.
Today’s born babies ဆိုတဲ့ အခန်းကဏ္ဍလေးကို ဖွင့်လှစ်လိုက်ပါတယ်။ ယနေ့ ယနေ့မှာ မွေးဖွားလာတဲ့ ရင်သွေးငယ်လေးတွေရဲ့ ဘ၀ကံကြမ္မာနဲ့ ရှောင်ရန်/ဆောင်ရန်လေးတွေ ၊ နာမည်ပေးနည်း (အကြမ်းဖျဉ်း) တွေကို နေ့စဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ နေ့စဉ်အလုပ် ဆိုတော့ သိပ်ကြီး ကျယ်ကျယ်ဝန်းဝန်းကြီးတော့ မရေးနိုင်ပါဘူး။ အကျဉ်းချုပ်လောက်ပေါ့။ နည်းစနစ်ကတော့ “Numerology” ဂဏန်းဗေဒင် နဲ့ အနောက်တိုင်း (၁၂)ရာသီခွင် တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မဟာဘုတ်နည်းလေးလည်း အနည်းအကျဉ်း ဖြည့်စွက် ပေးထားပါတယ်။ နာမည်ပေးနည်းကတော့ အကြမ်းလောက်ဘဲပေါ့။ တိုင်စဉ် မမှားရုံလောက်ပါဘဲ။ ဒီဇင်ဘာလ တစ်ရက်နေ့ကနေ စ,ပြီး ရေးပေးထားပါတယ်။ ကြည့်ကြရအောင်။
—————————————————————————————————————
2012 ဒီဇင်ဘာလ (1) ရက်နေ့ မွေးသော ရင်သွေးငယ်များ
အနောက်တိုင်းရာသီခွင် အရ - - ဓနု ရာသီဖွား
ဂဏန်းဗေဒင် အရ - – (1) ဂဏန်း သမား
မဟာဘုတ် အဖွား အရ - - စနေ ရာဇဖွား
ဒီနေ့မှာ မွေးတဲ့ ရင်သွေးငယ်များဟာ ဘ၀မှာ အကြီးအကဲ ဖြစ်ဖို့ ကံဇာတာ ပါတယ်။ ချမ်းသာကြွယ်ဝရမယ့် ကံကြမ္မာလည်း ပါပါတယ်။ ဒါပေမယ့် အောင်မြင်မှုနဲ့ ကြွယ်ဝမှုတွေကို ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မယ်။ အရမ်းပွင့်လင်းတတ်ပေမယ့် အညိုးတော့ ကြီးတတ်တယ်။ ဒါပေမယ့် သစ္စာရှိမယ်။ ထက်ထက်မြက်မြက် ရှိမယ်။ တုံးဆိုတိုက် ကျားဆိုကိုက် ဆိုသူများဖြစ်မယ်။ ဘ၀မှာ အိမ်ထောင်ရေး ပြဿနာလေးတွေတော့ ရှိတတ်တယ်။ ဘ၀အောင်မြင်မှုအတွက် အမြဲရုန်းကန် လှုပ်ရှားနေရမယ်။ အေးအေးဆေးဆေး နေရမယ့် ကံမျိုး နည်းလိမ့်မယ်။ အိုဇာတာတော့ ကောင်းတယ်။ အသက်ကြီးရင် ဘုရားတရားဘက်ကို ရောက်သွားတတ်တယ်။ မျက်စေ့ကို ဥပဒ်ပေးတတ်လို့ သတိထားရမယ်။ ကိုယ်ယုံကြည်ရတဲ့ လူက သစ္စာဖောက်ခံရတတ်တဲ့ ဇာတာမျိုး ရှိတာကိုတော့ တစ်ဘ၀လုံး သတိထားရမယ်။ ကျန်းမာရေးအတွက်ဆိုရင် “နှလုံး” ကို သတိထားရမယ်။
နာမည်ပေးမယ်ဆိုရင်တော့ – စနေ အစ . . . စနေ အဆုံး ။ စနေ အစ . . . တနင်္ဂနွေ အဆုံး တွေ ပေးနိုင်တယ်။ နေ့သင့် နံသင့် မဟုတ်ဘဲ အခြားနံတွေနဲ့ ပေးမယ်ဆိုရင်တော့ သောကြာ အစ . . . တနင်္ဂနွေ အဆုံး ။ ဗုဒ္ဓဟူး အစ . . . တနင်္ဂနွေ အဆုံးတွေနဲ့ ပေးနိုင်တယ်။ သတိထားရမယ့် နာမည်ကတော့ စနေ စ,ပြီး ဗုဒ္ဓဟူး နံနဲ့ ပိတ်တဲ့ နာမည် (လုံးဝ) မပေးပါနဲ့။ ပက္ခတ် မိတာကြောင့် အိမ်ထောင်ရေး ထိခိုက်မှု နဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေလိမ့်မယ်။
—————————————————————————————————————
.
တနင်္ဂနွေ သားသမီးများ
.
ယခုလအတွက် တနင်္ဂနွေသားသမီးများ အတိုက်အခံ ၊ ရန် အခက်အခဲ နှင့် ယှဉ်သော အောင်မြင်မှုများကို ရရှိနိုင်လိမ့်မည်။ အပြိုင်အဆိုင် ယှဉ်ပြိုင်ရသော လုပ်ငန်းများတွင် အောင်မြင်မှု ရရှိမည်။ လူမှုဆက်ဆံရေးပိုင်း အောင်မြင်မည်။ လူအများ၏ ထောက်ခံမှုကို ရရှိမည်။ ငွေကြေးကိစ္စ ကံကောင်းနိုင်သလို စိတ်ပူစရာလည်း ရှိမည်။ ငွေဝင်ကိန်း ငွေထွက်ကိန်း (၂)မျိုးလုံး ရှိနေမည်။ အချို့ ကံဇာတာညံ့သော အသက်ပိုင်းများအတွင်း ရောက်ရှိနေသော တနင်္ဂနွေသားသမီးများ ငွေကြေးအတွက် အလွန်ပူပင်သောက ရောက်ရဖွယ်ရှိသည်။ ငွေရေးကြေးရေး ပြဿနာ တက်နိုင်သည်။ ငွေအတွက် ခေါင်းခဲစရာ ကိစ္စများ ကြုံနိုင်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်ပြေမည်။ ချစ်သူစုံတွဲများ သဒ္ဓါလွန်၍ တဏှာကျွံတတ်သည်။ ဆယ်ကျော်သက်များ အပေါင်းအသင်း စုံသောကြောင့် လိင်ကိစ္စများရှုတ်ထွေးမိတတ်သည်။ ကျောင်းသူကျောင်းသားများ ပညာရေးကံ အနည်းငယ် နိမ့်ကျနေမည်။ ကျန်းမာရေး ချူခြာနေမည်။ ဦးနှောက် အာရုံကြော ၊ အစာအိမ် ၊ နှလုံး ၊ ခြေထောက် ပိုင်းတွင် အားနည်းချက်များ ရှိနိုင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် စာနယ်ဇင်း နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ၊ ၀န်ဆောင်မှု နှင့် အကျိုးဆောင်လုပ်ငန်းများ ၊ လှောင်ကုန်လုပ်ကိုင်သူများ ၊ စက်ပစ္စည်း ရောင်းဝယ်ဖောက်ကားသူများ ၊ ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်သူများ အကျိုးများလိမ့်မည်။ ခရီးသွားလာခြင်း နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ကံမကောင်းနိုင်သေးပါ။
ယခုလအတွက် နာမည်တွင် – တနင်္ဂနွေ စ,ပြီး ဗုဒ္ဓဟူး ၊ စနေ ၊ အင်္ဂါ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံကောင်းမှုများကို ပိုမိုရရှိနိုင်သည်။ တနင်္ဂနွေဖြင့် အစပြုပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ သောကြာ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံဇာတာ အညံ့ဖက်ပိုမိုနိုင်ပြီး ကျန်းမာရေး အထူးဂရုပြုပါ။
ယတြာပြုလုပ်လိုပါက – မွေးနေ့ တနင်္ဂနွေနေ့ တစ်ရက်တွင် ဈေးထဲမှ အသတ်ခံရတော့မည့် ငါးအရှင်များ (အရေအတွက် မိမိတတ်နိုင်သလောက်) ၀ယ်ပြီး မြစ်ချောင်းများအတွင်း လွှတ်ပြီး ဇီဝိတဒါန ပြုလိုက်ပါ။
၉ ဂဏန်းဟာ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံ အတော်များများမှာ အတော် ရေပန်းစားတဲ့ ဂဏန်းဖြစ်ပါတယ်။ “၉ န၀င်း” ဆိုတဲ့ စကားဟာ “မြန်မာ့ဂမ္ဘီရ လောက” မှာ အတော်ရေပန်းစားတဲ့ စကားလုံးဖြစ်ပါတယ်။ “၉ န၀င်း အဓိဌာန်” တို့၊ “၉ န၀င်း မိုးအလင်း” တို့၊ “၉ န၀င်းစီး ယတြာ“ တို့၊ “၉ န၀င်းသင်္ချိုင်း သံဒါး”တို့ “၉ န၀င်း ထွက်ရပ်လမ်း”၊ “၉ န၀င်း ဆေးတော်ကြီး” “၉ မြို့ရှင်၊ ရွာတော်ရှင်” . . “၉ တိုင်း ၉ ဌာန” “တြိစက္က ကိုးန၀င်းဇာတာ” တို့ဆိုတာ ပုတီးလိုင်း၊ ဗေဒင်လိုင်း၊ ဂမ္ဘီရလိုင်းက ပုဂ္ဂိုလ်တွေအတွက် နားမစိမ်းကြပါဘူး။
တကယ်တော့လည်း ၉ ဂဏန်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဂဏန်း တစ်ခုပါ။ ရှေးခေတ် ချားလ်ဒီးယန်းလူမျိုးတွေဟာ သင်္ချာဗေဒ (ဂဏန်း ဗေဒင်) ကို တီထွင်ကြံဆခဲ့ကြရာမှာ “၉ ဂဏန်း” ကို ဘုရားသခင် ပိုင်ဆိုင်တဲ့ ဂဏန်းဖြစ်တယ်ဆိုပြီး မြင့်မြတ်တဲ့ဂဏန်းတစ်ခု အဖြစ် သတ်မှတ်ထားခဲ့ကြ ပါတယ်။ အလွန်စွမ်းအားကြီးတဲ့ ဂဏန်း တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
သင်္ချာဗေဒပညာမှာ ၉ ဂဏန်းကို “အင်္ဂါဂြိုဟ်” ပိုင်ဂဏန်းအဖြစ် သတ်မှတ်ထားပေမယ့် တကယ်တော့ ၉ ဂဏန်းဟာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပရိယာယ် တွေထက် သာလွန်တဲ့ စွမ်းအားတွေ ရှိနေပါသေးတယ်။ ပြောချင်တာက ၉ ဂဏန်းကို အင်္ဂါဂြိုဟ်ပိုင် ဂဏန်းအဖြစ် သတ်မှတ် ထားတာဟာ အပြည့်အ၀ မှန်ကန်မှုမရှိဘူးလို့ ပြောနိုင်ပါတယ်။
ဒီစာအုပ်ကလေးကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ ရိုက်နှိပ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ မှည့်ခေါ်တတ်တဲ့ နာမည်တွေ နဲ့ ဘ၀အကျိုးပေးကို လက်တွေ့ လေ့လာ သုတေသနပြုပြီး ရေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အရောင်းသွက် စာအုပ် ဖြစ်ပေမယ့် စာအုပ်တိုက်တွေက ငွေမှန်မှန် ရှင်းမပေးတာကြောင့် စိတ်တိုပြီး ဆက်မရိုက် ဖြစ်တော့ပါဘူး။ အိမ်မှာလည်း လက်ကျန် စာအုပ် (၃)အုပ်လောက်ဘဲ ကျန်တော့တာမို့ ဘလော့ဂ်ပေါ်မှာ တင်ပေးလိုက်ပါတယ်။ နောက်ပိုင်း PDF အဖြစ် ပြောင်းပြီး Download ချပေးပါမယ့်။ Up Load တင်ရတာ ခက်လို့ အခန်းတွေ ခွဲပြီး တင်ပေးထားပါတယ်။
ဒီစာအုပ်ကို ဖတ်ရင် အခန်း (၁)ကိုတော့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။ အခန်း (၁)ကို မဖတ်ရင် တစ်ချို့ ဝေါဟာရတွေကို နားလည်မှာ မဟုတ်ပါ။ နောက်မှ ကိုယ်နဲ့ သက်ဆိုင်တဲ့ နေ့နံအက္ခရာပါတဲ့ အခန်းကို ဖတ်လို့ရပါတယ်။
နောက်ပြီး သိထားသင့်တဲ့ အချက်က ဒီစာအုပ်ထဲမှာ ပါတဲ့ နာမည်တစ်လုံးစီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေဟာ ပုံသေမဟုတ်ပါဘူး။ တစ်ချို့နာမည်တွေက သူနဲ့ တွဲဖက်တဲ့ နာမည်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကောင်းအား/ဆိုးအား – အပြင်း/အပျော့ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး နာမည် (၃)လုံး ရှိရင် အလယ်စာလုံးက သိပ်ပြီး အကျိုးသက်ရောက်မှု မရှိပါ။ အရေးကြီးတာ နာမည် ရှေ့ဆုံး နဲ့ နောက်ဆုံး အလုံးသာ ဖြစ်ပါတယ်။
အသေးစိတ်ကို အပေါ်ဖက်က “နာမက္ခရ” အခန်းထဲမှာ တင်ပေးထားပါတယ်။ ဒါမှမဟုတ် အောက်ပါ “Link” တွေကို နှိပ်ပြီးတော့ လည်း သွားနိုင်ပါတယ်။
# အခန်း(၂) တနင်္လာနေ့နံ အမည်များ
# အခန်း (၃) အင်္ဂါနေ့နံ အမည်များ
# အခန်း (၅) ကြာသပတေးနေ့နံအမည်များ
# အခန်း (၆) ဗုဒ္ဓဟူးနေ့နံ အမည်များ
# အခန်း (၇) သောကြာနေ့နံ အမည်များ
# အခန်း (၈) တနင်္ဂနွေနေ့ အမည်များ
.
ဒီနာမည်တွေထဲမှာ မပါသေးတဲ့ နာမည်များ/ကျန်ရှိနေသေးတဲ့ နာမည်များ ရှိရင် အောက်က Comment ထဲမှာ ၀င်ရောက်ဖော်ပြ ပေးပါ။ ဖြည့်စွက်ပေးပါမယ်။ အရေးကြီးတာက ကိုယ့်နာမည် မကောင်းဘူးဆိုပြီး အရမ်းစိတ်ဓာတ်ကျ မသွားဖို့ပါဘဲ။ တစ်လုံးခြင်း အဓိပ္ပါယ်မှာ မကောင်းပေမယ့် တွဲစပ်မှုအရ ကောင်းသွားတာလည်း ရှိပါတယ်။ ဘယ်အရာမှ “ပုံသေ” ဆိုတာ မရှိပါဘူး။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.
ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ၀င်ရောက်ဖတ်ရှု နေသူတွေ အတွက် ယနေ့မှာတော့ အလွန်စဉ်းစားဖို့ကောင်းတဲ့ ဆောင်းပါးလေး တစ်ခုကို တင်ပြ ဆွေးနွေး ချင်ပါတယ်။
ဗေဒင်ပညာဆိုရာ ရှေ့ဖြစ်ဟော အတတ်ပညာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ လူမျိုးအလိုက်၊ ဒေသအလိုက် သူ့မူနဲ့သူ ကွဲပြားခြားနားမှုတွေတော့ ရှိနေကြ တာကို တွေ့ရပါလိမ့်မယ်။ သူနိုင်ငံ သူလူမျိုးနဲ့ ဆိုင်ရာဆိုင်ရာ ဗေဒင်ပညာမျိုးစုံ ရှိကြတာ ချည်းပါဘဲ။ ဗေဒင်ပညာမရှိတဲ့ လူမျိုးရယ်လို့ မရှိလောက်ပါဘူး။ တောင်အမေရိက၊ အာဖရိက တိုက်တွေက တောနက်တွေထဲမှာ နေထိုင်ကြတဲ့ လူရိုင်းမျိုးနွယ်တွေတောင်မှ သူတို့ ရိုးရာ ဗေဒင်တွေ ရှိကြပါတယ်။
ကမ္ဘာမှာ လူဦးရေ အများဆုံးဖြစ်တဲ့ “တရုတ်” လူမျိုးတွေမှာ “သတ္တ၀ါ(၁၂)ကောင်” ကို ကိုယ်စားပြုတဲ့ (၁၂)ရာသီခွင် ဗေဒင်ပညာနဲ့ “ယိချင်း” ဗေဒင်ပညာတို့ဟာ ထင်ရှားပါတယ်။ အိန္ဒိယကတော့ “အရှေ့တိုင်း နက္ခတ်ဗေဒင်” ပညာပေါ့။ အနောက်နိုင်ငံတွေမှာတော့ မိဿ၊ ပြိဿ , အစရှိတဲ့ (၁၂)ရာသီခွင် ဗေဒင် ဟာ လူသိများပါတယ်။ မြန်မာနိုင်ငံမှာ “ဆရာစံဇာဏီဘို” က စ, လိုက်တာ (၁၂)ရာသီခွင်ဟောကိန်းတွေ “ဟောတစ်ခု၊ ဟောတစ်ခု” ဆိုတာလို မှိုလိုပေါက် လာကြတာ အများအသိပါဘဲ။ (ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကိုယ်ကိုယ်တိုင် အသစ်တီထွင်တဲ့ နေရာမှာ အဖြစ်သိပ် မရှိကြပေမယ့် သူများ အောင်မြင်လာရင် လိုက်တုတဲ့နေရာ မှာတော့ တစ်ကယ့် စံပြဆိုလောက်တဲ့ လူမျိုးပါ)။
ယနေ့ နံနက် သတင်းထဲမှာ ကမ္ဘာကျော် “Ghost” ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား “ပက်ထရစ် ဆွေဇီ” တစ်ယောက် ကွယ်လွန် သွားရရှာပါပြီ။ ဒီဇာတ်ကားထဲမှာတော့ သူဟာ မမျှော်လင့်ဘဲ အသတ်ခံ လိုက်ရလို့ “တစ္ဆေဘ၀” ကို ရောက်သွားပြီး“ကောင်းမှု နဲ့ မကောင်းမှု” တို့ရဲ့ အားပြိုင်မှုကို လူသားတွေ သံဝေဂ ရအောင် ရိုက်ကူးသွားလို့ ကမ္ဘာကျော်ခဲ့ရတဲ့ ဇာတ်ကား တစ်ကားပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကဘဲ TV-5 ကနေ “Ghost” ဇာတ်ကား ပြန်လာလို့ ကြည့်လိုက် ရပါသေးတယ်။ အခုတော့ သူ တစ်ကယ် ကွယ်လွန်သွားရ ရှာပါပြီ။
မင်းသား “ပက်ထရစ်ဆွေဇီ” ကို 1952 ခုနှစ် သြဂုတ်လ (18) ရက်နေ့မှာ အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့မှာ မွေးဖွားခဲ့ပါတယ်။ ယခု သူကွယ်လွန်ချိန်မှာ အသက် (57)ပြည့်ပြီး (58) ထဲကို ၀င်ရောက်လာချိန် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မဟာဘုတ် သက္ခတ်မှာတော့ “အင်္ဂါသက္ခတ်” ထဲမှာ ရောက်နေ ချိန်ဖြစ်ပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်တွေဟာ မကောင်းတဲ့ သက္ခတ်တွေဖြစ်တယ်ဆိုတာ ကျွန်တော့် ပို့စ်ထဲက “ဒုက္ခပေးတဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” ဆောင်းပါးမှာ ပြန်ကြည့်နိုင်ပါတယ်။ ကိုယ် ဘယ်သက္ခတ်ထဲ ရောက်နေတယ် ဆိုတာကြည့်ချင်ရင်တော့ “သက္ခတ်အလွယ်ကြည့်နည်း နှင့် ယတြာများ” ကို Download လုပ်ပြီး ဖတ်ကြည့် နိုင်ပါတယ်။
သူဟာ မဟာဘုတ် အကြွင်းဖွားအရ (၀)ကြွင်းဖွားဖြစ်ပြီး တနင်္လာ (သိုက်ဖွား) ဖြစ်ပါတယ်။ ယခု ရောက်ရှိနေတဲ့ “အင်္ဂါ” သက္ခတ်ဟာ နဂိုကတည်းက ဒုက္ခ ပေးတတ်တဲ့ ဂြိုဟ်ဖြစ်တဲ့အပြင် မဟာဘုတ်ခွင်မှာ “မရဏ” ခွင်မှာ ရှိတဲ့ဂြိုဟ်ဖြစ်လို့ ဆိုးအား ပြင်းထန်ပါတယ်။ အောက်က မဟာဘုတ်ခွင်ကို ကြည့်ပါ။
လူသားတွေကို ဒုက္ခပေးတတ်တဲ့ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” ဂြိုဟ် (၃)လုံးရှိတဲ့အနက် (၀)ကြွင်း မဟာဘုတ် သမားတွေမှာ စနေ(၀) နဲ့ အင်္ဂါ (၃) တို့ဟာ “ဘင်္ဂ” နဲ့ “မရဏ” ဌာနမှာ ရှိကြလို့ ခံစရာရှိရင် အခြားအကြွင်းဖွားတွေထက် ပိုခံရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် 1962 နှစ်ခု ဧပြီလ ဖွားဖြစ်လို့ (၀) ကြွင်းသမားဘဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘ၀မှာ ကျန်းမာရေး အသည်းအသန်ဖြစ်တဲ့နှစ်တွေ ၊ စီးပွားရေး ကသောင်းကနင်းဖြစ်တဲ့ နှစ်တွေကို ပြန်လေ့လာ ကြည့်ရင် “အင်္ဂါ နဲ့ စနေ” သက္ခတ် မှာဘဲ များပါတယ်။
အခုလည်း (၀)ကြွင်းသမားဖြစ်တဲ့ “ပက်ထရစ် ဆွေဇီ” ဟာ “အင်္ဂါသက္ခတ်” ထဲမှာ ကွယ်လွန်သွားရရှာပါပြီး။ ဒါကြောင့် “မဟာဘုတ် နဲ့ သက္ခတ်” ပညာဟာ ရိုးရှင်းပေမယ့် အမှန်များတယ်။ တိုက်ဆိုင်မှုများတယ်။ မှန်ကန်မှုအရာမှာ “နက္ခတ်ဗေဒင်” ပညာကြီးတွေထက် အောက်မကျဘူးဆိုတာကို ဒီဆောင်းပါးလေးနဲ့ သက်သေပြလိုက်ပါတယ်။ “ပက်ထရစ် ဆွေဇီ” တစ်ယောက် “Ghost” ဇာတ်ကားထဲကလိုဘဲ မြင့်မြတ်တဲ့ ကောင်းကင်ဘုံနန်းကို ရောက်ရှိနိုင်ပါစေ လို့ ဆုတောင်း ပေးလိုက် ပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
“မိုက်ကယ်ဂျက်ဆင် နှင့် နာမည်ပက္ခတ်မိခြင်း” Click ဆောင်းပါးမှာ နာမည် ပက္ခတ်မိခြင်း အကြောင်းကို ပဏာမ ဖော်ပြခဲ့ဘူးပြီး ဆက်ရေးဖို့ ကျန်နေပါတယ်။ နာမည်ပေး ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ပက္ခတ် မိခြင်းဟာ ကျန်တဲ့ နာမည် အမှားတွေထက် ဆိုးကျိုး အလွန်ပေးနိုင်တာကို သတိထား မိလာ ခဲ့ပါတယ်။
အရင်တုန်းကတော့ ပက္ခတ် ကို သိပ်အရေးကြီးလှတယ်လို့ မထင်ခဲ့ ပါဘူး။ ဗေဒင်ကျမ်း တွေမှာလည်း ပက္ခတ် အကြောင်းကို သာမန်မျှလောက်ဘဲ ဖော်ပြနေကြ တာကြောင့် တစ်ချို့ နာမည်ပေး ပညာရှင်တွေဆိုရင် ပက္ခတ်မိနေတဲ့ နာမည်တွေကို ပေးနေကြ တာကို တွေ့မြင်နေရပါ တယ်။
.
“ပက္ခတ်”သို့မဟုတ် “ပက္ခ”ဆိုတာ ပဋိပက္ခ ဖြစ်ခြင်း အဓိပ္ပါယ်ကို ဆိုလိုပါတယ်။ နာမည် တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံး နေ့နံဟာ “ပက္ခတ်” မိနေတယ်ဆိုရင် ဘဝတစ်ချိန်ချိန်မှာ -
= မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ မပျောက်နိုင်သော နာတာရှည်ရောဂါကြီးများရခြင်း(ဥပမာ- ဆီးချိုရောဂါ)
= ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း၊ ခွဲစိတ်ကုသခံရတတ်ပြီး ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုခု ဆုံးရှုံးခြင်း၊
= အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်ထောင်ရေးအတွက် အမြဲစိတ်ဆင်းရဲနေရခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှု ဖြစ်ခြင်း၊
= ဘ၀မှာ အမြင့်ဆုံးသို့ ရောက် ပြီးခါမှ ပြန်၍ကျခြင်း၊ ဘဝအဆုံးသတ်မကောင်းခြင်း၊ အိုဇာတာညံ့ခြင်း၊
= Current of Destiny မကောင်းပါက ဥပစ္ဆေဒကကံနဲ့ ကွယ်လွန်ခြင်းများ (သို့မဟုတ်) အသက်တိုခြင်း များဖြစ်တတ်ပါတယ်။

ဥပစ္ဆေဒကကံနဲ့ ကွယ်လွန်သွားရတဲ့ သူတွေ အတော်များ များရဲ့ နာမည်မှာ “ပက္ခတ်” မိနေတာကို အထင်အရှား တွေ့ရတတ်ပါတယ်။ ဒီအထဲမှာ ဒုတိယကမ္ဘာစစ်မီးကြီးကို မွှေးခဲ့တဲ ဂျာမဏီအာဏာရှင် ဟစ်တလာ၊ မြန်မာနိုင်ငံက အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ နဲ့ အင်္ဂလန် ဝေလမင်းသမီး ဒိုင်ယာနာ ၊ မိကျောင်းမုဆိုး စတိအာဝင်၊ ဘင်နာဇီယာဘူတို တို့ ပါဝင်နေပါတယ်။ “မိုက်ကယ်ဂျက်ဆင်ရဲ့ ဆောင်းပါး” ထဲမှာလည်း ကမ္ဘာပေါ်က ထင်ပေါ်ကျော်ကြားသူများထဲမှာ နာမည် ပက္ခတ်မိသူများကို ဖော်ပြထားပါတယ်။ အခြား နာမည် မဖော်ပြလိုတဲ့ ကျော်ကြားသူ အများအပြားလည်း ပါဝင်နေပါတယ်။ ပက္ခတ်အကြောင်း ရေးရမယ်ဆိုရင်တော့ ကျမ်းတစောင် ပေတစ်ဖွဲ့ ဖြစ်လောက်တာမို့ လိုရင်းကိုဘဲဆက်ပြောပါမယ်။ ဒါကြောင့် ဘယ်လိုနာမည်တွေဟာ “ပက္ခတ်” မိနေ တဲ့နာမည်တွေလည်း ဆိုတာ စစ်ဆေး ကြည့်ကြ ရအောင်။
နာမည်တစ်ခု “ပက္ခတ်” ငြိ မငြိ ဆိုတာ နာမည်တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံး နေ့နံ နှစ်ခုကိုဘဲ ကြည့်ရပါ တယ်။ အလယ်လုံး တွေကို ကြည့်စရာမလိုပါ။ နာမည် ရှေ့ဆုံးနဲ့ နောက်ဆုံးနေ့နံ ငြိနေမှသာ “ပက္ခတ်” အစစ် မိတယ်လို့ ဆိုနိုင်ပါတယ်။
“ပက္ခတ်” စစ်ဆေးရာမှာလည်း သက်ဆိုင်ရာအကြွင်းနှစ် အလိုက်စစ်ဆေးရပါတယ်။ ကြည့်ကြရအောင်။
.
(၁) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း
ကိုယ် ဘာအကြွင်းဖွားလည်း ဆိုတာတွက်နည်းကို ကျွန်တော့် ဆောင်းပါးတွေမှာ အကြိမ်ကြိမ်ဖော်ပြဘူးခဲ့ပေမယ့် ထပ်ပြော ပါဦးမယ်။ ဒီခေတ်မှာ ကိုယ့်မွေးသက္ကရာဇ်ကို အင်္ဂလိပ်လိုဘဲ မှတ်သားကြတော့ အင်္ဂလိပ်ခုနှစ်ထဲက (၆၃၈)ဂဏန်းကို နုတ်လိုက်ရင် မြန်မာ သက္ကရာဇ်ကို ရပါတယ်။ မြန်မာ သက္ကရာဇ်ကို (၇)နဲ့စားပြီး ရတဲ့ အကြွင်းဟာ ကိုယ့်မွေးတဲ့ မဟာဘုတ် အကြွင်းဘဲ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက မြန်မာနှစ်ဆန်း (၁)ရက်နေ့ မတိုင်ခင်မွေးရင်တော့ တစ်တိုးပြီး (၆၃၉)ကို နုတ်ရပါမယ်။ နှစ်ဆန်းတစ်ရက်နေ့နဲ့ နောက်ပိုင်းမွေးတဲ့သူတွေကတော့ (၆၃၈)ကို နုတ်ရမှာဖြစ်ပါတယ်။ အကြွင်းရပြီ ဆိုတော့ နာမည်တစ်ခု “ပက္ခတ်” မိ, မမိ ကို စစ်ဆေးကြည့်လို့ ရပါပြီ။
အောက်က မဟာဘုတ်ခွင်ကို ကြည့်ပါ။
ဒါကတော့ (၁)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၁)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ ၁= တနင်္ဂနွေ , ၂= တနင်္လာ , ၃ = အင်္ဂါ , ၄ = ဗုဒ္ဓဟူး , ၅ = ကြာသပတေး , ၆ = သောကြာ , ၀ = စနေ ဆိုတာတော့ သိကြတယ်မဟုတ်လား။ မသိသေးရင် မှတ်ထားပါ။ အဲဒီ (၁)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) တနင်္ဂနွေစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်အောင်၊ အေးအေး
(၂) စနေစပြီး တနင်္လာ ဆုံးနေရင် (သို့) တနင်္လာစပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ထွန်း၊ တင်ကို၊ တင်တင်ချို၊ ခိုင်ခိုင်နွယ်
(၃) အင်္ဂါစပြီး သောကြာဆုံးနေရင် (သို့) သောကြာစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စည်သူ၊ သိန်းဇော်၊ သန်းသန်းစိုး၊ ဇင်မာသန်း
(၄) ဗုဒ္ဓဟူးစပြီး ကြာသပတေး ဆုံးနေရင် (သို့) ကြာသပတေး စပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝင်းမြင့်၊ မျိုးဝင်း၊ ဝေဝေမြင့်၊ မြမြဝင်း
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၂) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း
ဒါကတော့ (၂)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၂)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၂)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) တနင်္လာစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ကျော်၊ ကြည်ကြည်
(၂) တနင်္ဂနွေစပြီး အင်္ဂါ ဆုံးနေရင် (သို့) အင်္ဂါစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ဇော်၊ စိုးဦး၊ စိုးစိုးအေး၊ အိအိဆွေ
(၃) ဗုဒ္ဓဟူးစပြီး စနေဆုံးနေရင် (သို့) စနေစပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းဝင်း၊ ရဲနိုင်၊ နီနီလွင်၊ ရီရီနိုင်
(၄) ကြာသပတေးစပြီး သောကြာ ဆုံးနေရင် (သို့) သောကြာ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- မင်းသူ၊ သိန်းမြင့်၊ သီသီမာ၊ မိုးမိုးသန်း
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၃) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း
ဒါကတော့ (၃)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၃)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၃)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) အင်္ဂါစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဇော်ဇော် ၊ ဇင်မာစိုး
(၂) တနင်္လာစပြီး ဗုဒ္ဓဟူး ဆုံးနေရင် (သို့) ဗုဒ္ဓဟူးစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ဝင်း၊ ရဲငြိမ်း၊ ခိုင်ခိုင်လွင်၊ ဝင်းဝင်းချို
(၃) ကြာသပတေးစပြီး တနင်္ဂနွေဆုံးနေရင် (သို့) တနင်္ဂနွေ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်မြင့်၊ မင်းဦး၊ အေးအေးမွန်၊ မြမြအေး
(၄) သောကြာစပြီး စနေ ဆုံးနေရင် (သို့) စနေ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းထွန်း၊ တင်သန်း၊ သီသီနွယ်၊ နီနီဟန်
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၄)ကြွင်းဖွားများအား ပက္ခတ်စစ်ဆေးနည်း
ဒါကတော့ (၄)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၄)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၄)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) ဗုဒ္ဓဟူးစပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝေလင်း ၊ ရီရီလွင်
(၂) အင်္ဂါစပြီး ကြာသပတေး ဆုံးနေရင် (သို့) ကြာသပတေး စပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စိုးမိုး၊ မြင့်ဆွေ၊ ဇင်ဇင်မာ၊ ဖြူဖြူစိုး
(၃) သောကြာစပြီး တနင်္လာဆုံးနေရင် (သို့) တနင်္လာ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းကို၊ ကျော်သောင်း၊ သီသီခင်၊ ခင်ခင်သူ
(၄) စနေစပြီး တနင်္ဂနွေ ဆုံးနေရင် (သို့) တနင်္ဂနွေစပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းဦး၊ အောင်နိုင်၊ တင်တင်အေး၊ အိအိနိုင်
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၅) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း
ဒါကတော့ (၅)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၅)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၅)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) ကြာသပတေးစပြီး ကြာသပတေးဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- မောင်မောင် ၊ မိုးမိုး
(၂) ဗုဒ္ဓဟူးစပြီး သောကြာ ဆုံးနေရင် (သို့) သောကြာ စပြီး ဗုဒ္ဓဟူး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ဝင်းသိန်း၊ သန်းလွင်၊ လှလှသူ၊ သီသီဝင်း
(၃) စနေစပြီး အင်္ဂါဆုံးနေရင် (သို့) အင်္ဂါ စပြီး စနေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- နိုင်ဇော်၊ စိုးတင့်၊ နွယ်နွယ်ဇင်၊ ဇင်မာထွန်း
(၄) တနင်္ဂနွေစပြီး တနင်္လာ ဆုံးနေရင် (သို့) တနင်္လာစပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ကျော်၊ ချမ်းအေး၊ အိအိခင်၊ ခိုင်ခိုင်ဦး
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(၆) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း
ဒါကတော့ (၆)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၆)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၆)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) သောကြာ စပြီး သောကြာ ဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- သိန်းဟန် ၊ သီသီ
(၂) ကြာသပတေးစပြီး စနေ ဆုံးနေရင် (သို့) စနေ စပြီး ကြာသပတေး ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- မင်းထွန်း၊ နိုင်မင်း၊ မိုးမိုးနိုင်၊ တင်တင်မြင့်
(၃) တနင်္ဂနွေစပြီး ဗုဒ္ဓဟူးဆုံးနေရင် (သို့) ဗုဒ္ဓဟူး စပြီး တနင်္ဂနွေ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- အောင်ဝင်း၊ ရန်အောင်၊ အိအိဝင်း၊ ယုယုအေး
(၄) တနင်္လာစပြီး အင်္ဂါ ဆုံးနေရင် (သို့) အင်္ဂါစပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်ညွန့်၊ စိုးခိုင်၊ ခင်ခင်ညွန့်၊ ညိုညိုခင်
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
.
(ဝ) ကြွင်း ဖွားများအား ပက္ခတ်စစ်ဆေးနည်း
ဒါကတော့ (၀)ကြွင်း မဟာဘုတ်ခွင် ဖြစ်ပါတယ်
ကိုယ်မွေးတဲ့ ခုနှစ်ဟာ (၀)ကြွင်းဖြစ်နေရင် ဒီမဟာဘုတ်ခွင်နဲ့ သက်ဆိုင် ပါတယ်။ အဲဒီ (၀)ကြွင်းမဟာဘုတ်မှာမွေးတဲ့ သူတစ်ဦးရဲ့ နာမည်ဟာ -
(၁) စနေ စပြီး စနေ ဆုံးရင် ပက္ခတ်မိပါတယ်။
ဥပမာ- ထွန်းထွန်း ၊ နွယ်နီ
(၂) သောကြာစပြီး တနင်္ဂနွေ ဆုံးနေရင် (သို့) တနင်္ဂနွေ စပြီး သောကြာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- သန်းအေး၊ အောင်သိန်း၊ သီသီအေး၊ အိအိဟန်
(၃) တနင်္လာစပြီး ကြာသပတေးဆုံးရင် (သို့) ကြာသပတေး စပြီး တနင်္လာ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- ကျော်မင်း၊ ပြေငြိမ်း၊ ခိုင်ခိုင်မော်၊ မီမီကို
(၄) အင်္ဂါစပြီး ဗုဒ္ဓဟူး ဆုံးနေရင် (သို့) ဗုဒ္ဓဟူးစပြီး အင်္ဂါ ဆုံးနေရင် ပက္ခတ်မိပါတယ်။
ဥပမာ- စိန်ဝင်း၊ ရဲဇော်၊ စိုးစိုးဝင်း၊ ယဉ်ယဉ်ဆွေ
ဒီ(၄)မျိုး နဲ့လွတ်ရင်တော့ “ပက္ခတ်” လွတ်ပါတယ်။ သတိပြုရမှာ နာမည် အစ နဲ့ အဆုံး နေ့နံကိုသာ ယူပါတယ်။ အလယ်နေ့နံတွေကို မယူရပါဘူး။
စာရေးသူရဲ့ ဗေဒင်လေ့လာမှုသက်တမ်းတစ်လျှောက်မှာ ပက္ခတ်မိခြင်းကြောင့် ဒုက္ခအမျိုးမျိုးနဲ့ ကြုံရသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒီလို ဘာကြောင့် ပက္ခတ်မိနေတဲ့ နာမည်တွေ ကို အတွေ့ရများရတာလည်းဆိုတော့ တစ်ချို့သော ဗေဒင် နည်းစနစ်တွေမှာကိုယ်၌က အလွန်ပက္ခတ်မိလွယ်တဲ့ ဗေဒင် နည်းစနစ် တွေဖြစ်နေလို့ပါဘဲ။ အလွန်သတိထားရပါတယ်။
ဒါပေမယ့် “ပက္ခတ်” မိတိုင်း ကြောက်စရာလား။ အသေဆိုးသေမှာလား၊ ကိုယ်အင်္ဂါ ချို့ယွင်းမှာလား။ အိမ်ထောင်ကွဲမှာ လားလို့ မေးစရာရှိပါတယ်။ “ပက္ခတ်” မိပေမယ့်လည်း ဘာမှ မဖြစ်ဘဲ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ သက်တမ်းပြည့် နေသွားရသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အရေအတွက်တော့ နည်းပါတယ်။ တစ်ချို့ကြပြန်တော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်၊ မုဆိုးဖို/ မုဆိုးမဖြစ်ပြီး နောက်အိမ်ထောင် ထပ်ကျပြီး ကာမှ ဘာဘေးဥပဒ်မျိုးမှ မတွေ့ရတော့ဘဲ နောက်အိမ်ထောင်နဲ့ အိုအောင်,မင်းအောင် ပေါင်းသင်းသွားရတာမျိုးလည်း ရှိပါတယ်။ (တစ်ခါနဲ့ ပြီးသွားတဲ့ သဘောပေါ့)။
တစ်ချို့ကျတော့ Accident တွေ အကြိမ်ကြိမ်ဖြစ်တယ်။ ဒါပေမယ့် မသေဘူး။ ကြံဖန်လွတ်တယ်။ ခဏခဏ တော့ ကြုံရတယ်။ ဥပမာ- ဗဟုသုတအနေနဲ့ ပြောရင် ကျူးဘားနိုင်ငံ ရဲ့ သမ္မတကြီး “ဖီဒယ်ကတ်စ်ထရို” ကို အမေရိကန် စီအိုင်အေ(C.I.A)က အကြိမ်ပေါင်းများစွာ လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် မသေဘဲ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဘူးတဲ့ သာဓက ရှိပါတယ်။ “ဖီဒယ်ကတ်စ်ထရို” ဟာ နာမည် ပက္ခတ်မိနေသူတစ်ဦးဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်နာမည် ပက္ခတ် မိနေရင် အရမ်းမကြောက်ပါနဲ့။ သတိတော့ ထားပါ။ သိပ်စွန့်စားရမယ့် အလုပ်တွေကို ရှောင်ပါ။ ကျွန်တော်ရဲ့ Download ယူကြမယ် ထဲက လက်ကမ်းစာစောင်လေးကို Download လုပ်ယူပြီး ကိုယ့်ရဲ့ “ကောင်းတဲ့ သက္ခတ် နဲ့ မကောင်းတဲ့ သက္ခတ်” တွေလေ့လာကြည့်ပါ။ သက္ခတ်အညံ့ထဲမှာ ရောက်နေရင် ယတြာပြုပေးပါ။ နောက်ပြီး ယခင်ဘ၀တွေက ပါမလာခဲ့တဲ့ “အကုသိုလ်” ကို အခုဘ၀မှာ မပြုစု မပျိုးထောင် မိပါစေနဲ့။ နာမည် ပက္ခတ်မိသူတွေဟာ ယခုဘ၀မှာ အကုသိုလ်များလာရင် နောင်ဘ၀မဆိုင်းဘဲ အကျိုးပေးတတ်တာကို (လက်တွေ့ သုတေသန များအရ) တွေ့ရှိထားကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.
လူသားအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ဘယ်လောက်ဘဲ နာမည်ကြီးကြီး၊ ချမ်းသာချမ်းသာ၊ သြဇာ ကြီးကြီး နောက်ဆုံးမှာတော့ ကျွန်တော့်လိုဘဲ “မရဏ” ဆိုတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ကြရမယ်ဆိုတာ သတိရပြီး နေရစ် ခဲ့ကြပါ။ ကျွန်တော်ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှု တွေကို ဘာတစ်ခုမှ ယူမသွား နိုင်ခဲ့ပါဘူး။
အားလုံးထားရစ်ခဲ့ရပါတယ်။ ကျွန်တော် ယူသွား နိုင်တာကတော့ ကျွန်တော်လုပ်ခဲ့တဲ့ “ကုသိုလ် နဲ့ အကုသိုလ်” ဆိုတဲ့ အရာ(၂)ခုတည်းပါ။ ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ ကျွန်တော့်ရဲ့ ကုသိုလ် နဲ့ အကုသိုလ်ကို ချိန်ခွင်လျှာတင်ပြီး အစစ်ဆေးခံရပါဦးမယ်။ ကောင်းကင်ဘုံ မှာဘဲ နေခွင့်ပြုမလား၊ ငရဲဘုံကို အပို့ခံရမလားဆိုတာ ကျွန်တော် မသိသေး ပါဘူး။
ဘာမှ ရေရာမှုမရှိတဲ့ တိုတောင်းလှတဲ့ လူ့ဘဝမှာ လူတိုင်းလူတိုင်း ကြုံတွေ့ရမယ့် “သေခြင်းတရား”ကို အမြဲအမှတ်ရ နေကြပြီး၊ တမလွန်မှာ ကိုယ်နဲ့အတူ အမှန်တကယ်ယူဆောင်သွားရမယ့် ကုသိုလ်တရားကိုသာ များများယူသွားနိုင်အောင် ကြိုးစားပြီး နေရစ်ခဲ့ကြပါတော့ ခင်ဗျား။ – - – (မိုက်ကယ်ဂျက်ဆင်)
.
မြန်မာနိုင်ငံမှာ လက်ရှိလူအများသုံးစွဲနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်ပါတယ်။ တနင်္ဂနွေ သားသမီးဆိုရင် တနင်္ဂနွေနံ ဖြစ်တဲ့ (အ၊ဥ) နဲ့ပေးမယ်။ တနင်္လာ သားသမီး ဆိုရင် တနင်္လာနံဖြစ်တဲ့ (က၊ခ၊ဂ၊ဃ၊င) တွေနဲ့ ပေးမယ်။ အင်္ဂါသားသမီး ဆိုရင်လည်း (စ၊ဆ၊ဇ၊ဈ၊ည) နဲ့ ပေးမယ်ပေါ့။
.
ဒီလိုဘဲ လွယ်လွယ်ပေးလိုက်ကြပါတယ်။ ဒီလို နေ့နံအတိုင်း ပေးလိုက်တာ ကိုဘဲ ကလေးအတွက် လုံလောက်သွားကြပြီလို့ ထင်တတ်ကြပါတယ်။ ဒီကြားထဲမှာ အဖေ နာမည်၊ အမေနာမည်၊ အဖိုးအဖွားနာမည် တွေပါမကျန် နာမည်ထဲမှာထည့်ပြီး မှည့်လိုက် ကြပါသေးတယ်။
.
ဘယ်ဗေဒင်ဆရာဆီကိုမှ သွားမနေကြတော့ပါဘူး။ သွားပြန်တော့လည်း စိတ်တိုင်း ကျလှတယ် မရှိပါဘူး။ ဗေဒင်ဆရာတွေပေးတဲ့ နာမည်တွေဆိုတာ ကလည်း ခေတ်နဲ့ မဆီလျော်လှတဲ့ နာမည်တွေ၊ ခပ်တုံးတုံးတွေက များတယ် မဟုတ်လား။
.
ဒီတော့ ကိုယ့်စိတ်ကြိုက်အတိုင်း နေ့နံပေါ်မှာ အခြေခံပြီး နောက်ဆုံးပေါ် လှပေ့၊ ဆန်းပေ့၊ ညွန့်ပေ့ဆိုတဲ့ နာမည်မျိုးတွေကို ပေးချလိုက်တော့တာပါဘဲ။ ငါ့သားသမီးနာမည်ကို ဘယ်သူနဲ့မှ မတူစေရဘူးဆိုတဲ့ မိဘတွေ ကလည်းအများသားလား။
.
နာမည်တွေဆန်းကြယ်ကြပုံကိုလည်း ကြည့်ကြပါဦး။ “ကျော်အာကာမြင့်မိုရ်ဘုန်းထက်” ဆိုတဲ့ နာမည်မျိုး ကတော့ ကျွန်တော့်အဖို့ သိပ်ဆန်းတယ်လို့ ပြောနိုင်တဲ့ နာမည်မျိုးမဟုတ်ပါဘူး။ ဒါပေမယ့် “အနှိုင်းမဲ့ဘုန်းနန်းဒေ၀ီ သခင်” ဆိုတဲ့ နာမည်မျိုးကို တွေ့လိုက်တော့ ကျွန်တော့်အနေနဲ့ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားပါတယ်။
.
ဒီလို အလွန်ထူးဆန်းတဲ့ နာမည်တွေကို မှည့်ထားပြီး ထူးထူးချွန်ချွန် ဖြစ်လာသူတွေကို အလွန် တွေ့ရခဲလှပါတယ်။ လေ့လာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ ထင်ပေါ်ကျော်ကြားတဲ့၊ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ် တော်တော်များများရဲ့ နာမည်တွေဟာ ခပ်ရိုးရိုးတွေဘဲဖြစ်နေတာကို သတိထားမိကြပါလိမ့်မယ်။ ဒါပေမယ့် သိပ်ရိုးစင်းနေလွန်းပြန်ရင်လည်း ခေတ်ရေစီးကြောင်းက ပြောင်းလဲလာတဲ့ အချိန်မှာ ခေတ်နဲ့ မဆီလျော်တာမျိုးလည်း မဖြစ်သင့်ဘူးပေါ့။





















