမယ်။  မြင့်မားတဲ့

အတွေးအခေါ် နဲ့  စဉ်းစားကြံဆမှုတွေ ခေါင်းထဲကို ၀င်လာမယ်။ စာအုပ်ကောင်းတွေ

ဖတ်ရမယ်။ သတင်း နဲ့ ဆက်သွယ်ရေး ၊ ၀န်ဆောင်မှု လုပ်ငန်းအမျိုးမျိုး လုပ်သူများ အကျိုး

ရှိမယ်။ ငယ်ရွယ်သူများ ပညာရေးကံကောင်းမယ်။ ခရီးသွားလာရေးကိစ္စတွေမှာ အနှောင့်

အယှက်များမယ်။ ဆွေမျိုးသားခြင်း မိတ်ဆွေရင်းတွေထဲက နာရေးကိစ္စပေါ်တတ်တယ်။
= ဒီလမှာ (၃)ဂဏန်း နာမည်ပိုင်ရှင်တွေအတွက် ကံကောင်းမှု ပိုများပါတယ်။
နာမည် အစ, အက္ခရာဟာ တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ စနေ ဖြစ်ရင် ကံကောင်းမှု

ပိုများတတ်ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာဆိုရင်တော့ ကောင်းတာနဲပြီး ဆိုးတာ

များတတ်တယ်။
= (၃)ဂဏန်း နာမည်ပိုင်ရှင်များကို ဒီလအတွက် ပေးချင်တဲ့ အကြံဉာဏ်ကတော့

ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ နဂို ရောဂါခံရှိသူများ ကိုယ်နဲ့ တည့်တဲ့ အစားအသောက်

အနေအထိုင်ကို အလေးပေးပါ။

.

နာမည်ပေါင်းခြင်း (၄) ဂဏန်းရသူများ

ဒီလအတွက် (၄)ဂဏန်း နာမည်ပိုင်ရှင်တွေ (ကျန်တဲ့လ,တွေနဲ့မတူ) အားပြင်းသိသာတဲ့

ကောင်းကျိုး ဆိုးကျိုးတွေ မျှပြီး ခံရဖွယ်ရှိတယ်။ ဒီလထဲမှာ ရုတ်တရက် ကံကောင်းလာမှု ၊

ငွေကြေး အများအပြား ၀င်မှု ၊ ဘ၀အဆင့်အတန်း တိုးတက်မှုတွေ ရရှိနိုင်တယ်။ ဒါပေမယ့်

“အဖျားရှုး” သွားတတ်ပြီး “ဆင်ပြောင်းကြီးအမြီးကျမှတစ်” တဲ့ ကိန်း ဆိုက်တတ်တယ်။

နာမည်ကျော်ကြားကိန်း ရှိတတ်တယ်။ နာမည်ကောင်းနဲ့ ကျော်ကြား နိုင်သလို

နာမည်ဆိုးနဲ့လည်း ကျော်ကြား တတ်ပါတယ်။ ကျန်းမာရေး နဲ့ ငွေကြေး ဆုံးရှုံးမှု

ဂရုပြုရပါမယ်။ သဘာဝ ဘေးအန္တရာယ် သတိထားပါ။ Accident ဖြစ်နိုင်လို့

ခရီးသွားလာစဉ်မှာ သတိထားပါ။ လုပ်လက်စ အလုပ်တွေ အပြီးမသတ်ဘဲ

တိုးလို့တန်းလန်း ဖြစ်နေမယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကြုံပြီး

ကံမကောင်းရင် အလုပ်အကိုင် အကြံအစည် ဆုံးရှုံးသွားနိုင်တယ်။

ကိုယ်မြတ်မြတ်နိုးနိုးထားတဲ့ အရာတစ်ခု ဆုံးရှုံးနိုင်တယ်။ ငွေကြေး လာဘ်လာဘ ကိစ္စ

အထူးသတိထားပါ။ ကိုယ့်ကို ကောင်းကောင်းကြီး ဒုက္ခပေးလိမ့်မယ်။
= ဒီလမှာ နာမည်အစ, တနင်္လာ ၊ အင်္ဂါ ၊ သောကြာ နဲ့ စ, သူများ ကံကောင်း

ကံဆိုးရောနှောနေမယ်။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ စနေ သားသမီးများ

ကံညံ့ဖွယ် ရှိတယ်။
= ဒီလအတွက် (၄)ဂဏန်း နာမည်ပိုင်ရှင်များကို အကြံပေးလိုတာက နာမည်မကြီးချင်ပါနဲ့။

လောဘမကြီးပါနဲ့။ ဖြစ်သမျှကို “ယောနိသောမနသိကာရ” နဲ့ လက်ခံလိုက်ပါ။

ငြိမ်းငြိမ်းချမ်းချမ်း နေလိုက်ပါ။ ဘာသာရေး များများလုပ်ပါ။

.

နာမည်ပေါင်းခြင်း (၅) ဂဏန်း ရသူများ

ယခုလမှာ နာမည်ပေါင်းခြင်း (၅)ရသူများအတွက် အဆိုးနည်းနည်းမျှ ရှိပေမယ့်

ကံကောင်းမှုတွေ များနိုင်တဲ့ လဖြစ်ပါတယ်။ ဒီလမှာ စိတ်ခံစားမှုကို အလေးပေးလို့ ဖြစ်စေ ၊

မရိုးသားတဲ့ စိတ်နဲ့ ဖြစ်စေ လုပ်ကိုင်တဲ့ ကိစ္စတွေမှာတော့ အဆုံးအရှုံးဖြစ်တတ်ခြင်း ၊

“ဂျောက်ကျခြင်း” များ ဖြစ်တတ် ပေမယ့် ရိုးသားစွာ အသက်မွေး

လုပ်ကိုင်ပြောဆိုတတ်သူများအတွက် ကံအထူးကောင်း နိုင်တဲ့ လ, ဖြစ်ပါတယ်။

အရေးကြီးတဲ့ ကိစ္စတွေအတွက် တတ်သိနားလည်သူတွေကို တိုင်ပင် အကြံဉာဏ်ယူပြီးမှ

လုပ်ကိုင်ရင် အမှားမရှိနိုင်တဲ့ လ, ဖြစ်ပါတယ်။ ပြည်တွင်းခရီး ၊ နိုင်ငံခြားခရီးတွေနဲ့

ပတ်သက်ပြီး ကံကောင်းနိုင်တဲ့ ကာလဖြစ်တယ်။ အချစ်ရေးကိစ္စတွေမှာ “စန်း” ပွင့်နိုင်သလို

ရှုတ်ရှုတ်ထွေးထွေး ကိစ္စတွေလည်း ဖြစ်နိုင်တယ်။ အကြံကောင်းတော့ တစ်ချက် ဆိုတာလို

အကြံကောင်းတစ်ခုကြောင့် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်တယ်။ ၀န်ထမ်းအကြီးအကဲများ

ရာထူး ၊ အခွင့်အလမ်း တိုးတက်နိုင်တယ်။ အတိုချုပ်ပြောရရင် နာမည်(၅)ဂဏန်းသမား

တွေအတွက် ဒီလ, ဟာ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ဆိုတာလို စဉ်းစားချင့်ချိန်ပြီး အလုပ်လုပ်ရင်

အမှားအယွင်း မရှိနိုင်တဲ့ လ, ဖြစ်ပါလိမ့်မယ်။
= နာမည်အစမှာ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ နဲ့ စ, ထားသူများ ကံဇာတာ ပိုမိုကောင်းမွန်တတ်ပြီး

တနင်္လာ နဲ့ စသူများ အကောင်းအဆိုးရောပြီး လူပင်ပန်း စိတ်ပင်ပန်းမှု များတတ်ပါတယ်။

တနင်္ဂနွေ ၊ ကြာသပတေး ၊ သောကြာ နေ့နံများနဲ့ စ, သူများ အညံ့နဲနဲ ရှိတတ်ပါတယ်။
= ဒီလအတွက် နာမည် (၅)ဂဏန်းသမားများကို ပေးခြင်းတဲ့ အကြံဉာဏ်ကတော့

မိမိလုပ်ငန်းကို စောက်ချ လုပ်ပါ။ ပေါ်ပင်လုပ်ငန်းများနောက် မလိုက်ပါနှင့်။

အသောက်အစား အပျော်အပါး ရှောင်ပါ။ အကောင်းမြင်ဝါဒ မလွန်ကဲ မိပါစေနှင့်။

.

နာမည်ပေါင်းခြင်း (၆) ဂဏန်း ရသူများ

ဒီလမှာ နာမည်ဂဏန်း (၆)ရသူများ ကံကောင်းမှု နည်းပြီး ကံအညံ့များနိုင်ပါတယ်။

အချို့သော အနည်းငယ်မျှသော သူများသာ ကံအနည်းငယ် တိုးတက်ကောင်းမွန်နိုင်တယ်။

စိတ်သောကရောက်စရာ ၊ ဘ၀နောင်ရေးအတွက် စိတ်မအေးစရာ ကိစ္စများ ပေါ်ပေါက်နိုင်

တယ်။ ငွေကြေး အခက်အခဲ ပြဿနာအချို့ ရှိနိုင်တယ်။ ခရီးသွားလာရေး ကိစ္စများ ပျက်ပြား

နိုင်တယ်။ မတော်တဆဖြစ်မှု နှင့် သဘာဝဘေးအန္တရာယ်များကိုလည်း သတိပြုသင့်တယ်။

တစ်ခုခုကြောင့် စိတ်တော့ အတော်ထိခိုက် ညစ်ညူးရမယ့် လ, ဖြစ်နိုင်တယ်။ လုပ်သမျှ

ကိုင်သမျှတွေမှာ နှောင့်နှေးကြန့်ကြာနေတတ်ပြီး အခက်အခဲတွေ များနိုင်ပါတယ်။

အထက်လူကြီးရဲ့ ဖိအားပေးမှုကို ခံရနိုင်တယ်။ အတင်းအကြပ် အလုပ်အနားယူခိုင်းတာမျိုး

အထိဖြစ်နိုင်ပါတယ်။ ၀န်ထမ်းများ နေရာထိုင်ခင်း ၊ အလုပ်အပြောင်းအလဲ ရှိနိုင်တယ်။

အဲဒါကလည်း ကိုယ်မလုပ်ချင် မနေချင်တဲ့ အလုပ် နေရာ ဖြစ်နေတတ်တယ်။
= နာမည်အစမှာ တနင်္လာ ၊ သောကြာ ၊ စနေ နဲ့ အင်္ဂါ နံတွေနဲ့ စ, ထားသူများ ဒီလမှာ

အခက်အခဲ နဲ့ အဆင်မပြေမှုတွေ များတတ်ပါတယ်။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေး

နံများနဲ့ စ,ထားသူများတော့ အညံ့အနည်းငယ် ရှိပေမယ့် အားသိပ်မပြင်းနိုင်ဘူးလို့

ယူဆပါတယ်။
= ဒီလအတွက် နာမည် (၆)ဂဏန်းသမားများကို ပေးချင်တဲ့ အကြံဉာဏ်ကတော့ အန္တရာယ်

ရှိတဲ့ စွန့်စားရမယ့် အလုပ်အကိုင်ဟူသရွေ့ ရှောင်ပါ။ ဒီလထဲမှာတော့

မအောင်မြင်နိုင်ပါဘူး။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပါ။
.

နာမည်ပေါင်းခြင်း (၇)ဂဏန်း ရသူများ

ဒီလအတွက် နာမည်ပေါင်းခြင်း (၇)ရသူများ ကံကောင်းမှု ၊ ဘ၀တိုးတက်မှု ၊ တည်ငြိမ်အေး

ချမ်းမှုများ ပိုမိုရရှိနိုင်ပါတယ်။ စိတ်ညစ်စရာ ၊ စိတ်သောက ရောက်စရာ ကိစ္စတွေ ရှိပေမယ့်

ဒီလမှာ အဆင်ပြေမှု ပိုများမှာပါ။ ကိုယ်လုပ်နေတဲ့ အလုပ်အကိုင် သိသိသာသာ

တိုးတက်ခြင်းကို ရနိုင်ဖွယ် ရှိတယ်။ အစိုးရ၀န်ထမ်းများ ၊ အစိုးရ နှင့် လုပ်ငန်းများ ဆက်စပ်

လုပ်ကိုင်နေသော စီးပွားရေးသမားများအတွက် အခွင့်ကောင်းများ ရရှိနိုင်မည့် လ,

ဖြစ်တယ်။ ငယ်ရွယ်သူများလည်း ပညာရေးကံ အထူးကောင်းနိုင်ပြီး ကျောင်းစာမေးပွဲ ၊

အလုပ်ဝင်ခွင့်များ လွယ်ကူစွာ ရရှိနိုင်တယ်။ မိမိအပေါ် ထောက်ခံသူ ၊ အားပေးသူ ၊

ကူညီသူများ ပေါ်ပေါက်လာတတ်တယ်။ အချို့ကိစ္စတွေလုပ်ကိုင်ရာမှာ အနှောင့်အယှက်

တွေ ၊ အခက်အခဲ ပြဿနာတွေ များတတ်ပေမယ့် နောက်ဆုံးမှာ အောင်မြင်သွားမှာပါ။

= ဒီလအတွက် နာမည်အစ, တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နံများ နှင့်

စ, သူများ ပိုမိုကံကောင်းနိုင်ပြီး ၊ တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ နံတွေနဲ့ စ, ထားသူများ မှာတော့

အခက်အခဲ ပြဿနာ ရှိတတ်ပေမယ့် ကံညံ့တယ် မဆိုနိုင်လောက်ပါ။
= အထူးအကြံပေးလိုတာကတော့ ဒီလမှာ စိတ်ညစ်စရာကြုံလာရင် သိပ်ဆိုးစရာ မရှိဘူး

လို့ ကိုယ့်ဟာကိုယ်အားပေးပြီး မိမိကိုးကွယ်ရာ ဘုရားကို မကြာမကြာ အာရုံပြုပေးပါ။

အလုပ်လုပ်တဲ့ နေရာမှာ စိတ်လောပြီး မလုပ်ပါနဲ့။ ဖြေးဖြေးမှန်မှန် လုပ်သွားပါ။
.

နာမည်ပေါင်းခြင်း (၈) ဂဏန်း ရသူများ

ဒီလမှာ နာမည်ပေါင်းခြင်း (၈)ဂဏန်းရသူများအတွက် ကံအလွန်နိမ့်ပါးဖွယ် ရှိတဲ့ လ, ဖြစ်ဖို့

ရှိပါတယ်။ လုပ်သမျှ ကိုင်သမျှ အားလုံး ထစ်ငေါ့နေပြီး စိတ်အလွန် ဆင်းရဲစရာ ကိစ္စများ

မကြာခဏ ဖြစ်နေတတ်ပါတယ်။ ငွေကြေး ဆုံးရှုံးမှု (သို့) ကိုယ်အမြတ်တနိုးထားတဲ့ ကိစ္စ

တစ်ခုခု ဆုံးရှုံးမှုများ ကြုံနိုင်ပါတယ်။ ကျန်းမာရေးကတော့ အားလုံးထဲမှာ သတိအထားရဆုံး

ဖြစ်မယ့် ကိစ္စဖြစ်နိုင်ပါတယ်။ နာတာရှည်ရောဂါရှိသူများ ဒီလထဲမှာ ဝေဒနာတိုး လာတတ်

ပါတယ်။ ကိုယ် နှစ်ရှည်လများ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာ ၊ တန်ဖိုးရှိသောအရာ

တစ်ခုမဟုတ် တစ်ခု ဆုံးပါးဖွယ် ရှိပါတယ်။ မတော်တဆ ထိခိုက်မှုများလည်း ကြုံရတတ်ပြီး

သွေးထွက်သံယိုဖြစ်ဖွယ်ရှိနေပါတယ်။ ဒီလထဲမှာ (၈)ဂဏန်းသမားများအတွက် ကောင်းတဲ့

ကံ အလွန်နည်းနိုင်ပါတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် မိမိ နေအိမ် ၊ အလုပ်အကိုင်

များ ပျက်စီးနိုင်ပါတယ်။
= အထူးသဖြင့် ဒီလမှာ တနင်္ဂနွေ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နံတွေနဲ့ စထားသူများ

အလွန် ကံညံ့တတ်ပါတယ်။ အင်္ဂါ ၊ သောကြာ ၊ စနေ နံတွေနဲ့ နာမည် စ,ပြီး

မှည့်ထားသူတွေ အတွက်တော့ အဆိုးအင်အား နည်းနည်း လျော့နိုင်ပါတယ်။
= ဒီလအတွက် အကောင်းဆုံး အကြံဉာဏ်က ကျန်းမာရေး အထူးဂရုစိုက်ပါ။ ရေချိုးမိုးချိုး

ဂရုပြုပါ။ ခရီးသွားလာစဉ် မတော်တဆဖြစ်မှု ဖြစ်နိုင်လို့ ခရီးသွားနေချိန်မှာ သံဗုဒ္ဓေဂါထာ

အမြဲရွတ်ပါ။ (သို့မဟုတ်) မိမိကိုးကွယ်ရာ ဘုရားကို အာရုံပြုလျှက် ခရီးသွားပါ။

.

နာမည်ပေါင်းခြင်း (၉) ဂဏန်း ရသူများ

ဒီလအတွက် နာမည်ပေါင်းခြင်း သင်္ချာ (၉)ရသူများအတွက် အတိုက်အခိုက်များ ၊

ရန်ပြုမှုများ ၊ မတရား စွပ်စွဲမှုများ နှင့် ကြုံနိုင်ချေရှိသော်လည်း (မိမိဘက်မှ မှန်ကန်ပါက)

အတိုက်အခိုက်အားလုံးကို ကျော်လွှားအောင်မြင်နိုင်မည့် လ, ဖြစ်ပါတယ်။ အတွင်းလူ ၊

လူယုံ သစ္စာဖောက်တာ ၊ လက်အောက်လူက ခြေရာပြန်တိုင်းတာမျိုး ခံရဖွယ် ရှိတတ်တယ်။

ငယ်ရွယ်သူများ အချစ်ရေး ကိစ္စတွေ အဆင်မပြေဖြစ်တတ်ပြီး အဆင်မသင့်ရင်

လမ်းခွဲရတတ်တယ်။ ဒီလအတွင်းမှာ အိမ်ထောင်ပြု ၊ လက်ထပ်ခြင်းကိစ္စကို (၉)ဂဏန်း

နာမည်ပိုင်ရှင်များ မလုပ်သင့်။ လုပ်ငန်းချဲ့ထွင်ခြင်း ၊ အသစ်တည်ထောင်ခြင်း များကိုတော့

ပြုလုပ်နိုင်ပါတယ်။ လုပ်ငန်းတိုးတက်ချဲ့ထွင်ကိန်း ရှိသလို ၊ ၀န်ထမ်းများ ရာထူးတက်ကိန်း

လည်း ရှိပါတယ်။ ဒါပေမယ့် အားလုံးဟာ ချောချောမွေ့မွေ့တော့ ရှိမည်မဟုတ်ပါ။

အခက်အခဲ အတိုက်အခံများကတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ပညာရေးကို

လိုက်စားနေသူများအတွက်တော့ ပညာရေးကံ အလွန်ကောင်းနေပေမယ့် အချစ်ရေး

ကိစ္စက ၀င်နှောင့်တတ်တာကို သတိထားပါ။ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်ခြင်း

ဂျောက်တွန်းမှုကို ခံရနိုင်သော်လည်း မိမိဘက်က မှန်လျှင် ကြောက်စရာ မလိုပါ။

= ယခုလအတွက် နာမည် အစ, မှာ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေ ဖြင့် စ,

ထားသူများ အတိုက်အခံ ၊ ရန်များကို ဖြတ်ကျော်အောင်မြင်မည်။ တနင်္လာ ၊ အင်္ဂါ ၊

ကြာသပတေး နေ့နံများဖြင့် အစ, ပြုသူများ ရန်အတိုင်အခံ နှင့် ပြိုင်ဖက်များ၏ ဒုက္ခပေးမှုကို

အကြီးအကျယ်ခံရတတ်ပြီး ခက်ခဲစွာ ကျော်ဖြတ်ရဖွယ် ရှိသည်။
= ယခုလအတွက် နာမည် (၉)ဂဏန်းပိုင်ရှင်များကို အထူးပေးလိုသော အကြံမှာ

ရန်အတိုက်အခိုက်များကို မိမိကလည်း စတင် မပြုလုပ်ပါနှင့်။ မိမိအားလုပ်လာလျှင်လည်း

ဒေါသတကြီး မတုန့်ပြန်ဘဲ သည်းခံပြီး အမှန်တရားဘက်မှ ရပ်တည်ပါ။ အချိန်တန်လျှင်

အမှန်တရားက သက်သေခံပါလိမ့်မည်။

မှတ်ချက်။     ။ ဒီတွက်နည်းလေးဟောနည်းလေးကတော့ နည်းသစ်ကလေးဖြစ်ပါတယ်။

အကြမ်းအားဖြင့် ပြောရရင် ဒီလ(သြဂုတ်လ) အတွက် (၂) (၄) (၆) (၈) ဂဏန်းသမားများ

အတော်များများမှာ အညံ့ရှိတတ်ပါတယ်။ အားလုံးတော့ မဆိုလိုပါ။ ဒါပေမယ့် တနင်္ဂနွေ ၊ တနင်္လာ . . .

စတဲ့ နေ့နံ (၇)ရက် သားသမီး ဟောကိန်းထက်စာရင်တော့ အမှန်နဲ့ နီးစပ်နိုင်ပါတယ်။ ဘာမှ

မဖြစ်သူလည်း ရှိပါလိမ့်မယ်။ တစ်ဦးခြင်း တစ်ယောက်ခြင်း တွက်သလောက်တော့

မှန်နိုင်မည် မဟုတ်ပါ။ ယေဘူယျ ဟောကိန်း တစ်မျိုးပါဘဲ။ (ကြိုတင်ဆင်ခြင်နိုင်ဖို့ဘဲ

ရည်ရွယ်ပါတယ်)။

(၇)ရက် သားသမီးအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Share

Comments are closed.

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ