မိတ်ဆွေ ၊ “အိပ်မက်” ဆိုတာကို ဘယ်လို နားလည်ပါသလဲ ? ဘယ်လို ထင်မြင်ယူဆပါသလဲ ? ၊ ယနေ့ ဒီဘာသာရပ် ကလေးကို ကျွန်တော်တို့ ဆွေးနွေး ကြည့်ကြရအောင်။
.
တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေ ပြီးဆုံးတဲ့ အခါ လူတွေဟာ “အနားယူဖို့” အိပ်စက်ကြရပါတယ်။ ဒါဟာ တမင်တကာ လုပ်ယူစရာမလိုတဲ့ “သဘာဝဖြစ်စဉ်” တစ်ခုပါ။ သဘာဝ တရားကြီးဟာ “နေ့” နဲ့ “ည” ဆိုပြီး ဖန်တီးပေးထားပြီး နေ့ဘက်မှာ ၀မ်းစာရှာဖို့ ၊ ညဖက်မှာ အနားယူဖို့ ဖန်တီးပေးထားပါတယ်။ နေ့ဘက်မှာ အိပ်စက်ပြီး ညဘက်မှာ ၀မ်းစာရှာတဲ့ သတ္တ၀ါ အနည်းငယ် လည်း ရှိပါတယ်။ ဒါပေမယ့် “လူသား” အပါအ၀င် သတ္တ၀ါ အတော်များများကတော့ “ည” ဆိုတာ အိပ်စက် အနားယူ ဖို့ပါ။
.
ဒီနေရာမှာ ညဖက်ကိုရောက်ရင် လူကသာ အိပ်စက်ခြင်းနဲ့ အနားယူလိုက်ပေမယ့် “စိတ်” ကတော့ အနားမယူပါဘူး။ အိပ်စက်နေခြင်းမှာ “အိပ်မက်” ဆိုတဲ့ ဖြစ်စဉ်တစ်ခုနဲ့ “စိတ်” ဟာ ဆက်ပြီး အလုပ်လုပ်ပါတယ်။ “ဗုဒ္ဓဒဿန” မှာတော့ ဒီ စိတ်ကို “ဘ၀င်စိတ်” လို့ ခေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ ဖြစ်တဲ့ စိတ်ပါ။
.
“အိပ်မက်”ဟာ လူသားတိုင်းနဲ့ မကင်းနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့် ယနေ့အချိန်အထိ “အိပ်မက်” အကြောင်းကို ဘယ်ပညာရှင်၊ ဘယ်ဘာသာရပ်ကမှ “ဘာလဲဆိုတာ” ကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ ယနေ့အချိန်အထိ လေ့လာဆဲ ၊ စူးစမ်းဆဲ ကိစ္စတစ်ခု ဖြစ်နေပါသေးတယ်။ အဖြေရှာလို့ မရတဲ့ ပဟေဠိတစ်ပုဒ်လို ဖြစ်နေပါသေးတယ်။
.
ယနေ့ခေတ် ဆေးသိပ္ပံပညာရပ်တစ်ခုဖြစ်တဲ့ “ဇီဝကမ္မဗေဒပညာ” ကတော့ “အိပ်မက်” ကို အာရုံကြောဆိုင်ရာ တုန့်ပြန်မှု တစ်ခုအဖြစ် ယူဆပါတယ်။ လူတစ်ယောက် အိပ်ပျော်နေစဉ်မှာ ဦးနှောက်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ “သံလိုက်လှိုင်း” တွေကို လေ့လာကြည့်ကြပါတယ်။ သူတို့ ပြောနိုင်တာ တစ်ခုက လူတစ်ယောက်ဟာ အိပ်ပျော်နေစဉ် မှာလည်း ဦးနှောက်ဟာ အလုပ်လုပ်လျှက် ရှိတယ် ဆိုတာပါဘဲ။ ဦးနှောက်လှိုင်းတွေရဲ့ လှုပ်ရှားမှုတွေဟာ နိမ့်မြင့် တက်ကျ ဖြစ်နေတာကို ကြည့်ခြင်းဖြင့် လူတစ်ယောက်ရဲ့ စိတ်ဟာ အိပ်ပျော်နေစဉ်မှာလည်း (တသမတ်တည်းမဟုတ်ဘဲ) ခံစားမှုတွေနဲ့ အလုပ်လုပ် နေကြောင်းကို တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီထက်တော့ ပိုမပြောနိုင်ကြပါဘူး။
.
“စိတ္တဗေဒပညာ”ရပ် မှာတော့ အိပ်ပျော်နေစဉ် ဖြစ်တဲ့ “စိတ်” ကို Subconscious mind (မသိစိတ်) လို့ အမည်တပ်ကြပါတယ်။ “မသိစိတ်” ဟာ နိုးကြားနေချိန်မှာ ဖြစ်ပေါ်နေတဲ့ “သိစိတ်” Conscious mind ထက် အဆပေါင်းများစွာ အင်အားကြီးမားတဲ့ စိတ်လို့ ယူဆကြပါတယ်။ လူသားတွေဟာ “မသိစိတ်” ကိုသာ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရင် “လောကမှာ မဖြစ်နိုင်တာ မရှိ” ဆိုလောက်အောင် အင်အားကြီးမားလှပါတယ် တဲ့။
စိတ္တဗေဒ ပညာရှင်တွေဟာ လူတစ်ယောက်ကို “အိပ်မွေ့ချ” ပြီး ဆန်းကြယ်တဲ့ ကိစ္စတွေကို သက်သေပြခဲ့ပါတယ်။ ဒီအထဲမှာ သာမန် “အသိစိတ်” နဲ့ မ,မ နိုင်တဲ့ ၀န်ထုပ်တစ်ခုကို အိပ်မွေ့ချထားတဲ့ “မသိစိတ်” နဲ့ မ,ပြတာတို့၊ လေထဲမှာ အိပ်စက်ပြတာတို့၊ အနာဂါတ်ကို သွားပြီး ဘာတွေ ဖြစ်မယ်ဆိုတာ သွားကြည့် ခိုင်းတာတို့ စတဲ့ အလွန်အံ့သြဖွယ် ကောင်းတဲ့ ကိစ္စရပ်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့လည်း “အိပ်မက်” ရဲ့ အကြောင်းကို ဒီထက်ပိုပြီး မပြောနိုင် ကြပြန်ပါဘူး။
.
“စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ” အထူးပြုလေ့လာနေတဲ့ “လောကီပညာရှင်များ” ရဲ့ အလိုအရတော့ “အိပ်မက်” တွေဟာ Message of Gods လို့ အဓိပ္ပါယ် ဖွင့်ကြ ပြန်ပါတယ်။ ဒီနေရာမှာ Gods ဆိုတာ “ဘုရားသခင်” ဆိုတဲ့ အဓိပ္ပါယ်မျှလောက်သာ မဟုတ်ဘဲ “နတ်ဘုရားများ” “ကောင်းကင် ဒေ၀တာများ” “၀ိဉာဉ်လောက မှ ပုဂ္ဂိုလ်ထူးများ” ကိုပါ ရည်ညွှန်းခြင်း ဖြစ်ပါတယ်။
“စိတ်ဝိဉာဉ်အကြောင်း” လေ့လာနေတဲ့ ပညာရှင်များကတော့ . . . “အိပ်မက်” တွေဟာ “နတ်ဒေ၀တာ၊ နာမ်လောက ပုဂ္ဂိုလ်ထူး” များရဲ့ “သတင်းပေးပို့ချက်” များဖြစ်တယ် . . . ဒါတွေဟာ လျှစ်လျှူရှုရမယ့် ကိစ္စတွေ မဟုတ်ဘူး . . . “အိပ်မက်” တွေဟာ လူ့ဘ၀ရဲ့ လမ်းညွှန်ချက်တွေဘဲ” ဖြစ်တယ် . . . ဒါတွေကို စနစ်တကျ အဓိပ္ပါယ်ကောက်ယူပြီး လူ့ဘ၀ရဲ့ လမ်းညွှန်ချက်အဖြစ် ကောက်ယူကျင့်သုံးရမယ် . . . လို့ ယူဆကြပါတယ်။
ဒါပေမယ့် သူတို့လည်း “ဘယ်အိပ်မက်ဟာ၊ ဘယ်လို လမ်းညွှန်ချက်ဖြစ်တယ်” ဆိုတာကို တိတိကျကျ အဓိပ္ပါယ် မဖေါ်နိုင်ကြပြန်ပါဘူး။ အိပ်မက်ရဲ့ အဓိပ္ပါယ် ဖော်ချက်တွေဟာ ပညာရှင် တစ်ယောက် နဲ့ တစ်ယောက် ကွဲလွဲမှုတွေ ရှိနေသလို “ပြည့်စုံတိကျမှု” လည်း ယနေ့တိုင် မရှိကြ သေးပါဘူး။
.
Symbology လို့ခေါ်တဲ့ “သင်္ကေတဗေဒ” ပညာရပ်မှာတော့ “အိပ်မက်” ကို Language of Soul လို့ ဖွင့်ဆိုပါတယ်။ “၀ိဉာဉ်၏ ဘာသာစကား” လို့ ပြန်ဆိုရမယ် ထင်ပါတယ်။ Symbology ပညာရှင်တွေရဲ့ ယူဆချက်အရ “အိပ်မက်” ကို “ဘာသာစကား” တစ်ခုအဖြစ် ယူဆထားတာဟာလည်း စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သူရယ်လို့ကလည်း မရှိပြန်ပါဘူး။
.
ကျွန်တော်တို့ မြန်မာလူမျိုး အပါအ၀င် “အရှေ့တိုင်းသား” အတော်များများဟာ “အိပ်မက်” ကို အနာဂါတ်ရဲ့ ရှေ့ပြေးနိမိတ်လို့ ယူဆကြပါတယ်။ Signs of Future ပေါ့။ ဒါကြောင့် ညက အိပ်မက် ထူးထူးဆန်းဆန်းမက်ရင် ဘာဖြစ်မယ် ဆိုတာ နိမိတ်ကောက်ကြပါတယ်။
မနှစ်မြို့ဖွယ် “အနိဌာရုံ” အိပ်မက်ကို မက်ရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်မသာ ဖြစ်နေကြရပါတော့တယ်။ ပျော်ရွှင်စရာ ကောင်းတဲ့ အိပ်မက်မျိုးကို မက်ရင်တော့ တစ်နေ့လုံး လန်းဆန်းပျော်ရွှင်နေကြပါတော့တယ်။ ဒီအချိန်မှာ ပျော်ရွှင်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ကြုံတွေ့လာတာနဲ့ “ကဲ – ငါ မပြောလား၊ ညက အိပ်မက်ကောင်း မက်ပါတယ်ဆို” စသည်ဖြင့် ပြောဆိုလေ့ ရှိကြပါတယ်။
ဒါပေမယ့် အိပ်မက်နဲ့ လက်တွေ့အဖြစ်အပျက် “တိုက်ဆိုင်တဲ့အခါ” ရှိသလို၊ “မတိုက်ဆိုင်တဲ့အခါ” များလည်း ရှိတတ်ပါတယ်။
လက်တွေ့ လေ့လာချက်များအရတော့ “အိပ်ပျော်ခါစမှာ မက်တဲ့ အိပ်မက်” နဲ့ “နံနက်လင်းအားကြီး အိပ်ယာနိုးလုလု” မှာ မက်တဲ့ အိပ်မက်တွေဟာ အနာဂါတ် ဖြစ်ရပ်တွေနဲ့ နီးနီးစပ်စပ် မှန်တတ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် “နံနက်လင်းအားကြီး မက်တဲ့ အိပ်မက်” ဟာ မှန်တတ်ပါတယ်။ (အားလုံးကိုတော့ မဆိုလို ပါဘူး)
.
အိပ်မက်ကို လူတစ်ချို့ မယုံကြည်ကြတဲ့ အကြောင်းတစ်ခုကတော့ “အမြီးမမောက် မတည့်ခြင်း” ဖြစ်ပါတယ်။ ကြုံဖူးကြပါလိမ့်မယ်။ အိပ်မက်ထဲမှာ လူတစ်ယောက်ကို စကားပြောနေရင်း ခဏနေတော့ အဲဒီလူမဟုတ်တော့ဘဲ နောက်ထပ် လူတစ်ယောက်ဖြစ်သွားတာမျိုးတွေ . . . လူတွေ အတောင်ပံပေါက်လာပြီး လေထဲမှာ ပျံဝဲနေတာမျိုးတွေ . . . အိပ်မက်ထဲမှာ “ကိုယ်လုံးတီးနဲ့” အရှက်မရှိ လျှောက်သွားနေတာမျိုးတွေ . . . “လဘ္ဘက်ရည်” ဆိုပြီး သောက်နေရင်း နဲ့ “ဘီယာ” ဖြစ်သွားတာမျိုးတွေ . . . စတိတ်ရှိုးပေါ်မှာ ဘုန်းကြီးတစ်ပါးက သီချင်းတက်ဆိုနေတာမျိုးတွေ . . . စတဲ့ အမြီးအမောက် မတည့်တာတွေ အတော်များများ မက်လာတဲ့အခါ “အိပ်မက်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး” ဆိုပြီး ယူဆ လာတတ်ကြပါတယ်။ အထူးသဖြင့် “ဆောင်းတွင်း အိပ်မက် ၊ ကယောက် ကယက်” ဆိုတဲ့ အတိုင်း ဆောင်းတွင်းမှာ ဒီလို အမြီးအမောက် မတည့်တာတွေ အမက်များတတ်ပါတယ်။
.
ဒါမေပယ့် အိပ်မက်ဟာ လုံးဝအဓိပ္ပါယ်မရှိပါဘူးလို့ မပြောနိုင်တဲ့ အကြောင်းလေးတွေလည်း လူတိုင်းလူတိုင်းမှာ ရှိနေတတ်ကြပါတယ်။ ဥပမာ- သူငယ်ချင်း တစ်ယောက်နဲ့ စကားတစ်ခုကို ပြောနေရင်း နဲ့ စိတ်ထဲမှာ ငါ ဒီ ကိစ္စ / ဒီအကြောင်းအရာကို ဒီ နေရာလေးမှာ ဒီလိုဘဲ ပြောဘူးပါတယ် . . ဆိုတဲ့ ခံစားချက် မျိုးပေါ့။ အတော်များများ ဖြစ်ဘူးကြမှာပါ။ ဒါဟာ အိပ်မက်ထဲမှာ ဖြစ်ခဲ့တာ မဟုတ်ပေဘူးလား။ ပြန်စဉ်းစားကြည့်ရင် အိပ်မက်ထဲက ဖြစ်ဘူးတယ် ဆိုတာ ပေါ်လာတတ်ပါတယ်။ တချို့ကြပြန်တော့လည်း လူစိမ်းတစ်ယောက်ကို “ပထမဆုံးအကြိမ်” တွေ့ဘူးတာ ဖြစ်ပေမယ့် ဒီလူကို တစ်နေရာရာမှာ မြင်ဘူး/စကားပြောဘူးပါတယ် ဆိုတဲ့ အတွေးမျိုးတွေကော ဖြစ်တတ်ပါတယ်။
.
ကိုယ်တစ်ခါမှ မရောက်ဘူးတဲ့ နေရာ ဒေသတစ်ခုကို ရောက်သွားပြီး ဒီနေရာ၊ ဒီလမ်းလေးကို ငါရောက်ဘူးပါတယ် ဆိုတဲ့ အတွေ့အကြုံမျိုးလည်း ရှိတတ်ကြပါတယ်။ ဒီလို အဖြစ်အပျက်အတော်များများဟာ “အိပ်မက်” နဲ့ ဆက်စပ် နေတတ်ကြပါတယ်။ တစ်ခါက ကျွန်တော် အိပ်မက်ထဲမှာ “ကရင်ပြည်နယ်” က မြို့လေးတစ်မြို့ကို ရောက်သွားပါတယ်။ အပြင်မှာတော့ ဒီမြို့ကလေး (ရောက်ဘူးဖို့ဝေးလို့) ကရင်ပြည်နယ်ရဲ့ ဘယ်အစိတ်အပိုင်း နားမှာ ရှိမှန်းတောင် မသိပါဘူး။
အိပ်မက်ထဲမှာ အဲဒီမြို့က ခရစ်ယာန်ဘုရားကျောင်းလေးတစ်ခု ကို ရောက်သွားပြီး “ဦးဒင်နီရယ်” လို့ခေါ်တဲ့ “သင်းအုပ်ဆရာ” တစ်ယောက် နဲ့ စကားစမြီ ပြောခဲ့ရတာကို မက်ဘူးပါတယ်။ ဒီ အိပ်မက်ဟာ အတော့်ကို ထင်ထင်ရှားရှားမက်တာ ဖြစ်လေတော့ ဒီအိပ်မက်ကို နှစ်အတော်ကြာသည်အထိ မေ့မသွားဘဲ မှတ်မိနေပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် နောက် (၂)နှစ်လောက်ကြတော့ သူငယ်ချင်းတစ်ယောက်ဟာ အဲဒီမြို့သူ မိန်းကလေး တစ်ယောက်နဲ့ “ညားသွား” ပါတယ်။ ဒါနဲ့ သူက အဲဒီမိန်းကလေးရဲ့ မြို့ကို “ဆွေပြမျိုးပြ” သွားဖို့ ဖြစ်လာတော့ ကျွန်တော်က သူငယ်ချင်းဖြစ်သူကို အဲဒီမြို့မှာ “ခရစ်ယာန်ဘုရားရှိခိုးကျောင်း” ရှိမရှိစုံစမ်းဖို့ နဲ့ “ဦးဒင်နီရယ်” ဆိုတဲ့ “သင်းအုပ်ဆရာ” ကို ရှာဖို့ တောင်းပန်တော့ သူက မယုံတယုံ ဖြစ်နေပါတယ်။ ရှာကြည့်ဖို့တော့ ကတိပေး သွားပါတယ်။ ကျွန်တော်က အိပ်မက်ထဲက အတိုင်း ဘယ်လမ်းက ဘယ်လိုသွားရတယ်ဆိုတာနဲ့ ခရစ်ယာန်ဘုရားကျောင်းရဲ့ ပုံစံကိုပါ ပြောပြလိုက်ပါသေးတယ်။
သူပြန်လာတော့ အလွန်အံ့သြနေပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်း အားလုံး ကွက်တိပါ ဘဲတဲ့။ လမ်းအနေထား၊ နေရာအနေအထား ၊ ခရစ်ယာန် ဘုရားကျောင်းပုံစံက အစ အားလုံး ကွက်တိဖြစ် နေပါတယ်။ ဒါပေမယ့် “ဦးဒင်နီရယ်” ဆိုတဲ့ သင်းအုပ်ဆရာကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားပါပြီတဲ့။ ဒါဟာ ကျွန်တော့်ဘ၀မှာ အိပ်မက်နဲ့ ပတ်သက်ပြီး ကြုံဘူးတဲ့ အဖြစ်အပျက်တစ်ခုပါ။
.
အိပ်နေစဉ် အပြင်ဘက်က “အသံတစ်ခု” နဲ့ “အိပ်မက်ထဲက အသံ” တို့ ထပ်တူကွက်တိ ဖြစ်နေတာမျိုးဟာလည်း အံ့သြစရာ တစ်ခုပါ။ ငယ်ငယ်က ဇာတိမြို့ ကလေးမှာ နေစဉ်တုန်းက အိပ်မက်တစ်ခု မက်ပါတယ်။ အိပ်မက်ထဲမှာ ကျွန်တော် “ဒုတိယ ကမ္ဘာစစ်” ကြီးထဲကို ရောက်သွားပါတယ်။ အဲဒီမှာ ဗုံးကြဲ လေယာဉ်ပျံကြီး တစ်စီးပေါ်ကနေ ဗုံးတွေ ကြဲချလိုက်တာကို မြင်ရပါတယ်။ ဗုံးတွေဟာ လေထဲမှာ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး မြေပေါ်ကို ကျတာနဲ့ “အုန်းကနဲ” မည်သံကြီးနဲ ပေါက်ကွဲသွားပြီး ကျွန်တော် အိပ်ယာက လန့်နိုးလာပါတယ်။ အမှတ်တကယ် လန့်နိုးရတဲ့အကြောင်းရင်းက အိမ်ခေါင်မိုး “သွပ်တန်း” ပေါ်ကို အိမ်ဘေးမှာရှိတဲ့ အုန်းပင်က “အုန်းခိုင်အတွဲလိုက်ကြီး” ပြုတ်ကျလာပြီး “အုန်းကနဲ” မည်သွားလို့ပါ။
ဘယ်အချိန်မှာ ပြုတ်ကျမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်တဲ့ “အုန်းသီးတွဲကြီး” နဲ့ “သွပ်မိုး” နဲ့ ထိတဲ့ အချိန်ဟာ အိပ်မက်ထဲက ဗုံးပေါက်ကွဲတဲ့ အချိန်နဲ့ စက္ကန့်မခြား တစ်ထပ်တည်း ဖြစ်နေတာ အတော်အံ့သြမိပါတယ်။ အိပ်မက်ဟာ တစ်ခုခု ဖြစ်မှာကို ကြိုသိတာများလားလို့ တွေးမိပါတယ်။
.
များသောအားဖြင့် အိပ်မက်တွေဟာ ပြတ်တောင်း၊ ပြတ်တောင်း မက်တတ်ပါတယ်။ တစ်ညတည်းမှာ အဖြစ်အပျက်များစွာ ၊ အစိတ်အပိုင်းများစွာကို မက်တတ်ပါတယ်။ ဒါပေမယ့် တစ်ညလုံးလုံး အိပ်မက်တစ်မျိုးတည်း မက်တာမျိုးကိုလည်း လူတချို့ ကြုံဘူးကြပါလိမ့်မယ်။ ရုပ်ရှင်ကြည့် နေသလိုမျိုးပေါ့။ ဇာတ်လမ်း ဇာတ်ကွက် တစ်ခုတည်းပါ။ တစ်ရေးနိုးလာလို့ အပေါ့အပါးသွားပြီး ပြန်အိပ်ရင်တောင် ပြတ်သွားတဲ့ နေရာကနေ ပြန်ပြီး မက်ပါတယ်။ ဗီဒီယို အခွေကို ခဏ Pause လုပ်ထားသလိုပေါ့။ ဒီလို အလွန်ဆန်းကြယ်တဲ့ “အိပ်မက်ရှည်ကြီးတွေ” ကို ကျွန်တော့်ဘ၀မှာ (၄)ကြိမ်လောက် မက်ဘူးပါတယ်။
ဒါပေမယ့် ဒီအိပ်မက်ဟာ အနာဂါတ်အကြောင်းလို့ ပုံသေ ပြောမရပါဘူး။ များသောအားဖြင့်တော့ “အတိတ်အကြောင်း”၊ “ယခင်ဘ၀ဟောင်းများ” က အကြောင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို အိပ်မက်မျိုးကို မက်တာဟာ တင်စားပြောရင် – “ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကား” ကို ကိုယ်တိုင် ပြန်ကြည့် နေရသလို ခံစားရပါတယ်။
.
ဒီနေ့တော့ ဒီလောက်နဲ့ တော်ပါဦးမယ်။ မနက်ဖြန်မှာ ကျွန်တော်ကိုယ်တိုင် “အိပ်မက်” ကနေ “အတိတ်ဘ၀” များကို ပြန်ရောက်သွားပုံအကြောင်းကို “အိပ်မက်” အပိုင်း(၂)မှာ ပြောပြ ပါဦးမယ်။ နောက်တစ်ခါ လူဝင်စားတစ်ယောက်က ပြောပြတဲ့ “အိပ်မက်” အကြောင်းလေးလည်း ပြောပြချင်ပါသေးတယ်။ ဒီအကြောင်းလေးကနေ အိပ်မက်များဟာ လူသားတွေ နဲ့ ၀ိဉာဉ်တွေ နဲ့ တွေ့ဆုံ ကြတဲ့ နေရာတစ်ခု ဖြစ်တယ်ဆိုတာ ယုံကြည်နိုင်လောက်တဲ့ အထောက်အထား ရှိကြောင်း တင်ပြပေးပါဦးမယ်။ အခြား အိပ်မက်နဲ့ ပတ်သက်ပြီး သိကောင်းစရာလေးတွေ / အိပ်မက် အဆိုးအကောင်း ခွဲခြားနည်း တွေကိုပါ တင်ပြပေးပါမယ်။ အိပ်မက်အကြောင်း သိကောင်းစရာ အဖုံဖုံပေါ့ဗျာ။
စိတ်ဝင်စားရင်တော့ စောင့်, ဖတ်ပါ။ ခပ်ကြောင်ကြောင် နိုင်တယ် ထင်ရင်တော့ As you like ပါဘဲ။
.
စာဖတ်သူအားလုံး ကျန်းမာချမ်းသာကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.




ဆရာ အိပ်မက်အကြောင်းတွေကို ကျမအရမ်းစိတ်ဝင်စားပါတယ် ဆက်လက်တင်မဲ့အကြောင်းကိုလည်း စောင့်မျှော်လျက်ပါ ကျမဘ၀မှာလည်း မကြာခဏဆိုသလိုအိပ်မက် မက်ပါတယ် အထူးသဖြင့် လက်တွေ့ဘ၀မှာ တခုခုအရေးတကြီးဖြစ်တော့မယ်ဆိုရင်ပေါ့ ပြီးတော့ သေသွားတဲ့ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကိုလည်း အိပ်မက်ထဲမှာ ခဏခဏပြန်တွေ့ရပါတယ် တခါတလေ သူတို့သားသမီးကို စိတ်မချဘူးလို့ပြောသွားတာမျိုး သူတို့လူပြန်ဖြစ်သွားပြီအဲလိုမျိုးပြောသွားတာမျိုးကြုံရပါတယ် အပြင်မှာ တကယ်ဟုတ်မဟုတ်တော့ ကျမလည်းမသိပါဘူး ထူးဆန်းတယ်လို့တော့ထင်မိပါတယ်
I’ve same experiance like you, sayar……waiting for your part two..
may peace be upon you, sayar
Colin…
ဆရာပြောသလိုပါပဲ….လူတွေရဲ့စိတ်ဟာအတိတ်ကိုကော..အနာဂတ်ကိုရော…အမြဲလိုလိုပြေးနေတာပါ….
ဒါပေမယ့်အဲဒီဦးနှောက်ကထွက်တဲ့လှိုင်းရဲ့အားအနည်းအများပေါ်မူတည်ပြီးတော့မှတ်မိတာမမှတ်မိတာ
ဖြစ်တယ်ထင်ပါတယ်ခင်ဗျာ……အိပ်မက်ကအတိအကျမဟုတ်ပေမဲ့အဖြစ်ကိုတော့အနီးဆုံးမှန်နေတာတွေကို
တွေ့ကြုံဖူးပါတယ်….ဆရာပြောတာကိုထောက်ခံပါတယ်….ကြားဖူးတာကတော့စိတ်ထဲရှိတာတွေကို..
ပုံဖော်ပေးတာလို့မြင်ပါတယ်….ဘယ်လိုလဲဆိုတော့သူကကိုယ်နားမလည်တဲ့ဘာသာနဲ့ပြောတာကို..
ကိုယ်ကမြန်မာဘာသာကိုပြန်ရသလိုထင်ပါတယ်…ပြောရရင်လူကစိတ်ကျဉ်းကြပ်ရင် ကောင်းကင်ပေါ်ကိုပျံရတယ်လို့မက်သလိုပါပဲ…..တခုခုကိုဖောက်ဖျက်ချင်ရင်တလွဲတွေကိုပဲ
မြင်နေရတာဖြစ်မယ်ထင်ပါတယ်…ကျန်းမာပါစေ…မင်္ဂလာပါ….စောင့်မျှော်နေပါ့မယ်..
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဆရာ..
ဆရာ့လို အိပ်မက်ထဲမှာရောက်သွားတဲ့နေရာကို နှစ်အနည်းငယ်အကြာမှာအပြင်မှာရောက်သွားတဲ့အဖြစ်မျိုးရှိခဲ့ဖူးပါတယ်
ထူးဆန်းတဲ့အဖြစ်အပျက်လေးတွေကြောင့် အိပ်မက်ဆိုတာကိုစိတ်ဝင်စားမိတာနိုးလာတဲ့အခါမှနိုးနိုးချင်းမထသေးပဲဘာတွေ
အိပ်မက်မက်ပါလိမ့်လို့ပြန်စဉ်းစားပြီးမှထဖြစ်တဲ့အထိပါပဲ..
အပိုင်း ၂ ကိုစောင့်မျှော်နေပါမယ်ဆရာ..
ဆရာနဲ့တကွမိသားစုအားလုံး ကျန်းမာရွှင်လန်းပါစေ
အခုလို အိပ်မက်အတွေ့အကြုံတွေကို ရေးပေးကြလို့ ကျေးဇူး အထူးတင်ပါတယ်။ ကိုယ်တွေ့လေးတွေ ရေးနိုင်မယ်ဆိုရင် ဆက်ပြီး ရေးပေးကြပါဦး။ နှိုင်းယှဉ်လေ့လာမှု ပြုချင်လို့ ဖြစ်ပါတယ်။
Mingalabar Saya,
It is very interesting article and I would like to ask you one thing about the dreams…If I dreamed on Saturday morning,all dreams come true within a week.It is very weird to me and sometime,i was so scared to be dreamed .
I will look forward your next articles saya.Share us more news for dreams.
thanks & best regards,sumon.
I’d love it.
အိမ်မက်များစွာမက်ဖူးပါတယ်ဆရာ။
၉ တန်းကျောင်းသားအရွယ်က မက်တဲ့အိမ်မက်ကတော့ တစ်နှစ်အကြာမှာ ထပ်တူပြန်တွေ့ခဲ့ရပါတယ်။
မက်တာက တစ်ခါမှ မမြင်ဖူးတဲ့ ကောင်မလေးပါ။ သနပ်ခါးဘဲကျားလည်းလိမ်းထားတယ်ခင်ဗျ။
ပါးပြင်က သနပ်ခါးနံ့ဟာ အိပ်မက်ကနိုးလာလို့ မနက်စင်စင်လင်းသည့်တိုင် ပတ်ဝန်းကျင်မှာ သနပ်ခါးနံ့ စွဲထင်နေခဲ့ပါတယ်။
အဲဒီမိန်းကလေးကြောင့် လူငယ်သဘာဝ ချစ်စိတ်ကူးယဉ်စိတ်တွေ လွင့်ပြယ်ပြီး ၁၀ တန်းကို ကောင်းအောင်ဖြေနိုင်ခဲ့ပါတယ်။
(ယခင်က ကြိုက်မယ်ကြံခဲ့တဲ့ မိန်းကလေးတွေကိုလည်း မကြိုက်မိဖြစ်ခဲ့ပါတယ်။)
ဒီလိုနဲ့ ၁၀ တန်းပြီးလာသည့်တိုင် ရောက်လောရာမှာ အဲဒီမျက်နှာပိုင်ရှင်ကို ရှာခဲ့ပါတယ်ဆရာ။
၁ နှစ်နီးပါးကြာလာတော့ မတွေ့နိုင်ဖြစ်ရတာကို စိတ်ခုလာပါတယ်။ ဒါနဲ့ပဲ ဒီနေ့မှာမှ မတွေ့ရင် နောက်နေ့မှာ
ကြံရွယ်ထားသူတစ်ယောက်ကို ချစ်စကားဖွင့်ပြေမယ်လို့ သံဒိဌာန်ချမိပါတယ်။
(ထိုစဉ်က မြို့တစ်မြို့မှာ ပန်းတိမ်အလုပ်လုပ်နေခဲ့ပါတယ်။) အဲဒီနေ့ညမှာပဲ စက်ဘီးစီးရင်းကနေ လမ်းဘေးပလက်ဖေါင်းမှာ
တင်ပုလွဲထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရပါတယ်။ မျက်နှာကျပုံ သနပ်ခါးလိမ်းပုံလည်း အလွန်တူပါတယ်။
(ထပ်တူထပ်မျှပဲလို့ ခံစားရပါတယ်။) ဒါပေမယ့်ဆရာရယ် အဲဒီအချိန်မှာ အဲဒီလမ်းဟာ မြို့တစ်မြို့ရဲ့ ဒုတိယအကြီးဆုံးလမ်းဖြစ်ပေမယ့်
(ကျွန်တော် စက်ဘီးနဲ့ ခေါက်တုံ့ခေါက်ပြန် ကျွန်တော့်အထင် ၁၀ မိနစ်ခန့် သူ့ရှေ့စီးပေမယ့်) ကားစက်ဘီးတစ်စီးမှ မဖြတ်တာ
လူတစ်ဦးတစ်ယောက်မှ မသွားလာတာ၊ မီးရောင်ကောင်းစွာမရသော်လည်း သူ့မျက်နှာ အသားအရေတွေ ၀င်းဖြူနေကာ
ကောင်းစွာမြင်ရတာ၊ မိန်းကလေးက ကျွန်တော့်ကို လှည့်လို့တောင်မကြည့်ဘဲ အဝေးကိုငေးနေတာ၊
ကျွန်တော်ကိုယ်၌က စိုးစဉ်းမျှ မအံသြမိကာ မင်တက်မိနေတာ၊ အာစေးထည့်သလို ဘာမှ မပြောမိဘဲ တွေဝေနေမိတာတွေက
နားလည်လို့မရလောက်အောင် ထူးပါတယ်ဆရာ။ တကယ်ဆို ကြက်သီးမွှေးညှင်းထသင့်တယ်လို့ထင်ပါတယ်ဆရာ။
စက်ဘီးသာပတ်စီးပေးမယ့် သူ့နားကိုသွားရပ် မိတ်ဆက်သင့်တာပေါ့ဆရာရယ်။ တွေးမိတိုင်းလည်း နောင်တရပါရဲ့ခင်ဗျ။
အဲဒီကလေးမကိုတွေ့တဲ့ညဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနက်ဖန်ရွာကို အလည်ပြန်မယ်လို့ ဆုံးဖြတ်ချက်ချထား
စီစဉ်ပြီးသားဖြစ်တာကြောင့် မပြန်ချင့်ပြန်ချင်ပြန်ခဲ့ရပါတယ်။ တစ်ပတ်လောက် အောင့်အီးနေပြီး ပြန်လာအရှာမှာတော့၊
ထိုမိန်းကလေးကို တွေ့ရတဲ့ အိမ်နေရာဟာ တလင်းပြင်ကြီးဖြစ်လို့နေပါတယ်။ စုံစမ်းကြည့်တော့
ကျွန်တော်တွေ့ခဲ့တဲ့ ရက်ဝန်းကျင်က မြို့တစ်မြို့ကို ဒီတစ်မိသားစုလုံး ပြောင်းသွားတယ်လို့ သိခဲ့ရပါတယ်။
အစွမ်းကုန်စုံစမ်းကြည့်သော်လည်း ထိုစဉ်အခါက ထိုအိမ်မှာ ရပ်ဝေးရပ်နီးမှ အလည်လာသူအပါအ၀င်
အိမ်ရှင်မိန်းကလေးပါ ကျွန်တော့်အရွယ် မိန်းကလေး ၃ ယောက် ရောက်နေတယ်လို့သိရတာမို့ ဘယ်သူရယ်လို့
ဘယ်လိုမှ စုံစမ်းမရခဲ့ပါဆရာ။ အဲဒီပတ်ဝန်းကျင်မှာပဲ မိန်းမလှလေးတစ်ယောက်ကို မကြာခဏတွေ့မိခဲ့ရပါသေးတယ်။
ဘယ်လိုမှ အခြေအနေမပေးတာကြောင့် ထိုမိန်းကလေးဟာ ထိုညက မိန်းကလေးဟုတ်မဟုတ် သေချာမစုံစမ်းနိုင်ခဲ့ပါ။
ကျောင်းဆက်တက်ဖို့ အဲဒီမြို့လေးကနေ စွန့်ထွက်သွားခဲ့ရပါတယ်။ အကြောင်းဆုံလို့ အခွင့်သာတိုင်း
ထိုညက နေရာလေးရှေ့ကို စိတ္တဇဆန်ဆန် သွားသွားကြည့်မိကြောင်းပါ။
ဒီလိုနဲ့ပဲ ရက်တွေလတွေတာကုန်လာတယ် ထိုမြို့လေးနဲ့ ဝေးသလို အိပ်မက်ပိုင်ရှင်ကိုလည်း မတွေ့ရတော့ပါ။
ကျွန်တော်အိပ်မက်မက်ခဲ့စဉ်ညကတော့ မိုးတွေရွာနေပြီး မိုးသက်လေလေးနဲ့အတူ အိပ်ပျော်သွားခဲ့တာပါ။
အယူသီးသူမဟုတ်ပေမယ့် မိုးတွေရွာတဲ့ညတွေဆို သတိရမိတယ်ခင်ဗျ။
ဒီအိပ်မက်ကြောင့် (သူ့ကြောင့်) ၁၀ တန်းမှာ စာကောင်းကောင်းကျက်ဖြစ်ခဲ့တာကြောင့်လည်း ကျေးဇူးတင်မိပါတယ်ဆရာ။
မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုမယ်ကြံတိုင်းလည်း သူ့ကို အားနာမိတယ်ခင်ဗျ။
တစ်ဖက်ကလည်း ဘာမဟုတ်တဲ့ အိပ်မက်နဲ့ အဖြစ်အပျက်လေးကိုပဲ အယူသည်းတဲ့ ကိုယ့်စိတ်ကိုယ်ကို ပျက်ရယ်ပြုချင်မိပါတယ်။
အဖြစ်အပျက်တွေကို ရက်လကအစ မှတ်မိပါတယ်ဆရာ။ အထက်က ရေးခဲ့သမျှမှာ လီဆယ်လိမ်လည်ပြောခဲ့ရင် တတ်ထားသမျှ
ပညာအကုန်ပျောက်ပါစေလို့ ကျိန်ပါတယ်ဆရာ။ (ဘာမှမတတ်တော့လည်း ကျိန်ရဲတာပေါ့ဆရာရယ် အဟီး)
ကျွန်တော့်လိုဆင်တူ အိပ်မက်မက်ကြတဲ့ စုံတွဲတစ်ယောက်အကြောင်းကို ကျွန်တော့်အသိတစ်ယောက်က
ပြန်ပြောတာကြားဖူးပါတယ်ဆရာ။ အိပ်မက်ထဲကလို ဆုံဆည်းကြသော်လည်း ဇာတ်သိမ်းမလှကြပါဆရာ။
မစုံဖက်သင့်လောက်အောင် ကွာခြားတဲ့ ဂုဏ်ဓနတွေကြောင့် ခိုးပြေးခဲ့ကြသည့်တိုင် ရှင်ကွဲကွဲကြရပါတယ်။
ကာယကံရှင်ကိုယ်တိုင် သက်ရှိထင်ရှားရှိနေကြပါတယ်။ လက်ဆယ်ချောင်းမက သူငယ်ချင်းတွေ သိကြပါတယ်ဆရာရေ။
ကျွန်တော်ကိုယ်တိုင်ကလည်း အအိပ်ပုတ်လို့ထင်ပါရဲ့ခင်ဗျာ၊ အိပ်မက်များစွာမက်ပါကြောင်း၊
တစ်ချို့အိပ်မက်တွေဟာ ဘာလိုလိုညာလိုလို မရေရာပါ။ တစ်ချို့က အရောင်းအဆင်းကွဲပြားပြီး၊ တစ်ချို့က အနံ့အသက်ပင်ပါပါကြောင်း။
များသောအားဖြင့် ရေရာတဲ့ အိပ်မက်တွေဟာ အိပ်ရေးဝချိန် မနက်ခင်း၊ နေ့လည်နေခင်းတွေမှာ မမက်ဘဲ၊
အိပ်လို့မှမကြာမိ ညဦး သန်းခေါ်ကျော်ကျော်လေးလောက်မှာ မက်တတ်ပါကြောင်း စိစစ်မှတ်သားမိပါတယ်ဆရာ။
ဆရာ့ပိုစ့်များအား စောင့်မျှော်ဖတ်ရှုလျှက်
ညီငယ် ပခန်း
အိပ်မက် အကြောင်းကိုအရမ်း စိတ်ဝင်စားပါတယ်
နောက်ထပ်ကိုလဲ စောင့်မျော်နေပါတယ်
ကျေးဇူးတင်ပါတယ်…
ခင်မင်စွာဖြင့်
ရွှေဂဲ
တိုက်၂ဆိုင်၂ဆရာရယ် ကျနော်လဲ အိပ်မက်တခု မက်ပီး အဲဒီအိပ်မက် ကောင်းမကောင်းသိချင်လို့ အိပ်မက်အကြောင်းလိုက်ရှာနေတုန်း ဆရာ ဒီဆောင်းပါးရေးတာနဲ့ တန်းတိုးနေပါရောလားး။ ဆရာဆက်ရေးမဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစားစောင့်ဖတ်နေပါတယ်ဆရာ…။
ှဆရာခင်ဗျား… ကျွန်တော်ရဲ့  စိတ်ပညာဗေဒဆိုင်ရာဘလော့ဆိုဒ်မှလည်း အိမ်မက်အ
ကြောင်းတွေနဲ့  စိတ်ပညာအကြောင်းတွေကို တင်ဆက်ရေးသားနေပါတယ်။ကျွန်တော်
လည်းလောကဓါတ်ပညာကို လေ့လာလိုက်စားနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။ကျွန်တော့်ရဲ့  အွန်လိုင်း
လိပ်စာကတော့ https://htetaunghlaingphilosophy.wordpress.com ဖြစ်ပါတယ်ခင်ဗျာ။
ဆရာ..အိမ်မက်အကြောင်းတွေ ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလိုပါဘဲ..အိမ်မက်တွေရဲ့ ထူးခြားဆန်းကျယ်မှု့ကလည်း အံမခန်းပါဘဲ..ဆရာ ပြောတဲ့ အိမ်မက်တွေအကြောင်းကို စိတ်ဝင်စားမိပါတယ်..ဆက်ပြောပါဆရာ..
ကျမအမလည်းထူးဆန်းတဲ့အိပ်မက်တွေမက်တတ်တယ်။ တနေ့သူ့သူငယ်ချင်းတစ်ယောက် လှေကားပေါ်ကပြုတ်ကျလို့ ခေါင်းကွဲသွားတယ်လို့အိပ်မက်မက်တယ်။ နောက်နေ့ကျတော့ အဲဒိသူငယ်ချင်း ကျောင်းကို ပတ်တီးကြီးနဲ့ရောက်လာတယ်။ ဘာဖြစ်တာလဲဆိုတော့ လှေကားပေါ်ကပြုတ်ကျတာတဲ့။ သူကအဲလိုမျိုးတွေခဏခဏမက်တတ်တယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကျော်တုန်းက အဖေ ရာထူးတက်တယ်လို့ အိပ်မက်မက်ဖူးပါတယ်။ တကယ်တော့ အဲဒီ့အချိန်တုန်းက တော်တော်လေး မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဖေ့ အသက်က ပင်စင်ယူဖို့ ၂ နှစ်လောက်ပဲ လိုတော့တဲ့အချိန်မို့လို့ပါ။ ဒါပေမယ့် မထင်မှတ်စွာပဲ တကယ် အဲဒီ့ရာထူးကို အဖေရခဲ့ပါတယ်။ တိုက်ဆိုင်တယ်လို့ပဲပြောရမှာပေါ့။
အိပ်မက်တွေကမှန်တတ်ပါတယ်.အိမ်မက်တွေကအရမ်းစိတ်ဝင် စားဖို့ ကောင်းပါတယ်.ဆက်လက်တင်ပြမယ့်အကြောင်းတွေကိုဖတ်ချင်ပါတယ်
တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ကျွန်တော်လည်း အဲ့လိုမကြာခဏဖြစ်တက်ပါတယ်။အကုန်တော့မမှန်ဘူးပေါ့။ကျေးဇူးတင်ပါတယ်။
ဆရာ အိပ်မက်ဟာ စိတ်စွဲလန်းလို့ မက်တဲ့အိပ်မက် နဲ့  ကြိုတင်နိမိတ်မြင်တဲ့ အိပ်မက်လို့ ရှိလား ခင်ဗျာ။ တခါတလေ ကိစ္စတစ်ခုခုကို စိတ်စွဲပြီးအိပ်တဲ့ အခါ အဲဒီကိစ္စကိုပဲ အိပ်မက်ထဲမှာ ဆက်ပြီးမက်ဖူးပါတယ်။ တခါတလေ ဘာမှ အစွဲအလန်းမရှိဘဲ မထင်မှတ်တဲ့ ကိစ္စတွေကို အိပ်မက်မက်ဖူးပါတယ်။ တခါတလေ အိပ်မက်မက်ချင်ပေမယ့် မမက်ပါဘုး။ အထူးသဖြင့် မေတ္တာဘာဝနာပွားပြီးအိပ်ပျော်သွားတဲ့ အခါဘာမှ မမက်သလောက်ပါပဲ။ ဆရာရဲ့အိပ်မက်…(၂) ကို စောင့်မျှော်နေပါတယ်ခင်ဗျာ။
ယုယုနိုင်
ဆရာေ၇းထားတဲ့အိပ်မက်အကြောင်းက ဖတ်ရတာအလွန်ကောင်းပါတယ်။ကျမလည်းအိပ်မက်တွေနှင့်ခေါင်းစားနေရတဲ့
လူတယောက်ပါ။ကျမလူလိမ်ခံရတော့မယ်ဆို၇င်အိပ်မက်ထဲကလူတွေကအိပ်မက်ထဲကနေပြောပြတတ်တယ်။
လူလိမ်ကရင်းနှီးတဲ့လူတွေဖြစ်ပြီးအိပ်မက်ထဲကလူတွေကကျမနှင့်မရင်းနှီးတဲ့နိုင်ငံခြားသားတွေဖြစ်နေလို့ပါ။
အမှန်ကိုတကယ်မသိခဲ့ပါ။တနေ့တော့ရင်းနှီးတဲ့လူတွေကသူတို့ကိုပေးထားတဲ့ပိုက်ဆံတွေကိုလိမ်လိုက်ပါတယ်။
အဲ့ဒါအပြင်သူတို့ကအမှု့တောင်ပြန်ပြီးဆင်လိုက်ပါတယ်။အိပ်မက်ကိုကျေးဇူးတင်ရမှာပါ။ကျမကသတိထားခဲ့တယ်လေ။
စိတ်ဝင်စားပါတယ်
အိမ်မက်မက်တိုင်းလည်း အိမ်မက်စာအုပ်ကြည့်တတ်တဲ့အကျင့်ရှိပါတယ်
ကောင်းပါတယ်
စိတ်လည်းဝင်စားပါတယ် အိမ်မက်မက်ရင် အိမ်မက်စာအုပ်ကြည့်တတ်တဲ့အကျင့်လည်းရှိတော့ စိတ်ဝင်စားပါတယ်
ကျနော် နယ်ကိုပြန်တဲ့အခါ အတန်းမတက်ရ၊ အလုပ်မလုပ်ရတဲ့အတွက် စိတ်ရှင်းနေတတ်ပါတယ်။ အဲလိုအခါမျိုးမှာ မနက်စောစော အိပ်ရေးဝလို့ မနိုးခင်လေးမှာ သင်္ကေတတွေ မြင်မက်တတ်ပါတယ်။ စမ်းချင်တာကြောင့် နှစ်လုံးထီထိုးခဲ့ရာမှာ မကောက်ယူတတ်လို့ မပေါက်ပေမယ့် မှန်တယ်လို့ပြောရအောင် တိုက်ဆိုင်ခဲ့ရပါတယ်။ အဲဒီထဲက မှတ်မိတာတခုက တရက်မှာပေါ့ဗျာ မနက်လင်းအားကြီး အိပ်ရေးဝလို့ မနိုးခင်လေးမှာ ဂငယ် တခြမ်းပိုင်းပုံနဲ့ အဲဒီအောက်မှာ လေးထောင့်တုံးလေး နှစ်တုံးကို မြင်မက်ခဲ့ပါတယ်။ အိပ်ရာထတော့ ကျနော်အမေ့ကို ပြောပြပြီး ၈၂ – ၂၈ နဲ့ ၁၂ – ၂၁ နှစ်လုံးထီလေးကွက် ထိုးခိုင်းခဲ့ပါတယ်။ ညနေဂဏန်းထွက်ချိန်မှာ ၈၈ ထွက်ခဲ့ပါတယ်။ ၈၈ ကို ကျနော်မစဉ်းစားမိခဲ့တာပါ။ အဲလိုမျိုးအိပ်မက်တွေ အများကြီးမက်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ချဲထီဝါသနာ မပါသူဖြစ်လို့ မထိုးဖြစ်ခဲ့တာတွေ၊ အတိတ်မကောက်တတ်တာတွေကြောင့် မပေါက်ခဲ့ပေမယ့် အနီးစပ်ဆုံးမှန်နေတာကို တွေ့ရပါတယ်။ ကျနော်ဆရာ့ကို အဓိကမေးချင်တာကတော့ အဲဒီလို စိတ်ရှင်းပြီး အိပ်ရေးဝလို့ ခေါင်းကြည်နေတဲ့အခါမျိုးမှာ လောက(သို့) ဝန်းကျင်မှာ ရှိနေတဲ့ အလွှာတွေ၊ ဖြစ်လာမယ့် ဖြစ်ရပ်တွေ၊ ကိန်းဂဏန်းတွေ၊ ဆုံလာမယ့် သူတွေ စသဖြင့်တွေကို တွေ့ကြုံတတ်တာမျိုး၊ ကြိုမြင်တတ်တာမျိုး၊ မြင်မက်တတ်တာမျိုး ရှိတတ်ပါသလားဆရာ။ အလားတူဖြစ်ရပ်နဲ့ ဆောင်းပါးများရှိရင် လေ့လာလိုပါတယ်ဆရာ။
ရည်းစားနဲ့အဆင်ပြေချင်တယ်
ဒီအပိုင်းကတော့ တော်တော် မှန်တယ်လို့ထင်မိပါတယ်
ဆရာရယ် ကျွန်တော်ဆရာ ရေးတာ အကုန်လုံးကို စိတ်ဝင်စားပါတယ်….ကျွန်တော်သိချင်တာကို ဖြတ်မေးပါရစေဆရာ…ကျွန်တော်လေ အိပ်မွေ့ချ နည်းလေးကိုသိချင်ပါတယ်ဆရာ..နောက်…ဆရာရယ် မျက်လုံးခြင်းကြည့်ပြီး အိပ်မွေ့ချတာပါ..ပြောပေးပါဆရာ..မသိလို့ မေးတာမှားရင်လည်း ခွင့်လွတ်ပါဆရာ…တတ်သိချင်ပေမယ့်..မမေးတတ်လို့ပါ…လေးစားစွာဖြင့်…ဖြစ်နိုင်ရင်မေးလ်ကိုပို့ပေးစေချင်ပါတယ်ဆရာ..
ကိုသဲကို သို့
အိပ်မွေ့ချနည်းကို လေ့လာဘူးရုံမျှသာ ရှိပြီး၊ လက်တွေ့မလုပ်ဘူး တာကြောင့် ပြောပြဖို့မလွယ်ပါဘူး။ အိပ်မွေ့ချနည်းဟာ ကျွမ်းကျင်တဲ့ ဆရာတဲ့ လက်ထပ်သင်တာမဟုတ်ရင် အန္တရာယ် ရှိပါတယ်။ လေ့လာကြည့်ချင်ရင်တော့ ၀က်ဆိုဒ်တစ်ခု ရှိပါတယ်။
https://htetaunghlaingphilosophy.wordpress.com/ မှာ သွားပြီးလေ့လာကြည့်ပါ။
ပျော်ဖို.ကောင်းပါတယ်
နာမ် လွင့်တဲ့ လိပ်ပြာလွင့်တဲ့အတတ်ဆိုတာ တကယ်၇ှိလားခင်ဗျာ
၇ှိ၇င် သူ့အကြောင်းအ၇ာတွေပြောပြပေးနိုင်မလား
လေ့လာ၇မဲ့ စာအုပ်တို့ ဆိုဒ်တို့ဖော်ပြပေးနိုင်မလား
I’m agreed with u for this post.
I’m also very interested about dreams.In my life, usually dream about family members,friends and work when something ‘s going to become in real life.
thank`s
ဒေါက်တာ ပြောသလို ကျွန်မလဲ
ကြုံဖူးပါတယ် အိပ်မက်ထဲက အကြောင်းကို ဥပမာ နေရာလိုမျိုးပေါ့ အပြင်မှာ ပြန်မြင်ရဖူးပါတယ်
အဲဒါ ဘာကြောင့်လဲ တော့မသိဘူး အဖြေကို ဒေါက်တာ ဖြေပေးနိုင်ရင် သမီး ဆီ ပို့ပေးပါဦးလို့ သမီး တောင်းခံပါတယ် သမီး မေးလိပ်စာ လဲ ရေးပေးလိုက်ပါတယ်
လိပ်စာက jasminehtwelay@gmail.com
အိမ်မက်အကြောင်းကိုအလွန်စိတ်ဝင်စားပါတယ် သိလဲသိချင်ပါတယ်
ဒီအိမ်မက်ကကောင်းလားမကောင်းဘူးလားဆိုတာသိပ်သိချင်ပါတယ်
အထူးသဖြင့်မနက်ဖြန်ကျရင်ဘာဖြစ်မှာလဲဆိုတာအတိတ်လာပေးလာတာလားသတိ
လာပေးတာလားဆိုတာတွေထင်မိပါတယ်
ဟုတ်ပါတယ်
မှန်ပါတယ်ကျွန်တော်(လုံးဝ)2 ကိုယုံပါတယ်
ယုံပါတယ်ခင်ဗျ…ယုံဆိုလက်တွေ့ဘဲလေကျွန်တော်10တန်နှစ်ကပေါ့ အိပ်မက်ထဲမှာကောင်မလေးတစ်ယောက်ခင်ခဲ့ရပါတယ်သူရဲ့မျက်နာကအစကျွန်တော် မှက်မီနေပါတယ် သူနဲ့ခင်ခဲ့ရတာကလဲကျောင်းမှာဘဲလေ ဒါနဲ့ကျွန်တော်လည်း ကျောင်းကိုရောက်ရင်တော့အိပ်မက်ထဲကကောင်မလေးကိုတွေအောင်ရှာမယ်ပေါ့လေ…အဲဒါနဲ့ကျွန်တော်လည်းသူငယ်ချင်းတစ်ယောက်ကိုခေါ်ပြိးတော့လိုက်ရျာတာပေါ့ တွေ့ပါတယ်အိပ်မှက်ထဲကအတိုင်းဘဲဗျာအံ့သြလိုက်တာမ အရမ်းဘဲဒါပေမဲ့အပြင်မျာတော့သူကို နူက်မဆက်ဖြစ်ပါဘူး အဲ့ဒီနောက်ပိုင်းအိပ်မက်တွေခဏ ပြီးခဏမက်ခဲ့ပါတယ်အိပ်မက်ထဲမှာနှင်းဆီပန်းမြင်မက်ရင်နောက်နေ့ဘဲအဲံဒိ့နှင်းဆီပန်းကိုတွေ့ရတာဘဲ လေ ရက်ခြာရက်ခြားမြင်မက်ခဲံပါတယ်မက်တမျီုးစီပေါ့နော် နောက်တစ်တစ်ခုရှိသေးတယ်အိပ်မက်ကိုထိန်းချုပ်လို့ရထာလေ…သရဲချောက်ထာကိုမြင်မက်ရင်ကိုမလိုလားဘူးဆိုပါတော့ အဲ့ဒီအိပ်မက်ကိုစိတ်ကထိန်းချုပ်ပြိးပြောင်းလိုက်လို့ရနေတယ် ..ဒါမှမဟုက်အိပ်ရာကနေအိပ်စက်ခြင်းမှနိုးပါတော့လို့စိက်ထဲကနေသုံးလေးကြိမ်လောက်ပြောလိုက်တာနဲ့ချက်ခြင်းဘဲနိုးလာတော့ထာဘဲ အရမ်းထူးဆန်းလွန်းတယ်ဗျအိပ်မက်ထဲကမသိစိက်ရဲ့ အိပ်မက်လောကကိုထိန်းချုပ်နိင်တာကိုလေ ကျွန်တော်ပြောပြနေတာကိုယုံမလားတော့မသိဘူး လက်တွေ့စိတ်တွေ့လေ..ဒါပေးမဲ့ရုပ်ရှင်တွေထဲကလိုတော့ကိုဖြစ်ချင်တာကြိးကိုတော့ဖန်တီးပြီးလုပ်လို့တော့မရဘူးနော်…ကျွန်တော်စမ်းသပ်ကြည့်သေးတယ်ဗျ ဟဲဟဲမရပါဘူးရလို့ကတော့နော်ဟင်းဟင်း ဒါပေမဲ့တခုတော့ရှိတယ်ဗျကောင်းကင်မှာပျံသန်းခြင်းမျီုးလေအဲ့ဒါ ကိုတော့လုပ်လို့ရတယ်ဗျ ပြောပြမယ်ကျွန်တော့နောက်ကိုလူတစ်ယောက်လိုက်တယ်ပေါ့နော့်မြေပြင်မှာနော် ဒါကိုကျွန်တော့်ရဲံစိက်ကလည်းအိပ်မက် မက်နေတာပါလားဆိုတာကိုသိနေတယ်..ဆက်မပ်စေတယ် ပြီးတော့လေထဲမှာကိုလိုသလိုပျံသန်းစေတယ်သူငယ်ချင်းတို့တွေးကြည့်လိုက်ပါလေထဲမှာပျံသန်းရတာကိုဘယ်လောက်တောင်လိုချင်ကြမလဲလေအရမ်းကြည်နူးဖို့ကောင်းတာဗျပြီးတော့ပျံသန်းရတာကိုလိုသလိုဖန်တီးလို့ရတယ်လေပျော်စရာကြီးဗျာ အရမ်းရမ်းဘဲပျော်တယ်အဲ့ဒိလိုအိပ်မက်မျီုးကိုညတိုင်းလိုလိုမက်ခဲ့ရတယ်လေ ဒါပေမဲ့အခုတော့ အဲ့ဒီလို့မျီုးအိပ်မက်တွေမမက်တော့ဘူလေ မက်ခဲ့တဲ့နှစ်တွေကတော့ 2003ကနေ 2008 ငါးနှစ်လောက်မှက်ခဲ့တယ်ဗျဒါကတော့အိပ်မက်ထဲးက မသိစိက်ရဲ့ဖြစ်ရပ်မှန်လေပါနော်.မသိစိတ်ရဲ့ထူးဆန်းမှု့တွေကိုကဲအားလုံးသိအောင်ရင်ဖွင့်လိုက်တာပါနော့်………
အရမ်းကောင်းပါတယ်ဗျာ….
အရင်တုန်းက ချစ်သူ နှစ်ဦး ပေါင်းစပ် ရာခိုင်နှုန်းထည့်ထားတယ်။ ခု ဘာဖြစ်လို့ဖြုတ်လိုက်တာလဲ ။ ပြန်ထည့်ပေးပါလား။
ပရိုဂရမ် နဲနဲ ပြန်ပြင်နေတယ်။ ပြန်တင်ပေးမှာ။ စိတ်ချ။
နာမ်လောကပုဂ္ဂိုလ်ဆိုတာဘာလဲ…ဗုဒ္ဒဘာသာမှာဆို နာမ်ချည်းသက်သက်နဲ့နေတာ ဟိုးအထက်ဆုံးဘုံကဗြမ္မာကြီးတွေပါ…ကျန်တဲ့ဘုံတိုင်းမှာတော့ရုပ်နဲ့နာမ်၂ခုစလုံးရှိပါတယ်…
နောက်ပြီးသေသွားလို့ တစေ သရဲ ဖြစ်သွားရင်သူတို့မှာ လူတွေမမြင်နိုင်တဲ့
အလင်းလှိုင်းတစ်ခုခုမှာ ရှိတယ်လို့ထင်မိပါတယ်…ရုပ်မရှိတာမဟုတ်ပါဘူး…မမြင်ရတာပါ…
အိပ်မက်ကသူတို့နဲ့လူတွေရဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုဆိုတာတော့လက်ခံပါတယ်…
အိပ်မက်နိမိတ်ဆိုတာ…အတွင်းစိတ်ရဲ့အားကောင်းတဲ့စွမ်းအင်ကြောင့်လည်းဖြစ်မယ်လို့
ယူဆမိပါတယ်…အရက်သမားအိပ်မက်ကတော့နိမိတ်ကောက်ဖို့မလွယ်လောက်ဘူး
ထင်တယ်…လူသေသွားပြီးစိတ်ဝိညာဉ်ကလွတ်ထွက်သွားတယ်ဆိုတာတော
့ဗုဒ္ဒအထူးတည်ငြင်းတဲ့ဒိဥိအယူပါပဲ…ရုပ်တရားသာပျက်စီးပြီးနာမ်တရားက
တော့မပျက်စီးဘူးဆိုတဲ့အမြဲတည်မြဲနေတဲ့မိစ္ဆာဒိဥိပါ…(ဆိုင်တော့မဆိုင်ပေမယ့်
တချိဲု့postတွေမှာနာမ်လောကဆိုတာလေးကိုနားမရှင်းလို့ပါ…
နားလည်မှုလွဲရင်တောင်းပန်ပါတယ်…)
ဒီဆောင်းပါးမှာ ဆိုလိုတဲ့ “နာမ်လောက” “လူ့မျက်စေ့” နဲ့ မမြင်နိုင်တဲ့ လောက (တနည်းအားဖြင့်) “ပရလောက” ကို ပြောတာပါ။ ဒီနေရာမှာ ဘာသာရေးအကြောင်း ရေးတာမဟုတ်လို့ လူတွေနားလည်လွယ်တဲ့ “နာမ်လောက” လို့ သုံးလိုက်တာပါ။ ဒါကို ဗုဒ္ဓဘာသာ ကျမ်းစာတွေနဲ့ မရောထွေး စေလိုပါ။
“ဂွ” စကား ပြောရရင် “နာမ်ချည်းသက်သက် ရှိတဲ့ ဗြမ္မာ့ဘုံတို့၊ ရုပ်ချည်းသက်သက်ရှိတဲ့ ဗြမ္မာ့ဘုံတို့” ဆိုတာတွေဟာ ဘာသာရေး စာအုပ်ထဲက ကိစ္စတွေပါ။ “ဘယ် သာမန်လူသား” မှ မမြင်ရပါဘူး။ မမြင်ဘူးကြပါဘူး။ စာအုပ်ထဲက စာသားတွေကတော့ ဘာသာရေးစာအုပ်လေး နဲနဲပါးပါး ဖတ်ကြည့်ရင် လူတိုင်း ရွတ်တတ်ပါတယ်။
“စိတ်၊ စေတသိတ်၊ရုပ်၊ နိဗ္ဗာန်” ဆိုတဲ့ အမှန်တရား(၄)ခုသာ ရှိလို့ “နိဗ္ဗာန်” တစ်ခုက လွဲရင် အားလုံးသော ဘုံဘ၀တွေဟာ “စိတ်၊ စေတသိတ်၊ ရုပ်” နဲ့သာ တည်ဆောက်ထားတယ်ဆိုတာ ရှင်းပါတယ်။ “သြဠာရိကရုပ်” ဆိုတဲ့ “ရုပ်ကြမ်း” နဲ့ တည်ဆောက်ထားရင် သာမန်မျက်စေ့နဲ့ မြင်ရမယ်၊ “သုခုမ” ဆိုတဲ့ “ရုပ်နု” နဲ့ တည်ဆောက်ထားရင် သာမန်မျက်စေ့နဲ့ မမြင်ရဘူး ပေါ့။ ဒါတွေက စာအုပ်တွေ လိုက်ဖတ်လိုက်ရင် သူသူငါငါ သိကြမှာပါဘဲ။ လူတော်တော်များများလည်း သိကြပါတယ်။ ကိုယ်လောက်သာ သိတယ်လို့တော့ မယူဆစေချင်ဘူး။ စာသိတွေပါ။
“သက္ကာယ၊ ဥစ္ဆေဒ ၊ ဿသတဒိဌိ” ဆိုတာတွေကလည်း ၀ိပဿနာ (၇)ရက် စခန်းတစ်ခုလောက် ၀င်ကြည့်လိုက်ရင် ကြားဘူးနားဝ ရှိသွားတာပါဘဲလေ။ အိပ်မက်အပေါ်သုံးသပ်တာလေးကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် “အရက်သမားအိပ်မက်” ဆိုပြီး အဆင့်နှိမ့် ပြောတာတော့ လက်မခံချင်ပါဘူး။ အရက်သောက်လိုက်တာတစ်ခုတည်းနဲ့ “လူသားတစ်ယောက်ရဲ့ အဆင့်အတန်း” ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ သူ့အိပ်မက်တွေကလည်း အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အရက်လုံးဝမသောက်ပေမယ့် ကိုယ်ကျင့်တရား/လူ့တန်ဖိုး လုံးဝပျောက်ဆုံးနေတဲ့ လူတွေ အများကြီးရှိတယ်။ ဒီလိုလူတွေရဲ့ အိပ်မက်ဟာ အဓိပ္ပါယ် ရှိတယ်ဆိုရင် အရက်သမားအိပ်မက်က ဘာလို့ အဓိပ္ပါယ် မရှိနိုင်ရမလဲ။ သေသေချာချာ တွေးကြည့်ပါ။
ကျေးဇူး အထူးတင်ပါတယ် ဆရာ့ ရဲ့ ဆိုက်ကို အမြဲ လာဖတ်ြ့ပီး ဆရာရဲံ ပညာနဲ့ စေတနာ ကို လေးစားသူ တယေါက်ပါ
ကျမမှာလည်း အိမ်မက်နဲ့ ပါတ်သက်တဲ့ အတွေ့အကြုံ အများအပြား ရှိပါတယ် ဒါပေမယ့် အားလုံးတော့ ဒီမှာ မရေးလိုပါဘူး အကျဉ်းနဲ့ အရေးကြီးတာ ပြော ရရင်တော့ အိမ်မက်စင်းတယ် ခေါ်မလားဘဲ ကိုယ် သွားရမဲ့ နိုင်ငံ လုပ်ရမဲ့ အလုပ် စသည်ဖြင့်ကို ကြို ပြီး အိမ်မက်လေ့ ရှိပါတယ် အစပိုင်းတွေ မှာ မဖြစ်နိုင်ဘူး ထင်တာရယ် နားမလည်တာရယ် ကြောင့် မှတ်သားမထားပေမဲ့ နောက်ပိုင်းမှာတော့ သေချာရေး မှတ်ထားပါတယ် ခုလို
စိတ်ဝင်စားသူခြင်း အတွေ အကြုံ ဖလှယ်ခွင့်ရတာ ကျေးဇူးပါ
ကျမငယ်ငယ်က မကြာမကြာမက်တဲ့ အိပ်မက်က တော်တော်ကြီးမှ အဲဒီအတိုင်း ဖြစ်လာတယ်။ ကြီးကြီးမားမား အဖြစ်အပျက်တွေကို အိပ်မက်နဲ့ ကြိုသိနေတာမျိုးတွေလည်း ကြုံဘူးပါတယ် ဆရာ။
I really like this bolg. Thanks you so much!