.

မြန်မာနှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသား အားလုံး နှင့် တိုင်းတစ်ပါးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများပါမကျန် အားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ရေလိုအေး၍ ပန်းလို မွှေးနိုင်ကြပါစေ ၊ ဘေးမသီရန်မခ ရှိကြပါစေ။ ကောင်းသော လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ထို့ထက်ပို၍ အကြောင်းအမျိုးမျိုးကြောင့် မိမိအပေါ် အမြင်မကြည်လင်ခဲ့သူ ၊ စကားအခြေအတင်ဖြစ်ခဲ့သူ ညီအစ်ကို မောင်နှမ အားလုံးကိုလည်း နှစ်သစ်မှာ ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။ ကျွန်ုပ်၏ စိတ်ထားမှာ မည်သူအပေါ်တွင်မှ အညိုးအတေး အာဃာတတရား မထားခဲ့ပါ။

သို့သော် မိမိ၏ အားနည်းချက်ဖြစ်သော “ဝေဖန်မှု” များကို ချက်ခြင်းပြန်လည် တုန့်ပြန်တတ်မှုကြောင့် မလိုလားအပ်သော စကားအခြေအတင်ဖြစ်မှုများ ရှိခဲ့ပါသည်။ ဗေဒင်လောကမှ အချို့သော ပညာရှင်များ၏ ရေးသားချက်များကိုလည်း “ဝေဖန်ထောက်ပြမှု” များ ရှိခဲ့ပါသည်။ ကဲ့ရဲ့ လှောင်ပြောင်သလို ဖြစ်ခဲ့ခြင်းများ ရှိခဲ့ပါသည်။

ထို့အတွက် စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရပါသည်။ မိမိသည် စိတ်တို ၊ စိတ်ဆတ်ပြီး မိမိအား စော်ကားလာသည်ဟုထင်လျှင် ချက်ခြင်းတုန့်ပြန်တတ်သော ဉာဉ်ဆိုးရှိပါသည်။ မမှန်တာ မဟုတ်တာတွေ လျှောက်ပြောနေသည်ဟု ထင်လျှင်လည်း ပါးစပ်အငြိမ်မနေ, လက်အငြိမ်မနေတတ်ပါ။ အသက်သာ ကြီးလာသော်လည်း ထို “ဗီဇစိတ်” ကို မဖျောက်နိုင်ခဲ့ပါ။

အမေး/အဖြေ ကဏ္ဍများတွင်လည်း အချိုးမကျသော မေးခွန်းများ ၊ စည်းကမ်းမလိုက်နာမှုများ ရှိခဲ့လျှင် “ဂွစကား၊ ဘုစကား” ပြောတတ်သော ဉာဉ်ဆိုးလည်း ရှိပါသည်။ ထို့ကြောင့် အချို့သူများ မကျေမနပ်ဖြစ်ကြမည်မှာ သေချာပါသည်။ အမှန်အတိုင်းပြောရလျှင် မိမိသည် “အပေါက်ဆိုး” သော သူတစ်ဦး ဖြစ်သည်ဟု ၀န်ခံပါသည်။ သို့သော် “စိတ်ထား မယုတ်ပါ” ။ မှန်သော သစ္စာစကားဖြစ်ပါသည်။

သို့သော် မိမိ၏ စိတ်ရင်းအမှန်မှာ မေ့လွယ်ပျောက်လွယ်၊ ခွင့်လွှတ်လွယ်သော စိတ်မျိုးဖြစ်သည်ကို အကြွင်းမဲ့ ယုံကြည်ကြစေလိုပါသည်။ မိမိနှင့် ပြဿနာ ကြီးငယ်ဖြစ်ခဲ့ဘူးသူများကိုလည်း “နင်ဘဲငဆ” ပြောခဲ့မိသည်များကိုလည်း တွေးမိတိုင်း စိတ်မကောင်းပါ။ အချို့ကိုလည်း စာဖြင့် ပြန်လည် တောင်းပန်ခဲ့ပြီးပါပြီ။ ကျေအေးသူများ ရှိသလို မကျေအေးနိုင်ကြသူများလည်း ရှိသေးပါသည်။

ထို့ကြောင့် ယခုနှစ်သစ်မင်္ဂလာ အခါသမယတွင် မိမိအပေါ် ချစ်ခင်လေးစားကြသူများသာမက၊ မိမိအပေါ် အထင်အမြင် လွဲမှားနေကြသူများ အားလုံးကို ဤနေရာမှ ကျွန်ုပ် ထပ်မံ၍ ၀န်ချတောင်းပန်အပ်ပါသည်။ ကျွန်ုပ်ဖက်မှ အမှားရှိခဲ့ခြင်းများကိုလည်း ၀န်ချတောင်းပန်အပ်ပါသည်။ ခွင့်လွှတ်နိုင်ကြပါစေကုန်သော်။

.

သဗ္ဗေသတ္တာ ဝေနေယျာ အားလုံး မြန်မာနှစ်သစ်တွင် ကျန်းမာချမ်းသာကြပါစေကုန်သော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

 

Share

8 comments on “# နှစ်သစ်ကူး ဆုမွန်လွှာ

  1. sadabawa on said:

    ကျေးဇူးပါပဲ ဆရာ …

  2. ဦးထေရိန်ဒ on said:

    ဒကာုကီရေ ဂဏန်းဗေဒင်ရှိတယ်ဆိုတာုကားဖူးပါတယ် တွက်ပုံတွက်နည်း ကတော့ မမြင်ဖူးဘူးပါ ကိုယ်မွေးဂဏန်းနဲ့ ဘယ်လဂဏန်း ဘယ်ရက်ဂဏန်းနဲ့ ကောင်းကျိုးဆိုးဖြစ်တွေ ဖေါ်ပြတဲ့
    နည်းမရှိသေးဘူးလား သိချင်တယ် ကျေးဇူးပြုပြီး ရှာဖွေပေးပါ
    ရွှေလီမြို့ ဟောင်း အနောက်ကျောင်းက ဦးထေရိန်ဒပါ

  3. ခင် on said:

    ဆရာနဲ့ မိသားစုကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပါတယ်ဆရာ

  4. Nilar on said:

    THank You Saya

  5. ငြိမ်း on said:

    ဆရာနဲ့တကွ ၇ရက်သားသမီးအပေါင်းဘေးရန်ကြောင့်ကြကင်းပါစေ။ ကိုယ်ရောစိတ်ပါကျန်းမာကြပါစေ။

  6. Nay Nwe on said:

    ကျေးဇူးပါ ဆရာ …

  7. မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ ဆရာ

  8. ခိုင် on said:

    ဆရာ ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းလိုက်ပါတယ် ဆရာ….
    ကျမတို့မိသားစုထဲမှာ ပြိသ၁ နဲ့ ဗြိစ္ဆာ ၂ယောက်ပါလို့…. ဆရာရဲ့ ၂၀၁၂ အတွက် မေးခွန်း တခွန်းဆီမေးခွင့်ထဲမှာ ပါတဲ့…. မိသားစုထဲက တယောက် အပြီးတိုင် ထွက်ကိန်းရှိတယ် ဆိုတာကို ဖတ်ပြီး ရင် အတော်ပူသွားပါတယ်…. ပြည်ပမှာရောက်နေတာမို့လို့လဲ ဆရာကို ဘယ်လိုမေးရမယ် မသိလို့…. ဖြစ်နိုင်ရင် နည်းလမ်း ပြောပြပါလားနော်…. ဟူးရားဂဏန်းလဲ နှိပ်ကြည့်တာ ၇ ရပါတယ်… ဆရာဒီမှာ ဖြေဘို့ အဆင် မပြေဘူးဆိုရင်လဲ… တခုခုနည်းလမ်းလေးပြောပြပေးပါနော်…. အားကိုယ်းပါတယ်….

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ