အင်္ဂ၀ိဇ္ဖာ/မဟာကာလ

myanmarthingyan (500 x 355).

မြန်မာသက္ကရာဇ် (၁၃၇၅)ခုအတွက် (၇)ရက်သားသမီးဗေဒင် လေးကို နှစ်ဆန်းတစ်ရက်နေ့ကတည်းက တင်ပေးချင်ပေမယ့် ရေးဖို့ မအားနိုင်တာကြောင့် ကနေ့မှ ရေးပေးလိုက်ရပါတယ်။

(၇)ရက်သားသမီးဗေဒင် ဟာ ယေဘူယျဟောကိန်း ဖြစ်ပေမယ့် တွက်နည်း (၄)(၅)မျိုး နဲ့ ညှိပြီး “မတူတာ ဖယ်၊ တူတာကို ယူ” – “ဘုံထုတ်” ပြီး တွက်မှ လူတိုင်းလောက် နီးပါးနဲ့ အကျုံးဝင်မှာ ဖြစ်လို့ လူတစ်ယောက်ခြင်း တွက်တာထက် ပိုခက်ပါတယ်။ ပိုဦးနှောက်စားပါတယ်။ (သူများတွေ ဘယ်လိုတွက်လည်းတော့ မသိဘူး)။ ဒါကြောင့် ရာဟုအပါအ၀င် (၈)နေ့နံကို တစ်နေကုန်ထိုင်တွက် ထိုင်ရေးတာတောင်မှ (၂)ရက်လောက် ရေးလိုက်ရပါတယ်။  ကဲ – ဖတ်ကြည့်ကြရအောင်လား ?

——————————————————————————————————–

.

## တနင်္ဂနွေ သားသမီးများ ကံဇာတာ

# အလုပ်/စီးပွား

ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။

Continue reading

Share

 

.

အောက်ပါ ဆောင်းပါးသည် 2012 အောက်တိုဘာလ လဆန်းပိုင်းတွင် “ကမ္ဘောဇဘဏ်” နှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော ကောလာဟလ တစ်ခုအပေါ်တွင် ဟောကိန်းထုတ်ထားသော ဆောင်းပါးတစ်ခုဖြစ်ပါသည်။ ယခု အချိန်တွင်မူ မိမိဟောကိန်းအတိုင်း ကမ္ဘောဇဘဏ်သည် ပုံမှန် လည်ပတ်လျှက်ရှိပြီး ဘဏ်ခွဲများတစ်ခုပြီး တစ်ခု ဖွင့်လှစ်လျှက် ရှေ့သို့ ဆက်လျှက်ချီတက်လျှက် ရှိပါသည်။ (အချို့သော သူများသည် Search Engine တွင် ယခုမှ ရှာတွေ့ပြီး ဖတ်လိုက်မိလိုက်ချိန်တွင်  ရက်စွဲကို သတိမထားမိဘဲ ယခုလတ်တလော ဖြစ်နေသော ကိစ္စရပ်ဟု အမှတ်မှားတတ်ခြင်းကြောင့် ကြိုတင်အသိပေးခြင်း ဖြစ်ပါသည်)

———————————————————————————————————

(ကြာသပတေးနေ့) ညပိုင်းက “ဖေ့စ်ဘုတ်” ပေါ်မှာ ကမ္ဘောဇဘဏ် နဲ့ ပတ်သက်တဲ့ ကောလာဟလလေး တစ်ခု တွေ့လိုက်ပါတယ်။ ဘာမှန်းတော့ ရေရေရာရာ မသိပါ။ “ဖေ့စ်ဘုတ်” ပေါ်က သတင်းတွေကလည်း ယုံကြည်စိတ်ချရမှုက နည်းလေတော့ ဒီလိုဘဲ နေလိုက်ပါတယ်။ သိပ် စိတ်ဝင်စားမှု မရှိလှပါ။

ဒါပေမယ့် မနေ့က (သောကြာနေ့) မှာတော့ သတင်းက လှုပ်လှုပ်ခတ်ခတ် ပိုဖြစ်လာပါတယ်။ ဘဏ်ဥက္ကဌ ဘာဖြစ်တယ် ညာဖြစ်တယ် ၊ ဘဏ် ဒေ၀ါလီ ခံရတော့မယ် . . . စသည်ဖြင့် ကြားလာရပါတယ်။ ကမ္ဘောဇဘဏ်ခွဲတွေမှာလည်း ငွေထုတ်သူတွေ ကြိတ်ကြိတ်တိုးနေတယ် ဆိုတဲ့ သတင်းကို ကြားရပါတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း “သောကြာနေ့” ဆိုတာ အမြဲဘဲ Busy Day ဖြစ်လေတော့ ကိုယ့်အလုပ်နဲ့ကိုယ်မို့  ဒီသတင်းကိုလည်း သိပ်အာရုံ မပြုနိုင်ပါ။ သိပ်လည်း မယုံလို့ပါ။

ဒါနဲ့ ညဖက် (၇)နာရီ RFA သတင်းမှာတော့ ဒီသတင်း ထပ်ပါလာပြန်ပါတယ်။ မနက်က ကြားရသလိုပါဘဲ။ ဘဏ်ဥက္ကဌ ဘာညာဖြစ်တယ်၊ ဘဏ် ဒေ၀ါလီ ခံရတော့မယ် စတဲ့ သတင်းတွေ ကောလဟာလဖြစ်နေကြောင်းပါ။ ဘဏ်တွေမှာလည်း အပ်ထားတဲ့ငွေတွေ ပြန်ထုတ်သူတွေ များနေတယ် . . စသည်ဖြင့်ပေါ့။

ဒီတော့ (၈)နာရီ သတင်းပြီးတာနဲ့ ချက်ခြင်းဘဲ ဒီကိစ္စဟာ ဖြစ်နိုင် မဖြစ်နိုင်ကို ချက်ခြင်း “ဟူးရားမဟာကာလကြီး” ဇာတာချပြီး တွက်ကြည့်လိုက်ပါတယ်။ ဇာတာခွင်ချလိုက်ပြီး ဇာတာကို “လဂ်” တပ်လိုက်တာနဲ့ ချက်ခြင်း အဖြေက ထွက်နေပါပြီ။ သိပ် ခက်ခက်ခဲခဲကြည့်ရတဲ့ အနေအထားမျိုး မဟုတ်ပါ။ အဖြေ ရှင်းလင်းစွာ ထွက်တဲ့ ဇာတာမျိုး ဖြစ်ပါတယ်။

“ကမ္ဘောဇဘဏ် လုံးဝ မပျက်နိုင်ပါ” အောင်မြင်စွာ ဆက်လက်ရပ်တည်သွားပါလိမ့်မယ်။ လက်ရှိဖြစ်နေတဲ့ သတင်းတွေဟာ ကောလာဟလ များသာဖြစ်ပါတယ်။ ဒီဘဏ်မှာ ငွေအပ်ထားသူများ စိတ်အေးလက်အေး နေနိုင်ပါတယ်။ ဘာမှ စိတ်ပူစရာ မရှိပါ။

Continue reading

Share

.

ဒီ ပို့စ်ကို ၀င်ကြည့်နေသူတွေများလို့ Check လိုက်တော့ (၂၀၁၁) ဒီဇင်ဘာလ ဟောကိန်း ကို (၂၀၁၂) ဒီဇင်ဘာလအမှတ်နဲ့ မှားပြီး ၀င်ကြည့် နေကြတာကို တွေ့ရတယ်။ မနှစ်က ဟောကိန်းဖြစ်ပါတယ်။ ခုနှစ်ကို သေသေချာချာကြည့်ပေးပါ။ မနှစ်က ဟောကိန်းပါ။

——————————————————————————————————————————-

ဒီလအတွက် (၇)ရက်သားသမီး ဟောကိန်းတွေကို မတင်ဖြစ်တော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားပေမယ့် အီးမေးလ်တွေ နဲ့က တစ်မျိုး ၊ ဖုန်းဆက်ပြီး ပြောတာက တစ်ဖုံ ၊ တစ်ပူပူတစ်ဆာဆာ လုပ်နေကြလို့ ရက်နောက်ကျနေပေမယ့် တင်ပေး လိုက်ရပြန်ပါပြီ။ ဒီလထဲမှာ လုပ်ငန်းရဲ့ အဓိကကျတဲ့ နေရာက ၀န်ထမ်းတစ်ယောက်က အဝေးသင်ဖြေဖို့ ခွင့်ယူသွားတာက တစ်မျိုး၊ ၀န်ထမ်း တစ်ယောက် Car Accident ဖြစ်တာကတစ်မျိုးနဲ့တော်တော် အလုပ်များ ၊ စိတ်ရှုတ်ထွေးနေလို့ အွန်လိုင်း စာမျက်နှာတွေဖက်ကို ဦးမလှည့်နိုင်ခဲ့ပါဘူး။

ကွန့်မန့်တွေ / အီးမေးလ်ထဲကနေ မေးတဲ့မေးခွန်းတွေကိုလည်း ဖြေမပေးနိုင်ခဲ့ပါဘူး။ အားလုံးကို အားနာပါတယ်။ ကိုယ့်ကို အားကိုးတကြီး အကူအညီတောင်းကြပေမယ့် ကိုယ်ဘက်က ချက်ခြင်းလုပ်မပေးနိုင်တာကို စိတ်မကောင်းဖြစ်ရပေမယ့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒါကြောင့် လစဉ်ဟောကိန်းတွေကိုမှ တင်မပေးနိုင်ရင်တော့ ကိုယ့်ပရိတ်သတ်ကို မလေးမခန့်လုပ်ရာ ကျတော့မှာမို့ အလုပ်မအား အားအောင်ယူပြီး (၇)ရက်သားသမီးဟောကိန်းများကို တင်ပေး လိုက်ရပါတယ်။ နောက်ပြီး ဒီလမှာ တစ်ချို့နေ့သားသမီးတွေအတွက် နည်းနည်း အရေးကြီးတဲ့ လ, လည်းဖြစ်နေတာကြောင့် တင်ပေးမှ တော်မယ် ထင်လို့ပါ။ လ, က တစ်ဝက်ကျိုးနေပြီဆိုတော့ အမှား/အမှန်ကို ပိုပြီး တိုက်ဆိုင်လို့ ရတာပေါ့။ ကဲ – ကြည့်ကြရ အောင်လား။

.

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေ သားသမီးများ ယခုလမှာ ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှု များမယ်။ တာဝန်ဝတ္တရားတွေ များပြားလိမ့်မယ်။ ကျန်းမာရေး ကျဆင်းနိုင်တယ်။ မိမိ ဆွေမျိုး ၊ မိတ်သင်္ဂဟများအတွင်း နာရေးကိစ္စပေါ်မယ်။ ဆေးရုံဆေးခန်းတွေကို တနည်းနည်းနဲ့ ရောက်တတ်တယ်။ (လူနာမေးလည်း ဖြစ်နိုင်ပါတယ်)။ ဘာသာရေး ကိစ္စတွေ ဆောင်ရွက်ရဖွယ် ရှိတယ်။ နာမည်ကျော်ကြားကိန်း ရှိတယ်။ ကောင်းသတင်းလည်းဖြစ်နိုင်သလို ၊ မကောင်းသတင်းလည်း ဖြစ်နိုင်ပြန်တယ်။ ၀န်ထမ်း များအတွက် ကိုယ့်အပေါ်မှာ မကြည်မလင်ဖြစ်နေတဲ့ အကြီးအကဲတစ်ယောက်ရဲ့ ပညာပြတာကို ခံရနိုင်တယ်။ (မနိုင်ဝန် ထမ်းခိုင်းတာမျိုး)။ အချို့ဝန်ထမ်းများမှာ နေရာအပြောင်းအလဲ ၊ ဌာနအပြောင်းအလဲများ ဖြစ်နိုင်တယ်။ လက်ရှိနေရာထက် ပိုပြီး တာဝန်ကြီးတဲ့ နေရာ/အလုပ်မျိုးပေါ့။ ငယ်ရွယ်သူများ အချစ်ရေးကံ မကောင်းလှသေးပါ။ ချစ်သူအတွက် ပူဆွေး သောကရောက်ရကိန်းမျိုး ရှိတတ်တယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအတွက် ယခုလမှာ ရန်သူပြိုင်ဖက်များအပေါ် (ပရိယယ်သုံးပြီး) အနိုင်ရကိန်းရှိတယ်။ ဒါပေမယ့် တဖက်ပြိုက်ဘက်ကို ပေါ့ပေါ့ဆဆ သဘောထားပြီး သတိလက်လွတ် နေရင်တော့ ကိုယ်ခံရမယ်။ ဒီလထဲမှာ မကြေမလည်ဖြစ်နေကြတဲ့ မိတ်ဆွေများ ၊ ပါတနာများနဲ့ ပြန်လည် ပြေလည်မှု ရနိုင်တယ်။ ဒီလဟာ တနင်္ဂနွေ သားသမီးများအတွက် သိပ်ပြီး ကောင်းတယ်လို့ မပြောနိုင်ပေမယ့် သိပ်ပြီး ဆိုးစရာလည်း မရှိနိုင်တဲ့ လ, တစ်လလို့ဘဲ ယူဆမိပါတယ်။

ယခုလအတွက် နာမည်မှာ – တနင်္ဂနွေ စပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ စနေနံတွေနဲ့ အဆုံးသတ်မှည့်ထားတဲ့ နာမည်ပိုင်ရှင်တွေ အညံ့ များမယ်။ ကျန်နေ့နံ  အဆုံးသတ်များကတော့ ကံဇာတာ အသင့်အတင့် အကောင်း/အညံ့ရှိပါမယ်။

ယတြာပြုလုပ်လိုလျှင် – ပဲပေါင်မုန့် တစ်လုံးကို နေအိမ် ဘုရားမှာ ကပ်လှူလိုက်ပါ။

Continue reading

Share

.

တနင်္ဂနွေ သားသမီးများ

ယခုလတွင် တနင်္ဂနွေသားသမီးများ ကံဇာတာ တိုးတက်ကောင်းမွန်နိုင်မည်။ ဘုန်းကံမြင့်ချိန်ဖြစ်မည်။ မိမိ၏ ဂုဏ်သိက္ခာ တိုးတက်မြင့်မားမည်။ အလုပ်အကိုင် စီးပွားရေးများ တိုးတက်အောင်မြင်မည်။ ဖခင်နှင့် ပတ်သက်ပြီး ကံကောင်းမှုကို ခံစားရနိုင်သည်။ ခရီးသွားလာမှု ကိစ္စရပ်များ တိုးတက်ကောင်းမွန်မည်။ နိုင်ငံရပ်ခြားသို့ သွားမည့်သူများ အလွယ်တကူ ထွက်ခွာခွင့် ရမည်။ အိမ်ထောင်ပြုရန် စီစဉ်ထားသူများ အိမ်ထောင်ကျမည့် လ, ဖြစ်သည်။ အချစ်ရေး အိမ်ထောင်ရေး ကိစ္စများ ကံကောင်းနေမည်။ စန်းပွင့်မည့် လ, ဖြစ်သည်။ ၀တ်ကောင်းစားလှများ ၊ အိမ်အသုံးအဆောင် ပစ္စည်းများ ၊ လက်ဝတ်ရတနာများ ၀င်ကိန်းရှိသည်။ သို့သော် ဆွေမျိုးသားခြင်း ဒုက္ခပေးကိန်း ရှိသည်။ လူယုံ သတ်ကိန်း ရှိတတ်သည်။ လိမ်လည်လှည့်ဖျားခံရမှုမျိုး ရှိနိုင်သည်။ ငွေလိမ်ခံရတတ်သည်။ ယခုလတွင် စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ရာတွင် အထူးသတိထားပါ။ အပူလောင်တတ်သည်။ ဓာတ်လိုက်တတ်သည်။ အဆိပ်ရှိသော သတ္တ၀ါများ အကိုက်ခံရတတ်သည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ အပြိုင်အဆိုင်နှင့် လုပ်ကိုင်ရသူများ ပြိုင်ဘက်များအပေါ်တွင် အသာစီးရလိမ့်မည်။ အမှုအခင်းဖြစ်ပွားနေသူများဖြစ်လျှင် မိမိဘက်မှ အမှုနိုင် ကိန်းရှိသည်။ နာမည်နှင့် လုပ်စားသူများ နာမည်အလွန်ကြီးကိန်း ရှိသည်။ ယေဘူယျ ခြံပြောရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံဇာတာ အကောင်းဖက်မှ ပိုများသော လ, တစ်လဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

ယခုလအတွက် နာမည်တွင် – တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ နှင့် သောကြာနံများဖြင့် ပိတ်ထားသူများ အထူးကံကောင်း နိုင်ပြီး အောင်မြင်မှုများမည်။ အင်္ဂါ နှင့် စနေနံများနှင့် ပိတ်ထားသူများ ကံအနည်းငယ် ညံ့ဖွယ်ရှိသည်။ ကျန်နေ့နံများဖြင့် ပိတ်ထားသူများ ကံဇာတာ သင့်မြတ်ပါသည်။

ယတြာပြုလိုပါက – စနေနေ့တစ်နေ့တွင် မိမိဖိနပ်အဟောင်းတစ်ရံကို ထုံးအနည်းငယ်သုတ်ပြီး ရေတွင် မျှောလိုက်ပါ။ ထို့နောက် မိမိမွေးနေ့တွင် သံဃာတစ်ပါးအား ဖိနပ်တစ်ရံ လှူဒါန်းလိုက်ပါ။

Continue reading

Share

.

တနင်္ဂနွေ သားသမီးများ

 

ယခုလတွင် အကြံကောင်း ဉာဏ်ကောင်း စိတ်ကူးကောင်းများကြောင့် အကျိုးကျေးဇူးခံစားရမည်။ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြသခွင့် ရရှိနိုင်မည်။ အလုပ်ခွင်တွင် နာမည်ကောင်းထွက်တတ်ပြီး အဆင့်မြင့် တာဝန်များ ပေးအပ်ခံရတတ်သည်။ သက္ခတ်ကောင်းတွင် ကျရောက်နေလျှင် (၀န်ထမ်းများ) ရာထူးတက်ကိန်း ရှိနိုင်သည်။ အိုးအိမ် ယာဉ်ကားနှင့် ပတ်သက်နေသော ကိစ္စများတွင် နှောင့်နှေးကြန့်ကြမှုများ များနေတတ်သည်။ သို့သော် ထိုယာဉ်ကားမှ အကျိုးအမြတ် များစွာ ရရှိလိမ့်မည်။ အလုပ်ခွင်ထဲ၌ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ ခရီးရှည် (သို့) နိုင်ငံခြားသို့ ထွက်ရန် ကိစ္စများ ပျက်တတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး မသာမယာဖြစ်နေမည် (သို့) အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နေတတ်သည်။ မိမိကိုယ်တိုင်လည်း အနည်းငယ် ချုခြာနေတတ်သည်။ သားသမီးရှိသူများ သားသမီး အကျိုးခံစားရမည်။ ဘာသာရေး နှင့် ပတ်သတ်သော ကိစ္စများ တာဝန်ပျက်ကွက်နေတတ်သည်။ ယေဘူယျ ပြောရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံကောင်းမှု အနည်းငယ်ပိုများနိုင်သော လ, တစ်လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် နာမည်တွင် - တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ နှင့် စနေ နံများဖြင့် ပိတ်ထားသူများ အထူးကံကောင်း နိုင်ပြီး အောင်မြင်မှုများမည်။ ဗုဒ္ဓဟူး, ရာဟု နှင့် သောကြာ နံဖြင့် ဆုံးသူများ ကံဇာတာ သင့်သည်။ ကြာသပတေးနံဖြင့် ပိတ်သူများ ကံအနည်းငယ် ညံ့ဖွယ်ရှိသည်။

ယတြာပြုလိုပါက - တနင်္ဂနွေနေ့တွင် မိမိနေအိမ်ဘုရားတွင် နာနတ်ယို ၊ နာနတ်သီး ၊ နာနတ်ဖျော်ရည် တစ်ခုခု ကပ်လှူပေးပါ။

.

Continue reading

Share

.

ရှေ့ကဆောင်းပါးမှာ အခု လ,ပိုင်း ရက်, ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ လူအများ မမျှော်လင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်နေတာကို တွေ့ရပါတယ်လို့ ရေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဇာတာအရ မြန်မာနိုင်ငံဟာ ပြောင်းလဲချိန် တန်နေပါပြီ။ ရှေ့ဆောင်းပါးမှာ အခုရက်ပိုင်းအတွင်း အလှုပ်ရှား အရိုက်ခတ်ဆုံး သတင်း တစ်ခုဖြစ်တဲ့ “ကားဟောင်း ၊ ကားသစ်” ကို ဆောင်းပါးလေးအနေနဲ့ တင်ဆက်ခဲ့ပါပြီ။

အခုတစ်ခုကလည်း လူအများ အတော်ကြီးကို စိတ်ဝင်စားနေတဲ့ ကိစ္စပါ။ ( . . . . . အကျဉ်းသားတွေ) ရဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ “နိုင်ငံရေး အကျဉ်းသားမရှိဘူး” လို့ နိုင်ငံတော် အစိုးရက ကြေငြာထားတော့ ကျွန်တော်လည်း ဒီအသုံးအနှုံးကို မသုံးလိုပါ။ ဒီတော့ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောသူများ” လို့ နာမည်ပေးရရင် မကောင်းဘူးလား။ ဒီအသုံးအနှုံး လေးတော့ ပေးခွင့်ပြုကြပါဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ “ရာဇ၀တ် အကျဉ်းသားတွေ” မဟုတ်ဘူးလေ။ ဒါကိုတော့ လူအများစု လက်ခံကြမှာပါ။

လူအများစုလိုဘဲ ကျွန်တော်လည်း သူတို့ကို လွတ်စေချင်တဲ့အထဲမှာ တစ်ဦးအပါအ၀င်ပါ။ ဘာ နိုင်ငံရေး ခံယူချက် တစ်ခုခုကြောင့် မှ မဟုတ်ပါ။ နိုင်ငံရေးကို လည်း စိတ်ဝင်စားလှသူ တစ်ဦးမဟုတ်ပါ။ နောက်ပြီး အကျဉ်းကျ ခံနေရသူတွေ ထဲမှာလည်း ကိုယ့်ဆွေမျိုးသားခြင်းတွေ မပါပါ။

ဒါပေမယ့် “လူသားခြင်း စာနာစိတ်” ကြောင့် လွတ်မြောက်စေချင်တာ အမှန်ပါ။ သူတို့ နှစ်ရှည်လများ ခံစားနေ ရတဲ့ ဒုက္ခတွေကို ကိုယ်ခြင်းစာမိပြီး လွတ်မြောက်စေချင်တဲ့ ဆန္ဒပါ။ သူတို့ကို လွှတ်လိုက်ရင် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင် တယ် / မနိုင်ဘူး ဆိုတာတော့ ကျွန်တော် မသိပါ။ ဒါက ကျွန်တော် နားလည်သော အခန်းကဏ္ဍ မဟုတ်ပါ။

ဒါပေမယ့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ()ရက်နေ့မှာ ရယူခဲ့တဲ့ “လွတ်လပ်ရေးဇာတာ” သာ အခုအချိန်အထိ အကျိုးသက်ရောက် နေဦးမယ်ဆိုရင်တော့ “မြန်မာနိုင်ငံမှာ လူထုအုံကြွမှုတွေ” ထပ်မံ ဖြစ်ပွားစရာ အကြောင်း မရှိနိုင်တော့ဘူး လို့ဘဲ ကျွန်တော် သုံးသပ်ပါတယ်။ (ချွင်းချက်။ ။ ယခု သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရလက်ထက်တွင်သာ . . ) ဒီ ချွင်းချက်ကလေးတော့ ထပ်မံ ဖြည့်စွက်ပေးလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့  အွန်လိုင်းပေါ်မှာ ကိုယ့်ကို ချိုးချင်ဖဲ့ချင်နေကြတဲ့  သူတွေက အများသား။ မဟုတ်ရင် ဒီစကားကို ပုံသေ “တေးမှတ်” ထားပြီး ပြဿနာ ပေါ်လာရင် “၀ိုင်းတွယ်” မှာ ကြိုမြင်နေလို့။ တစ်ခါတစ်လေများ  ဒီ ၀က်ဆိုဒ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်လိုက်ရင် ကောင်းမလားလို့တောင်မှ စိတ်ကူးမိပါတယ်။ ထားပါတော့ လေ။ ဆောင်းပါး အကြောင်း ဆက်ပြောကြရအောင်။

မြန်မာနိုင်ငံ လွတ်လပ်ရေးဇာတာအရ -

အခုအချိန်ကာလဟာ “ဗြိစ္ဆာလဂ်” ပိုင်ရှင် မြန်မာနိုင်ငံ အတွက် (၁၁)တန့် ဆိုတဲ့ “လာဘဘာဝ” အိမ်ရှင် ဗုဒ္ဓဟူးဂြိုဟ်ကြီး ဟာ ()တန့်ဆိုတဲ့ “ဓနကာရက” ဘာဝအိမ်မှာ (၁၀)တန့်အိမ်ရှင် တနင်္ဂနွေဂြိုဟ်ကြီးနဲ့အတူ  ရပ်တည်နေပြီး သူရဲ့ ထူလဒဿာ စ, ပြီး စားနေတဲ့အချိန်ဖြစ်လို့ မြန်မာနိုင်ငံကြီးဟာ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာမြင့်မားလာပြီး၊ ဥစ္စာဓန တွေလည်း ကြွယ်ဝ၊ ပြည်သူတွေလည်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ နောက်ပြီး ကောဇာဂြိုဟ်အရလည်း ဒီ ()တန့်ဘာဝမှာ ရပ်တည်တဲ့ ဗုဒ္ဓဟူးဂြိုဟ်ကြီး ကို သူ့အိမ်ရှင်ဂြိုဟ်ဖြစ်တဲ့ “ကြာသပတေးဂြိုဟ်ကြီးက” ကောဇာခွင်မှာ မိဿရာသီကနေ တြိဂေါဏ အမြင်နဲ့ လှမ်းပြီး အထောက် အပံ့ပေးနေတော့ ဒီကာလမျိုးဟာ တိုင်းပြည်အတွက် ဘာမှ ဘေးဥပဒ် မဖြစ်နိုင်တဲ့ ကာလမျိုးဖြစ်ပါတယ်

ဖြည့်စွက်ချက်။   ။ သို့ပေမယ့် တစ်ခု စဉ်းစားသင့်တာက မြန်မာ့လွတ်လပ်ရေး ဇာတာဟာ ယခုအချိန်အထိ အကျိုးသက်ရောက်မှု ရှိသေးလားဆိုတာတော့ သံသယ ဖြစ်ဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဖွဲ့ (၆)ဖွဲ့လောက် ပြောင်းသွားပြီဆိုတော့ ဒီအစိုးရသစ်တွေ တက်,တက်လာတဲ့ အချိန် (ကျမ်းသစ္စာကျိန်တဲ့အချိန်) ရဲ့ ဇာတာခွင်တွေရဲ့ အကျိုးသက်ရောက်မှုကိုလည်း ထည့်တွက်သင့်တယ်လို့ ကျွန်တော် အတွေးအခေါ်တစ်ခု ဖြစ်နေပါတယ်။ မင်းဆက်တစ်ခု ပြောင်းသွားတာကို ထည့်မတွက်ဘူးဆိုရင် မြန်မာနိုင်ငံကို ပထမဆုံး ပီပီပြင်ပြင် တည်ထောင်ခဲ့တဲ့ “အနော်ရထာမင်း” နန်းတက်တဲ့ ဇာတာကို ယခုအချိန်အထိ ဆက်ပြီး သုံးရဦးမှာလို ဖြစ်နေပါတယ်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ချိန်ရောက်မှ “မြန်မာနိုင်ငံ” ရယ်လို့ ပေါ်ထွန်းလာတာမဟုတ်ဘဲ ယခင့်ယခင်ကတည်း မြန်မာနိုင်ငံဆိုတာ ရှိနေခဲ့တာကို သတိပြုသင့်ပါတယ်။

Continue reading

Share

 

မြန်မာ့ရိုးရာ မဟာကာလကြီး ဗေဒင်ကို - မြန်မာနိုင်ငံမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့တဲ့ (ကေပီစနစ်) လိုဘဲ တွက်ချက်လို့ ရနိုင်တဲ့ နည်းစနစ်ကို ကျွန်တော် တီထွင်ထားတာ ကြာခဲ့ပါပြီ။ စာအုပ်တစ်အုပ်လည်း ရေးနေတာ မပြီးသေးပါဘူး။ (ဆက်ပြီး မရေးဖြစ်တာပါ)။ ဒီပညာအကြောင်းကို ကျွန်တော့် ဘလော့ဂ်မှာ မကြာခဏ ပြောထားတာရှိတော့ နည်းပညာ အသစ် အဆန်းလိုလားသူတွေလည်း မချင့်မရဲ ဖြစ်နေကြတာကို ကျွန်တော် သိပါတယ်။

ဒါကြောင့် ဒီနေ့တော့ ဟူးရားမဟာကာလကြီးပညာနဲ့ တွက်ချက်မှုလေးတစ်ခုကို တင်ပြပေးပါမယ်။ လက်ရိုးအခြေခံ ရှိသူ (သို့) မဟာကာလကြီး အခြေခံရှိသူများတော့ နားလည်နိုင်ပါလိမ့်မယ်။ ကျန်သူတွေ အတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးဟာ ပညာရှင်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်လို့ဘဲ ဆိုရပါတော့မယ်။

ကျွန်တော့်ဆီမှာ “အွန်လိုင်းဗေဒင်” ကို သင်ကြားဖို့ စာရင်းပေးသွင်းထားသူတွေလည်း ဒီဆောင်းပါးလေးကို (နားမလည် ရင်တောင်မှ) ကူးယူ ထားစေချင်ပါတယ်။ နောင်တစ်ချိန် သင်တန်းကာလမှာ အသုံးတည့် ပါလိမ့်မယ်။

ဒီ ဆောင်းပါး နဲ့ တွက်ချက်မှုလေးဖြစ်လာရပုံကို ပြောရဦးမယ်ဗျ။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၄)ရက်နေ့က စီစဉ်မထားဘဲ ကျွန်တော့်ရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း “ဆင်ဖြူကျွန်းမြို့ကလေး” ကို အလည်ပြန် ဖြစ်သွားတယ်။ သွားတုန်းကတော့ () ရက် ()ရက်လောက်ဘဲ ကြာမယ်လို့ မှန်းထားတာ။ ဟိုရောက်တော့ ဟိုကိစ္စပေါ် ၊ ဒီကိစ္စပေါ် နဲ့ ()ပါတ်လောက် ကြာသွား ပါတယ်။ ငယ်သူငယ်ချင်းတွေ ၊ ဗေဒင်မိတ်ဆွေတွေ အားလုံးနဲ့ တွေ့ရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရတာ အတော်စိတ်ချမ်း သာဖို့ ကောင်းတဲ့ ခရီးလေးတစ်ခုပါ။

Continue reading

Share

.

တစ်နေ့က 9/11 အမှတ်တရ ဆောင်းပါးကို ရေးရင်းနဲ့ ဒီဆောင်းပါးမှာ ပါတဲ့ “ဆပွတ်” ဆိုတဲ့ အကြောင်းအရာလေးကို ဆက်ပြီး ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်ပါတယ်။

ဆပွတ်ဂြိုဟ်” ဆိုတာ - တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ဆိုတဲ့ ဂြိုဟ် ()လုံး (နေ့ ၇နေ့) ရှိတဲ့အနက်က ဂြိုဟ်တစ်လုံးစီရဲ့ () ခုမြောက်ဂြိုဟ်ကို “ဆပွတ်ဂြိုဟ်” လို့ ခေါ်တာဘဲ ဖြစ်တယ်။ ဒီတော့

တနင်္ဂနွေဂြိုဟ်ရဲ့ ဆပွတ်ဟာ ()ခုမြောက် သောကြာဂြိုဟ် (< )

တနင်္လာဂြိုဟ်ရဲ့ ဆပွတ်ဟာ ()ခုမြောက် စနေဂြိုဟ် (< )

အင်္ဂါဂြိုဟ်ရဲ့ ဆပွတ်ဟာ ()ခုမြောက် တနင်္ဂနွေဂြိုဟ် (< )

ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဆပွတ်ဟာ ()ခုမြောက် တနင်္လာဂြိုဟ် (< )

ကြာသပတေးဂြိုဟ်ရဲ့ ဆပွတ်ဟာ ()ခုမြောက် အင်္ဂါဂြိုဟ် (< )

သောကြာဂြိုဟ်ရဲ့ ဆပွတ်ဟာ ()ခုမြောက် ဗုဒ္ဓဟူးဂြိုဟ် (< )

စနေဂြိုဟ်ရဲ့ ဆပွတ်ဟာ ()ခုမြောက် ကြာသပတေးဂြိုဟ် (< ) ဆိုပြီး ဖြစ်လာပါတယ်။

အင်္ဂ၀ိဇ္ဇာပညာမှာ “ဆပွတ်ဂြိုဟ်” ဟာ အလွန်အရေးပါတဲ့ ဂြိုဟ်ဖြစ်ပါတယ်။ အင်္ဂ၀ိဇ္ဇာ လင်္ကာလေး ရှိတယ်လေ။ “သူ့ကို နိုင်လို ဆ, ကိုခို ၊ လိုရာဆေးဖေါ်သုံး” တဲ့။ လက်ဆန်း ဗေဒင်ပညာလိုက်စားဘူးသူတိုင်း သိကြပါတယ်။

Continue reading

Share

.

တွက်ကြည့်မယ်ဆို (၁၀)နှစ် ပြည့်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် ၊ စက်တင်ဘာလ (၁၁)ရက်နေ့မှာ ကမ္ဘာ့လူသားအားလုံး တုန်လှုပ် ခြောက်ခြားသွားစေခဲ့တဲ့ အမေရိကန် World Trade Center တိုက်ညီနောင်ကို အိုစမာဘင်လာဒင် ခေါင်းဆောင်တဲ့ “အယ်ခိုင်းဒါး” အဖွဲ့ အလစ်ဝင် တိုက်ခိုက်လိုက်တာကြောင့် တိုက်ညီနောင် နှစ်လုံးလဲ ဘုန်းဘုန်းလဲကျ ၊ လူအသက်ပေါင်း (၃၀၀၀)လောက် ဆုံးရှုံးခဲ့ကြရတယ် မဟုတ်လား။

 ဒီ အကြမ်းဖက် တိုက်ခိုက်မှုကြီးဟာ အဓိကအကြောင်းကတော့ ဘာသာရေး အစွန်းရောက်မှုကြောင့် ဖြစ်ရပေမယ့် ဒီ သေဆုံး ကွယ်လွန်သွားကြ သူတွေထဲမှာလည်း အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ ဘာသာတူတွေ အမြောက်အများ ပါဝင်နေခဲ့တာ ကတော့ အလွန်ကြေကွဲစရာပါဘဲ။

 အသက်ဆုံးရှုံးသွားရတဲ့ လူ(၃၀၀၀)လောက်ဟာ သူတို့နဲ့ ရန်ညှိုးရန်စလည်း မရှိ ၊ လူခြင်းတောင်မှ မြင်ဘူး သိဘူးခြင်း မရှိ သူတွေရဲ့ ရက်စက်စွာ သတ်ဖြတ်မှု ကို ခံလိုက်ရပါတယ်။ ဘုမသိ ဘမသိနဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့ရပါတယ်။ တကယ့် ကြေကွဲဖွယ် ဖြစ်ရပ်ကြီးတစ်ခုပါ။

Continue reading

Share

.
ဒီ ပို့စ်လေးကတော့ သူ့ရှေ့က “ကောလာဟလ” ဆောင်းပါးလေးရဲ့ “အဆက်” လို့ ပြောနိုင်ပါတယ်။ ဗေဒင်ပညာကို ပေါ့ပေါ့ပါးပါး လေ့လာနေကြသူများအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။

“ကောလာဟလ” ဆောင်းပါးမှာ နေ့တစ်နေ့ခြင်းစီအတွက် အင်္ဂ၀ိဇ္ဇာတိုင်စဉ် (၇)ခု ဇယားလေးကို ပြထားပါတယ်။ သတင်းစကား တစ်ခုကို ကြားလိုက်တဲ့အချိန်မှာ အဲဒီအချိန်နာရီမှာ ကျရောက်နေတဲ့ “အခါတိုင်” အပေါ်မှာ လိုက်ပြီး “တိုင်အတိတ်/တိုင်နိမိတ်” ဆိုတာ ရှိပါတယ်။

ကိုယ်ကြားလိုက်ရတဲ့ သတင်းစကား (ကောလာဟလ)ဟာ အဲဒီအချိန်တိုင်ရဲ့ “အဓိပ္ပါယ်ဖွင့်ဆိုချက်” တွေနဲ့ ကိုက်ညီနေရင် ဒါဟာ “နိမိတ်” မှန်နေပြီ (တနည်း) “ဆန်း” ၀င်နေပြီလို့ ပြောလို့ရပါတယ်။ ဒီလို နိမိတ်မှန် / ဆန်းမှန် နေရင် ဒီသတင်း စကား ဟုတ်၏ / မဟုတ်၏ ကို တွက်ချက်ရာမှာ မှန်ကန်တဲ့ အဖြေကို ပိုပြီး ရနိုင်ပါတယ်။

.

ရှေ့က ဆောင်းပါးဖြစ်တဲ့“ကောလာဟလ”မှာ သင်္ကြန်အကြတ်နေ့က “ဗုံးပေါက်ကွဲမှု” သတင်းကို မှန်/မမှန် ဆုံးဖြတ်တဲ့ နမူနာလေးကို ပြထားပါတယ်။ အဲဒီအချိန်က ညနေ (၃)နာရီ ခွဲ ဖြစ်လေတော့ “စနေအခါ/စနေတိုင်” ကို ရပါတယ်။ “စနေတိုင်” ရဲ့ တိုင်အတိတ်/ တိုင်နိမိတ် ကလည်း “ထောင်၊ ဆေးရုံ၊ သုဿာန်၊ တရားရုံး” စသည်များနှင့် ပတ်သတ်နေလို့ လက်ရှိအဖြစ်အပျက်နဲ့ ကိုက်ညီပြီး “ဆန်း” ၀င်နေတာကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ချနိုင်ခဲ့ပါတယ်။

ဒါကြောင့် “အင်္ဂ၀ိဇ္ဇာဗေဒင်ပညာ” ကို လေ့လာခါစ, သူများ အထောက်အကူရနိုင်အောင် “အင်္ဂ၀ိဇ္ဇာတိုင်” တစ်ခုခြင်းစီရဲ့ “တိုင် အတိတ်/တိုင် နိမိတ်” များကို တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြရအောင်။

Continue reading

Share

.

မိတ်ဆွေ ၊ ကျွန်တော်တို့ရဲ့ လူနေမှုဘ၀ထဲမှာ နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ အများကြီးရှိပါတယ်။ နံနက်မိုးသောက် အိပ်ယာထ ကတည်းက ညဖက် အိပ်ချိန်ထိအောင် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ အနည်းနဲ့အများ ဆိုသလို ရှိနေတာပါ။ အိမ်မှာ မိသားစုနဲ့ စကားပြောပေါက် မတည့်တာတွေ၊ ရုံးသွားချိန်မှီအောင် ကြိုးစားလုပ်ရတာတွေ၊ ဘတ်စ်ကား နောက်ကျတာတွေ၊ Traffic Jam ဖြစ်နေတာတွေ၊ အလုပ်ခွင်မှာ အထက်လူကြီး အဆူခံရတာတွေ၊ ကိုယ့်အပေါ် မကြည်မလင်ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတာတွေ၊ ရပ်ဝေးမှာ ရောက်နေတဲ့ မိဘတွေ / သားသမီးတွေရဲ့ ကျန်းမာရေးကို လှမ်းပြီး ပူပင်ရတာတွေ . . . စတဲ့ စတဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ စိတ်သောက Stress တွေကို နေ့စဉ်နဲ့ အမျှ ရင်ဆိုင် ဖြေရှင်းနေရတာပါ။

ဒီလို ကိုယ့်ကိစ္စနဲ့ကိုယ် စိတ်သောက များရတဲ့အထဲမှာ မကြာမကြာဆိုသလို ပေါ်လာတတ်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စ တစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ အများသိကြတဲ့ “ကောလာဟလ” ပါ။ (အများစုကတော့ “ကောလဟာလ” လို့ ပြောကြ ရေးကြပါတယ်။ ဒါပေမယ့် “သတ်ပုံ” အမှန်က “ကောလာဟလ” ဖြစ်ပါတယ်)

Continue reading

Share

.

ပြီးခဲ့တဲ့ (၄)လ လောက်က ခရစ်နှစ် ၂၀၁၀ ခုနှစ် “ခရစ်နှစ်သစ်” ဟောကိန်းများ ရေးပြီး အခုတစ်ခါ မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် “မြန်မာနှစ်သစ်” အတွက် ဟောကိန်းများ ရေးရပြန်ပါပြီ။

ကျွန်တော်တို့ ဗေဒင်ဆြာ တွေလည်း သိပ်မလွယ်လှဘူးနော။ တော်ကြာ အင်္ဂလိပ်နှစ်သစ်အတွက် ဟောကိန်းများ ဆိုပြီး ရေးလို့မှ မကြာသေးခင် အခု မြန်မာနှစ်သစ်ကူး ဟောကိန်းများ ဆိုပြီး ရေးရပြန်ရော။ တော်သေးတယ်။ တရုပ်နှစ်သစ်ကူး ၊ ကုလား နှစ်သစ်ကူး။ ကရင် နှစ်သစ်ကူးတွေပါ မတောင်းဆိုကြလို့ပေါ့။

တကယ်တော့ ကမ္ဘာ့လူသား သန်း (၆၀၀၀) ကျော်အတွက် “တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး . . . ဆိုတဲ့ နေ့(၇)နေ့နဲ့ “ချုပ်” ပြီး အကျုံးဝင်အောင် ရေးရတာ မလွယ်လှပါဘူး။ လူတိုင်းအတွက် မှန်ဖို့လည်း မလွယ်ပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက် အားထုတ်ပြီး ရေးထား ပါတယ်။ နေ့ (၇)နေ့ ဟောကိန်းကို “မဟာဘုတ်” “မဟာကာလကြီး” “အရှေ့တိုင်း နက္ခတ်” နည်းစနစ်များနဲ့ ညှိနှိုင်း ထားပါတယ်။ ဖတ်ကြည့် ကြရအောင်လားဗျာ။

.

မြန်မာသက္ကရာဇ် (၁၃၇၂) အတွက် ၇ရက်သားသမီး ကံဇာတာ အကျဉ်းချုပ်

.

တနင်္ဂနွေ နှင့် စနေ သားသမီးများ ကံဇာတာ အလွန် ညံ့ဖျင်းဖွယ်။
အင်္ဂါ သားသမီးများ ကံဇာတာ အတော်အတန် ညံ့။
ကြာသပတေး နှင့် သောကြာ သားသမီးများ ကံဇာတာ သင့်မြတ်။ သောကြာသားသမီးများ Accident ရှိ။
တနင်္လာ သားသမီးများ ကံဇာတာ ကောင်း။
ဗုဒ္ဓဟူး နှင့် ရာဟု သားသမီးများ ကံဇာတာ အကောင်းဆုံးဖြစ်ဖို့ရှိ။

.

Continue reading

Share

အင်္ဂ၀ိဇ္ဇာဗေဒင်ပညာဟာ မြန်မာနိုင်ငံမှာ ကုန်းဘောင်ခေတ်ဦးလောက်မှာ စတင်ပေါ်ပေါက်လာခဲ့ပုံ ရပါတယ်။ စတင် တီထွင်သူလို့ အသိအမှတ်ပြု ခံရသူကတော့ တောင်တွင်းကြီးမြို့နေ အတုလ “ခင်ကြီးဖျော်” လို့ အမည်နာမတွင်တဲ့ ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ဆရာတော် အတုလ ခင်ကြီးဖျော်နဲ့ ပတ်သက်ပြီး “၀ီကီမြန်မာ ဆိုဒ်” ထဲမှာ ဒီလို ရေးသားထား တာကို တွေ့ရပါတယ်။

.

ခင်ကြီးဖျော်

မကာရလောပ အကျော် ခင်ကြီးဖျော်သည် သက္ကရာဇ် ၁၀၆၈-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ နံနက် ၄ချက်တီးကျော်၌ တောင်တွင်းကြီး မြို့နယ်၊ မြို့လုလင်မြို့၏ မြောက်ဖက် ပုတီးကုန်းရွာသား အဖ ဦးတိုးပြေ+ အမိ ဒေါ်မယ်ကြာ တို့မှ ဖွားမြင်သည်။ ငယ်မည်မှာ မောင်ဖျော် ဖြစ်သည်။

.

ငယ်ဘဝ

မောင်ဖျော်သည် အသက် ၇-နှစ်အရွယ်တွင် မြို့လုလင်မြို့၊ ကန်ရိုး ကျောင်း ဘုန်းတော်ကြီးထံတွင် စာပေစတင်၍ သင်ကြားရာ မြန်မာ သင်ပုန်းကြီးကို နေ့ချင်းညချင်း တခဏအတွင်း တတ်မြောက်လေသည်။ သုံးလအတွင်း ပရိတ်ကြီးနမက္ကရလောကနီတိဇာတ်ကြီးဆယ်ဘွဲ့ ပါဠိ အနက်တို့ကို နှုတ်တက်ဆောင်၍ သဘောသဘာဝ တို့ကိုလည်း မိမိရရ သိရှိလှသဖြင့် မေးသမျှ ခဲရာခက်ဆစ် တို့ကို ရုတ်တရက်ဖြေဆို နိုင်ပေသည်။

Continue reading

Share

.

အခုတစ်လော ကိုယ့်ပတ်ဝန်းကျင်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ကမ္ဘာပျက်လိမ့်မယ် ဆိုတဲ့ ကောလဟာလက တစ်နေ့တစ်နေ့ မကြားချင် အဆုံးဖြစ်နေသဗျ။ ကိုယ့်ပတ်ဝန်းကျင် က မိတ်ဆွေတွေ၊ အသိအကျွမ်းတွေကလည်း လူချင်း တွေ့ရင် တစ်မျိုး၊ ဖုန်းနဲ့လှမ်းမေးတာက တစ်ဖုံနဲ့ ဒီကိစ္စကို တစ်ကယ် ဟုတ်မဟုတ် ခဏခဏ မေးလိုက် ကြတာများ မပြောပါနဲ့ တော့။    မေးတဲ့သူတွေ ဆိုတာကလည်း “ဗေဒင်ပညာ” နဲ့ “နက္ခတ္တပညာ” (၂)ခုကို ကွဲကွဲပြားပြား မသိကြ တော့ ဗေဒင်ဆရာ ဆိုရင် ဒီလိုကိစ္စမျိုးကို ကောင်းကောင်းသိမှာဘဲလို့ ထင်နေ ကြပုံ ပေါ်ပါ တယ်။ ဘာဆိုင်လဲဗျာ။

အင်းလေ- ထင်မယ်ဆိုရင်လဲ ထင်စရာပေါ့။ မြန်မာနိုင်ငံမှာကလည်း Astronomy ခေါ်တဲ့ နက္ခတ္တပညာကို စနစ်တကျ သင်ကြားပို့ချပေးတဲ့ ကျောင်းမျိုးကလည်း မရှိ၊ ပညာရှင်ရယ်လို့ကလည်း မရှိတော့ ဗေဒင်ဆရာတွေကဘဲ “ဘာအဖွဲ့အစည်း၊ ညာအဖွဲ့အစည်း” တွေ ထောင်ပြီးတော့ “ဘယ်နေ့မှာတော့ နေ, ကြတ် လိမ့်မယ်၊ ဘယ်နေ့မှာတော့ လ,ကြတ်လိမ့်မယ်လို့ ဟောကိန်းတွေထုတ်၊ အဲဒါကို ဂျာနယ်တွေက သတင်းကြီးတစ်ခု လုပ်ကြပြန်တော့ စာဖတ်ပရိသတ်တွေမှာလည်း ယောင်ချာချာနဲ့ ဗေဒင်ဆရာဆိုတာဘာလဲ? နက္ခတ္တဗေဒပညာရှင်ဆိုတာဘာလဲ? ဆိုတာကို ကွဲကွဲပြားပြား မသိနိုင်အောင် ဖြစ်နေကြရတာကိုးဗျ။

Continue reading

Share

.

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက ချစ်စရာကောင်းတဲ့ မြန်မာ့ဟူးရား ဗေဒင် ကို ရေးခဲ့ပြီး ဟူးရား ဗေဒင်နဲ့ ပတ်သက်လို့ နောက်ထပ် ရေးချင်စိတ် ပေါ်လာတဲ့ အတွက် ယခင် ဆောင်းပါးကို အမှတ် (၁) လုပ်လိုက်ပြီး ယခုဆောင်းပါးကို အမှတ် (၂)ဆိုပြီး တပ်လိုက်ပါတယ်။ ယခင် ဆောင်းပါး အမှတ် (၁)ကို မဖတ်ရသေးသူများ ဒီနေရာ ကနေ Link နဲ့ သွားနိုင်ပါတယ်။ ဖတ်ချင်ရင် ဒီနေရာကိုClick လုပ်ပါ။ ပထမ ဆောင်းပါးမှာ ပြောခဲ့သလိုဘဲ ဟူးရားဗေဒင်ပညာဟာ ပေါ့ပါးလွယ်ကူ တယ်။ မွေးရက် မွေးနာရီ မသိသူတွေ အတွက် အလွန်အဆင်ပြေတယ်။ သံဒိဌာန် ပြက္ခဒိန် ထဲက ဂြိုဟ်တွေကို အကြမ်းမှတ်ထားပြီး “ပြဿနာ မေးခွန်း” ပေါ်လာချိန်မှာ “လဂ်” ကောက် တပ်လိုက်တာနဲ့ ဟူးရားဇာတာခွင်တစ်ခု ရလာပြီ။ ဟောလို့ရပြီ။

အခု ကျွန်တော်ကိုယ်တိုင် တီထွင်ပြီး အသုံးပြုနေတဲ့ “ဟူးရား-မဟာကာလကြီး” ကျတော့ ဘာ “သံဒိဌာန်ပြက္ခဒိန်” မှ မလိုတော့ဘူး။ တနင်္ဂနွေဂြိုဟ် ဘယ်ရာသီမှာ ရှိတယ်ဆိုတာ မှတ်ထားရုံဘဲ။ တနင်္ဂနွေဂြိုဟ် ရာသီခွင် တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့ (၁၆)ရက် (၁၇)ရက် ၀န်းကျင်ဘဲ သတိ ထားရတယ်။ ကျန်တဲ့ ရက်တွေအတွက် ဘယ်ရာသီမှာ ရှိတယ်ဆိုတာ သိရင် ရပြီ။ အခုဆိုရင် ကနေ့ဘဲ တနင်္ဂနွေဂြိုဟ် “ကန်ရာသီ” ကို ပြောင်းသွားပြီ။ ဒီတော့ ဒီနေ့ကနေ နောက်တစ်လအတွင်း “ကန်ရာသီ” မှာ တနင်္ဂနွေကိုမူတည်ပြီး အချိန်ကောက်ကြည့် ဇာတာဖွဲ့။ (၂)မိနစ်လောက်ဆို ဇာတာရပြီး (၅)မိနစ်အတွင်း အဖြေ ထွက်သွားပြီ။ ဘယ်လောက်ပေါ့ပါး လွယ်ကူလိုက်သလဲ။ မှန်တဲ့ရာနှုံးကလည်း (၉၀)%ကျော်ရှိတယ်။

ဟူးရားဗေဒင် ပညာမှာ ကျွန်တော်အကြိုက်ဆုံးက အရေးကြီးတဲ့ ပြဿနာတွေကို ဆုံးဖြတ်တဲ့ နေရာမှာ အားကိုးလောက်စရာ ဖြစ်တာကိုပါဘဲ။ တကယ်တော့ လူ့ဘ၀ဆိုတာ “ဆုံးဖြတ်ချက်များရဲ့ ဖြစ်စဉ်” ဘဲ မဟုတ်ပါလား။

.

နေ့စဉ် မိုးလင်းလာတဲ့ အချိန်ကနေ အိပ်ချိန်ထိ အောင် ဆုံးဖြတ်ချက်တွေ ချနေရတာဘဲမဟုတ်လား။ ဒီနေ့ ဘယ်ဝတ်စုံဝတ်ရမလဲ။ ဘာဟင်းနဲ့ ထမင်းချက်ရမလဲ။ သို့မဟုတ် ဘယ်ဆိုင်မှာ ဘာဟင်းနဲ့ ထမင်းစား ရမလဲ။ ဒီနေ့အလုပ်ကို ဘယ်လိုပုံစံလုပ်ရမလဲ။ အလှူ နဲ့ မင်္ဂလာဆောင် နှစ်ခုတိုက်နေတာ ဘယ်သူ့ဆီက ပိုသွားဖို့ သင့်သလဲ။ ဒီနေ့ ဒီပစ္စည်းကို ၀ယ်သင့်ပြီလား/ရောင်းသင့်ပြီလား။ အထက်အရာရှိနဲ့ စကားပြောရင် ဘာကို အဓိကထားပြောရမလဲ …. စတဲ့ အသေးအဖွဲ ဆုံးဖြတ်ချက် ကလေးတွေဟာ နေ့တိုင်းလို ရှိနေတတ်ကြတာပါ။

ဒီလို အသေးအဖွဲ ဆုံးဖြတ်ချက်တွေရှိသလို တစ်ခါတစ်ရံ အလွန်အရေးကြီးပြီး ဘ၀အလှည့်အပြောင်း ဖြစ်သွားနိုင်တဲ့ ဆုံးဖြတ်စရာ ကိစ္စတွေလည်း မကြာခဏ ကြုံဘူးကြမှာပါ။ ကျောင်းသားဘ၀မှာ ဘာသာတွဲ ယူရမလဲဆိုတာမျိုး။ ဘယ် ဘာသာရပ်ကို ယူပြီး အသက် မွေးဝမ်းကျောင်းပြုရင် ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မလဲ။ ဒီအလုပ်မှာ ၀င်သင့်သလား။ တက်လမ်းရှိပါ့မလား။ နောက်အလုပ်ပြောင်းရင် အရင်အလုပ်လောက် အဆင်ပြေပါ့မလား။ အလုပ်ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး ထူထောင်ရင် အောင်မြင်မလား။ ဒီလူနဲ့ လက်ထပ်လိုက်ရင် အိမ်ထောင်ရေး ကံကောင်းမလား။ ဒီလူ့ကို ငွေချေး သင့်သလား။ ဒီလုပ်ငန်းမှာ ၀င်ပြီး ရင်းနှီးမြုတ်နှံ သင့်သလား။ ရှယ်ယာဝယ်သင့်ပြီလား။ ရောင်းသင့်ပြီလား။ ဒီအိမ်/ဒီအခန်းကို ၀ယ်သင့်သလား။ အကျိုးပေးမလား … စတဲ့ ဘ၀တစ်ခုကို ပြောင်းလဲသွားနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။

ကျွန်တော်ကိုယ်တိုင် ကျောင်းသားဘ၀ကာသာတွဲအယူမှားလို့ ကိုယ်ဝါသနာမပါတဲ့ တိ/ကုလိုင်း ကို ယူမိပြီး ဘွဲ့သာ ရခဲ့တယ်။ ၀ါသနာမပါလို့ ဒီပညာနဲ့ လုပ်မစားခဲ့တော့ အနှစ် (၂၀)လောက် သင်ခဲ့ရတဲ့ ပညာရေးဟာ အလကား ဖြစ်သွား ဖူးပါတယ်။

ကျွန်တော့်လိုဘဲ ဒီခေတ် ကလေးတွေမှာ သူများ ယောင်တိုင်း လိုက်ယောင်ပြီး ကိုယ်ဝါသနာ ပါမှန်းသိ/မပါမှန်းသိတဲ့ ဘာသာရပ်တွေယူပြီး တကယ့်လုပ်ငန်းခွင်မှာ မပျော်ပိုက်ဘဲ စိတ်ညစ်နေရသူတွေ အများကြီးပါ။

ဒီလိုဘဲ ချစ်တာတစ်ခုတည်း ရှေ့တန်းတင်ပြီး ယူခဲ့ကြလို့ အိမ်ထောင်ကွဲကြ/ပြဲကြ ရတာတွေ၊ ဒုက္ခဆင်းရဲနွံထဲမှာ မချစ်သော်လည်း အောင့်ကာ နမ်းနေရ တာတွေ၊ သားသမီးမျက်နှာထောက်ပြီး မပေါင်းချင်ဘဲ ပေါင်းသင်းနေကြရတဲ့ အိမ်ထောင်ရေးတွေဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တွေကြောင့် မဟုတ်ပါလား ခင်ဗျာ။

စီးပွားရေးမှာလည်း အချီကြီးပွမယ်ထင်ပြီး ရှိသမျှ ပုံအောလိုက်တာ “ပလုံ” ဆိုတဲ့ အသံသာ ကြားလိုက်ရပြီး နေ့ခြင်းညခြင်း မွဲပြာကျ သွားတာ တွေ ဟာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပါဘဲ။ ဒီအလုပ် သိပ်မကောင်းဘူး ထင်လို့ နောက်အလုပ်ပြောင်းလိုက်မှ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဆိုတာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါဘဲ။

နိုင်ငံခြားသွားတိုင်း အဆင်ပြေမယ် ထင်ပြီး ရှိသမျှ ပေါင်နှံ ရောင်းချ၊ ချေးငှားပြီး ထွက်၊ ဟိုမှာ အလုပ်အဆင်မပြေလို့ နောက်ဆုံး ပြန်လာရပြီး အကြွေးဒုက္ခ နွံထဲမှာ နစ်နေကြတာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက် တွေပါဘဲ။

ဒီတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒီအကြောင်းကို ရေးရင် စာအုပ်ကြီး တစ်အုပ်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ -

(၁) ကိုယ့်ရဲ့ ဆန္ဒ၊ ခံစားချက်ကို ရှေ့တန်းမတင်သင့်ဘူး။ အကောင်းမြင်ဝါဒကို အလွန်အကျွံ ဦးစားမပေးသင့်ဘူး။ ဦးနှောက်ကို ဦးစားပေးရမယ်။ လေးလေးနက်နက်တွေးကြည့်ရမယ်။  ဖြစ်ချင်တာထက် ဖြစ်သင့် ဖြစ်ထိုက်တာကို ဦးစားပေးရမယ်။

(၂) အချက်အလက် အထောက်အထားတွေကို ရနိုင်သလောက် စုဆောင်းရမယ်။ လူတစ်ယောက်ကို လက်ထပ်ဖို့ဘဲ ဖြစ်ဖြစ်၊ ကုမ္ပဏီတစ်ခုမှာ ရှယ်ယာဝင်ဖို့ဖြစ်ဖြစ် သူ့အကြောင်း၊ သူတို့အကြောင်း ရနိုင်သလောက် အချက်အလက်တွေ စုဆောင်းရမယ်။ နိုင်ငံခြားထွက်ချင်ရင် ပြန်လာတဲ့ လူတွေ ဆီမှာ လေ့လာစုံစမ်းရမယ်။ ဘာအခက်အခဲ ပြဿနာတွေ ရှိနိုင်တယ်ဆိုတာ များများ လေ့လာစုံစမ်းရမယ်။

(၃) လောဘမကြီးပါနဲ့။ မနိုင်ဝန် မထမ်းကြပါနဲ့။ အထူးသဖြင့် စီးပွားရေးသမားတွေအတွက်ပါ။ လူတိုင်းဟာ ငွေနဲ့ မကင်းကြ တော့ လူတိုင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ လောဘဟာ သိပ်ကြောက်စရာကောင်းပါတယ်။ လောဘဟာ လူ့လောကီနဲ့ ခပ်ကင်းကင်းနေတဲ့ ဘုန်းကြီးတွေတောင် မနေရပါဘူး။ အလိမ်ခံကြရပါတယ်။ လူတွေဆိုတာတော့ “လောဘသားတွေပီပီ” ပြောစရာမရှိတော့ပါဘူး။ တော်တော် စဉ်းစားဉာဏ်ကြီးတဲ့ သူတွေတောင်မှ လောဘဆိုတဲ့ တီကောင်နဲ့ အမျှားခံရတဲ့ အခါ စဉ်းစားဉာဏ်ကို လောဘက အုပ်စီးသွားပြီး ငါးမျှားချိတ်စူး သေပွဲဝင်ရတာတွေ အများကြီး ကြုံဖူး  ကြားဖူး ကြမှာပါ။

(၄) ကိုယ့်ထက် တတ်သိနားလည်တဲ့ သူတွေထံမှာ အကြံဉာဏ်တောင်းရမယ်။ အထူးသဖြင့် ကိုယ်နဲ့ လုံးဝ အကျွမ်းတ၀င် မရှိတဲ့ ကိစ္စတွေကို လုပ်တော့မယ် ဆိုရင် ဒီကိစ္စ၊ ဒီဘာသာရပ်တွေမှာ အလွန်ကျွမ်းကျင်တဲ့ သူတွေထံမှာ အကြံဉာဏ်တောင်းခံရမယ်။ ပြီးမှ ဆုံးဖြတ်ရမယ်။

(၅) သူများယောင်တိုင်း လိုက်မယောင်ပါနဲ့။ ကျွန်တော်တို့မြန်မာလူမျိုးတွေ ပိုဆိုးပါတယ်။ ဘယ်နေရာမှာ ရွှေထွက်လို့ တဲ့ဆိုရင် သွားကြပါပြီ-တစ်နိုင်ငံလုံးက လူတွေ။ ရေနံ ဆိုလည်း ပြေးကြပြန်ပါပြီ။ နိုင်ငံခြား၊ နိုင်ငံခြား ဆိုတဲ့ အသံထွက်လာပြန်တော့လည်း ထွက်ကြပြန်ပါပြီ။ လူတစ်ယောက် လုပ်ငန်းတစ်ခု နဲ့ အောင်မြင်သွားပြီဆိုရင်လည်း ပုံတူကူးချ လိုက်လုပ်ကြပြန်ပါပြီ။ မြန်မာနိုင်ငံမှာ ကားတွေဈေး အဆန်မတ တတ်လာတော့ လူတိုင်း ကားပွဲစား နဲ့ ၀ယ်ရောင်းတွေ ဖြစ်သွားကြပြန်ရော။ပဲ , ပဲ , ပဲ” ဆိုကြပြန်လို့ အကုန်လိုက် “ပဲ” လိုက်ကြတာ မြန်မာ့ကုန်သည်လောကမှာ “မွဲ, မွဲ, မွဲ ”  ဖြစ်သွားကြတာ ကြားလိုက်ကြမှာပါ။

ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းကလည်း “ဆေး,ဆေး” ဆိုလို့ လူတိုင်း ဆရာဝန်လိုင်း လိုက်ကြ။ ပြီးတော့ ကိုယ်ဝါသနာမပါတဲ့လိုင်းဖြစ်နေပြီး နောက်ဆုံးမှာ  မအောင်မြင်တဲ့ ဆရာဝန်တွေဘ၀ နဲ့ဘဲ ပြီးသွားကြရော။ “သစ်တောတို့ ၊ ရေနံ” တို့လည်း ခေတ်စား ခဲ့ဘူးပါတယ်။ အခု ဘာတဲ့ “ရေကြောင်း”တဲ့ ဖြစ်ကြပြန် ပြီ။ ယောင်္ကျားသာမက မိန်းမတွေလည်း ၀င်ပါကြသဗျ ။ ဒါမျိုးတွေထဲမှာ ၀င်မပါတတ်အောင် ကြိုးစားပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ကြီးပွား အောင်မြင်အောင် လုပ်ကြပါ။ အမှားနည်းသွားကြပါလိမ့်မယ်။

ကျွန်တော်ဟာ ၁၉၉၈ ခုနှစ်မှာ စီးပွားပျက်၊ ဘ၀ပျက်ပြီး ကတည်းက အထက်ပါ အချက်တွေကို လေ့လာပြီး ကိုယ်တိုင် ကျင့်သုံးခဲ့လို့ ယနေ့အချိန်မှာ (သူများတွေထက် စာရင်) အမှားကင်းကင်းစင်စင် နဲ့ လူ့ဘ၀ကို ရပ်တည်နေနိုင်ပါပြီ။ လူကတော့ လူလတ်တန်းစားပါ။ ဒါပေမယ့် စိတ်မဆင်းရဲ ရတော့ ပါဘူး။

ဒီနေရာမှာ စာဖတ်သူအနေနဲ့ ကျွန်တော် ဘာအကြောင်းကို ရေးနေတာလည်း ဆိုတာ မျက်စေ့လည် သွားပြီထင်ပါတယ်။ ဒီလိုပါ။ နံပါတ် (၄)အချက်ဖြစ်တဲ့ “တတ်သိနားလည်တဲ့ သူတွေထံမှာ အကြံဉာဏ်တောင်းရမယ်” ဆိုတဲ့ ကိစ္စမှာ ဗေဒင်ပညာရဲ့ အခန်းကဏ္ဍ ပါလာပါပြီ။ သူကလည်း အကြံပေးနိုင်တဲ့ အထဲမှာ တစ်ခု အပါအ၀င်ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ “သူ့အပေါ်မှာ လုံးဝအားထားရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်” ။ ဒါပေမယ့် တော်တော် အရေးပါတဲ့ ကဏ္ဍမှာ ရှိပါတယ်။ ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခု ပြောချင်ပါတယ်။

၁၉၉၈ ခုနှစ်မှာ ကျွန်တော် ဘ၀ပျက်၊ စီးပွားပျက်ပြီး ဗေဒင်ဆရာဘ၀ကို (မရောက်ချင်ဘဲ) ရောက်လာရ ပေမယ့် ဒီပညာက ကိုယ့်ကို တော်တော် ကျေးဇူး ပြုပါတယ်။ (ပြုမှာပေါ့ ၊ စ,ကတည်းက “လောဘ” မှ မပါဘဲ၊ ထမင်းစားရရင် တော်ပါပြီ ဆိုပြီး လုပ်ခဲ့တာလေ)။

ဒါနဲ့ ဒီပညာနဲ့ တော်တော် အောင်မြင်လာတော့ လက်ထဲမှာ ငွေလေး၊ ကြေးလေး စုဆောင်းမိလာပါတယ်။ ဘ၀က သုံညကနေ ပြန်စ,ရတာ ဆိုတော့ ဒီငွေကလေးကို မပျက်စီးစေချင်ဘူး။ ပိုပြီး တိုးပွားချင်တယ်။ ကိုယ့်မှာ အိုးပိုင်အိမ်ပိုင် မရှိသေးတော့ အိမ်ခန်းလေးတစ်ခုတော့ ပိုင်ချင်တယ်။ ဒါပေမယ့် လက်ထဲရှိတဲ့ငွေက အိမ်ခန်းတစ်ခန်း မ၀ယ်လောက်သေးဘူး။ မပြည့်သေးဘူး။

လက်ထဲမှာ ထားရတာကလည်း စိတ်မချတော့ အဲဒီနှစ်ပိုင်း(2001-2002)၀န်းကျင်မှာ အရမ်းခေတ်စားနေတဲ့ “ငွေစု၊ ငွေချေး” လုပ်ငန်း တစ်ခုခုမှာ အပ်ထားဖို့ လင်မယားခြင်း တိုင်ပင်ကြတယ်။ ကျွန်တော်ကလည်း 98 ခုနှစ် ဘ၀ပျက်ပြီးကတည်းက သတိကြီးကြီး ထားပါတယ်။ အဲဒီ အချိန်က (၈)ကျပ်တိုးတို့၊ (၁၀)တို့ ပေးနေတယ့် ဧရာမ ကုမ္ပဏီကြီးတွေကို ကျွန်တော် သိပ်မယုံပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လိမ်ချင်တဲ့လူဟာ အကျိုးအမြတ် ကြီးကြီး ပြပြီးမှ လိမ်လေ့ရှိတာမို့လို့ပါ။

ဒါနဲ့ အထက်က ကျွန်တော်ပြောခဲ့တဲ့ အချက်တွေထဲက ကိုယ့်ထက် နားလည်သူကို တိုင်ပင်သင့်တယ် ဆိုတဲ့ သြ၀ါဒ အတိုင်း အဲဒီအချိန်က အစိုးရဘဏ် တစ်ခုမှာ အရာရှိဖြစ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ ကို သွားတိုင်ပင်ပါတယ်။ သူက အခုအချိန်မှာ “ငွေစု၊ငွေချေးလုပ်ငန်းတွေ” အရမ်း ခေတ်စားနေတာ သူလည်း သိပ်ဘ၀င်မကျဘူးတဲ့။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေထဲက “- – - – ” ဆိုတဲ့ လုပ်ငန်းကတော့ ပေးတဲ့ အတိုးနှုံးကလည်း နည်းတယ်။ ပြီးတော့ သူက မကြာခင်မှာ ဘဏ်လုပ်ငန်းကြီးအဖြစ် ပြောင်းတော့မှာတဲ့။ အဲဒီမှာ ဆန္ဒရှိရင်တော့ အပ်စေချင်တယ်တဲ့။ ကျန်တဲ့ အတိုးနှုံး ကြီးကြီးပေးနေတဲ့ လုပ်ငန်းတွေကိုတော့ မအပ်လေနဲ့လို့ သြ၀ါဒပေးခဲ့သဗျ။ (ကျေးဇူးရှင်ကြီး အခုတော့ ကွယ်လွန်သွားရှာပါပြီ)

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့သူငယ်ချင်းရဲ့ ဖခင် အကြံပြုတဲ “- – - – ” လုပ်ငန်းမှာ ငွေအပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် စိတ်မချ သေးဘူးဗျ။ တစ်ခါလည်း ဘ၀ပျက်ဘူးတော့ နောက်တစ်ခါ ထပ်မပျက်ချင်တော့ဘူး။ စုထားတဲ့ငွေကလေး ကလည်း အချောင်ဝင်ထားတဲ့ ငွေမဟုတ်ဘူး။ ကွန်ပျူတာရှေ့မှာ တစ်နေ့ကို (၅)နာရီလောက်ထိုင်ပြီး တစ်ကုပ်ကုပ်လုပ် စုထားရတဲ့ ငွေ။

ဒီတော့ နောက်ဆုံး အားကိုးရာဖြစ်တဲ့ ကျွန်တော် တတ်မြောက်ထားတဲ့ “ဟူးရားဗေဒင်” ပညာကို အသုံးပြုမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်တော်ဟာ သူများတွေကိုသာ တွက်ချက်ဟောပြော နေပေမယ့် ကိုယ့်အတွက်ကိုယ် အင်မတန် တွက်ခဲပါတယ်။ လုပ်စရာရှိ ထ,လုပ်လိုက်တာဘဲ။ သွားစရာရှိ ထ,သွားလိုက်တာဘဲ။ ရက်ရာဇာ ပြဿဒါး ရွေးမနေပါဘူး။ မယုံကြည်လို့ မဟုတ်ပါဘူး။ ယုံကြည်လို့ဘဲ ဒီပညာနဲ့ လုပ်စားနေတာဘဲ။ ဒါပေမယ့် ကိုယ့်ဘ၀ကို ဒီပညာနဲ့ ဘောင်ခတ် ခံထားရမှာမျိုး မဖြစ်စေချင်ဘူး ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိချင်တယ်။ ဒါကြောင့် တော်ရုံတန်ရုံ ကိုယ့်ဗေဒင် ကိုယ်ပြန် မတွက်ဘူး။

ဒီတစ်ခါတော့ သိပ်အရေးကြီး နေလို့ မတွက်လို့မရတော့ဘူး။ ဒါနဲ့တွက်ကြည့်တယ်။ အဖြေက “NO” ပါတဲ့။ လုံးဝ မအပ်သင့်ပါဘူးတဲ့။ ကိုယ့်ပညာကိုတော့ ကိုယ်ယုံတယ်။ ဖြစ်နိုင်တယ်။ ငွေစုငွေချေးတွေ ဒီလောက်ဖောင်းပွနေတာ ပြဿနာဖြစ်တော့မယ်ထင်တယ်လို့ ကောက်ချက်ချလိုက်တယ်။

ဒါနဲ့  အတိုးနည်းချင် နည်းပါစေတော့။ ခိုင်မာတဲ့ ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုဖြစ်တဲ့ “အာရှဓန” မှာဘဲ အပ်တော့မယ်ဆိုပြီး ထပ်ပြီးတွက်တယ်။ အဖြေက “NO” ဘဲ ထွက်နေတယ်။ ပထမအဖြေတုန်းက ဒီလောက် မအံ့သြဘူး။ ဒုတိယအဖြေကျတော့ တော်တော် အံ့သြသွားတယ်။ ဘယ်နှယ့်ဗျာ။ မြန်မာနိုင်ငံမှာ ဒီလောက် ခိုင်မာလှတဲ့ ဘဏ်ကြီးဆီမှာတောင် မအပ်သင့်ဘူး ဆိုတော့ “ဘဏ်” ပျက်ဖို့ဘဲရှိတော့တာပေါ့။ ဒါလည်း မဖြစ်နိုင်ဘူး။ တစ်ခြား အကြောင်းများ လားပေါ့။ မဝေခွဲ နိုင်အောင် ဖြစ်နေတယ်။

နောက်ဆုံးတော့ ငွေကိုလည်း ဒီအတိုင်း ကိုင်မထားချင်တော့ “ရွှေ” ဘဲ ၀ယ်ထားရင်ကောင်းမလားပေါ့။ အဲဒီတော့ ကိုယ့်ပညာလေး သုံးပြီး ထပ်တွက်တယ်။ အဖြေက “YES” ထွက်ပါတယ်။ ကျွန်တော်လည်း သဘောကျပါတယ်။ ကိုယ့်ငွေကို အပွထည်ကနေ အကျစ်ထည် အဖြစ်ပြောင်းပြီး ကိုယ်ဘဲ ကိုင်ထားရတာဆိုတော့ ပိုသဘောကျတယ်။ အဲဒီတုန်းက ရွှေတစ်ကျပ်သားမှ တစ်သိန်းကျော်ကျော်လေး ရှိသေးတာ။ ၀ယ်သာ ၀ယ်ထားရတယ်။ ရွှေဈေးကလည်း အဲဒီအချိန်တုန်းက တက်ရိပ်မရှိပါဘူး။ စုထားတဲ့ သဘောပါဘဲ။

သိပ်မကြာပါဘူး။ “ငွေစုငွေချေး” လုပ်ငန်းတွေ စ,ပျက်ပါလေရော။ နောက်တော့ ငွေကြေးခ၀ါချမှု နဲ့ ဘဏ်ကြီးတွေပါ လိုက်ပျက်ပါလေရော။ အားလုံး သိကြတဲ့ အတိုင်းဘဲလေ။ ကျွန်တော်တော့ ကံကောင်းထောက်မစွာ လွတ်မြောက် သွားပါတယ်။

အတိုးလေး မြတ်မြတ်ရမလားလို့ လုပ်လိုက်တာ အရင်းပါ ဆုံးသွားတဲ့ သူတွေအတွက် တော်တော်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ အဲ- နောက်တော့ လူတွေက ငွေစုတာ စိတ်မချရတော့ ရွှေကို ပြန်စုကြတော့ ရွှေဈေးတရိပ်ရိပ်တက်လာတာ- နောက်ဆုံး ကျွန်တော်တို့ တစ်သိန်းကျော်ကျော်နဲ့ ၀ယ်ထားတဲ့ ရွှေဟာ (၅)သိန်း (၆)သိန်းလောက်ထိအောင် ဖြစ်လာတော့ တာပါဘဲ။ အရင်တုန်းက အခန်းဝယ်ဖို့ မပြည့်ခဲ့တဲ့ ငွေဟာလည်း ရွှေဈေးတက် လာတာကြောင့်ရယ်၊ ဒီကြားထဲမှာ ထပ်စုဆောင်းတာရယ်နဲ့ ပေါင်းလိုက်တော့ (၈)နှစ်ကျော် အိမ်ငှားနေရတဲ့ ဘ၀ကနေ အိုးပိုင်အိမ်ပိုင် ဖြစ်လာခဲ့ပါတယ်။

တကယ်လို့သာ အဲဒီ အချိန်က တိုင်ပင်သင့်သူကို မတိုင်ပင်ခဲ့ ရင်သော်၎င်း၊ ကိုယ့်ပညာကို ကိုယ်အသုံးမချမိရင်သော်၎င်း အခုအချိန်မှာ ကျွန်တော်ဟာ အိမ်ငှားဘ၀နဲ့ဘဲ ဟိုပြေးဒီပြေး ပြေးနေရဦးမှာပါ။ ကိုယ်ပိုင်အိမ် မရှိဘဲ အိမ်ငှားဘ၀နဲ့ နေရတဲ့ ဒုက္ခကို အိုးပိုင်အိမ်ပိုင်ရှိသူတွေကတော့ ခံစားတတ်မယ် မထင်ပါဘူး။ အခုတော့ ဒီဒုက္ခကနေ လွတ်မြောက် ခဲ့ပါပြီ။

ဒါကြောင့် “ဟူးရားဗေဒင်” ဟာ ကျွန်တော့်အတွက်တော့ အလွန်ချစ်စရာကောင်းတဲ့ ပညာရပ်တစ်ခုဖြစ်ပြီး သူ့ကြောင့် အိုးပိုင်အိမ်ပိုင်ဘ၀နဲ့ နေ,နေရခြင်း ဖြစ်ကြောင်းနဲ့ စာဖတ်သူများလည်း အလွန်အရေးကြီးတဲ့ ဆုံးဖြတ်စရာများရှိရင် အထက်က ကျွန်တော်တင်ပြခဲ့တဲ့ အချက် (၅)ချက်ကို လိုက်နာစေလိုပြီး လိုအပ်ရင် မြန်မာ့ရိုးရာဗေဒင်ပညာကို အမှန်တကယ် တတ်ကျွမ်း သူများနှင့်လည်း တိုင်ပင်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။

စာဖတ်သူ အားလုံးကျန်းမာ ချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Share

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ