သင်္ချာဗေဒ

8_ Circle & Face_01 (456 x 458)

.

# တနင်္ဂနွေ သားသမီးများ

သူ့ဖက်ကိုယ့်ဖက် မျှတအောင် ဆောင်ရွက်ညှိနှိုင်းမှုဖြင့် အလုပ်အကိုင် အကြံအစည်များ အထမြောက် အောင်မြင်မည့် ကာလဖြစ်သည်။ အကျဉ်းအကျပ် အခက်အခဲကြုံနေသူများ အခက်အခဲများမှ လွန်မြောက်နိုင်မည်။ အပေးအယူ နှင့် အလွှဲအပြောင်း ကိစ္စများ အောင်မြင်ပြီး အကျိုးခံစားခွင့်ရှိမည်။ အလှူဒါန ပြုရန် ကိစ္စများ ပေါ်ပေါက်မည်။ ထီပေါက်ကိန်းရှိသည်။ (, , , ) ဂဏန်းများ ပါအောင်ထိုးပါ။ (ဘဏ် . . စသည်တို့မှ) ချေးငွေ ချေးငှားရယူနိုင်မည်။ လက်အောက်လူ ၊ တပည့်တပန်း အကျိုးပေးမည်။ ရင်းနှီးမြုတ်နှံမှုများမှ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့် ကာလဖြစ်သည်။ မိမိကျန်းမာရေး နှင့် မိသားစုကျန်းမာရေး ဂရုစိုက်ပါ။ အိုးအိမ် အပြောင်းအရွှေ့ အလုပ်အကိုင် အပြောင်းအလဲ ရှိနိုင်သည်။ ငွေကြေးကံ ကောင်းမွန်မည့် လ, တစ်လ ဖြစ်လိမ့်မည်။

ယတြာ - မွေးနေ့ တနင်္ဂနွေနေ့တွင် အုန်းသီးတစ်လုံးကို စီးဆင်းနေသော မြစ်၊ ချောင်း တစ်ခုခုအတွင်း စွန့်ပစ်လိုက်ပါ။

Continue reading

Share

8_ Circle & Face_01 (456 x 458).

# တနင်္ဂနွေ သားသမီးများ

အိုးအိမ်၊ အလုပ်၊ နေရာဌာန အပြောင်းအလဲ တစ်ခုခုရှိနိုင်သည်။ အပြောင်းအလဲအတွက် လူပန်းစိတ်ပန်းဖြစ်မည်။ မယူချင်သော တာဝန်များ ယူရတတ်သည်။ မိမိနှင့် ယှဉ်ပြိုင်ဘက်များကို အနိုင်ယူနိုင်မည်။ ခင်မင်ရင်နှီးနေသော မိတ်ဆွေတစ်ဦး နှင့် မိတ်ပျက်တတ်သည်။ ရွှေ အ၀ယ်မှား/အရောင်းမှား တတ်သည်။ သတင်းမှား ကောလာဟလတစ်ခုကြောင့် စိတ်ဒုက္ခရောက်ရမည်။ လုပ်ငန်းခွင်အတွင်း လက်အောက်လူအချင်းချင်း ပဋိပက္ခဖြစ်ဖွယ်ရှိသည်။ လက်အောက်လူ ဒုက္ခပေးတတ်သည်။ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ သို့သော် အကောင်းဖက်ကို ဦးတည်ပြောင်းလဲမှု များမည့်လ, ဖြစ်သည်။

ယတြာပြုလိုက – တန်ခိုးကြီး ဘုရားတစ်ဆူတွင် ရွှေသင်္ကန်းဖြစ်စေ (ရွှေသင်္ကန်း အလှူငွေဖြစ်စေ) ကပ်လှူလိုက်ပါ။ ယခုလတစ်လလုံး “၀က်သား” မစားပါနှင့်။ ကျန်းမာရေး ထိခိုက်တတ်သည်။

Continue reading

Share

.

Zodiac_in_Sky

မိတ်ဆွေများခင်ဗျား

လေးစားစွာဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိဘလော့ဂ်ရှိ ဆောင်းပါးများကို ကူးယူအသုံးပြုမည်ဆိုလျှင် စိတ်ကြိုက် ကူးယူ အသုံးပြုနိုင်ပါသည်။ ကြိုတင် ခွင့်မတောင်းလျှင်လည်း ရပါသည်။

သို့သော် “လူ့ကျင့်ဝတ်” ကို လေးစားသောအားဖြင့်၎င်း ၊ မိမိကိုယ်ကိုယ် လေးစားသောအားဖြင့်၎င်း ၊ ဆောင်းပါးရေးသူအမည် “ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)” နှင့် မူရင်းလင့်ခ် http://compubaydathukhuma.com/ ကို ထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။

ယခုအခါ ဘလော့ဆိုဒ် အချို့၌၎င်း ၊ Facebook Page အချို့၌၎င်း ၊ မိမိ၏ “ကွန်ပျူဗေဒသုခုမ” မှ ဆောင်းပါးများကို ခွင့်တောင်းမှု မပြုသည့် အပြင် “ကိုယ်တိုင်ရေးသားထားသကဲ့သို့” ပြုလုပ်နေခြင်းများကို မိမိကိုယ်တိုင်လည်း တွေ့ရပါသည် ၊ မိတ်ဆွေများကလည်း အကြောင်းကြားခြင်းဖြင့် သိရပါသည်။

မိမိကိုယ်ကို နိုင်ငံကြီးသား ပီသပြီး အမျိုးကောင်း သားသမီးများ ဖြစ်သည်ဟု ယူဆပါလျှင် ထိုကဲ့သို့ လူအထင်သေးခံရမည့် အလုပ်မျိုးကို မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

—————————————————————————————————————————-

မိဿ ရာသီဖွားများ

Aries-2 (178 x 237)

Preview ။                      ။ ယခုနှစ်မှာ မိဿရာသီခွင်အတွင်း မွေးဖွားလာကြသူများအတွက် ကံဇာတာ အကောင်း/အညံ့တွေ ရောထွေးနေပါတယ်။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် Any Changes တစ်ခုခုဖြစ်နိုင်ပြီး ဘ၀အပြောင်းအလဲ ပုံစံတစ်ခု ဖြစ်ဖို့များပါတယ်။ ဘ၀တက်လမ်းအတွက် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းလျှောက်ရမယ့် အနေအထားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်တယ်။ (ရုပ်ပိုင်းဆိုတော့ ငွေရေး ကြေးရေး ၊ ပိုင်ဆိုင်မှု နဲ့ ကျန်းမာရေးတွေပါ ပါပြီပေါ့)။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် အခက်အခဲများနိုင်တယ်။ မမျှော်လင့်နိုင်တဲ့ ဘေးဥပဒ်တွေ ၀င်ရောက်နိုင်တယ်။ တစ်ဖက်ကလည်း ရုတ်တရက် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားခြင်းမျိုးလည်း ရှိတယ်။ အကောင်းတွေရော အညံ့တွေရော စုပြုံဝင်ရောက်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမယ်။

စိတ်ပိုင်းဆိုင်ရာ ။                            ။ ဒီနှစ်ဟာ မိဿရာသီဖွားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အထူးဝင်ရောက်နိုင်တယ်။ Stress အလွန်များမယ့် နှစ်မျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်ရေးရာ အထူး ပျက်ပြားဖွယ် ရှိတယ်။ အထီးကျန်ဆန်မှုကို ခံစားရမယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းမယ်။ လူတစ်ဖက်သား အပေါ်လည်း မယုံမကြည်ဖြစ်မယ်။ စိတ်ကျရောဂါ ဖြစ်ပွားဖို့ရှိတယ်။ ကြုံလာသမျှ ကိစ္စတိုင်းဟာ စိတ်ညစ်စရာတွေချည်းလို့သာ ထင်လာမယ်။ ဒီနှစ်အတွက် မိဿရာသီဖွားတွေ စိတ်ဓာတ်ခွန်အားကို အထူးမြှင့်တင်ဖို့ လိုအပ်တယ်။

Continue reading

Share

.

Today’s  born babies ဆိုတဲ့ အခန်းကဏ္ဍလေးကို ဖွင့်လှစ်လိုက်ပါတယ်။ ယနေ့ ယနေ့မှာ မွေးဖွားလာတဲ့ ရင်သွေးငယ်လေးတွေရဲ့ ဘ၀ကံကြမ္မာနဲ့ ရှောင်ရန်/ဆောင်ရန်လေးတွေ ၊ နာမည်ပေးနည်း (အကြမ်းဖျဉ်း) တွေကို နေ့စဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ နေ့စဉ်အလုပ် ဆိုတော့ သိပ်ကြီး ကျယ်ကျယ်ဝန်းဝန်းကြီးတော့ မရေးနိုင်ပါဘူး။ အကျဉ်းချုပ်လောက်ပေါ့။ နည်းစနစ်ကတော့ “Numerology” ဂဏန်းဗေဒင် နဲ့ အနောက်တိုင်း (၁၂)ရာသီခွင် တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မဟာဘုတ်နည်းလေးလည်း အနည်းအကျဉ်း ဖြည့်စွက် ပေးထားပါတယ်။ နာမည်ပေးနည်းကတော့ အကြမ်းလောက်ဘဲပေါ့။ တိုင်စဉ် မမှားရုံလောက်ပါဘဲ။ ဒီဇင်ဘာလ တစ်ရက်နေ့ကနေ စ,ပြီး ရေးပေးထားပါတယ်။ ကြည့်ကြရအောင်။

—————————————————————————————————————

2012  ဒီဇင်ဘာလ (1) ရက်နေ့ မွေးသော ရင်သွေးငယ်များ

 

အနောက်တိုင်းရာသီခွင် အရ -          -  ဓနု ရာသီဖွား

ဂဏန်းဗေဒင် အရ -                       – (1) ဂဏန်း သမား

မဟာဘုတ် အဖွား အရ -               -   စနေ ရာဇဖွား

ဒီနေ့မှာ မွေးတဲ့ ရင်သွေးငယ်များဟာ ဘ၀မှာ အကြီးအကဲ ဖြစ်ဖို့ ကံဇာတာ ပါတယ်။ ချမ်းသာကြွယ်ဝရမယ့် ကံကြမ္မာလည်း ပါပါတယ်။ ဒါပေမယ့် အောင်မြင်မှုနဲ့ ကြွယ်ဝမှုတွေကို ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မယ်။ အရမ်းပွင့်လင်းတတ်ပေမယ့် အညိုးတော့ ကြီးတတ်တယ်။ ဒါပေမယ့် သစ္စာရှိမယ်။ ထက်ထက်မြက်မြက် ရှိမယ်။ တုံးဆိုတိုက် ကျားဆိုကိုက် ဆိုသူများဖြစ်မယ်။ ဘ၀မှာ အိမ်ထောင်ရေး ပြဿနာလေးတွေတော့ ရှိတတ်တယ်။ ဘ၀အောင်မြင်မှုအတွက် အမြဲရုန်းကန် လှုပ်ရှားနေရမယ်။ အေးအေးဆေးဆေး နေရမယ့် ကံမျိုး နည်းလိမ့်မယ်။ အိုဇာတာတော့ ကောင်းတယ်။ အသက်ကြီးရင် ဘုရားတရားဘက်ကို ရောက်သွားတတ်တယ်။ မျက်စေ့ကို ဥပဒ်ပေးတတ်လို့ သတိထားရမယ်။ ကိုယ်ယုံကြည်ရတဲ့ လူက သစ္စာဖောက်ခံရတတ်တဲ့ ဇာတာမျိုး ရှိတာကိုတော့ တစ်ဘ၀လုံး သတိထားရမယ်။ ကျန်းမာရေးအတွက်ဆိုရင် “နှလုံး” ကို သတိထားရမယ်။

နာမည်ပေးမယ်ဆိုရင်တော့ – စနေ အစ . . . စနေ  အဆုံး ။ စနေ အစ . . . တနင်္ဂနွေ အဆုံး တွေ ပေးနိုင်တယ်။ နေ့သင့် နံသင့် မဟုတ်ဘဲ အခြားနံတွေနဲ့ ပေးမယ်ဆိုရင်တော့ သောကြာ အစ . . . တနင်္ဂနွေ အဆုံး ။  ဗုဒ္ဓဟူး အစ . . . တနင်္ဂနွေ အဆုံးတွေနဲ့ ပေးနိုင်တယ်။ သတိထားရမယ့် နာမည်ကတော့ စနေ စ,ပြီး ဗုဒ္ဓဟူး နံနဲ့ ပိတ်တဲ့ နာမည် (လုံးဝ) မပေးပါနဲ့။ ပက္ခတ် မိတာကြောင့် အိမ်ထောင်ရေး ထိခိုက်မှု နဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေလိမ့်မယ်။

—————————————————————————————————————

Continue reading

Share

လစဉ်ဟောကိန်းတွေကို ကျွန်တော် ပုံမှန်တွက်ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်မတင်ဖြစ်ပါဘူး။

အကြောင်းကတော့ ပြီးခဲ့တဲ့ အသက်(၅၀)ပြည့်မွေးနေ့ကစပြီး ကျွန်တော့်စိတ်ထဲမှာ အတွေး

အခေါ်တစ်ခုဝင်လာတယ်။ အဲဒါကတော့ ကိုယ့် ဘလော့ဂ်လေးကို လာရောက်ဖတ်ရှုသူတွေ

ဗေဒင်ဟောကိန်းတွေဖတ်ပြီး စိတ်ဆင်းရဲသွားရတာ ၊ စိတ်ညစ်သွားရတာမျိုး မဖြစ်စေ

ချင်တော့ဘူး။ စိတ်ချမ်းသာပျော်ရွှင်သွားတာမျိုးသာ ဖြစ်စေချင်တယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကဆိုရင် (၇)ရက်သားသမီးအားလုံးလောက်ဘဲ ကျန်းမာရေး

(သို့) စီးပွားရေး (သို့) အချစ်ရေး အိမ်ထောင်ရေး တစ်ခုမဟုတ် တစ်ခု ညံ့နေလို့

မတင်ဖြစ်တော့ဘူး။ ဒီလ(သြဂုတ်လ) လည်း သိပ်မကောင်းလှပါဘူး။ ဒါပေမယ့်

ကျွန်တော့်ဆီကို လစဉ်ဟောကိန်းတွေကိုတော့ မှန်မှန်လေး တင်ပေးပါလို့

လူကိုယ်တိုင်တစ်မျိုး၊ ဖုန်းနဲ့တစ်ခါ ၊ အီးမေးလ်ကတစ်ဆင့် မကြာမကြာ ပူဆာကြတဲ့သူတွေ

များလွန်းလို့ မကောင်းတာရှိရင် “လျှော့လျှော့ပေါ့ပေါ့” လေးလောက်ဘဲ ရေးပြီး

တင်ပေးလိုက်ပါတယ်။

အမှန်ကတော့ ဒီ သြဂုတ်လအတွက်ကို ခါတိုင်းလို (၇)ရက်သားသမီးဟောကိန်းမဟုတ်ဘဲ

“နာမည်ဟောကိန်းစနစ်” နဲ့ ကိုယ့်နာမည်လေးကို ပေါင်းကြည့်ပြီး ရလာတဲ့ အဖြေပေါ်ကနေ

ကိုယ့်နာမည် အစ, အလုံး နဲ့ တိုင်ဆိုင်ဖတ်တဲ့ နည်းပါ။ သြဂုတ်လဆန်း ကတည်းက

တင်ရကောင်းနိုး၊ မတင်ရကောင်းနိုး နဲ့ စဉ်းစားရင် လ, တောင်မှ ကုန်လုပြီ။
ဒါပေမယ့် ညီငယ်လေးတစ်ယောက်က ဒီလထဲမှာ လုပ်မှား ကိုင်မှားတွေ

တော်တော်ဖြစ်သွားပြီး ငွေကြေးတော်တော်များများ ဆုံးရှုံးသွားပါတယ်။ သူက “ဆရာ့ရဲ့ လစဉ်ဟောကိန်းလေးသာ

တင်ပေးထားမယ်ဆိုရင် ကိုယ့် ကံဇာတာ ညံ့ထားတာကို ကြိုသိရရင် ဒီလောက်

အဆိုးမကြုံနိုင်ထင်တယ်” . . ဆိုတဲ့ စကားလေးကြောင့် စိတ်မကောင်း ဖြစ်ရပြီး ဒီလို

မကောင်းတာကို ကြိုတင် သတိပေးနိုင်ရင်လည်း သူတို့အတွက် အကျိုးဖြစ်နိုင်ကောင်းရဲ့

ဆိုတဲ့ အတွေးဖြစ်လာပြီး ပြန်တင်ပေးလိုက်ပါတယ်။ လ, တစ်ဝက် ကျိုးလာတော့

မှန်မမှန်ကိုလည်း တိုက်ဆိုင်စစ်ဆေးလို့ ရတာပေါ့။

ဒီလတွက်ကိန်းကလေးကတော့ နည်းနည်းထူးခြားပါတယ်။ အမှန်လည်း ပိုများလာမယ် လို့

ယူဆပါတယ်။ နေ့နံနဲ့ တွက်တာမဟုတ်ဘဲ ကိုယ့်နာမည်နဲ့ အတိအကျတွက်တာမျိုး

ဖြစ်ပါတယ်။

Continue reading

Share

.

နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုတော့ ပြောင်းပြန်ပြီပေါ့။ Happy New Year !!! ဆိုတဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတဲ့ အသံတွေလည်း သောသောညံ ခဲ့ပါပြီ။ 2012 ခုနှစ်ကို လူတော်တော်များများက ကံမကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်လို့ ပြောဆိုနေကြတဲ့ အသံတွေကတော့ နေရာတိုင်းလိုလိုမှာ ကြားနေ ရပါတယ်။ ဒီနှစ်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။ (၂၀၁၂မှာ ကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့ ကောလာဟလရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်) ဒါပေမယ့် ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ပျော်ရွှင်စွာ ကြိုဆိုကြဖို့ကတော့ ကမ္ဘာသူကမ္ဘာသား တွေရဲ့ တာဝန်ဘဲ မဟုတ်လားဗျာ။

ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် 2012 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို ရေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ ဒီတော့ ကျွန်တော် ဒီလိုလုပ်လိုက်တယ်။ မိဿ ၊ ပြိဿ . . . အစရှိတဲ့ (၁၂)ရာသီခွင်တွေမှာ မွေးဖွားလာကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် “နှစ်သစ်ကူးအကြို (၁၂)ရာသီခွင် ဟောကိန်း “အကျဉ်းချုပ်” ကလေးကို ပဏာမ (အမြည်းသဘော)အနေနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ နောက်ထပ် ရာသီတစ်ခုခြင်းစီရဲ့ “အသေးစိတ်ဟောကိန်းများ” ကိုတော့ ဇန်န၀ါရီလထဲမှာ အပြီးတင်ပေး သွားမယ် လို့ စိတ်ကူးလိုက်တယ်။

သဘောကျကြရဲ့လားဗျာ။ မကျရင်လည်း သည်းခံပြီးသာ ဖတ်ကြပေတော့။ လုံးလုံး တင်မပေးတာထက် စာရင်တော့ အများကြီး ကောင်းလိမ့်မယ် မဟုတ်လားဗျာ။ ကဲ – 2012 ရဲ့ ကံဇာတာ အကျဉ်းချုပ်ကလေးတွေကို ဖတ်ကြည့်ကြရအောင်လား။

.

မိဿရာသီဖွားများ

.

မိဿရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -

-      ဒီနှစ်မှာ အတိုက်အခံများမယ်။ ရန်များမယ်။ ဒါပေမယ့် ရန်အတိုက်အခံ၊ အပြိုင်အဆိုင် တွေရဲ့ ကြားကနေ  အောင်မြင်မှုရမယ်။

-      ငွေကြေးလာဘ်လာဘ အလွန်များပြားစွာ ၀င်ရောက်နိုင်တယ်။ ငွေကြေးကံကောင်းမယ်။ ငွေကြေး အတွက် လုံးဝ မပူပင်ရတဲ့ နှစ်မျိုးဖြစ်နိုင်တယ်။

-      ကျန်းမာရေးတော့ အတော်ဂရုစိုက်ရမယ်။ ချုခြာနေမယ်။ ရောဂါကြီးတွေဖြစ်နိုင်တယ်။

-      နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းမယ်။ နိုင်ငံခြားခရီးတွေ သွားရတတ်တယ်။

-      အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ပြုရန် အခက်အခဲများမယ်။ ရွှေ့ဆိုင်းရမယ်။ လက်ထပ်ဖို့ကိစ္စ နှောင့်နှေးကြန့်ကြာမယ်။ ဒါပေမယ့် အိမ်ထောင်ကျကိန်းလည်း အလွန်များတယ်။

-      အိုးအိမ်ခြံမြေ ၊ ယာဉ်ကား နဲ့ ပတ်သက်ပြီး ကံကောင်းမယ်။ အထူးသဖြင့် ယာဉ်ကား ၀င်ကိန်းရှိတယ်။

-      တစ်နှစ်လုံး စိတ်ပိုင်းဆိုင်ရာ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်တယ်။ တော်လှန်ပုန်ကန်လိုတဲ့ စိတ်တွေ ဖြစ်နေတတ်တယ်။ မကြာခဏ စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုတွေဖြစ်မယ်။ စိတ်နှစ်ခွ ဖြစ်နေမယ်။ စိတ်ခံစားချက်တွေ အလွန်ပြင်းထန်မယ်။

-      ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေ ၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်ခွင့်ကြုံ တတ်တယ်။ ဒီလို လုပ်ဆောင်လိုက်တာနဲ့ ကိုယ့်ရဲ့ ကံကြမ္မာဟာလည်း အံ့သြလောက်အောင် ကောင်းမွန်တိုးတက်မှုတွေ ကြုံရမယ်။

-      သားသမီးရှိသူများ သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စတွေ ကြုံမယ်။ အထူးသဖြင့် ပညာရေးကြောင့် ဂုဏ်ယူစရာ ကိစ္စမျိုးဖြစ်ဖို့များပါတယ်။

-      အိမ်ထောင်ရေးအတွက် စိတ်အလွန်ဆင်းရဲရတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ အိမ်ထောင်ဘက် ကျန်းမာရေး ချို့တဲ့လို့ဖြစ်စေ၊ အိမ်ထောင်ဘက်က တနည်းတနည်းနဲ့ ဒုက္ခပေးလို့ဖြစ်စေ မကြာခဏ စိတ်ဆင်းရဲ့ ရမယ့်နှစ်ဖြစ်တယ်။

-      ကိုယ်တိုင် အိမ်ထောင်ရေး ရှုပ်ထွေးတတ်သူများ မိမိဂုဏ်သိက္ခာကျစရာ ကိစ္စတွေ ကြုံမယ်။ နာမည်ပျက်ကိန်း ကြုံတတ်တယ်။

-      ၂၀၁၂ ခုနှစ်မှာ မိဿရာသီဖွားမွေးသူများထဲက ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နဲ့ စနေသားသမီးတွေက ကံအထူးကောင်းဖို့ရှိပါတယ်။

-      ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် အိမ်ကဘုရားမှာ “သစ်ကြားသီး” (သို့) “သကြား” လုံး (၈)လုံး ကပ်လှူပူဇော်လိုက်ပါ။ (သစ်ကြားသီးကို အခွံခွဲပြီးမှ ကပ်ပါ)

Continue reading

Share

.

တစ်လစာ လစဉ်ဟောကိန်းများကို တနင်္ဂနွေ ၊ တနင်္လာ  . . .  စတဲ့ (၇)ရက်သားသမီး ဟောကိန်းများလောက်နဲ့ မလုံလောက်ဘူးလို့ ယူဆတာကြောင့် ယခုလမှာ “သင်္ချာဗေဒ” ဟောကိန်းများ ကို အစီအစဉ်သစ် အဖြစ် တင်ဆက်လိုက်ပါတယ်။ “(၇)ရက်သားသမီး ဗေဒင်” နဲ့ “သင်္ချာဗေဒ” နှစ်ခု တိုက်ကြည့်ပြီး အကောင်း အညံ့ကို “မျှပြီး ယူရင်” အမှန်ပိုများလာမယ်လို့ ယူဆလို့ ဒီအစီအစဉ်လေးကို တင်ဆက်ပေးလိုက်တာပါ။ လစဉ် တင်ပေးသွားမှာပါ။

ရက်ကတော့ နဲနဲတော့ နောက်ကျနေပါပြီ။ ဒါပေမယ့် ယခုရက်ပိုင်းအထိ ကြုံဆုံ နေတာတွေနဲ့ တိုက်ဆိုင်လို့ ပိုရသွားတာပေါ့။ “သင်္ချာဗေဒ” ဆိုတာ “ဂဏန်းဗေဒင်” လို့ လူသိများတဲ့ အနောက်တိုင်း (Numerology) နည်းစနစ်ပါဘဲ။ ဒါပေမယ့် မြန်မာလို “ဂဏန်းဗေဒင်” လို့ ခေါ်တာကို နှစ်ခြိုက်မှု မရှိလို့ “သင်္ချာဗေဒ” လို့ဘဲ သုံးနှုံးလိုက်ပါတယ်။ ဒီ သင်္ချာဗေဒပညာနဲ့ လစဉ်ဟောတဲ့ နည်းစနစ်လေးဟာ ကိုယ်ပိုင်နည်းစနစ် တစ်ခုဖြစ်ပြီး သုတေသနတော့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ရသေးပါဘူး။ စမ်းသပ်ထားတဲ့ လူဦးရေ နည်းနေ ပါသေးတယ်။ စမ်းသပ် ပြီးသလောက်တော့ အမှန်များ ပါတယ်။

ဒါကြောင့် ဒီနည်းစနစ်ကလေးရဲ့ မှန်ကန်မှုကို သိချင်လို့ ဒီလကုန်သွားရင် အမှား/အမှန် တိုက်ဆိုင်မှုကို Comment ထဲမှာ ၀င်ရေးပေးဖို့ အကူအညီ တောင်းလိုပါတယ်။ တကယ့် တိုက်ဆိုင်မှုကိုသာ သိချင်ပါတယ်။ မှားရင်လည်း မှားတယ်ပေါ့။ မှန်ရင်လည်း မှန်တယ်ပေါ့။ အမှန်အတိုင်းဘဲ ရေးပေးကြပါ။ သိက္ခာချလိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ပြီး မရေးဖို့တော့ တောင်းပန်ပါတယ်။ အများအတွက် သုတေသန လုပ်ပေးနေတာမို့ စိတ်ကောင်းလေး မွေးပေးကြပါ။ ဟောချက်အတိုင်း ကောင်းပါရက်နဲ့ သိက္ခာချလိုတာကြောင့် မဟုတ်တာဝင်ရေးရင် ကိုယ့်မှာလည်း “ဒဏ်ပြန် သင့်တတ်ပါတယ်” ။ တကယ့်ကို အမှား ရာနှုံးများရင်လည်း တွက်နည်းကို ထပ်ပြီး ပြင်ဆင် ချင်လို့ပါ။ အကူအညီ တောင်းခံခြင်းမျိုးဖြစ်ပါတယ်

တစ်လစာကို အင်္ဂလိပ်မွေးရက် (1)ကနေ (31) အထိရေးရမှာ ဖြစ်လို့ ကနေ့ တစ်နေ့တည်းနဲ့ အပြီး မရေးနိုင် သေးပါဘူး။ ပြီးသလောက် ဖတ်နိုင်အောင် တင်ပေးလိုက်တာပါ။ ကနေ့ (1)ရက်နေ့ ကနေ (10)ရက် နေ့အတွင်း မွေးသူများအတွက်ပါ။ မနက်ဖြန်မှာ (11) ကနေ (20) အထိ ၊ သဘက်ခါမှာ (21) ကနေ (31) အထိ ဆက်တိုက်တင်ပေးသွားပါမယ်။ ဖတ်ကြည့်ပါ။ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ လ, ကုန်တဲ့ အထိပေါ့။ ကျန်းမာချမ်းသာကြပါစေ။

——————————————————————————————————————————–

1 ရက်နေ့ မွေးဖွားသူများ

ယခုလတွင် မျှော်လင့်မထားသော ရုတ်တရက် ကံကောင်းမှုကို ကြုံတွေ့ဖွယ်ရှိသည်။ အပေါင်းအသင်း မိတ်ဆွေများ၏ လေးစားမှုကို ရရှိမည်။ ပညာရေးကံ အလွန်ကောင်းလိမ့်မည်။ ဖြေဆိုထားသော စာမေးပွဲအားလုံး အောင်မြင်နိုင်သည်။ လုပ်ငန်းရှင်များ လုပ်ငန်းများ တိုးတက်ချဲ့ထွင်ရတတ်သည်။ အကြံကောင်း ဉာဏ်ကောင်းများပေါ်ထွက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်လိမ့်မည်။ အပြိုင်အဆိုင်များအပေါ် အနိုင်ရတတ်သည်။ ဘာသာရေး ကိစ္စများ ဆောင်ရွက်ရတတ်သည်။ သင်သည် တစ်စုံတစ်ခုကို ရှာဖွေနေသူ ၊ တောင့်တ နေသူဖြစ်ပါက သင့်လိုအင် ဆန္ဒများ ယခုလတွင် ပြည့်စုံနိုင်ချေရှိသည်။ ဆွေမျိုး ၊ အပေါင်းအသင်းများထဲမှ နာရေး ကိစ္စတစ်ခု ကြုံရတတ်သည်။ တစ်လလုံးအနေဖြင့် ခြုံပြောရလျှင် ကံကောင်းသော လ, တစ်လဖြစ်လိမ့်မည်။

Continue reading

Share

ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့ကတော့ အင်္ဂလန် တစ်နိုင်ငံလုံးမှာ အုတ်အော် သောင်းတင်း ဖြစ်ရတဲ့ မင်္ဂလာ အခမ်းအနားကြီး တစ်ခု ကျင်းပခဲ့တာကို Sky Net ရုပ်သံလိုင်းကနေ Live လွှင့်ပေးတာကို ကြည့်လိုက်ရသဗျာ။ အတော့်ကို ကြီးကျယ် ခမ်းနားတာကလား။ မြန်မာနိုင်ငံက  ကြီးကျယ်ခမ်းနား လှပါတယ်ဆိုတဲ့ မင်္ဂလာပွဲကြီးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ “ရပ်ကွက်အငြိမ့် နဲ့ အော်ပရာပြဇာတ်” ဆိုတာလို ဖြစ်နေတော့တာကိုး။

အေးလေ ဟိုက နိုင်ငံတစ်ခုရဲ့ အိမ်ရှေ့စံမင်းသားဆိုတော့ “ဂလောက်တော့ ရှိမှာပေါ့” ။ သူတို့ နိုင်ငံက လူတွေကလည်း ကိုယ့်နိုင်ငံရဲ့ ဘုရင့် မိသားစုများဆိုရင် ချစ်လိုက် လေးစားလိုက်ကြတာများ အားကျဖို့တောင် ကောင်းသေး။

ကျွန်တော်တို့လို အသက်(၅၀)အရွယ် အဖိုးကြီးတွေအတွက်တော့ ဒီလို မင်္ဂလာအခမ်းအနားတွေဟာ စိတ်ဝင်စားစရာ မရှိလှတော့ပါဘူး။ လက်မထပ်ရသေးတဲ့ လူပျို အပျိုတွေ အတွက်တော့ အင်မတန် ကြည့်လို့ မ၀နိုင်တဲ့ ပွဲလမ်း အခမ်းအနား တစ်ခု ဖြစ်မှာပေါ့ဗျာ။ သူ့ခေတ်နဲ့ သူကိုး။

ဒီလို မင်္ဂလာအခမ်းအနားတွေ ရိုက်ပြတာကို ဘယ်လိုမှ စိတ်မ၀င်စားမိပေမယ့် ကျွန်တော် အတော် စိတ်ဝင်စားမိတဲ့ ကိစ္စတစ်ခုကတော့ ရှိသဗျို့။ တော်တော်ကို စိတ်ဝင်စားစရာပါဗျာ။ (ကိုယ့်လိုင်း လေ)

အဲဒါကတော့ မင်္ဂလာဆောင် ကျင်းပတဲ့ ရက်မြတ်မင်္ဂလာ ဖြစ်တော့သကိုး။ ကြည့်ပါဦးဗျာ။ ရွေးလိုက် ကြတာ။ ဧပြီလ (၂၉)ရက် တဲ့။ မြတ်စွာဘုရား။ ဘယ်လို ဖြစ်ရတာပါလိမ့်။ ဒီလောက်ဆိုးဝါးတဲ့ ရက်ကိုများ ဘာလို့ ရွေးမိလိုက်ကြပါလိမ့်လို့ (သူတို့အစား) အချောင်တွေး ပူမိလိုက်ပါတယ်ဗျာ။ ကာယကံရှင်တွေကတော့ ပျော်လို့ ရွှင်လို့ပေါ့။

Continue reading

Share

.

ဒီလထဲမှာ စက်တင်ဘာလအတွက် ဟောကိန်းများ ရေးပြီး ဘာပို့စ်တင်ရင် ကောင်းမလဲ လို့ စဉ်းစားနေတာ အဖြေမထွက်ပါဘူး။ ကိုယ်တိုင် တွက်လို့ရတဲ့ ဗေဒင် အလွယ်တွက်နည်းလေးတွေ တင်ပေးဖို့ ရှိပေမယ့် ရှင်းပြဖို့ ပုံတွေဆွဲရတာ ပျင်းနေတာနဲ့ ရေးလက်စတွေ “တိုးလို့တန်းလန်း” ဖြစ်နေပါတယ်။ ဒါကြောင့် ပေါ့ပေါ့ ပါးပါး ရေးလို့ ရမယ့် ပို့စ်ကို စဉ်းစားကြည့်လိုက်တော့ – အခုလဟာ စက်တင်ဘာလဖြစ်ပြီး ကမ္ဘာကျော် (9/11) Day ဖြစ်ပွားခဲ့တဲ့ ရက်နဲ့လည်း နီးကပ်နေတာမို့ “ထူးတဲ့ (9)” အမည်နဲ့ ပေါ့ပေါ့ ပါးပါး ပို့စ်လေးတစ်ခု တင်ပေးလိုက်ပါတယ်။

.

ထူးတဲ့ ကိုး(9)

ဘာတွေ ထူးသလဲ? ။

Continue reading

Share

၉ ဂဏန်းဟာ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံ အတော်များများမှာ အတော် ရေပန်းစားတဲ့ ဂဏန်းဖြစ်ပါတယ်။ “၉ န၀င်း” ဆိုတဲ့ စကားဟာ “မြန်မာ့ဂမ္ဘီရ လောက” မှာ အတော်ရေပန်းစားတဲ့ စကားလုံးဖြစ်ပါတယ်။ “၉ န၀င်း အဓိဌာန်” တို့၊ “၉ န၀င်း မိုးအလင်း” တို့၊ “၉ န၀င်းစီး ယတြာ“ တို့၊ “၉ န၀င်းသင်္ချိုင်း သံဒါး”တို့ “၉ န၀င်း ထွက်ရပ်လမ်း”၊ “၉ န၀င်း ဆေးတော်ကြီး” “၉ မြို့ရှင်၊ ရွာတော်ရှင်”  . . “၉ တိုင်း ၉ ဌာန” “တြိစက္က ကိုးန၀င်းဇာတာ” တို့ဆိုတာ ပုတီးလိုင်း၊ ဗေဒင်လိုင်း၊ ဂမ္ဘီရလိုင်းက ပုဂ္ဂိုလ်တွေအတွက် နားမစိမ်းကြပါဘူး။

တကယ်တော့လည်း ၉ ဂဏန်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဂဏန်း တစ်ခုပါ။ ရှေးခေတ် ချားလ်ဒီးယန်းလူမျိုးတွေဟာ သင်္ချာဗေဒ (ဂဏန်း ဗေဒင်) ကို တီထွင်ကြံဆခဲ့ကြရာမှာ “၉ ဂဏန်း” ကို ဘုရားသခင် ပိုင်ဆိုင်တဲ့ ဂဏန်းဖြစ်တယ်ဆိုပြီး မြင့်မြတ်တဲ့ဂဏန်းတစ်ခု အဖြစ် သတ်မှတ်ထားခဲ့ကြ ပါတယ်။ အလွန်စွမ်းအားကြီးတဲ့ ဂဏန်း တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

သင်္ချာဗေဒပညာမှာ ၉ ဂဏန်းကို “အင်္ဂါဂြိုဟ်” ပိုင်ဂဏန်းအဖြစ် သတ်မှတ်ထားပေမယ့် တကယ်တော့ ၉ ဂဏန်းဟာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပရိယာယ် တွေထက် သာလွန်တဲ့ စွမ်းအားတွေ ရှိနေပါသေးတယ်။ ပြောချင်တာက ၉ ဂဏန်းကို အင်္ဂါဂြိုဟ်ပိုင် ဂဏန်းအဖြစ် သတ်မှတ် ထားတာဟာ အပြည့်အ၀ မှန်ကန်မှုမရှိဘူးလို့ ပြောနိုင်ပါတယ်။

Continue reading

Share
Share

.

ကျွန်ုပ် နှင့် ကိုသိန်းဖေ တို့၏ ဆွေးနွေးခန်းများ ရပ်ဆိုင်း ခဲ့သည်မှာ အတော်ပင် ကြာခဲ့လေပြီ။ ယခုမူ မကြာခင် ရောက်ရှိ လာတော့မည့် Happy New Year 2010 နှင့် ပတ်သက်ပြီး ကျွန်ုပ် နှင့် ကိုသိန်းဖေတို့၏ ဆွေးနွေးမှုများကို (ကိုသိန်းဖေ၏ မေတ္တာရပ်ခံချက်အရ) တင်ပေး လိုက်ပါသည်။ အမှန်အားဖြင့်မူ ကျွန်ုပ်အနေဖြင့် ကမ္ဘာ့ဟောကိန်းကဲ့သို့ ဧရာမ ဟောကိန်းကြီး များကို ပြုလုပ်ရန် ပညာမပြည့်စုံသေးဟု ယူဆသလို၊ ဟောပြော ရန်လည်း သတ္တိမရှိပါချေ။ “ထိုင်နေ အကောင်းသား၊ ထ,သွားမှ ကျိုးမှန်းသိ” ဆိုသကဲ့သို့ ငြိမ်ငြိမ် နေလျှင် အကောင်း၊ ဟိုဟော ဒီဟော ထ,ဟောကာမှ သောက်ရှက် ကွဲစရာ ဖြစ်သွား နိုင်သည်ကို ကောင်းကောင်း သိနားလည်ထားသူ ဖြစ်ပါသည်။ ယခုတင်ပြမည့် ဆောင်းပါးမှာ လည်း လာမည့် 2010 နှင့် ပတ်သက်ပြီး ဗေဒမိတ်ဆွေ အခြင်းခြင်း အလာပ သလာပ ပြောကြားချက်များသာလျှင် ဖြစ်ပြီး မည်သည့် “ဟောကိန်း” မှ မဟုတ်ပါချေ။ ရောက်တတ်ရာရာ ထင်ရာမြင်ရာပေါ့ဗျာ။

.

ကိုသိန်းဖေ။ ။ ဆရာရေ၊ လုပ်ပါဦးဗျာ – ကျွန်တော့်အဖြစ်က “မင်းသားဖြစ်ကာစ၊ က,ကောင်းတုန်း ဇာတ်ခေါင်းကွဲ သွားတဲ့ မင်းသားလို” ဖြစ်နေပြီဗျ။ ကျွန်တော်တို့ ဆွေးနွေးခန်းလေး ဆက်လုပ်စမ်းပါဦးဗျာ။

ကျွန်ုပ်။ ။ အိုင်ဆေး ကိုသိန်းဖေ။ ဆောတီးဘဲဗျာ။ ကျွန်တော်လည်း ခင်ဗျားနဲ့ သိပ်မထူးပါဘူး။ “ယနေ့ညအဖို့ စိတ်ရှိလက်ရှိ က,ပြချင်ပါသော်လည်း ကျန်းမာရေးက မကောင်း . . . . ” ဆိုတဲ့ ဇာတ်မင်းသားလေး ပြောသလိုသာ ပြောလိုက်ချင်တော့တာဘဲဗျာ။ ခင်ဗျားလည်း မြင်တဲ့ အတိုင်းဘဲလေ။ ကျန်းမာရေးက ဒီနှစ်ထဲ သိပ်မကောင်းဘူးဗျ။ အလုပ်ကို စိတ်ရှိသလောက် လုပ်လို့မရဘူး ဖြစ်နေတယ်ဗျာ။

Continue reading

Share

.

(၁၂)ရာသီခွင် နှင့် လူသားများ အပိုင်း (၁)(Click Here) ကို ရေးနေရင်း ပင်ပန်း နွမ်းနယ် မှုကြောင့် ခဏရပ်နားထားတဲ့ နေရာကနေ အခု အပိုင်း(၂)ကို ဆက်လက် ဖော်ပြ သွားပါမယ်။ အခု ဟောကိန်းတွေကတော့ အကျဉ်းချုပ်ပါဘဲ။ နောက်ပိုင်း ဆောင်းပါးတွေမှာ အကျယ်တ၀င့် ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ယခင် အပိုင်း(၁)မှာ “ကရကဋ်ရာသီ” အထိ ပြီးသွားပြီမို့ အခု “သိဟ်ရာသီ” ကနေ ဆက်လက် ရေးသား သွားပါမယ်။

.

မှတ်ချက်။  ။ ယနေ့အတွက် ကိုသိန်းဖေ လာရောက်နိုင်ခြင်း မရှိသော ကြောင့် အမေး/ အဖြေ ပုံစံမျိုး ဖြင့် ဖော်ပြနိုင်ခြင်း မရှိပါ။

.

သိဟ်ရာသီဖွား (သို့) မြင့်မြတ်သော နှလုံးသား ရှိကြသူများ

အင်္ဂလိပ်ရက် ဇူလိုင်လ (23)ရက်ကနေ သြဂုတ်လ (22)အတွင်း မွေးဖွားကြသူများဟာ သိဟ်ရာသီဖွားများဖြစ်ကြပါတယ်။ သိဟ်ရာသီ ဟာ (၁၂)ရာသီခွင်မှာ (၅)ခုမြောက် ရာသီတစ်ခုဖြစ်ပြီး ကသစ်ဂြိုဟ်ဟာ နေမင်းကြီးဖြစ်တဲ့ “တနင်္ဂနွေဂြိုဟ်” ဖြစ်ပါတယ်။ ဒီရာသီမှာ “နိစ်ဂြိုဟ်” “ဥုစ်” ဂြိုဟ် မရှိပါဘူး။ ရာသီခွင်ရုပ်ပုံကတော့ “ကေသရာဇာခြင်္သေ့မင်း”  ဖြစ်ပါတယ်။ “ထိရရာသီ” , “မီးရာသီ” , “ကျား” ရာသီဖြစ်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင် – ဦးစီးဦးဆောင် ပြုလိုစိတ် များကြသူ များဖြစ်တယ်။ သူတပါးကို သြဇာပေးလိုသူများဖြစ်တယ်။ ဘယ်သူ့ လွှမ်းမိုးမှုကိုမှ လက်မခံနိုင်ကြသူများ ဖြစ်တယ်။ ဒါပေမယ့် သဘောထားကြီးတယ်။ ပေးကမ်းစွန့်ကြဲတဲ့နေရာမှာ လက်လွယ်တယ်။ အပေါင်းအသင်းများအပေါ်မှာ အလွန်ဖြောင့်မတ်စွာ ဆက်ဆံကူညီတတ် ကြသူများဖြစ်တယ်။ အမှန်တရားကို မြတ်နိုးကြသူများဖြစ်တယ်။ မိသားစုကို ကာကွယ်စောင့်ရှောက် တတ်ကြတယ်။ များသောအားဖြင့် သည်းခံတတ်ကြသူများဖြစ်ပေမယ့် အလွန်အကျွံ စော်ကားခံရရင် တော့ ခြင်္သေ့လို ရဲရင့်စွာ တုန့်ပြန်တတ်ကြတယ်။ (၁၂)ရာသီခွင် အားလုံးထဲမှာ ဒီရာသီခွင်ဖွားများဟာ စိတ်သဘောထားကြီး သူတွေ၊ ခွင့်လွှတ်တတ်သူတွေ၊ ပြန်လည်တုန့်ပြန်မှုကို မမျှော်ကိုးဘဲ  စိတ်ထားမှန်စွာ ကူညီတတ်ကြသူများအဖြစ် အတွေ့ရ များတာမို့ သူတို့ကို “မြင့်မြတ်သော နှလုံးသား ရှိကြသူများ” လို့ နာမည် ကင်ပွန်းတပ် ပေးလိုက်ပါတယ်။

Continue reading

Share

Sky1

.

ကျွန်ုပ် နှင့် ကိုသိန်းဖေ တို့ ၏ တနင်္ဂနွေ စကား ၀ိုင်း အစီအစဉ်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့ရသည်မှာ အတော်ပင် ကြာခဲ့လေပြီ။ ယနေ့အတွက်မူ ထိုအစီအစဉ်ကို ပြန်လည် စတင်ရန်အတွက် မိတ်ဆွေဖြစ်သူ ကိုသိန်းဖေ အား ပြန်လည်ခေါ်ယူ ဆက်သွယ်လိုက်ရ လေသည်။ ကျွန်ုပ် ဖုန်းဆက်လိုက်သည်နှင့် မကြာမှီအတွင်း ကိုသိန်းဖေလည်း ရောက်ရှိ လာလေသည်။

ကိုသိန်းဖေ။      ။ ကဲ ဆရာရေ။ ကျွန်တော်တို့ရဲ့ စကားဝိုင်းလေး ပြန်စ, ကြမယ် ဆိုလို့ ၀မ်းသာ လိုက်တာဗျာ။

ကျွန်ုပ် ။       ။ အေးဗျာ- ဘာလိုလိုနဲ့ တစ်လကျော်လာခဲ့ပြီ။ သင်္ချာဗေဒကို စိတ်ဝင်စားကြတဲ့ သူများအတွက် သင်္ချာဗေဒပညာရဲ့ အရေးကြီးတဲ့ ကျောရိုးတစ်ခုဖြစ်တဲ့ ရာသီခွင်အဟောတွေကို တင်ဆက်ရတော့မှာပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ရော ကမ္ဘာမှာပါ (၁၂)ရာသီခွင် အဟောတွေဟာ ပလူပျံနေကြတာမို့ အကြောင်းအရာတွေဟာ အပ်ကြောင်းတော့ ထပ်နေပါပြီ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ရာသီခွင်ဖွားတွေရဲ့ စရိုက်လက္ခဏာတွေသာမက (ဗေဒင်ပညာကို လေ့လာ လိုက်စားနေသူတွေအတွက်) ဒီရာသီခွင်ဖွားတွေရဲ့ စရိုက်သဘာဝတွေကို ဘယ်လိုဆွဲယူရတယ်ဆိုတာကိုပါ တင်ပြ ပေးသွား မှာ ဖြစ်ပါတယ်။

Continue reading

Share

.

အညာကို ကထိန်သွားခင်းရာက အပြန်မှာ ခရီးပန်း လာတာကြောင့်လား ? ခရီးသွားနေစဉ်မှာ တင်နေတဲ့ အလုပ်အကြွေး ဒဏ်တွေ ပိ,တာကြောင့်လား တော့ မသိဘူး- နှာစေး ချောင်းဆိုးရာ ကနေ “အဖျား” ပါ ၀င်လာပါတယ်။ အခု ဒီစာကို ရေးနေချိန်မှာ ဖျားနေပြီး ချောင်းတစ်ဟွတ်ဟွတ် ဆိုးနေရင်းနဲ့ ရေးနေတာပါ။

တီဗွီရှေ့မှာ ခဏ ထိုင်ရင်းနဲ့ “ထူးအိမ်သင် အမှတ်တရ” အစီအစဉ်လေးကို ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကွယ်လွန်သူ “ကိုငှက်” ခေါ် “ထူးအိမ်သင်” ရဲ့ “ကြယ်တွေ စုံတဲ့ည” သီချင်းလေးကို နားထောင် လိုက်ရပါတယ်။ ကျွန်တော့် ဘ၀မှာ အနှစ်သက်ဆုံး သီချင်းလေးတစ်ပုဒ်ပါဘဲ။ “ကြယ်တွေစုံတဲ့ ည” တဲ့ ။

သြော် – ဟုတ်ပါရဲ့။ ဒီနေ့ဟာ “တန်ဆောင်မုန်းလပြည့်” နေ့ပါလား? ။ တန်ဆောင်မုန်းလပြည့်နေ့ဟာ “နက္ခတ်၊ ကြယ်တာရာ” တွေ အစုံ ထွန်းလင်းတဲ့ ညတစ်ည ဖြစ်ပါတယ်။ ဒီနေ့ဟာ “ကြယ်တွေစုံတဲ့ ည” လေး တစ်ညပါလား။ တနှစ်တာလုံး ဒီနေ့တစ်ရက်သာ အာကာသ ကောင်းကင်ပြင်မှာ နက္ခတ်တာရာ အားလုံး စုံစုံ ညီညီ ထွန်းလင်းတဲ့ ညလည်း ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထက်တော် ကတည်းက တန်ဆောင်မုန်း လပြည့်နေ့ညဟာ ကြယ်တာရာ အစုံအညီ ထွန်းလင်း တောက်ပကြတာ ကြောင့် “နက္ခတ်ပွဲသဘင်” များ ကျင်းပလေ့ ရှိခဲ့ကြပါတယ်။

ဒီလို တန်ဆောင်မုန်းလပြည့်နေ့ “နက္ခတ်ပွဲသဘင်နေ့” မှာဘဲ နောင်တစ်ချိန်မှာ ဗုဒ္ဓမြတ်စွာရဲ့ လက်ယာတော်ရံ နဲ့ လက်ဝဲတော်ရံ ဖြစ်လာကြမယ့် “ရှင်သာရိပုတ္တရာ” နဲ့ “ရှင်မောဂ္ဂလန်” အလောင်းအလျာ သူငယ်ချင်း နှစ်ဦးတို့ဟာ “နက္ခတ်ပွဲ” သဘင်ကို ကြည့်ရှု နေကြရင်း အခု နက္ခတ်ပွဲသဘင်မှာ ပျော်ပါးနေကြတဲ့ လူတွေအားလုံးဟာ နောင် နှစ် (၁၀၀)ဆိုရင် တစ်ယောက်မှ မရှိကြတော့ပါလား ဆိုတဲ့ အတွေးကို တွေးမိပြီး သေခြင်းတရားကို ထိတ်လန့်ကြောက်ရွံ့မိရာကနေ “သံဝေဂဉာဏ်” ဖြစ်ပေါ်ခဲ့ကြဘူးပါတယ်။ ဒီသံဝေဂဉာဏ်ကြောင့် သူတို့နှစ်ဦးဟာ “မအိုရာ၊ မနာရာ၊ မသေရာ” ကို ရှာကြရင်း နဲ့ ဗုဒ္ဓနဲ့တွေ့ပြီး ကျွတ်တမ်းဝင်ခဲ့ရဘူးပါတယ်။

Continue reading

Share

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ