ဓမ္မစကား

buddah

ကဆုန်လပြည့်နေ့ ဟာ အများသိကြတဲ့အတိုင်း မြတ်စွာဘုရား ဘုရားဖြစ်တော်မူတဲ့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ပါတယ်။ ဒါတွင်ဘဲလားဆိုတော့ မကသေးပါဘူး။ ဘုရားလောင်း ဗျာဒိတ်ခံတဲ့နေ့ ၊ ဖွားမြင်တော်မူရာနေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူရာနေ့တွေကလည်း “ကဆုန်လပြည့်နေ့” တွေချည်းပါဘဲ။ ကဆုန်လပြည့်နေ့အကြောင်း ကျွန်တော် လင့်ခ်တစ်ခု ရှယ်ထားပါတယ်။ အဲဒီမှာ အပြည့်အစုံ ဖတ်ရှုကြပါကုန်။   https://www.facebook.com/youngbuddhistassociation.mm?hc_location=timeline

.

ကျွန်တော် အခုပြောချင်တဲ့ အကြောင်းလေးကတော့ “ဘုရားအနေကဇာတင်” တယ်ဆိုတဲ့ အကြောင်းလေးပါ။ ခုခေတ်တော့ မသိဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကျွန်တော်တို့အရပ်ဒေသမှာ နှစ်စဉ်နှစ်တိုင်းကဆုန်လပြည့်နေ့ရောက်ရင် (နှစ်တိုင်းမဟုတ်တောင်မှ) အိမ်က ဘုရားကို ဘုန်းကြီး ()ပါးလောက် ပင့်ပြီး အနေကဇာ” တင်ကြတဲ့အလေ့ ရှိကြတယ်။ အိမ်တိုင်းမဟုတ်ပေမယ့် အတော်များများ လုပ်လေ့ရှိကြတယ်။

နောက်ပြီး တစ်ချို့ အိမ်ထောင်ပြု ၊ အိမ်ရာတည်ထောင်ကြတဲ့ အခါ ၊ အိုးသစ်အိမ်သစ်မှာ ဘုရားဆင်းတုအသစ်ကို တည်ထားကိုးကွယ်ရာမှာလည်း အနေကဇာ တင်ပြီးမှ ကိုးကွယ်မှုကို ပြုကြပါတယ်။ အနေကဇာတင်တယ် ဆိုတာဘာလဲ ? ။ ခုခေတ်လူငယ်တွေ သိသူလည်း ရှိ/ မသိသူလည်း ရှိပေမယ်။မသိသူများအတွက် ပြန်လည် ဖောက်သည်ချပေးလိုက်ပါတယ်။

——————————————————————————————————————————–

.

ကျွန်တော်ငယ်ငယ်တုန်းက အခုလို ကဆုန်လပြည့်နေ့တစ်နေ့မှာ အိမ်ကဘုရားကို အနေကဇာ တင်မယ် ဆိုပြီး ဘုန်းကြီးတွေ သွားပင့် ၊ ဆွမ်းကပ်ဖို့ ချက်ကြပြုတ်ကြနဲ့ တစ်အိမ်လုံး အလုပ်ရှုတ်နေကြတဲ့ အချိန်ပေါ့။ အဲဒီတုန်းက ကျွန်တော့်အသက် ()နှစ် ()နှစ်လောက်ဘဲ ရှိဦးမယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ဉာဏ်သိပ်မကောင်း ၊ သိပ်ထက်ထက်မြက်မြက်မရှိပေမယ့် - စဉ်းစားတွေးခေါ်ရတာ ၀ါသနာ ပါတယ်။ စဉ်းစားဖို့ စကားလုံးတစ်လုံးရလာရင် တစ်နေကုန် မဆော့ဘဲ ထိုင်စဉ်းစားနေတတ်တဲ့ အကောင်မျိုး။

Continue reading

Share

 

ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာသွားပြီဆိုတာ ဆိုဒ်ကို မှန်မှန်ဝင်ဖတ်တဲ့ မိတ်ဆွေတွေ သတိထားမိကြမှာပါ။ အကြောင်းပြချက်တွေကတော့ အများကြီးပေါ့ဗျာ။ ထုံးစံအတိုင်း “ကျန်းမာရေး သိပ်မကောင်းလို့” ၊ “စားဝတ်နေရေးအတွက် လုံးပန်းနေရလို့” ၊ “အင်တာနက်ကွန်နက်ရှင်တွေ မကောင်းလို့” စသည်ဖြင့်ပေါ့ဗျာ။ ဆင်ခြေဆင်လက်တွေ ပေးမယ်ဆိုရင် ပေးလို့ရပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဆင်ခြေတွေပါ။

 

အမှန်ကတော့ အချက်()ခုကြောင့်ပါ။ နံပါတ်() အချက်က စာရေးရတာ“ပျင်း” နေလို့ပါ။ စာရေးရတာ နဲနဲ ပျင်း သွားပြီ။ ဘလော့ဂ် စ, လုပ်ခါစကတော့ တက်တက်ကြွကြွပေါ့ဗျာ။ ဆောင်းပါး တစ်ပုဒ် တင်ပြီး နောက်ထပ် ဘာအကြောင်း ရေးရမလဲ စဉ်းစားလိုက် ၊ ခေါင်းစဉ်လေးရလာရင် စိတ်ကူးထဲမှာ စာစီလိုက် ၊ ချရေးလိုက် ၊ အချောသတ်ပြီး ပို့စ်တင်လိုက် နဲ့ ပေါ့ဗျာ။ ဖတ်တဲ့ လူတွေကလည်း သိပ်ကောင်းတယ် ၊ သိပ်ကြိုက်တယ် ဆိုပြီး မြှောက်ပေးဆိုတော့ တစ်လကို အနည်းဆုံး ပို့စ် () ခု () ခုကတော့ အသာလေးပေါ့ဗျာ။ နောက်တော့ လူ့သဘာဝအတိုင်း အပျင်းက နဲနဲဖက်လာတယ်။ ငြီးငွေ့စပြုလာတယ်။ ဒါကြောင့် စာရေးကြဲလာတယ်။

နံပါတ်() အချက်ကတော့ ကျွန်တော့ရဲ့ ဘလော့ဂ်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ လူတစ်ချို့ ကြောင့်လဲ စာသိပ်မရေးဖြစ်တော့တာပါ။ ကျွန်တော် ဒီလို ဘလော့ဂ်တွေကို စိတ်ပါလက်ပါ ရေးနေတဲ့ အချိန် လူအများစုက အားပေးအားမြှောက် လုပ်ပေးနေတဲ့ အချိန် ၊ ကိုယ့်နာမည်လေးလည်း ကြီးသင့်သလောက် ကြီးလာတဲ့ အချိန်မှာ ကျွန်တော့်ကို စိတ်ဒုက္ခ မရောက် ရောက်အောင် နည်းမျိုးစုံ နဲ့ ဒုက္ခပေး နေတဲ့ လူတွေလည်း ပေါ်လာတယ်။ နာမည်တွေ အမျိုးမျိုးမို့ (လူတွေလို့သာ ပြောရတာပါ ၊ အမှန်က ()ယောက်ထဲပါ ၊ နာမည် အတုတွေကတော့ အများကြီးပေါ့ဗျာ။ ဘယ်သူတွေဆိုတာ နာမည်ရင်းတွေနဲ့ တိတိကျကျ သိပါတယ် ဗေဒင် နဲ့ လောကီဂမ္ဘီရပညာကို လိုက်စားလာခဲ့တဲ့ နှစ်ပေါင်းက (၃၅)နှစ်လောက် လိုက်စားခဲ့ရင်းနဲ့ တတ်မြောက်ထားတဲ့ နည်းလေးတွေပေါ့ဗျာ)

Continue reading

Share

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတော်တော်များများ ကြားဘူးကြလိမ့်မယ် ထင်ပါတယ်။ ဗုဒ္ဓရဲ့ စကားနဲ့ ပတ်သက်တဲ့ အဆုံးအမလေး တစ်ခုပါ။

“စကား (၆) ခွန်း ၊ လူ၌ထွန်း ၊ (၄) ခွန်းကိုရှောင် ၊ (၂) ခွန်းဆောင်” တဲ့။ တချို့ကလည်း (၄) ခွန်းကိုပယ် ၊ (၂) ခွန်းထယ်” တဲ့ ။ ကာရံ ညီအောင် ညှိကြတာပါဘဲ။ အဓိပ္ပါယ်ကတော့ စကား (၆) ခွန်းမှာ (၄) ခွန်းကို မပြောနဲ့၊ အကျိုးမရှိဘူး ၊ (၂) ခွန်းသာ ပြောကြလို့ ဗုဒ္ဓဘုရားရှင် ဆိုဆုံးမခဲ့တဲ့ စကားပါ။

ဘုရားရှင်ဟာ သူကိုယ်တိုင်လည်း ဘုရားအဖြစ်သို့ ရောက်တော် မူသည့် အချိန်ကနေ ပရိနိဗ္ဗာန် ပြုသည့်တိုင်အောင် စကား (၆) ခွန်းအနက် ပယ်ရမယ့် (၄)ခွန်းကို လုံးဝမပြောခဲ့ဘဲ ကျန်တဲ့ (၂)ခွန်းကိုသာ တစ်သက်တာပတ်လုံး “ဆောင်” သွားခဲ့သူဖြစ်ပါတယ်။

ဒီ စကားကြီး (၆) ခွန်းကတော့ -

(၁) ဟုတ်မှန်ခြင်း / မဟုတ်မှန်ခြင်း (၂) အကျိုးရှိခြင်း / အကျိုးမရှိခြင်း (၃) အပြောခံရသူ နှစ်သက်ခြင်း / မနှစ်သက်ခြင်း (၃)မျိုးအပေါ်မှာ အခြေခံပါတယ်။ တွဲစပ်လိုက်တော့ – စကားတစ်ခုဟာ

(၁) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။

(၂) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံသူကတော့ ကြိုက်တာက တစ်ခု။

(၃) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။

(၄) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူကတော့ ကြိုက်တယ်က တစ်ခု။

(၅) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကလည်း ကြိုက်တယ်က တစ်ခု။

(၆) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကတော့ မကြိုက်ပြန်ဘူး က တစ်ခု။

ဒီတော့ ဒီစကားလေးတွေကို ပြန်ချဲ့ကြည့်ရအောင် ။

Continue reading

Share

ယခုတင်ဆက်မည့်ဆောင်းပါးသည် http://tharawon.baydathukhuma.com/ မှ “ဆရာသရ၀ဏ်” ၏ Post တစ်ခုကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မိမိ၏ တွေးခေါ် ယူဆချက်ဖြင့် ကိုက်ညီပြီး သဘောကျ နှစ်ခြိုက် မိသောကြောင့် မျှဝေခံစားနိုင်ရန် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ ဘာသာရေး ဆောင်းပါး သက်သက် ဖြစ်ပါသည်။ ဗေဒင်ဆောင်းပါး မဟုတ်ပါ။

ဒေါက်တာတင်ဗိုလ်ဗိုလ်

မူရင်းဆောင်းပါးကို   http://tharawon.baydathukhuma.com  သို့ ကလစ်နှိပ်ပြီး သွားရောက် ဖတ်ရှု နိုင်ပါသည်။

.

မိတ်ဆွေ

လူငယ်တော်တော်များများက တွေးကြတယ်၊ ပြောကြတယ်။ “တရားလုပ်တယ်ဆိုတာ လူကြီးတွေရဲ့ အလုပ်တဲ့” “လူငယ်တွေနဲ့ ဘာမှ မဆိုင်သေးပါဘူး” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတာ သေခြင်းတရား နဲ့ ဝေးသေးလို့ တဲ့။ လူကြီးတွေ ကတော့ သေခြင်းတရားနဲ့ နီးလာလို့ တရားကို မဖြစ်မနေ လုပ်ကို လုပ်ကြရတာပါတာ တဲ့။

ဟုတ်ပါရဲ့လား။ ဒီစကား မှန်နိုင်ပါ့မလား။ မိတ်ဆွေ ရော ဒီလို ယူဆပါသလား။

မဟုတ်ပါဘူးမိတ်ဆွေ။ သတင်းစာ နာရေးကြော်ငြာတွေကို တစ်ချက်လောက် ကြည့်လိုက်စမ်းပါ။ နေ့စဉ် နဲ့အမျှ သေဆုံးနေကြ တဲ့ အသက်အရွယ်မျိုးစုံနဲ့ လူတွေကို တွေ့ပါလိမ့်မယ်။ ဒါက သတင်းစာထဲ ထည့်နိုင်တဲ့ လူတန်းစားလောက်ပါ။ မထည့်နိုင်တဲ့ လူတန်းစားအရေအတွက် က ဒီထက် ပိုများပါလိမ့်မယ်။

ဒီလူတွေရဲ့ အသက်တွေကိုရော ကြည့်လိုက်စမ်းပါ။ အရွယ်စုံ အသက်စုံကို တွေ့ရပါလိမ့်မယ်။ အသက် (၆၀) (၇၀)တွေက များတယ် ဆိုပေမယ့် အသက် (၃၀)(၄၀) ၀န်းကျင်တွေလည်း မနည်းလှပါဘူး။ အရွယ်ကောင်းလေးတွေဘဲနော်။ လောကကြီးရဲ့ အကြောင်း၊ ဘ၀ရဲ့ အရသာဆိုတာတွေကို မခံစားလိုက်ရဘဲ အသက် (၃)(၄)(၅)နှစ်နဲ့ သေသွားတဲ့ ကလေးငယ်တွေလည်း တွေ့ရပါလိမ့်မယ်။

Continue reading

Share

.

ပြီးခဲ့တဲ့ ရက်က “ဗုဒ္ဓဂုဏ်တော် တန်ခိုး” ဆောင်းပါးကို ရေးပြီးချိန်မှာ စိတ်ပါလက်ပါ ၀င်ရောက်ဖတ်ရှုကြတာကို တွေ့ရတာကြောင့် ရယ် ၊ အခုဆောင်းပါးကို ဆက်မရေးရင် အရင်ဆောင်းပါးက သိပ်ပြီး ပြည့်စုံမှာ မဟုတ်သေးတာကြောင့် အခုထပ်ပြီး “၀ဋ်” ဆိုတဲ့ ဆောင်းပါးလေးကို ဆက်ပြီး ရေးချင်ပါတယ်။

ဗေဒင်ပညာပေး ၀က်ဆိုဒ်မှာ ဘာသာရေးဆိုင်ရာတွေ ၀င်ရေးနေလို့ ဒီဆရာတော့ “လိုင်းကြောင်” သွားပြီလားလို့တော့ မထင်ကြပါနဲ့ဗျာ။ ဗေဒင်ပညာပေးတွေလည်း ဆက်ရေးသွားမှာပါ။ ကိုယ့်ပရိတ်သတ်တွေ ဗေဒင်မေးထားတဲ့ မေးခွန်းတွေ ကိုလည်း ဖြေပေးသွားမှာပါ။ အခုတော့ ဒီဆောင်းပါးလေးကို ဆက်ပြီး ရေးပါရစေဦး။ ဘာဖြစ်လို့လဲဆိုတော့ “လောကမှာ အကျိုးတရား ဟူသရွေ့ဟာ အကြောင်းတရား ကင်းပြီး ဖြစ်ရတယ်” လို့ မရှိပါဘူး။ အကျိုးရှိရင် အကြောင်း ရှိရမယ်။ Cause and Effect ပေါ့။ ကျွန်တော့်ဘ၀မှာ ဒီလို အသက်(၁၈)နှစ်မှာ အသက်ဘေးကနေ သေလုမျောပါး ရုန်းကန်ပြီး လွတ်မြောက် လာခဲ့ရတဲ့ဖြစ်ရပ်(အကျိုးတရား)ဟာ ဒီဘ၀မှာတွင် ကျွန်တော်ပြုလုပ်ခဲ့တဲ့ အကုသိုလ်တစ်ခု (အကြောင်းတရား) နဲ့ စပ်ဆက် ပတ်သက်နေလို့ပါဘဲ။

“၀ဋ်” ဆိုတဲ့ စကားလုံးကိုတော့ ဗုဒ္ဓဘာသာမှန်ရင် ကြားဘူးကြမှာပါ။ “၀ဋ်လည်တတ်တယ်” တို့၊ “၀ဋ်ကြွေးကြမ္မာ မပြေးသာ” တို့၊ “၀ဋ်မှာအမြဲ ငရဲမှာ အပ”တို့ “၀ဋ်တော် (၁၂)ပါးတို့” ၊ “၀ဋ်ဆိုတာ နောင်ဘ၀မကူးဘူး” ဆိုတဲ့ စကားတွေဟာ ဗုဒ္ဓဘာသာ ၀င်တွေ အမြဲလိုလို ကြားနေကြရတဲ့ စကားတွေ မဟုတ်ပါလား။ အဲဒီထဲကမှ “၀ဋ်ဆိုတာ နောင်ဘ၀မကူးဘူး” ဆိုတဲ့ စကားလေးဟာ ကျွန်တော့်ဘ၀၊ ကျွန်တော့်အဖြစ်အပျက်နဲ့ လုံးဝ သက်ဆိုင်နေလို့ ဒီ ၀ဋ်ဆိုတဲ့ ဆောင်းပါးလေးကို ဆက်ပြီး ရေးသားလိုက်ရကြောင်းပါခင်ဗျား။

Continue reading

Share

Reports to my Friends !

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ