Happy_New_Year_and_Happy_Birthday_Maxine--large-msg-116772336727.
ကျွန်တော်ရေးလိုက်တဲ့ ဆောင်းပါးမှန်သမျှ ဆောင်းပါးရှည်တွေချည်းသာ ဖြစ်နေလို့ ကနေ့တော့ ဆောင်းပါးတိုလေး တစ်ခုကို တင်ပေးလိုက် ပါတယ်။ စောစောလေးက ကျွန်တော့်သမီး (စနေသမီး) ဖြစ်သူက  16.1.2010 မှာကျရောက်မယ့် သူ့မွေးနေ့က စနေနေ့ဖြစ်နေလို့ သူ့ရဲ့ မွေးနေ့မွေးရက်ထပ်တဲ့အကြောင်း လာပြောတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာလေး ရှိလို့ ချက်ခြင်း ကောက်ရေးပြီး တင်ပေး လိုက်ပါတယ်။
မွေးနေ့မွေးရက် ထပ်တယ်ဆိုတာ ကိုယ့်မွေးရက် (အင်္ဂလိပ်ရက်) ဟာ ကိုယ်မွေးနေ့(တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ . . . စသည်တို့နဲ့) ထပ်တူ ဖြစ်နေတာကို ပြောတာနော်။ မြန်မာရက်ကို မယူရပါဘူး။ အင်္ဂလိပ်ရက်ကို ယူမှ အမှန်ရပါမယ်။
ဒီကိစ္စဟာ အမြဲတမ်းမဖြစ်ပါဘူး။ (၆)နှစ်(၇)နှစ်မှ တစ်ခါလောက် ဖြစ်တတ်တာပါ။ ဒါလည်း ပုံသေမဟုတ်ပါဘူး။ တစ်ချို့လည်း (၁၀)နှစ်လောက်ရှိမှ တစ်ခါထပ်တာလည်း ရှိပါတယ်။ ဒီတော့ ဖြစ်တောင့် ဖြစ်ခဲကိစ္စမို့လို့ ဒီလို မွေးနေ့မွေးရက် ထပ်ခဲ့ရင် ကောင်းတယ်လို့ ယူဆကြတာများပါတယ်။ (ဖြစ်ခဲလှတာကိုး)။ ကျွန်တော် ကိုယ်တိုင်လည်း တစ်ချိန်က ဒီလိုဘဲ ထင်ခဲ့ ဘူးပါတယ်။ မိတ်ဆွေရော ဒီလို ထင်ပါသလား?။
မဟုတ်ဘူးခင်ဗျ။ ပြန်စစ်ကြည့်လိုက်တော့ လူတစ်ယောက်ဟာ တစ်နှစ်တစ်ခါ ကျရောက်တဲ့ မွေးရက်မှာ ကိုယ့်မွေးနေ့နဲ ထပ်ခဲ့ရင် အဲဒီ နှစ်မှာ “ကျန်းမာရေး” အထူးညံ့တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု နဲ့ Accident တွေ ဖြစ်တတ်ပါတယ်။ ဒီလို ထပ်တဲ့အခါတိုင်း အမြဲတမ်းဖြစ်မယ်လို့မပြောနိုင်ပေမယ့် “အဖြစ်များ” ပါတယ်။ ဒါကြောင့် သတိပြုနိုင်အောင် တင်ပြ ပေးလိုက် တာပါ။
ဗေဒမိတ်ဆွေ ကိုရန်းဂန်းရဲ့ အဆိုအရတော့ “လူမှုရေး ပြဿနာကြီးတွေ” လည်း ဖြစ်နိုင်ပါတယ်တဲ့။ အောက်မှာ သူ Comment ၀င်ပေး ထားပါတယ်။
သိပ်ဝေးဝေး ပြန်မကြည့်ပါနဲ့။ ဒီနှစ်ထဲမှာ ကွယ်လွန်သွားတဲ့ “Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်” ဟာ သြဂုတ်လ (၂၉)ရက်မှာ မွေးတဲ့ “သောကြာသား”ပါ။ ပြီးခဲ့တဲ့ 2008 ခုနှစ် သူ့အသက် (၅၀)ပြည့်တဲ့ သြဂုတ်လ(29)ရက်နေ့ဟာ “သောကြာနေ့” ဖြစ်ပြီး မွေးနေ့မွေးရက် ထပ်နေတာကို တွေ့ရပါလိမ့်မယ်။ မယုံရင် မနှစ်က ပြက္ခဒိန်ကို ပြန်လှန် ကြည့်လိုက်ပါ။
နောက် ကျွန်တော်ကိုယ်တိုင်ပေါ့။ ကျွန်တော်က “ဗုဒ္ဓဟူး” သားပါ။ ကျွန်တော် ရေနစ်ပြီး Accident ဖြစ်ခဲ့တဲ့ 1979 ခုနှစ် ဧပြီလ (၁၁)ရက်နေ့ မွေးနေ့ဟာလည်း “ဗုဒ္ဓဟူး” ဖြစ်နေတာကို တွေ့ရပါတယ်။ 2001 ခုနှစ် “အူရောင်ငန်းဖျား” အသည်းအသန်ဖြစ်ပြီး ဆေးရုံပေါ်မှာ တစ်လလောက်တက်ခဲ့ရတဲ့နှစ်က မွေးနေ့ဟာလည်း “ဗုဒ္ဓဟူး” နေ့ပါဘဲ။
ကျွန်တော့်အမေက ဇွန်လ (13)ရက်မွေးတဲ့ အင်္ဂါသမီးပါ။ 2006 ခုနှစ် သူ့မွေးနေ့ဟာ မွေးနေ့မွေးရက်ထပ်ပါတယ်။ အင်္ဂါနေ့ ပါဘဲ။ အဲဒီနှစ်မှာ လမ်းလျှောက်နေတုန်း စက်ဘီးဝင်တိုက်ခံလိုက်ရလို့ လက်ကျိုးသွားပါတယ်။ နောက်ပြီး အဲဒီနှစ်မှာဘဲ ၀မ်းအကြီးအကျယ်လျှောပြီး Dehydration ဖြစ်လို့ ဆေးရုံ တင်လိုက်ရပါသေးတယ်။
ပြောရရင်တော့ အများကြီးဘဲခင်ဗျ။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ မွေးနေ့တွေကိုလည်း တိုက်ကြည့်ပြီးပါပြီ။ တော်တော်များများ မှန်ပါတယ်။ ဒါပေမယ့် ဆောင်းပါးကို တိုတိုဘဲရေးမယ်လို့ ပြောထားလို့ ရပ်လိုက်ပါတော့မယ်။ စာဖတ်သူကိုယ်တိုင် ပြီးခဲ့တဲ့ မွေးနေ့လေးတွေထဲက မွေးရက်မွေးနေ့ တိုက်တဲ့နှစ်တွေမှာ ဘာတွေဖြစ်ခဲ့လဲ ပြန်စဉ်းစားကြည့်ကြပေါ့။ ဘယ်စာအုပ် ထဲကမှ တွေ့တာမဟုတ်ပါဘူး။ ကိုယ်တိုင် တွေ့ရှိချက်ပါ။ (စာအုပ်တွေထဲမှာရှိချင်လည်း ရှိမှာပေါ့။ ကျွန်တော်တော့ မဖတ်ဘူး သေးဘူး)။
သိပ်ကြောက်သွားအောင် ပြောတာမဟုတ်ဘူးနော်။ သတိထားနိုင်အောင် ပြောတာပါ။ ဘာမှ မဖြစ်တာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ 2007 ခုနှစ်မှာလည်း ကျွန်တော့်မွေးနေ့မွေးရက် ထပ်ပါသေးတယ်။ အဲဒီနှစ်ကတော့ ဘာမှ ထူးထူးခြားခြား မဖြစ်လိုက်ဘူး ခင်ဗျ။ ဒါမျိုးလည်း ရှိနိုင်ပါတယ်။
ဖြည့်စွက်ချက်။ ။ ဤဆောင်းပါးကို ရေးရခြင်း၏ ရည်ရွယ်ချက် အမှန်မှာ ကိုယ့်မွေးနေ့မွေးရက် ထပ်ခဲ့လျှင် အညံ့များ ဖြစ်တတ်ကြောင်း(မှန်းဆချက် မဟုတ်ဘဲ လက်တွေ့သုတေသနပေါင်းများစွာဖြင့်) ရေးခဲ့ခြင်းဖြစ်ပါတယ်။  ထိုသို့ ထပ်တူကျခဲ့လျှင် အစစ အရာရာ “သတိ” ဖြင့် နေထိုင်ကျင့်ကြံကြစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ဟာ “ခုတ်ရာ တလွဲ ရှရာတခြား” ဖြစ်သွားပုံရပါတယ်။ အောက်မှာ ပေးထားတဲ့ Comment များအရ တစ်ချို့ သိပ်ကြောက်နေကြပါသည်။ တစ်ချို့က ကျွန်တော့်အား တိုက်ခိုက်ကြပါသည်။ ကျွန်တော်ကိုယ်တိုင် 2007 ခုနှစ်မှာ မွေးနေ့မွေးရက် ထပ်ပါသည်။ ဘာအဆိုးမှ မဖြစ်ပါ။
မဖြစ်ရခြင်းအကြောင်းမှာ ယခင်နှစ်များအတွေ့အကြုံအရ ထိုနှစ်တွင် “ကုသိုလ်” ကို များများလုပ်ပါသည်။ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး အနေအထိုင် အစားအသောက် အထူးဆင်ခြင်ပါသည်။ “၀ိပဿနာ” ကို ဖိလုပ်ပြီး “အကုသိုလ်” စင်ကြယ် အောင် အားထုတ်နေထိုင်ပါသည်။ “မိမိစိတ်ကို စောင့်ကြည့်ခြင်း” ကို အမှတ်ရလျှင် ရသလို လုပ်ပြီး “စိတ်, ကိလေသာ” အညစ် အကြေးကို အစဉ်ဆေးကြော နေပါသည်။ ရလဒ်မှာ ကျန်းမာရေး၊လူမှုရေး အဆိုး မည်သို့မျှ မဖြစ်သည့်အပြင် နှစ်ကုန်ပိုင်း လောက်တွင် “ကိုယ်ပိုင်အိမ်ပါ” ၀ယ်နိုင်လိုက်ပါသည်။ ထိုသို့ ဖြစ်စေလို၍ ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
ကုသိုလ်ကောင်းမှု လုပ်ရာတွင်လည်း နည်းပေါင်းစုံ ရှိသည့်အနက် “၀ိပဿနာ” ရှုခြင်း ကုသိုလ်လောက် အားကောင်းသည့် ကုသိုလ်မရှိပါ ။ အကောင်းဆုံး ယတြာ ဖြစ်ပါသည်။ သို့သော် လူတိုင်းလုပ်နိုင်ရန် ခဲယဉ်းပါသည်။ “၀ိပဿနာ” ရှုခြင်းသည် အတုမရှိ မြင့်မြတ်လှသည့် “နိဗ္ဗာန်” ကိုပင် မျက်မှောက် ပြုနိုင်သည်ဖြစ်ရာ သာမန် လောကီကိစ္စ ပြဿနာများလောက်ကတော့ ထည့်တွက်စရာပင် မရှိပါ။ လောကီ လောကုတ္တရာ စွယ်စုံရသည့် ဆရာတော်ကြီးတစ်ပါးက ပြောဘူးပါတယ်။ “၀ိပဿနာ” ရှုမှတ်ပြီး ကိလေသာ အညစ်အကြေးကို တစ်ရက် ရှုမှတ် ဆေးကြောနိုင်လျှင် တစ်ရက် အဆိုးလွတ်တယ်၊ တစ်လ ရှုမှတ် ဆေးကြောနိုင်လျှင် တစ်လ အဆိုးလွတ်တယ်၊ တစ်သက်လုံး ရှုမှတ် ဆေးကြောနိုင်လျှင် တစ်သက်လုံး အဆိုးလွတ်တယ်” ဟူ၏။ အကြွင်းမဲ့ လက်ခံပါ၏။
ဘ၀မှာ အဆင်မပြေမှု အခက်အခဲပြဿနာများ အမြဲရင်ဆိုင်နေရသူများ “၀ိပဿနာ” ကို ရှုမှတ်ကြည့်ကြစမ်းပါ။ ကိုယ့်ရဲ့ အခက် အခဲတွေ တစ်စ တစ်စ ပြေလည်လာပြီး ချောမွေ့လွယ်ကူတဲ့ ဘ၀ကို တစ်ဖြည်းဖြည်း ကူးပြောင်းရောက်ရှိ လာပါလိမ့်မယ်။ ဒါဟာ ဘာဖြစ်လို့လည်းဆိုတော့  ကိုယ့်ရဲ့သဏ္ဍန်မှာ လောဘ၊ ဒေါသ၊ မာန၊ ဣသာမစ္ဆရိယ၊ သောက၊ ဗျာပါဒ တွေ နည်းပါးလာတော့ “အကြောင်း အကျိုး” နိယာမအရ ကောင်းကျိုးတွေ ဖြစ်ထွန်းလာရခြင်း ဖြစ်တယ်။ ကျွန်ုပ်ကိုယ်တိုင် လက်တွေ့ကျင့်သုံးနေပြီး လက်တွေ့အကျိုးခံစားနေရသူပါ။
ဝိပဿနာ များများလုပ်လေ ဘ၀ကို ပိုပြီး အဆင်ပြေချောမွေ့လာလေ ဆိုတာ ကိုယ်တွေ့မို့ ယုံကြည်ကြစေချင်ပါတယ်။ သိပ်ခက်တယ်ထင်ရင် ခက်နေမှာဘဲ။ လက်တွေ့လုပ်ကြည့်တော့လည်း သိပ်မခက်ပါဘူး။ ကိုယ့်စိတ်ကို စိတ်နဲ့ ပြန်စောင့် ကြည့်နေတာ ၀ိပဿနာပါဘဲ။ အမြဲ စောင့်ကြည့်နေတော့ ကိလေသာစိတ်တွေ ၀င်ဖို့ခဲယဉ်းတယ်။ ၀င်လာ ရင်လည်း ကိုယ်က သိလိုက်တော့ ပြန်ပျောက်သွားတယ်။ နေရင်းထိုင်ရင်း၊ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်း၊ စကားပြောရင်း၊ သတိရရင် ရသလို ကိုယ့်စိတ်ကို စောင့်ကြည့်ကြပါ။ ပထမပိုင်း ၀ီရိယစိုက်ပြီး အားထုတ်နေရပေမယ့် နောက်ပိုင်းမှာ “အကျင့်” ဖြစ်သွားပြီး အားစိုက်စရာ မလိုအောင် ဖြစ်လာမယ်။ စိတ်က သူ့ဟာသူ Automatic စောင့်ကြည့်နေလိမ့်မယ်။ လက်တွေ့ စမ်းသပ် ကျင့်သုံးကြည့်ကြပါ။ အကျိုးထူးလာပါလိမ့်မယ်။ ကျန်းမာချမ်းသာကြပါစေ။
.
(၇)ရက်သားသမီးများ ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့များဖြစ်ကြပါစေ။
ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
Share
57 comments on “# မွေးနေ့ မွေးရက် ထပ်တူကျခဲ့လျှင် . . .
  1. YoungGun on said:
    ဒီယူဆချက် အသစ်ကိုတော့ ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ အဲလို မွေးရက်နဲ့မွေးနေ့ ထပ်တူကျခဲ့တဲ့ နှစ်မှာ လူမှုရေးပြသနာအကြီးအကျယ် ပေါ်ပေါက်ခဲ့လိဲု့ပါပဲ ဆရာရေ။ ထူးဆန်းသလို ဆက်လက်သုတေသနလုပ်ရမယ့် အချက်လို့ မြင်မိပါတယ်။
  2. ရက်ထပ်နှစ်မဟုတ်ခဲ့ရင် လူတိုင်းရဲ့ ၁၇နှစ်ပြည့်မွေးနေ့တိုင်းမှာ အဲသည်လို မွေးနေ့၊ မွေးရက်ပြန်ထပ်ပါတယ်…ရက်ထပ်နှစ်ဖြစ်ရင်တော့ တစ်ရက်ကျော်သွားပါတယ်။
  3. kyawswarwin on said:
    အစ်ကိုရေ အစ်ကိုပြောတာသိပ်မှန်ပါတယ် ဒီနှစ်ကျွန်တော်မွေးနေ့ မွေးလ မွေးရက်ကိုက်တယ်
    အစ်ကို ကျွန်တော်တန်ဖိုးထားတဲ့ကောင်မလေးလည်း အဲ့လိုဘဲမွေးနေ့ မွေးလ မွေးရက်ကိုက်ပါတယ် ဒီနေ့ဘဲသူ့ဆီက လမ်းခွဲစကားကြားလိုက်ရပါတယ် ကျွန်တော်တကယ်မထင်မှတ်ပါဘူး ပြီးခဲ့တဲ့ 11 လပိုင်းတုန်းကလဲ အဆုတ်ထဲရေ၀င်ပြီး
    သေမလိုဖြစ်ခဲ့ပါသေးတယ် နေကောင်းလိုက်မကောင်းလိုက်ပေါ့ အစ်ကိုပြောတာ သွေးထွက်အောင်ကိုမှန်နေတာပါ…ဒါကိုလက်ခံပါတယ်။
  4. မန္တလေးသူ on said:
    မှန်တယ်ဆရာ။ ကျွန်တော် ရေနစ်တဲ့နှစ်၊ လူမှုရေးပြသနာအကြီးအကျယ်ပေါ်တဲ့နှစ်တွေမှာ လုံးဝသွားတိုက်ဆိုင်တယ်။ ကိုယ့်ဘာသာနေတာတောင် ပြဿနာက အိမ်ပေါ်အထိတက်လာတာ။ ဒီကိစ္စအတော် ထူးဆန်းတယ်။
  5. ပေါက်ပေါက် on said:
    မွေးနေ့ မွေးရက် တိုက်တဲ့နှစ်မှာ မကောင်းဘူး ကုသိုလ် ကောင်းမှု များများလုပ် ရတယ် ဆိုပြီး ကျမကို တယောက်ယောက် ပြောဘူးတယ် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တည်းကပါ။ ဘယ်သူပြောတာမှန်းတော့ အတိအကျ မမှတ်မိတော့ပါဘူး။ ဘယ်သူမဆို အသက် ၂၈နှစ် နဲ့ ၅၆နှစ် တွေမှာ မွေးနေ့ မွေးရက် တိုက်ပါတယ်။ တခြားတိုက်တဲ့နှစ်တွေလည်း ရှိမှာပါ ဒီအသက်တွေကတော့ လူတိုင်း တိုက်ကို တိုက်ပါတယ်။
    ဆရာရဲ့ ဆောင်းပါးတွေ အတွက် ကျေးဇူးတင်ပါတယ်။
    ဆရာနှင့် မိသားစု ကျန်းမာ ချမ်းသာ ရှိကြပါစေ
  6. Dr.Tin Bo Bo on said:
    မပေါက်ပေါက် သို့
    ကိုယ်တောင် အခုမှ သတိထားမိရင် ကိုယ့်ထက်အရင်ကျတဲ့ ပညာရှင်ကြီးတွေလည်း ဒီကိစ္စကို သတိထားမိကြမှာဘဲ။ ဒါကြောင့် မပေါက်ပေါက် လွန်ခဲ့တဲ့ (၁၀)နှစ်လောက် ကတည်းက ကြားဘူးတာဖြစ်မှာပါ။ ဒါပေမယ့် ဘယ်သူမှ ဒီကိစ္စကို တိတိလင်းလင်း ရေးသားတာကိုတော့ မတွေ့ဘူးသေးပါ။
    အသက် (၂၈) နဲ့ (၅၆)မှာ မွေးနေ့မွေးရက်တိုက်တယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် (၂၈)နှစ်ပြည့်တဲ့မွေးနေ့ နဲ့ (၅၆)နှစ်ပြည့်တဲ့မွေးနေ့ဆိုမှ ပိုမှန်ပါမယ်။ ဒီတော့ ညံ့တဲ့အသက်က (၂၉) နဲ့ (၅၇) ဖြစ်သွားမှာပေါ့။
    အခုလို ဖြည့်စွက်တင်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
  7. ဆရာပြောတာမှန်ပါသည်၊
    ကျွန်တော့်မွေးနေ့ထပ်တဲ့နစ်(2003)မှာမော်တော်ကား(Accident)အကြီးအကျယ်ဖြစ်ဖူးတယ်ခင်ဗျာ။
    တခြားထပ်တဲ့နစ်(1997,2008)တွေမှာတော့ကြီးကြီးမားမားဘာမှသိပ်မဖြစ်ပါ။ ပြက္ခဒိန်တူနစ်(၇)မျိုးကို
    အခြားသူများမိမိကိုကိုယ်ပြန်လည်ဆန်းစစ်နိုင်ရန်Comment တွင်တွက်ချက်ပြီးရေးပေးပါမည်။
    (၆နစ်၊၅နစ်၊၆နစ်၊၁၁နစ်….အစီအစဉ်ခြာြး့ပီး)
    ၆…၅…၆…၁၁…၆…၅….၆….၁၁…၆…၅…၆…၁၁…..series.အစီအစဉ်နစ်ခြားပြီးပြက္ခဒိန်များ
    အမြဲတူညီပါသည်ခင်ဗျာ။
    ပြက္ခဒိန်တူနစ်(၇)မျိုးမှာ….
    (i)1920,1926,1937,1943,1948,1954,1965,1971,1976,1982,
    1993,1999,2004,2010,2021,2027,2032.
    (ii)1921,1927,1932,1938,1949,1955,1960,1966,1977,1983,
    1988,1994,2005,2011,2016,2022,2033.
    (iii)1922,1933,1939,1944,1950,1961,1967,1972,1978,1989,
    1995,2000,2006,2017,2023,2028,2034.
    (iv)1923,1928,1934,1945,1951,1956,1962,1973,1979,1984
    1990,2001,2007,2012,2018,2029,2035.
    (v)1929,1935,1940,1946,1957,1963,1968,1974,1985,1991
    1996,2002,2013,2019,2024,2030.
    (vi)1924,1930,1941,1947,1952,1958,1969,1975,1980,1986,
    1997,2003,2008,2014,2025,2031,2036.
    (vii)1925,1931,1936,1942,1953,1959,1964,1970,1981,1987,
    1992,1998,2009,2015,2020,2026,2037.
    ပြက္ခဒိန်တူနစ်များဖြစ်ပါသည်။မိမိတို့မွေးနစ်များကိုရှာဖွေဆန်းစစ်ပြီး၊
    ပြက္ခဒိန်တူနစ်များတွင်ထူးခြားမှုဖြစိစဉ်များ ရှိပါကComment တွင်ဆရာ့အားတင်ပြဆွေးနွေးနိုင်ရန်ရည်ရွယ်ပြီးတွက်ချက်ဖေါ်ပြရခြင်း
    ဖြစ်ပါသည်ခင်ဗျာ။
    ကျေးဇူးတင်ပါသည်ခင်ဗျာ။
  8. ဆရာရေ- လွန်ခဲ့တဲ့မတ်လ (28)ရက်နေ့မှာ 28 နှစ်ပြည့်ပြီး မွေးနေ့ စနေနေ့ နဲ့ တစ်ထပ်တည်းပါ။ အရမ်းထူးခြားတယ်ဆိုပြီးမှတ်မှတ်ရရရှိလိုက်ရတာ ကံဆိုးမှုတွေက အငြိုးနဲ့လားသလားထင်ရလောက်အောင်ရက်စက်ခဲ့တယ် ။ အလွန်တရာရခဲလှတဲ့ နိုင်ငံခြားကအလုပ်ကိုထွက် ………လက်ထပ်ဖို့ရည်စူးပြီးချစ်ခဲ့တဲ့သူနဲ့ လမ်းခွဲ။ ဆရာမှတ်မိမယ်ဆိုရင် လွန်ခဲ့တဲ့ 6 လ 7 လလောက်က ဆရာ့ဆီကို မေးလ်ပို့ ဆက်သွယ်ခဲ့တဲ့ အပူသည်လေးကို မှတ်မိကောင်းပါရဲ့ ။
    အလွန်ကံဆိုးပြီး ဘ၀တစ်ခုကိုမနည်းပြန်ထူထောင်ခဲ့တဲ့အချိန်မှာ နှစ်သိမ့်ပေးခဲ့တဲ့ ဆရာ့ဆုံးမစကားတွေဟာ ဘ၀တစ်ခုရဲ့အမှတ်တယပါ။ ကာယကံမြောက်ကျေးဇူးမဆပ်နိုင်သေးပေမယ့် ရင်ထဲမှာအမြဲတမ်း ကျေးဇူးတင်တဲ့အကြောင်းကို မေးလ်ပို့ချင်ခဲ့တာပါ.. အခုဒီဆောင်းပါးလေးကိုဖတ်ရင်းနဲ့ တိုက်ဆိုင်လို့ comment ၀င်ရေးတာပါ။ ပူနေတဲ့အချိန်ပူပြီး ကောင်းသွားတဲ့အချိန်မှာ မေ့လျော့သွားတယ်လို့မထင်ပါနဲ့ဆရာ။ ဆရာ နှင့်ဆရာ့မိသားစု ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ။
  9.ူငြိမ်း on said:
    ဆရာ
    သမီးလည်း ဒီပို့ စ်လေးကိုဖတ်ပြီး စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အခု ဒီဇင်ဘာ ၁၇ရက်က သမီးရက် မွေးနေ့  မွေးလ တိုက်တဲ့ နှစ်လေးဖြစ်လို့  ပါ၊ မဖတ်ရခင်ကတော့ နေ့ ထူးလေးဖြစ်လို့  ကျေနပ်နေမိတာအမှန်ပါ.
    ဒါပေမဲ့…. အခုတော့……….. နည်းနည်းကြောက်တယ်.. ဘာများဖြစ်နိုင်မလဲဆရာ တကယ်လို့ များဆရာ ကူညီတွက်ချက်ပေးနိုင်ရင် ကူ ညီပေးပါ၊ ဆောင်ရန် ရှောင်ရန်များကိုလည်း လမ်းညွန်ပေးပါနော်၊
    သမီးမွေးရက်ကတော့ 17.12.1981. ပါ။
    လေးစားစွာဖြင့်
ဲငြိမ်း
  10. Dr.Tin Bo Bo on said:
    မငြိမ်း သို့
    မုချဖြစ်မယ်မပြောနိုင်ပါဘူး။ သတိထားနိုင်အောင်ပါ။ “ဥပါဒါန်ကြောင့် ဥပဒ်မရောက်ပါစေနဲ့”။ ကိုယ် ကိုးကွယ်ရာအလိုက် ဘာသာတရားသာများများ လုပ်ပေးပါ။
  11. Kaung Htet Kyaw on said:
    ကျွန်တော်တော့ဒါတွေသိပ်မနားလည်ပါဘူး
    ကျွန်တော်တော့မကြုံဘူးတော့မသိပါဘူး
    နောက်လဲတင်ပေးပါ
  12. ;) ကျမမွေးရက်နဲ့ မွေးနေ့တိုက်တဲ့ ၂၀၀၁မှာ ကျမဘ၀အတွက် အဓိက (အဆိုးဆုံး) ပြောင်းလဲမှု ဖြစ်ခဲ့တာပဲ
  13. flexible on said:
    ဆရာခင်ဗျား
    ဆရာပညာကို အထူးလေးစားလျက် ဒီစာကိုရေးလိုက်ပါတယ်။
    criticized လုပ်ခြင်းမဟုတ်ပါ ဆရာ
    ဆရာပြောသလို အားလုံးကို “ဥပါဒါန်ကြောင့် ဥပဒ်မရောက်စေချင်လို့ပါ။
    ကျနော်ကတော့ ခြောက်ကြိမ်ထပ်ပြီးပေမဲ့ ဘာမှတွေတွေထူးထူး မဖြစ်ခဲ့ပါ..
    .. အဖေဆုံးတယ်.. ခွေးကိုက်တယ်..စာမေးပွဲကျတယ်.. တခြားနှစ်တွေမှာပါ..
  14. Dr.Tin Bo Bo on said:
    flexible သို့
    (၆)ကြိမ်တောင် ထပ်ပြီးပြီဆိုတော့ အသက် (၄၀)ကျော် (၅၀)နား ကပ်နေပြီပေါ့။ နောက်ပြီး ငယ်ငယ်က မွေးနေ့မွေးလ ထပ်ခဲ့တဲ့နှစ်တွေမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ မှတ်မိနေတယ်ဆိုတော့ “တော်တော် Brain ကောင်းတယ်” လို့ပြောရမယ်။ ကျွန်တော်တော့ အခု အသက် (၅၀)နားကပ်လာတဲ့အချိန်မှာ အနီးဆုံးထပ်ခဲ့တဲ့ နှစ်တွေဘဲ မှတ်မိတော့ တယ်။ သိပ်ဝေးတဲ့နှစ်တွေတော့ မမှတ်မိတော့ဘူး။ ကျွန်တော်လည်း ပြောထားပါတယ်။ ဖြစ်မယ်လို့မပြောနိုင်ဘူး။ ဖြစ်တတ်တယ်လို့။ (၆)ကြိမ်ထပ်တာတောင် ဘာမှမဖြစ်တာတော့ ကံကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့တော့ ဒီလိုကံမျိုးမရှိဘူးဗျ။ အားကျစရာကြီးပါဗျာ။
    သြော် ဒါထက် မွေးသက္ကရာဇ်နဲ့ နာမည်ရင်းလေး သိလို့ရမလားဗျာ။ ထူးခြားလွန်းလို့ သုတေသန လုပ်ကြည့်ချင်လို့ပါ။ ဖြစ်နိုင်ရင်ပေါ့။ မွေးတဲ့အချိန်လေးပါ သိရရင် ပိုကောင်းမယ်။
  15. ရီရီ on said:
    ထူးဆန်းစွာပဲတိုက်ဆိုင်နေပါတယ် မွေးနေ့မွေးရက်တိုက်ဆိုင်တဲ့
    1999 မှာ ကားတိုက်မှုဖြစ်တယ်
    2005 မှာ သွားနှုတ်ရာကပိုးဝင်ပြီး 1 လလောက်ဆေးကုလိုက်ရတယ်
    2010 မှာ ထက်တိုက်ဆိုင်အုံးမယ်
    ဘာတွေလုပ်သင့်လဲဆိုတာ ကူညီပါအုံးဆရာရယ်
  16. naylinnhtun on said:
    သိပ်ပြီးတော့ မထူးခြားပါဘူး။
  17. flexible on said:
    မင်္ဂလာပါဆရာ
    မွေးနေ့မွေးလ ထပ်ခဲ့တဲ့နှစ်တွေမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ မှတ်မိနေတယ်ဆိုတာတော့ မဟုတ်ပါဘူးဆရာ.. ထူးထူးခြားခြား ဆိုးဆိုးရွားရွား မဖြစ်ခဲ့တာကိုမှတ်မိနေတာပါ… အားတော့မကျပါနဲ့ ဆရာ ..၄ နှစ်မှာ အပြင်းဖျားတယ် ၈နှစ်မှာ အဖေဆုံးတယ် ၁၅ နှစ် မှာ ခွေးကိုက်တယ် ၂၆နှစ်မှာ စာမေးပွဲကျတယ်..
    ဗေဒင်ပညာကိုလည်း အရမ်းဝါသနာပါပါတယ်။ (၀ါသနာပါလို့လည်းဆရာ့website ကိုခဏခဏလာလည်တာပါ) တစ်ခါမှတော့ဆရာဆီမှာမမေးဘူးပါ..
    ဆရာသုတေသနအတွက် ဆရာခွင့်ပြုရင်တော့ ဆရာဆီကိုယ်တိုင်လြာ့ပီး က် ကူညီခွင့်ပြုပါ ( Many thanks for your request)
    အထက်က email မှာလည်း ဆရာညွှန်ကြားလိုတာကို ပို့လိုက်လို့လည်းရပါတယ်။
    ဗေဒင်ပညာနှင့်ဆရာပညာကို အထူးလေးစားလျက် ..
  18. မင်္ဂလာပါဆရာ on said:
    ဆရာပြောတာတွေမှန်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၀၈ ခုနှစ်တုန်းက သမီးချစ်သူနဲ့ သမီးမွေးနေ့နဲ့ ရက်တစ်ထပ်တည်းကျပါတယ်။ သမီးက ၁၉.၆.၈၇ ရက်မှာမွေးပါတယ်။သောကြာသမီးပါ။ သမီးချစ်သူက ၂၀.12.1980 မှာမွေးပါတယ်။ စနေသားပါ။နှစ်ယာက်စလုံးငွေကြေးအရမ်းခက်ခဲပါတယ်။
  19. thatnetkar on said:
    ကျွန်မကဒီနှစ်မွေးနေ.တိုက်ပါတယ်
    1ရက်1လပါသောကြာနေ.ပါ
    ဘယ်လိုဖြစ်မလဲတော.မသိဘူးနော်
    နည်းနည်းကြောက်တယ်
  20. fatecreater on said:
    ဆရာနှင့်တကွအားလုံး မင်္ဂလာနှစ်သစ်ပါ
    မွေးနေ့မွေးလထပ်လို့ မကြောက်ကြပါနဲ့
    နောင်အနာဂါတ်ဆိုတာ မိမိတို့လက်ထဲမှာပဲရှိပါတယ်
    ကောင်းတဲ့အနာဂါတ်ကို ဖန်တီးလို့လည်းရပါတယ်
    ဆိုးတဲ့အနာဂါတ်ကို ချေဖျက်လို့လည်းရပါတယ်
    အနာဂါတ်ရဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်များကို ဖန်တီးပိုင်ဆိုင်နိုင်ကြပါစေ
  21. လဲ့ မွန် on said:
    ကျနော်လဲ ဒီ၂၀၁၀ မှာထပ်တယ်..။ ကြောက်တယ်.. ဘာဖြစ်လာမလဲမသိဘူး ဆရာရယ်..
  22. ဆရာ ဒီဆောင်းပါးကိုဖတ်ပြီးမှ ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဒီနှစ်က သမီးရဲ့  မွေးနေ့နဲ့မွေးရက်တိုက်တဲ့နှစ်ဖြစ်နေတယ်။ မွေးနေ့ကတော့ မတ်လထဲကပြီးသွားပါပြီ။ ဒါပေမယ့် ဒီနှစ်ထဲမှာ ထူးထူးခြားခြား မကောင်းတာတွေဖြစ်ခဲ့တာကတော့ အမှန်ဘဲဆရာရေ။အဆိုးဆုံးကတော့ ပညာရေးဘက်မှာ သိသိသာသာထိခိုက်ခဲ့တယ်။ တနှစ်လုံးလဲ လူနဲ့စိတ်နဲ့မကပ်ဘဲ စိတ်လေနေခဲ့တယ်။ လူမှုရေးဘက်ကကြည့်ပြန်တော့လဲ အဆိုးဆုံးဖြစ်ဖို့ နည်းနည်းလေးဘဲလိုတော့တဲ့ အခြေအနေရောက်ခဲ့တယ်။ ပြန်တွေးကြည့်ရင် တော်တော်ကို စိတ်ရှုပ်ခဲ့ရတဲ့ နှစ်လို့ပြောလို့ရတယ်ဆရာ။ဒါပေမယ့်တခုကောင်းတာက သမီးက ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ပြီး စိတ်ဓါတ်ကျစရာကြုံတိုင်း ဘုရားတရားကို အားကိုးခဲ့တဲ့အတွက် တချို့ကိစ္စတွေက အဆိုးဆုံးထိ မဖြစ်ခဲ့ဘူး။ဆရာ့ရဲ့ပို့စ်အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိထားတော့ နောက်တခါအတွက်စိတ်ထဲမှာကြိုပြင်ဆင်ထားလို့ရသွားတယ်။
    ဒီစာထဲကနေဘဲ ဆရာ့ကိုဂါရဝပြုပါတယ်။ ဆရာကျန်းမာ ချမ်းသာပါစေ။
  23. Dr.Tin Bo Bo on said:
    မ ssu သို့
    မှန်ပါတယ်။ ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်က ဒီလိုကြုံလာရင် သတိထားဆင်ခြင်ရအောင်ပါ။ ဒါပေမယ့် ဆရာ့စေတနာ တလွဲဖြစ်သွားပုံရတယ်။ တစ်ချို့ ဒါကို သိပ်ကြောက် နေကြတယ်။ တစ်ချို့ကြလည်း ဆရာ့ကို တိုက်ခိုက်ကြတယ်။ ဖြစ်ကို ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဆရာကိုယ်တိုင် အနီးဆုံး 2007 မှာ ထပ်ခဲ့တာ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ထူးခြားတာက အဲဒီနှစ်အစက ဒီနှစ်ငါ မွေးနေ့ထပ်တယ်ဆိုတာ သိလိုက်တော့ “၀ိပဿနာ” ကို ဖိ, လုပ်ဖြစ်တယ်။ အရင်နှစ်တွေက ထပ်ခဲ့ပေမယ့် သတိမထားမိဘူး။ ဒါကြောင့် လူက ကျန်းမာရေးကို သတိမထားမိတာလည်းပါတယ်။ 2007 မှာတော့ကြိုသိတယ်။ တရားကို ဖိလုပ်တယ်။ တစ်နှစ်လုံး “အကုသိုလ်” နဲအောင် နေတယ်။ စိတ်ကို စင်ကြယ်အောင် “သတိပဌာန်” နဲ့ အမြဲစောင့်ကြည့်နေတယ်။ ကျန်းမာရေးကို အထူးဂရုစိုက်တယ်။ အနေအထိုင် အစားအသောက် အားလုံးဆင်ခြင်တယ်။ ရတဲ့ အကျိုးကတော့ အဲဒီနှစ်မှာ ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုမဖြစ်တဲ့အပြင် နှစ်ကုန်မှာ ကိုယ်ပိုင်အိမ်ပါ ၀ယ်နိုင်လိုက်တယ်။ ဒီလို ဖြစ်အောင် စေတနာနဲ့ ဒီဆောင်းပါးကို ရေးတာပါ။ သိပ်ကြောက် အောင် ဖြဲခြောက်တာ မဟုတ်ပါဘူး။ အဆိုးက လွတ်မြောက်အောင်ပါ။ ဒါကို နားလည်စေချင်ကြပါတယ်။
  24. ဆရာရှင့်
    ဆရာကိုတိုက်ခိုက်ရေးသားတားတာမျိုးမတွေ့ပါ။
    အားလုံးကဒီတောင်းပါးအတွက် ဆရာ့ကိုကျေးဇူးတင်နေကြပါတယ်။
    အဲဒီနှစ်မှာ သမီးလည်းထူးချွန်ဆုတစ်ခုနဲ့လွဲခဲ့ဘူးပါတယ်။
    ဆု (star)
  25. Dr.Tin Bo Bo on said:
    မစု သို့
    ဒီအထဲမှာ မရေးပေမယ့် အီးမေးလ်ထဲမှာ ဒီဆောင်းပါးဟာ လူတွေကို ထိတ်လန့်စေပြီး မှန်လည်းမမှန်ဘူးလို့ ပြောတာကို ခံလိုက်ရလို့ စိတ်မကောင်း ဖြစ်လို့ပါ။ စေတနာ ကနေ ဝေဒနာဖြစ်သွားလို့ပါ။ ကျေးဇူးတင်တဲ့သူတွေအတွက် တော့ဝမ်းသာပါတယ်။ လူတိုင်းဖြစ်မယ်လို့ လုံးဝပြောပြ မထားပါဘူး။ အားလုံးကို သတိထားနိုင်အောင် ပြောပြတာပါ။ ရှောင်လို့ရတယ်လို့ ယူဆပါတယ်။
  26. ZuluMyo on said:
    http://www.4shared.com/file/186043599/3a4b52f4/__online.html
    2010 ရွေးကောက်ပွဲ ကို လေ့လာရန် ဒီlink ကို click ပါ
  27. meelay on said:
    ကျေးဇူးတင်ပါတယ်
    ဂရုစိုက်လိုက်ပါ့မယ် အခုလိုသတိပေးတဲ့အတွက်ပါ
  28. Maung Kaung on said:
    ဆရာခင်ဗျား
    မသိလို့မေးပါရစေ။ ဆရာဆိုလိုတာက မွေးနေ့၊ မွေးရက်တိုက်ပြီးတဲ့ နောက်ပိုင်းနှစ်ကို ဆိုလိုချင်တာလားခင်ဗျား။ (ကျေးဇူးပြုပြီး ဖြေပေးပါ ခင်ဗျား)။ အဲဒီလိုဆိုရင်တော့ “လူမှုရေးပြဿနာကြီးတွေ” ဖြစ်ကုန်တာ အမှန်ပါပဲ။ သိပ်ချစ်ခဲ့တဲ့ ဆွေတွေမျိုးတွေအကြားမှာ ဆွေခန်းမျိုးခန်း ပြတ်အောင်ထိ ဖြစ်သွားပြီးခဲ့ပြီ။ ဆိုတော့ စီးပွားရေးပိုင်းလဲ အပြီးကွဲပြဲကြတယ်လေ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တိုက်ခဲ့တာပါ။ ကျနော်က “၈”ဂဏန်းသမားပါ။ ဒီဇင်ဘာလကုန်ပိုင်းကနေ အခုထိ ပြဿနာတွေက မငြိမ်းသေးဘူး။ ကျနော်လဲ ဘုရား၊ တရားပဲ ဖိလုပ်နေမိပါတယ်။ ကျေးဇူးတင်လေးစားလျှက်ပါဆရာ။
  29. dr.tin bo bo on said:
    ကို Maung Kaung သို့
    မွေးနေ့၊ မွေးရက် တိုက်ပြီးနောက်ပိုင်းနှစ် တစ်တနှစ်တာကာလကို ပြောတာပါ။ မှန်ပါတယ်။ ဒါပေမယ့် အမြဲမဖြစ်ပါဘူး။ မဖြစ်ရင်လည်း လုံးဝ။ ဖြစ်ရင်တော့ သိသိသာသာကြီးဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ဆရာလည်း အဖြေရှာတုန်းပါဘဲ။ ထူးဆန်းတဲ့ တိုက်ဆိုင်မှု တစ်ခုလို့ ဆိုရမှာပေါ့လေ။
  30. phoethutaw.and.bodyguard on said:
    ကျေးဇူးတင်ပါတယ်ခင်ဗျာ မွေးနေတွေရောက်ခဲ့ရင် ဂရုပြုမိတာပေါနော် အခုလိုရေးတာက ဆရာကို လှောင်ပြောင်တာ မဟုတ်ပါဘူးခင်ဗျား ဆရာ ဗေဒင်ကို ယုံကြည်ပါတယ်ကျွှန်တော်က ဒုတိယနှစ်ကျေင်းသားပါ GTC ကပေါ B-Tech ပါနိုင်မလားလို့ ဆရာကို မေးချင်ပါတယ် ခင်ဗျား
  31. nkt1435 on said:
    Dr. တင်ဗိုလ်ဗိုလ် ခင်ဗျာ ဆရာ့ဆိုက်က ပို့တွေ ကို ကျနော် တခြားဆိုက်တစ်ခု မှာ credit ပေးပြီး ကူးယူဖော်ပြ နေပါသည်ခင်ဗျာ
    ခွင့်ပြု ပေးပါရန် တောင်းဆိုပါတယ် ခင်ဗျာ
    ခွင့်ပြု မယ်လို့လဲ ထင်ပါတယ် ခင်ဗျာ
    ကျေးဇူးတင်လျက်
    nkt
  32. Dr.Tin Bo Bo on said:
    nkt1435 ရေ
    ကျွန်တော့်နာမည် (သို့) ၀က်ဆိုဒ် နာမည် ပါမယ်ဆိုရင် ခွင့်တောင်းစရာတောင် မလိုပါဘူး။ ကြိုက်သလို သုံးစွဲဖော်ပြနိုင်ပါတယ်။ ဒေါက်တာတင်ဗိုလ်ဗိုလ် နာမည်ဖြစ်စေ / ၀က်ဆိုဒ် နာမည်ဖြစ်စေ တစ်ခုခုတော့ ထည့်ပေးပါ။ ကျန်းမာပါစေ။
  33. Kyaw Min Htun on said:
    Thank you very much, Saya. Thank you.
  34. hninaung on said:
    မှန်ပါတယ်သမိးသူငယ်ချင်းတွေဖြစ်တာလဲသိဘူးပါတယ်ဆရာပြောမှသတိထားမိပါတယ်
    ကျေးဇူးတင်ပါတယ်
  35. ဆရာပြောပြလိုက်တဲ့ မွေးရက်ထပ်ထူကျခဲ့လျှင်ဆိုတဲ့ အခန်းလေး
    ဖတ်ပြီးတဲ့နောက်မှာ သမီးလုပ်ချင်တဲ့ဆန္ဒလေးကို တွန်းအားပေးလိုက်သလိုပါပဲ..
    သမီးက လွန်ခဲ့တဲ့မွေးနေ့ကတည်းကမွေးနေ့ဆိုတ့နေ့ရက်အတွင်း
    တပတ်လောက်ဆယ်ရက်လောက်ကို တရားစခန်းဆိုတဲ့ရိပ်သာနဲ့ အထူးသဖြင့်စိတ်ကိုတနှစ်အသက်ကြီးသွားတိုင်း၊နှစ်ဟောင်းကအညစ်ကြေးကို သီလနဲ့ဆေးကြောချင်တဲ့စိတ်ကလေးကြောင့်၊မွေးနေ့မှာ သီလနဲ့ဖြတ်သန်းလိုက်တာ ပိုပြီးအဓိပါယ်ရှိတာပဲဆိုတဲ့မိမိအတွေးနဲ့ ဖြတ်သန်းခဲ့ပါတယ်..ယခုလာမယ့်မွေးနေ့ သြဂုတ်လမှာလည်း တရားရိပ်သာမှာဝိပဿနာဆိုတာကိုအသက်ငယ်တုန်းအကျင့်လေးတခုရဖို့ဆက်ကြိုးစားဖို့ဆုံးဖြတ်ထားပါတယ်..
    အခုလာမယ့်သြဂုတ်လမွေးရက်ဟာသမီးရဲ့အင်္ဂလိပ်မွေးလမွေးရက်တိုင်ဆိုင်နေတာတွေ့ရတော့ ပိုပြီး ဆရာသတိပေးထားတာတွေက သမီးအတွက်တော့ဘာသာရေးပိုလုပ်ဖို့တွန်းအားပေးလိုက်သလိုပါပဲ….လွန်ခဲ့တဲ့(၂၀၀၅)နှစ်မှာတကြိမ် သမီးမွေးနေ့တိုက်ခဲ့ဖူးပါတယ်..အခုဆရာပြောမှ ပြန်ပြီးသုံးသပ်မိတော့ အဲမွေးနေ့တိုက်တဲ့နှစ်အတွင်းမှာထူးထူးဆန်းဆန်းရောဂါဖြင့်ဆေးရုံရုတ်တရက် တက်ခဲ့ရပါတယ်..ဒါတော့ဆရာပြောလိုက်မှပဲ သမီးရဲ့ဖြစ်ရပ်မှန်တခုကို သတိယသွားတာပါ..အသိအမြင်လေးတခု ဖွင့်ပြပေးတဲ့အတွက် အစဉ်လေးစားလျက်ပါ…ကိုယ့်စိတ်ကို စိတ်ဖြင့်ပြန်စောင့်ကြည့်နေတာ ၀ိပဿနာပါပဲဆိုတဲ့ဆရာရဲ့ဘာသာရေးအသိနက်နဲမှုကို လေးစားပါတယ်…….
  36. Dawn on said:
    မွေးနေ့က ၂၇ပါ။ အဲဒီရက်မှာပဲ ပထမဆုံး အလုပ်ရတယ်။နောက် ၆နှစ်နေတော့ နောက် အလုပ်တစ်ခု ရတာလဲ အဲဒီနေ့မှာပါပဲ မွေးနေ့နဲ့မွေးရက်ဆုံတာမှ ဘာမှမထူးခြားဘူး။ ပုံမှန်ပဲ။
  37. Dr.Tin Bo Bo on said:
    ကျေးဇူးပြုပြီး မွေးနေ့ အပြည့်အစုံကို သိပါရစေ။ ဒီလောက် ကံကောင်းတဲ့ မွေးနေ့ ထပ်တာမျိုး မတွေ့ဘူးသေးလို့ သုတေသန လုပ်ကြည့်ချင်လို့ပါ။ သုတေသန လုပ်လိုက်ရင် အဖြေက ရှင်းကနဲ ထွက်သွားမှာပါ။
    နာမည် မဖော်ပြချင်တောင် မွေးနေ့ မွေးရက် (ရက်/လ/ခုနှစ်/နေ့) တွေကို ကျေးဇူး ပြုပြီး ပို့ပေးပါလားဗျာ။ တကယ် စိတ်ရင်းနဲ့ တောင်းဆိုတာပါ။
    ကျွန်တော်က သုတေသနသမားဆိုတော့ ဒါမျိုးဆို သိပ် သုတေသန ပြုချင်လို့ပါ။
    ကျေးဇူးအထူးတင်ပါသည်။
    ဒေါက်တာတင်ဗိုလ်ဗိုလ်
  38. Dawn on said:
    အလွယ်ဆုံး ဗေဒင်မေးနည်းမှာ ဒုတိယမေးခွန်း မေးထားတဲ့တစ်ယောက်ပါ။ ကံကောင်းတာမဟုတ်ပါဘူး။ .ဒီမှာမွေးနေ့မပေးချင်လို့…မေးလ်ကို ပို့လို့ရမလားဟင်
  39. Zin Lay on said:
    ဆရာရှင့်.
    အလွန်ကို မှန်တယ်။တိုက်ဆိုင်တယ် လို့ပြောလို့ရတော့မယ်..
    ကျွန်မ မွေးနေ့ကတော့ Sept 2011 မှ ရောက်မှာပါ.. ဒါပေမယ့် April မှာ အလုပ်လက်မဲ့ ဖြစ်ပါတယ်.. အလုပ်အသစ်လျှောက်တာလဲ အဆင် မပြေသေးပါ၊၊ ကျန်းမာရေး မကောင်းလို့ ဆေးခန်း ခဏဏ သွားနေရပါတယ်၊၊
    ဆရာ့ဆောင်းပါးတွေ ဖတ်ရတဲ့အတွက် ကျေးဇူး တင်ရှိပါတယ်၊၊
  40. KO WIN on said:
    ဆရာ ခုဆောင်းပါးလေးက အတော်မှန်နေပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ မေလ က မွေးနေ့ မွေးရက်တိုက်ပါတယ်။ မတိုက်ခင် April လကစပြီး အိမ်ထောင်ရေး ပြဿနာကြီးတစ်ခု ဖြစ်နေပါတယ်ဆရာ။ ကျွန်တော့်ဘ၀မှ တစ်ခါမှမကြုံဘူးတဲ့ အတုန်လှုပ်ဆုံး စိတ်အဆင်းရဲ ဆုံး ဖြစ်နေပါတယ်။ ခုထက်ထိ မပြီးသေးပါ။ ကျွန်တော် တချိန်လုံး အဲဒီကတည်း ခုချိန်ထိ တရားခွေများကို နာလျှက် တရားနှလုံးသွင်းနေပါတယ်။
  41. red rose on said:
    ဆရာပြောတဲ့ စကားကိုသဘောကျပါတယ်..စိတ်ကို စိတ်နဲ့စောင့်ကြည့်တဲ့ ၀ိပဿနာကို ပိုလုပ်မယ်ဆရာ..ဆရာ့ဆောင်းပါးကို ပြန်ဖတ်ကြည့်တော့ အားတတ်လာပြီ..ကျေးဇူးပါဆရာ
  42. ရှယ်လီစိုးသန်း on said:
    ဒီနေ့ကသမီးရဲ့၂၃နှစ်မြောက်မွေးနေ့ပါမွေးနေ့မှမွေးရက်ရောမွေးနေ့ရောတိုက်တာပါ…..အဲ့ဒါကြောင့်ခုလိုသတိပေးစာသားလေးကိုဖတ်လိုက်မိတော့ဘာပဲဖြစ်ဖြစ် သတိထားလို့ရတာပေါနော် ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ ဆရာ….
  43. မေ သူ on said:
    ကိုယ့် စိတ် ကို စောင့် ကြည့်ဖို့ ဆို တာ အရမ်း ကြီး တော့ မလွယ် ကူ ဘူး .. အကျင့် မရှိရင် ပို ဆိုး မယ် ထင်ပါတယ် .. ဘယ်လို လေ့ ကျင့် ယူ ရ ပါ့ မလဲ
  44. thein su kyi on said:
    ဒီဆောင်းပါးကို ဖတ်ပီး ဆောင်းပါးရှင် ကို တော်တော်လေးစားမိတယ် …
  45. paingsoeaung on said:
    ဆရာ ကျွန်တော် လဲ ဒီနှစ် မွေးနေ့ မွေး ရက် တိုက်တယ်ဆရာ 3.11.1983လေ ..မွေးနေ့တောင်မရောက်သေးဘူးဆရာ အဆင်မပြေတာတွေက စပြီးကြုံနေဘီ…ဘာသာ တရားတော့ ပြန်လုပ်နေဘာပါပြီ ဆရာ …ကျွန်တော် လန့် နေဘီဆရာ…ဆရာကိုကျေးဇူးတင်ပါတယ် ကျွန်တော် အနေအထိုင် ပြန်ဆင်ခြင် လိုရလို့
  46. paingsoeaung on said:
    ကျွန်တော်မွေးနေ့ 3.11.1983 ပါဆရာ … 25 နှစ် မှာ တခါ ..အခု 28 နှစ် တခါ ဆရာ တော်2 ပြသာနာ တက် ခဲ့ ဆရာ ထောင် မကျ တာ ကံကောင်း ဆရာ …ရည်စား နဲ့ လဲ ပြတ်ခဲ့တယ်ဆရာ…ကိုယ်ခင်တဲ့ သူငယ်ချင်း လိမ်တာလဲခံရတယ် ဆရာ…တော် 2 ဖြစ်ခဲ့တယ် ဆရာ ကျွန်တော်လောက် တိုက်ဆိုင်တဲ့ လူ ရှိမှာ မဟူတ်ဘူး .. အစ ကတော့ သိပ်မထင် ဘူးဆရာ .. 25 နျစ်မှာ 1 ခါ 28 မှာ 1ခါ ဆိုတော့ တော်2 လန့် နေဘီ… ဆရာ 1ချက်လိုက် ကျွန်တော် တွက်ပေးပါဆရာ …တော်2 ဒူတ်ခ ရောက်ခဲ့ လို့ ဆရာ..နောက်1 ခု သိချင် တာက မွေးရက် မွေးလ တိုက်တဲ့ နှစ် ပြီး သွားရင်ကော အဆင်ပြန် ပြေ နိုင်ဘာတယ်နော်…28 နှစ်ပြည့် ပြီး 29 နှစ် ထဲ ရောက်သွားရင် ပြီးသွား တာလား ကျွန်တော် သိပ်မရှင်းလို့ ဆရာ ..ပြန်ပြောပြပေးပါနော်ဆရာ…3.11.1983… နံမည်က ပိုင်စိုးအောင် …အဓိပတိဖွား….အခုလို မျိုးတင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဆရာ…
  47. Yin Yin Htun on said:
    ဆရာ
    သမီးရဲ့မွေးနေ့က လာမယ့် 2012 င်္ဖေဖေါ်ဝါရီ 1 ရက်မှာမွေးနေ့မွေးရက်တိုက်နေပါတယ်ဆရာ သမီးက ဇန်န၀ါရီလ 14 ရက်နေ့မှာ မင်္ဂလာဆောင်ဖို့စီစဉ်ထားပါတယ်ဆရာ အဲဒါလဲဆရာရေးထားတဲ့ လက်ထပ်မယ်ဆို၇က်မြတ်ဘယ်လို ဆိုတာလေးနဲ့တိုက်ပြီးရွေးထားတာပါ လူကြီးတွေကိုအသိပေးတဲ့အချိန်မှာ လူကြီးတွေက အဲရက်ကပြာသိုလထဲမှာပဲ ရှိသေးတာမို့ 28 ရက်နေ့ကိုရွေးဖို့ပြောလာကြပါတယ် ဒါပေမယ့်၇က်မ၇လို့ 14 ရက်နေ့ပဲပြန်ရွေးလိုက်ရပါတယ်
    သမီးကအခုဆရာ့ရဲ့ဒီဆောင်းပါးလေးကိုဖတ်ပြီးတော့ နဲနဲစိုးရိမ်သွားပါတယ် မွေးနေ့မွေးလထပ်မယ့်နှစ်မှာ မင်္ဂလာပြုရမယ့်ရက်ကလည်း ပြာသိုလဖြစ်နေတာမို့ တွေးပြီးတော့စိုးရိမ်သွားမိပ်ါတယ် ဆရာပြောသလိုပဲ သမီးလည်းကောင်းမှုကုသိုလ်လေးတွေကိုပိုလုပ်ပါ့မယ်ဆရာ ဒါပေမယ့်ဘယ်တော့မှ အဆင်မပြေတတ်တဲ့ဘ၀မို့ ခုလဲဘ၀သစ်တခုထူထောင်ဖို့အတွက်ကို၇င်လေးသွားမိတယ်ဆရာ သမီးရဲ့ချစ်သူကတော့ဘုရားကလွဲရင်သူကဘာမှမယုံတာမို့ဘာမှမဖြစ်ဘူးလေ ဆရာပြောသလိုပေါ့နော် ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုပေမယ့်ကြောက်နေတယ်ဆရာ
    ဆရာသမီးဆရာ့ဆီကိုလာပြီးဆွေးနွေးချင်ပါတယ် ဘယ်လိုလာရမလဲ ကျေးဇူးပြုပြီးပြောပြပေးပါဆရာ
  48. May Thaw on said:
    ဆရာရှင့်။ ကျွန်မကမွေးလာကတည်းက မှတ်မိသလောက် ကံကောင်းခဲ့ရတာမရှိသလောက်ရှားပါတယ်။ ဘ၀မှာအရင်းနှီးဆုံးလူတွေကပဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နှိပ်စက်တာခံခဲ့ရပါတယ်။
    အခုအသက်အရွယ်ထိ အဆိုးရွားဆုံးကိစ္စတွေနဲ့ဖြတ်သန်းခဲ့ရလို့ ကိုယ့်ကိုကိုယ်မရှုးသွားတာ ကံကောင်းလို့ပဲဆိုရမလိုပဲ။ အခုလာမဲ့နှစ် ၂၈နှစ်ပြည့်မွေးနေ့က မွေးရက်သောကြာနေ့နဲ့တိုက်နေတယ်။ ကျွန်မအရမ်းကြောက်နေတယ်ဆရာ။ ဆရာပြောသလိုပဲ ဘုရား၊ တရားများများလုပ်ပြီး စိတ်ကိုစင်ကြယ်အောင်ထားနေပါ့မယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၀၉၊ ၂၀၁၁နှစ်တွေက မှတ်မှတ်ရရကိုစိတ်ဆင်းရဲ ကိုယ့်ကိုကိုယ်မနဲပြန်ရပ်တည်ခဲ့ရတဲ့နှစ်တွေပါ။ လာမဲ့နှစ်ကိုကျွန်မကြောက်နေပြီ။ ဒီပို့စ်အတွက်ကျေးဇူးတင်ပါတယ်ဆရာ။
  49. Dr.Tin Bo Bo on said:
    အသက်(၂၈)နှစ်ပြည့် မွေးနေ့ရယ် ၊ အသက် (၅၆)နှစ်ပြည့် မွေးနေ့ရယ်တွေက လူတိုင်း လူတိုင်း ထပ်တဲ့ နှစ်ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်တွေမှာ လူတိုင်းအားလုံး တူညီနေတော့ လူတိုင်း ညံ့ရမယ်လို့တော့ မဆိုနိုင်တော့ဘူး။ ဘယ်သူမဆို ထပ်တဲ့ နှစ်ဖြစ်နေလို့ ဆရာကတော့ ဒီ နှစ် (၂)နှစ်ထပ်မှုကို အကျုံးမ၀င်ဘူးလို့ဘဲ ယူဆချင်ပါတယ်။ မကြောက်အောင် အားပေးတာ မဟုတ်ဘူး။ ဆရာအနေနဲ့ အကျိုးမ၀င်ဘူးလို့ ယူဆထားတာဖြစ်တယ်။ (လေ့လာသုတေသနပြုချက်များအရ) တကယ်လို့ ဒီနှစ်တွေမှာညံ့ရင် မွေးရက်ထပ်လို့မဟုတ်ဘဲ အခြားအကြောင်း ကြောင့် ဖြစ်တာကိုတွေ့ရတယ်။ စိတ်အေးအေးထားပါ။
  50. May Thaw on said:
    ဆရာမှာသိအောင်လဲတင်ပေးရသေး လိုက်လဲအားပေးနေရသေးတယ်။ ကျေးဇူးတင်ပါတယ်ဆရာ
  51. Pinkgold on said:
    အမလေး. ဒီနှစ်က ထပ်တူကျတယ်…. ဘုရား တရား များများလုပ်ရမယ့် နှစ်ပဲ
  52. moe soe on said:
    မွေးနေ့မွေရက်အောက်တိုဘာ၂၃ရက်အင်္ဂါနေ့ပါ။၂၀၁၁မွေးနေ့မတိုင်ခင်ပြသနာစုံခဲ့ပြီး၂၀၁၁ဇွန်လ(၇)ရက်မှာပင်စင်ယူခဲ့ပါတယ်။စိတ်ထဲကတော့ငါကောင်းတာလုပ်နေပေမဲ့ ကံမကောင်းဘူးလို့ထင်နေခဲ့တယ်။မွေးနေ့မွေးရက်ထပ်နေတာလည်းသိနေပါတယ်။အခုဆရာ့စာကိုဖတ်မိတော့မှန်ကန်နေတာတွေ့ရပါတယ်။ဒါကြောင့်ဆရာပြောသလိုပဲ မခင်စပ်ကြားကောင်းမှုလေးတော့လုပ်ရပါမယ်။ပိုပြီးတော့လုပ်ရမယ်ဆိုတာ သဘောပေါက်လာပါတယ်။ဒါကြောင့်ပဲ ဘာကိုမှလောဘမတက်ပဲဖြစ်သမျှအခြေအနေပျော်ပျော်နေ၊ကောင်းမှုတွေလုပ်ပြီးဘ၀ကိုကြိုးစားပြီးဖြတ်သန်းမယ်လို့ဆုံးဖြတ်ထားပါတယ်။ထီလည်းအင်မတန်ပေါက်ချင်စိတ်ရှိလို့ထိုးပါတယ်။မပေါက်ရင်လည်းစိတ်ထဲ လှူတယ်လို့ပဲခံယူပါတယ်။လိုခင်စိတ်၊၀ယ်ချင်စိတ်တွေလည်းလျှော့ထားပါတယ်။ဆရာပြောသလိုပဲ
  53. phyo phyo Zin on said:
    ဆရာရေးထားတာကိုဖတ်မိတော့ နည်းနည်းတော့ကြောက်မိပါတယ်။ သမီးအသက်က အခု 29 ပြည့်မှာပါ။ ဒီ ဇန်န၀ါရီ လထဲမှာပါ။မွေးနေ့ ၊မွေးရက်၊ မွေးလ တိုက်ဆိုင်ပါတယ်။ 6 လပိုင်း 28 ရက်နေ့မှာအဖေရုတ်တရက်ဆုံးသွားပါတယ်။ ကြာသပတေး သမီးဖြစ်ပါတယ်။ သမီးကအိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ရေး၊လူမှုရေးတွေ နဲ့ လဲ စိတ်ဆင်းရဲခဲ့ရပါတယ်။ ။အခုမွေးနေ့ ထပ်တူကျနေပြန်တော့ ဘာတွေထပ်ဖြစ်ဦးမှာလဲ လို့ တွေးကြောက်မိပါတယ်။သမီးမွေးနေ့က 17.1.1985 ပါဆရာ။ဖြစ်နိုင်ရင် ဆောင်ရန်၊ရှောင်ရန်လေးတွေ ပြောပေးပါလားဆရာ။ ကျေးဇူးတင်စွာဖြင့်…..
  54. Aung Khine on said:
    2006 – 4 လ ပိုင်း 28ရက် မှာ “အူရောင်ငန်းဖျား” ဖြစ်လို့ သေမလိုဖြစ်ခဲ့ဖူးပါတယ်။ မွေးတဲ့အချိန် ည 8နာရီကျော်မှ ပြန်ပြီးအခြေအနေကောင်းသွားတာပါ။ ကျွန်တော့်ကို အားလုံးကသေပြီလို့ တွက်ထားကြတာ။ လာမယ့် 2013-4လပိုင်း 28 ရက်နေ့က လည်း မွေးနေ့မွေးရက် ထပ်ပါတယ်။ ဘာဖြစ်မလဲတော့ မသိဘူးပေါ့နော်။ဆရာပြောတာတွေမှန်ပါတယ်။ ဖြစ်တဲ့လူလည်း ရှိသလို မဖြစ်တဲ့လူလည်းရှိပါတယ်။ ဘာမှမဖြစ်ပါဘူးဆိုတဲ့လူတောင် စိတ်အနှောက်အယှက် ဖြစ်စရာတစ်ခုကတော့ အနည်းဆုံးဖြစ်တတ်ပါတယ်။ ကျွန်တော်လည်း ဒီအကြောင်းအရာကို စိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်ပါ။ ကျွန်တော့ရဲ့မွေးနေ့မွေရက် ထပ်တဲ့နေ့ကျော်သွားရင် အဲ့ဒီနေ့မှာဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြန်ပြောပါ့မယ်။
  55. ကိုရင်မောင် on said:
    ဆရာခင်ဗျား။
    ကျနော့အတွေ့အကြုံလေးပြောပါရစေ။ အခု ဆရ့ရဲ့ ဆောင်းပါးလေး ဖတ်ကြည့်ပြီးမှ ကိုယ်ကိုယ်တိုင် မွေးနေ့မွေးရက်တိုက်ခဲ့တဲ့နှစ်တွေကို ပြန်စဉ်းစားမိပါတယ်။ ကျနော်ကတော သိပ်မတူဘူးဆရာ။ မွေးနေ့မွေးရက်တိုက်ပြီးတဲ့ မွေးနေ့ နောက်မှာမှ ဖြစ်တာမဟုတ်ပဲ တိုက်မည့်နှစ်မှာ (အကြိုနှစ်)မှာ ပြဿနာတွေကြုံရတယ်။ ၂၀၀၂ ခုနှစ်မှာ တိုက်တော့ အဲဒီမွေးရက်မတိုင်ခင်တနှစ်လုံး တက်လိုက်တဲ့ ပြဿနာအများကြီးပဲ။ အဲ မွေးနေ့မွေးရက် တိုက်ပြီးတဲ့ နှစ်မှာပြန်ပြီး အခြေအနေကောင်းလာတယ်။ ဆရာ သုတေသနပြုရင် ထည့်သွင်းတွက်ချက်နိုင်အောင်ပါဆရာ။ ဒီ ၂၀၁၃ မှာလည်း တိုက်ပါတယ်။ ကိုယ့်ကိုကိုယ်အားပေးနေတာမျိုးမဟုတ်ဘူးနော်ဆရာ။ တကယ်လို့ တခုခုထူးခြားရင်လည်း ထပ်ပြောပါ့မယ်။ အဲ ဆရာအကြံပေးသလို ၀ိပဿနာတော့ ကြိုးစားလုပ်သွားမှာပါ။
    ကိုရင်အောင်
  56. Dr.Tin Bo Bo on said:
    ဒီလို လူမျိုးတွေလည်း ရှိတယ်။ အနီးကပ်ဆုံး ကျွန်တော့် ဇနီးဖြစ်သူဟာ မွေးနေ့မွေးရက်ထပ်ခဲ့တဲ့ နှစ်တွေမှာ ဆိုးဆိုးဝါးဝါး ဘာမှ သိပ်မဖြစ်တာကို တွေ့ရတယ်။ တစ်ချို့လူတွေကျတော့ ဆိုးအား အရမ်းပြင်းထန်တယ်။ ကျွန်တော်တို့ ဆက်ပြီး သုတေသန ပြုရဦးမယ့် ကိစ္စပါ။ ဒါပေမယ့် ဖြစ်တဲ့လူကတော့ ပိုများတာကိုတော့ သိသိသာသာ သတိထားမိပါတယ်။ ကျေးဇူးတင်ပါတယ် ကိုရင်မောင်ရေ။
  57. *ko win on said:
    ဆရာရေ ဒီနှစ်ကျမ (ကိုဝင်းညီမ) နေ့ရက်ထပ်ပါတယ် နောက်လ မကြာခင်ရောက်တော့မှာ
    ကံတရားကိုကြိုတင်မမြင်နိုင်ပေမယ့် ဆရာပြောသလိုသတိထားပြီးနေပါမယ်
    စိတ်သောကပူပင်စရာကတော့မေလ မှာကျမအမေအာသီးရောင်လို့ဆေးရုံမှာခွဲစိတ်လိုက်ရတယ်
Leave a Reply
Your email address will not be published. Required fields are marked *
*
HTML tags are not allowed.
Reports to my Friends !
မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်
အဖတ်အများဆုံး ဆောင်းပါးများ
အားပေးတယ်ဆို Like လုပ်ခဲ့နော် !
ဟူးရားဂဏန်း ရှာမယ်
Randomize calculation
အွန်လိုင်းပေါ်မှာ ရှိနေသူများ