.

တွက်ကြည့်မယ်ဆို (၁၀)နှစ် ပြည့်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် ၊ စက်တင်ဘာလ (၁၁)ရက်နေ့မှာ ကမ္ဘာ့လူသားအားလုံး တုန်လှုပ် ခြောက်ခြားသွားစေခဲ့တဲ့ အမေရိကန် World Trade Center တိုက်ညီနောင်ကို အိုစမာဘင်လာဒင် ခေါင်းဆောင်တဲ့ “အယ်ခိုင်းဒါး” အဖွဲ့ အလစ်ဝင် တိုက်ခိုက်လိုက်တာကြောင့် တိုက်ညီနောင် နှစ်လုံးလဲ ဘုန်းဘုန်းလဲကျ ၊ လူအသက်ပေါင်း (၃၀၀၀)လောက် ဆုံးရှုံးခဲ့ကြရတယ် မဟုတ်လား။

 ဒီ အကြမ်းဖက် တိုက်ခိုက်မှုကြီးဟာ အဓိကအကြောင်းကတော့ ဘာသာရေး အစွန်းရောက်မှုကြောင့် ဖြစ်ရပေမယ့် ဒီ သေဆုံး ကွယ်လွန်သွားကြ သူတွေထဲမှာလည်း အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ ဘာသာတူတွေ အမြောက်အများ ပါဝင်နေခဲ့တာ ကတော့ အလွန်ကြေကွဲစရာပါဘဲ။

 အသက်ဆုံးရှုံးသွားရတဲ့ လူ(၃၀၀၀)လောက်ဟာ သူတို့နဲ့ ရန်ညှိုးရန်စလည်း မရှိ ၊ လူခြင်းတောင်မှ မြင်ဘူး သိဘူးခြင်း မရှိ သူတွေရဲ့ ရက်စက်စွာ သတ်ဖြတ်မှု ကို ခံလိုက်ရပါတယ်။ ဘုမသိ ဘမသိနဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့ရပါတယ်။ တကယ့် ကြေကွဲဖွယ် ဖြစ်ရပ်ကြီးတစ်ခုပါ။

အခုတော့လည်း ဒီဖြစ်ရပ်ကြီးဖြစ်ခဲ့တာ (၁၀)နှစ် ပြည့်ခဲ့ပါပြီ။ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်တဲ့ အကြမ်းဖက်ခေါင်းဆောင် “အိုစမာဘင်လာဒင်” ဟာလည်း ယခုနှစ် မေလဆန်းပိုင်းမှာ အသေဖမ်းမိသွားပါပြီ။ သိပ်ကြာခင်မှာဘဲ ဒုတိယ ခေါင်းဆောင်တစ်ဦးကို အသေ ဖမ်းမိပြန်ပါတယ်။ အယ်ခိုင်းဒါး အဖွဲ့ကြီးဟာ သေသူသေ ၊ အဖမ်းခံသူ အဖမ်းခံရနဲ့ ပြိုကွဲပျက်စီးလုလုနီးနီး ရှိနေပါပြီ။

 ဒါပေမယ့် ဒီလို “ဘင်လာဒင်” ခေါင်းဆောင်တဲ့ “အယ်ခိုင်းဒါး” အဖွဲ့ကြီးကို လွယ်လွယ်နဲ့ ဖြိုဖျက်ခဲ့ရတာတော့ မဟုတ်ပါဘူးနော်။ အားလုံးလည်း သိကြပါတယ်။ အမေရိကန် အစိုးရဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲပြီး၊ ငွေအင်အား ၊ လူအင်အား ၊ နည်းပညာအင်အားတွေနဲ့ ဖြိုဖျက်ခဲ့ရတာပါ။ နောက်ပြီး (၁၀)နှစ် နီးပါးလောက်ကို အချိန်ယူ တိုက်ခိုက်ခဲ့ရပါတယ်။

ထားပါတော့လေ။ အခုဟာက သမိုင်းကြောင်းကို ရေးမှာ မဟုတ်ဘဲ ဗေဒင်အကြောင်းကို ရေးမှာ ဖြစ်လို့ ဒီအကြမ်းဖက် လုပ်ရပ်ကြီးကို ဦးဆောင်သူ “အိုစမာဘင်လာဒင်” ရယ် ၊ အဲဒီ အချိန်က အမေရိကန် သမ္မတဖြစ်နေတဲ့ “ဂျော့ ဘွတ်ရှ်” ရယ် ၊ နောက်ဆုံး “ဘင်လာဒင်” ကို သုတ်သင်နိုင်ခဲ့တဲ့ “ဘားရတ် အိုဘားမား” ရယ် . . . သူတို့ ()ဦးရဲ့ မွေးသက္ကရာဇ်တွေကို လေ့လာ ကြည့်လိုက်တော့ စိတ်ဝင်စားစရာလေးတစ်ခုကို သွားတွေ့လိုက်ရတယ်ဗျ။ ဒါလေးကို ပြန်ပြီး ဖောက်သည်ချချင်တာပါ။ ဒါက ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ပါ။

အားလုံးသိကြတဲ့အတိုင်းဘဲ  2001 ခုနှစ်ဆန်းမှာ ဂျော့ဘွတ်ရှ်က အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတယ်။ အဲဒီနှစ်မှာဘဲ 9/11 အကြမ်းဖက်မှုကြီး ဖြစ်လာတယ်။ ဂျော့ဘွတ်ရှ်ဟာ သူ့ရဲ့ သမ္မတလုပ်ပိုင်ခွင့်နဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲပြီး “ဘင်လာဒင်” ကို အသေအကြေ လိုက်ဖမ်းပါတယ်။ ဒါပေမယ့် မမိဘူး။ ဘင်လာဒင် ဘယ်မှာ နေမှန်းတောင်မှ သေချာ မသိခဲ့ရပါဘူး။ သူ့ရဲ့ သမ္မတသက်တမ်း ()ကြိမ်သာ ပြီးသွားတယ်။ လုံးဝမမိခဲ့ဘူးနော်။

နောက် 2009 ခုနှစ်မှာ “အိုဘားမား” တက်လာတယ်။ “ဘင်လာဒင်” နောက်ကို ဆက်လိုက်တယ်။ သိပ်မကြာဘူး။ ()နှစ်ကျော်ကာလအတွင်းမှာ “ဘင်လာဒင်” ကို အသေဖမ်းမိ သွားတယ်။ ဘာကြောင့်လဲ ? ကျွန်တော် စဉ်းစားတယ်။ ဂျော့ဘွတ်ရှ် ()နှစ်လောက် လိုက်ဖမ်းလို့ မမိတဲ့ “ဘင်လာဒင်” ကို “အိုဘားမား” က ချက်ခြင်းဆိုသလို ဖမ်းမိတာလဲ။

ဒီတော့ သူတို့ မွေးသက္ကရာဇ်တွေ စုဆောင်းထားတဲ့ မှတ်စုစာအုပ်ကို ပြန်လှန်ကြည့်မိတယ်။ အရင်က လုံးဝ မကြည့်မိပါဘူး ၊ အခု 9/11 (၁၀)နှစ်ပြည့်နေ့မှာ ထူးထူးခြားခြား စိတ်ဝင်စားမှုလေးဖြစ်လာလို့ ကောက်ကြည့်မိတော့ -

=  အိုစမာဘင်လာဒင်က – 1957 ခု၊ မတ်လ (10)ရက် နေ့မှာ မွေးတယ်ဗျ။ (၂)ခုကြွင်း တနင်္ဂနွေသား (အထွန်းဖွား)။

= ဂျော့ဘွတ်ရှ်က – 1946 ခု ၊ ဇူလိုင်လ (6)ရက် နေ့မှာ မွေးတယ်။ (၆)ခုကြွင်း စနေသား (ပုတိဖွား)

=  အိုဘားမားက – 1961 ခု ၊ သြဂုတ်လ (4) ရက်နေ့မှာ မွေးတယ်။ (၀)ကြွင်း သောကြာသား (အထွန်းဖွား)

ဒီပုဂ္ဂိုလ် ()ဦးရဲ့ မွေးနေ့မွေးနံတွေက “အင်္ဂ၀ိဇ္ဇာပညာ” ရဲ့ သီအိုရီတွေနဲ့ သွားပြီး ကိုက်ညီနေတာလေးကို သတိထားမိလိုက်တယ်။ ဒီလိုပါ။

ဘင်လာဒင်” ဟာ တနင်္ဂနွေသားဖြစ်လို့ သူ့ရဲ့ “အင်္ဂ၀ိဇ္ဇာ” တိုင်လေးကို ချကြည့်ရအောင် -

 

အဲဒီမှာ “ဘင်လာဒင်” က တနင်္ဂနွေသား ၊ သူ့ကို လိုက်ဖမ်းတဲ့ “ဂျော့ဘွတ်ရှ်” က စနေသား။ စနေဟာ တနင်္ဂနွေရဲ့ အမြစ်ဂြိုဟ်။ အမြစ်ဆိုတာ နင်းကြမ်းဂြိုဟ်။ တနင်္ဂနွေရဲ့ ခြေထောက်အောက်ကဂြိုဟ် ။ ဒါကြောင့် “ဂျော့ဘွတ်ရှ်” ဟာ နံနိမ့်နေတဲ့ အတွက်ကြောင့် “ဘင်လာဒင်”ကို မဖမ်းမိနိုင်တာလားလို့ တွေးစရာ ဖြစ်လာပါတယ်။

နောက်တစ်ခါ “အိုဘားမား” ကျတော့ သောကြာသား ၊ သောကြာဂြိုဟ်ဟာ တနင်္ဂနွေဂြိုဟ်ရဲ့ “ဆပွတ်” ဂြိုဟ်၊ ဆပွတ်ဆို တာ အနိုင်ဂြိုဟ်။ အင်္ဂ၀ိဇ္ဇာရဲ့ သီအိုရီ ရှိတယ်မဟုတ်လား။ “သူ့ကိုနိုင်လို ဆ, ကိုခို . . . ” ဆိုတဲ့ လင်္ကာလေးလေ။ ဒီတော့ သောကြာနံဟာ တနင်္ဂနွေဂြိုဟ်ကို ကောင်းကောင်းကြီး နိုင်တဲ့ နံ ဖြစ်နေလို့ “သောကြာသား အိုဘားမား” လက်ထက်ရောက်မှ “တနင်္ဂနွေသား ဘင်လာဒင်” ကို အနိုင်ရ ဖမ်းမိသွားတာလားလို့ တွေးမိပါတယ်။

ဒါလေးတွေကတော့ ဗေဒင်ပညာကို လေ့လာလိုက်စားနေသူ ၊ သုတေသနပြုနေသူတစ်ဦးအနေနဲ့ ထူးခြားချက်ကလေး တွေကို ဖော်ထုတ် ယူကြည့်တာပါ။ ပြီးတော့ ၀ါသနာတူ မိတ်ဆွေတွေအတွက် ပြန်ပြီးဖောက်သည်ချတာပါ။ “ပေါက်ဖော်” လို့ ပြောရင်လည်း ပြောနိုင်ပါတယ်။ “ပေါက်ဖော်” ဆိုတာ နာမည်သာ ဆိုးတာပါ . . . ပညာရပ်တစ်ခုကို သုတေသန လုပ်သူတွေအတွက်တော့ အကျိုးရှိလှပါတယ်။ ဒီလို ဖြစ်ရပ်ကလေးတွေကို မှတ်သားထားပြီး နောင်လာမယ့် အလားတူ ဖြစ်ရပ်တွေကို အနီးစပ်ဆုံး ဟောကိန်း ထုတ်လာနိုင်ပါတယ်။

လေယာဉ်တွေ ပျက်ကျရင် ဘာကြောင့် ပျက်ကြရတယ်ဆိုတာကို Trace လိုက်ကြရတယ်မဟုတ်လား။ ပေါက်ဖော်ပြန် လုပ်တာပါဘဲ။ ဒါပေမယ့် ဒီတွေ့ရှိချက်တွေကနေ နောက်နောင် ဒီလို အားနည်းချက်ကြောင့် လေယာဉ်ပျက်မကျရအောင် ရှောင်ကွင်းလာနိုင်ကြတယ် မဟုတ်လား။

ကဲ - ဆောင်းပါးလေးကတော့ ပြီးပါပြီ။ နောက်ဆုံးအနေနဲ့ 9/11 ဖြစ်ရပ်ဆိုးကြီးမှာ ကွယ်လွန်သွားကြရတဲ့ “အပြစ်မဲ့ လူသား” တွေအတွက် ဆုတောင်း ပေးကြရအောင်။ တမလွန်ဘ၀သို့ ပြောင်းသွားကြပြီဖြစ်သော ကွယ်လွန်သူအားလုံးအတွက် ကျွန်ုပ်တို့ ပြုခဲ့ပြီးသမျှ ကောင်းမှုကုသိုလ်အားလုံးကို အမျှပေးဝေပါသည်။ ကောင်းရာသုဂတိသို့ လားကြပါစေကုန်သော်။

ကျန်းမာချမ်းသာကြပါစေကုန်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Share

One comment on “# 9 / 11 အမှတ်တရ နှင့် အင်္ဂ၀ိဇ္ဇာပညာ

  1. YoungGun on said:

    ဆရာစာအရေးကြဲသွားတာ ဘာ့ကြောင့်များလဲဗျာ.. မကျန်းမာလို့လား စိုးရိမ်မိတယ်။

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ