အမေရိကန်နိုင်ငံ , အိုဘားမားနဲ့ (4)ဂဏန်း အကြောင်းကို ရေးပြီးတော့ (4)ဂဏန်း အကြောင်းကို ဆက်ပြီး ရေးချင်စိတ် ပေါ်လာလို့ ရေးလိုက် တယ်ဗျာ။ ဗဟုသုတပေါ့။
(4)ဂဏန်းဟာ ဂဏန်းဗေဒင်ပညာမှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂဏန်း တစ်ခုပါ။ (4)ဂဏန်းဟာ ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇော ဆိုတဲ့ မူလဘူတ ဓါတ်ကြီး (4)ပါးကို ကိုယ်စားပြုတဲ့ ဂဏန်းပါ။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပဋိစ္စသမုပ္ပဒ်ဆိုတဲ့ သစ္စာတရားဟာ (4)ပါးရှိပါတယ်။ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ နဲ့ နိယောဓ သစ္စာတို့ ဖြစ်ပါတယ်။ လောကမှာ “ပညတ်” တရားတွေ ဘယ်လောက် များများ၊ “ပရမတ်” တရားကတော့ (4)ခုသာ ရှိပါတယ်။ “စိတ်၊ စေတသိက်၊ ရုပ် ၊ နိဗ္ဗာန်” တို့ဘဲဖြစ်ပါတယ်။ (4)ဂဏန်း အတွဲပါဘဲ။
နောက်ပြီး မဟာဘုတ်ပညာမှာ သုံးတဲ့ “အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ” ဆိုတာ တကယ်တော့ ဂြိုဟ်တစ်ခု နဲ့ တစ်ခု “စတုရန်း အစီအစဉ်နဲ့” ချထားတာ မဟုတ်ပါလား။ ဂြိုဟ်တစ်ခုကနေ ဂြိုဟ်တစ်ခုကို (4)ခုမြောက် ရေတွက်ပြီး ချထားတာဖြစ်တယ်။ (၁ – ၄ – ဝ – ၃ – ၆ – ၂ – ၅ )
ဂြိုဟ်စား သက်ရောက်ခွင်မှာ မကောင်းတဲ့ဂြိုဟ်စားဖြစ်တဲ့ “ဘုမ္မိဂြိုဟ်” ဆိုတာကလည်း မိမိမွေးဖွားတဲ့ မူလဂြိုဟ်ကနေ စတင်ရေတွက်ရင် (4)ခုမြောက်ကျတဲ့ သက်ရောက်ခွင်ဘဲဖြစ်ပါတယ်။

အင်္ဂဝိဇ္ဇာ ဓါတ်ရိုက်ဓာတ်ဆင် ပညာမှာ စတုရန်းဂြိုဟ်ကို “သတ်တတ်တဲ့” ဂြိုဟ် တစ်ခုလို့ သတ်မှတ်ပါတယ်။ “စတုရန်း၊ ခံနိုင်စွမ်းမရှိ” ဆိုပြီး ဆိုရိုးရှိပါတယ်။ နံတစ်ခုကို သတ်ချင်ရင် သူ့ရဲ့ စတုရန်းဂြိုဟ်နဲ့ သတ်ရင် လုံးဝမခံနိုင် ပါဘူးလို့ဆိုလိုတာပါ။ (သတ် တယ်ဆိုတာ ဗေဒင်ဝေါဟာရပါ။ အနိုင်ရအောင် လုပ်တာကို ပြောတာပါ။ သတ်တာဖြတ်တာ မဟုတ်ပါဘူး)
မြန်မာ့ဗေဒင်ပညာမှာတော့ (၄)ဂဏန်းကို ဗုဒ္ဓဟူးဂြိုဟ်ပိုင်တဲ့ ဂဏန်းလို့ ယူဆပြီး၊ အနောက်တိုင်း နျူမရိုလိုဂျီ (Numerology) ပညာမှာတော့ (4)ဂဏန်းကို ယူရေးနပ်စ်ဂြိုဟ်က ပိုင်တယ်လို့ ယူဆပါတယ်။
ထူးဆန်းတာက မြန်မာမှာ (၄)ဂဏန်းကို (၂)ဆပွားလိုက်ရင် ဖြစ်လာတဲ့ (၈)ကို ရာဟုဂြိုဟ်လို့ သတ်မှတ်ပြီး အဲဒီ ရာဟုဂြိုဟ် ဟာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ လုံးဝမတည့်တဲ့ ဂြိုဟ်ဖြစ်နေပါတယ်။ “ ဦးညို၊ ခေမာ၊ သုတာ၊ ဝေရီ” ရန်စီစီ လို့ သတ်မှတ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်သက်ရောက်ခွင်ကနေ စတင်ရေတွက်ရင် (၄)ခုမြောက်ခွင်ဖြစ်တဲ့အတွက် ရာဟုဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဘုမ္မိဂြိုဟ် ဖြစ်ပြီး ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ဂြိုဟ်ဖြစ်ပါတယ်။ ဗုဒ္ဓဟူးသားသမီး တွေဟာ ရာဟုဂြိုဟ် သက်ရောက် ထဲမှာ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးတွေ ဒုက္ခပေးတတ်ပါတယ်။
အဲဒီလိုဘဲ အနောက်တိုင်းမှာ (4)ဂဏန်းကို (၂)ဆပွားလိုက်ရင် ဖြစ်လာတဲ့ (8)ဂဏန်းကို စနေဂြိုဟ်လို့ သတ်မှတ်ပြီး အဲဒီစနေဂြိုဟ်ဟာလည်း ယူရေးနပ်စ် ဂြိုဟ်နဲ့ လုံးဝမတည့်တဲ့ ဂြိုဟ်ဖြစ်နေပါတယ်။ ရာဟုဂြိုဟ်ဟာ ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်သလို စနေဂြိုဟ်ဟာလည်း ယူရေးနပ်စ် ဂြိုဟ်ကို ကောင်းကောင်း ဒုက္ခပေး နိုင်ပါတယ်။
(4)ဂဏန်းဖြစ်တဲ့ ယူရေးနပ်စ်ဂြိုဟ် နဲ့ (8) ဂဏန်းဖြစ်တဲ့ စနေဂြိုဟ်တို့တွေ့တဲ့ အခါတိုင်းမှ ပြဿနာကြီးတွေ ဖြစ်တတ် တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲသည်လို ပြဿနာဖြစ်တိုင်း နောက်ဆုံး အနိုင်ရသွား တာက (8) ပါ။ (4) နဲ့ (8) ဟာ ရန်ဘက်ဖြစ်ပေမယ့် များသောအားဖြင့် ပြဿနာဖြစ်ရင် (4) ကရှုံးပြီး (8) ကသာ နိုင်တတ်တာကို သတိပြုမိပါတယ်။
ဒါကြောင့် (4)ဂဏန်း သမားတွေဖြစ်တဲ့ (4)ရက် ၊ (13)ရက်၊ (22)ရက်၊ (31)ရက်နေ့မွေးတဲ့သူတွေဟာ (8) ဂဏန်းကို အထူးသတိပြုပါ။ ဒုက္ခပေးတတ်ပါတယ်။ အသက်ကို ပေါင်းလိုက်ရင် (8) ကျတဲ့နှစ်တွေဖြစ်တဲ့ (17) ၊ (26)၊ (35)၊ (44)၊ (53)၊ (62)၊ (71)၊ (80) နှစ်တွေဟာ မကောင်းတတ်ပါဘူး။ နောက်ပြီး (4) နဲ့ (8) တွဲနေတဲ့ (48) နှစ် (84) နှစ်တွေလည်း မကောင်းပါဘူး။ (8)ဂဏန်းပါတဲ့ (18) ၊ (28) ၊ (38) ၊ (48) ၊ (58) ၊ (68) ၊ (78) ၊ (88) နှစ်တွေလည်း သတိထားရပါမယ်။
နောက်ပြီး ခရစ်သက္ကရာဇ်ကို ပေါင်းလိုက်ရင် (8) ကျတဲ့ (2006) လို နှစ်မျိုးလည်း (4)ဂဏန်း သမားတွေ အတွက် မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ (2006) ခုနှစ်တုန်းက (4)ဂဏန်းသမား အတော်များများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ အတော်ညံ့ခဲ့ကြတာကို သတိထားမိပါတယ်။ မယုံရင် လက်တွေ့လေ့လာကြည့်ပါ။
အခု (2008) ကျတော့ကော။ နောက်ဆုံးမှာ (8)ပါနေလို့ (4)ဂဏန်းသမား အတော်များများ အဆင်မပြေ ကြပါဘူး။ အမေရိကန်နိုင်ငံဟာ ဇူလိုင်လ (4)ရက်နေ့မှာ တည်ထောင်ခဲ့လို့ (4) ဂဏန်းစိုးမိုးတဲ့ နိုင်ငံတစ်ခုပါ။ 1776 ခုနှစ်မှာ နိုင်ငံတည်ထောင်ခဲ့တာမို့ အခု 2008 ခုနှစ်မှာ အနှစ် (233) နှစ်ထဲကို ရောက်လာတဲ့အချိန် (2+3+3) ပေါင်းရင် (8)ဂဏန်း ဖြစ်နေပြီး 2008 မှာလည်း (8) ပါနေတာမို့ စီးပွားပျက်ကပ်လိုမျိုး ကြုံရတာလို့ ယူဆနိုင်ပါတယ်။
(4)ဂဏန်းသမားများအကြောင်း တစေ့တစောင်း
(4)ဂဏန်းသင်္ချာအကြောင်း ပြောပြပြီးရင် (4)ဂဏန်း သမားတွေဖြစ်တဲ့ အင်္ဂလိပ်ရက် (4)ရက်၊ (13)ရက်၊ (22)ရက် နဲ့ (31)ရက် နေ့ဖွားများ အကြောင်း ပြောပြချင်ပါသေးတယ်။
(4)ဂဏန်းသမားတွေဟာ လူ့ဘောင်လူ့လောကထဲမှာ တော်တော်ထင်ပေါ်မှု ရှိတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကောင်းချင်လည်းကောင်းမယ် ဆိုးချင်လည်းဆိုမယ်။ ဒါပေမယ့် ထင်ပေါ်ကျော်ကြားမှု ရှိတတ်ကြတယ်။ (4)ဂဏန်းသမား တွေဟာ မိမိမွေးရပ်ဟာ ဇနပုဒ်ဖြစ်ခဲ့ရင် ကြီးပွားတိုးတက်လေ့ မရှိကြဘူး။ မြို့ကြီးပြကြီး၊ နိုင်ငံရပ်ခြားများမှာ ပိုပြီး ကြီးပွားတတ် ကြတယ်။ (4)ဂဏန်းသမားများရဲ့ ဝိသေသ လက္ခဏာတွေကတော့ -
= ပတ်ဝန်းကျင်နဲ့ သိပ်အဆင်မပြေတတ်ဘူး။ ဘုကျတယ်။ ဘေးကျတယ်။ အလိုက်မသိတတ်ဘူး။ မယဉ်ကျေးဘူး။ စကားများတယ်၊ တစ်ကိုယ်ကောင်း ဆန်တယ်။ ပြောရဆိုရ အလွန်ခွကျတယ်လို့ အသတ်မှတ်ခံရ တတ်တယ်။
= မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို ယုံကြည်မှု နည်းပြီး လက်တွေ့ကျသူများဖြစ်တယ်။ အစဉ်အလာတစ်ခုကို ဖျက်သိမ်းပြီး စနစ်သစ်တည်ထောင်တဲ့နေရာမှာ စံပြဖြစ်တဲ့ သူတွေဟာ (4)ဂဏန်း သမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အမေရိကန် နိုင်ငံကို ကိုလိုနီဘဝကနေ လွတ်လပ်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ခဲ့တဲ့ “ဂျော့ဝါရှင်တန်” ဟာဆိုရင် (4)ဂဏန်း သမားပါ။ ဆိုဗီယက်ယူနီယံကြီးကို တည်ထောင်ခဲ့တဲ့ “လီနင်” ဟာလည်း (4)ဂဏန်းသမားပါ။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာလည်း (4) ဂဏန်းသမားပါ။
= များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေတတ်ကျဘူး။ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ လုံးဝစိတ်တိုင်းမကျ တတ်ကြဘူး။ တစ်ချို့ (4)ဂဏန်းသမား တွေဟာ လူပျိုကြီး၊ အပျိုကြီးဖြစ်နေတတ်တယ်။
= ပုံမှန် အသက်ပိုင်းမှာ အိမ်ထောင်မကျတတ်ဘဲ အိမ်ထောင်ကျ အလွန်စောတာ ၊ အလွန်နောက်ကျတာမျိုး ဖြစ်တတ်တယ်။
= အချစ်ရေး၊ အိမ်ထောင်ရေး၊ လိင်ကိစ္စတွေ အရှုတ်အထွေးများတတ်တယ်။ အိမ်ထောင်မကျခင်လည်းရှုတ်၊ အိမ်ထောင်ကျပြီးလည်းရှုတ် တတ်တာ များတယ်။ (အထူးသဖြင့် ယောင်္ကျားလေးတွေပါ)။ မိန်းကလေးလည်း မပါဘူးလို့ မထင်နဲ့နော်။
= (4)ဂဏန်း မိန်းကလေးများကျတော့ အိမ်ထောင်ကျရင် “လင်ဆိုး” တွေနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ “လင်ဆိုး မယား တဖားဖား” ဆိုတာ (4) ဂဏန်းသမား မိန်းကလေးတွေကို ဆိုလိုချင်တာထင်ပါတယ်။ (4)ဂဏန်းမွေး အိမ်ထောင်ရေးကံ ကောင်းတဲ့ မိန်းကလေး အလွန်ရှားပါတယ်။ မရှိဘူး လို့တော့ ပြောတာမဟုတ်ပါ။ (31) ရက်ဖွား မိန်းကလေး ဆိုရင် နဲနဲ သက်သာပါမယ်။
= အလွန် သိလွယ်တတ်လွယ်တယ် ။ တစ်ထွာပြရင် တစ်တောင်မြင်တတ်တယ်။ ဉာဏ်ကောင်းတယ်။ တီထွင်ဖန်တီးဉာဏ် အလွန်ရှိတယ်။ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေကို တော်လှန် ချင်စိတ်များတတ်တယ်။
= အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ချင်ကြဘူး။ အလုပ်ခဏခဏ ပြောင်းချင်ကြတယ်။ ကိုယ်က မပြောင်းချင် ရင်လည်း ကံတရားက ပြောင်းပေးတတ်တယ်။
= ဘဝကံဇာတာ အနိမ့်အမြင့် အတက်အကျ အလွန်များတတ်တယ်။ ကောင်းလာပြီဆိုရင်လည်း သိပ်ဘဝင်မမြင့်နဲ့၊ မကြာခင် ပြုတ်ကျတတ်တယ်။ ဆိုးနေပြီဆိုရင်လည်း သိပ်စိတ်ဓာတ်မကျနဲ့ မကြာခင်ပြန်တတ်လာတတ်တယ်။
= ကောင်းပြီဆိုရင်လည်း လျှမ်းလျှမ်းတောက်အောင် ကောင်းတတ်ပြီး ဆိုးပြီးဆိုရင်လည်း စုတ်ပြတ်သတ်နေအောင် ဆိုးတတ်တယ်။ အထူးသဖြင့် (4)ရက်ဖွား နဲ့ (22)ရက်ဖွား (4)ဂဏန်းသမားတွေမှာ အများဆုံးဖြစ်တတ်တယ်။ (13)ရက် နဲ့ (31)ရက်ဖွားတွေက နဲနဲ တော်သေးတယ် ပြောရမှာပေါ့။ သူတို့အဆိုးက (4) နဲ့ (22)လောက် မပြင်းထန်တတ်ပါဘူး။
= (4)ဂဏန်းသမား (အထူးသဖြင့် ယောင်္ကျားလေးတွေ) ဟာ အိမ်မကပ်တဲ့သူတွေ၊ အိမ်မှာမပျော်ဘဲ အပြင်မှာသာ အပျော်များသူတွေ ဖြစ်တတ်ကြတယ်။ မိသားစုအပေါ်မှာ ချစ်ခင်တွယ်တာစိတ် နည်းတတ်တယ်။ ခရီးအလွန် သွားတတ် ကြတယ်။ ခြေစင်္ကြာအမြဲဖြန့်နေတတ်ကြတယ်။ (31)ရက်ဖွား တစ်ခုသာ နဲနဲခြေငြိမ်တယ် ဆိုရမယ်။
= (4)ဂဏန်းသမားတွေထဲမှာ ကိုယ်ကျိုးအစွန့်လွှတ်ဆုံး၊ အမြင့်မြတ်ဆုံး သူတွေကို တွေ့ရသလို၊ ကိုယ်ကျိုးအတ္တ အလွန် ကြီးတဲ့သူတွေကိုလည်း တွေ့ရတတ်တယ်။
= ခေတ်ပေါ်လုပ်ငန်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ အီလက်ထရောနစ်၊ သုတေသန လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်တယ်။ ခရီးသွားလုပ်ငန်း၊ ကိုယ်စားလှယ် လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ သတင်း ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ အကျိုးပေး တတ်မယ်။
= ကိုယ့်ဘဝမှာ ကြုံလာရတဲ့ အဆိုးတရားတွေဟာ ကံတရားထက်စာရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာမျိုး ဖြစ်တတ်တယ်။ ဘယ်သူမပြု မိမိမှု ဆိုတာမျိုးပေါ့။ (4)ဂဏန်း သမားတွေဟာ ကိုယ့်ပြဿနာကိုယ်ရှာ တတ်ကြတဲ့ သူမျိုးတွေဖြစ်တတ်တယ်။
= အသုံးအဖြုန်းကြီးတတ်တယ်။ ငွေကို နှမြောတွန့်တိုမှု မရှိတတ်ကြဘူး။ လွယ်လွယ်ရရင် လွယ်လွယ်သုံးတယ်။ ပိုက်ဆံ မရှိတော့ရင် ရေသောက် ဗိုက်မှောက် နေတတ်မယ်။
= သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း မနေတတ်ကြဘူး။ (4) ဂဏန်းသမားဆိုရင် ဘိုသီဘတ်သီ သမားက ပိုများတယ်။ ဖြစ်သလို နေတတ်တယ်။ စည်းကမ်း မရှိတတ်ကြဘူး။
= ဘယ်တော့မှ နောင်တတရား မရတတ်ကြဘူး။ အမှားကို ဝန်ခံလေ့မရှိကြဘူး။ သေတဲ့ထိအောင် မာန် မလျှော့တတ်ကြဘူး။
= ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးတတ်ကြတယ်။ ပါးစပ်ကသာဖွင့်မပြောပေမယ့် စိတ်ထဲမှာ သူများထက်ကိုယ်က ပိုတော်တယ်၊ တတ်တယ် လို့ ယူဆ ထားတတ်ကြတယ်။ အထူးသဖြင့် (22)ရက်ဖွား နဲ့ (31)ရက်ဖွားတွေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးမှု ပိုများတတ်တယ်။ (များသောအားဖြင့် တကယ်လည်း တော်ကြတာ များပါတယ်)။ (4)ဂဏန်းသမားမှန်ရင် ပါရမီထူး တစ်ခုခုတော့ ရှိတတ် ကြပါတယ်။
= (4) ဂဏန်း သမားမှန်ရင် နိမ့်မြင့် တက်ကျလောကဓံ ရှိကြတာချည်းပါဘဲ။ ဒါပေမယ့် အားလုံးထဲမှာ (13)ရက်နဲ့ (31)ရက်ဖွားတွေက လောကဓံနည်းတတ်ပြီး၊ (4)ရက် နဲ့ (22)ရက် ဖွားတွေကတော့ (နိမ့်မြင့်တက်ကျ) လောကဓံတရား အလွန်များတတ်တယ်။
= (4)ဂဏန်းသမားတွေရဲ့ လောကဓံတရား ခံနိုင်ရည်ကတော့ ကျန်တဲ့ မွေးဂဏန်းသမားတွေနဲ့ယှဉ်ရင် အမြင့်ဆုံး လို့ ဆိုရမှာပါဘဲ။ (4)ဂဏန်းသမား ကိုယ့်ကိုယ်ကို သတ်သေတာ အလွန်ရှားပါတယ်။ သူများတွေကသာ သူတို့ဒုက္ခရောက်တာကို စုတ်တသတ်သတ်ဖြစ်ချင်ဖြစ်နေမယ်။ သူတို့ကတော့ “အေးဆေးပါဘဲ”။
= နောက်ဆုံးအရေးကြီးဆုံးပြောရရင် (4)သမားတွေဟာ (Current of Destiny) လို့ခေါ်တဲ့ ကံကြမ္မာအဆုံးသတ် ဂဏန်းမကောင်းရင် အသေဆိုးနဲ့ သေရခြင်း၊ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နဲ့ ကွယ်လွန်ရခြင်းမျိုး ရှိတတ်ကြောင်း အထူးသတိပေး ပြောကြားလိုပါတယ်ခင်ဗျား။ Current of Destiny လို့ခေါ်တဲ့ ကံကြမ္မာအဆုံးသတ် ဂဏန်း အကြောင်းကို ထပ်ပြီး တင်ပြရေးသား သွားပါဦးမယ်။
.
(4) ဂဏန်းသမား ကမ္ဘာကျော်ပုဂ္ဂိုလ်အချို့
= မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း – 13 ရက်ဖွား
= အမေရိကန် နိုင်ငံ၏ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန် - 22 ရက်ဖွား
= ဆိုဗီယက် ယူနီယံ၏ ပထမဆုံး ခေါင်းဆောင် ဗလာဒီမာအီလီယစ် လီနင် - 22 ရက်ဖွား
= ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာ့ ဦးသန့် – 22 ရက်ဖွား
= Discovery Channel မှ သရုပ်ဆောင် မိချောင်းမုဆိုး စတိအာဝင် – 22 ရက်ဖွား
= ခေတ်သစ် တရုပ်ပြည်မကြီး ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် တိန့်ရှောင်ဖိန် – 22 ရက်ဖွား
= ဂျာမန် သိပ္ပံ နှင့် ရူပဗေဒပညာရှင် ဟိန်းနရစ် ဟာ့ဇ် – 22 ရက်ဖွား
= ဟောလီဝုဒ် အက်ရှင် သရုပ်ဆောင်မင်းသမီး အန်ဂျလီနာဂျိုလီ – 4 ရက်ဖွား
= သိပ္ပံပညာရှင် မိုက်ကယ်ဖာရာဒေး – 22 ရက်ဖွား
= အမေရိကန် စာပေပညာရှင် ဟော်ရေးရှိုး – 13 ရက်ဖွား
= ဟောလီဝုဒ် သရုပ်ဆောင်မင်းသားချော ရစ်ချတ်ဂီး – 31 ရက်ဖွား
= သမိုင်းပညာရှင် နှင့် ဒဿနိက စာရေးဆရာကြီး - သောမတ်စ်ကာလိုင်း – 4 ရက်ဖွား
= ကျူးဘား ဆိုရှယ်လစ်ခေါင်းဆောင်ကြီး ဖီဒယ်ကတ်စ်ထရို – 13 ရက်ဖွား
= ရုရှ ပဒေသရာဇ်ခေတ် နန်းတွင်း ပျောက်စေဆရာကြီး ရက်စ်ပြူတင် – 22 ရက်ဖွား
= အီဂျစ်နွေဦးတော်လှန်ရေးတွင် အာဏာစွန့်ခဲ့ရသူ သမ္မတ ဟော့စနီမူဘာရက် – 4 ရက်ဖွား
= ဟောလီဝုဒ် ညှို့မင်းသမီး ဘရွတ်ခ်ရှီးလ် – 31 ရက်ဖွား
= စပိန် အာဏာရှင်ဟောင်း – ဖရန်စစ္စကို ဖရန်ကို - 4 ရက်ဖွား
= မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြကြီး – အလက်စ်ဖာဂူဆန် – 22 ရက်ဖွား
= အမေရိကန် အဆိုကျော် နှင့် သရုပ်ဆောင် – စင်ဒီလော့ပါး – 22 ရက်ဖွား
= အမေရိကန် ဂျက်ဇ် တေးဂီတပညာရှင် လူးဝစ်အမ်စထရောင်း – 4 ရက်ဖွား
= ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး အယ်လ်ဖရက်ဟစ်ခ်ျကော့ – 13 ရက်ဖွား
= အမေရိကန် ကောင်းဘွိုင်မင်းသား ကလင့်အိစ်ဝုဒ် – 31 ရက်ဖွား
= အမေရိကန် ဟောလီဝုဒ် အက်ရှင်မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ် – ၁၃ ရက်ဖွား
= အမေရိကန် ဒစ္စကို အဆိုကျော် ဒွန်နာဆမ်းမား – ၃၁ ရက်ဖွား
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျား။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)
1 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
2 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
3 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
5 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
6 ဂဏန်းသမားများအကြောင်း တစေ့တစောင်း
7 ဂဏန်းသမားများအကြောင်း တစေ့တစောင်း






ဆ၇ာေ၇းကောင်းလို့က်မကောင်းလိုက်နဲ့ ဘောလီဘော ကစားနေ၇သလိုခံစား၇တယ် မြှောက်လိုက် ချလိုက်နဲ့ စိတ်တော့ဝင်စားဖို့ကောင်းပါတယ် တကယ်လို့ေ၇းတာများအမှားပါ၇င်တော့ခွင့်လွတ်ပေးပါလို
ဆ၇ာ ဒီထက်မကအောင်မြင်ပါစေလို့ဆုတောင်းလျှက်
လေပြေ
ဆရာရှင့်
ကျမက 4 ရက် နေ့ဖွားပါ။
ကျမချစ်သူက 28 ရက် ဆိုရင်ကောကောင်းပါသလားရှင့်
ဆရာရှင့်
ကျွန်မက အင်္ဂလိပ်၃၁ရက်ဖွား တနင်္ဂနွေသမီးပါ။
ဆရာ့ရဲ့ ဆောင်းပါးက ၁၀၀ရာခိုင်နှုန်းမှန်ကန်ပါတယ်ရှင့်။
လေးစားလျက်
မအိဆွေသက်
ဆရာ…ကျေးဇူးတင်လိုက်တာ။ ကျမက မကွေးကပါ ၊ဆင်ဖြူကျွန်းက ဦးကံဦး မိတ်ဆွေပါ။ ကျမခင်ပွန်းက ၄ ဂဏန်းသမားမို့ ဖတ်ကြည့်တော့ ကွက်တိပါဘဲ ။ အထူးတောင်းဆိုချင်တာက ယတြာပါဆရာ ၊ကိုယ့်ကံကြမာ အတွက်အစိုးရိမ်ပေမဲံ ဆရာဟောသလို ဘဲသူက ပေကပ်ကပ်မို့ ပါ၊ ဖြေပေးပါနော်ဆရာ ရှင့်၊ ကျမကတော့့ ၅ ဂဏန်းသမားဆိုတော့ တည့်ကြမလားလို့ ထင်ပါတယ်
sayar,
i and my love is (4).can we merrige?advice me.
thz
ဆရာ
ကျွန်မ က ၃၁ ရက်မွေးတဲ့၎ ဂဏန်းဖွားတယောက်ပါ ကျွန်မရဲ့ ချစ်သူ က၁၀ရက်မှာမွေးတဲ့ ၁ ဂဏန်းဖွားပါ။ သိချင်တခု ရှိလို့ ပါ ကျွန်မတို့ ၂ ယောက်က တမြေဆီ တနိုင်ငံဆီခြားနေပါတယ်။ သိချင်တာက ကျွန်မတို့ ၂ ယောက်ဆုံဖို့ လက်ထပ်ဖို့ ရှိလား။ အဆင်ပြေမလား သိချင်ပါတယ်။
လေးစားစွာဖြင့်
ရည်ရည်
မရီရီ သို့
မေးခွန်းများကို အမေး/အဖြေ ကဏ္ဍမှလွဲ၍ ကျန်ကွန်းမန့်များအတွင်း ဖြေမပေးတာမို့ အမေး/အဖြေ ကဏ္ဍထဲမှာ ပြန်မေးပေးပါ။ အချက်အလက်လည်း မစုံပါ။
၎ ဂဏန်းချင်းအိမ်ထောင်ကျရင်ကောကောင်းလား ဆရာ……….။ သိချင်လို.ဖြေပေးပါနော်………….။
အရမ်း တိုက်ဆိုင်မှုရှိပါတယ်။ ကျွန်တော်က (၁၃)ရက်ဖွားပါ။ ကျေးဇူးအထူးတင်ပါတယ်။
ဆရာရှင်.
ကျွန်မက ၁၉ ရက်နေ.မှာမွေးတာပါ။ ဒါပေမဲ့ မွေးလ၊ မွေးရက်၊ မွေးတဲ. ဂဏာန်းအားလုံးပေါင်းလိုက်ရင် ၄ ဂဏာန်းဖြစ်နေပါတယ်ရှင်.။ အဲဒီအတွက် ကောင်းတာ၊ ဆိုးတာ။ ဆောင်ရန်၊ ရှောင်ရန်လေးများကို ညွှန်ကြားစေချင်ပါသည်။
နေက်ပြီးတော. တော်သလင်းလပြည်.ကျော်(၁၃)ရက်၊ တနလာင်္နေ. ညနေ ၄နာရီ ၁၀ မိနစ်မှာမွေးပါတယ် ဆရာ။
၅၀%ဘဲမှန်ပါတယ်။ လူအမျိုးမျိုးကံအထွေထွေပါ။ ကြောက်စရာမဟုတ်ပါ။
ဗေဒင်ကို ၁၀၀%အားကိုးရင်လူဖြစ်ရှုံးပါလိမ့်မည်။
စေတနာဖြင့်
ဆရာ
ကျွန်တော်မွေးနေ့ က၂၂-၄-၁၉၈၈ ခုနှစ်ပါ။၎ဂဏန်းသမားတွေအတွက်ဆောင်ရန်ရှောင်ရန်လေးတွေရေးပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ဆရာရေးပေးထားတဲ့အတိုင်းဆိုရင်တော့ကျွန်တော့်မွေးဇာတာကကောင်းတာကိုဘာမှ
မရှိလောက် တော့ဘူးထင်ပါတယ်ဆရာ။ကျွန်တော့်မွေးနေ့ နဲ့ ပတ်သတ်ပြီးဆောင်ရန်ရှောင်ရန်လေးတွေလည်း
ညွှန်ကြားပေးစေချင်ပါတယ်။
မခင်ဥမ္မာကျော် သို့
(4)(4)ခြင်း အိမ်ထောင်ကျရင် လုံးဝမကောင်းပါ။ ပေါင်းလိုက်ရင် (8)ဖြစ်သွားလို့ဖြစ်ပါတယ်။ (4) နဲ့ (8) က မတည့်ပါ။
ဆရာ ဟူးရားဗေဒင်ကဘယ်လိုကြည့်ရတာလဲ
Download လုပ်ပြီးမေးတော့ဂဏန်းပဲပေါ်တယ်
အဲဒါကိုဘယ်လိုဘာသာပြန်ရမှာလဲ
ကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်
အဲဒါက ဗေဒင်ဟောပေးတာမဟုတ်ပါ။ အမေး/အဖြေကဏ္ဍအတွက် လိုအပ်သော ဟူးရားနံပါတ်ကို ရှာရန်သက်သက်သာ ဖြစ်ပါတယ်။ အဲဒီဂဏန်း (၁ ကနေ ၁၀၈)အတွင်း ဂဏန်း ကို ယူပြီး ကိုယ်မေးချင်တဲ့မေးခွန်းတစ်ခုကို အမေး/အဖြေကဏ္ဍထဲမှာ မွေးသက္ကရာဇ်အစုံအလင်နဲ့ ၀င်မေးရတာဖြစ်ပါတယ်။ ဒါပေမယ့်အခုလောလောဆယ် အမေး/အဖြေကဏ္ဍ ကို ခဏပိတ်ထားပါတယ်။
ဆရာ 22 နေ့ဖွားတွေက ဆိုးလိုက် တာ။ ဆရာ ပြောထားတာ တွေ 80% လောက် မှန်ပါတယ်။ ကျနော် 22 နေ့ ဖွား ပါ ဆရာ။
ဆရာ
Current of Destiny အကြောင်းလဲရေးပါဦး။ စိတ်ဝင်စားဖို.ကောင်းပါတယ်။
yeah, i am no 4 .
4 will never surrender
ဆရာ…ကျနော်က 13 ၇က် 1 လပိုင်း 1984 သောကြာသားပါ..
ကျနော် က ဘယ်လို 4 ဂဏန်းသမားပါလဲ ဆ၇ာ..
သမီးရဲ့ မွေးနေ့က 28.8.1990 ပါရှင့်
သမီးရဲ့ ပညာရေးကို မေးကြည့်ချင်ပါတယ်ရှင့် ကောင်းမကောင်းပါရှင့်
သမီးရဲ့ အိမ်ထောင်ဘက်ကိုလဲ သိချင်ပါတယ်
သမီးဘယ်တော့ အိမ်ထောင်ကျမလဲ သိချင်လို့ပါရှင့်
သမီးက အင်္ဂါ သမီးပါရှင့်
သမီးရဲ့ အကြိုက်ဆုံးဂဏန်းက ၇ ဖြစ်ပါတယ်ရှင့်
ကျွန်မက 14.1.1973 ပါရှင်
ကျွန်မရဲ့ ကျန်းမာရေးကို မေးကြည့်ချင်ပါတယ်ရှင်
ကျွန်မရဲ့ မွေးနေ့က တနင်္ဂနွေ ပါရှင်
ကျေးဇူးတင်ပါတယ်ရှင်
ကျွန်မရဲ့ အကြိုက်ဆုံးဂဏန်းက (၅) ဖြစ်ပါတယ်။
ကျွန်မရဲ့ မွေးနေ့ကတော့ 12.4.1988 ဖြစ်ပါတယ်ရှင့်
ကျွန်မရဲ့ မွေးနေ့က အင်္ဂါသမီးပါရှင့်
သမီးဘယ်တော့လောက် အိမ်ထောင်ကျမလဲ သိချင်လို့ပါရှင်
ဘယ်လိုလူမျိုးနဲ့လဲဆိုတာကိုပါ ဖြေကြားပေးပါရှင့်
သမီးရဲ့ အကြိုက်ဆုံးဂဏန်းတော့ 3 ဖြစ်ပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ရှင့်
သမီးရဲ့ မွေးနေ့ကတော့ 20.3.1982 ဖြစ်ပါတယ်ရှင့်
သမီးက စနေသမီးပါရှင့်
သမီးရဲ့ အိမ်ထောင်ဘက်ကို သိချင်ပါတယ်ရှင့်
ဘယ်လိုပုံစံမျိုးလဲဆိုတာကိုပါရှင်.
သမီး ဘယ်တော့လောက် အိမ်ထောင်ကျမလဲ သိချင်ပါတယ်ရှင့်
သမီးရဲ့အကြိုက်ဆူံးဂဏန်းကတော့ 2 ဖြစ်ပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ရှင့်
ဆရာ
ကျမ၏တူလေးက ၁၇.၈.၁၉၉၁ ပါ ဒီနှစ်(၁၀)တန်းစာမေးပွဲကို ဖြေဆိုမှာဖြစ်ပါတယ် သူရဲ့ခုံအမှတ် ၁၇၈၄ ဖြစ်ပါတယ် သူအောင်မြင်နိုင်မှုကိုသိချင်ပါတယ် နေပြည်တော်မှာဖြစ်ပါတယ် ကျေးဇူးအများကြီးတင် ပါတယ်
ဆရာ .. ဆရာပြောထားတဲ့ Current of Density အကြောင်းလေးရေးထား ပြီးပြီလား မသိဘူးဆရာ .. သမီးက အခုမှ ဆရာ့ရဲ့ ဒီပို့စ်ကို ဖတ်ရလို့ပါ .. သမီးက (13) ရက်နေ့မွေးတဲ့ ၂ ကြွင်း အဓိပတိဖွားပါဆရာ .. ဆရာပြောတဲ့ ကံကြမ္မာအဆုံးသတ် ဂဏန်းအကြောင်း သိချင်ပါတယ်ဆရာ .. ဆရာ့ရဲ့ ဒီပိုစ့်ကို ဖတ်လိုက်ရတာ ကိုယ့်အကြောင်းကိုယ် ပြန်ဖတ်လိုက်ရသလိုပါပဲ ဆရာ ..
ဆရာရေ ကျေးဇူးပါပဲ။ ကျနော်လည်း ၄ ဂဏန်းသမားဖြစ်နေလို့ပါ။ ကောင်းပါတယ်။ ကျနော့် မွေးသက္ကရာဇ်က ၃၁ ၇ ၁၉၈၄ ပါ အင်္ဂါသားပါ။ ကျနော်ကတော့ ဆရာပြော သလို ခေတ်စနစ်ဟောင်းကို တော်လှန်နေတဲ့အတွက်၊ ကံကြမ္မာ အဆုံးသတ်မျိုးနဲ့ ဘ၀ မဆုံးစေချင်ပါဘူး။ ကျနော် ဒီနှစ်ထဲ နိုင်ငံခြားရောက်ဖြစ်ပါမလားဆရာ။ ဆရာ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဆရာကျော်ကြားအောင်မြင် နိုင်ပါစေ။
ဆရာရှင့်
သမီးက၄.၄.၁၉၉၄မှာမွေးပါတယ်။၎ဂဏန်းစိုးမိုးတယ်လို့ထင်မိပါတယ်။သမီး အတွက်အရေးကြီးတဲ့အရာအားလုံးနီးပါး၈ဂဏန်းနဲ့သက်ဆိုင်လေ့ရှိပါတယ်။ သမီးရဲ့ကိုက်ညီတဲ့ပညာရပ်ကဘာဖြစ်မလဲရှင့်။ပညာရေးအခြေအနေပေါ့။ အထွတ်အထိပ်ထိအောင်မြင်ချင်ပါတယ်။oversea education ကောဖြစ်နိုင်ပါ သလား။မိဘကိုပညာရေးမှာအောင်မြင်မှုနဲ့ကျေးဇူးဆပ်ချင်ပါတယ်။အမှားတစ် စုံတစ်ရာပါခဲ့ရင်လည်းစေတနာရှေ့ထားပြီးဖြေကြားပေးပါရှင့်။
ကျနော် ကတော့ ၂၂ ရက် မွေးပြီး ရာဟု သား ..
ဆရာရေ
ဆရာ..
(၄)ဂဏန်းအကြောင်းရေးထားတာတခြားဂဏန်းတွေလောက်မပြည့်စုံ
သလိုပဲ။ တည့်တဲ့ဂဏန်းတို့၊ကျော်ကြားတဲ့လူတို့ကိုပြောတာပါဆရာ။
i july 13 how about,please can u tell me?
ဆရာပြောတာမှန်တယ် ကျနော်က (၂၂)လေ ကျေးဇူးတင်ပါတယ်
ဆရာ သမီးက ၄ ဂဏန်း သမားပါ….၄ ရက် ဖေဖ၀ါရီ မှာ မွေးပါတယ်…..ဒီစာကို ဖတ်ရတာ သမီးကိုယ် သမီး ပြန်မြင်နေရသလိုပါပဲ…..ငယ်ငယ်က ခေါင်းရွက်ပျက်ထိုးဈေးသည်လေး…ကျောင်းတက်ရင်း မိဘ ကူခဲ့ပါတယ်…အခု နိုင်ငံခြားဘွဲ့ တစ်ခု ကို ယူ ဖို့  စကော်လားရှစ် ရထားပါတယ်ဆရာ….ပရဟိတ အလုပ်ကို လဲ အ၇မ်းဝါသနာပါလို့  စာသင်ပါတယ်…ဘ၀နဲ့ ရည်းပြီးရခဲ့တဲ့ ခါးသီးမှုတွေ ကို တခြားကလေး လဲ မခံစားစေချင်ပါဘူး….အလုပ် လုပ်ပြီဆိုရင် ကိုယ့်ကိုကို တော့ အရမ်းယုံကြည်မှုရှိတယ်…ဖြစ်အောင်လဲ လုပ်တယ်…မဖြစ်ဘူးလို့ ပြောတဲ့သူတွေနဲ့ လဲ မပေါင်းဘူး….ဒါပေမဲ့ အဒီလိုဖြစ်နေတာ ကိုယ့်ကိုယ်ကို အထင်ကြီးမှုများဖြစ်နေမလား…ဘ၀မြင့်တာများဖြစ်နေမလားလို့ တော့ တွေးမိတယ်ဆရာ….အဒီလို မဖြစ်အောင် အကြံလေး ပေးပါအုံးဆရာ….
ဆ၇ာ၇ှင်.
Current of Destiny ဆိုတဲ.အကြောင်းလေးေ၇းပြီးတင်ပေးပါအုံး
ကံကြမ္မာအကြောင်းပေါ.ဟုတ်ပါသလား၇ှင်.
မနှင်း
ဆရာ….
Current of Destiny အကြောင်းသိချင်ပါတယ်ရှင့်။ ၄ ဂဏန်းသမားတစ်ယောက်အတွက် အရေးကြီးတဲ့အကြောင်း များဖြစ်နေမလားလို့ပါ။
မနှင်းဆီ
I m 4 no, born on 22-Dec-1973,Saturday.
Sayar’s note about 4-nuber is really nice: up and downs of 4-numbers.
I’d also like to add my experience with religion.
I am strong Buddhist: do meditation, praying, believe in good deeds.
I always do my daily religious works whatever I am, i.e, no matter how sad/happy I am.
I believe that this clear mind set really help me in bad times: occurd abrupt changes that brought me to better life.
At first, I was afraid of changes , but these really make me better.
So, what I want to emphasise is that believe in good will, clear mindset, help others as much as u can, and these will really help all.
I was born on 22-Dec-1973, Saturday.
Sayar’s note is really true.
I’d also like to add my experience.
I am strong Buddhist: do meditation, praying, believe in good deeds.
I always do my daily religious works no matter what I am sad/ happy.
It help me save my life whenever I am down.
When I faced with abrupt changes, I felt fear, but these changes make me better.
၂၂-၁၂-၇၇ မှာမွေးခဲ့တာဖြစ်ပြီး ဘ၀ကရိုလာကိုစတာစီးနေရသလိုပါပဲ..
အမြင့်ဆုံးကိုတက်လိုက်အောက်ဆုံးကိုကျလိုက်နဲ့..၂၀၀၆ကတော့အထိအနာဆုံးပါပဲ ..
ဘာသာရေးနဲ့ပတ်သက်လို့လဲ တချို့သောဗုဒ္ဓဘာသာများနဲ့မတူသောအမြင်ရှိနေတတ်ပါတယ် ..
ဆရာ့ဆောင်းပါးကိုခဏခဏပြန်ဖတ်မိပြီးပြန်ဖတ်တိုင်းလဲ မှန်လိုက်လေဖြစ်ရပါတယ် ..
၂ ကြွင်းလဲဖြစ် ..အင်္ဂါဂြိုဟ်နဲ့အိမ်ထောင်ရေးဆောင်းပါးထဲကလို မကာရလဲဖြစ် ၂၂ မွေး ၄ သမားလဲဖြစ်
အော်..ခက်ရချည်ရဲ့လို့တွေးပြီး ၄ သမားတို့ထုံးစံပေကပ်ကပ်နဲ့တော်လှန်ချင်တဲ့စိတ်ကိုဓမ္မနဲ့ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ် ..
အောင်မြင်စေဖို့မေတ္တာပို့ပေးပါအုံးဆရာ..
ဆရာနှင့်တကွမိသားစုအားလုံးကျန်းမာရွှင်လန်းကြပါစေ….
ဆရာရေ
လဲ့ယဉ်ဝင်း
ဟူးရားနံပါတ် -၅၀
22-3-1978 မှာမွေးတာပါ ဗူဒဟူးနေ့ ညနေပိုင်းမွေးတာပါ
ဆရာရေ
လဲ့ယဉ်ဝင်း
22-3-1978
ဗုဒဟူးနေ့(ညပိုင်း )10း 15 မှာမွေးပါတယ်
အမျိုးသားကလည်း ဗုဒဟူးအစစ်ပါ
ဘယ်လို အဆောင်မျိုးတွေဆောင်သင့်တယ် ရှောင်သင့်တယ်ဆိုတာ တချက်ပြန်ပြောပါဆရာ
မှန်ပါ့ ဆရာရယ် ကျမကို ကြည့်ပီး ပြောနေသလား မှတ်ရပါတယ်
ကျမ ၃၁ ရက် ၇ လ ပိုင်း မွေးတာပါ
ဆရာကျွန်မကနုနုထွေးပါ။ မွေးနေ့က (၄.၁.၈၆)၊ စနေသမီးပါဆရာ၊ ညပိုင်း(၃)နာရီမှာမွေးပါတယ်။ မေးချင်တာကတော့ ဘာအလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုသင့်သလဲဆိုတာကိုပါ။ ပြီးရင် ဘယ်အလုပ်နဲ့ပိုသင့်တော်လဲဆိုတာ သိချင်ပါတယ်။ ဟူးရာဂဏန်းက (၁၂)ပါဆရာ။
၎ ဂဏန်းသမားနဲ့ (၁) ဂဏန်းသမား အိမ်ထောင်ပြုရင်ကော ကောင်းပေါ့မလားဆရာ..ဖြေပေးပါနော်။
မင်္ဂလာပါဆရာ။ကျမလည်း 4 ဂဏန်းပိုင်ရှင်ပေါ့နော်။မွေးနေ့က (13.8.79)ပါ။ဒါကြောင့် ကျမရဲ့အိမ်ထောင်ရေးက ဒီထဲမှာပြောသလို လင်ဆိုးမယား တဖားဖားဖြစ်မှာလားဟင်။နောက်ပြီး ကျမလက်တွဲဖို့ရွေးချယ်ထားသူက 3 ဂဏန်းပိုင်ရှင်ပါ။ကျမ အိမ်ထောင်ရေးကံကောင်းနိုင်ပါ့မလား။သူက(12.3.83)ပါ ။တနင်္လာသမီးနှင့် စနေသားပါဆရာ ။ကျမ စိတ်ပူမိလို့ ဆရာရဲ့ အဖြေကိုစောင့်နေမယ်နော်။လေးစားစွာဖြင့်။
ဆရာရေ ကျေးဇူးတင်ပါတယ်။အရမ်းမှန်ပါတယ်။ကျွန်တော့်ရဲ့မွေးနေ့က(31.8.1989)ပါ။ကျွန်တော့်ရဲ့ကောင်မလေးမွေးနေ့က(5.6.1994)ပါ။ကျွန်တော်ကို အခွင့်အရေးပေးတယ်။အဖြေတော့မရသေးပါဘူးဆရာ။ကျွန်တော်ကံကောင်းနိုင်ပါ့မလား ကျေးဇူးပြု၍တွတ်ပေးပါနော်။
သို့ ဆရာကျွန်မ က (13.12.87)၄ ဂဏန်းသမားပါ ။ ကျမ ချစ်သူ က (17.1.87) ဂဏန်းသမား ရန်ဖြစရင် ကျမ ဘက်က အမြဲ လျှော့ပေးရတယ် ရေ ရှည် အဆင်ပြေနိင်ြပါ့မလား ။ ကျေးဇူး ပြု ရှ် တွက်ပေါ့ပါ နော်
ကျွှန်တော်ကတော. ဗေဒင်ကို သိပ်တော.မယုံဘူးဗျ ဒါပေမယ် လေ.လာသူ တစ်ယောက်ပါ။ စမ်း သပ်ပြီးမေးဖူး ပါတယ်။ စိတ်ချမ်းသာအောင် ဟောတာတွေများပါတယ် ။တစ်ကယ်မှန်တဲ.သူတွေလည်းတွေ.ဖူးပါတယ် 60 ၇ာခိုင်းနှန်းလောက်ပေါ. ။ ဒီ ၄ ဂဏ္ဍာန်း က တော. ကျွှန်တော. စရိုက်နဲ.ဆို 70 % လောက်မှန်ပါတယ် ။ အဆိုးဆုံးတွေနဲ.တွေ.ရင် အရမ်းသောကမရောက်ဖူး အေးဆေးပဲ မီသားစုကိုချစ်တယ် အရမ်းသံယောဇင်မကြိးဘူး ။ နောင်တမရဘူး ကိုယ်ပြောခင်တာကို ချက်ချင်းပြောတယ် သူများဝေဖန်မှာကိုလည်းမကြောက်ဘူး ။ တီထွင် ကြံစရတဲ. အလုပ်ကို ကြိုက်တယ်။ အီမ်မှာ အကြာကြီးနေရရင် ထောင်ကျနေတယ်လို.တောင်ထင်လာတယ် လမ်းပေါ့မွှာဆိုရင် သရဲ ခြောက်တယ်ဆိုတောင် အိမ်ပြန်ဖို. သတီမရဘူး နောက်ထပ် ဘယ်သွားရင် ကောင်းမလဲ ဆိုတာပဲတွေးတယ် တန်တယ်ထင်ရင် ဘယ်လောက် ကျကျ ။ ဟဲဟဲ ကျွှန်တော်က 4 ရက်နေ.မွေးပါ။