.

တနင်္ဂနွေသားသမီးများ

ယခုလအတွက် တနင်္ဂနွေသားသမီးများ ကံဇာတာ ညံ့ဖွယ်ရှိတယ်။ ကျန်းမာရေး ဂရုစိုက်ရမယ်။ အဖျားအနာ ရှိတတ်တယ်။ နာမည်ပျက်ကိန်း ဂုဏ်သိက္ခာ ကျဆင်းကိန်း ရှိတတ်တယ်။ ပြည်တွင်းခရီး ၊ နိုင်ငံခြား ခရီးတွေ ထွက်ဖို့ ရှိပေမယ့် ခရီးစဉ် အဆင်မပြေတတ်ပါ။ နိုင်ငံရပ်ခြား သွားမည့်သူများ ရေခြားမြေခြားရောက်မှ မကျန်းမာခြင်း ၊ အလုပ်အကိုင်အဆင်မပြေခြင်း ၊ မတော်တဆ ထိခိုက်ခြင်းများ ရှိနိုင်တယ်။ အင်္ဂါနံ ပစ္စည်း ၀င်ကိန်း ရှိတယ်။ ကွဲကွာနေတဲ့ ညီအစ်ကို မောင်နှမ များ ပြန်လည်ဆုံတွေ့နိုင်တယ်။ ကိုယ်လိုချင်နေတဲ့ စက်ပစ္စည်း ၊ အီလက်ထရောနစ်ပစ္စည်း ၊ ကွန်ပျူတာဆိုင်ရာ ပစ္စည်း တစ်ခုခု ၀ယ်ဖြစ်လိမ့်မယ်။ အကြီးအကဲ ၊ အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ကိစ္စများ အောင်မြင်ကိန်း ရှိတယ်။ အထက်လူကြီး ၊ အကြီးအကဲရဲ့ မျက်နှာသာပေးမှု ၊ အခွင့်အရေးပေးမှု ရနိုင်တယ်။ အချို့သော တနင်္ဂနွေ သားသမီးများမှာ လိင်ကိစ္စ အရှုတ်အထွေးများ ပေါ်ပေါက်ကိန်း ရှိတတ်တယ်။ ဒီလထဲမှာ အိုးအိမ် ၊ အဆောက်အဦးနဲ့ ပတ်သက်တဲ့ ကိစ္စများ ကံမကောင်းနိုင်ပါ။ အသက်ကြီးသူ ဖခင်ရှိပါက ကျန်းမာရေး ဂရုစိုက်ခိုင်းပါ။ မမာမကျန်းဖြစ်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရသူများ ၊ တိုင်စာ အပစ်ခံထားရသူများ ဒီလထဲမှာ အလုပ်ပြုတ်ကိန်း ရှိတယ်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ ကံမကောင်းနိုင်ပါ။ မိမိ ချစ်သူနဲ့ စကားများ ၊ ရန်ဖြစ်ရကိန်း ရှိတယ်။

နာမည်မှာ တနင်္ဂနွေနံ စ, ပြီး တနင်္ဂနွေနံ ၊ တနင်္လာနံ ၊ သောကြာနံ များနှင့် “ပိတ်” ထားသူများ ဒီလထဲမှာ အညံ့များနိုင်တယ်။ အထူးဂရုစိုက်ပါ။

ယတြာကတော့ – အုန်းသီးတစ်လုံးပေါ်မှာ ထုံးနဲ့ “သုည” တစ်လုံး ရေးဆွဲလိုက်ပြီး အုန်းသီးကို ရေမှာ မျှောလိုက်ပါ။

.

တနင်္လာ သားသမီးများ

တနင်္လာ သားသမီးများအတွက် ယခုလဟာ ကံကြမ္မာ အကောင်းများမယ်။ ငွေကြေးကံ ကောင်းမယ်။ မိသားစုအတွင်းမှာ ပျော်ရွှင်စရာ ကိစ္စတွေ ကြုံရမယ်။ နမည်နဲ့ လုပ်စားသူများ နာမည် ဂုဏ်သတင်းကြီးမယ်။ အလုပ်အလွန်များပြီး လူပန်း ၊ စိတ်ပန်း ဖြစ်မယ်။  ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ကိစ္စတွေ ပေါ်မယ်။ အရာရာကို ကိုယ်ကဘဲ ဦးဆောင်နေရမယ်။ သူများကိစ္စတွေ ပြဿနာတွေ ကိုယ်က ၀င်ပြီး အဆုံးအဖြတ်ပေး ၊ အကြံဉာဏ်ပေးနေရလိမ့်မယ်။ လူမျိုးခြား ၊ ဘာသာခြား ဒုက္ခ ပေးတတ်တယ်။ အသက်ကြီးသူ ၊ အိုမင်းသူများ အိမ်မှာ ရှိရင် သူတို့ ကျန်းမာရေးအတွက် ပူပင်စရာ ကိစ္စတွေ ပေါ်မယ်။ အိမ်ဖော် တို့ ၊ လူယုံ အလုပ်သမား တို့ နဲ့ ပတ်သက်ပြီးလည်း စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံမယ်။ “ရွှေ . . ” အစရှိတဲ့ ဗုဒ္ဓဟူးနံ ၀င်ကိန်း ရှိတယ်။ သားသမီး ရှိသူများ ကိုယ့်သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စတွေ ကြုံလိမ့်မယ်။ ထီပေါက်ကိန်း ရှိတယ်။ ဆုကြီးတော့ မဟုတ်လောက်ဘူး။ ဒါပေမယ့် ငွေကတော့ တနည်းနည်းနဲ့ ကြံဖန် ၀င်နေလိမ့်မယ်။ အိမ်ကို ကြောင်တစ်ကောင် ရွှေ့ပြောင်းလာရင် အလွန်ကောင်းတဲ့ နိမိတ်ဖြစ်ပြီး “လာဘ်လာဘ” ကြီးကြီးမားမား ၀င်လိမ့်မယ်။

နာမည်မှာ တနင်္လာ စ, ပြီး တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာနံများ နှင့် “ပိတ်” ထားသူများ ဒီလထဲမှာ အထူးကောင်းစားကိန်း ရှိပါတယ်။

ယတြာကတော့ – မွေးနံ တနင်္လာနေ့နံ ဘုရား နဲ့ ဗုဒ္ဓဟူး နေ့နံ ဘုရားများမှာ ကြံရည်ကို တစ်ခွက်စီကို ကပ်လှူ လှူဒါန်းလိုက်ပါ။

.

အင်္ဂါ သားသမီးများ

အင်္ဂါ သားသမီးများအတွက် ယခုလ, ဟာ ကံကောင်းမလိုလို နဲ့ အီလည်လည် ဖြစ်ပြီး နောက်ဆုံး ထင်သလို ဖြစ်မလာတတ်တဲ့ လ, မျိုး ဖြစ်နိုင်တယ်။ ဒီလထဲမှာ ကျန်းမာရေး ဂရုစိုက်ရမယ်။ အဖျားအနာ ရှိတတ်တယ်။ မတော်တဆ ထိခိုက်မိတတ်တယ်။ ဦးခေါင်းနဲ့ ပတ်သက်တဲ့ ရောဂါ ဝေဒနာတွေ ဖြစ်တတ်တယ်။ ခေါင်း ကိုက်မယ်၊ ခေါင်းမူးမယ်၊ ဦးခါင်း မကြည်မလင် ဖြစ်မယ်။ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်တတ်တယ်။ အိမ်ထောင်ဘက် အိမ်ပေါ်ကနေ ဆင်းသွား တတ်တယ်။ (ခဏလောက်ပါ)။ အိုးအိမ် ၊ တိုက်ခန်း ၊ ခြံမြေတွေနဲ့ ပတ်သက်ပြီး ကံမကောင်းတတ်ပါ။ စကားများစရာ ကိစ္စ ၊ အမှုအခင်းဖြစ်လောက်စရာ ကိစ္စ ပေါ်နိုင်တယ်။ ဒီလထဲမှာ အိုးအိမ် ၊ တိုက်ခန်း ၊ မြေ လုံးဝ မ၀ယ်သင့်ပါ။ နောက်ဆက်တွဲ ပြဿနာတွေ တစ်လှေကြီး လိုက်လာတတ်တယ်။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြဿနာဖြစ်မယ်။ ခိုက်ရန်ဖြစ်ပွားကိန်း ရှိလို့ ဒီလထဲမှာ ဒေါသကို အထူးထိန်းသိမ်းပါ။ ငွေကြေးကံကတော့ ဒီလမှာ သိပ်မဆိုးပါဘူး။ ငွေကြေးပုံမှန် ၀င်နေမယ်။ ပုံမှန်ထက်လည်း ပိုဝင်နိုင်တယ်။ ကိုယ်နေတဲ့ အိမ်ရဲ့ ခေါင်မိုးပျက်နေတာ ၊ မိုးယို နေတာ ရှိရင် အမြန်ပြင်လိုက်ပါ။ မဟုတ်ရင် မကောင်းတဲ့ ကံကြမ္မာ တစ်ခု ဖြစ်လာနိုင်တယ်။

နာမည်မှာ အင်္ဂါ စ, ပြီး တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ နံတွေနဲ့ “ပိတ်” ထားသူများ ဒီလထဲမှာ အညံ့များနိုင်တယ်။ အထူးသဖြင့် တနင်္ဂနွေနံ ပိတ်ထားသူများ အထူးသတိ ထားပါ။ ဗုဒ္ဓဟူး (သို့) တနင်္လာ နဲ့ ပိတ်ထားသူများတော့ မကောင်းတာ တစ်ချို့ ရှိပေမယ့် အကောင်းပိုများနိုင်တယ်။

ယတြာကတော့ – အုန်းသီးပေါင်မုန့် (၅)လုံးကို အိမ်ကဘုရားမှာ အရင်လှူပါ။ ပြီးရင် တောင်းရမ်းစားသူတစ်ဦးကို ပေးကမ်းစွန့်ကြဲလိုက်ပါ။

.

ဗုဒ္ဓဟူး/ရာဟု သားသမီးများ

ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလဟာ ယခင်လကနဲ့ မတူနိုင်တော့ပါဘူး။ ယခင်လက မပြီး မပြတ်နဲ့ ရွှေ့ဆိုင်းထားရတဲ့ ကိစ္စတွေ ၊ အရင်လိုမှ အနှေးဖြစ်ရတဲ့ ကိစ္စတွေ ယခုလမှာတော့ အားလုံး ပြန်အဆင်ပြေ လာပါလိမ့်မယ်။ ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလဟာ အထူးကံကောင်းနိုင်တဲ့ လ, တစ်လ ဖြစ်နိုင်တယ်။ နာမည်ကျော်ကြားမယ်။ ထင်ရှားမယ်။ အကြံကောင်း ဉာဏ်ကောင်းတွေ ပေါ်ထွက်ပြီး ဒါတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်လိမ့်မယ်။ လုပ်ငန်းသစ်များ စတင် လုပ်ကိုင်ရတတ်ပြီး ယခုလမှာ စ, တင် လိုက်တဲ့ အလုပ်ဟာလည်း အလွန်အောင်မြင်တတ်ပါတယ်။ ငွေကြေး အမြောက်အများ ၀င်ကိန်း ရှိတယ်။ မိမိလုပ်ငန်း များကနေ အမြတ်အစွန်း များစွာ ရနိုင်တယ်။ ဒါပေမယ့် ခရီးသွားဖို့ ဒီလထဲမှာ စီစဉ်ထားတာတွေ ရှိရင် အကြောင်းကြောင်းကြောင့် ခရီးစဉ် ပျက်ရ တတ်တယ်။ မကောင်းတာ တစ်ခုက ဒီလထဲမှာ ဗုဒ္ဓဟူး/ရာဟု သားသမီးတွေ “လိင်ကိစ္စ” နဲ့ ပတ်သက်ပြီး နာမည်ပျက်ကိန်း ၊ အရှက်ရကိန်း ရှိနေတယ်။ ဒါကြောင့် ဒီလထဲမှာ အသွားအလာ အနေအထိုင်ဆင်ခြင်ပါ။ မဟုတ်ရင် ကိုယ့်ရဲ့ မတော်တရော် ဓာတ်ပုံတွေ ၊ ဗွီဒီယိုတွေ အင်တာနက်ပေါ် ရောက်သွားကိန်း ရှိတတ်ပါတယ်။ ထီဝါသနာ ပါသူတွေ ထီပေါက်ကိန်း ရှိပြီး ဆု အလတ်စားကနေ အကြီးစားအထိ ဖြစ်နိုင်တယ်။ ငယ်ရွယ်သူတွေ အချစ်ရေး အလွန်အဆင်ပြေနိုင်တဲ့ လ, ဖြစ်ပြီး “စုတ်အား” “စန်းအား” ကောင်းနေတဲ့ လ, လို့ ဆိုနိုင်ပါတယ်။ အိမ်ထောင်ရှိသူတွေပါ “စုတ်အား” ကောင်းလွန်းနေတာကြောင့် အိမ်ထောင်ရေး ပြဿနာ မဖြစ်အောင်တော့ သတိသင့်တယ်။ နာမည်တစ်လုံးနဲ့ လုပ်စားနေသူတွေ ၊ အနုပညာရှင်တွေ ၊ စာပေ/ဂီတ ပညာရှင်တွေ အလွန် နာမည်ကျော်ကြားနိုင်တဲ့ လ, ဖြစ်ပါတယ်။

နာမည်မှာ ဗုဒ္ဓဟူး စ, ပြီး  ဗုဒ္ဓဟူး ၊ တနင်္လာ ၊ သောကြာ နဲ့ စနေနံတွေ နဲ့ “ပိတ်” ထားသူများ အထူးကောင်းစားနိုင်တယ်။ ဒါပေမယ့် ဗုဒ္ဓဟူး စ, ပြီး သောကြာ ဆုံးသော နာမည်ပိုင်ရှင်များ Accident ဖြစ်ခြင်း ၊ လုပ်ကြံဂျောက်တွန်း ခံရခြင်း ၊ လိင်ကိစ္စ နှင့် ပတ်သက်ပြီး နာမည်ပျက်ခြင်းများလည်း ဖြစ်ကိန်းရှိလို့ သတိထား ရမှာဖြစ်တယ်။

ယတြာကတော့ – တန်ခိုးကြီးဘုရားတစ်ဆူမှာ ဗုဒ္ဓဟူးနံ နဲ့ တနင်္လာနံ ဘုရားတွေမှာ “ရွှေပန်း  နဲ့ ငွေပန်း” များကို ကပ်လှူပူဇော်ပေးပြီး ရေချမ်း သက်စေ့ ပူဇော်ပေးပါ။

.

ကြာသပတေး သားသမီးများ

ကြာသပတေးသားသမီးများအတွက်  ယခု လ, ဟာ ကံကောင်း ၊ ကံညံ့ မျှတနေပြီး သိပ်ကောင်းစရာ ၊ သိပ်ဆိုးစရာ မရှိလှတဲ့ လ, ဖြစ်နိုင်ပါတယ်။ တစ်ချို့ ၀န်ထမ်းများမှာ နေရာ အရွှေ့အပြောင်း ဖြစ်နိုင်တယ်။ အိုးအိမ် ပြောင်းလဲခြင်းများလည်း ယခုလမှာ ဖြစ်နိုင်တယ်။ သို့မဟုတ်ရင် ကိုယ့်ရဲ့ အထက်လူကြီး အပြောင်း အလဲလည်း ဖြစ်နိုင်တယ်။ ဆွေမျိုးသားခြင်း ၊ ညီအစ်ကို မောင်နှမများနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ ကြုံနိုင်တယ်။ ဆွေမျိုးသားခြင်း ဒုက္ခ ပေးကိန်း ရှိတယ်။ နိုင်ငံခြားသား ၊ လူမျိုးခြား ဘာသာခြား နဲ့ ပတ်သက်ပြီး ကံကောင်းတဲ့ ကိစ္စ တစ်ခု ကြုံရမယ်။ မီးအပူလောင်တာ  ၊ ဓာတ်လိုက်တာ မျိုး ဖြစ်ကိန်း ရှိပြီး ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါ။ စက်ပစ္စည်း ၊ အင်္ဂါနံ ပစ္စည်းများ အသစ်ဝင်ကိန်း ရှိတယ်။ နိုင်ငံရပ်ခြားနဲ့ ပတ်သက်နေတဲ့ ကိစ္စများ ကံကောင်းမယ်။ မမျှော်လင့်ဘဲ နိုင်ငံခြားကို ထွက်ရကိန်း ရှိတယ်။ ငွေကြေးကိစ္စကတော့ ဒီလထဲမှာ ၀င်ကိန်းထက် ထွက်ကိန်းက ပိုများနေမယ်။ ငွေများများ ၀င်လည်း အဖတ်မတင်တတ်ပါ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး အဆင်မပြေလှဘဲ တကျက်ကျက် ဖြစ်နေမယ်။ ငွေကြေးကိစ္စ နဲ့ ပတ်သက်ပြီး လင် နဲ့ မယား စာရင်းရှင်းရလိမ့်မယ်။ ဒီလထဲမှာ စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှု သိပ်မရှိဘဲ စိတ်ရှုတ်ထွေးတာ ၊ စိတ်ဓာတ်ကျတာ ၊ စိတ်ညစ်တာတွေ များနေမယ်။

နာမည်မှာ – ကြာသပတေး စ, ပြီး သောကြာ ၊ တနင်္လာ ၊ ဗုဒ္ဓဟူးနံ များနဲ့ “ပိတ်” ထားသူများ အညံ့လျော့နည်းပြီး ကံကောင်းမှု ပိုများနိုင်တယ်။ ဒါပေမယ့် ကြာသပတေး စ, ပြီး တနင်္လာ ပိတ်သူများ အိမ်ထောင်ရေး/လူမှုရေး ပြဿနာ ကြုံနိုင်တယ်။

ယတြာကတော့ – အသက်အရွယ်ကြီးရင့်နေတဲ့ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်း တစ်ပြည် နဲ့  ဖိနပ်တစ်ရံ လှူဒါန်းလိုက်ပါ။

.

သောကြာ သားသမီးများ

သောကြာသားသမီးများအတွက် ယခုလဟာ အလုပ်အကိုင် ၊ စီးပွားရေး ၊ နာမည် ဂုဏ်သတင်း ကျော်ကြားမယ့် လ, ဖြစ်ပေမယ့် Accident တစ်ခုခု ကြုံတွေ့နိုင်တဲ့ လ, လည်းဖြစ်နေတယ်။ ဒီလထဲမှာ နာမည်ကျော်ကြားမယ်။ ကိုယ့်ရဲ့ လုပ်ရပ်တွေ အောင်မြင်မယ်။ ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်မယ်။ ဂုဏ်ပြုချီးမွမ်းခံရမယ်။ ငွေကြးဝင်မယ်။ “စန်းပွင့်” မယ် . . . စတဲ့ လူတစ်ယောက်အတွက် ကောင်းတဲ့ အချက်တွေ အများအပြားကြုံဆုံနိုင်ပေမယ့် မတော်တဆ ထိခိုက်မှုဖြစ်ဖို့ကတော့ အနည်းနဲ့ အများဘဲ။ (အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ) သက္ခတ်များအတွင်း ရောက်နေသူများ သတိပြုပါ။ အထူးသဖြင့် ခရီးသွားရင်း မတော်တဆ ဖြစ်နိုင်တယ်။  ခရီးသွားရင် ကျန်းမာရေး ထိခိုက်မှု ဖြစ်တတ်တယ်။ ယာဉ်ကား တိုက်ခိုက်မှု ဖြစ်တတ်တယ်။ ဦးခေါင်းကို ဒါဏ်ရာ ရတတ်တယ်။ အကြီးအကဲတာဝန်များကို ထမ်းဆောင်နေရသူများ လျှို့ဝှက် လုပ်ကြံမှုများ ကြုံနိုင်တယ်။ အနည်းဆုံး အလုပ်ရာထူး ထိခိုက်အောင် ဂျောက်တွန်းခံရနိုင်တယ်။ ဒါကြောင့် ဒီလဟာ သောကြာ သားသမီးတွေအတွက် အဆိုးနဲ့ အကောင်း အစွန်းတစ်ဖက်စီ ရောက်တဲ့အထိ ချိန်ခွင်လျှာ ပြောင်းလဲမှုများ ကြုံနိုင်တယ်။ နဂိုကတည်းက ကျန်းမာရေး အညံ့ အခံရှိသူ များ ဆေးရုံဆေးခန်း ပြန်တက်ရပြီး ခွဲစိတ် ကုသခံရကိန်း ရှိတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်မပြေနိုင်သေးပါ။ အိမ်ထောင်ရှင်များလည်း အိမ်ထောင်ရေး ကတောက်ကဆ မကြာခဏ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလမှာ သောကြာသားသမီးများအတွက် ကံကောင်းမှုတွေ များစွာ ရရှိနိုင်ပေမယ့် သွားလာနေထိုင်ရာမှာ သတိတရားထားပြီး ဘာသာတရားကို လက်မလွှတ်စေချင်ဘူး။ ကောင်းတယ် ကောင်းတယ်ဆိုပြီး အောက်ခြေလွတ် မသွားစေလိုပါ။

နာမည်မှာ – သောကြာ စ, ပြီး ဗုဒ္ဓဟူး ၊ သောကြာ ၊ တနင်္ဂနွေနံများနဲ့ “ပိတ်” ထားသူများ ဒီလထဲမှာ ရုတ်တရက် ကံဆိုးမှုများကို ကြုံနိုင်ပါတယ်။ ကျန် နာမည်တွဲ လုံးများလည်း အနည်းနဲ့ အများ သတိပြုရပါမယ်။

ယတြာကတော့ – ကြာသပတေးနေ့ညမှာ အ၀တ်အစား အဟောင်းတစ်စုံကို ၀တ်အိပ်ပြီး သောကြာနေ့ နံနက်စောစောမှာ ညက ၀တ်ထာတဲ့ အ၀တ်အစား တစ်စုံ နဲ့ ဆံပင် အနည်း ငယ် ၊ ခြေသည်းလက်သည်း ၊ အနည်းငယ်စီ ရောထုပ်ပြီး ရေစီးနေတဲ့ မြစ်ချောင်းတစ်ခုခုမှာ ဗုဒ္ဓဟူး ၊ စနေ ၊ အင်္ဂါ သားသမီး တစ်ယောက်ယောက်ကို သွားပြီး အမျှောခိုင်းလိုက်ပါ။

.

စနေ သားသမီးများ

စနေသားသမီးများအတွက် ယခုလ, ဟာ ကံအညံလေး မဆိုစလောက် ရှိပြီး ကံကောင်းမှု ပိုများနိုင်တဲ့ လ, ဖြစ်ပါတယ်။ နေရာထိုင်ခင်း အပြောင်းအလဲ တစ်ချို့ ရှိနိုင်တယ်။ ကောင်းသော ပြောင်းလဲခြင်း ဖြစ်မယ်။ အစိုးရ၀န်ထမ်းများ မိမိ ပြောင်းရွှေ့ချင်သော မြို့ရွာများကို ပြောင်းရွှေ့ရတတ်တယ်။ ဒီလထဲမှာ ငွေဝင်ကိန်း ရှိတယ်။ ထီ စပ်တူပေါက်တတ်လို့ တနင်္လာ ၊ ဗုဒ္ဓဟူးသားများ နဲ့ ထီစပ်တူ ထိုးနိုင်တယ်။ ဒီလထဲမှာ မိသားစုအတွင်း စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတွေ ရနိုင်တယ်။ ငွေများများဝင်ရင်တော့ အချောင်ဝင်တာမျိုး မဟုတ်ဘဲ ပင်ပန်းပြီးမှ ၀င်တဲ့ ငွေမျိုးဖြစ်တတ်တယ်။ ကားဝယ်ရန် ကြံရွယ်နေသူများ ဒီလထဲမှာ ကားဝယ် ဖြစ်တတ်တယ်။ ၀ယ်ရင် ကားနံပါတ်မှာ (၂)ဂဏန်းတစ်လုံး (တစ်လုံးထက်လည်းပိုချင်ပိုမယ်) ပါတတ်တယ်။ ဒီလိုပါရင် ဒီကားဟာ ကိုယ့်အတွက် ကံကောင်းလိမ့်မယ်။ နာမည်နဲ့ လုပ်စားသူများ ၊ အနုပညာရှင်များ ဒီလထဲမှာ အောင်မြင်မှု အထူးရလိမ့်မယ်။ ရုပ်ရှင် ဂီတလောကထဲက ပုဂ္ဂိုလ်များ ဒီလထဲမှာ ဇာတ်ကားသစ် ၊ စီးရီးသစ်ထွက်ရင် အလွန်အောင်မြင်ကိန်း ရှိတယ်။ ၀န်ထမ်းများ အထက်လူကြီးနဲ့ အဆင်ပြေပြီး မျက်နှာသာပေးမှု နဲ့ အခွင့်အလမ်း ၊ တက်လမ်း များ ရရှိနိုင်တယ်။ ဘာသာရေး နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စ တစ်ခု လုပ်ဖို့ အခွင့်အလမ်း ပေါ်လာနိုင်တယ်။ ၀ိပဿနာ အားထုတ်သူများ ယခုလမှာ တရားထူး ရနိုင်တယ်။

နာမည်မှာ – စနေ စ, ပြီး ဗုဒ္ဓဟူး နဲ့ တနင်္လာနံ “ပိတ်” ထားသူများ ယခုလမှာ သိသိသာသာ အကောင်းများလိမ့်မယ်။

ယတြာကတော့ – မိမိမွေးနေ့ စနေနေ့မှာ ဘုရားတစ်ဆူဆူကို “ရွှေသင်္ကန်း” ကပ်လှူပူဇော်ပေးပါ။ ပြီးရင် “စနေနံ” ဘုရားမှာ ရေချမ်း (၂၄)ခွက် ကပ်လှူပူဇော်ပေးပါ။

.

ထူးခြားသည့် နာမည်တွဲလုံးများ

ထူးခြားသည့် နာမည်တွဲလုံးဆိုတာ ကိုယ်ဘာနေ့သားသမီးဘဲ ဖြစ်ဖြစ် အောက်ဖက်က နာမည်တွဲလုံးတွေထဲမှာ ပါရင် ထူးခြားတဲ့ အကောင်း/ အဆိုးတွေ ဖြစ်နိုင်တယ်။  အထက်က (၇)ရက်သားသမီး ဟောကိန်းနဲ့ တွဲမျှပြီး ကြည့်ရမယ်။ ဒီ နာမည်တွဲလုံးတွေထဲမှာ မပါရင်တော့ အထက်က ဖော်ပြထားတဲ့ (၇)ရက်သားသမီးအဟောများထဲက အတိုင်းဘဲ ယူရပါမယ်။  ယခုလ အတွက် – နာမည်မှာ ,

တနင်္လာ စ, ဗုဒ္ဓဟူးဆုံး (သို့) ဗုဒ္ဓဟူး စ, တနင်္လာ ဆုံးသူများ (၂+၄) (၄+၂) အတွဲ အထူးကောင်းစားကိန်း ရှိတယ်။

တနင်္လာစ , တနင်္လာ ဆုံးသူများ နှင့် ဗုဒ္ဓဟူးစ , ဗုဒ္ဓဟူး ဆုံးသူများ (၂+၂) (၄+၄) အတွဲများလည်း အထူးကောင်းနိုင်တယ်။

တနင်္လာ စ, ပြီး သောကြာ ဆုံးသူများ (သို့) သောကြာ စ, ပြီး တနင်္လာဆုံးသူများ (၂+၆) (၆+၂) အတွဲများလည်း ထိုက်တန်တဲ့ ကံကောင်းမှုကို ခံစားရနိုင်တယ်။

————————–

ဒီလထဲမှာ နာမည်မှာ -

တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ဆုံး မှည့်ထားသူများ (၁+၁)

တနင်္ဂနွေ နဲ့ သောကြာ အစ, အဆုံး မှည့်ထားသူများ (၁+၆) (၆+၁)

သောကြာ နဲ့ ဗုဒ္ဓဟူး အစ , အဆုံး မှည့်ထားသူများ (၄+၆) (၆+၄)

အင်္ဂါ နဲ့ စနေ အစ , အဆုံး မှည့်ထားသူများ (၃+၀) (၀+၃)

အထက်ပါ နာမည်အတွဲပိုင်ရှင်များအတွက် ကျန်းမာရေး ၊ ထိခိုက်ရှနာမှု နှင့် သွေးထွက်သံယိုမှုများ ၊ အိမ်ထောင်ရေး/လူမှုရေး ပြဿနာများ ၊  လုပ်ကြံဂျောက်တွန်း ခံရမှု ၊ ခွဲစိတ်ကုသ ခံရမှုများ ကြုံရဖွယ် ရှိတတ်ပါတယ်။ (၄+၆) (၆+၄) နာမည်တွဲလုံးကတော့ အောင်မြင်မှု ၊ ကျော်ကြားမှု ၊ စီးပွားအလုပ်တိုးတက်မှုများ နှင့် အတူ ကံမကောင်းမှုပါ ပူးတွဲခံစားရဖွယ် ရှိပါတယ်။

အထက်ပါ တွဲလုံးများတွင် မပါဝင်များသူမျာအတွက်ကတော့ အထက်က (၇)ရက်သားသမီး နေ့နံ အဟောများအတိုင်း ယူရမှာဖြစ်ပါတယ်။

(၇)ရက် သားသမီးအားလုံး ဘေးရန်ကင်းရှင်း ချမ်းသာခြင်းသို့ ရောက်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

မှတ်ချက်။              ။ အထက်ပါ ဟောကိန်းများမှာ (၇) ရက်သားသမီး အားလုံးအတွက် ယေဘူယျ ဟောကိန်းများ မျှသာ ဖြစ်ပါသည်။ တစ်ဦးခြင်းစီအတွက် အတိအကျဟောဆိုထားသော ဟောကိန်းများ မဟုတ်သည်ကို သတိပြုပါ။

Share

15 comments on “# (၇)ရက်သားသမီးများအတွက် ဇူလိုင်လ ဟောကိန်းများ

  1. I haven’t read your prediction long ago and I miss a lot. Thank you very much.

  2. But you did not mention I can get job in this month.

  3. Kyaw Min Htun on said:

    Thanks a lot, Saya. Regards

  4. I’d like to check my name and want to rename. Please let me know how to contact.

  5. ထိုင်းမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်န၀ပ်ရဲ့ ညီမ “ယင်လက် ရှင်န၀ပ်ထရာ” ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သွားတယ်။ သူဟာ ဗုဒ္ဓဟူး သမီးဖြစ်ပြီး နာမည်အစအဆုံးကလည်း ဗုဒ္ဓဟူးစ – ဗုဒ္ဓဟူးဆုံး ဖြစ်နေတာကို တွေ့ရတယ်။

  6. ဆရာ
    ဆရာအရင့်site အဟောင်းမှာတုန်းကပါတဲ့ dama links တွေရော တခြားဗဟုသုတ website links တွေအခုမတွေ့တော့လို့ ကျေးဇူးပြုပြီးပြန်တင်ပေးပါလားဆရာ။အဲ့ဒါတွေမမှတ်ထားလိုက်မိလို့။ dama link တွေကတော်တော်ကောင်းလို့ပါဆရာ။
    လေးစားစောင့်မျှော်လျှက်

  7. Dr.Tin Bo Bo on said:

    ဟုတ်တယ်။ ဆိုဒ်ကို အပိတ်ခံရမယ်လို့ လုံးဝ ထင်မထားတော့ လင့်ခ်တွေ ၊ Plug in တွေ ၊ soft ware တွေ မသိမ်းမိလိုက်ဘူး။ အခုမှ မနည်းပြန်ရှာပြီး ထည့်နေရတယ်။ ဟုတ်ကဲ့ပါ။ ထည့်ပေးပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဓမ္မလင့်ခ်တွေကို မကြာခဏသွားတတ်တော့ ကိုယ်ကိုယ်တိုင် သုံးဖို့အတွက်ကို ထည့်ပေးရမှာပါ။ ကျေးဇူးပါ။ အခုလို သတိပေးတဲ့အတွက်။

  8. YingYing on said:

    Sir,
    I would like to ask about my boyfriend girlfriend case. We have been together for over 2 years. but starting from this year we often fights a lots and break up many times. I would like to ask u about my relationship with him? our relationship will be last till the end or end up sooner? Is he the one for me?

    Please kind read my comment and advice me .

    mine is 11th february 1987 wednesday
    my bf is 30th auguest 1986 saturday

    Best regards
    Ying

    if i need to give my personal detail , i will post it again. becoz i dont want to let him know that i am asking to u about our relationship status.
    I am pretty sure he often come to this site.

  9. panyaung on said:

    Sayar..

    Thank you for ur monthly baydin, but i would like to request to u that, please add up “yadayar” for ppl who are in abroad. I think some “yadayar” are quite hard to do for those ppl.

    BR

  10. ဆရာ
    ဆရာsiteထဲမှာ ရာဟုဆိုတာ ဗုဒ္ဒဟူးနေ့ညနေ၆နာရီနောက်ပိုင်းမွေးတာကိုခေါ်တယ်လို့အရင်ကဖတ်ရပါတယ်ဆရာ။ ဒါပေမဲ့ဆရာ အောက်ကလင့်လေးကိုလည်းဖတ်ကြည့်ပေးပါနော်။
    http://my.wikipedia.org/wiki/%E1%80%9B%E1%80%AC%E1%80%9F%E1%80%AF
    လူတွေအရင်ကပြောနေကြတာလည်း အပေါ်ကလင့်အတိုင်းပဲ မွန်းလွဲ၁၂နာ၇ီနောက်ပိုင်းမွေးတာကို ရာဟုလိုသိထားကြပါတယ်ဆရာ။
    အဲ့ဒါဘယ်ဟာလေးကအမှန်ဆိုတာလေးကို ကျေးဇူးပြုပြီးပြောပြပေးပါဆရာ။ wikipedia ဆိုတာ reliableဖြစ်တယ်ထင်နေတာ။ အခုတော့ ဘယ်လိုနားလည်ရမလဲမသိတော့ပါဘူး။
    လေးစားလျှက်

  11. wednesday နိုးနိုး ရာဟု နိုးနိုးဖြစ်နေကြရတဲ့ကိုယ့်ကိုယ်ကိုတောင်ဝါးတားတားဖြစ်နေကြရတဲ့လူတွေကို အမှန်တရားအတိအကျလေးနဲ့ ကယ်တင်ပေးပါဦးဆရာ
    ကျေးဇူးတင်လျှက်

  12. Dr.Tin Bo Bo on said:

    ဗုဒ္ဓဟူးနေ့ (၁၂)နာရီ နောက်ပိုင်းကို ရာဟုလို့ သတ်မှတ်တာ စာအုပ်ထဲက သတ်မှတ်ချက်ပါ။ ဆရာကတော့ ဘယ်အရာမဆို လက်တွေ့နဲ့ ယှဉ်ပြီးမှ ဆုံးဖြတ်တယ်။ “သက္ခတ်” ဗေဒင်ပညာအရ နေ့လယ်(၁၂)နာရီ နောက်ပိုင်းမွေးသူတွေကို ရာဟုလို့ ယူဆပြီး ရာဟု သက္ခတ်ကနေ စတင်ရေတွက်တာ သိပ်မမှန်ဘူး။ ဗုဒ္ဓဟူး သက္ခတ်ကနေ စပြီး ရေတွက်မှ မှန်တာကို အတွေ့ရများတယ်။ နောက်ပြီး “ရာဟု” ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက် အရကိုက “အမှောင်ဂြိုဟ်” လေ။ နေ့လည် (၁၂)နာရီနောက်ပိုင်းက မှောင်မှ မမှောင်သေးဘဲ။ ဒါကြောင့် ည (၆)နာရီနောက်ပိုင်းမွေးတွေကိုသာ ရာဟုလို့ ယူဆပြီး လက်တွေ့တွက်ချက်ကြည့်တော့ အမှန်များတာကို တွေ့ရတယ်။ ၀ီကီပီဒိယ ထဲက ဟာချည်း အမှန်လို့ မအောက်မေ့နဲ့။ အဲဒီထဲမှာ အမှားတွေ အများကြီး။ တစ်ချို့ အကြောင်းအရာတွေက ပိုင်ပိုင်နိုင်နိုင် မသိတဲ့ လူတွေက ၀င်ရေးထားတော့ မှားနေတာတွေ အများကြီး တွေ့ရတယ်။ နောက်မှ တကယ်သိတဲ့ လူက ၀င်ပြင်ရင်းနဲ့ မှန်လာမယ် ထင်ပါတယ်။

  13. ဗေဒင်စာအုပ်တွေထဲကသတ်မှတ်ချက်ကလည်း အတည်ယူလို့မရတဲ့သဘောဖြစ်နေတာပေါ့ဆရာ။

  14. may hnin on said:

    အရင်site တုန်းကလိုမဟာဘုတ်တွက်လို့ရအောင်လုပ်ပေးပါလားဆရာ

  15. Hestia on said:

    မှန်သလား မမှန်သလားတော့မသိတော့ဘူး.. ဒီလက အရင်လနဲ့ မတူတာတော့ အမှန်ပဲ .. ကျောင်းမှာလဲအဆင်မပြေလို့  အင်တိတ်တောင်ပြောင်းတက်ရမလား စဉ်းစားနေရတယ်။ First Mid Term အတွက် Global တစ်ဘာသာနဲ့ နောက်တစ်ဘာသာတောင် ဖြေဖို့ အနိုင်နိုင် ။ အဆောင်မှာလဲ အဆင်မပြေလို့  အခန်းပြောင်းလိုက်ရတယ်။ ငွေကလဲ ကုန်လိုက်တာ သောက်သောက်လဲ အကြွေးတောင်တင်နေပြီ.. ။ ဟွီးးးး

Reports to my Friends !

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ