.

ဗေဒင်အကြောင်း မရေးဘဲ ဟိုလျှောက်ရေး ဒီလျှောက်ရေး လို့တော့ မယူဆစေချင်ဘူး။ ကနေ့ စာအုပ်တစ်အုပ် ဖတ်မိရင်း  ဟိုတွေးဒီတွေး တွေးမိရာက ကောက်ရေး မိလိုက်တာပါ။

ပုတ်သင်ညိုတွေမှာ အရောင်ပြောင်းတတ်ကြတာ မဟုတ်ပါဘူး။ လောကဓံလှိုင်းနဲ့ တွေ့လာတဲ့ လူသားတွေ မှာလည်း ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ သဘောထား ခံယူချက်တွေ ပြောင်းလဲ တတ်ကြပါတယ်။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကလည်း ကိုယ့်အရောင်နဲ့အတူ အလိုက်အထိုက် ပြောင်းလဲသွားတတ်ကြပါတယ်။ ပေါ့ပေါ့ပါးပါး တွေးမိပြီး ရေးမိတာပါ။

ဗေဒင်ဆိုင်ရာတွေကတော့ ဒီလို ပေါ့ပေါ့ပါးပါး ရေးလို့ မရဘူးလေ။ အချိန် သိပ်ယူရလို့ အခုရက်ပိုင်းမှာတော့ ရေးဖြစ်ဖို့ အချိန်ကြာဦးမှာပါ။

ဒီလ (စက်တင်ဘာလ) အတွက် (၇)ရက်သားသမီးဟောကိန်းများ နဲ့ သင်္ချာဗေဒဟောကိန်းများကိုတော့ တင်မပေးနိုင်တော့မယ် မထင်ပါဘူး။ နောက်လ, မှာတော့ ဆက်ဆက်တင်ပေးပါမယ်။

အကြောင်းအရာ အောင်မြင်၊ စီးပွားတက်၊ အရာရာ အဆင်ပြေနေချိန် ကျရှုံး၊ စီးပွားပျက် ၊ အလွဲလွဲ အချော်ချော် ဖြစ်နေချိန်

ဘုရား

အလုပ်တွေ များလွန်းလို့ အိမ်ကဘုရားကို တောင်မှ မှန်မှန် မရှိခိုးဖြစ်ပါဘူးဗျာ။
ဟာ! ဘုရားစင်မှာ ပန်းတွေ ညှိုးနေပါလား။ ချက်ခြင်း လဲစမ်း ဟေ့။ ပန်းလဲပြီးရင် ရေချမ်းအသစ်ပါ ထပ်ကပ်ဦး။ ရှင်သီဝလိ ကိုယ်တော်ကိုပါ ရေချမ်းကပ်ဖို့ မမေ့နဲ့ဦးနော်။

တရား

တရားအား ထုတ်ဖို့ အချိန် မပေး နိုင်သေးပါဘူးဗျာ။ ဒါပေမယ့် မသေခင်တော့ လုပ်ဖြစ်အောင် လုပ်မှာပါ။ သေရင် ကိုယ့်နောက် ပါမှာ ဒီတရားဘဲလေ။ လုပ်မှာပါ။ ဖြေးဖြေးပေါ့။
အခု မနက်တိုင်း ဘုရားရှိခိုး ၊ ရေချမ်းကပ်ပြီး မိုးကုတ် ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်တော့ မှန်မှန် နာဖြစ်ပါတယ်။ ညဖက်ကိုလည်း မအိပ်ခင် နာရီဝက် လောက် တရားထိုင်ပါတယ်။

သံဃာ

ဘုန်းကြီးတွေကြည့်လိုက်ရင် ကြည်ညိုစရာ တစ်ကွက်မှ မရှိဘူး။ ကြာလေ လူတွေ နဲ့ တူလာလေဘဲ။ ဒီ ဆရာတော်ကြီးက သိပ်တန်ခိုးကြီးတာဗျ။ ကျွန်တော် သူ့ဆီ သွားပြီး သက်သတ်လွတ် (၇)ရက် အဓိဌာန်ဝင်လိုက်တာ နည်းနည်းတော့ အဆင်ပြေလာသလိုဘဲ။ သံဃာ့ ဂုဏ်ကျေးဇူး ကြီးပါတယ်ဗျာ။

စိတ်ပုတီးလေး တစ်ကုံး

အိမ်က စိတ်ပုတီးလည်း “ချိတ်ပုတီး” ဖြစ်နေတယ် ဗျာ။ ဖုံ အလိမ်းလိမ်းနဲ့။ ဟဲဟဲ ။ အလုပ်က သိပ်များတာဗျ။ ပုတီးလည်း မကိုင်နိုင်ပါဘူးဗျာ။ ဒီ စိတ်ပုတီးက “အဘ” ကိုယ်တိုင် သဒ္ဓိတင်ပေး ထားတဲ့ ပုတီးလေ။ အခု ဂုဏ်တော်ကွန်ချာ စေတီတည်နေတာ ဒုတိယဆင့် ပြီးသွားပြီ။

ဗေဒင် အပေါ် အမြင်

လူတွေက ကိုယ့်အားကိုယ် မကိုးဘဲ ဗေဒင်ဆရာ ဆီဘဲ သွားနေကြတယ်။ အလကား လူဖျင်း ၊ လူညံ့တွေ။ အလုပ်ကောင်းကောင်းလုပ်မှ ကံကောင်း မှာပေါ့။ အင်း ၊ ကံမကောင်းတာတော့ ကြာပြီ။ ဗေဒင်လေး ဘာလေးမေးပြီး ယတြာချေမှ ကောင်းမယ်ထင်တယ်။ စီးပွားတက်မယ့် အဆောင်ကောင်းတစ်ခုခု ရရင် သိပ်ကောင်း မှာဘဲ။

ဇနီး မယား ၏ မနော

မောင် ရေ။ မောင့်လည်း တစ်နေ့တစ်နေ့ သားမယား အတွက် အလုပ်တွေချည်း ဖိလုပ်နေတာ သနားလွန်းလို့ “ခင်” တော့ ထမင်းတောင်မှ မြိုလို့ မကျပါဘူး။ ကနေ့ စောစောပြန်လာခဲ့ နော်။ မောင် ကြိုက်တတ်တဲ့ “မှိုဟင်း” နဲ့ “၀က်သားနီ” ချက်လေးတွေ ချက်ထားတယ်။ ဒါဘဲနော်။ ဖုန်းချ လိုက်မယ်။ Fly Kiss ! အိမ်က လူကြီး ! တစ်နေ့ တစ်နေ့ ဒီဘုရားစင်ရှေ့ မှာဘဲ ထိုင်ပြီး အချိန်ကုန်မနေနဲ့ဦး။ ပိုက်ဆံလေး လဲ ထွက်ရှာဦး။ ဟိုတုန်းက ကိုယ် ကူညီထားတဲ့သူတွေ ဘယ်ရောက်ကုန်လဲ။ အိမ်မှာ ဆန်က ကုန်တော့မယ်။ ကလေးတွေ ကျူရှင်ခကလည်း တောင်းလှပြီ။ ဟင်း ! စိတ်မောတယ်။ အိမ်ထောင်ရေးကံ မကောင်းလိုက် တာ။

သားသမီး များ၏ အပြော

ငါတို့ အဖေကြီးက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကွ။ ဉာဏ်လည်းကောင်း အမျှော်အမြင် လည်းကြီး။ အဖေ့ကို အတုယူရမယ်။ အိမ်က “ဘူတားကြီး” လား။ အလကား - အားအားရှိ ဘုရားခန်းထဲမှာဘဲ အချိန်ဖြုန်းနေတာပါ။ ငယ်ငယ် တုန်းက အထင်ကြီးခဲ့သမျှ အလကားဘဲ။ သူ့ခေတ် ကုန်သွားပါပြီ။

မိတ်ဆွေများ ၏ သဘော

လူကြီးမင်း၏ အောင်မြင်မှုများအတွက် လှိုက်လှိုက် လှဲလှဲ ဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း . .  ။ ကွန်ဂရက် ကျူလေးရှင်း။ “ဘာညာကွိကွ ကုမ္ပဏီများ” (သတင်းစာ တစ်မျက်နှာ အပြည့်) ဟဲလို ? ဟုတ်ပါတယ် ? သြော် - ဟုတ်ကဲ့ . . မှတ်မိပါတယ်။ ဒါပေမယ့် အခု ကျွန်တော် အလုပ်သိပ်များနေလို့ နောက်မှ ဖုန်း ပြန်ဆက်ပေးမယ်နော်။ ( အင်း - ဒီငနဲတော့ ပိုက်ဆံ ချေးမလို့လားမသိဘူး၊ နောက်တစ်ခါဆို ဖုန်းပိတ် ပစ်လိုက်မှ)

ကိုယ့်ရဲ့ အတွေးအမြင်

ကိုယ်သာလျှင် ကိုယ့်ဘ၀ ဖန်ဆင်းရှင်။ ကိုယ့် ကံတရားကို ကိုယ်ကိုယ်တိုင်ဘဲ ဖန်တီးနိုင်တယ်။ အနာဂါတ် ဆိုတာ ကိုယ့်လက်ထဲမှာဘဲ ရှိတယ်။ သြော် - ကိုယ်လုပ်တိုင်းသာ ဖြစ်ရင် လူတိုင်း သူဌေး ချည်းဘဲပေါ့။ ကံဆိုတာလည်း ရှိသေးတယ်။ “ကံပေးမှ ရ ၊ ကံ ကျွေးမှ ၀” ဆိုတာ တယ်မှန်ပါလား။

.

ကျန်းမာချမ်းသာကြပါစေကုန်သော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Share

4 comments on “# လောကဓံ ကြောင့် အရောင်ပြောင်းခြင်း

  1. Thanks for sharing, sayar

  2. အဲဒီခံယူချက်က နည်းမှန်လမ်းမှန် မဟုတ်ဘူးလားဟင်။ စိတ်ညစ်လို့ အရက်သောက်မယ် အဆင်မပြေလို့ လောကကို အရွဲ့တိုက်မယ်ဆို ပိုဆိုးကုန်မှာပေါ့။

  3. ဆရာပြောထားတာ အမှန်တရားတွေ ပဲ ကျွန်မကိုယ်တွေ့ ပဲ ။ အဆင်မပြေချိန်ဆို ဘုရားတရားကိုသိပ်ကြည်ညိုတာ ။

  4. black on said:

    ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ့စာကိုဖတ်ရတာ လန်းသွားတယ်ခင်ဗျာ။ တချို့ဟာတွေဆိုပွင့်သွားပါတယ်။ ထိန်းချုပ်ထားတာတွေပါပွင့်သွားပါတယ်ခင်ဗျာ။

Reports to my Friends !

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ