မြန်မာ့ရိုးရာ မဟာကာလကြီး ဗေဒင်ကို - မြန်မာနိုင်ငံမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့တဲ့ (ကေပီစနစ်) လိုဘဲ တွက်ချက်လို့ ရနိုင်တဲ့ နည်းစနစ်ကို ကျွန်တော် တီထွင်ထားတာ ကြာခဲ့ပါပြီ။ စာအုပ်တစ်အုပ်လည်း ရေးနေတာ မပြီးသေးပါဘူး။ (ဆက်ပြီး မရေးဖြစ်တာပါ)။ ဒီပညာအကြောင်းကို ကျွန်တော့် ဘလော့ဂ်မှာ မကြာခဏ ပြောထားတာရှိတော့ နည်းပညာ အသစ် အဆန်းလိုလားသူတွေလည်း မချင့်မရဲ ဖြစ်နေကြတာကို ကျွန်တော် သိပါတယ်။

ဒါကြောင့် ဒီနေ့တော့ ဟူးရားမဟာကာလကြီးပညာနဲ့ တွက်ချက်မှုလေးတစ်ခုကို တင်ပြပေးပါမယ်။ လက်ရိုးအခြေခံ ရှိသူ (သို့) မဟာကာလကြီး အခြေခံရှိသူများတော့ နားလည်နိုင်ပါလိမ့်မယ်။ ကျန်သူတွေ အတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးဟာ ပညာရှင်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်လို့ဘဲ ဆိုရပါတော့မယ်။

ကျွန်တော့်ဆီမှာ “အွန်လိုင်းဗေဒင်” ကို သင်ကြားဖို့ စာရင်းပေးသွင်းထားသူတွေလည်း ဒီဆောင်းပါးလေးကို (နားမလည် ရင်တောင်မှ) ကူးယူ ထားစေချင်ပါတယ်။ နောင်တစ်ချိန် သင်တန်းကာလမှာ အသုံးတည့် ပါလိမ့်မယ်။

ဒီ ဆောင်းပါး နဲ့ တွက်ချက်မှုလေးဖြစ်လာရပုံကို ပြောရဦးမယ်ဗျ။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၄)ရက်နေ့က စီစဉ်မထားဘဲ ကျွန်တော့်ရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း “ဆင်ဖြူကျွန်းမြို့ကလေး” ကို အလည်ပြန် ဖြစ်သွားတယ်။ သွားတုန်းကတော့ () ရက် ()ရက်လောက်ဘဲ ကြာမယ်လို့ မှန်းထားတာ။ ဟိုရောက်တော့ ဟိုကိစ္စပေါ် ၊ ဒီကိစ္စပေါ် နဲ့ ()ပါတ်လောက် ကြာသွား ပါတယ်။ ငယ်သူငယ်ချင်းတွေ ၊ ဗေဒင်မိတ်ဆွေတွေ အားလုံးနဲ့ တွေ့ရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရတာ အတော်စိတ်ချမ်း သာဖို့ ကောင်းတဲ့ ခရီးလေးတစ်ခုပါ။

မနက် ()နာရီလောက်ဆိုရင် မိတ်ဆွေတွေ အားလုံး စုပြီး လဘ္ဘက်ရည်ဆိုင်ကို ချီတက်ကြတယ်။ ပေါက်ကရလေးဆယ် တွေ လျှောက်ပြော ၊ ရယ်လိုက်ကြ မောလိုက်ကြနဲ့ အတော်ပျော်စရာကြီးပါဗျာ။ အများဆုံး ဒိုင်ခံပြီး ဖြေနေရတာကတော့ ကျွန်တော်ပေါ့လေ။ သူတို့နဲ့ ကင်းကွာသွားတဲ့ အနှစ် (၂၀)ကာလအတွင်းမှာ တိုးတက်လာတဲ့ ကျွန်တော့်ပညာတွေကို ပြန်ပြီး ဖြန့်ဝေ ပေးရတာပေါ့ဗျာ။ စကားနဲ့လည်း ရှင်းပြ ၊ စာရွက်အကြမ်းပေါ်မှာလည်း ဆွဲပြလိုက်နဲ့။ နေ့လယ် (၁၂)နာရီလောက်မှ လဘ္ဘက်ရည်ဆိုင်ကနေ ပြန်ဖြစ်ကြပါတော့တယ်။ နေ့တိုင်း လိုလိုပါဘဲ။

နယ်မှာက “အချိန်” ဆိုတာ အပေါများဆုံး ပစ္စည်းလေ ၊ မြို့ကြီးပြကြီး ရောက်လာလေလေ အချိန် ဆိုတာ ရှားပါးပစ္စည်း ဖြစ်လာလေဘဲ။ ရန်ကုန်မှာတော့ သူငယ်ချင်း တစ်ယောက်တစ်လေ ရောက်လာမှ လဘ္ဘက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ထိုင်ပြန်တော့လည်း ခပ်သုတ်သုတ် သောက် ၊ ခပ်သုတ်သုတ် ပြန်ကြပါဘဲဗျာ။ သူ့မှာလည်း အလုပ် နဲ့ ကိုယ့်မှာလည်း အလုပ် နဲ့။ အချိန် မဖြုန်းနိုင်ကြဘူးဗျ။

နယ်မှာတော့ အချိန်ဆိုတာ “ဖောခြင်းသောခြင်း” ဘဲ။ လဘ္ဘက်ရည်ဆိုင် တစ်ခါထိုင်ရင် ()နာရီဆိုတာ အနည်းဆုံးဘဲ။ ပြီးတော့ တစ်နေ့ကို ()ခါလောက် ထိုင်ဖြစ်သဗျ။ မနက်တစ်ခါ ၊ နေ့လယ် တစ်ခါ ၊ ညဖက် တစ်ခါ။

ကဲလေ- ဆောင်းပါး ခေါင်းစဉ်နဲ့ “အံချော်”နေပါပြီ။ ပြောချင်တာက ဒီလိုဘဲ တစ်နေ့ တစ်နေ့ သူငယ်ချင်းတွေ နဲ့ လဘ္ဘက်ရည်ဆိုင် ထိုင်လိုက် ၊ တောင်ပြောမြောက်ပြောတွေ လျှောက်ပြောရာကနေ တစ်ရက်တော့ ကျွန်တော် တီထွင်အသုံးပြုနေ တဲ့ “ဟူးရား မဟာကလကြီး” အကြောင်းကို ရောက်သွားတယ်ဗျ။ ကျွန်တော်က ဟူးရားမဟာကာလကြီး နဲ့ ကေပီ စနစ်လိုဘဲ မေးချင်တဲ့ မေးခွန်းကို မေးနိုင်ကြောင်း ၊ မိနစ် အတိအကျ မှန်အောင် တွက်လို့ရကြောင်း ပြောတော့ သူတို့က လက်တွေ့ တစ်ခု လောက်တွက်ချက်ပြဖို့ ၀ိုင်းတောင်းဆိုကြပါတယ်။

ဒီတော့ ကျွန်တော်က “ကဲ - ဒါဆို အခုအချိန်မှာ အသိချင်ဆုံး မေးခွန်းတစ်ခု” ကို မေးဗျာ။ တွက်ပြမယ်လို့ ပြောလိုက်တော့ မိတ်ဆွေ သူငယ်ချင်း အားလုံးနီးပါးလောက် တပြိုင်တည်း မေးတဲ့မေးခွန်းက ဘာလဲ သိလား။ စက်တင်ဘာ ()ရက်နေ့ထွက်မယ့် ()လုံးဂဏန်းက ဘာလဲ တဲ့။ ကောင်းရော။ မြန်မာနိုင်ငံက လူတွေလည်း အလုပ်မရှိကြတော့ တစ်ခါလာ ဒီ လောင်းကစားနဲ့ဘဲ အချိန်ကုန်နေကြတော့တာဘဲလေ။

မတတ်နိုင်ဘူး။ အမေးရှိသော် အဖြေရှိ ဆိုတဲ့ စကားလို သူတို့ သိချင်တာဘဲ ဖြေရတော့မှာပ။ အဲဒီတော့ အကြမ်းစာရွက် တစ်ရွက်ကို ယူပြီး နာရီကို ကြည့်လိုက်တယ်။ မနက် (၁၀)နာရီ (၁၇)မိနစ် ၊ နေ့က သြဂုတ်လ (22)ရက် ၊ တနင်္လာနေ့။ တနင်္လာ နေ့ဆိုတော့ မနက် (၁၀)နာရီ (၁၇)မိနစ်က “ဂုရု” ဆိုတဲ့ ကြာသပတေး အချိန်။ အဲဒီတော့ ဂြိုဟ်စဉ်တွေကို ကျွန်တော် ချ, ရေးလိုက်တယ်။

ပထမ - တနင်္ဂနွေ () ၊ တနင်္လာ ()၊ အင်္ဂါ () ၊ ဗုဒ္ဓဟူး () ၊ ကြာသပတေး () ၊ သောကြာ () ၊ စနေ () ၊ ရာဟု () – ဆိုပြီး ဂြိုဟ် ()လုံးကို အရင်တစ်တန်းတည်း ချရေးတယ်။

ပြီးမှ တနင်္ဂနွေ ရဲ့ အောက်တည့်တည့် ကနေပြီး “ဂုရု () ၊ ဘောမ () ၊ သူရဇ္ဇ () ၊ သောကြ () ၊ ဗုဒ္ဓ () ၊ စနြေ္ဒာ () ၊ သောရီ () ၊ ဂုရု () ဆိုပြီး အစီအစဉ်တကျ လိုက်ထည့်လိုက်တယ်။ အောက်က ဇယားလေးပေါ့ဗျာ။

ပြီးတော့ အောက်က ဇာတာခွင်ကို ချတယ်။ မဟာကာလချနည်းကိုတော့ ရေးမပြတော့ဘူး။ ဆောင်းပါးကနေ စာအုပ် တစ်အုပ် ဖြစ်သွားနိုင်တယ်။ အဓိက ပြောချင်တာက “ကျွန်တော်ရဲ့ မဟာကာလ ချနည်းမှာ အခြားနည်းတွေနဲ့ ကွဲပြားတဲ့ အချက်တွေရှိပါတယ်။ ဒါတွေကတော့ -

() တနင်္ဂနွေဂြိုဟ်ကို မူလ ကောဇာ တနင်္ဂနွေဂြိုဟ်ရှိတဲ့ အခွင်ကနေ စ, ပြီး ချတယ်။ (ရှေ့တစ်ခွင်က မယူပါ)

() သုညအခွင်ရောက်ရင် အခွင်မရှိလို့ မယူဘဲ (=) လို့ ယူပြီး သမသတ်()တန့်မြောက်ကို ယူတယ်။

() မဟာကာလကြီးရဲ့ “လဂ်” ကို လက်ရိုးဗေဒင်စနစ်က “လဂ်” ကိုယူတယ်။ ဒါကတော့ အခြားနည်းတွေ နဲ့ နည်းစနစ်ခြင်း ကွာခြားမှုဖြစ်နေလိမ့်မယ်။ မှန်/မမှန်တော့ လက်တွေ့သုံးကြည့်ပေါ့။ ဒီတော့ အောက်က ဇာတာခွင် ဖြစ်လာတယ်။

လက်ရိုးဇာတာခွင်မှာ တနင်္ဂနွေဂြိုဟ်ရောက်နေတဲ့ နေရာကို * အမှတ်အသားပြထားပါတယ်။ ဒါကြောင့် အဲဒီနေရာကနေ စပြီး ရေရင် ကာလကြီးရဲ့ တနင်္ဂနွေဟာ ()အိမ်မြောက် “ဓနုအိမ်” မှာ ရောက်နေတာကို တွေ့ရပါလိမ့်မယ်။

လဂ်ကတော့ လက်ရိုးဇာတာခွင် အချိန်လဂ်ကိုဘဲယူတော့ သြဂုတ်လ ၊ မနက် (၁၀)နာရီ ကျော်ကျော်ဆိုရင် တူလဂ်မှာဘဲ ရှိမယ်။ (စိတ်တွက်နဲ့ဘဲ တွက်လို့ရပါတယ်)။ လ,တစ်လစီရဲ့ နေထွက်ချိန်တွေကို သိရင် ()နာရီ ()လဂ် နဲ့ သွားလိုက်ရုံပါဘဲ။

အဲဒီတော့ ဇာတာခွင်တော့ ရပြီ။ မေးခွန်းက ဘာပါလိမ့်။ သြော် - စက်တင်ဘာ ()ရက်နေ့ ဂဏန်းက ဘာလဲတဲ့ နော်။ ဟုတ်ပြီ။ ဒီတော့ ကေပီ အယူအဆဘက်ကို သွားရအောင်။ ပထမ “စိုးမိုးဂြိုဟ်” တွေကို ရှာရအောင်။

စိုးမိုးဂြိုဟ်တွေက -

() လဂ် စိုးမိုးဂြိုဟ် = ၅ နဲ့ ၆ = (၅ က လဂ်နဲ့ ပူးတဲ့ဂြိုဟ် ၊ ၆ က လဂ်အိမ်ရှင်ဂြိုဟ်)

() စန်း စိုးမိုးဂြိုဟ် = ၃ နဲ့ ၀ , = (၃ က စန်းနဲ့ ပူးတဲ့ဂြိုဟ် ၊ ၀,၇ က အိမ်ရှင်ဂြိုဟ်)

() နေ့ စိုးမိုးဂြိုဟ် = ၂ ၊ ၃ နဲ့ ၇,= နေ့က တနင်္လာနေ့ ()ဂဏန်း ၊ တနင်္လာ နဲ့ အင်္ဂါပူးတယ်၊ သူတို့ရပ်တည်တာ စနေအိမ်။

မှတ်ချက်။။ မဟာကာလကြီးမှာ စနေဟာ ()ဂဏန်း နဲ့ ()ဂဏန်းကို ပူးတွဲ ပိုင်ဆိုင်တယ်။ ဒါပေမယ့် ဒီလို နေရာမှာ () လား ()လား ဆိုတာ “အစင်အကြယ်” ခွဲထုတ်တဲ့ နည်းရှိပါတယ်။ နောက် သင်္ခန်းစာ တွေမှ ခွဲပြပါမယ်။

ဟုတ်ပြီနော်။ ဒါဆို “စိုးမိုးဂြိုဟ်” တွေကို ရပြီ။ မပြီးသေးဘူး။ “ဇာတ်ဆောင်ဂြိုဟ်” တွေကို ဆက်ပြီး ရှာရဦးမယ်။

ဇာတ်ဆောင်ဂြိုဟ်တွေက -

ဒီလို “ဘာဂဏန်းထွက်မလဲ” ဆိုတဲ့ ကိစ္စမျိုးမှာ ဇာတ်ဆောင်ဂြိုဟ်အဖြစ် ()တန့် ၊ ()တန့် (၁၁)တန့် တွေကို ယူပါတယ်။ လက်တွေ့ သုတေသနပေါင်းများစွာ လုပ်ခဲ့ပြီးပါပြီး။ အလောင်းအစား ၊ ထီ ဆိုပြီး တစ်ချို့က ()တန့် () တန့် () တန့်တွေကို ထည့်စဉ်းစားတယ်။ ကျွန်တော်ကတော့ မစဉ်းစားပါ။ ၂, , ၁၁ က အကောင်းဆုံးပါဘဲ။ ()တန့် = ငွေစုငွေပုံ ၊ () တန့် = အပြိုင်အဆိုင်များကို အနိုင်ရခြင်း ၊ (၁၁) အလိုဆန္ဒအားလုံးပြည့်ခြင်း ၊ လာဘ်ကြီးဝင်ခြင်း ဆိုတဲ့ “ပရိယာယ်တွေ” နဲ့ ကိုက်ညီလို့ပါ။ ဒီတော့ -

()တန့် ရဲ့ ဇာတ်ဆောင်ဂြိုဟ် = , ( ၃ က အိမ်ရှင်ဂြိုဟ် ၊ ၆ က ရပ်တည်တဲ့ဂြိုဟ်)

()တန့် ရဲ့ ဇာတ်ဆောင်ဂြိုဟ် = , (၅ က အိမ်ရှင်ဂြိုဟ် ၊ ၉ က ရပ်တည်တဲ့ဂြိုဟ်)

(၁၁)တန့် ရဲ့ ဇာတ်ဆောင်ဂြိုဟ် = (ရပ်တည်ဂြိုဟ် မရှိလို့ အိမ်ရှင်ဂြိုဟ်ဘဲ ယူရမယ်)

, ဂြိုဟ်တွေက များလှချည်းလား။ “စိုးမိုးဂြိုဟ်” တွေရော ၊ ဇာတ်ဆောင်ဂြိုဟ်တွေရော ဆိုတော့ ရှုပ်မကုန်ဘူးလား။ မရှုပ်ပါဘူး။ “စိုးမိုးဂြိုဟ် နဲ့ ဇာတ်ဆောင်ဂြိုဟ်တွေကို တူတာတွေ “ဘုံထုတ်” လိုက်ရင် ဂြိုဟ်တွေ အများကြီး လျော့သွားမှာပါ။ အောက်က ဇယားကို ဆက်ကြည့်ပါ။

စိုးမိုးဂြိုဟ်များ

ဇာတ်ဆောင်ဂြိုဟ်များ

, , , , ,

, , , ,

မတူသောဂဏန်းများကို ဖယ်လိုက်လျှင် = , , ဂဏန်း ()လုံးသာ ကျန်မည်။

.

အထက်က ဇယားအတိုင်းဘဲ “စိုးမိုးဂြိုဟ်” နဲ့ “ဇာတ်ဆောင်ဂြိုဟ်” များကို ယှဉ်ကြည့်ပြီး မတူတာတွေကို ဖယ်ထုတ်ပြီး နှစ်ဘက် တူရာဂဏန်းတွေကိုသာ ရွေးထုတ်လိုက်ရင် , , ဆိုတဲ့ ဂဏန်း ()လုံးသာ ကျန်တော့မှာပေါ့။ အဲဒီ ဂဏန်း ()လုံးက စက်တင်ဘာ()ရက်နေ့မှာ အလုပ်လုပ်မယ့် ဂဏန်းတွေ ပါဘဲ။ သူတို့ စကားနဲ့ဆို (အပြီးပေါက်) ပေါ့။

အပူး/အခွ ဖြစ်နိုင်လား

ဂဏန်းတွေဟာ အပူး/အခွ မကြာခဏ ဖြစ်လေ့ရှိတယ်။ အဲဒါလည်း ဇာတာထဲမှာ ပါနေပါတယ်။ အဓိကကတော့ လဂ် နဲ့ စန်း ပေါ့နော်။ လဂ် နဲ့ စန်း ရပ်တည် တဲ့ ရာသီတွေဟာ “ဒွေးဒဟရာသီ” တွေဖြစ်ရင် အပူး/အခွ ထွက်တတ်တယ်။ သတိထား။ အခုရော လဂ်, စန်း က “စရ” နဲ့ “ထိရ” အိမ်တွေမှာ ရပ်တည်နေပါလား။ ဒါဆို အပူး/အခွ မထွက်ဘူးပေါ့။

မဟုတ်ဘူး။ အပူး/အခွ ထွက်လိမ့်မယ်လို့ ကျွန်တော်က ပြောလိုက်တော့ မိတ်ဆွေတွေက ဘာဖြစ်လို့လဲပေါ့။ နက္ခတ်ဗေဒင်ဘဲ ဖြစ်ဖြစ် ၊ မဟာကာလကြီးဘဲဖြစ်ဖြစ် လေ့လာလိုက်စားမယ့်လူဟာ ရာသီခွင်တွေရဲ့ သဘောသဘာဝသာမက ၊ ရာသီရုပ်တွေရဲ့ အနက်အဓိပ္ပါယ်ကိုပါ ကျေညက်ဖို့ လိုပါတယ်(၁၂)ရာသီခွင်မှာ ဒွေးဒဟ ရာသီမဟုတ်ဘဲ ၊ အပူးအခွ ဖြစ်တတ် တဲ့ ရာသီခွင် ()ခုရှိပါတယ်။ “တူရာသီ” နဲ့ “ဗြိစ္ဆာရာသီ” ပါ။ တူရာသီက ချိန်ခွင်ရုပ် ၊ ချိန်ခွင်မှ ဘယ်/ညာ ရှိတယ်။ နှစ်ခွဖြစ်နေ တယ်။ ဗြိစ္ဆာက ကင်းမြီးကောက်ရုပ် ၊ ကင်းမြီးကောက်မှာ လက်နှစ်ဖက်ရှိပြီး တစ်ဖက်စီမှာလည်း ညှပ်နိုင်တဲ့ လက်နှစ်ခွ ရှိတယ်။ ဒါကြောင့် သူလည်း အပူးအခွ ဖြစ်နိုင်တယ်။ ဒါကြောင့် ကျွန်တော်က အပူး/အခွ ရှိတယ်လို့ ရဲရဲ ပြောလိုက်တယ်(မှားကာမှ မှားရော)

ဒီလိုနဲ့ အဲဒီနေ့ မေးခွန်းက (, , ) အပြီးပေါက် ၊ အပူး/အခွ ရှိမယ်ဆိုတဲ့ အဖြေနဲ့ ပြီးသွားပါတယ်။ (အတိအကျ ကြီးတော့ မပြောနိုင်ဘူးပေါ့နော်)

ဒီလို နဲ့ လ, ကုန်ခါနီးလောက်မှ ရန်ကုန်ကို ပြန်ရောက်ပါတယ်။ ရန်ကုန်ရောက်တော့လည်း ကိုယ့်တွက်ခဲ့တဲ့ဟာ ကိုယ့်ဟာကိုယ် မေ့နေတယ်။ မေ့ဆို ကျွန်တော်က ဒီအလောင်းအစားတွေ မလုပ်တာ ဆယ်စုနှစ် တစ်ခု ကျော်ခဲ့ပြီလေ။ ဟိုတုန်း ကတော့ အသည်းအသန်ပေါ့။ စက်တင်ဘာ () () ရက်လောက်ကျမှ အဲဒါကို သွားသတိရတယ်။ ဒီတော့မှ လမ်းထိပ်က ဆိုက်ကားသမားလေးကို မေးကြည့်ရတယ်။ ထွက်သွားတဲ့ ဂဏန်းကတော့ သိတဲ့ သူတွေလည်း သိကြမှာပါ။ မသိတဲ့ သူတွေလည်း ရှိမှာပေါ့။ ဘာလဲသိလား။ (၅ ၃ ၃) တဲ့။

ဒါကတော့ မဟာကလကြီး မိတ်ဆက်ကလေးပါ။ ချဲတွက်နည်း မဟုတ်ပါဘူး။ ကိုယ်တိုင်တွက်ပြီး ထိုးရင်လည်း မှန်မှာ မဟုတ်ပါဘူး။(လောဘပါနေလို့)။ ဒီအတိုင်း သုတေသန လုပ်ချင်လို့ တွက်ကြည့်ရင်တော့ (ကျွမ်းကျင်လာရင်) မှန်လိမ့်မယ်။ လောဘဦးစီးပြီး တွက်မယ်ဆိုလို့ကတော့ ဘယ်တော့ မှ မှန်မှာ မဟုတ်ပါ။ မယုံရင် လုပ်ကြည့်ပါ။

ကဲ- ဒီတော့ ဒီ ဟူရားမဟာကာလကြီး တွက်နည်းက ဒီတစ်ခုဘဲ တွက်လို့ရတာလား လို့ မေးမယ်။ မဟုတ်ပါဘူး။ ဒီလို “စိုးမိုးဂြိုဟ်” နဲ့ “ဇာတ်ဆောင်ဂြိုဟ်” တွေ ရှာပြီး ကေပီ စနစ်လိုဘဲ “ကလေးကျောင်းပြန်ချိန်” “မိတ်ဆွေ ရောက်လာမယ့် အချိန်” “ လေယာဉ် ၊ ရထား ဆိုက်မယ့်အချိန်” တွေကို မိနစ်ပိုင်းအထိ ပိုင်းခြားတွက်လို့ ရပါတယ်။

အချိန် မိနစ် မလိုတဲ့ သာမန် ကိစ္စတွေ (နိုင်ငံခြားသွားရမှာလား ၊ ရာထူးတက်မှာလား ၊ အိမ်ထောင်ဘယ်တော့ ကျမလဲ . . ) စတဲ့ မေးခွန်းတွေ ကတော့ ပေါ့ပေါ့ပါးပါးလေး တွက်လို့ရပါတယ်။ ဘယ်နှစ် ဘယ်လပိုင်း ဆိုတာ အထိ တွက်ရပါတယ်။ ကေပီ စနစ်လောက် “ခေါင်းမစား”ပါ။ အထက်က ပုံစံလောက်ပါဘဲ။ နက္ခတ်တွေ ၊ နက္ခတ်ခွဲတွေ ၊ ဘုတ္တိတွေ မလိုပါဘူး။ ဘယ်လောက်ကောင်းလဲ။

တကယ်လို့ ကာလကြီးလဂ်ကို အချိန်နဲ့ကောက်တာ မကျွမ်းကျင်သေးရင် ဂဏန်းနံပါတ်နဲ့လည်း ကောက်လို့ ရပါတယ်။ အဲဒီနေ့က လဂ်ကို (၂)မျိုးတပ်ပြခဲ့ပါ တယ်။ အခုတွက်ချက်မှုကတော့ “အချိန်လဂ်” ပေါ့။ ဂဏန်းနံပါတ်နဲ့ လဂ်တပ်ချင်လျှင် (၁) မှ (၁၂) အတွင်း ဂဏန်းတစ်လုံးလုံးကို အနီးအနားက လူတစ်ယောက်ယောက်ကို မေးလိုက်ပြီး (၁) ဆိုလျှင် မိဿ (၂) ဆိုလျှင် ပြိဿ . . . စသည်ဖြင့် တပ်လျှင်လည်း အတူတူပါဘဲ။ ထိုနေ့က ဗေဒင်နှင့် လုံးဝအကျွမ်းမ၀င်သော “ကိုဟေလာမောင်” ကို နှစ်သက်ရာဂဏန်းတစ်ခု ပြောခိုင်းကြည့်ရာ (၈)ဂဏန်းကို ပေးပါတယ်။ (ဗေဒင် နှင့် အကျွမ်းဝင်သူဖြစ်လျှင် ဘယ်ဂဏန်းက ဘာလဂ်ဆိုတာ သိနေမှာ စိုးလို့) လဂ်တပ်လိုက်ရင် “ဗြိစ္ဆာလဂ်” ရပါတယ်။ “ဗြိစ္ဆာလဂ်” နှင့် “ဇာတ်ဆောင်ဂြိုဟ်” တွေ ရှာကြည့်ပြီးတွက်လျှင် နောက်ဆုံး (၃, ၅, ၆) ဂဏန်း တွေဘဲပြန်ရတာကို တွေ့ရပါလိမ့်မယ်။

ယနေ့ ဇာတာခွင်လေးကိုကြည့်ရင် – ကေပီသမား ၊ လက်ရိုးသမား နဲ့ မဟာကာလ အတော်အသင့် ကျွမ်းကျင်သူဆို အခြေခံရသွားပါပြီ။ ဆက်ပြီး လေ့လာ သုတေသနပြုကြည့်ကြပေါ့။ ဒီဆောင်းပါးလေးအတွက် ကျေးဇူးတင်ချင်လည်း ရတယ်။ မတင်ချင်လည်း ရတယ်။ ပြဿနာ မရှိ။ ဖတ်ရှုသူအတွက် ပညာတစ်ခု တိုးသွားတယ် ဆိုရင် ကျေနပ်ပါပြီ။

.

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

.

မှတ်ချက်။။ အထက်ပါ တွက်ချက်မှုသည် ကြိုတင်တွက်ချက်မှုမဟုတ်ဘဲ နောက်မှ လုပ်ကြံတွက်ချက်သည်ဟု အထင်ရောက်ခဲ့လျှင် ထိုနေ့က စားပွဲဝိုင်းရှိ ဆရာဦးမင်းသွင် (ကေပီပညာရှင်) ၊ ကိုဟေလာမောင် ၊ ဦးလှစိန် (လှစိန်-အီလက်ထရောနစ်) ၊ ကိုချစ်ညီညီ (အလျူမီနီယံလုပ်ငန်း) . . . စသော ပုဂ္ဂိုလ် များသို့ အမည်တပ် မေးမြန်းစုံစမ်း နိုင်ပါသည်။ သက်ဆိုင်ရာ ပုဂ္ဂိုဟ် အမည်တပ်ပြီး မကွေးတိုင်း ၊ ဆင်ဖြူကျွန်းမြို့ ဆိုလျှင် (မြို့သေးကလေးဖြစ်၍) ရောက်ပါသည်။ အိမ်နံပါတ်မလိုပါ။ Postman က တစ်မြို့လုံးရှိသူအားလုံးကို သိသောကြောင့်ဖြစ်ပါသည်)။

Share

8 comments on “# ဟူးရား မဟာကာလကြီး ဆိုတာ

  1. Wonderful method and principles of Horary Mahakala.

  2. sadabawa on said:

    ကူး​လဲ သူး​သွား​တ​ယ်၊ ဖတ်လဲသွား​ပါ​တ​ယ် ဆရာ…
    ကျေး​ဇူး​ပါ​ပဲ

  3. D.Htet Aung Hlaing on said:

    Thanks sayar.I love Sin Phyu Kyun.

  4. red rose on said:

    လာရောက်ဖတ်ရှု့သွားပါတယ် ဆရာ

  5. Phone Nyunt on said:

    သုတေသနလုပ်ကြည့်ဖို့နည်းပေးတဲ့ဆရာ့ကိုကျေးဇူးအများကြီးတင်
    ပါတယ်။

    အစဉ်လေးစားလျက်

  6. khin shwe on said:

    အလွန်ကျေးဇူးတင်ပါတယ်ဆရာ ။

  7. myomyintway on said:

    ကူးသွားပါတယ်ဆရာ
    လေ့လာပါမယ်။

  8. လာရောက်ဖတ်ရှုသွားပါတယ်ဆရာ။

Reports to my Friends !

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ