.
တစ်လစာ လစဉ်ဟောကိန်းများကို တနင်္ဂနွေ ၊ တနင်္လာ . . . စတဲ့ (၇)ရက်သားသမီး ဟောကိန်းများလောက်နဲ့ မလုံလောက်ဘူးလို့ ယူဆတာကြောင့် ယခုလမှာ “သင်္ချာဗေဒ” ဟောကိန်းများ ကို အစီအစဉ်သစ် အဖြစ် တင်ဆက်လိုက်ပါတယ်။ “(၇)ရက်သားသမီး ဗေဒင်” နဲ့ “သင်္ချာဗေဒ” နှစ်ခု တိုက်ကြည့်ပြီး အကောင်း အညံ့ကို “မျှပြီး ယူရင်” အမှန်ပိုများလာမယ်လို့ ယူဆလို့ ဒီအစီအစဉ်လေးကို တင်ဆက်ပေးလိုက်တာပါ။ လစဉ် တင်ပေးသွားမှာပါ။
ရက်ကတော့ နဲနဲတော့ နောက်ကျနေပါပြီ။ ဒါပေမယ့် ယခုရက်ပိုင်းအထိ ကြုံဆုံ နေတာတွေနဲ့ တိုက်ဆိုင်လို့ ပိုရသွားတာပေါ့။ “သင်္ချာဗေဒ” ဆိုတာ “ဂဏန်းဗေဒင်” လို့ လူသိများတဲ့ အနောက်တိုင်း (Numerology) နည်းစနစ်ပါဘဲ။ ဒါပေမယ့် မြန်မာလို “ဂဏန်းဗေဒင်” လို့ ခေါ်တာကို နှစ်ခြိုက်မှု မရှိလို့ “သင်္ချာဗေဒ” လို့ဘဲ သုံးနှုံးလိုက်ပါတယ်။ ဒီ သင်္ချာဗေဒပညာနဲ့ လစဉ်ဟောတဲ့ နည်းစနစ်လေးဟာ ကိုယ်ပိုင်နည်းစနစ် တစ်ခုဖြစ်ပြီး သုတေသနတော့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ရသေးပါဘူး။ စမ်းသပ်ထားတဲ့ လူဦးရေ နည်းနေ ပါသေးတယ်။ စမ်းသပ် ပြီးသလောက်တော့ အမှန်များ ပါတယ်။
ဒါကြောင့် ဒီနည်းစနစ်ကလေးရဲ့ မှန်ကန်မှုကို သိချင်လို့ ဒီလကုန်သွားရင် အမှား/အမှန် တိုက်ဆိုင်မှုကို Comment ထဲမှာ ၀င်ရေးပေးဖို့ အကူအညီ တောင်းလိုပါတယ်။ တကယ့် တိုက်ဆိုင်မှုကိုသာ သိချင်ပါတယ်။ မှားရင်လည်း မှားတယ်ပေါ့။ မှန်ရင်လည်း မှန်တယ်ပေါ့။ အမှန်အတိုင်းဘဲ ရေးပေးကြပါ။ သိက္ခာချလိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ပြီး မရေးဖို့တော့ တောင်းပန်ပါတယ်။ အများအတွက် သုတေသန လုပ်ပေးနေတာမို့ စိတ်ကောင်းလေး မွေးပေးကြပါ။ ဟောချက်အတိုင်း ကောင်းပါရက်နဲ့ သိက္ခာချလိုတာကြောင့် မဟုတ်တာဝင်ရေးရင် ကိုယ့်မှာလည်း “ဒဏ်ပြန် သင့်တတ်ပါတယ်” ။ တကယ့်ကို အမှား ရာနှုံးများရင်လည်း တွက်နည်းကို ထပ်ပြီး ပြင်ဆင် ချင်လို့ပါ။ အကူအညီ တောင်းခံခြင်းမျိုးဖြစ်ပါတယ်။
တစ်လစာကို အင်္ဂလိပ်မွေးရက် (1)ကနေ (31) အထိရေးရမှာ ဖြစ်လို့ ကနေ့ တစ်နေ့တည်းနဲ့ အပြီး မရေးနိုင် သေးပါဘူး။ ပြီးသလောက် ဖတ်နိုင်အောင် တင်ပေးလိုက်တာပါ။ ကနေ့ (1)ရက်နေ့ ကနေ (10)ရက် နေ့အတွင်း မွေးသူများအတွက်ပါ။ မနက်ဖြန်မှာ (11) ကနေ (20) အထိ ၊ သဘက်ခါမှာ (21) ကနေ (31) အထိ ဆက်တိုက်တင်ပေးသွားပါမယ်။ ဖတ်ကြည့်ပါ။ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ လ, ကုန်တဲ့ အထိပေါ့။ ကျန်းမာချမ်းသာကြပါစေ။
——————————————————————————————————————————–
1 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် မျှော်လင့်မထားသော ရုတ်တရက် ကံကောင်းမှုကို ကြုံတွေ့ဖွယ်ရှိသည်။ အပေါင်းအသင်း မိတ်ဆွေများ၏ လေးစားမှုကို ရရှိမည်။ ပညာရေးကံ အလွန်ကောင်းလိမ့်မည်။ ဖြေဆိုထားသော စာမေးပွဲအားလုံး အောင်မြင်နိုင်သည်။ လုပ်ငန်းရှင်များ လုပ်ငန်းများ တိုးတက်ချဲ့ထွင်ရတတ်သည်။ အကြံကောင်း ဉာဏ်ကောင်းများပေါ်ထွက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်လိမ့်မည်။ အပြိုင်အဆိုင်များအပေါ် အနိုင်ရတတ်သည်။ ဘာသာရေး ကိစ္စများ ဆောင်ရွက်ရတတ်သည်။ သင်သည် တစ်စုံတစ်ခုကို ရှာဖွေနေသူ ၊ တောင့်တ နေသူဖြစ်ပါက သင့်လိုအင် ဆန္ဒများ ယခုလတွင် ပြည့်စုံနိုင်ချေရှိသည်။ ဆွေမျိုး ၊ အပေါင်းအသင်းများထဲမှ နာရေး ကိစ္စတစ်ခု ကြုံရတတ်သည်။ တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် ကံကောင်းသော လ, တစ်လဖြစ်လိမ့်မည်။
2 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် မှားယွင်းဆုံးဖြတ် လုပ်ကိုင်မှုတစ်ခုကြောင့် ဒုက္ခတစ်ခု ကြုံဖွယ်ရှိသည်။ အလုပ်အကိုင် ၊ ဘ၀အခြေအနေတစ်ခု အပြောင်းအလဲ ဖြစ်နိုင်သည်။ သို့မဟုတ် ကျန်းမာရေး ရုတ်တရက် ချို့ယွင်း သွားခြင်းလည်း ဖြစ်နိုင်သည်။ ကံကောင်းနေသော အခြေအနေမှ ရုတ်တရက် ကံဆိုးသွားခြင်းမျိုး ကြုံတတ်သည်။ သဘာဝ ဘေးဥပဒ် နှင့် ပေါက်ကွဲမှုများနှင့် ကြုံဆုံတတ်သည်။ ယခုလတွင် သင့်အနေဖြင့် အရာရာကို “ သူ့ဘက် ကိုယ့်ဘက် မျှတသော သဘောထား” ဖြင့် လုပ်ကိုင်ရမည်။ တစ်ကိုယ်ကောင်းဆန်ခြင်း ၊ တရားနည်းလမ်းမကျခြင်းများကြောင့် သင့်အနေဖြင့် ဒုက္ခကြုံစရာ ရှိနိုင်သည်။ ထို့ကြောင့် ကိုယ်ခြင်းစာ တရားကို လက်ကိုင်ထားပါ။ အပျော်အပါး လွန်ကဲမှုများကို ရှောင်ကျဉ်ပါ။ ယခုလတွင် မည်သည့် စီမံကိန်းမျိုးမှ အကောင်အထည် မဖော်ပါနှင့်။ အောင်မြင်ကိန်း မရှိပါ။ တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် ကံ မကောင်းသော လ, တစ်လဖြစ်လိမ့်မည်။
3 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် သင်၏ ကိုယ်ပိုင် အတွေးအခေါ် ၊ အကြံအစည် ၊ လုပ်နည်းလုပ်ဟန်များကြောင့် အောင်မြင်မှု ရရှိနိုင်သည်။ ရာထူး ၊ အလုပ် ၊ စီးပွား တိုးတက်ကိန်း ရှိသည်။ ပညာရေးကံပါ ကောင်းလိမ့်မည်။ အခက်အခဲ ၊ ဒုက္ခများတွေ့ကြုံနေရသူများပင် ယခုလတွင် ပြေလည်သွားနိုင်သည်။ ဂုဏ်ပြု ချီးမွမ်း ခံရကိန်းများ ၊ ဆုချီးမြှင့် ခံရကိန်းများ ရှိသည်။ ဆန့်ကျင်ဘက် လိင်၏ အနှောင့်အယှက်များ ကြုံတတ်သည်။ သဘာဝ ဘေးဥပဒ် တစ်ခု ကြုံဖွယ် ရှိသည်။ သို့မဟုတ် ထိတ်လန့်စရာ ကိစ္စတစ်ခု ကြုံနိုင်သည်။ ပရလောကမှ ပုဂ္ဂိုလ်များ၏ စောင့်ရှောက်မှုကို ခံရမည်။ မြင့်မားသော အတွေးအခေါ် တစ်ခုကို ၀င်လာလိမ့်မည်။ ဘ၀နှင့် ပတ်သက်ပြီး လေးနက်သော အတွေးအခေါ်များ ပေါ်ပေါက်လာနိုင်သည်။ အလှူဒါနပြုစရာကိစ္စ နှင့် ဒုက္ခရောက် နေသူတစ်ဦးဦးကို ကူညီစရာ ကိစ္စများ တွေ့ကြုံလာတတ်ပြီး တွေ့ကြုံလာလျှင် ချက်ခြင်း လှူဒါန်း ကူညီလိုက်ပါ။ သင့်အတွက် ကောင်းကျိုးဖြစ်ထွန်းစေလိမ့်မည်။ တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် ကံကောင်းသော လ, တစ်လဖြစ်လိမ့်မည်။
4 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် သင့်အတွက် အလုပ်အကိုင် ၊ စီးပွားရေး ၊ ပညာရေး များတွင် အလွန်တိုးတက်ကောင်းမွန်နိုင်သည်။ ငွေကြေးအမြောက်အမြား ၀င်ကိန်း ရှိသည်။ သင်ဝယ်ချင်နေသော ပစ္စည်းတစ်ခုကို အဆင်ပြေစွာ ၀ယ်ယူနိုင်မည်။ သို့သော် ယခုလသည် အားလုံးကောင်းမွန်မည့် လ, ဟု မပြောနိုင်ပါ။ သင့်အတွက် ကျန်းမာရေး နှင့် ထိခိုက် အန္တရာယ်များ ရှိနိုင်သည်။ ဖျားနာမကျန်း ရှိတတ်သည်။ အထူးသဖြင့် သင့်လုပ်ကိုင်နေသော စီးပွားရေးသည် ဥပဒေမကင်းပါက သင့်အနေဖြင့် ယခုလတွင် ဥပဒေ ညိစွန်းစရာကိစ္စများ ပေါ်ပေါက်နိုင်သည်။ ၀န်ထမ်းများအတွက်လာဘ်ပေး လာဘ်ယူ ကိစ္စများကြောင့် အလုပ်အကိုင် ထိခိုက်ဖွယ် ရှိသည်။ ယခုလတွင် အရာရာတွင် “သတိ” ရှိပါစေ။ သင့်အတွက် အန္တရာယ် တစ်စုံတစ်ခု ကျရောက်နိုင်သော လ, လည်းဖြစ်နေပါသည်။ ယခုလတွင် မည်သူနှင့်မှ အတိုက်အခံ မလုပ်ပါနှင့် ။ ဝေဖန်ရှုတ်ချ မပြောဆိုပါနှင့်။ သင့်အတွက် ကံမကောင်းမှုများ ဖြစ်ပေါ်လာလိမ့်မည်။ ယခုလတွင် ၀င်လာသော ငွေကြေးများသည် သန့်ရှင်းသော ငွေများသာ ဖြစ်ပါစေ။ တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် ကံကောင်းမှု နှင့် ကံဆိုးမှုများ ရောထွေးနေသော လ, တစ်လဖြစ်လိမ့်မည်။
5 ရက်နေ့ မွေးဖွားသူများ
သင့်အတွက် ကံကြမ္မာ မြင့်မားတိုးတက်မည့် လ, တစ်လဖြစ်လိမ့်မည်။ သင်၏ အကြံကောင်း ဉာဏ်ကောင်းများကြောင့် သင့်ဘ၀ အခြေအနေ မြင့်မားတိုးတက်လာကိန်း ရှိသည်။ တီထွင်ဖန်တီးနိုင်သော စွမ်းအားများ မြင့်မားနေမည်။ လက်တွေ့လည်း အကောင်အထည် ဖော်နိုင်လိမ့်မည်။ ယခင်လများဆီမှ ကြံစည်လုပ်ကိုင်နေသော လုပ်ငန်းများ ယခုလတွင် အကောင်ထည်ပေါ်လာပြီး ကြိုးစားမှု အသီးအပွင့်များ ခံစားရကိန်း ရှိသည်။ အပြိုင်အဆိုင် နှင့် လုပ်ကိုင်နေရသော လုပ်ငန်းများ ယခုလတွင် ပြိုင်ဘက်များထက် သာလွန်ကျော်လွှားနိုင်လိမ့်မည်။ ယခုလတွင် သင့်အတွက် အချစ်ရေး နှင့် လူမှုဆက်ဆံရေးများ ပြေလည်နေမည်။ အားလုံး၏ လေးစားမှုကို ခံရဖွယ်ရှိသည်။ ၀န်ထမ်းများ ရာထူး တိုးတက်ကိန်း ရှိပြီး အလုပ်ကြီး အကိုင်ကြီးများကို စီမံအုပ်ချုပ်ခွင့် ရရှိနိုင်သည်။ ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ် ခံရတတ်သည်။ တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် ကံကောင်းသော လ, တစ်လဖြစ်လိမ့်မည်။
6 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် သင့်အနေဖြင့် ကျန်းမာရေး ထိခိုက်မှု နှင့် အိမ်ထောင်ရေး / အိမ်တွင်းရေး အဆင်မပြေမှုများကို ကြုံရဖွယ် ရှိသည်။ သဘာဝ ဘေးဥပါဒ် များကို သတိပြုပါ။ သွေးထွက်သံယိုဖြစ်ကိန်း (သို့) ခွဲစိတ် ကုသခံရကိန်း ရှိသည်။ ဒဏ်ရာ အနာတရ ဖြစ်ကိန်း ရှိသည်။ စိတ်အလွန်ရှုတ်ထွေး နေမည်။ တစ်စုံတစ်ဦးအတွက် သောကရောက် နေရမည်။ ၀န်ထမ်းများ မိမိမနှစ်သက်သော အလုပ်နေရာ ပြောင်းလဲရခြင်း ၊ မယူလိုသော တာဝန်ကို ယူရခြင်း ၊ အကြီးအကဲနှင့် မပြေလည်ခြင်းများ ဖြစ်ပွားရဖွယ် ရှိသည်။ သင်တစ်ချိန်က ကူညီထားခဲ့သော သူများသည် သင့်အား ကျေးဇူးကန်းမှုကို ကြုံရဖွယ် ရှိသည်။ သင်၏ လုပ်ငန်းများ ၊ အကြံအစည်များ အားလုံး တလွဲတချော် ဖြစ်နေတတ်သည်။ ဖြစ်ချင်သော ပုံစံက တစ်မျိုး ဖြစ်လာသည်က တစ်မျိုးဖြစ်နေတတ်သည်။ လုပ်သမျှ ကိုင်သမျှ ချောမွေ့ခြင်း မရှိဘဲ အခက်အခဲသာ များသည်ထက် များလာတတ်သည်။ ဖျားနာခြင်း နှင့် ကျန်းမာရေး မကောင်းခြင်းများ ကြုံတွေ့ဖွယ် ရှိပြီး ရောဂါဟောင်း အခံရှိသူများ ယခုလ ရောဂါ တိုးတတ်သည်။ ယခုလ တစ်လလုံး အနေဖြင့် ပြောရလျှင် ကံကြမ္မာ အလွန်နိမ့်ဖွယ် ရှိသော လ, တစ်လ ဖြစ်နိုင်ချေရှိသည်ကို သတိပြုပါ။
7 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် အခက်အခဲ အတိုက်အခံများကြားမှ အောင်မြင်မှု သရဖူ ဆောင်းနိုင်မည့် လ, ဖြစ်သည်။ သင့်၏ ဘ၀အဆင့်အတန်း နှင့် အရှိန်အ၀ါ မြင့်မားလာဖွယ် ရှိသည်။ ငွေကြေး အမြောက်အများ ၀င်ကိန်း ရှိနေသည်။ နာမည်ကျော်ကြားကိန်းလည်း ရှိနေသည်။ “သူတော်ကောင်း နတ်ကောင်းမ” ဟူသည့် စကားပုံလို သင်သည် “စိတ်ထားကောင်းသူ ၊ တစ်ဖက်သားအား အလွန်ကူညီတတ်သူ ၊ ဘာသာတရားကို အလွန်လေးစားသူ” ဖြစ်ပါက ယခုလတွင် နတ်ဒေ၀တာများ မ, စ သလို ကံကောင်းမှုများကို ကြုံရနိုင်သည်။ နာမည်ဖြင့် လုပ်စားသူများ ၊ အနုပညာရှင်များ နာမည် အလွန်ကျော်ကြားကိန်း ရှိသည်။ မင်း, အစိုးရ မ, စ ကိန်း ရှိသည်။ အစိုးရနှင့် ဆက်ဆံ လုပ်ကိုင် နေရသော လုပ်ငန်းလုပ်သူများ အခွင့်အရေး ကောင်းကြီးများ ရရှိနိုင်သည်။ ဘုန်းတန်ခိုး အရှိန်အ၀ါ တောက်ပနေသောကြောင့် သင်၏ ပြိုင်ဖက်များအပေါ်တွင် အနိုင်ရလိမ့်မည်။ မိသားစုအတွင်း ပျော်ရွှင်ဖွယ် ကိစ္စများ ကြုံတွေ့ရတတ်ပြီး ပျော်ရွှင်စရာကောင်းသော ခရီးများကို သွားရတတ်သည်။ နိုင်ငံခြားထွက်မည့်သူများ အဆင်ပြေစွာ ထွက်ခွာရတတ်ပြီး အစစ အရာရာ အဆင်ပြေလိမ့်မည်။ တစ်လလုံး အနေဖြင့် ခြုံပြောရလျှင် ကံအလွန်ကောင်းနိုင်မည့် လ, တစ်လ ဖြစ်သည်ဟု ဆိုရပေမည်။
8 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် မိမိကိုးကွယ်ရာ ဘာသာတရားကို အလွန်ကိုးကွယ် ဆည်းကပ်ရမည့် အချိန်သို့ ရောက်နေလေပြီ။ သင့်အတွက် စိတ် အလွန် ထိခိုက်ဖွယ်ရာ ၊ ၀မ်းနည်း ကြေကွဲဖွယ်ရာ ကိစ္စများ တစ်ခုမဟုတ် တစ်ခု ၀င်လာဖွယ် ရှိသည်။ အပြောင်းအလဲများ ကြုံနိုင်သည်။ အလုပ် ရာထူး ၊ နေရာထိုင်ခင်း များ အပြောင်းအလဲဖြစ်နိုင်ပြီး မကောင်းသော ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည်။ ချစ်သူခင်သူများ ၊ မိတ်ဆွေများနှင့် ကွဲကွာရကိန်း ရှိတတ်သည်။ ယခုလတွင် ငွေကြေး ဆုံးရှုံးခြင်း နှင့် လူလိမ်ခံရခြင်း ၊ ခါးပိုက်နှိုက်ခံရခြင်း ၊ သူခိုးခိုးခံရခြင်းများ ကြုံရတတ်သည်။ ရွှေထည် နှင့် အဖိုးတန်ပစ္စည်း များ ၀တ်ဆင်ပြီး ကြွားဝါလိုစိတ်များ ယခုလတွင် ချုပ်တီးထားပါ။ ထိုပစ္စည်းများကြောင့် သင့်အား ဒုက္ခရောက်ကိန်း ရှိသည်။ အသက်အန္တရာယ် ပင် ထိခိုက်နိုင်သည်။ ကိုယ်ခန္ဓာအား အနာတရ ဖြစ်ကိန်းများ ၊ အမြင့် မှ လိမ့်ကျခြင်းများ ကြုံရနိုင်သည်။ သင့်အနေ ဖြင့် ယခုလ, တွင် ဘာသာတရားကိုသာ ဖိလုပ်ပြီး မိမိအိမ်/အလုပ်ခွင် အတွင်း၌ပင် ငြိမ်ငြိမ်သက်သက် နေခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင်အလွန် ချစ်ခင်တန်ဖိုးထားရသူတစ်ဦး ကွယ်လွန်မှုကို ကြုံတွေ့ရတတ်သည်။ ယခုလ တစ်လလုံး အနေဖြင့် ပြောရလျှင် ကံကြမ္မာ အလွန်နိမ့်ဖွယ် ရှိသော လ, တစ်လ ဖြစ်နိုင်ချေရှိသည်ကို သတိပြုပါ။
9 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် သင့်အတွက် ကံကောင်းမှု နှင့် ကံမကောင်းမှုများ ရောထွေးနေလိမ့်မည်။ ယခုလသည် ငယ်ရွယ်သူများတွင် အချစ်ရေး ၊ အိမ်ထောင်သည် များတွင် အိမ်ထောင်ရေးကိစ္စ အလွန် အဆင်မပြေဖြစ်နိုင်သည်။ မိမိချစ်သူ/အိမ်ထောင်ဘက်၏ သစ္စာမဲ့မှုကို ခံရကိန်း ရှိသည်။ သို့မဟုတ် မိမိချစ်သူ/ ခင်ပွန်း နှင့် ခွဲခွာရကိန်း ရှိတတ်သည်။ သို့သော် သင့်လုပ်ငန်းခွင် အတွင်းတွင် အဆင်ပြေချောမွေ့ကိန်း ရှိသည်။ အထက်လူကြီးများ၏ မျက်နှာသာ ပေးမှုကို ရရှိတတ်ပြီး အလုပ်ရာထူး တိုးတက်ကိန်း ပင် ရှိတတ်သည်။ လုပ်ဖော်ကိုင်ဖက်များ၏ လေးစားမှုကို ရရှိနိုင်သည်။ ငွေကြေးကံလည်း ကောင်းနိုင်ပြီး ငွေကြေးများစွာ ၀င်ကိန်း ရှိသည်။ သို့သော် သင်သည် ဥပဒေ အပြင်ဖက်မှ စီးပွားရှာသူဖြစ်ပါက ယခုလတွင် ဥပဒေနှင့် ညိစွန်းတတ်သည်။ သို့သော် သင့်ကံဇာတာ အလွန်မညံ့သောကြောင့် ဖြေရှင်း၍ ရနိုင်သော ကိစ္စ ဖြစ်လိမ့်မည်။ သြဇာ အာဏာရှိသူ၏ ကူညီမှုကို ရရှိနိုင်သည်။ ကျန်းမာရေး အထူးဂရုစိုက်ရမည့် ကာလဖြစ်သည်။ ဖျားနာခြင်း နှင့် ထိခိုက်ရှနာခြင်းများ ဖြစ်ပွားကိန်း ရှိသည်။ သို့သော် ပြင်းထန်မှု မရှိနိုင်ပါ။ ထို့ကြောင့် ယခုလသည် သင့်အတွက် ကံကြမ္မာ အညံ့ရှိသော်လည်း အကောင်းက ပိုများသော လ, တစ်လ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
10 ရက်နေ့ မွေးဖွားသူများ
ယခုလ သည် သင့်အတွက် အခက်အခဲ များပြီး လုပ်ဆဲ အလုပ်အကိုင်များ အကောင်အထည်ဖော်ရန် အလွန်အခက်အခဲ နှင့် ကြုံနိုင်သည်။ သင် လုပ်နေသော အလုပ်များကို အပြီးသတ်ရန် ခက်ခဲနေမည်။ အနှောင့် အယှက်များ များပြားနေမည်။ သင်၏ ဆုံးဖြတ်မှုများလည်း လွဲမှားနိုင်သည်။ သင်ကိုယ်တိုင် အမှန်ထင်နေသော ကိစ္စ တစ်ခုသည် မှားယွင်းနေကြောင်း သင်သိလာလိမ့်မည်။ မတော်တဆထိခိုက်မှုများ နှင့် ကိုယ်ခန္ဓာ အနာတရ ဖြစ်မှုများ ကြုံတွေ့နိုင်သည်။ ယခုလတွင် သဘာဝ ဘေးဥပဒ်များ ကြုံတွေ့နိုင်သည်။ ချွန်ထက်သော အရာများ ၊ မီး နှင့် လျှပ်စစ်များ ကိုင်တွယ်ရာတွင် အထူးသတိထားပါ။ ယခုလတွင် သင်နှင့် အရင်းအနှီးဆုံး မိတ်ဆွေကပင် သင့်အား ကွယ်ရာတွင် အပုတ်ချ ခံရတတ်သည်။ အစွတ်အစွဲ ခံရတတ်သည်။ လူလိမ်ခံရကိန်း ရှိသောကြောင့် ယခုလတွင် ငွေချေးခြင်း ၊ ငွေကြေးရင်းနှီးမြုတ်နှံခြင်းများ မပြုသင့်ပေ။ ပညာရေး နှင့် ပတ်သင်လျှင်မူ ကံကောင်းမှုများ ရရှိနိုင်သည်။ ယခုလတွင် သင့်အနေဖြင့် စိတ်လေ နေတတ်သည်။ အလုပ်အကိုင် နှင့် ပညာရေးထက် အပျော်အပါးဖက်တွင် အာရုံများနေလိမ့်မည်။ အချည်းအနှီး အကျိုးမရှိသော အလုပ်များဖြင့် အချိန်ကုန်နေတတ်သည်။ ယခုလသည် ခြုံ၍ ပြောရ လျှင် သင့်အတွက် အကောင်းလည်း မများ ၊ အဆိုးလည်း မများလှဘဲ ထူးမခြားနားဖြင့် အချိန်ကုန်သွားတတ်သော လ, ဖြစ်ဖို့များသည်။
11 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် ထူးထူးခြားခြား အောင်မြင်နိုင်သော အခွင့်အလမ်းများ ရှိနေပါသည်။ သင် နာမည်ကြီးကိန်း ရှိသည်။ သင့် ကိုယ်ပိုင် အတွေးအခေါ် အယူအဆများပြုလုပ်သော လုပ်ငန်းများ အောင်မြင်နိုင်မည်။ အကြံကောင်း ဉာဏ်ကောင်းများပေါ်ထွက်မည်။ စိတ်ကူးဉာဏ် တိုးတက်ကွန့်မြူးနိုင်မည်။ သို့သော် ယခုလတွင် သင်ပြုလုပ်သမျှ အရာအားလုံးတွင် အခက်အခဲ နှင့် နှောင့်နှေးကြန့်ကြာမှုများ များလွန်းနေမည်။ သင်၏ အလုပ်အကြွေး များကို ပြီးပြတ်အောင် မရှင်းလင်းနိုင်ဘဲဖြစ်နေတတ်သည်။ အရေးကြီးသော ကိစ္စများကို မဆောင်ရွက်နိုင်ဘဲ အရေးမပါလှသော ကိစ္စများဖြင့် အချိန်ကုန်နေတတ်သည်။ ယခုလတွင် သင်အနေဖြင့် သတိထားရမည်မှာ မတော်တဆ ထိခိုက်မှု နှင့် ကိုယ်ခန္ဓာ အနာတရ ဖြစ်မှုများပင်ဖြစ်သည်။ သို့သော် ပြင်းထန်စွာ မဖြစ်နိုင်ပါ။ ယခုလတွင် သင်အနေဖြင့် အသေးအဖွဲ ကိစ္စများကို လျှစ်လျူရှုတန်သရွေ့ ရှုပြီး အရေးကြီး အလုပ်ကိစ္စများကို အကောင်အထည်ဖော်နိုင်မှ ယခုလ၏ ကံကောင်းမှုများကို သင့်အနေနှင့် ခံစားရဖွယ် ရှိသည်။ ဖင့်နွဲလေးကန်ခြင်းကို တိုက်ထုတ်ပစ်ပါ။ အလုပ်ကို အာရုံစူးစိုက်ပြီး လုပ်ပါ။ သို့ဖြစ်လျှင် ယခုလသည် သင့်အတွက် ကံကောင်းမှုများ ရရှိနိုင်ပါသည်။ ခြုံ၍ ပြောရလျှင် ယခုလသည် သင့်အတွက် အန္တရာယ် မကင်းလှသော်လည်း ကံကောင်းမှုများသော လ, တစ်လ ဖြစ်နိုင်ပါသည်။
12 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် ကံကြမ္မာ အခွင့်ကောင်းများ ရောက်ရှိလာရမည့် လ, တစ်လ ဖြစ်နိုင်ပါသည်။ သင့်အနေဖြင့် ရရှိလာသော အခွင့် အရေးများကို လက်ဆုပ်လက်ကိုင် ဖမ်းမိရန်လိုသည်။ သင့်အနေဖြင့် စိတ်အားတက်ကြွနေရမည်။ အရာရာအတွက် “အသင့်အနေအထား” တွင် ရှိနေရမည်။ သို့မဟုတ်ဘဲ ပျင်းရိရွှေ့ဆိုင်းနေပါက ကံကြမ္မာအခွင့်ကောင်းများ လက်လွတ်ဆုံးရှုံးသွားနိုင်သည်။ နိုင်ငံရပ်ခြားသို့ ထွက်မည့်သူများ (သို့) နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသူများအတွက် ကံကြမ္မာကောင်းများ ပိုမို ရရှိနိုင်သည်။ ငွေကြေးကံ အလွန်ကောင်းနိုင်သည်။ လူမှုဆက်ဆံရေး ပြေလည်သူများ ၊ လူတကာနှင့် တည့်အောင် ပေါင်းနိုင်သူများ ပိုမိုကံကောင်းနိုင်သည်။ အချစ်ရေးတွင် စန်းပွင့်နေမည်။ ကွဲကွာနေသော မိတ်ဆွေ သူငယ်ချင်းများနှင့် ပြန်လည်ဆုံဆည်းရတတ်သည်။ သင်၏ ချစ်သူနှင့် ကွဲကွာနေရသည်ဖြစ်ပါက ယခုလတွင် ပြန်လည်ဆုံတွေ့ရကိန်းများ ရှိနေသည်။ ယခုလတွင် သင့်အနေဖြင့် အထူးသတိထားရမည်မှာ သင်သည် ရရှိလာသော အခွင့်ကောင်းများကို ပေါ့ပေါ့ဆဆ သဘောထားမိပါ က အကျိုးကျေးဇူး ခံစားသင့်သလောက် မခံစားရဘဲ ရှိတတ်သည်။ ဆိုလိုသည်မှာ အစကောင်းမလိုလို နှင့် အဖျားရှုး သွားတတ်သည်ကို သတိပြုပါ။ မည်သို့ပင် ဖြစ်စေ ယခုလသည် ခြုံ၍ ပြောရလျှင် ကံကောင်းမှုများသော လ, တစ်လဖြစ်သည်ဟု ဆိုရပါမည်။
13 ရက်နေ့ မွေးဖွားသူများ
ယခုလသည် 13ရက်နေ့တွင် မွေးဖွားသူများအတွက် မိမိ၏ ဘ၀အခြေအနေ အဆင့်အတန်း အလိုက် ထူးထူးခြားခြား အောင်မြင်ကံကောင်းမည့် လ, ဖြစ်သည်။ မည်သူမဆို သူ့အတိုင်းအတာနှင့်သူ အောင်မြင်နိုင်ကြသည်ချည်းသာ ဖြစ်လေသည်။ ငယ်ရွယ်သူများလည်း ပညာရေးကံ အလွန်ကောင်းမည်။ ၀န်ထမ်းငယ်များတွင် ရာထူး (သို့) အခွင့်အလမ်း တိုးတက်နိုင်သည်။ ရာထူးတက်ရန် ကြန့်ကြာနေသူများ ယခုလတွင် ရာထူး ၊ လစာ တိုးတက်ရရှိမှု ဧကန်ရရှိနိုင်ပေသည်။ စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းကြီးများကို အကောင်အထည် ဖော်နိုင်မည်။ စီးပွားရေးများ ဒီရေအလား တိုးတက်နိုင်သည်။ ငွေကြေး ၊ အမြတ်အစွန်း များစွာ ရရှိနိုင်သည်။ အခွင့်အလမ်းကောင်းကြီးများ နှင့် ကြုံဆုံနိုင်သည်။ စွန့်စားရမည့် အခွင့်အလမ်းအရေးများ ပေါ်ပေါက် လာပါက ရဲရဲဝံ့ဝံ့ သာ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ယခုလတွင် သင့်အတွက် အမှားကြုံနိုင်စရာ ၊ ဆုံးရှုံးနိုင်စရာ အကြောင်း လုံးဝမရှိပါ။ နိုင်ငံရပ်ခြား နှင့် ပတ်သက်သော ကိစ္စများ အားလုံးကောင်းသည်ဟု ဆိုရမည်။ နိုင်ငံရပ်ခြားသို့ သွားမည့်သူများ လွယ်ကူစွာ ထွက်ခွာနိုင်ခြင်း ၊ အလုပ်အကိုင် နေရာကောင်းရခြင်းများ ကြုံဆုံရမည်။ လောကီကိစ္စ နှင့် မပတ်သက်ဘဲ တရားဘာဝနာ ပွားများနေသူများပင် ယခုလမျိုးတွင် တရားထူးကြီးများ ရနိုင်သော အခွင့်အလမ်း ရှိနေပါသည်။ 13 ရက်ဖွားများအတွက် ခြံငုံ ပြောရလျှင် ယခုလသည် အလွန့်အလွန် ကံကောင်းနိုင်သော လ, တစ်လ ဖြစ်သည်ဟုသာ ဆိုရပေတော့မည်။
14 ရက်နေ့ မွေးဖွားသူများ
ယခုလသည် 14 ရက်နေ့ဖွားများအတွက် မိမိမနှစ်သက် မလိုလားသော အခြေအနေများ ကြုံတွေ့ရကိန်း ရှိသည်။ မိမိ၏ ဘ၀အဆင့်အတန်း အခြေအနေ ရုတ်တရက် ပြောင်းလဲသွားကိန်း ရှိသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်မိတတ်သည်။ ထိုအမှားအတွက် အများတာဝန်မယူ ချင်သော အလုပ်အကိုင် ၊ နေရာဌာနများသို့ သွားရောက်ရတတ်သည်။ သူများကောင်းစားဖို့အတွက် မိမိက အနစ်နာခံပေးရမည့် ကိန်းမျိုး ဆိုက်ရောက်ဖွယ် ရှိသည်။ သို့သော် ထိုသို့ အနစ်နာခံ ၊ အဆုံးအရှုံး ခံလိုက်ရခြင်းသည် ရှေ့လာမည့် လ, များအတွက် ကောင်းမွန်သော ကံကြမ္မာကို မျိုးစေ့ချပေးလိုက်ခြင်း ဖြစ်သည်ဟု သင်နားလည်ရမည်။ စိတ်မနှစ်မြို့ဖွယ်ရာ ကိစ္စများ ၊ ကြေကွဲဝမ်းနည်းဖွယ်ရာ ကိစ္စများ ယခုလ တွင် ကြုံတွေ့ရနိုင်သည်။ ထိခိုက်ဒဏ်ရာရခြင်း ၊ ကျန်းမာရေးမကောင်းခြင်း ၊ ဖျားနာခြင်းများလည်း ကြုံတွေ့ရကိန်း ရှိသည်။ ယခုလတွင် သဘာဝဘေးဥပဒ်များ ၊ Accident များ ကြုံတွေ့ရကိန်း ရှိသည်။ ယခုလမျိုးတွင် အတိုက်အခံပြုရမည့် ကိစ္စများ ၊ တရားတဘောင်ဖြစ်မှုများကို သင့်အနေနှင့် ရှောင်ကွင်းနိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယခုလတွင် သင်သည် အတိုက်အခံပြုရသော လုပ်ငန်းများ ၊ အပြိုင်အဆိုင် နှင့် ယှဉ်ပြိုင်ရသောကိစ္စများတွင် သင့်ဘက်မှ နိုင်ချေ မရှိသောကြောင့်ဖြစ်သည်။ လုပ်ငန်းသစ်များ စ, တင်ခြင်းကို ယခုလမျိုးတွင် လုံးဝ မလုပ်အပ်ပေ။ အောင်မြင်ကိန်း မရှိပါ။ ယခုလသည် သင့်အတွက် ယေဘူယျခြုံငုံ သုံးသပ်ရလျှင် ကံမဆိုးဘူး ဆိုလျှင် သော်မှ ကံကောင်းနိုင် စရာ အခွင့်အလမ်း မရှိသော လ, ဖြစ်နိုင်ဖွယ် ရှိပေသည်။
15 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် “ဆွမ်းခံရင်း ငှက်သင့်” “ဒါးခုတ်ရာ လက်လျှို” “ယိုသမျှ ငါးချေး ပုဇွန်ခေါင်းစု” ဟူသော စကားပုံများကဲ့သို့ သူများ ပြဿနာ သည် ကိုယ့် ပြဿနာ ဖြစ်လာတတ်သည်။ ငွေကြေး ကိစ္စ ပြဿနာပေါ်တတ်သည်။ မိမိနှင့် အလုပ်တွဲဖက်လုပ်ကိုင်သူ၏ ပြဿနာ များကို မဆီမဆိုင် ကိုယ်က ၀င်ပြီး ခေါင်းခံရကိန်းမျိုး တွေ့ရတတ်သည်။ အခြောက်တိုက် စွပ်စွဲခံရတတ်သည်။ အမှုအခင်း လုပ်ခံရတတ်သည်။ မိမိမလုပ်ပါဘဲနှင့် တရားခံ ဖြစ်ရကိန်း ရှိတတ်သည်။ ထို့ကြောင့် ယခုလသည် အပေါင်းအသင်းများ နှင့် အတူတွဲဖက် လုပ်ကိုင်ရသော လုပ်ငန်းများကို သတိနှင့် လုပ်ကိုင်ပါ။ စာရိတ္တမကောင်းသော သူများကို ရှောင်ရှားပါ။ ငွေကြေးကိစ္စဖြစ်စေ ၊ အခြားကိစ္စ ဖြစ်စေ မိမိက ၀င်ပြီး အာမခံပေးခြင်းမျိုး လုံးဝရှောင်ကျဉ်ပါ။ သင့်အတွက် ယခုလသည် ငွေကြေးနှင့် ပတ်သက်ပြီး အလွန်ပြဿနာ ပေါ်တတ်သည်။ မိမိ ကျိန်းသေ ရရန် ရှိသော ငွေကြေး လာဘ်လာဘများပင် လွဲချော်သွားတတ်သည်။ ငွေကြေးများ ပျောက်ဆုံး ၊ ဆုံးရှုံး သွားတတ်သည်။ ထို့ကြောင့် ယခုလတွင် သင့်အနေဖြင့် မိမိကိုးကွယ်ရာ ဘာသာတရားအလိုက် ဘာသာတရားကိုသာ ပြင်းပြင်းထန်ထန် လုပ်ပါ။ အဘယ့်ကြောင့်ဆိုသော် သင့်ဘက်က ရပ်တည်ပေးမည့် ကံတရားလည်း ရှိနေသောကြောင့် ဖြစ်လေသည်။ သင့် အခက်အခဲကို ကူညီနိုင်မည့် ပုဂ္ဂိုလ်ထူး ပေါ်လာတတ်သည်။ သူတော်ကောင်း နတ်ကောင်းမ, သည့် ကိန်းမျိုး ရှိသောကြောင့် နောက်ဆုံးတွင် အခက်အခဲ ပြဿနာ ကြုံသည့်တိုင်အောင် လွတ်မြောက်သွားနိုင်ပါသည်။ ဘာသာတရားကို များများလုပ်ခြင်းဖြင့် နတ်ဒေ၀တာများ၏ စောင့်ရှောက်ခံရမှုကို ရရှိနိုင်ပါသည်။ ထို့ကြောင့် ယခု လ, သည် ခြုံငုံပြောရလျှင် သင့်အတွက် ကံမကောင်းမှု ၊ အကျဉ်းအကြပ် ၊ ဘေးဒုက္ခ ကြုံနိုင်သော်လည်း ကြံဖန်ပြီး လွတ်မြောက်နိုင်သော ကိန်းရှိသော လ, ဖြစ်သည်ဟု ဆိုရပေမည်။
16 ရက်နေ့ မွေးဖွားသူများ
ယခုလသည် မိမိမိသားစုအတွက်၎င်း ၊ မိမိအိမ်ထောင်ရေး အတွက်၎င်း ၊ အလုပ်အကိုင် လုပ်ငန်းခွင်အတွင်း မိမိအား မလိုလားသူများကြောင့် ၎င်း စိတ်ညစ်ညူးဖွယ်ရာများ ကြုံတွေ့နိုင်သော်လည်း ဘ၀အောင်မြင်ရေး အတွက်မူ ကံကောင်းသော လ, ဖြစ်လိမ့်မည်။ မိမိကြိုးစားခဲ့သမျှ အသီးအပွင့်များ ခံစား ရရှိနိုင်သည့် လ, ဖြစ်သည်။ မိမိအား မလိုမုန်းထားသူ ၊ အတိုက်အခံ ပြုနေသူများ ရှိသော်လည်း နောက်ဆုံး မိမိသာလျှင် အောင်မြင်မှု ရရှိပေလိမ့်မည်။ ငယ်ရွယ်သူများအတွက် ပညာရေး ၊ ၀န်ထမ်းများအတွက် အလုပ်အကိုင် ရာထူး လစာတိုးရေး ၊ စီးပွားရေး လုပ်ငန်း ရှင်များအတွက် လုပ်ငန်း တိုးတက်အောင်မြင်ရေး အားလုံး အသီးသီး ကံကောင်းမှုကို ခံစားရရှိလိမ့်မည်။ မိမိဝယ်ယူလိုသော အိမ်ခြံမြေ (သို့) ယာဉ်ကား (သို့) အိမ်တွင်း အလှဆင် ပစ္စည်းများကို ၀ယ်ယူနိုင်ကိန်း ရှိသည်။ အချစ်ရး ၊ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေ ချောမွေ့နေလိမ့်မည်။ အထက်လူကြီး ဆရာသမားများကလည်း အထူးအခွင့်အရေးများ ပေးခံရမှုကို ကြုံရနိုင်သည်။ သို့အတွက် လုပ်ဖော်ကိုင်ဖက်များ၏ မနာလိုမှု ၊ မရှုစိမ့်မှုများ ကြုံရနိုင်သော်လည်း သင့်အနေနှင့် လျှစ်လျူရှုလိုက်ပါ။ ယခုလတွင် သင့်အား မည်သူမှ ဒုက္ခ ကြီးကြီးမားမား ပေးနိုင်စရာ မရှိပါ။ နာမည်နှင့် လုပ်စားသူများ ၊ အနုပညာရှင်များ ယခုလတွင် နာမည်အလွန်ကျော်ကြားကိန်း ရှိမည်။ အနုပညာ ပရိသတ်၏ ထောက်ခံအားပေးမှုကို အကြီးအကျယ် ရရှိနိုင်သည်။ ဟိုတယ် ၊ ခရီးသွားလာရေး နှင့် ပညာသင်ကြားရေးဆိုင်ရာ လုပ်ငန်း လုပ်သူများလည်း နာမည်ကောင်းထွက်ပြီး စီးပွားတိုးတက်ကိန်း ရှိသည်။ ခြုံငုံ၍ ပြောရလျှင် ယခုလသည် 16 ရက်နေ့တွင် မွေးဖွားသူများအတွက် စိတ်ညစ်စရာ ကိစ္စများကြုံတွေ့ရတတ်သော်လည်း ကံကောင်းမှုကသာ ပိုမိုများပြားနိုင်သော လ, ဖြစ်သည်ဟု ဆိုရပေမည်။
17 ရက်နေ့ မွေးဖွားသူများ
ယခုလသည် မျှော်လင့်မထားသော ရုတ်တရက် ကံကောင်းမှုများ ၊ ရုတ်တရက် ကံညံ့မှုများကို ပူးတွဲ ခံစားရဖွယ် ရှိတတ်သည်။ အပြောင်းအလဲ တစ်စုံတစ်ရာ ကြုံတွေ့နိုင်သည်။ သင် မျှော်လင့်မထားသော အပြောင်းအလဲမျိုး ဖြစ်လိမ့်မည်။ သို့သော် ယေဘူယျအားဖြင့် အကောင်းဖက်ကို ဦးတည်နေသော အပြောင်းအလဲမျိုး ဖြစ်နိုင်သည်။ ရုတ်တရက် အလုပ်နေရာ ရွှေ့ပြောင်းခံရခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ရုတ်တရက် နိုင်ငံရပ်ခြား သို့ ထွက်ခွာရခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မိမိ ချစ်သူ ၊ အထူးခင်မင်ရသော မိတ်ဆွေများ နှင့် ရုတ်တရက် ခွဲခွာရခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ယခုလတွင် အိမ်ထောင်ရှင်များ အိမ်ထောင်ရေး ပြဿနာ မပြေလည် နိုင်သကဲ့သို့ ၊ ငယ်ရွယ်သူများတွင်လည်း အချစ်ရေး ပြဿနာ အရှုတ်အထွေးများကြောင့် စိတ်ညစ်ညူးရဖွယ် ရပါသည်။ ငွေကြေးနှင့် ပတ်သက်လျှင်မူ ယခုလတွင် ကံမဆိုးနိုင်ပါ။ ကံကောင်းမှုပင် များပြားနိုင် ပါသေးသည်။ ယခုလတွင် ပြည်တွင်း ခရီး ၊ ပြည်ပ ခရီးများ တနည်းနည်းဖြင့် သွားရကိန်း ရှိနေပြီး သွားရန် အခွင့်အလမ်း ပေါ်ပေါက်ပါက သင့်အနေဖြင့် သွားသင့်ပါသည်။ ထိုခရီးစဉ်မှ သင့်အတွက် အခွင့်အလမ်း နှင့် ကံကောင်းမှုများကို ရရှိနိုင်ပါသည်။ သတိတစ်ခုထားရမည်မှာ ယခု လတွင် သင့်အတွက် ဘေးအန္တရာယ် တစ်ခုခု ကြုံတွေ့ဖွယ် အလားအလာ ရှိနိုင်ပါသည်။ သဘာဝ ဘေးဥပဒ်သော်၎င်း ၊ ဆန့်ကျင်ဘက် လိင်၏ အန္တရာယ်သော်၎င်း ဖြစ်နိုင်သည်။ အမျိုးသမီးငယ်များအတွက် အကျင့်စာရိတ္တ မကောင်းသော ယောင်္ကျားများ၏ အန္တရာယ် ရှိသည်ကို သတိ ထားစေလိုပါသည်။ တစ်လလုံးအနေဖြင့် ခြံငုံပြောရလျှင် ယခုလသည် အန္တရာယ်ကို သတိတရား လက်ကိုင်ထားရမည့် လ, ဖြစ်ပြီး ကံဆိုးလွန်းသည့်လ ဟုကား မဆိုနိုင်ပါချေ။ မဆိုး/မကောင်း စာရင်းဝင်သော လ, ဖြစ်သည်ဟု ဆိုရပေမည်။
18 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် မကောင်းသော ကံကြမ္မာများ တစ်ပါတ်ပြန်ကျော့ လာနိုင်သော လ, မျိုး ဖြစ်တတ်သည်။ ရောဂါဟောင်း ရှိသူများ ၊ အမှုဟောင်း ရှိသူများ ၊ အကြွေးဟောင်း ရှိသူများ ၊ ပြဿနာဟောင်း ရှိသူများ အထူးသတိထားရမည့် လ, ဖြစ်သည်။ ရောဂါဟောင်း ရှိသူများ ရောဂါ ပြန်ထ နိုင်သည်။ အမှုဟောင်း ရှိသူများ အမှု တစ်ခါ ပြန်လည် စွဲဆို/ ဆင့်ခေါ် ခံရနိုင်သည်။ အကြွေးဟောင်း ရှိသူများ အကြွေး ရှင်ရဲ့ ဒုက္ခပေးမှု / မရမက တောင်းဆိုမှုများ ကြုံရနိုင်ချေရှိတတ်သည်။ သင့်အတွက် အလွန် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရမယ့် လ, တစ်လ ဖြစ်နိုင် သည်။ အိမ်ထောင်ရှင်များမှာလည်း ယခင်က မရှင်းမရှင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေ ပြန်ပြီး အသစ်ဖြစ်လာနိုင်ဖွယ်ရှိသည်။ ကိုယ်က ကောင်းကောင်း နေတာတောင်မှ အစွပ်အစွဲ ခံရတတ်သည်။ ဒီလထဲမှာ သင့်အနေနဲ့ အထူးဆောင်ရွက်သင့်တာက ဘာသာတရားအတွက် အချိန်များများ ပေးဖို့ဘဲ ဖြစ်ပါသည်။ ဘာသာတရားကိုသာ ဖိလုပ်ပါ။ အညံ့တွေ အတော်များများ ပြေပျောက်သွားပါလိမ့်မည်။ သို့မဟုတ်ဘဲ စိတ်ညစ်ညစ် နဲ့ အရက်သေစာ သောက်စားခြင်း၊ အပျော်အပါးတွေနဲ့ စိတ်ကို ဖြေဖျောက်တာမျိုးတို့ လုပ်ခဲ့လျှင် ဒီလမှာ ကံပိုဆိုးလာဖွယ် ရှိနိုင်သည်။ အိမ်တွင်းရေး အလွန် မသာမယာ ဖြစ်တတ်ပါသည်။ မိသားစု ဆွေမျိုးသာခြင်းများထဲက နာရေး ကိစ္စပေါ်ပေါက်တတ်ပါသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သစ္စာမဲ့မှု ကို ယခုလမှာ ခံရကိန်း ရှိသည်။ ကိုယ်အခင်မင်ရဆုံး မိတ်ဆွေတွေက ပြဿနာ ဖြစ်လာချိန်မှာ ကိုယ့်ဘက်က ရပ်တည်ဖို့ မပြောနဲ့ ကိုယ့်ကို တောင်မှ ပြစ်တင်ပြောဆိုမှု ၊ ဂုဏ်သိက္ခာကျဆင်းအောင် အပုတ်ချမှုများ ခံရနိုင်ချေရှိသည်။ သို့သော် ယခု လ, တွင် လောကုတ္တရာနယ်ပယ်ထဲမှာ နေပြီး တရားဘာဝနာ အားထုတ်နေသူများအတွက် လောကီလူသားများ နဲ့ ပြောင်းပြန် အကျိုးပေးတတ်ပါသည်။ တရားထူးကြီးများ ရနိုင်တဲ့ လ, ဖြစ်ပါသည်။ ဒါကြောင့် ဒီလ, မှာ အဆိုးလွတ်ချင်ရင် ၀ိပဿနာ တရားကို များများအားထုတ်ပေးပါလို့ အကြံပေးလိုပါသည်။ ခြုံငုံ ပြောရရင် ကံညံ့မှု များနိုင်တဲ့ လ, ဖြစ်ပေမယ့် တစ်ချို့သော 18 ရက်ဖွားများအတွက်တော့ ဘာအဆိုးမှ လည်းမရှိ/ ဘာအကောင်းမှ လည်း မရှိဘဲ ယောင်ဝါးဝါးနဲ့ အချိန်ကုန်သွားနိုင်တဲ့ လ, လည်းဖြစ်နိုင်ပါသည်။ (ဒါက မဟာဘုတ်ပညာက သက္ခတ်နဲ့ ဆိုင်ပါလိမ့်မယ်)
19 ရက်နေ့ မွေးဖွားသူများ
ယခုလသည် 19 ရက်နေ့တွင် မွေးဖွားသူများအတွက် ထူးကဲသော လာဘ်လာဘများ ၊ အခွင့်အရေးကောင်းများ ရရှိနိုင်သော လ, ဖြစ်သည်။ ငွေကြေး အစုအပုံ ၀င်ကိန်း ရှိသည်။ မိမိ ပုံမှန်စီးပွားရေး လုပ်ငန်း နှင့် မဆိုင်သော လာဘ်လာဘကြီးများရနိုင်သည်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ကဲ့သို့သော ကံကောင်းမှုများ ကြုံနိုင်ချေ ရှိသည်။ နိုင်ငံရပ်ခြား နှင့် ပတ်သက်နေသော ကိစ္စများ ၊ ခရီးသွားလာရေးနှင့် ဆိုင်သော ကိစ္စရပ်များမှ ငွေကြေးဖြစ်စေ ၊ ဘ၀တက်လမ်းဖြစ်စေ ရရှိလာနိုင်သည်။ အစိုးရ နှင့် ဆက်ဆံလုပ်ကိုင်နေရသော စီးပွားရေး လုပ်ငန်းရှင်များ အထူးအောင်မြင် နိုင်သည်။ အခွင့်အလမ်းကောင်းများ ရရှိနိုင်သည်။ သို့သော် ယခုလတွင် အားလုံး ပကတိ ချောမွေ့အဆင်ပြေခြင်းမျိုးလည်း မဟုတ်။ အချို့ နေရာ များတွင် မိမိရပိုင်ခွင့် ၊ တက်လမ်းအတွက် အခက်အခဲများကို ကျော်ဖြတ်ပြီးမှ မိမိဆန္ဒ ပြည့်ဝဖွယ် ရှိသည်။ စီးပွားရေး လုပ်ငန်းရှင်များ ပြိုင်ဖက် အလွန်များသော အခြေအနေမျိုး ကြုံရမည်။ အခွင့်အရေးများကို တိုက်ခိုက်ယူရမည်။ သို့သော် ကံတရားသည် မိမိဘက်တွင် ရှိသောကြောင့် မိမိ သာလျှင် အနိုင်ရကိန်း ရှိပါသည်။ မိမိကို ဆန့်ကျင်နေကြသူများထက် မိမိကို ထောက်ခံသူများက ပိုများလိမ့်မည်။ လူမျိုးခြား ဘာသာခြားများ အကူအညီပေးလိမ့်မည်။ ယခုလအတွင်း ခရီးထွက်ရန် ကိစ္စများ ရှိလျှင် ရွှေ့ဆိုင်းမထားဘဲ ထွက်ဖြစ်အောင် ထွက်ပါ။ ခရီးသွားလာရင်းမှ မိမိဘ၀ တက်လမ်းများ ၊ အခွင့်အရးများ ရရှိလာပါလိမ့်မည်။ အနုပညာရှင်များ ၊ နိုင်ငံရေး သမားများ လူအများစု၏ ထောက်ခံမှုကို အကြီးအကျယ် ရရှိနိုင် သော လ, ဖြစ်သည်။ ယခုလသည် အတိုက်အခံ ၊ ပြိုင်ဘက်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်ဖွယ် ရှိသော်လည်း မိမိအား လောက်လောက် လားလား ဒုက္ခပေးနိုင်မှု မရှိပါ။ တစ်လလုံး အနေဖြင့် ခြုံပြောရလျှင် ကံကောင်းမှု များပြားမည့် လ, တစ်လဖြစ်ပါသည်။
20 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် ကံကြမ္မာ မကောင်းလှသော လ, တစ်လဖြစ်နိုင်သည်။ သင့်အတွက် ဂုဏ်သိက္ခာ ကျစရာ အမှုအခင်း ၊ ပြဿနာများ ကြုံဆုံနိုင်သည်။ ကျန်းမာရေးလည်း အထူးကျဆင်းနိုင်သော လ, ဖြစ်သည်။ ရေဘေး ၊ လေဘေး စသော သဘာဝဘေးဥပဒ်ကြီးများလည်း ကြုံဆုံ နိုင်ဖွယ် ရှိသည်။ ငွေကြေးများ ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးတတ်သည်။ တရားနည်းလမ်းမကျသသော လုပ်ငန်းများဖြင့် ရယူပိုင်ဆိုင်ထားသော ငွေကြေး ၊ ပိုင်ဆိုင်မှုများ ဖြစ်ပါက ပို၍ အဆုံး အရှုံးများမည်။ မိမိပိုင် ပစ္စည်းများကို ဥပဒေဖြင့် သိမ်းဆည်းခြင်း ခံရတတ်သည်။ သင်၏ ဓနဥစ္စာ ၊ ပိုင်ဆိုင်မှု ၊ အသက်အန္တရာယ်များကို အခြိမ်းခြောက် အခံရဆုံးသော လ, တစ်လ ဖြစ်နိုင်သည်။ ရန်သူမျိုး (၅)ပါး ဖျက်ဆီးခံရတတ်သော လ, ဖြစ်တတ်သည်။ သို့သော် သင့်အတွက် အားလုံး အညံ့ချည်းဟုသာ မဆိုနိုင်ပါ။ သင့်အား ကူညီမည့် ပုဂ္ဂိုလ် ပေါ်ပေါက်လာတတ်ပါသည်။ သင့်အနေဖြင့် ယခုလတွင် ဘာသာတရားကိုသာ အထူးကိုးကွယ် ဆည်းကပ်ပါလေ။ သို့ဖြစ်လျှင် အခက်အခဲများကြားမှ ကူညီမည့်သူ ပေါ်ပေါက်လာနိုင်ချေ ရှိပါသည်။ သင်သည် သူတော်ကောင်းဖြစ်လျှင် နတ်ကောင်း မ, ပါလိမ့်မည်။ သင့်အနေဖြင့် အခက်အခဲများကြောင့် အလွန်အမင်း စိတ်ဓာတ်မကျစေလိုပါ။ အဘယ်ကြောင့် ဆိုသော် ယခုလပြီးလျှင် ရှေ့လာမည့် လ၌ သင့်၏ ကံကြမ္မာသည် မျက်လှည့်ပြလိုက်သလို ပြောင်းလဲ တိုးတက်သွားနိုင်သောကြောင့် ဖြစ်ပါသည်။ သင်သည် ရာထူးကြီးများကို ပိုင်ဆိုင် သူလည်း မဟုတ် ၊ စီးပွားရေး လုပ်ငန်း ရှင်ကြီးလည်း မဟုတ် ၊ မတရားသော နည်းလမ်းများဖြင့် စီးပွားရှာသူလည်း မဟုတ်လျှင်မူ ယခုလအတွက် အလွန်အမင်း စိုးရိမ်ရန် မရှိပါ။ ယခုလသည်း အလုပ်ကြီး အကိုင်ကြီး ၊ ရာထူးကြီးသူများအတွက်သာ ထိခိုက်နစ်နာဖွယ်ရှိပြီး သာမန်လူတန်းစား များအတွက် ထူးထူးခြားခြား ကံကြမ္မာ ညံ့ကိန်း မရှိပါ။ သဘာဝဘေးဥပဒ် နှင့် ကျန်းမာရေး မကောင်းခြင်းမျိုးလောက်သာ ကြုံနိုင်ဖွယ် ရှိသည်ဟု ယူဆပါသည်။ ယခုလသည် “အမြင့်တွင် နေထိုင်သောသူများ” အတွက်သာ ထိခိုက်မှုများ များတတ်ပြီး “အနိမ့်တွင် နေထိုင်သော သူများ” အတွက် ပြောပလောက်သော အညံ့ရှိသည် မဆိုနိုင်ပါ။ ထို့ကြောင့် ယခုလ၏ ကံကောင်း ၊ ကံညံမှုမှာ သင့်ဘ၀ အဆင့်အတန်းအလိုက်သာ ဖြစ်ရမည်ဟု ဆိုရပေလိမ့်မည်။
21 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် သင့်အနေဖြင့် ကံကောင်းပြီဟု ထင်ရသောကိစ္စ ၊ မြင့်မားတိုးတက်လာသော အခြေအနေ ၊ ငွေကြေး အစုအပုံ ၀င်ခြင်း စသော အခြင်းအရာများကြုံလာလျှင် အလွန်အမင်း ၀မ်းမမြောက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် အခြေအနေ ကပြောင်းကပြန် ဖြစ်သွားနိုင်ခြင်း ကြောင့် ဖြစ်သည်။ အဓိက အကြောင်းမှာ သင့်ကို မနာလိုဝန်တိုနေသောသူများ၏ တိုက်ခိုက်မှုကြောင့် သင့်ရရှိထားသော ကံကောင်းမှုသည် ပြန်လည်ဆုံးရှုံးသွားနိုင်ခြင်းမျိုး ဖြစ်နိုင်သည်။ သင့်အား ကုန်းချောခံရမှု ၊ ချောက်တွန်းခံရမှုများ ဖြစ်နိုင်သည်။ သင်၏ အရင်းနှီးဆုံး ၊ အယုံကြည်ရ ဆုံး မိတ်ဆွေများပင် သင့်အပေါ် သစ္စာဖောက်ခြင်းမျိုး ခံရနိုင်သည်။ အိမ်ထောင်ရေးလည်း အလွန်အဆင်မပြေဖြစ်နိုင်သည်။ (သို့) အိမ်တွင်းရေး မသာမယာ ဖြစ်နိုင်သည်။ သို့သော် ယခုလသည် အဆိုးသက်သက်ကြီးလည်း မဟုတ်ပါ။ သင့်အား ကူညီမည့် ၊ သင့်ဘက်က ရပ်တည်ပေးမည့် အကြီးအကဲ(လူကြီး)တစ်ဦးကြောင့် သင့်အနေဖြင့် အခြေအနေကောင်းများ ပြန်လည်ရရှိနိုင်ပါသည်။ သင်သည် အမှန်တကယ် တည်ကြည်ဖြောင့်မတ်ပြီး ၊ အကျင့်စာရိတ္တ ဖောက်ဖျက်ထားသူမဟုတ်ပါက သင့်အပေါ် ၀ိုင်းဝန်းလုပ်ကြံမှုသူများ အောင်မြင်မည် မဟုတ်ပါ။ သို့သော် သင်ကိုယ်တိုင် မရိုးမသား လုပ်ထားသော ကိစ္စမျိုး ရှိခဲ့လျှင်မူ ယခုလသည် သင့်အတွက် ကံမကောင်းသော လ, တစ်လ ဖြစ်သွားနိုင်ပေသည်။ ရေဘေး၊ လေဘေး စသော သဘာဝ ဘေးအန္တရာယ်များ ကို ပေါ့ပေါ့ဆဆ မနေဘဲ အထူးသတိထားပါ။ ခြံ၍ ပြောရလျှင် ယခုလသည် မှန်ကန်စွာနေထိုင်သူများအတွက် အစပိုင်းတွင် ကံအနည်းငယ် ညံ့တတ်ပြီး နောက်ပိုင်း ကံပြန်ကောင်းလာနိုင်သော်လည်း မိမိကိုယ်တိုင် မှန်ကန်မှုမရှိ(အမှားလုပ်ထားလျှင်) ကံအလွန်ညံ့သော လ, တစ်လ ဖြစ်သွားနိုင်ချေ ရှိသည်ဟု ဆိုရပေမည်။
22 ရက်နေ့ မွေးဖွားသူများ
ယခုလသည် 22 ရက်နေ့တွင် မွေးဖွားသော သူများအတွက် ကံကောင်းမှု များနိုင်သော လ,တစ်လဟု ဆိုနိုင်သည်။ ငွေကြေးကိစ္စ ကံကောင်းနိုင် သည်။ မိမိဝယ်ယူထားသော ၊ ရင်းနှီးမြုတ်နှံထားသော ကိစ္စများ (ဥပမာ-အိမ်ခြံမြေ တိုက်တာများ) မှ ဈေးကောင်းရပြီး အမြတ်အစွန်း များစွာ ရရှိနိုင်သည်။ မိမိလုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများမှ အမြတ်အစွန်းများစွာ ရနိုင်သည်။ သို့သော် ယခုလတွင် သင့်အနေဖြင့် “လောဘ” ကို သတ်နိုင်သရွေ့ ပယ်သတ်နိုင်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက သင်ရရှိလာမည့် အခွင့်အရေးကောင်းများ လွဲချော်သွားတတ်သည်။ ပြန်လည် ဆုံးရှုံးသွားတတ်သည်။ စီးပွားရေး နှင့် အလုပ်အကိုင်များတွင် တိုးတက်မှု နှင့် အခွင့်အရေးကောင်းများ ရရှိနိုင်သော လ, ဖြစ်သော် လည်း အိမ်ထောင်ရေး ကိစ္စ၌မူ အထူးသတိထားရန်လိုသည်။ သင့်အနေဖြင့် စိတ်လိုက်မာန်ပါ လုပ်မှုများကို ရှောင်ရှားသင့်သည်။ ယခင် လ, များဆီက အိမ်ထောင်ရေး ပြဿနာ ရှိခဲ့သူများ ယခုလတွင် အိမ်ထောင်ရေး ပဋိပက္ခများ ပြန်လည် ကြီးမားလာတတ်သည်။ ထိုသို့ အိမ်ထောင်ရေး ပြဿနာ မပေါ်လျှင် အိမ်ထောင်ဘက်ဖြစ်သူ ကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံဆေးခန်း ရောက်တတ်သည်။ ယခုလသည် ငွေကြေး များစွာ ၀င်ရောက်ကိန်း ရှိသကဲ့သို့ ငွေကြေးများစွာ ပြန်လည်ထွက်ကိန်းလည်း ရှိနေတတ်သည်။ မိမိကိုယ်တိုင်က ယခုလတွင် အသုံးအစွဲ များနေတတ်သည်။ ယခုလတွင် မိမိအတွက် အရေးကြီးသော လုပ်ငန်း အစီအစဉ်များကို လုပ်ငန်းဆောင်ရွက်ရန် ပျင်းရိ ရွှေ့ဆိုင်းနေသော ကြောင့် အခွင့်အရေး အချို့ ဆုံးရှုံးရဖွယ် ရှိတတ်သည်။ မိမိ၏ တာဝန်ဝတ္တရာများ ပျက်ကွက်နေတတ်သည်။ ယခင်လက အချစ်ရေး ကိစ္စ အဆင် မပြေဖြစ်နေသူများ ယခုလတွင် အချစ်ရေးကိစ္စ ပြန်လည် အဆင်ပြေလာနိုင်သည်။ တစ်လလုံးအနေဖြင့် ခြုံငုံ သုံးသပ်ရလျှင် ယခုလသည် ကံ အသင့်အတင့် ကောင်းနိုင်သော်လည်း စိတ်လည်း အထူးညစ်နွမ်းဖွယ် ရှိသည့် လ, တစ်လဖြစ်နိုင်သည်။
23 ရက်နေ့ မွေးဖွားသူများ
ယခုလသည် သင့်အတွက် အရာရာသည် စိတ်မကြည်လင်စရာ ချည်းသာ ဖြစ်နေလိမ့်မည်။ အိမ်တွင်းရေး အလွန်မသာမယာဖြစ်တတ်သည်။ ဆွေမျိုးသားခြင်းများ၏ ဒုက္ခပေးမှုကို အများဆုံးခံရမည်။ လုပ်ငန်းခွင်အတွင်း၌လည်း အခက်အခဲ ပြဿနာ များလိမ့်မည်။ ငွေအ၀င်ထက် အထွက် က ပိုများနေမည်။ ငွေကြပ်နေတတ်သည်။ သားသမီး ရှိသူများအတွက် သားသမီးနှင့် ပတ်သက်ပြီး ပူပင်သောက များပြားလိမ့်မည်။ ကျန်းမာရေး ကလည်း ခြူချာနေမည်။ အနည်းဆုံး မိုးရာသီတုတ်ကွေး နှင့် ကြုံတွေ့တတ်ပြီး အဖျားတာရှည်တတ်သည်။ မိမိနေအိမ်သို့ အလွန် ဒုက္ခပေးတတ် သော ညီအစ်ကို မောင်နှမများ လာရောက်တည်းခိုတတ်ပြီး မိမိအား စိတ်သောက နှင့် ဒုက္ခများကို ပေးနိုင်ဖွယ် ရှိသည်။ ယခုလတွင် သင့်အနေ ဖြင့် အရာရာကို သည်းခံစိတ်မွေးပြီး စိတ်လျှော့မထားနိုင်လျှင် အရာရာတိုင်းသည် ဒေါသဖြစ်စရာ ၊ ဒေါမနဿ ပွားစရာ ကိစ္စချည်းသာ ဖြစ်နေလိမ့် မည်။ မိမိအား အကူအညီတောင်းမည့်သူ ၊ ငွေချေးငှားမည့်သူ များ တန်းစီနေတတ်သည်။ တစ်နေ့တစ်နေ့ ကိုယ့်ကိစ္စ ၊ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ရဘဲ သူများကိစ္စများကိုသာ ဒိုင်ခံ ဖြေရှင်းနေရတတ်သည်။ သူများအပူ ကိုယ့်အပူ ဖြစ်နေတတ်သည်။ ယခုလတွင် သင့်အနေဖြင့် “ ဖြစ်သမျှအကြောင်း အကောင်းချည်းသာ” ဟု စိတ်ထားမျိုး မခံယူနိုင်လျှင် အလွန် စိတ်ညစ်ညူးဖွယ်ရာ ရှိသည့် လ, တစ်လ ဖြစ်နိုင်သည်။ ထို့ကြောင့် ယခုလတွင် သင့်အတွက် အနစ်နာခံစရာ ရှိလျှင် ခံလိုက်ပါ။ ကုသိုလ် ယူလိုက်သည်ဟု သဘောထားလိုက်ပါ။ စိတ်ပါ လက်ပါ ကူညီလိုက်ပါ။ ထို့အတွက် ရှေ့လာမည့် လ, များအတွက် ကောင်းကျိုးများကို သင်ခံစားရပါလိမ့်မည်။ တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် စိတ်ညစ်ညူးရတတ်သော်လည်း အလွန်အမင်း ကံဆိုးသည့် လ, ဖြစ်သည်ဟုကား မပြောနိုင်ပါ။ သင်ကိုယ်သင် စိတ်ချမ်းသာအောင် နေနိုင်လျှင် သိပ်အဆိုးကြီးဟု မဆိုနိုင်ပါ။
24 ရက်နေ့ မွေးဖွားသူများ
ယခုလသည် အစစ အရာရာ သတိထားနေထိုင်ရမည့် လ, ဖြစ်သည်။ သင့်အတွက် မကောင်းသော ကံကြမ္မာများ ကြုံတွေ့ဖွယ်ရာ ရှိသည်။ အထူးသတိထားရမည်မှာ သဘာဝ ဘေးအန္တရာယ် နှင့် မတော်တဆ ထိခိုက်မှုများပင်ဖြစ်သည်။ သင်၏ ကိုယ်ခန္ဓာ အနာတရ ဖြစ်ကိန်း ရှိသည်။ သင်ပိုင်ဆိုင်သော အိုး အိမ် ၊ ယာဉ်ကားများ ပျက်စီးထိခိုက်ကိန်း ရှိသည်။ သင့်တွင် ကိုယ်ပိုင်ကား ရှိလျှင် ယခုလ၌ ကိုယ်တိုင် ယာဉ်မောင်းခြင်း ကို ရှောင်ကျဉ်သင့်လှသည်။ သင်၏ လုပ်ငန်း အပြိုင်အဆိုင်များကလည်း သင့်အား နည်းမျိုးစုံဖြင့် ဒုက္ခပေးဖွယ် ရှိသည်။ အပြိုင်အဆိုင်နှင့် လုပ်ကိုင် ရသော စီးပွားရေး လုပ်သူများ ယခုလတွင် မိမိက “ နောက်ကောက်ကျ” နေတတ်သည်။ သို့ရာတွင် သင်သည် ယခုလတွင် သင့်အား တိုက်ခိုက် လာသမျှကို ငြိမ်ခံနေခြင်းထက် ပြန်လှန် တိုက်ခိုက်ခြင်းက ပိုမိုကောင်းမွန်သည်ဟု အကြံပြုလိုသည်။ အဘယ်ကြောင့်ဆိုသော် ယခုလတွင် သင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ ညံ့ဖျင်းနေသော်လည်း စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ ၊ အကြံဉာဏ်များမှာ ထက်မြက်နေသောကြောင့် ဖြစ်သည်။ သင်သည် အစွမ်းကုန် အကြံဉာဏ်ထုတ်ပြီး သင့်အား တိုက်ခိုက်နေသူများကို ပြန်လှန်ချေမှုန်းနိုင်သော ကံတရားရှိနေပါသည်။ သို့မဟုတ်ဘဲ ငြိမ်ခံ နေလျှင် ယခုလတွင် သင့်၏ အခွင့်အရေး ၊ အကျိုးအမြတ်များကို သင့်ပြိုင်ဖက်များက ရယူသွားနိုင်ကိန်း ရှိနေပါသည်။ စီးပွားရေး လုပ်ငန်းကြီး လုပ်သူများအဖို့ ယခုလတွင် မိမိပြိုင်ဖက်များနှင့် အကြီးအကျယ် ပြိုင်ဆိုင်ရကိန်း ရှိသည်။ သင် ညံ့လျှင် သင်ခံရမည်။ သင် အစွမ်းကုန် ကြိုးစား တိုက်ခိုက်လျှင် သင်အနိုင်ရမည်။ ယခုလသည် ကံမကောင်းမှုများကို ငြိမ်ခံရမည့် လ, မဟုတ်။ ပြန်လည် တိုက်ခိုက်ရမည့် လ, ဖြစ်သည်။ သို့သော် သဘာဝ ဘေးဥပဒ် ကျရောက်ဖွယ်ရှိသော နေရာများ နှင့် လူစုလူဝေးများ စုဝေးရာ နေရာများသို့ သွားရောက်ခြင်းကိုမူ ရှောင်ကျဉ် သင့်သည်။ သင့်အတွက် အန္တရာယ်ကျရောက်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် ယခုလသည် အရာရာ၌ “သတိ” ရှိနေပြီး သင်၏ စွမ်းရည်များကို ကောင်းစွာ အသုံးချနိုင်ပါက အလွန်အမင်း ညံ့သော လ, ဟု မဆိုနိုင်ပါချေ။
25 ရက်နေ့ မွေးဖွားသူများ
ယခုလသည် 25 ရက်နေ့တွင် မွေးဖွားသော သူများအတွက် အလွန်ကောင်းမွန်သော ကံ ၊ အခွင့်အလမ်းများနှင့် ကြုံတွေ့ဖွယ် ရှိသည်ဟု ဆိုရမည်။ ယခင်လများအတွင်းက သင် စ, တင်ခဲ့သော စီမံကိန်းများ ယခုလတွင် ထူးထူးခြားခြား အောင်မြင်ကိန်း ရှိသည်။ လုပ်ငန်းသစ်များ ပိုမို တိုးချဲ့ရကိန်း ရှိသည်။ သင့်အား ထောက်ခံမည့်သူများ ပိုမိုများပြားလာမည်။ သင်၏ လုပ်ငန်းများ အလွန်လျှင်မြန်စွာ တိုးတက်ကျယ်ပြန့်လာ လိမ့်မည်။ လူသိများလာလိမ့်မည်။ နာမည်ဖြင့် လုပ်စားသူများ ၊ အနုပညာရှင်များ အလွန်တိုးတက်ကောင်းစား နိုင်သော လ, ဖြစ်သည်။ ၀န်ထမ်း များ ရာထူးတိုးမြှင့်ခံရခြင်း ၊ လစာ တိုးတက်ခြင်း ၊ အခွင့်အရေးကောင်းများ ရရှိခြင်း ၊ အထက်လူကြီး မျက်နှာသာပေးခြင်းများ ရရှိနိုင်သော ကာလ ဖြစ်သည်။ အလုပ်အကိုင်ရှာဖွေနေသူများ အလုပ်အကိုင်ကောင်းများ ရရှိဖို့ အလွန်အခြေအနေပေးသော လ, ဖြစ်မည်။ တောက်လျှောက် ကံညံ့လာသူများ ယခုလတွင် ရုတ်တရက် ကံဇာတာ ပြောင်းလဲတိုးတက်သွားရမည့် လ, ဖြစ်သည်။ နှောင့်နှေးကြန့်ကြာပြီး အခက်အခဲတွေ့နေ ရသောသူများ ချက်ခြင်းကြီးဆိုသလို အဆင်ပြေသွားခြင်းမျိုး ကြုံရဖွယ် ရှိသည်။ နိုင်ငံရပ်ခြားသို့ ထွက်မည့်သူများ လွယ်ကူစွာ ထွက်ခွာခွင့် ရနိုင်ပြီး အလုပ်အကိုင်ကောင်း / အခြေအနေကောင်းများကို ခံစားရရှိနိုင်သည်။ ငယ်ရွယ်သူများအတွက် အချစ်ရေး ကိစ္စများ နှင့် ကျောင်းသူ ကျောင်းသားများ အတွက် ပညာရေး ကိစ္စများပါ ကံကောင်းနေမည်။ အလုပ်ခွင်စာမေးပွဲ ဖြေဆိုသူများ လွယ်ကူချောမောစွာ အောင်မြင်မည်။ ယခုလသည် မဆိုစလောက်သော စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စ ၊ လူတစ်ဦး တစ်ယောက်၏ ဒုက္ခပေး ခံရခြင်းမျိုး ကိစ္စ ကြုံရနိုင်သော်လည်း ပြောပလောက်သော အန္တရာယ် မရှိပါ။ အန္တရာယ် တစ်စုံတစ်ရာ တွေ့ကိန်း ရှိသော်လည်း သင့်အား ကြီးမားသော ဒုက္ခတွေ့ကိန်း မရှိဟုသာ ယူဆပါသည်။ ယခုလသည့် သင့်အတွက် မည်သည့်နည်းနှင့်မဆို ကံအထူးကောင်းမည့် လ, တစ်လ ဖြစ်သည်ဟု ဆိုရပါမည်။
26 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် သင့်အတွက် အပြောင်းအလဲ တစ်စုံတစ်ရာ ရှိနိုင်သည်။ လုပ်ငန်း အပြောင်းအလဲ ၊ နေရာ အပြောင်းအလဲ ၊ အိုးအိမ် အပြောင်းအလဲ များ ကြုံတွေ့နိုင်သည်။ ထိုအပြောင်းအလဲသည် သင် မနှစ်မြို့သော ကိစ္စဖြစ်နိုင်သော်လည်း သင့်အတွက် အန္တရာယ် မရှိနိုင်ပါ။ သင့်အတွက် ထိခိုက်နစ်နာသည် ဟု ထင်ရသော်လည်း ထိုအပြောင်းအလဲသည် နောင်တစ်ချိန်တွင် ကောင်းစားဖို့ ဖြစ်လာတတ်သည်။ နိုင်ငံရပ်ခြားသို့ မျှော်လင့်မထားဘဲ ရုတ်တရက် ထွက်ခွာရတတ်သည်။ ယခုလတွင် သင့်အနေဖြင့် မည်သည့် အပြောင်းအလဲ ကိစ္စမျိုးမှ မကြုံတွေ့လျှင် သင် ဖျားနာကိန်း နှင့် ဆေးရုံတက်ရကိန်းများ ရှိတတ်သည်။ အပြောင်းအလဲ မဖြစ်လျှင် ကျန်းမာရေး ထိခိုက်မည်။ ထို့ကြောင့် ယခုလတွင် ရက် (၂၀)ကျော်သည့်တိုင် အလုပ် ၊ နေရာ အပြောင်းအလဲ မရှိပါက သင့်အနေဖြင့် အိပ်ယာနေရာ ပြောင်းလဲ အိပ်သင့်သည်။ သို့မဟုတ်ပါက ကျန်းမာရေး ထိခိုက်ကိန်း ရှိနိုင်သည်။ ယခုလအတွက် မကောင်းသော အသက်မွေးမှု ၊ ဥပဒေနှင့် မလွတ်ကင်းသော အလုပ်အကိုင်များဖြင့် အသက်မွေးသူများဖြစ်ပါက သင့်အနေဖြင့် တရားဥပဒေဖြင့် ရင်ဆိုင်ရကိန်း ရှိသလို ၊ သင့် လုပ်ငန်းများလည်း ရပ်ဆိုင်း သွားရကိန်း ရှိနိုင်သည်။ သင့်အနေဖြင့် တရားမ၀င်လုပ်ငန်း လုပ်ငန်းများနှင့် ပတ်သက်နေပါက ယခုလတွင် သင့်လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရန် အကြံပေးလိုသည်။ အကယ်၍ တရားဥပဒေဖြင့် ညိစွန်းပါက သင့်အား ကယ်နိုင်သူ ရှိမည်မဟုတ်ပါ။ သင့်အနေဖြင့် “ထောင် ၊ အချုပ်” များနှင့် နီးစပ်လှသည်ကို သတိပေးလိုပါသည်။ ခြုံ၍ ပြောရလျှင် သင့်အနေဖြင့် ယခုလသည် အနေအထိုင် တတ်လွန်းပါမှ ကံဆိုးမှုများမှ ရှောင်ရှားနိုင် လိမ့်မည်။
27 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် 27 ရက်မွေးဖွားသူများအတွက် မိမိ ဘ၀အောင်မြင်တိုးတက်ရေး/ တက်လမ်းအတွက် မိမိချစ်သူခင်သူများ ၊ မိသားစုများ နှင့် ခွဲခွာ ရတတ်သော လ, မျိုး ဖြစ်တတ်သည်။ သင့်ဘ၀ တက်လမ်းအတွက် သင့်အနေဖြင့် စွန့်လွှတ်ခြင်း ၊ အနစ်နာခံခြင်း ၊ ပင်ပန်းဆင်းရဲခံရခြင်းများ ကို လက်မခံချင်သော်လည်း လက်ခံရမည့် အနေအထားမျိုး ကြုံဆိုင်နိုင်သည်။ မွေးရပ်မြေမှ ဝေးကွာသော နေရာများ ၊ နိုင်ငံရပ်ခြားများသို့ စီးပွားရေး အတွက် ထွက်ခွာသွားရတတ်သည်။ စိတ်ထိခိုက် ကြေကွဲစရာ ကိစ္စများ ကြုံရမည်။ သို့သော် သင့်အတွက် ဘ၀သစ်တစ်ခု အစပြုရတော့မည့် လ, လည်းဖြစ်ပြီး မကြာမှီကာလအတွင်း သင့်ဘ၀အခြေအနေများ တိုးတက်ကောင်းမွန် လာတော့မည်ဖြစ်သည်။ ငွေကြေးကိစ္စ ၊ စီးပွားရေး ကိစ္စများ ယခုလမှ စတင် အဆင်ပြေလာနိုင်သည်။ ကိုယ်ပင်ပန်းမှု ၊ စိတ်နွမ်းနယ်မှု ၊ စိတ်လက် မကြည်သာမှုများ ကြုံရသော်လည်း သင့်အတွက် ရှေ့ အလားလာကောင်းများကို တည်ဆောက်နေခြင်းဟု သဘောထားသင့်သည်။ ယခုလ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ သင်သည် တစ်စုံတစ်ခု ရရှိရန် ၊ တစ်စုံတစ်ခုကို စွန့်လွှတ်ရမည်။ အနစ်နာခံရမည်။ ယခုလတွင် စွန့်လွှတ်ခြင်း ၊ အနစ်နာခံခြင်း ၊ ခွဲခွာရခြင်းများ မရှိလျှင် သင့်အတွက် ကံကောင်း တိုးတက်စရာ အခွင့်အလမ်းမရှိ။ သာမန် ထူးမခြားနားသော လ, တစ်လသာလျှင် ဖြစ်သွားမည်။ ထို့ကြောင့် ယခုလတွင် တွေ့ကြုံဖွယ်ရှိသည့် ခွဲခွာခြင်း ၊ စွန့်လွှတ်ခြင်းများသည် သင့်ဘ၀ အနာဂါတ်အတွက် လိုအပ်သော “ပွိုင့်” တစ်ခုသာ ဖြစ်သည်ဟု နားလည်စေလိုပါသည်။ ထို့သို့ မဖြစ်ပေါ် မတွေ့ကြုံလျှင် ယခုလသည် ကံကောင်းစရာ အကြောင်း မရှိသော သာမန် လ, တစ်လမျှသာ ဖြစ်လိမ့်မည်။
28 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် 28 ရက်နေ့တွင် မွေးဖွားသူများအတွက် စိတ်ဆင်းရဲခြင်း ၊ ကိုယ်ဆင်းရဲခြင်း ၊ အနာရောဂါဖြစ်ခြင်း ၊ အမှုအခင်းဖြစ်ခြင်းများ တစ်ခု မဟုတ် တစ်ခု ကြုံရဖွယ် ရှိသော လ, တစ်လ ဖြစ်နိုင်သည်။ ရူးသွားချင်လောက်အောင် စိတ်ညစ်ရတတ်သည်။ အိမ်ထောင်ရှိသူများအတွက် မိမိ အိမ်ထောင်ဘက်၏ ဒုက္ခပေးမှုများကိုလည်း တစ်ခုပြီး တစ်ခု ခံရလိမ့်မည်။ မိမိ၏ ကျန်းမာရေးကလည်း တစ်နေ့ရွှေ ၊ တစ်နေ့ငွေ ဆိုတာ မျိုး ဖြစ်နေတတ်သည်။ ဆေးရုံဆေးခန်းများသို့ တက်ရောက်ကုသ ခံရကိန်း ရှိတတ်သည်။ စိတ်ညစ်သည် ဆိုပြီး အသောက်အစား အပျော်အပါး များကို လိုက်စားခြင်း ၊ လောင်းကစားလုပ်ခြင်းများဘက်သို့ အာရုံလွှဲလိုက်ပါက သင့်ကံကြမ္မာ ပိုဆိုးသွားမည်။ ယခုလတွင် လောင်းကစား လုပ်လျှင် ရှိသမျှ ကုန်သွားတတ်သည်ကို သတိပြုပါ။ ယခုလတွင် ကောင်းသော အချက်တစ်ခုမှာ မိတ်ကောင်းဆွေကောင်းများ ၊ ညီအစ်ကို မောင်နှမများ၏ အကူအညီကို များစွာရရှိမည်။ ယခုလတွင် မိမိ ချစ်သူ (သို့) အိမ်ထောင်ဘက်သည် မိမိရန်သူ ဖြစ်နေတတ်သည်။ မိမိအား စိတ်ဆင်းရဲအောင် နည်းပေါင်းစုံဖြင့် ပြုလုပ်သကဲ့သို့ ရှိနေမည်။ (ရည်ရွယ်ပြီး လုပ်ခြင်းတော့ ဟုတ်ချင်မှ ဟုတ်မည်)။ ယခုလတွင် သင့်အနေဖြင့် အိမ်ထောင်ရေးကို လုံးဝ စိတ်ကုန်ခမ်း သွားတတ်သည်။ အိမ်ထောင်ဘက်နှင့် လမ်းခွဲရန်ပင် ကြံမိတတ်သည်။ ယခုလတွင် မိမိဒုက္ခကြုံရလျှင် မိမိ၏ မိခင် ၊ အစ်ကိုကြီး အစ်မကြီးများ၏ စောင့်ရှောက်မှုကြောင့်သာ ချမ်းသာရာ ရနိုင်သည်။ အနုပညာရှင်များ “ကောင်းသတင်းကြောင့်ဖြစ်စေ” ၊ “မကောင်းသတင်းကြောင့်ဖြစ်စေ” နာမည်ကျော်တတ်သည်။ များသောအားဖြင့် မကောင်းသတင်းဖြင့် နာမည်ကျော်ကိန်း ရှိနိုင်သည်။ မကောင်း သောလုပ်ငန်းများဖြင့် အသက်မွေးသူများ တရားဥပေဒဖြင့် ရင်ဆိုင်ရတတ်သည်။ အပျော်အပါး ၊ ကာမဂုဏ် လိုက်စားမှု အလွန်များသူများ ယခု လ, တွင် ဒုက္ခအကြီးအကျယ်ရောက်ကိန်း ရှိသည်။ အရှက်တကွဲ အကျိုးနည်းဖြစ်ကိန်း ရှိသည်။ ကျော်မကောင်း ကြားမကောင်း ပြဿနာများ ပေါ်ပေါက်တတ်သည်။ ထို့ကြောင့် ယခုလ, သည် 28 နေ့ဖွားများအတွက် သည်းခံစိတ်မွေးခြင်း ၊ အပျော်အပါး လောင်းကစားများ ရှောင်ကျဉ်ခြင်း ၊ ကျန်းမာရေးကို အထူးဂရုစိုက်ခြင်းများ ပြုလုပ်ပါမှ ခံသာမည့် လ, တစ်လဟု ဆိုရပေလိမ့်မည်။
29 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် 29 ရက်နေ့တွင် မွေးဖွားသူများအတွက် မမျှော်လင့်ဘဲ ရုတ်တရက် ကျန်းမာရေး ညံ့သွားခြင်း ၊ ဘေးအန္တရာယ်ကြုံခြင်း ၊ အမှုအခင်း ပြဿနာ ကြုံခြင်းများ တွေ့ရနိုင်သည်။ “သတိတရား” လက်ကိုင်ထားပါ။ လူယုံ သတ်ကိန်း ရှိသည်။ မိမိယုံကြည်စိတ်ချထားသူက သစ္စာဖောက် ခံရခြင်း ကြုံနိုင်သည်။ ငွေကြေး လိမ်လည် ခံရခြင်း မျိုးဖြစ်နိုင်သည်။ သို့မဟုတ် အချစ်ရေး ၊ အိမ်ထောင်ရေးတွင် သစ္စာဖောက်သွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် သင်၏ ပုံမှန် လည်ပတ်နေသော စီးပွားရေး နှင့် အလုပ်အကိုင်ကို ထိခိုက်ခြင်းမျိုးကား မဟုတ်နိုင်။ သမ္မာအာဇီဝ နှင့် အသက်မွေးဝမ်းကျောင်းသူများ (သို့) မိမိအလုပ်ကို ရိုသေစွာ လုပ်ကိုင်သူများအတွက် စီးပွားတက်ကိန်း ၊ အလုပ်ရာထူး တိုးတက်ကိန်းပင် ရှိပါသည်။ ငွေကို အလိမ်ခံရခြင်း (သို့) လူကို အလိမ်ခံရခြင်းမျိုး ဖြစ်နိုင်သည်။ အမျိုးသမီးငယ်များ သတိထားပါ။ စာရိတ္တမကောင်းသော ယောင်္ကျားများ၏ ယုတ်မာမှုကို ခံရ ကိန်း ရှိတတ်သည်။ တရားနည်းလမ်းမကျသော အလုပ်နှင့် အသက်မွေးသူများအတွက်မူ ယခုလအတွက် ကံဇာတာ မကောင်းလှပါ။ ကတုံးပေါ် ထိပ်ကွက် ခံရကိန်း ရှိသည်။ သူအများအပေါ် လူလည်ကျခဲ့သူများ ယခုတစ်ဖန် မိမိပြန်၍ လူလည်ကျခံရမည့် ကိန်းမျိုး ရှိနေသည်။ သတိပြု။ ရိုးသားဖြောင့်မတ်စွာ အသက်မွေးသူများ ၊ သူတစ်ပါးကို အမြဲကူညီလေ့ ရှိသူများအတွက်မူ ယခုလတွင် (ကျန်းမာရေး ကိစ္စမှ လွဲ၍) အညံ့များသည်ဟု မဆိုနိုင်ပါချေ။ ယခုလတွင် အထူးအထူး သတိထားရမည်မှာ သင်၏ “လောဘ” ကို ထိန်းသိမ်းရန်ဖြစ်သည်။ “ပွပေါက်” “အချီကြီး” “သူဌေးဖြစ်” ဆိုသည့် ကိစ္စများဝင်ရောက်လာတတ်ပြီး ယုံမှတ်၍ ပုံအပ်မိပါက သင့်ရှိသမျှ ငွေကြေး၊ ပိုင်ဆိုင်မှုများ ကုန်သွားတတ်သည်။ (အမျိုးသမီးငယ်များ) လူကုန်ကူး ခံရတတ်ပြီး အပျိုစင်ဘ၀ ဆုံးရှုံးသွားတတ်သည်။ မည်သူ့ကိုမျှ မယုံလေနှင့် ။ လောဘကို သတ်နိုင်သမျှ သတ်ပြီး ရိုးသားဖြောင့်မတ်စွာ အသက်မွေးမည်ဆိုလျှင် ယခုလအတွက် အညံ့/အဆိုးများမှ ရှောင်ကွင်း နိုင်ပါလိမ့်မည်။
30 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် သင့်အတွက် ကြီးမားသော လာဘ်လာဘများ ၊ ငွေစုငွေပုံများ ၀င်ကိန်း ရှိပါသည်။ သို့သော် သတိရှိပါ။ သန့်ရှင်းသော ငွေဖြစ်လျှင် ကား အကြောင်းမဟုတ်ပါ။ လာဘ်လာဘငွေ ဖြစ်ပါက စားကောင်းသောက်ဖွယ်ထဲတွင် “အဆိပ်” ပါသကဲ့သို့ ဖြစ်တတ်သည်။ ယခုလတွင် မသန့်ရှင်းသောငွေ ၊ မတရားသဖြင့် ရသောငွေများသည် “အဆိပ်” ပါသော စားသောက်ဖွယ်များသာ ဖြစ်လိမ့်မည်။ နောက်ဆက်တွဲ အမှုအခင်း ပြဿနာများ ရင်ဆိုင်ရတတ်သည်။ အချို့သော သူများအတွက် ယခုလတွင် ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်သော အမှုအခင်းများ အနိုင်ရရှိတတ်သည်။ သို့အတွက် ရရှိလာသော ပိုင်ဆိုင်မှုငွေကြေးမှာမူ (မိမိ၏ ရပိုင်ခွင့်ဖြစ်သောကြောင့်) သန့်ရှင်းသော ငွေဟု ခေါ်နိုင်သည်။ ထီပေါက်ကိန်း ၊ အမွေရ ကိန်းများလည်း ရှိတတ်သည်။ ထိုငွေများသည်လည်း ဒုက္ခမပေးနိုင်ပါ။ ယခုလတွင် သင့်အတွက် ငွေကြေးဥစ္စာ မ၀င်ခဲ့လျှင်သော်မှ ဘ၀အတွက် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာခြင်း ၊ ဘ၀အခြေအနေ မြင့်မားလာခြင်း ၊ ရာထူးဂုဏ်ထူးများ ရရှိခြင်းများ တစ်ခုမဟုတ် တစ်ခုဖြစ်နိုင်ချေ ရှိပါသည်။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းမည်။ ကျောင်းသူကျောင်းသားများ ပညာရေးကံ မြင့်မားနေမည်။ ရာထူးတက်ရန် ရှိသူများ ရာထူးတက်ရပေလိမ့်မည်။ ယခုလအတွက် သင်သည် ငွေကြေး ၊ အချစ် ၊ ရာထူး ၊ ကျော်ကြားမှု တစ်ခုမဟုတ် တစ်ခု ရနိုင်ပေသည်။ အနုပညာရှင်များ အလွန်စန်းပွင့် နာမည်ကြီးတတ်သော အချိန်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရလျှင် ယခုလသည် ကောင်းသော အသက်မွေးမှု ရှိသူများအတွက် ကံထူး ကံကောင်းနိုင်မည့် လ, တစ်လဖြစ်ပေသည်။ မတရားသဖြင့် ရယူရမည့် လာဘ်လာဘမျိုးကိုသာ ရှောင်ကျဉ်ပါ။ ယခုလ တွင် သင်အမှန် ကံကောင်းပါလိမ့်မည်။
31 ရက်နေ့ မွေးဖွားသူများ
ယခုလတွင် ယခုနှစ်တစ်နှစ်လုံးအတွက် အတိုးတက်၊ အအောင်မြင်ဆုံး အချိန်ကာလ တစ်ခုဖြစ်နိုင်သည်။ သို့သော် အကောင်း/အဆိုး ဒွန်တွဲနေမည်။ အောင်မြင်ခြင်း ၊ ကျော်ကြားခြင်း ၊ အလုပ်စီးပွားတိုးတက်ခြင်း နှင့် အတူ ဘေးအန္တရာယ်များလည်း ရှိနေသည်။ မလိုသူတို့၏ လုပ်ကြံတိုက်ခိုက်မှုများကို ခံရဖွယ် ရှိသည်။ အထူးသဖြင့် နိုင်ငံရေး ခေါင်းဆောင်များ နှင့် အနုပညာရှင်များ အထူးသတိထားရမည်။ မိမိ အောင်မြင်ကျော်ကြားချိန်တွင် အချိန်ကိုက် “ဒေါက်ဖြုတ်” ချမည့် အုပ်စုများ ရှိနေတတ်သည်။ ယခုလတွင် အောင်မြင်ကျော်ကြားမှု ၊ ငွေကြေး ဓနဥစ္စာ ၊ တန်ခိုး အရှိန်အ၀ါ အားလုံး ပြည့်စုံလေလေ သတိတရား ကြီးစွာ ထားရမည့် လ, မျိုးဖြစ်သည်။ (အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရသော အချိန်က ကိန်းမျိုးဖြစ်နေသည် ၊ အထွဋ် အထိပ်ရောက်ချိန်တွင် လုပ်ကြံခံရခြင်းမျိုးဖြစ်သည်)။ သို့သော် သင့်အတွက် အသက်အန္တရာယ် ရှိသည်ဟုကား မဆိုလိုပါ။ လုပ်ကြံဂျောက်တွန်း ခံရခြင်းမျိုး ဖြစ်တတ်သည်။ သို့သော် သတိကြီးစွာထားရမည်။ သင်သည် သာမန် ပုဂ္ဂိုလ်မဟုတ်ဘဲ ဓနဥစ္စာ ၊ သြဇာအာဏာ ၊ ထင်ပေါ်ကျော်ကြားမှု များကို များများပိုင်ဆိုင်သူဖြစ်လေ ၊ ယခုလတွင် အန္တရာယ် ကြီးလေဖြစ်သည် ဟု မှတ်ယူရမည်။ သာမန် လူလတ်တန်းစားဖြစ်လျှင်မူကား အထက်ပါ ကိန်းမျိုး မရှိနိုင်ပါချေ။ ယခုလသည် “အမြင့်တွင်နေသူများ” အတွက်သာ နာမည်ကြီးခြင်း နှင့် အန္တရာယ်များခြင်းများကို ကြုံတွေ့နိုင်ပြီး ၊ “အနိမ့်တွင်နေသူများ” အတွက်မူ ထူးထူးခြားခြားလည်း နာမည်မကြီးနိုင် ၊ ဘေးဥပဒ်လည်း မကြုံနိုင်သော သာမန် လ, တစ်လသာ ဖြစ်ပါလိမ့်မည်။ သြဇာဂုဏ်ရှိန် ကြီးမားသူများအတွက်လည်း ဤမွေးနေ့တိုင်း အားလုံး ဖြစ်ရမည်ဟု ပုံသေမပြောပါ။ မည်သည့်လတွင် မွေးသည် ၊ ဘာနေ့သားသမီးဖြစ်သည် ၊ မြန်မာ့ဗေဒင်အရ မည်သည့် သက္ခတ်တွင်ရောက်နေသည် . . . စသော အချက်များပေါ်တွင်လည်း မူတည်ပါသေးသည်။ သို့သော် အားလုံးသော 31 ရက်ဖွားများအတွက် သတိတရား လက်ကိုင်ထားလျှင် မမှားနိုင်ပါချေ။
.
သြဂုတ်လအတွက် အင်္ဂလိပ်ရက် (1)ရက်နေ့မှ (31)ရက်နေ့အတွင်း ဖွားမြင်ကြသူများအားလုံးအတွက် “သင်္ချာဗေဒ” ဟောကိန်းများ ဤတွင် ပြီးပါပြီ။ (မှန်တာ မမှန်တာတော့ မသိဘူး။ (၃)ရက်လုံးလုံး တွက်လိုက် ရေးလိုက်ရတာတော့ ပင်ပန်းလိုက်တာဗျာ တကယ်ပါဘဲ။ ဟူး . . . . !
.
မွေးဂဏန်း ပိုင်ရှင်အားလုံး ကျန်းမာချမ်းသာ ဘေးရန် ကင်းကွာကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ ဗေဒသုခုမ)







ဆရာရှင့်
ဆရာဟောထားတဲ့အတိုင်းကြည့်ပြီးလကုန်တာနဲ့ဆရာ့ဆီပို့
လိုက်ပါမယ်။ ဆရာစေတနာထားဟောကြားပေးနေတာတွေအတွက်လေး
စားပါတယ်ဆရာ။
အရမ်းကိုကောင်းတဲ့အစီအစဉ်လေးပါဆရာ။
8 ဂဏန်းသမားပါ ။ စောင့်ကြည့်ပီး ပြန်ရေးပေးပါ့မယ် ဆရာ
ကျေးဇူးဘဲ။ (၇)ရက် သားသမီး အဟောနဲ့ပါ တိုက်ကြည့်ဦးနော်။ အကောင်းအဆိုး မျှယူသင့်တယ်။
Thanks a lot , Sayar. I’ll feedback after end of August.
သူငယ်ချင်းတွေ လည်း ပြောပြလိုက်ပါတယ်။
ကျေးဇူး အရမ်းတင်ပါတယ် ဆရာ 14 ရက်နေ့ ဖွားဆိုတာ ရှောင်သင့်တာ ရှောင်ရတော့မှာ ပေါ့နော် ဆရာပြောတာ ဘယ်လောက်မှန်လဲဆိုရင် သမီးအခုတောင်ဖျားချင်နေပြီ… ကျေးဇူးပါနော်ဆရာ …
လေးစားစွာဖြင့်
ဆရာ ကျွန်မလည်း ဒီလကုန်အထိ စောင့်ကြည့်လိုက်ပါ့မယ်..အဆိုးအကောင်း သိရင် ပြောပါမယ်..ကျေးဇူးတင်ပါတယ်ဆရာ
ကျေးဇူးတင်ပါတယ်ဆရာ
ဆရာ့ပညာက်ုလေးစားမိပါ တယ် ။ ခုထိတော့ တိုက်ဆိုင်နေပါတယ်ဆရာ ။
ကျွန်တော် 23 ပါ ဆရာ….မှန်လိုက်လေဗျာ..အခုတောင် တုပ်ကွေးဝင်လို့ ဖျားနေရင်း ဆရာ့စာဝင်ဖတ်တာ……။
ကျေးဇူးပါပဲ ဆရာ ..။
ကျွန်မက ၂၀ရက်မွေးသူပါ။ ဟိုတစ်နေ့ကတည်းက ၂၀ရက်နေ့ တွေ မကောင်းဖူးလို့ဖတ်မိပါတယ်. မနေ့ညက တစ်အိမ်ထဲအတူနေ တဲ့ ယောက္ခမကြီး အကောင်းကြီးကနေ ရုတ်တရက် ဆုံးသွားပါတယ်။ ယောကျာင်္းက ပင်လယ်ထဲမှာ အမှုထမ်းနေပါတယ်။ နယ်ကနေ ပြောင်းလာပြိး ရန်ကုန်မှာ သမီးယောက္ခမ နှစ်ယောက်ထဲ နေရတာမို့ အတော်အားငယ်မိပါတယ်။ အခု ယောကျာင်္းဖြစ်သူဆီ အကြောင်းလာကြားရင်းနဲ့ ဆရာ့ဟောချက်မှန်ကြောင်း ၀င်ရေးလိုက်တာပါ။
၂၅ ရက်မွေးသူများထဲမှာ
” ယခုလသည် မဆိုစလောက်သော စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စ ၊ လူတစ်ဦး တစ်ယောက်၏ ဒုက္ခပေး ခံရခြင်းမျိုး ကိစ္စ ကြုံရနိုင်သော်လည်း ပြောပလောက်သော အန္တရာယ် မရှိပါ။ ”
ဝင်ဖတ်လိုက်တာနဲ့ ထူးထူးခြားခြား လက်ရှိအခြေအနေအရ အထက်ကစာကြောင်းနဲ့ တိုက်ဆိုင်နေတာမို့ ၀င်ရေးလိုက်တာပါဆရာ။ လအကုန်မှာ ပြန်ဖတ်ပြီး ပြန်လည်တိုက်ဆိုင်စစ်ဆေးကြည့်ပါဦးမယ်။ ဟောထားတဲ့အတိုင်း ကံကောင်းလာမယ်ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲ။
ကျေးဇူးတင်ပါတယ်ဆရာ။
ဆရာရှင့်။ ဝေဖန်အကြံပေးတာမဟုတ်ပါ။ တွေးမိတာလေး ပြောပါရစေ။ ဆရာ့အစီအစဉ် ၁ကနေ ၃၁ထိ ဟောတဲ့အဟောဟာ ဥာဏအင်အား စိုက်ထုတ်ရမှု များတယ်လို့ ထင်မိပါတယ်။ ပြီးတော့ ဗေဒင်တွေဟာ တစ်လစာ တစ်ပတ်စာ စသဖြင့်ဟောကြရာမှာ လူတစ်ယောက်အတွက် တစ်လအတွင်း တစ်ပတ်အတွင်း သိသိသာသာပြောင်းလဲသွားရမှု နည်းလွန်းပါတယ်။ အပြောင်းအလဲကောင်းကိုကြုံရမည်တို့ အဲဒီဟောချက်မျိုးတွေကို ဆိုလိုတာပါ။ ဘယ်ဗေဒင်ဖတ်လိုက်ဖတ်လိုက် အဲဒါမျိုးကများပါတယ်။ တကယ်တမ်းလက်တွေ့မှာ ဘ၀မှာ တစ်ခုခုဖြစ်လာဖို့ဆိုတာ ဒီလောက်အချိန်တိုအတွင်းမှာ မဖြစ်နိုင်ပါဘူး။ ဆရာရေ ဆရာအပင်ပန်းခံရပုံမျိုးနဲ့ဆိုရင် ၁ကနေ ၃၁ထိ တိတိကျကျဟောတဲ့အဟောကို တစ်လစာအစား တစ်နှစ်စာ ဟောရင်ပိုသင့်တော်မလားလို့ တွေးမိတာပါ။ အမှားပါရင် ခွင့်လွှတ်ပါဆရာ။
Thanks, sayar…. Will comment end of this month, but hope bad prediction will not be happen to me:)
ကျေးဖူးပါ ဆရာ…ဒီအချက်တွေ အားလု့းမှန်နေတယ်….
လူယုံ သတ်ကိန်း ရှိသည်။ မိမိယုံကြည်စိတ်ချထားသူက သစ္စာဖောက် ခံရခြင်း ကြုံနိုင်သည်။ ငွေကြေး လိမ်လည် ခံရခြင်း မျိုးဖြစ်နိုင်သည်။ သို့မဟုတ် အချစ်ရေး ၊ အိမ်ထောင်ရေးတွင် သစ္စာဖောက်သွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် သင်၏ ပုံမှန် လည်ပတ်နေသော စီးပွားရေး နှင့် အလုပ်အကိုင်ကို ထိခိုက်ခြင်းမျိုးကား မဟုတ်နိုင်။ ငွကို အလိမ်ခံရခြင်း (သို့) လူကို အလိမ်ခံရခြင်းမျိုး ဖြစ်နိုင်သည်။ အမျိုးသမီးငယ်များ သတိထားပါ။ စာရိတ္တမကောင်းသော ယောင်္ကျားများ၏ ယုတ်မာမှုကို ခံရ ကိန်း ရှိတတ်သည်။
မ၀င်းဝင်း သို့
ဉာဏအင်အား စိုက်ထုတ်ရတာ များချက်ကတော့ နောက်လတွေ ဆက်ရေးဖို့ကို လက်တွန့်နေတယ်လို့ ၀န်ခံပါတယ်။ လ, တစ်လမှာ လူတိုင်းလူတိုင်း အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ မ၀င်းဝင်း သုံးသပ်တာ အလွန်မှန် ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဂဏန်းဖွားတစ်ခုကို တွက်လိုက်တာနဲ့ ဒီလ ကံကောင်းမယ်/ကံညံ့မယ် ဆိုတာ ချက်ခြင်းပြောနိုင်ပေမယ့် “ဘာတွေကောင်းမှာလဲ ၊ ဘာတွေညံ့မှာလဲ” ဆိုတာ လူတိုင်းနဲ့ ဘောင်ဝင်အောင် ဘုံထုတ်(ညှိယူ)တဲ့နေရာမှာတော့ အင်မတန် ခေါင်းစားရပါတယ်။ အဲဒီနေရာမှာ ခေါင်းပူနေအောင် အလုပ်လုပ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ညံ့ပုံခြင်း မတူနိုင်ကြဘူးလေ။ တစ်ချို့ ဖျားမယ်။ တစ်ချို့ အလုပ်ခွင်မှာ ပြဿနာ တက်မယ်။ တစ်ချို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်မယ်။ တစ်ချို့အရမ်းညံ့ပေမယ့် တစ်ချို့က မသိမသာလေးလောက်ဘဲ ညံ့တာမျိုးလောက်ဘဲ ပြီးသွားပါတယ်။ ဘာမှ အညံ့/အကောင်းမရှိသူတွေလည်း အများကြီး ပါလိမ့်မယ်။
ဒါကြောင့် နောက်လတွေမှာ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုလောက် (ဥပမာ- ဒီလ စိတ်ညစ်ရမှုများမယ် ၊ ဒီလ ပျော်ရွှင်ရမှုများမယ် . . . ဒီလောက်ပေါ့။ ဒီ စိတ်ခံစားမှုကတော့ လူတိုင်း ရှိနေမှာပါ) ဒီလောက်ဘဲ ပေါ့ပေါ့ပါးပါး ရေးမယ်လို့တော့ စိတ်ကူးထားတယ်။ တနှစ်စာအတွက်ကတော့ 2011 အတွက် ဆိုရင် အခုတောင် (8)လပိုင်းဖြစ်နေတော့ တော်တော်ပြန်စောင့်ရပါမယ်။ ဒီကြားထဲ (အပျင်းပြေသဘောဘဲဖြစ်ဖြစ်) ပေါ့ပေါ့ပါးပါးလေးတော့ တင်ပေးမယ် စိတ်ကူးထားပါတယ်။ အသေးစိတ်ကတော့ လူတိုင်းလည်း မဖြစ်နိုင်/လူတိုင်းလည်း မတူနိုင်လို့ နောက်လတွေမှာ အကျဉ်းချုပ်လောက်ဘဲ တင်ပေးသွားပါမယ်။
ကျေးဇူးအများကြီးတင်ပါတယ်ဆရာ
အတော်တော်တယ်ဗျာ .. ၁၁ ရက်ဖွားကျွန်တော်ကတော့ ပျင်းလျက်ပါပဲဗျ.. အဲ.. ကား အက်စီးဒင့်လည်းဖြစ်သွားတယ်ဗျ..
ဆရာ ခင်ဗျာ
ကျွန်တော် က စင်ကာပူနိုင်ငံမှာ အလုပ် လုပ် နေသူ ဖြစ် ပါတယ်.. ကျွုန်တော် ဒီနိုင်ငံ ရဲ့ အမြဲ နေထိုင် ခွင့် ကို လျှောက်တာ ၄ ကြိမ် ရှိ နေပါ ပြီ .. လျှောက်တိုင် မအောင် မြင် ဖြစ် နေတာ..ကျွန် တော် ဇာတာ နဲ့ ဒီနိုင်ငံ နဲ့ မ ကိုက် လို့ များ လား သိ ချင် လို့ပါ ဆရာ .. ကျွန် တော် မွေး နေ့ က ၁၁-၅-၈၀ ပါ.. ကျေ ဇူး တင် ပါ တယ် ဆရာ.
ဆရာ့ပညာက်ုလေးစားမိပါ တယ် ။ ခုထိတော့ တိုက်ဆိုင်နေပါတယ်ဆရာ ။
၂၄ရက် တနလ်ာပါ။ နာမည်နောက်ပိတ်က ကံကောင်းတဲ့ အထဲပါပါတယ်။ အခုထက်ထိကတော့ ဂဏန်းဗေဒင်က အကုန်နီးပါး မှန်သလောက်ရှိပေမယ့် ရက်ဖွားကတော့ တစ်ခုမှ မတိုက်ဆိုင်သေးဘူးဆရာ။ လပေးရထားလက်မှတ် ကျပျောက်တာ အင့်ခနဲနေသွားတာပဲ။ အလုပ်လည်း သူများ အနိုင်ကျင့်ပြီး လုသွားတာခံရတယ်။ တစ်ပတ်မှ၇နာရီပဲလုပ်တဲ့ နောက်အလုပ်တစ်ခုလည်း ဆိုင်ခွဲမီးလောင်လို့ ပြုတ်။ ဘာမှမကျန်ဘူးဆရာရေ့။ ဘာလုပ်ရမှန်းကို မသိတာ။ ခုတော့
ဆရာပြောသလို ပြန်ဖိုက်ကြည့်မယ်။ အဟောတွေအပြင် လုပ်သင့်တာကို လမ်းညွှန်ပေးတာက ကျေးဇူးအများဆုံးပါ။ ကျေးဇူးအထူးတင်ပါတယ်ရှင်။ လကုန်ရင် ထပ်ရေးပါဦးမယ်နော်။
ဆရာရေ
ကျွန်မက တနင်္ဂနွေသမီး၊ ၁၂ ရက်ဖွားပါ
ကျွန်မအတွက်တော့ နေ့အလိုက် ဟောကိန်းက မှန်တာပိုပါတယ်
ကျေးဇူးတင်ပါတယ်
22 သမားအတွက်ပညာရေးအဟောတော့မပါဘူးနော်…
13၇က်နေ့ဖွားပါဆရာ…
(ခြံငုံ ပြောရလျှင် ယခုလသည် အလွန့်အလွန် ကံကောင်းနိုင်သော လ, တစ်လ ဖြစ်သည်ဟုသာ ဆိုရပေတော့မည်။)
အပြုသဘောအနေနဲ့အကြံပြုတာပါ။ကျမနဲ့မတိုက်ဆိုင်ဖူးဆရာ။
သမီးက 25ရက်နေ့ ဖွားဆိုတော့ဆရာရေးတာကိုဖတ်ရပြီး အဆင်မပြေတာတွေကြားထဲကအားတက်သွားပါတယ် လကုန်မှမှန်မမှန်တိုက်ကြည့်လိုက်ဦးမယ်ဆရာရေ ဆရာအပင်ပန်းခံပြီးရေးတာကိုဖတ်လိုက်ရလို့လည်း ဆရာ့ကိုကျေးဇူးတင်လျက်ပါ ဆရာအမြဲကိုယ်ကျန်းမာစိတ်ချမ်းသာပါစေ
ဆရာ့တပည့်
(ဖြူဖြူခိုင်)
၃၀ ရက် မွေးသူပါ။ မှန်တယ်ဗျာ။ ဒီလ bonus ရမယ်။
တော်လိုက်တဲ့ဆရာ။
ကျွှန်တော်က ၂၂ ရက်မွေးတဲ့သူပါ။ ဒီနေ့ ၂၆ရက်ရှိပါပြီ။ လကုန်ဖို့တော့နဲနဲလိုပါသေးတယ်။ မတိုက်ဆိုင်တာလေးတွေရေးပါရစေ ။
အချစ်ရေး ကခုထိတော့ပြန်ကောင်းမလာသေးပါဘူး ဆိုးနေတုန်းပါပဲ။ လကုန်ထိတော့စောင့်ကြည် ရပါဦးမယ် ။ ဒီတလလုံး အလွန်စိတ်ညစ်ညု:ရမယ်ဆိုတာကတော့ မှန်ပါတယ်ဆရာ။ လေးစားစွာဖြင့်။
ဆရာခင်ဗျား ကျွန်တော်က၀န်ထမ်းတစ်ဦးပါ ကျွန်တော်အခုလုပ်နေတဲ့အလုပ်မှာမြဲနိုင်ပါသလားခင်ဗျား
ဆရာ နေ့ ဖွားရော ဂဏာန်း ဖွား အဟော ပါ အရမ်းတိုက်ဆိုင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။ စက်တင်ဘာလ အဟောကို စောင့်မျှော် နေပါတယ်။
for 29 day born (1)မမျှော်လင့်ဘဲ ရုတ်တရက် ကျန်းမာရေး ညံ့သွားခြင်း ၊ ဘေးအန္တရာယ်ကြုံခြင်း ၊(2)မိမိယုံကြည်စိတ်ချထားသူက သစ္စာဖောက် ခံရခြင်း ကြုံနိုင်သည်။(3)“ပွပေါက်” “အချီကြီး” “သူဌေးဖြစ်” ဆိုသည့် ကိစ္စများဝင်ရောက်လာတတ်ပြီး ယုံမှတ်၍ ပုံအပ်မိပါက သင့်ရှိသမျှ ငွေကြေး၊ ပိုင်ဆိုင်မှုများ ကုန်သွားတတ်သည် these three facts are true for me
ကွန်းမန့်ဝင်ရေး ပေးသူအားလုံးကို ကျေးဇူးအထူးတင်လျှက်ပါ။ (၁၁)ရက်ဖွား ကျွန်တော်လည်း အတော်လေး မှန်ပါသည်။ ဒီလထဲမှာ နယ်ကို (၂)ရက်(၃)ရက်လောက် ဆိုပြီး ခရီးထွက်လိုက်တာ (၂)ပါတ်လောက်ကြာသွားလို့ အပြန်မှာ အလုပ်တွေ တောင်လို ပုံနေပြီး ဖင်မနိုင်ခေါင်းမနိုင်နဲ့ အတော်လေး ဒုက္ခများ နေပါသည်။ ပြီးတော့ ခြေခေါက်လဲလို့ ခြေဖမိုးပေါ်မှာ ဒဏ်ရာရာသွားပါသေးတယ်။ ကျေးဇူးတင်ပါသည်။
Hi Sayar,
I was born on 8th,Dec,1985. But honestly, my luck was not that bad in this August as you mentioned. I cannot say good but it’s just the ordinary month for me. I just commented for your research purpose, no other intention. Thanks.
ဆရာ
ကျမက အင်္ဂါ၊ ၂၅-ရက် နေ့  သမားပါ။
တခြား အချက်တွေတော့ ဘာမှ ထူးတာ မတွေ့ ရပဲ။
ဂဲဏန်းဗေဒင်က – လူသိများမယ် နှင့် ပြောပြလောက်တဲ့ အန္တရာယ် မရှိတာတော့ မှန်ပါတယ်။
နေ့ အဟောက – ပိုက်ဆံ ဝင်ငွေကောင်းတယ် ဆိုရလောက်ရုံ ပါပဲ။ နောက် တစ်ခုက အန္တရယ်မဖြစ်နိုင်တာတော့ မှန်ပါတယ်။
အလုပ်ပြောင်းခြင်ပေမယ့် အဲဒါတော့ ဘာမှ မထူးခြားပါ။
ဝင်သမျှငွေ အဖတ်မတင်ဘူး ဆိုတာနဲ့  မှားသွားတယ်ဆရာ။ အဲဒါလဲ မှန်တယ်
ဆရာ။ ကျွန်မက ၁၉၇၁ ခု၊ဒီဇင်ဘာ(၈)ရက်ဖွားပါ။ ကျွန်မအတွက်ကတော့ သာမန်လတစ်လပါပဲ။ အထွေအထူး ဘာမှမကြုံရပါဘူး။ လေးစားလျက်
how about september?
အရမ်း မှန်ပါတယ်ဆရာ စက်တင်ဘာလ အတွက်လည်း ပို.ပေးပါ ဆရာ
ကျွန်တော်က 30-1-1977 ရက်ဖွားပါ။ င်္ကျန်တော့်အတွက်တော့မှားပါတယ်
ဆရာရှင့်..သြဂတ်စ်လအတွက်ဟောကိန်းက ကျွန်မအတွက် စိတ်အလွန်ရူပ်ထွေးရသော လ ဖြစ်နေရတာ မှန်ပါတယ်ဆရာ..
ကျွန်တော့်အတွက်တော့ တော်တော်လေးမှန်ပါတယ်ဗျာ…
မှန်ပါတယ်ဆရာ….
အားလုံးနီးပါးပါပဲ
(ထို့ကြောင့် ယခုလတွင် သင့်အနေဖြင့် မိမိကိုးကွယ်ရာ ဘာသာတရားအလိုက် ဘာသာတရားကိုသာ ပြင်းပြင်းထန်ထန် လုပ်ပါ။ အဘယ့်ကြောင့်ဆိုသော် သင့်ဘက်က ရပ်တည်ပေးမည့် ကံတရားလည်း ရှိနေသောကြောင့် ဖြစ်လေသည်။ သင့် အခက်အခဲကို ကူညီနိုင်မည့် ပုဂ္ဂိုလ်ထူး ပေါ်လာတတ်သည်။ သူတော်ကောင်း နတ်ကောင်းမ, သည့် ကိန်းမျိုး ရှိသောကြောင့် နောက်ဆုံးတွင် အခက်အခဲ ပြဿနာ ကြုံသည့်တိုင်အောင် လွတ်မြောက်သွားနိုင်ပါသည်။ ဘာသာတရားကို များများလုပ်ခြင်းဖြင့် နတ်ဒေ၀တာများ၏ စောင့်ရှောက်ခံရမှုကို ရရှိနိုင်ပါသည်။ ထို့ကြောင့် ယခု လ, သည် ခြုံငုံပြောရလျှင် သင့်အတွက် ကံမကောင်းမှု ၊ အကျဉ်းအကြပ် ၊ ဘေးဒုက္ခ ကြုံနိုင်သော်လည်း ကြံဖန်ပြီး လွတ်မြောက်နိုင်သော ကိန်းရှိသော လ, ဖြစ်သည်ဟု ဆိုရပေမည်။) 90% true. Wonderful ! for my hubby who was born on 27th and my son on 14th were also found out 90% and 80% true. Thank you saya.
ဒီတွက်ကိန်းလေးအတွက် မှန်သည်ဖြစ်စေ/မှားသည်ဖြစ်စေ ၀င်ရောက် ရေးပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကိုယ်မျှော် မှန်းထားသလောက် ၀င်ရေးကြတာမတွေ့ရလို့ နဲနဲတော့ စိတ်ပျက် မိတယ်။ ထားပါတော့လေ။ ဒါပေမယ့် တောင်းပန်ချင်တာ တစ်ခုက ဒီလ(စက်တင်ဘာလ)အတွက် (၇)ရက်သားသမီးဟောကိန်း ရော ၊ သင်္ချာဗေဒ ဟောကိန်းပါ တင်မပေးနိုင်လောက်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သြဂုတ်လထဲက နယ်ကို ခရီးထွက်လိုက်တာ မမျှော်လင့်ဘဲ (၁၅)ရက်လောက်ကြာသွား တယ်။ အခုပြန်ရောက်တော့ အလုပ်အကြွေးတွေ တောင်ပုံရာပုံ ဖြစ်နေလို့ မနည်းရှင်းနေရပါတယ်။ ကိုယ့်ဆိုဒ်ကိုတောင်မှ (၃) (၄)ရက်နေမှာ တစ်ခါလောက် ကြည့်ဖြစ်တယ်။ အလုပ်အကြွေး တွေပိနေလို့ ယခုလအတွက် ဟောကိန်းများမတင်ဆက်နိုင်တာ သည်းခံခွင့်လွှတ်ပေးကြပါခင်ဗျား။
ခွင့်လွှတ်ပါတယ်ဗျာ။
16 ရက်နေ့ မွေးဖွားသူ ဖြစ်ပါတယ်။ အတော်မှန်ပါတယ်။ ပြဿနာ ဖြစ်လာခဲ့ပေမဲ့ မပြောပလောက်ပါ။ ကိုယ်က အသာစီးရလာပါတယ်။ ပညာရေး၊ ငွေရေးကြေးရေး ကောင်းပါတယ်။ စာမေးပွဲကြီးကို ဖြေတော့ နည်းနည်း ချော်သွားတော့ အမှတ်ကတော့ ထင်ထားသလောက် ဖြစ်မလာပါ။
ခြုံပြောရရင် အခု သြဂုတ်လဟာ ကောင်းတဲ့လတွေထဲက တစ်လဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တွေ ကြုံရ၊ မိတ်သစ်ဆွေသစ်တွေ တွေ့ရ၊ အတွေးအခေါ်တွေ ပွင့်လန်းတဲ့ ကာလတစ်ခုပါ။
ဆရာ သြဂုတ် 24 ရက်မွေးဖွားသူ အတွက်ဖတ်သွားတယ် ။ အကုန်လုံးတိုက်ဆိုင်တာမဟုတ်ပေမယ့် တော်တော်လေးတော့ မှန်ပါတယ် ။
အားပေးလျှက်
My birthday is 4.9.1981
အင်းဘာမှတော့မမှန်ပါဘူး ဒါပေမဲ့ကောင်းပါတယ်စိတ်ထားလေးက အဲ့ဒါတော့တစ်ကယ်ချီးကျူးချင်တာပါ
ွှအရမ်းကိုမှန်ပါတယ်ဆရာ….
စက်တင်ဘာလကတော့ဆရာမဟောထားဘူးနော်…
အောက်တိုဘာလအတွက် နေ့ဖွားအဟောကိုဆရာအဆင်ပြေရင်တင်ပေးပါဆရာ…
တကယ်မှန်ပါတယ်..ကျမအတွက်တင်မကဘူး…
ကျမသူငယ်ချင်းတွေအတွက်ပါမှန်တာပါ….
ဆရာရေကျွှန်တော်ကတော့ (9.9.1988)သောကြာနေ့ (11:55)နာရီမှာမွေးပါတယ်