ကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိလာပြီဆိုရင် ဗေဒင်ဆရာနဲ့ ပြဿနာကို အဖြေရှာချင်ကြသူများအတွက် အလွယ်ဆုံး ဗေဒင်မေးနည်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဗေဒင်မေးချင်ပြီဆိုရင်လည်း ဗေဒင်ဆရာ ရှာရတဲ့ ဒုက္ခကလည်း မသေးလှဘူးဗျ။ ကိုယ်မေးချင်တဲ့ ကိစ္စကို ဟောနိုင်တဲ့ဆရာကို ရှာရတယ်။ဟောတာ မှန်/မမှန်ကို လည်း စုံစမ်းရသေးတယ်။ နောက်ပြီး ခြောက်လုံးလှန့်လုံးတွေပေး မျှော်လင့်ချက်တွေပေးပြီး “ယတြာ” နဲ့ လုပ်စားနေတဲ့ ဆရာလိမ် ၊ ဆရာတုတွေနဲ့ တွေ့မှာလည်း ကြောက်ရသေး သဗျ။

ဟောပြောခ ကတော့ “သဒ္ဓါကြေး” လေးပါ။ ယတြာခကတော့ “သောင်းဂဏန်း ၊ သိန်းဂဏန်း” နဲ့ လုပ်စား နေကြတဲ့ ဆရာတု ၊ ဆရာလိမ်တွေကလည်း တစ်နေ့ထက် တစ်နေ့ ပေါမှ ပေါဘဲ။ ဒီတော့ မှန်မှန်ကန်ကန် နဲ့ အသက်မွေးနေကြတဲ့ ဗေဒင်ဆရာတွေ အတွက် ဗေဒင်ပညာနဲ့ အသက်မွေးရတာကိုက မျက်နှာပူစရာ ၊ ရှက်စရာလို ဖြစ်လာပြီ ပေါ့ဗျာ။ ဒီတော့ ပြဿနာ ရှိလာလို့ ဗေဒင်မေးချင်လာရင် ဘယ်ဗေဒင်ဆရာဆီမှ မသွားဘဲ ကိုယ့်အိမ်မှာတင် “ကိုယ်ဘဲ ဗေဒင်မေးသူ ကိုယ်ဘဲ ဗေဒင်ဆရာ” လုပ်ရရင် မကောင်းဘူးလား။

ဆရာရယ် ကျွန်တော်/ကျွန်မ က ဗေဒင်မှ မတတ်ဘဲ ဘယ်လိုလုပ်ပြီး ဆရာပြန် လုပ်လို့ ရမှာလဲ” လို့ မေးချင်သေးလား။ ဒီတော့ ရှင်းပြရမှာပေါ့။ တကယ်တော့ လူတစ်ယောက်ရဲ့ အနာဂါတ်ဘဲဖြစ်ဖြစ် ၊ မိသားစုတစ်ခုရဲ့ အနာဂါတ်ဘဲ ဖြစ်ဖြစ် အရာအားလုံးရဲ့ အနာဂါတ်ဘဲ ဖြစ်ဖြစ် ကြိုတင် သတ်မှတ်ပြီးသားဘဲဗျ။ ဒီလို အနာဂါတ်မှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေရဲ့ လျှို့ဝှက်ချက်တွေဟာ ကိုယ့်ရဲ့ ပါတ်ဝန်းကျင်မှာ “ပုံစံအမျိုးမျိုးနဲ့” ရှိနေပြီးသားပါ။ ဒါကို ဖော်ထုတ်လိုက်ရုံပါဘဲ။


ဒီလို အနာဂါတ် လျှို့ဝှက်ချက်တွေကို -

- တစ်ချို့က “ဂြိုဟ်၊ နက္ခတ်” တွေနဲ့ အဖြေရှာကြတယ်။

- တစ်ချို့က “ကိန်းဂဏန်း” တွေ ပေါင်းနုတ်မြှောက်စားပြီး အဖြေရှာကြတယ်။

- တစ်ချို့က “အိပ်မက်တွေ၊ အတိတ်နိမိတ်” တွေနဲ့ အဖြေရှာကြတယ်။

- တစ်ချို့က “မနောအာရုံ” နဲ့ အဖြေရှာကြတယ်။

- တစ်ချို့က “ကဒ်ပြားလေး” တွေ နဲ့ အဖြေရှာကြတယ်။

- တစ်ချို့ကြပြန်တော့ “ပရလောက” ထဲက ပုဂ္ဂိုဟ်တွေနဲ့ ဆက်သွယ်ပြီး အဖြေရှာကြတယ်။ နည်းလမ်းအဖုံဖုံ ကွဲပြားကြပေမယ့် အားလုံးကတော့ အနာဂါတ်ကို အဖြေရှာကြတာပါဘဲ။

ဒီတော့ ဒီလို အဖြေရှာတဲ့ နည်းလမ်းတွေထဲက အထက်က ပြောခဲ့သလို အလွယ်ဆုံး၊ အသက်သာဆုံးလည်းဖြစ် ၊ ကုန်ကျ စားရိတ် လည်း မရှိ ၊ အလိမ်ခံရမှာလည်း မပူရတဲ့ နည်းလေးတစ်ခု ရှိပါတယ်။

- အဲဒါကတော့ “စာချ” တဲ့ နည်းပါဘဲ။

စာချ” တယ်ဆိုတဲ့ စကားလုံးကို တရုတ်လူမျိုးတွေနဲ့ နီးစပ်တဲ့ သူတွေ ကြားဘူးကြ/ လုပ်ဘူးကြမှာပါ။ တရုတ်ဘုံကျောင်း တစ်ချို့မှာ “စာချ” တယ်ဆိုပြီး “တုတ်ချောင်း” လေးတွေ ထည့်ထားတဲ့ ဗူးကို ဆက်တိုက် အပေါ်အောက် လှုပ်ပေးတဲ့အခါ တုတ်ချောင်းတစ်ခုတက်လာပြီး အောက်ကို ပြုတ်ကျသွားမယ်။ အဲဒီ ပြုတ်ကျ သွားတဲ့ တုတ်ချောင်းကို ယူ ၊ တုတ်ချောင်းပေါ်မှာ ရှိတဲ့ နံပါတ်နဲ့ ဘုရားကျောင်းမှာ ရှိတဲ့ ဗေဒင်စာအုပ်ထဲက နံပါတ်ရှိတဲ့ စာမျက်နှာ နဲ့ တိုက်ကြည့်။ ကိုယ်သိလိုတဲ့ အနာဂါတ် အဖြေတစ်ခု ထွက်လာတာပါဘဲ။

တရုတ်လူမျိုး အများအပြားကတော့ အရေးကြီးတဲ့ ကိစ္စတွေကို လုပ်တော့မယ်ဆိုတိုင်း “စာချ” ကြည့်ကြပြီးမှ ဆက်ပြီး အလုပ်လုပ်ကြတာ များပါတယ်။ စာချတဲ့ နည်းဟာ တရုတ်ယဉ်ကျေးမှုရဲ့ အမွေအနှစ်တစ်ခုဖြစ်တဲ့ “ယိချင်း” ဗေဒင်ပညာရဲ့ နည်းစနစ် တစ်ခုဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့လည်း ကိုယ့်အိမ်မှာကိုယ် “စာချ” ကြည့်ကြမယ်။ တရုတ်ဗေဒင်လို “တုတ်ချောင်း” တွေ ၊ “စာအုပ်တွေ” ရှိစရာမလိုပါဘူး။ “ယိချင်း” တို့ ၊ “ယင်” တို့ ၊ “ယန်” တို့ ၊ “ပါ့ကွ” ၊ “ဘုတ်ကြီး()ပါး” တို့ကိုလည်း နားလည်စရာ မလိုပါဘူး။

ခင်ဗျား ဘာသိချင်သလဲသာ အရင်ပြော။ သိပ်သိချင်တဲ့ မေးခွန်းတစ်ခုခုပေါ့။ ဥပမာ- “မောင်နီ နဲ့ မောင်ဖြူ ဘယ်သူနဲ့ လက်ထပ်ရင် အဆင်ပြေမလဲ” ဆိုတဲ့ မေးခွန်းတစ်ခုရှိတယ် ဆိုပါစို့။

ကဲ - , လုပ်ကြမယ်။

မျဉ်းကြောင်းမပါတဲ့ စာရွက်အဖြူ တစ်ရွက်ကိုယူပြီး အဲဒီစာရွက်ကနေ() လက်မ ပတ်လည်လောက် တိတိကျကျ ဖြတ်ထားတဲ့ စာရွက်ကလေး ()ရွက်ကို အရင်လုပ်လိုက်ပါ။ နောက်ပြီး ပထမစာရွက်မှာ ရေးချလိုက် ။ မောင်နီ နဲ့ လက်ထပ်ရင် အဆင်ပြေလိမ့်မယ် . . . လို့ ရေး။ ဒုတိယ စာရွက်မှာ မောင်ဖြူနဲ့ လက်ထပ်ရင် အဆင်ပြေလိမ့်မယ် . . . လို့ ရေး။ တတိယ စာရွက်မှာ ဘာမှ မရေးဘဲထား။ ပြီးရင် စာရွက်တွေ အားလုံးကို တိတိကျကျ “မဲလိပ်” ဖြစ်သွားအောင် လိပ်လိုက်။ ပြီးရင် သန့်ရှင်းတဲ့ ဗူး ၊ ခွက်တစ်ခုထဲမှာ အားလုံးကိုထည့်။ ဘုရားစင်ရှေ့ကိုသွားပြီး “မှန်ကန်သော အဖြေကျပါစေ” လို့ ဆုတောင်း။ (စကားဖြတ် ပြောရဦးမယ် ၊ ဘုရားကို ဗေဒင်မေးတယ်လို့တော့ သွားမလုပ်လိုက်နဲ့နော်။ မြင့်မြတ်တဲ့ နေရာတစ်ခုကို ရွေးချယ်ဖို့က လိုရင်းဖြစ်တယ် ၊ အမှန်ကတော့ ဘယ်နေရာမှာ လုပ်လုပ် ဖြစ်တယ်။ ဒါပေမယ့် အိမ်သာထဲ လုပ်တာနဲ့ ဘုရားစင်ရှေ့လုပ်တာ ဘယ်ဟာပိုကောင်းလဲ)

ဆုတောင်းပြီးရင် စာလိပ်တွေ ထည့်ထားတဲ့ ဗူးအ၀ကို လက်နဲ့ ပိတ်ပြီး အထက်အောက် အခါ ()ကြိမ်တိတိ လှုပ်ပြီး အထဲက စာလိပ်တစ်လိပ်ကို နှိုက်ပြီး ဖွင့်ကြည့်လိုက်ပါ။ အဲဒါ ခင်ဗျား သိချင်တဲ့ အဖြေပါဘဲ။ မောင်နီ နဲ့ သင့်ရင် မောင်နီ ထွက်လာမယ်။ မောင်ဖြူ နဲ့ သင့်ရင် မောင်ဖြူ ထွက်လာမယ်။ ဘယ်သူနဲ့မှ မသင့်ရင် စာရွက်အလွတ် ထွက်လာမယ်။

မလွယ်ဘူးလား။ ဒီထက် လွယ်တာတော့ မရှိတော့ဘူး။ ကလေး ကစားစရာလောက်ဘဲ ရှိတယ်။ ဒါပေမယ့် ကလေး ကစား စရာလို့ ထင်ရင် ကလေးကစားစရာဘဲ ဖြစ်သွားမယ်။ တကယ်ယုံကြည်ရင် တစ်ကယ်မှန်မယ်။

ဒီလို နည်းလမ်းနဲ့ -

- ဒီနှစ်ထဲမှာ နိုင်ငံခြားထွက်ရင် ဟိုမှာ အဆင်ပြေမလား ၊ မပြေဘူးလား . . . ဆိုတာမျိုး။

- ဒီလူ့ကို ငွေချေးလိုက်ရင် ပြန်ရမလား ၊ မရဘူးလားဆိုတာမျိုး။

- လက်ရှိ အလုပ်ကနေ နောက်အလုပ်ကို ပြောင်းလိုက်ရင် ကောင်းမလား ၊ မကောင်းဘူးလား ဆိုတာမျိုး။

- အခုဖြစ်နေတဲ့ ကိစ္စဟာ ပေါ့ပေါ့ပါးပါး နဲ့ ပြီးသွားမလား ၊ ပြဿနာ ပိုကြီးလာမလား ဆိုတာမျိုး။

- အခု ကြည့်ထားတဲ့ အိမ် ၊ တိုက်ခန်း ၊ မြေကွက်တွေကို ၀ယ်သင့်မ၀ယ်သင့် ဆိုတာမျိုးတွေကို ကိုယ် ဉာဏ်သွားရင် သွားသလို မေးနိုင်ပါတယ်။

မေးတဲ့ အခါတိုင်း မေးခွန်း () နဲ့ စာရွက် အလွတ်တစ်ခု အမြဲပါရပါမယ်။ စာရွက်အလွတ်ကျရင် အခုကိစ္စဟာ မေးပုံမေးနည်း မမှန်ကန်တာကြောင့် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အခုလောလောဆယ် အချိန်မကျသေးတဲ့အခါမျိုး ဖြစ်တတ် ပါတယ်။ နောက်()ရက် ()ရက် ခွာပြီး ပြန်မေးရပါမယ်။

လုပ်ရတာ လွယ်တယ်ကွ” ဆိုပြီး ခဏခဏ မေးလို့တော့ မရဘူးနော်။ တစ်ရက်ကို မေးခွန်းတစ်ခုဘဲ မေးခွင့် ရှိပါတယ်။ တစ်ခါတစ်လေ မေးခွန်းတစ်ခုက ဆက်တိုက်မေးဖို့ လိုတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - သူနဲ့ လက်ထပ်ရင် ကောင်း/မကောင်း ကို မေးကြည့်တာ ကောင်းတယ်လို့ အဖြေထွက်တယ်ဆိုပါစို့။ ဆက်ပြီး သိချင်တာက “ဒီနှစ်ထဲမှာ လက်ထပ်ရင် ကောင်းလား ၊ နောင်နှစ်မှာ မှ ကောင်းမလား” ဆိုတာ ဆက်မေးချင်ပေမယ့် “အောင့်” ထားပါ။ နောက်နေ့မှ ဆက်မေးပါ။ “လေးလေးနက်နက် သဘောထားမှ လေးလေးနက်နက် ဖြစ်ပါမယ်” ။ ပေါ့ရွှတ်ရွှတ် လုပ်ရင် ပေါ့သွပ်သွပ်ဘဲ ဖြစ်သွားပါမယ်။

ကဲ ဒါကတော့ ကိုယ်ဘဲဗေဒင်ဆရာ ၊ ကိုယ်ဘဲ ဗေဒင်မေးသူ ဖြစ်တဲ့ အလွယ်ဆုံး ကိုယ်တိုင် “စာချ” နည်းပါဘဲ။ ဘယ် ဘုံကျောင်း ၊ ဘုရားကျောင်းမှ သွားဖို့ မလိုတဲ့ နည်းပေါ့။ သွယ်ဝိုက်ပြီး အဖြေရှာစရာ မလိုဘဲ ကိုယ်သိချင်တာကို တိုက်ရိုက် သိနိုင်တဲ့ နည်းပေါ့။ လက်တွေ့ သုံးကြည့် ။ မှန်/မမှန် အမြန်ဆုံး သိနိုင်တဲ့ နည်းတစ်ခုခုနဲ့ စမ်းကြည့်။ မှန်/မမှန် လက်တွေ့ သိလိမ့်မယ်။

ဒါနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ ကျွန်တော့်ရဲ့ “လျှပ်တစ်ပြက်ဗေဒင်” ဗေဒင် အခန်းကဏ္ဍမှာ လူတစ်ယောက် ကွန်းမန့်ဝင်ရေးသွားဘူးပါတယ်။

ဆရာ့ဟာက မွေးသက္ကရာဇ်တွေမပါတော့ “မဲလိပ်နှိုက်သလို” ကျချင်ရာ ကျသလို ဖြစ်နေတာပေါ့ တဲ့။ ဟုတ်ပါပြီ။ ဒီတော့ ကျွန်တော်က ပြန်ဖြေ လိုက်ပါမယ်။ ကံစမ်းမဲဖောက်တဲ့ ပွဲတစ်ခုမှာ “ပထမ” ဆု မဲလိပ်ကို နှိုက်မိသွားတဲ့သူဟာ (ရမ်းသမ်းပြီး နှိုက်လိုက်တာ မှန်ပေမယ့်) ကံကောင်းမယ့် သူမို့ ဒီမဲလိပ်ကို ရသွားတာ မဟုတ်ဘူးလားဗျာ။ ကံမကောင်းမယ့်လူက ဒီမဲလိပ်ကို နှိုက်မိနိုင်ပါ့မလား။ မဲပေါက်ဖို့ကံ လုံးဝမရှိတဲ့လူက ပထမဆု မဲလိပ်ကို ဘယ်လိုနှိုက်နှိုက် မရနိုင်ပါဘူး။ နားလည်မယ် ထင်ပါတယ်။

အရာအားလုံးဟာ သူ့ဟာနဲ့သူ အနာဂါတ် အဖြေရှိပြီးသားပါ။ ဘာဖြစ်ရမယ်ဆိုတာ ကြိုတင် သတ်မှတ်ပြီးသားပါ။ ဒါကို နည်းလမ်းတစ်ခုခုနဲ့ ဖော်ထုတ်ကြတာပါဘဲ။ တစ်ချို့နည်းလမ်းတွေက ခက်ခဲတယ်။ တစ်ချို့လွယ်ကူတယ်။ လွယ်လွယ် / ခက်ခက် အဖြေမှန်ရဖို့က လိုရင်းပါ။

ကြိုက်ရင်သုံး ။ မကြိုက်ရင် မသုံးနဲ့ ။ ယုံကြည်ရင် သုံး ။ မယုံကြည်ရင် မသုံးနဲ့ ။

ကျွန်တော်ကိုယ်တိုင် “ဂြိုဟ်တွေ ၊ နက္ခတ်တွေ ၊ ဂဏန်းသင်္ချာတွေ” နဲ့ အဖြေရှာလို့မရဘဲ “အူချာလည်” နေတဲ့ အခါမျိုးမှာ ဒီနည်းလမ်းကို သုံးပါတယ်။ သူက ရှင်းလင်းပြတ်သားတဲ့ အဖြေကို ပေးနိုင်လို့လေ။


ကံကောင်းမှုများနဲ့ ကြုံဆုံနိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

မှတ်ချက်။။ နည်းလမ်း အလွန်လွယ်ကူသော်လည်း မိမိ မေးချင်သည့် အကြောင်းအရာ နှင့် ပတ်သက်ပြီး မရှင်းလင်းသည့်အခါမျိုး ရှိလျှင် ကွန်းမန့်တွင် ၀င်ရောက်မေးမြန်းပေးပါရန်။

 

Share

59 comments on “# အလွယ်ဆုံး ဗေဒင်မေးနည်း

  1. mie mie on said:

    သမီးလေးအတွက် နာမည်ကောင်းကောင်းလေးတခုလောက် ရွေးပေးပါလား။ အဆင်ပြေမယ်ဆိုရင်ပေါ့ ။ ခုပေးထားတဲ့နာမည်ကချူချာနေလားလို့ပါ။ သက်မှူးအိန် တဲ့။ မွေးနေ့က သောကြာပါ။ 07.05.2010 မှာမွေးတာပါ။ မလေးရှားစံတော်ချိန် 10:41 မှာမွေးတာပါ။ ကျေးဇူးပါ

  2. Dr.Tin Bo Bo on said:

    ကလေးက (၀)ကြွင်း အထွန်းဖွားဖြစ်ပြီး “သက်မှူးအိန်” အမည်ဟာ အထွန်း နဲ့ ပုတိ “ပက္ခတ်” မိနေလို့ ကျန်မာရေး ထိခိုက်တတ်ပါတယ်။ အသက်ကြီးလာလျှင်လည်း မတော်တဆ ထိခိုက်မှုတွေ ကြုံရတတ်ပါတယ်။ “ပက္ခတ်” အကြောင်းကို “သင့်နာမည် ပက္ခတ်လွတ်ရဲ့လား” http://compubaydathukhuma.com/?p=78 မှာ သွားဖတ်ကြည့်ပါ။ နာမည်ပေးတာကတော့ အသက်မွေးလုပ်ငန်း ဖြစ်လို့ ဉာဏ်ပူဇော်ခ ယူပါတယ်။ ဘလော့ဂ်ပေါ်မှာလည်း မပေးပါ။ ဖုန်းနံပါတ် 01-228665, 01-723102, 09-5174226 များကို ဆက်သွယ်ပြီး နာမည်ပြောင်းခြင်းကိစ္စ လုပ်နိုင်ပါတယ်။

  3. Dawn on said:

    အရမ်းဖြစ်ချင်တဲ့ အရာတစ်ခုအတွက်.. မေးလိုက်တာ..အဖြေက..ရမယ် ပြတယ်.. ဒါပေမယ့် ကိုယ့်အနေအထားအရ.ကြိုးစားတာ.နှစ်ခါခဲ့ရှုံးပြီးပြီမို့ ကြိုးစားနေရတုန်းပဲမို့.. အဲလောက် ကံကောင်းပါ့မလား လို့ တွေးမိပါတယ်။

  4. Dr.Tin Bo Bo on said:

    ဒါကတော့ စောင့်ကြည့်ပေါ့လေ။ အချိန်တန်ရင် အမှန်/အမှား သိရမှာပေါ့။

  5. Dawn on said:

    အထင်မလွဲပါနဲ့နော်။ မယုံလို့ပြောတာ မဟုတ်ပါဘူး။ သုံးခါမြောက်ဆိုတော့ ရှိသမျှ..အင်အားနဲ့ မအားမနည်းတင်းရလို့ပါ။

  6. KOZAW on said:

    ခေါင်းပန်းလှန်တာပိုကောင်းမှာပေါ့

  7. Dr.Tin Bo Bo on said:

    ကိုယ်ဝါသနာ ပါတဲ့နည်း နဲ့ ကိုယ်လုပ်ပေါ့ဗျာ။

  8. magyi on said:

    ဘယ်နိုင်ငံကို..ဆက်သွားရမလဲ..သိချင်လို့..ကူညီပေးပါဆရာ.

  9. dr.tin bo bo on said:

    ပထမ လက်ရှိနိုင်ငံမှာဘဲ နေသင့်လား ၊ နိုင်ငံကူးသင့်လား အရင်မေးကြည့်။ နိုင်ငံကူးသင့်တယ်လို့ ထွက်မှ ကိုယ် အကြိုက်ဆုံး (၂)နိုင်ငံ နဲ့ စာရွက်အလွတ် နဲ့ စာချကြည့်။ ဘယ်နိုင်ငံမှ မကျဘဲ စာရွက်အလွတ်ကျနေရင် နောက်ထပ် (၂)နိုင်ငံ ဆက်ရွေး။ စာ ဆက်ချကြည့်။ နောက်ဆုံး ကိုယ်နဲ့ သင့်တော်တဲ့ နိုင်ငံ တွေ့လိမ့်မယ်။ တစ်ရက်စီ လုပ်သွားပါ။

  10. Yar Yar on said:

    ဆရာခင်ဗျာ၊ အသုံးပြုပြီးတဲ့ စာရွက်တွေကို ဘယ်လိုဖျက်စီးရပါသလဲ။ ဖြဲပြီးပစ်လို့ရလား လို့သိချင်ပါတယ် ခင်ဗျာ။ တရုတ်အယူမှာတော့ အညံ့ကျရင် မီးရှို့ပစ်ရတယ်လို့ သိရပါတယ် ခင်ဗျာ။

  11. Dr.Tin Bo Bo on said:

    တော်တော် မေးသင့်တဲ့ မေးခွန်းဘဲ။ အညံ့ကျရင် မီးရှို့ပစ်ရတယ်ဆိုတာ ဆရာ မသိပါ။ ဆရာကတော့ ကိုယ်မေးပြီးခဲ့တဲ့ စာလိပ်အားလုံးကို စက္ကူဗူးတစ်ခုထဲမှာ အားလုံး စုထည့်ပြီး သိမ်းထားလိုက်တယ်။ လွှင့်တော့ မပစ်ဘူး။ ကောင်းတယ်လို့ အဖြေထွက်ထားတဲ့ စာလိပ်ကို ဖြဲပစ်တာတော့ မသင့်ပါ။ “အယူတော် မင်္ဂလာအရ” အကောင်းဖြစ်ပြီးမှ /ဆန္ဒပြည့်ပြီးမှ ပြန်ပျက်စီးမယ့် နိမိတ်ဘဲ။ ဒီအတိုင်းဘဲ စုပြီး တစ်နေရာရာမှာ သိမ်းထားတာ ပိုကောင်းမယ် ထင်ပါတယ်။

  12. သေချာအောင် နှစ်ခါထပ်မေးလို့ရလားဟင်။ နှစ်ခုမေးတာ..အဖြေတစ်ခုတည်းပြန်ထွက်တယ်။

  13. Dr.Tin Bo Bo on said:

    ဘယ်လို ဘယ်လို။ နှစ်ခု မေးတာ အဖြေ တစ်ခုတည်း ပြန်ထွက်တယ် . . မေးခွန်းတစ်ခုကို နှစ်ခါ ပြန်မေးတာလား။ မေးခွန်း နှစ်ခုကနေ အဖြေ တစ်ခုတည်း ထွက်တာလား။ မရှင်းဘူး။ အမှန်ကတော့ မေးခွန်းတစ်ခုကို နှစ်ခါ ထပ်မေးစရာ မလိုပါဘူး။ တစ်ခါဆို လုံလောက်ပါပြီ။

  14. စိုးပြည့်အောင် on said:

    အထက်အောက် (၉)ကြိမ်လှုပ်တယ်ဆိုတာ ဘယ်လိုမျိုးပါလဲ
    ဆရာခင်ဗျား။

  15. mie mie on said:

    ခုလိုပြောပြပေးတာကျေးဇူးပါဆရာ။ မြန်မာပြည်ပြန်ရောက်ရင်ဆက်သွယ်ပြီး သမီးလေးအတွက် နာမည်လာပြောင်းပါ့မယ်ဆရာ။ နောက်နှစ်ပြန်လာကြမှာပါ။။ကျေးဇူးတင်ပါတယ် ဆရာ

  16. Thin Thin Kyu on said:

    My date of birth is 3.5.1963.
    I want to know the rest of my old life is good or bad.

  17. Dr.Tin Bo Bo on said:

    ဟုတ်ပြီလေ။ အခုမေးသလိုဘဲ အိုဇာတာ ကောင်းမလား/မကောင်းဘူးလား ဆိုတာ စာချကြည့်လိုက်ပေါ့။ ဆရာကိုယ်တိုင် ဗေဒင်တွေ တွက်မပေးနိုင်တော့လို့ ကိုယ့်ဟာကိုယ် မေးလို့ရအောင် လုပ်ပေးပါတယ်ဆိုမှ ထပ်မေးနေပြန်ပြီ။ ဂွတော့ ကျတာဘဲ။ ဒါပေမယ့် ဒီလို မေးခွန်းမျိုးက မမေးတာဘဲ ကောင်းပါတယ်။ မကောင်းတဲ့ အဖြေထွက်လာရင် စိတ်ဆင်းရဲရရုံဘဲ ရှိမှာပေါ့။

  18. Thin Thin Kyu on said:

    I would like to know your predicting answer .Please may I know ?
    Thanks Saya & sorry for my next time.

  19. နွေးနွေး on said:

    ဆရာ သမီးမွေးနေ့ က ၂၀.၉.၁၉၈၆ ပါရှင့် .. မြန်မာပြည်မှာ ဆရာဝန်ဘွဲ့ ၇ထားပါတယ်… ခု စကာင်္ပူရောက်နေပါတယ်ဆ၇ာ..စကာင်္ပူမှာ အလုပ်ရှာနေတာ သိပ်အဆင်မပြေသေးသလိုဖြစ်နေတော့ .သမီးသိချင်တာက သမီး ဇာတာက နိုင်ငံခြားမှာ အောင်မြင်မယ့်ဇာတာ လား မြန်မာပြည်မှာအောင်မြင်မယ့် ဇာတာလား သိချင်ပါတယ်ဆရာ……..

  20. ကျော်ဆန်းအောင် on said:

    ဆရာ
    ကျွန်တော့်ကောင်မလေးကတရုတ်မလေးပါ
    တရုတ်တွေကသူတို့အမျိုးတူတာအချင်းချင်းပဲသဘောတူ
    တယ်လို့ပြောပါတယ်
    ကျွန်တော့်ကောင်မလေးနဲ့အနာဂတ်မှာပျော်ရွှင်နိုင်မလား
    ကိုဆရာ့ကိုမေးလိုက်ပါရစေ
    ကျွန်တော်မွေးနေ့က (21.6.1993) ပါ
    ကျွန်တော်ကြားချင်တဲ့စကားဖြစ်ပါစေလို့ဆုတောင်းနေမယ်နော်

  21. cho nwe latt on said:

    ဆရာရှင့်
    သမီးနာမည် ချိုနွယ်လတ်ပါ
    မွေးသက္ကရာဇ်က ၁၇.၈.၁၉၈၇ ပါ
    သမီးအမျိုးသားနာမည်က မောင်မောင်သွင်ပါ။
    သူ့မွေးသ္ကရဇ်က ၄.၁၁.၁၉၇၇ ပါ။
    သူက သောကြာသား သမီးက တနလာင်္သမီးပါ။
ှဆရာ့ပညာအရ သမီးတို့ရဲ့အိမ်ထောင်ရေးအဆင်ပြေအောင်
    နည်းနည်းလောက် တွက်ချက်ပေးပါရှင်။

  22. Dr.Tin Bo Bo on said:

    ကောင်းတယ် မကောင်းဘူး လို့ဘဲ တွက်ချက်တတ်ပါတယ်။ အဆင်ပြေအောင် တွက်ချက်နည်းတော့ မသိပါ ၊ မတတ်ပါ။ အိမ်ထောင်ရေးကံဆိုတာ သူ့ကံနဲ့ သူ ရှိပြီးသားမို့ ဗေဒင်ဆရာက ကြားထင်က ၀င်ပြီး ဘာမှ ဆောင်ရွက်ပေးလို့ မရပါ။ ဆောင်းပါးတွေကို သေချာပြန်ဖတ်ကြည့်ပါဦး။

  23. htet eain paing on said:

    not bad .this is the usual way that I always use.

  24. ဆရာပြောတဲ့နည်းလေး သဘာဝကျတယ် သုံး ကြည့်အုံးမယ်

  25. Dr.Tin Bo Bo on said:

    သဘာဝကျ ဆို ယဉ်ကျေးမှု အစဉ်အလာကြီးမားလှတဲ့ တရုတ်လူမျိုးတွေ ယုံယုံကြည်ကြည် သုံးတဲ့ နည်းဘဲလေ။ သူတို့က တုတ်ချောင်းတွေကနေ သွယ်ဝိုက်ပြီး အဖြေရှာတဲ့နည်းကို ဆရာက လွယ်ကူအောင် တိုက်ရိုက် အဖြေရှာတဲ့နည်းအဖြစ် အသွင်ပြောင်းပေးလိုက်တာပါဘဲ။ ဆရာ့နည်း မဟုတ်ပါဘူး။ ရှေးဟောင်း တရုတ်ဂမ္ဘီရပညာလေးပါ။

  26. Dawn on said:

    အဲဒီအဖြေမှန်တယ်..ဆရာ..။ အဲဒီအဖြတင်မက.. ထပ်မေးတဲ့ အသေးစိပ်..အချက်အလက် အထိ မှန်ပါတယ်။ ဒီတိုင်းမေးတာထက် ဘုရားရှိခိုး.ပဌာန်းရွတ်..ဂုဏ်တော်ပွားပြီးမှ အမျှအတန်းဝေပြီး မေးတာပါ။

  27. Dr.Tin Bo Bo on said:

    အခုလို ကြားရတာ ၀မ်းသာတယ်ဗျာ။ ကံကောင်းမှုတွေ ဆက်လက်တိုးပွားနိုင်ပါစေဗျား။

  28. ငြိမ်း on said:

    ကျမ လုပ်နေကျနည်းတစ်ခုတော့ ရှိတယ်ဆရာ။ သွားရင်းလာရင်း ဘုရားစာရွတ် ဆုတောင်းပြီးမေးတာပဲ။ ဒီနေ့ ဒါလုပ်လို့အဆင်ပြေမယ်ဆိုရင် ရှေ့လမ်းမှာ မိန်းမတစ်ယောက်ကို အရင်ဆုံး တွေ့ပါစေဆိုတာမျိုးပေါ့။ ယောကျာ်းဖြစ်နေရင်တော့ အဲဒီအလုပ်ကို မလုပ်ဘဲနေလိုက်တာပေါ့။ အဲဒါမျိုးလေ။

  29. Dr.Tin Bo Bo on said:

    ဒါလည်း အဓိဌာန်ပြုနည်း တစ်မျိုးဘဲ။ မဆိုးပါဘူး။ လက်တွေ့ခဏခဏ လုပ်ကြည့်ပြီး အမှန်များရင် သုံးလို့ရပါတယ်။

  30. hninwai on said:

    ဆရာ၇ယ်သမီး ကအိမ်ထောင်ရေးကံမကောင်းတဲ့သူတစ်ယောက်ပါဆရာ
    သမီးအမျူိးသားက နောက်ကောင်လေးနဲ့ရှုပ်နေပါတယ်
    သမီးတို့ကွဲထားတာကလည်း၆လပြည့်တော့ပါ့မယ်ဆရာရယ်
    ဒါပေမဲ့သမီး သူ့ကိုသံယောဇဉ်ရှိပါတယ်
    သမီး အမျိုးသားသမီးဆီ ပြန်လာမလား မလာဘူးလားဆိုတာလည်းသိချင်ပါတယ်ဆ၇ာ၇ယ်ပြန်လာအောင်လည်းလုပ်ချင်ပါတယ်ဆရာရယ် ကူညီပေးပါနော်သမီး ကို

  31. hninwai on said:

    သမီးမွေးနေ့က ၃၁.၅.၁၉၈၇

  32. Dr.Tin Bo Bo on said:

    ကိုယ်တိုင် ဗေဒင်ဟောဖို့ အချိန်သိပ်မပေးနိုင်တော့လို့ ဒီဆောင်းပါးလေးကို တင်ပေးထားပါတယ်ဆိုမှ မေးဖြစ်အောင် မေးသေးတယ် . . ခက်ပါ့။ ဆောင်းပါးထဲကအတိုင်း “အမျိုးသား ပြန်လာမလား ၊ ပြန်မလာဘူးလား” ဆိုတာ စာချကြည့်လိုက်ပေါ့ကွယ်။

  33. သီတာချမ်းမြေံဇော် on said:

    ဆရာ သမီးနမည်က သီတာချမ်းမြေ့ဇော် မွေးရက်က 3.4.1992 သောကြာသမီးပါ ဂဏန်းက 98 ပါဆရာ ဖူးစာရှင် ကဘယ်လိုလူမျိုးလဲ သိချင်ပါတယ်ဘာ အလုပ်လုပ်တဲ့ သူဖြစ်မလဲ. အသက်ဘယ်လောက်မှာ အိမ်ထောင်ကျမလဲ (ကတော်ဖြစ်မဖြစ် သိချင်ပါတယ်) ကျောင်းပြီးရင် ဘယ်လို အလုပ်မျိုးနဲ့ အဆင်ပြေမလဲ ဆရာ မိသားစုအတွက် အရှေ့ ကရပ်တည်ပေးမဲ့ သူဖြစ်ချင်ပါတယ်…

  34. dr.tinbobo on said:

    ဟုတ်ပြီလေ။ ဆရာ့အဖြေသိချင်တယ်ဆိုတော့လည်း ဖြေပေးရတာပေါ့။ အဖြေကောင်းမို့ ဖြေပေးတာပါ။ မကောင်းရင် စိတ်ဆင်းရဲ နေရမှာမို့။ အပိုင်အနိုင်ပြောလိုက်မယ်။ အိုဇာတာ မုချကောင်းမယ်။ ထိပ်တန်း ကောင်းမယ်။ အိုကေနော်။

  35. hla hla kyu on said:

    ကျွန်တော် က မလှလှကြူ ( 27. 12. 1972 ) ဗုဒ္ဓဟူး သမီး ပါ အကြိုက်ဆုံးဂဏန်း က “9″ ပါ။ သိချင်တာ ကတော့ စီးပွားရေး ၊လူမှု့ရေး နဲ့ပတ်သက်ပြီး ချေးငွေ ၊ ကုန်ကြမ်းဖိုး
    ယူထားတဲ့ငွေ ၊ မိဘဆွေမျိုးတွေ အခက်ခဲဖြစ်လို့ ကူညီ ဖို့ရာငွေ အလျှင်အမြန် လိုချင်ပါတယ်ဆရာ။ အိမ်က မုန့်စုံလုပ်ပါတယ် ၊ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာပြည်တွင်း ကိုရောင်းတာပါ။အဲဒါ ဘင်္ဂလားဒေ့ရှ်ကို များများရောင်းရရင် လိုချင်တဲ့ငွေ ရနိုင်တယ်ဆရာ။ အရောင်းအ၀ယ်အတွက် ယတြာ၊ရှောင်ရန်၊ဆောင်ရန် များ
    ပြောကြားပေးပါဆရာ။
    ကျေးဇူးတင်စွာဖြင့်-လှလှကြူ

  36. Khin Sandar on said:

    ဗေဒင်ဆရာမအလိမ်နဲ့တစ်လောကမှ အလိမ်ခံလိုက်ရလို့ ရေးလိုက်ပါတယ်ဆရာရယ် …ကျွန်မကလူတိုင်းကိုလေးစားပါတယ်မှန်ကန်တာဘဲကြိုက်ပါတယ် အဲဒိဗေဒင်ဆရာမကို Online webside တစ်ခုကထောက်ခံပေးတာနဲ့  မေးပို့ လိုက်တော့ သူကအပြင်မှာတွေ့ ချင်တယ်အမကိုရေစက်ပါတယ် အဖိုးအခလိုချင်လို့ မဟုတ်ဖူးဆိုပြိးအပြင်မှာတွေ့ ဖို့ ချိန်းပါတယ်ကျွန်မလဲအားနာနာနဲ့ အဖိုးအခ
    သတ်မှတ်ရင်လဲပေးမလို့ ပါ။သူက ငွေရေးကြေးရေးကြောင့်မဟုတ်ဖူးပိုက်ဆံလိုချင်လို့ မဟုတ်ဖူး
    အမကိုခင်လို့ အမကိုကူညီချင်လို့ ဆိုပြိးဖုန်းဆက်ပြိးတောင်ချိန်းလို့ သွားမိပါတယ်ဆရာရယ်
    တဲရော့ကတ်နဲ့ ဟောလိုက်တာဆိုတာနောက်ဆုံးပြန်ခါနိးလက်(လာဘ်)တင်ရမယ်တဲ့ကျွန်မလဲ
    ဘယ်သိမလဲနောက်တော့မှတောင်းလိုက်တာဆိုတာကိုယ်ထင်ထားတာထက်တောင်များနေတယ်
    ကျွန်မလဲအားနာနာနဲ့  သူအစားစိတ်ထဲကလဲရှက်သွားတယ်အပြောနဲ့ အလုပ်မညှိတဲ့ လူပဲငါကိုက
    ယုံမိတာဆိုပိးအားနာနာနဲ့ ပေးခဲ့ ပါတယ်အစထဲကယူတယ်ဆိုရင်ဘယ်လောက်ဘယ်ရွေ့ ဆို
    မငြင်းပါဖူးဝါသနာပါတယ်ရယ်ယုံကြည်တာရယ်ကြောင့် ပါအခုတော့ဆုံးသွားပိဖြစ်တဲ့ 
    ဆရာကြိးတစ်ဥိးရဲ့ တပည့် ဆိုပြိးနာမယ်ခံတာရယ် အဲဒိထောက်ခံပေးတဲ့ Webside ရယ်ကြောင့် 
    ယုံကြည်လေးစားမိတာတွေဟာ …တစ်ကယ့်ကိုစိတ်ပျက်ခဲ့ရပါတယ်
    (သူဟောတာတွေကလဲယေဘုယျအားဖြင့် သာမှန်ပါတယ် အားနာလို့ သာအင်းအင်းပြောခဲ့ တာစိတ်ကတော့ နောက်တွေ့ ဖို့ ရာအကြောင်းမရှိလို့ 
    ဘဲအောက်မေ့ မိပါတော့တယ်)သူကတော့ပြောပါသေးတယ်လှူဖို့ ပါတဲ့ ကျွန်မကလဲလှူခဲ့ တယ်
    လို့ ဘဲအောက်မေ့ ပါတယ်ဒါမဲ့ တစ်ပတ်ရိုက်ပိးအလှူခံတယ်ဆိုတာလိမ်တာပါဘဲ…ကျွန်မအခ
    လိုရေးတာဆရာပြောတာနဲ့ တိုက်ဆိုင်လို့ ရင်ဖွင့် မိတာပါအမှားပါရင်ခွင့် လွတ်ပါဆရာ
    ဗေဒင်ပညာကိုအမြဲလေးစားယုံကြည်ပါတယ်

  37. Yan Aung on said:

    ရှီးဖော် ကျွန်တော်ကတော့ ရန်အောင်ပါ
    ခှုနှစ်ကတော့ ၁၉၉၁ ဒီဇင်ဘာ ၃ ရက်ပါ။ အင်္ဂါနေ့ မှာမွေးပါတယ်။
    ကျွန်တော့်ရဲ့  အချစ် ဇာတာလေးသိချင်တယ် ရှီူးဖော်။

  38. Htoon Oo on said:

    May I want to know my luck in the next year (2012).My BOD is 6.Feb.1982
    11:30 (am).My Name is Htoon Oo. I am a computer trainer .

  39. ဇေယျာ on said:

    Yar Yar
    July 5, 2011 at 10:13 am

    ဆရာခင်ဗျာ၊ အသုံးပြုပြီးတဲ့ စာရွက်တွေကို ဘယ်လိုဖျက်စီးရပါသလဲ။ ဖြဲပြီးပစ်လို့ရလား လို့သိချင်ပါတယ် ခင်ဗျာ။ တရုတ်အယူမှာတော့ အညံ့ကျရင် မီးရှို့ပစ်ရတယ်လို့ သိရပါတယ် ခင်ဗျာ။
    Reply

    Dr.Tin Bo Bo
    July 5, 2011 at 1:37 pm

    တော်တော် မေးသင့်တဲ့ မေးခွန်းဘဲ။ အညံ့ကျရင် မီးရှို့ပစ်ရတယ်ဆိုတာ ဆရာ မသိပါ။ ဆရာကတော့ ကိုယ်မေးပြီးခဲ့တဲ့ စာလိပ်အားလုံးကို စက္ကူဗူးတစ်ခုထဲမှာ အားလုံး စုထည့်ပြီး သိမ်းထားလိုက်တယ်။ လွှင့်တော့ မပစ်ဘူး။ ကောင်းတယ်လို့ အဖြေထွက်ထားတဲ့ စာလိပ်ကို ဖြဲပစ်တာတော့ မသင့်ပါ။ “အယူတော် မင်္ဂလာအရ” အကောင်းဖြစ်ပြီးမှ /ဆန္ဒပြည့်ပြီးမှ ပြန်ပျက်စီးမယ့် နိမိတ်ဘဲ။ ဒီအတိုင်းဘဲ စုပြီး တစ်နေရာရာမှာ သိမ်းထားတာ ပိုကောင်းမယ် ထင်ပါတယ်။
    Reply

    Yar Yar ပြောတာကြုံဖူးပါတယ်။ မကောင်းတဲ့ အဖြေစာရွက်ကို ဘုံကျောင်းက မွှေးတိုင်မီးညှိဖို့ထားတဲ့ မီးခွက်မှာ မီးတို့ပြီး အောက်ကခွက်ထဲမှာ ထည့်ခဲ့ပါတဲ့။ မကောင်းတာတွေ မရှိတော့ဘူးလို့လဲ ဆုတောင်းအာရုံပြုပါတဲ့။ မကောင်းတာကိုမီးရှို့လိုက်ပြီဆိုတဲ့သဘောပေါ့။

  40. good

  41. zayar win on said:

    ဆရာ လျှပ်တပျက်ဗေဒင် မှာဆရာပြောထားတဲ့ နှစ်လက်မပတ်လည်စာရွက်သုံးရွက်နည်း
    မဟုတ်ပဲ သော့ခလောက် နှစ်လုံးကိုဝယ်မယ်နောက်ပြီးဝယ်ထားတဲ့ သော့ နှစ်လုံးရဲ့ သော့ ဆံတွေကို ရောထားလိုက်မယ်။၎င်းနောက် သော့တစ်လုံးကိုဖယ်ထားလိုက်မယ်.
    ကျန်တဲ့ သော့ တစ်လုံးကို သော့ဆံနှစ်ချောင်းနဲ့ ကံဆိုးကံကောင်းစမ်းသပ်ဖွင့် မယ် အဲဒီလို စမ်းသပ်တဲ့ နည်းအပေါ်ဆရာ့ ၇ဲ့ ယူဆချက်ကိုသိချင်ပါတယ်။

  42. သိန်းဇော် on said:

    ကျတော် သမီးလေးနာမည်ပေးချင်လို့.. သူအတွက် ကောင်းတဲ့ နာမည်တွက်ပေးပါ.. ဘယ်လိုတွက်ပြီးပေးရမယ်ဆိုတာသိချင်ပါတယ်.. သူ့ကို မွေးတဲ့ ရက်ကတော့.၂၂.၁၂.၂၀၁၁(ကြာသပတေးနေ့ နံနက်၇နာရီမိနစ်၂၁ ဖြစ်ပါတယ်..နာမည်ကို ဆန်းဆန်းလေးလည်းဖြစ်ချင်ပါတယ်..

  43. phyu pyar htun on said:

    ဆရာဆီမှာ ကျွန်မသားလေး နာမည်ပေးခဲ့ပါတယ် …..ကျွန်မတို့ ရွေးချယ်ပြီး ပေးလိုက်တဲ့ နာမည်က ဘုန်းခန့်သော် ပါ …… နောက် ကျန်းမာရေးချူခြာတာနဲ့ ဆရာ့ စာလုံးတွေထဲက ကြည့်ပြီး စိုင်းညီလင်းဆက် လို့ပေးလိုက်တယ် … ကျန်းမာရေးတော့ပြန်ကောင်းလာပါတယ် ဆရာ … အဲ့နာမည်လေး သင့်ပါသလား ဆရာ…….
    မွေးသက္ကရာဇ်က ၂၆.၇.၂၀၀၇ (ညနေ ၆း၂၂) ဦးကြည်ဝင်းသန်း(ဗုဒဟူး) + ဒေါ်ဖြူပြာထွန်း (သောကြာ)

  44. Dr.Tin Bo Bo on said:

    ကျန်းမာရေး ညံ့တာက ရောက်နေတဲ့ အသက်ပိုင်းကြောင့်ပါ။ ကလေးက (၄)ကြွင်း ကြာသပတေးဖြစ်တော့ (၄)နှစ် အထိ ကျန်းမာရေး ညံ့လိမ့်မယ်။ (၄)နှစ်ကျော်ရင် ပြန်ကောင်းလာတာမျိုး ဖြစ်လိမ့်မယ်။ “စိုင်းညီလင်းဆက်” ပေးလိုရင်လည်း ပေးပါ။ ဒါလည်းကောင်းပါတယ်။ ကိုယ့်စိတ်ထဲမှာ ဒီနာမည်ကြောင့် ကျန်းမာရေးကောင်းတယ် ယူဆရင် ဒါဘဲပေးလိုက်တာ စိတ်ရှင်းတာပေါ့။

  45. Dr.Tin Bo Bo on said:

    နာမည်ပေးတာက (ဒီလုပ်ငန်းနဲ့ ထမင်းစားနေရတာမို့) အခမဲ့တော့ လုပ်မပေးပါဘူး။ ပေးလိုရင် ဖုန်း – ၀၁-၂၂၈၆၆၅ ၊ ၀၉- ၇၃၁ ၇၇ ၇၃၁ များကို ဆက်သွယ်ပြီး ပေးလို့ရပါတယ်။ ငွေကြေး အခက်အခဲ ရှိတယ်ဆိုခဲ့ရင်တော့ ပြောပါ။

  46. Dr.Tin Bo Bo on said:

    “စာမှာ အအံ ၊ ဗေဒင်မှာ အကြံ” တဲ့ ။ ဗေဒင်ပညာဆိုတာ လောကကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့ပညာဘဲ။ အကြံကောင်းရင် အဖြေကို သိနိုင်ပါတယ်။ ဒီနည်းလည်း ကောင်းပါတယ်။ ဒါပေမယ့် သော့တံကိုလည်း တစ်ချောင်းဘဲ ရွေးရမှာ ပေါ့။ ကိုက်ရင် ဟုတ်တယ်။ မကိုက်ရင် မဟုတ်ဘူးပေါ့။

  47. tunnaingoo on said:

    အသက်- 27.11.1993(စနေ)။ ။ဒီနှစ်ထဲမှာ ကျန်းမာရေးကောင်းမလား

  48. sandy on said:

    သမီးချစ်သူဟာအင်္ဂါသားပါ
    မွေးသင်္ကရာဇ်က 23.6.1987 ပါ သူကိုသမီးလက်ထပ်ချင်ပါတယ်
    သမီးက 2.9.1986 အင်္ဂါသမီးပါ သမီးတို့ လက်ထပ်ရအောင်ဘာလုပ်ရမလဲမေးချင်ပါတယ်ဆရာရှင့်

  49. tin ko lin on said:

    ကျွန်တော့်ကောင်မလေးနာမည်က ထက်ထက်လင်းဦးပါ….
    သူ့ မွေးနေ့က1995ပါ…ကျွန်တော်နဲ့တူတူပဲပေါ့….ကျွန်တော်က28ရက်နေ့တစ်လပို်င်းမှာမွေးတာပါ…ကျွန်တော်နဲ့သူနဲ့အချစ်ရေးအခြေအနေကိုသိချင်ပါတယ်ဗျာ….
    ကျေးဇူးပြုပြီးတော့ပေါ့

  50. ဆိုမီိကေး on said:

    ကျွန်မချစ်သူကသောကြာသားပါ
    သူ့မွေးနေ့က5.11.1992ပါ
    ကျွန်မက 8.12.1992ပါ..သမီးသူတယောက်တည်းကိုပဲလက်ထပ်ချင်ပါတယ်
    သမီးတို့နှစ်ယောက်၇ဲ့အချစ်ေ၇းက်ုသိချင်ပါတယ်

  51. MYO MYINT TUN on said:

    မင်္ဂလာပါဆရာ
    ကျွန်တော်မွေးနေ့ကတော့1987/5/30ပါ..နေ့ကတော့စနေပါ
    ဟူးရားဂဏန်းကတော့47ပါ..အလုပ်အကိုင်လေးမေးချင်လို့ပါ
    ဒီအလုပ်ကကျွန်တော့်အတွက်ကောင်းနိုင်လား..ရေရှည်အတွက်ပေါ့နော်..တိုးတက်ဖို့ရောရှိရဲ့လား..လစာရောတိုးနိုင်လား
    အဲဒါလေးသိချင်လို့ပါ..

  52. shwetheingiwin on said:

    သမီးချစ်သူကတနင်္ဂနွေသားပါ28.4.1985Born ပါသမီးကတော့အင်္ဂါပါ
    သမီးတို2ယောက်သိပ်အဆင်မပြေလို့ပါ။သမီးတို2ယောက်ရဲ့အနာဂတ်နဲ့ဖုးစာရေးလေးကိုသိချင်လိုပါ.

  53. သန်းအေး on said:

    ရိုသေစွာဖြင့်စာရေးမေးမြန်းလိုက်ပါတယ်ဆရာ
    ကျနော်က(၂၃.၉.၁၉၇၇)ရက်နေ့(သောကြာ)သားဖြစ်ပါတယ်
    ကျနော်သိချင်တာက ကျနော်ဘယ်လောက်ပဲကြိုးစားပြီး လုပ်ကိုင်ရှာဖွေ
    သော်လည်း ငွေဘယ်လောက်ရရ ကိုယ့်ကြောင့်မဟုတ်ပဲ တနည်းနည်းနဲ့
    ကုန်ကုန်သွားပါတယ်..ဘာကြောင့်ပါလည်း..ဒီနှစ် အိမ်ကိုပြိအောင်
    ဆောက်နိုင်ပါမလားဆိုတာလေးကို ဖြေကြားပေးစေချင်ပါတယ်

  54. အောင်အောင် on said:

    ကျွန်တော် ခုတလော ကံမကောင်းမှု့ တွေဖြစ်နေတယ်။ ပြီးတော့ ဒီနှစ်အလုပ်အကိုင်အခြေအနေလည်း သိချင်ပါတယ်။ ကျွန်တော့်မွေးရက်
    က 1348 ခုနှစ် ကဆုန်လဆုပ် 9 ရက် နနံက် 9 နာရီပါ..။1.6.1986 ပါ။ ပြီးတော့ ကျွန်တော်လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ မိန်းခလေးက
    တနင်္လာပါ။ သူ့ နာမည်က ချိုဇင်နွယ် ပါ။ သူနဲ့ ကျွန်တော် ကြားထဲမှာ ဘယ်လို အနှောင့်အယှက်တွေ ရှိနိုင်သလဲ။ သူနဲ့ ကျွန်တော်ကကော
    လက်ထပ်ဖို့ ဖြစ်နိုင်ပါ့မလား။ ကျွန်တော်ကတော့ သူ့ ကိုပဲ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် လက်ထပ်
    မယ်ဆိုရင် ဘယ်နှစ်လောက်ရောက်မှ လက်ထပ်ဖို့  အကောင်းဆုံးလဲ ဆိုတာလည်း သိချင်လို့ ပါ ခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။

  55.ွှံZaw on said:

    အမည် = Thi Thi Win
    မွေးနေ့ = 13.5.1966 (Friday)
    ဟူးရာနံပါတ် =28
    မေးခွန်း = ယခုလက်ရှိလုပ်နေသော အလုပ်ထက်လစာပိုကောင်းသောအလုပ် ရနိုင်- မရနိုင်
    သိချင်ပါသည်။

  56. Htet Aung on said:

    ကျွန်တော်က ၁၉၈၄-ဒီဇင်ဘာ-၈ ရက်ဖွားတာပါ..ကျွန်တော်အခုနိုင်ငံခြားမှာ အလုပ်ရှာနေတာပါ..အဆင်မပြေသေးပါဘူး..ဗီဇာက ၁ လပဲကျန်ပါတော့တယ်..အဲဒါ အလုပ်အဆင်ပြေမပြေသိချင်လို့ပါ…

  57. နန်းသဉ္ဖာဖြိုး on said:

    သမီးရဲ့  မွေးရက်က 5.5.1989(သောကြာ)
    ချစ်သူ က 17.11.1981(အင်္ဂါ)
    လက်ထပ်ဖြစ်မဖြစ်သိချင်ပါတယ်။
    နှစ်ဖက် မိဘ သဘောတူ အဆင်ပြေပြီး လက်ထပ်ချင်လို့ ပါ လောလော ဆယ် အဆင်မပြေဖြစ်နေပါတယ်။
    ကူညီပေးပါဆရာ။ နောက်နှစ်မှာ လက်ထပ်ဖို့  ရည်ရွယ်ထားလို့ ပါ။
    ရာဟူးဂဏန်းက 25 ပါ။ အဖြေကို စောင့်နေပါ့မယ်။ ကျေးဇူးတင်ပါတယ်။

  58. cham mya wai on said:

    ရာထူးတိုးဖြေရင်အောင်မှာလား။ရာထူးတိုးဆိုတာကလက်ရှိကစာရေးအဆင့်ပါ၊ဥပဒေအရာရှိအဆင့်(၄)စာမေးပွဲ ဖြေရမလား။ဖြေရင်ရောအောင်မှာလား။ဒီတစ်သက်အရာရှိဖြစ်ရမည့်ကံရှိ/မရှိ။ထီပေါက်ကိန်းရှိ/မရှိ။ အိမ်ထောင်ကျကိန်းရှိ/မရှိ။လူမှုရေး၊စီးပွါးရေး၊ကျန်းမာရေး အားလုံးကိုသိချင်တဲ့အတွက်ူကညီပေးစေလိုပါ တယ်။ ကျေးဇူးတင်စွာဖြင့်–

  59. Dr.Tin Bo Bo on said:

    အမေး/အဖြေ (၅)ထဲမှာ မဖြေရသေးတဲ့ မေးခွန်းတွေကို သွားကြည့်ရင် ဒီမေးခွန်းတွေ ဖြေပေးဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်ပါလိမ့်မယ်။ အထွေထွေဗေဒင် ဟောတဲ့ ဗေဒင်ဆရာတစ်ယောက်ဆီမှာ တစ်သက်တာ ဟောစာတန်း သွားမေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ