Archive of the categories: မြန်မာ့ရိုးရာ ဗေဒင်

# ကုံရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ

ကုံရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ
————————————————
aquarius-17449-1920x1200
Preview
…………

၂၀၁၄ ခုနှစ်ရဲ့  ကုံရာသီဖွားများရဲ့  ကံကြမ္မာကတော့ ကံကောင်းမှုတွေ များပြားတတ်ပြီး ကံဆိုးကံညံ့မှု အလွန့်အလွန် နည်းပါးနိုင်တဲ့ နှစ်တနှစ်ဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီနှစ် ကုံရာသီဖွားများရဲ့ ကံဇာတာကို ခြုံငုံ သုံးသပ်လိုက်ရင် ကျေနပ်အားရစရာတွေသာ များနေတာကို တွေ့ရပါတယ်။ ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် ကုသိုလ်ကံ ပွင့်လန်းလာမည့် နှစ်ဖြစ်ပြီး မနှစ်က ကံဇာတာ ညံ့ခဲ့သူများ ရှိခဲ့လျှင် ဒီနှစ်မှာ ကံဇာတာ တိုးတက်မြင့်မားမှုကို ရရှိခံစားရဖို့ ရှိပါတယ်။ ကုံရာသီဖွား အများစုဟာ ပြီးခဲ့တဲ့နှစ်က ကံဇာတာ အတော်အတန် မြင့်မားမှုကို ကြုံတွေ့ရသူ များပြားပါတယ်။ လူနည်းစုမျှသာ ကံကောင်းမှုတွေနဲ့ လွဲချော်ခြင်းမျိုး ရှိခဲ့ပါတယ်။ ဒီနှစ်တော့ မနှစ်က အဲဒီလို လွဲချော်ခဲ့သူများအတွက် ကံကောင်းမှုကို မျှော်လင့်နိုင်ပြီး မနှစ်က ကံကောင်းခဲ့သူများလည်း ဒီနှစ်မှာ ထပ်ဆင့် ကံကောင်းနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် မိမိရဲ့ ယဉ်ပြိုင်ဖက်များအပေါ်မှာ လိမ္မာပါးနပ်စွာ အနိုင်ယူပြီး အောင်မြင်မှုကို တက်လှမ်းရရှိနိုင်မယ့် ကံတရားတစ်ခု အသေအချာ ရှိပါတယ်။ ဒီလို ကံတရားမျိုးဟာ  “အပြိုင်အဆိုင် ၊ အတိုက်အခံ” နဲ့ အလုပ်လုပ်နေရသူ ကုံရာသီဖွားများအတွက် သတင်းကောင်းတစ်ခုလို့ ဆိုရပါမယ်။ ဒီနှစ်ဟာကိုယ့်ရဲ့ ကိုယ်ခံစွမ်းအား ၊ စိတ်ဓာတ်အင်အားများ တိုးပွားများပြားမည့် နှစ်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ရော ၊ နာမ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးမည့် နှစ်ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကြောင့် ကျန်းမာခြင်း ၊ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ အလုပ်ရာထူး တိုးတက်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး နာမ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကြောင့် စိတ်ချမ်းသာခြင်း ၊ ပျော်ရွှင်ရခြင်း ၊ အကောင်းမြင်ဝါဒ ဖြစ်ပေါ်ခြင်း ၊ မိမိကိုယ် မိမိ ယုံကြည်စိတ်ချမှု များပြားခြင်းများ ဖြစ်ပေါ်နိုင်တယ်။

(more…)

# မိန် ရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ

မိန် ရာသီဖွားများ၏ (2014) ခုနှစ် ကံဇာတာ
———————————————–
Pices
Preview
…………

၂၀၁၄ ခုနှစ်၏  မိန်ရာသီဖွားများရဲ့ ကံဇာတာကတော့ ခြုံငုံသုံးသပ်ရရင် အကောင်းဖက်က များတာကို တွေ့ရပါတယ်။ မနှစ်က အခြေအနေတွေထက် ပိုမိုကောင်းမွန်မယ့် သဘောသဘာဝ ရှိတာကိုလည်း တွေ့ရပါတယ်။ မနှစ်ကထက် ပျော်ရွှင်မှုတွေ ပိုမိုရရှိမယ့် နှစ်မျိုးဖြစ်တယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် ကံကြမ္မာ အတက်/အကျ ကြမ်းကြမ်းတမ်းတမ်း ဖြစ်မှုတွေ ကြုံရဖို့ ခဲယဉ်းတယ်။ ဆိုလိုတာက ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် အလုပ်/စီးပွား ၊ ငွေကြေးကိစ္စ ၊ ကျန်းမာရေး ၊ အိမ်ထောင်ရေး နှင့် မိသားစုရေးရာတွေမှာ – အကောင်းလွန်ခြင်း (သို့) အဆိုးလွန်ခြင်းများ ဖြစ်ဖို့ သိပ်မရှိနိုင်တာကို တွေ့ရတယ်။ ဒီနှစ်ရဲ့ ကံကြမ္မာဟာ တည်ငြိမ်မှု များမယ့် ပုံစံမျိုးဘဲ တွေ့ရပါတယ်။

ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် ဘာအလုပ်ဘဲလုပ်လုပ် တရားမျှတခြင်း နဲ့ အဆက်မပြတ် ကြိုးပမ်းအားထုတ်ခြင်းများ ပြုလုပ်ဖို့ လိုတယ်။ ဒီနှစ်မှာ မိန်ရာသီဖွားများဟာ အလုပ်အကိုင်ကိစ္စနဲ့ ပတ်သက်လာရင် ချိန်ခွင်လျှာလို တည့်မတ်ဖြောင့်စင်းဖို့ လိုအပ်မယ့် နှစ်ဖြစ်တယ်။ နောက်ပြီး မိမိစီးပွား/အလုပ်အကိုင်များဟာလည်း စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေဖို့လိုတယ်။ ၀ီရိယကို မြှင့်တင်ရမယ့် နှစ်ဖြစ်တယ်။ ဒီနှစ်ဟာ ကံကို အားကိုးရမယ့် နှစ်မဟုတ်ဘူး။ အလုပ်ကို ကြိုးစားလုပ်ရင် လုပ်သလောက် တိုးတက်မြင့်မားသွားမယ့် နှစ်မျိုးဖြစ်တယ်။ (အလုပ်ကို ကြိုးစားတယ်ဆိုမှတော့ ကောင်းပြီပေါ့လို့ မထင်နဲ့။ အချို့နှစ်တွေမှာ ကြိုးစားပါရက်နဲ့ ကြိုးစားသလောက် အကျိုးမခံစားရတဲ့ နှစ်တွေလည်း ရှိတယ်)

(more…)

# လျှပ်တစ်ပြက် ဗေဒင် Apk (Version 1.0.2) အသစ်ထွက် ဆော့ဝဲပါ

quickbaydin

Quick Baydin Version 1.0.2 လေး ထပ်ပြီး Update လုပ်ပေးလိုက်ပါတယ်။ ဒီ Update မှာ ဒီ Apk ထဲမှာ မပါသေးတဲ့ မေးခွန်းများအတွက် Yes (or) No အမြန်မေးလို့ရတဲ့ Key လေး ထပ်တိုးပေးထားပါတယ်။ Mediafire မှာ အောက်က လင့်ခ် နဲ့ ယူလိုက်ပါ။
http://www.mediafire.com/?8fviaoc8oo0fhnk

4Share ကနေ Download လုပ်ချင်ရင်တော့ အောက်က လင့်ခ် နဲ့ ယူလိုက်ပါ။

http://www.4shared.com/mobile/6Vk9zjTz/QuickQvsA__1_.html

 

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

# နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်

7days Borns

တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers – 4 , 2 , 7 , 0

(more…)

# လျှပ်တစ်ပြက်ဗေဒင် Apk ယူကြဦးမလား ?

quickbaydin

.

လျှပ်တစ်ပြက်ဗေဒင်ကို ဒီ ဘလော့ဂ်ထဲကိုလာလာပြီး မေးရတာထက် ကိုယ်ကိုင်တဲ့ ဖုန်းထဲမှာ ထည့်ထားရင် ပိုပြီး အဆင်ပြေမယ် ထင်လို့ ပရိုဂရမ်လေးတစ်ခု ဆွဲထားပါတယ်။ Android Phone နဲ့  Android Tablet တွေမှာ အသုံးပြုလို့ ရပါမယ်။ IOs သုံး iPhone , iPad တွေမှာတော့ သုံးလို့ မရသေးပါဘူး။

ဟူးရားဗေဒင် နည်းစနစ်ဖြစ်လို့ မေးခွန်းတစ်ခုကို မေးမယ်ဆိုရင် ပထမဆုံးထွက်ပေါ်လာတဲ့ အဖြေကိုသာ အတည်ယူရမှာ ဖြစ်ပါတယ်။ ဒါလေးတစ်ခု သတိထားပါ။

ဒီထဲမှာ မပါတဲ့  မေးခွန်းများ ရှိရင်လည်း ဖော်ပြပေးစေလိုပါတယ်။  အသုံးများမယ့် မေးခွန်းဆိုရင် အသစ်ထပ်တိုး ပေးပါ့မယ်။

ယူချင်တယ်ဆိုရင် အောက်က လင့်ခ်မှာ တိုက်ရိုက် Download ယူနိုင်ပါတယ်။ ကိုယ့်အနားမှာ အတိုင်ပင်ခံ ဗေဒင်ဆရာ တစ်ယောက်ကို ဖြစ်စေမယ့် ဒီဆော့ဝဲလေးကို သုံးကြည့်ကြပါလားဗျာ။ အခမဲ့ပါ။ ငွေ တစ်ပြားတစ်ချပ်မှ ပေးရန်မလိုပါ။

.

ယခုလောလောဆယ် Beta Version အဖြစ် အစမ်းထုတ်လုပ်ထားပြီး နောက်ထပ် အပြင်အဆင်ပိုင်းတွေ ထပ်ပြင်ဆင် ၊ မေးခွန်းတွေ ထပ်တိုးပြီး ဗားရှင်း အသစ်များ ထပ်မံထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အခြားသော ဗေဒင်ဆော့ဝဲများကို လည်း ရေးဆွဲနေပါတယ်

ဒါကြောင့် ဗားရှင်းအသစ်ထွက်ခြင်း/ ဆော့ဝဲအသစ် ထပ်မံထွက်ခြင်းများကို ကြိုတင်သိရှိနိုင်အောင် လက်ယာဘက် Side Bar မှာ ရှိတဲ့ “ကွန်ပျူဗေဒသုခုမ Facebook Box” ထဲမှာ Like လုပ်ခဲ့မယ်ဆိုရင် အသစ်ထွက်တိုင်း ကိုယ့် Facebook Wall ပေါ်မှာ ရောက်လာပြီး သိရှိနိုင်တာမို့ Like မလုပ်ရသေးသူများ Like လုပ်ခဲ့ဖို့ လိုပါလိမ့်မယ်။

 

Download ယူရန် – -  http://www.mediafire.com/download/9jk76e9an2hrhu9/QuickBadin.apk

http://www.4shared.com/android/kQHpqumi/QuickBadin.html

.

ရွှင်လန်းချမ်းမြေ့ကြပါစေသော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

 

# ဇူလိုင်လအတွက် (၇)ရက်သားသမီး ဗေဒင်

 

8_ Circle & Face_01 (456 x 458)

.

ဒီလအတွက် ()ရက်သားသမီး ဗေဒင်တင်ဖို့ သိပ်နောက်ကျသွားလို့ မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီးကာမှ ပုံမှန်စောင့်ဖတ်တဲ့ မိတ်တွေတွေက မရမက တောင်းဆိုမှုကြောင့် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ()ရက်သားသမီးဆိုတော့လည်း ယေဘူယျဘဲပေါ့နော်။ ဘာကိုမှ လေးလေးနက်နက် ခံစားပြီး မဖတ်ပါနဲ့။ အပျော်ဖတ် အပျင်းပြေဖတ်လို့ဘဲ သဘောထားပါ။ အရမ်းနောက်ကျသွားတာအတွက်တော့ ဗဲရီးဆောရီးပါ ဘော်ဒါတို့ရေ။

.

# တနင်္ဂနွေ သားသမီးများ

ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကြုံရတတ်သည်။ အမှုအခင်း /အရှုပ်အရှင်း တစ်ခုတွင် ပါဝင် ပတ်သက်ရဖွယ် ရှိသည်။ ကောင်းသော အခြေအနေအပြောင်းအလဲ တစ်ခု ဖြစ်ဖွယ်ရှိသည်။ စိတ်ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ မကင်းရာမကင်းကြောင်း ကူညီမှု ပြုရမည်။ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်သည်။ ရောဂါ ဝေဒနာ အသေးစားတစ်ခု ခံစားရတတ်ပြီး ရက်ကြာနေတတ်သည်။ ငွေချေးယူရန် ကိစ္စ တစ်ခုပေါ်လာပါက အလွယ်တကူ ရရှိတတ်သည်။ လုပ်ငန်းခွင်အတွင်း၌ ဖြစ်စေ ၊ မိတ်ဆွေ သူငယ်ချင်း တစ်ဦးနှင့်ဖြစ်စေ ကတောက်ကဆ ဖြစ်ရတတ်သည်။ အသေးစား ထိခိုက်မှု တစ်ခုခု ကြုံနိုင်သည်။ ပညာရေး နှင့် ပတ်သက်ပြီး ကံကောင်းမှုကြုံနိုင်သည်။ ဘာသာရေး ကိစ္စတစ်ခု ဆောင်ရွက်ရဖွယ် ရှိသည်။ မိန်းကလေး ငယ်များ ကိုယ်ဝန် စွဲကပ်ရန် လွယ်ကူသော ကာလတစ်ခုဖြစ်သည်။ အရောင်းအ၀ယ်သမားများ အရောင်းအ၀ယ်ကောင်းသော်လည်း အကျိုးအမြတ်မကျန်လှသော ကာလတစ်ခု ဖြစ်နိုင်သည်။ ယေဘူယျ ကံဇာတာ မဆိုးလှသော လ, တစ်လဖြစ်မည်။

ယတြာပြုလိုပါက - တောင်းရမ်း စားသောက်နေရသူ အချို့အား ငွေကြေး အချို့အ၀က် လှူဒါန်းလိုက်ပါ။ ငွေကြေးဒုက္ခရောက်နေသော ဆွေမျိုး/သူငယ်ချင်းတစ်ဦးအား ငွေကြေး ချေးငှားလိုက်ပါ။

(more…)

# ကံမကောင်းရှာတဲ့ မိုဟာမက်မော်စီ

Mohammed Morsi

.

“အာရပ်နွေဦးတော်လှန်ရေး” လို့ အမည်သမုတ်ခံရတဲ့ လူထု ဒီမိုကရေစီ လှုပ်ရှားမှုကြီးကြောင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်အစိုးရတွေ ပြုတ်ကျပြီး ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းလာခဲ့တာတော့ အားလုံး သိကြမှာပါ။ ဒါပေမယ့် သက်တမ်း တနှစ်သာ ရှိသေးတဲ့ ဒီမိုကရေစီ အစိုးရကို ပြည်တွင်းမငြိမ်မသက်မှုကို အကြောင်းပြုပြီး စစ်တပ်ကနေ ဒီလ (ဇူလိုင်လ(၃)ရက်)နေ့မှာ ဖယ်ရှားပစ်လိုက်တာ အီဂျစ်ပြည်သူတွေ ကိုယ်တိုင်က စိတ်ပူမပူတော့ မသိဘူး။ ကျွန်တော်ကတော့ စိတ်အတော် ပူမိသားဗျ။

ဗျာ – ? အီဂျစ်နိုင်ငံအတွက် မဟုတ်ပါဘူး။ အနေသာကြီးပါ။ ကိုယ့်နိုင်ငံအတွက်ပါ။ ကိုယ့်နိုင်ငံအတွက် ပူမိတာပါ။ ဒါဟာ ဒီမိုကရေစီ ဖွံ့ဖြိုးစ တိုင်းပြည်တွေအတွက် သိပ်ကောင်းတဲ့ သတင်းစကားတော့ မဟုတ်ပေဘူး။ အာဏာရှင်တွေ သက်တမ်းရှည်ကြာ အုပ်ချုပ်လာခဲ့တဲ့ တိုင်းပြည်တွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ဒီမိုကရေစီကို ခြိမ်းခြောက်နိုင်တယ်ဆိုတာ အီဂျစ်နိုင်ငံရဲ့ ဖြစ်ရပ်ကို နမူနာ ယူပြီး ကိုယ့်တိုင်းပြည် အတွက် ကိုယ်ပူမိတာပါ။

စစ်တပ်ဆိုတာလည်း သူ့ဟာသူတော့ အနေသာကြီးဘဲဗျ။ အဲ – တိုင်းပြည်မှာ ဆန္ဒပြပွဲတွေ ၊ ဆူပူအကြမ်းဖက်မှု တွေ  ၊ မင်းမဲ့စရိုက်လုပ်ရပ်တွေ ၊ မညီညွတ်မှုတွေဖြစ်လာရင်တော့ “ကိုကိုရေ လာပါတော့ . . ကျီးကန်းကြီးက တစ်မော့မော့ . . ” ဆိုတဲ့ သီချင်းကသာ ခေါင်းထဲကို ရောက်ရောက် လာပါတော့ သဗျာ။ လက်ယပ် ခေါ်နေသလိုပါဘဲ။ အဲဒီတော့ မလိုအပ်ဘဲ ဆူပူဆန္ဒပြနေကြတာတွေ ၊ တိုင်းသူပြည်သားအချင်းချင်း သွေးကွဲ ရန်ဖြစ်နေကြသူတွေအတွက်  ကိုယ့်နိုင်ငံကို အီဂျစ်လို ဖြစ်ရပ်မျိုးဆီ တွန်းပို့တာမျိုး မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းမိပါတယ်။

.

သြော် – ဆောရီးဗျာ ၊ ကျွန်တော် နိုင်ငံရေးဆောင်းပါး ရေးမလို့ မဟုတ်ပါဘူး။ ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ “မိုဟာမက်မော်စီ” ရဲ့ မွေးသက္ကရာဇ်လေး သွားတွေ့တော့ ဗေဒင် ဆောင်းပါးလေး တစ်ခုရေးချင်စိတ် ပေါက်လာလို့ ကောက်ရေးလိုက်တာပါ။

(more…)

# ဇွန်လအတွက် (၇) ရက် သားသမီး ဗေဒင်

8_ Circle & Face_01 (456 x 458)

.

# တနင်္ဂနွေ သားသမီးများ

သူ့ဖက်ကိုယ့်ဖက် မျှတအောင် ဆောင်ရွက်ညှိနှိုင်းမှုဖြင့် အလုပ်အကိုင် အကြံအစည်များ အထမြောက် အောင်မြင်မည့် ကာလဖြစ်သည်။ အကျဉ်းအကျပ် အခက်အခဲကြုံနေသူများ အခက်အခဲများမှ လွန်မြောက်နိုင်မည်။ အပေးအယူ နှင့် အလွှဲအပြောင်း ကိစ္စများ အောင်မြင်ပြီး အကျိုးခံစားခွင့်ရှိမည်။ အလှူဒါန ပြုရန် ကိစ္စများ ပေါ်ပေါက်မည်။ ထီပေါက်ကိန်းရှိသည်။ (, , , ) ဂဏန်းများ ပါအောင်ထိုးပါ။ (ဘဏ် . . စသည်တို့မှ) ချေးငွေ ချေးငှားရယူနိုင်မည်။ လက်အောက်လူ ၊ တပည့်တပန်း အကျိုးပေးမည်။ ရင်းနှီးမြုတ်နှံမှုများမှ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့် ကာလဖြစ်သည်။ မိမိကျန်းမာရေး နှင့် မိသားစုကျန်းမာရေး ဂရုစိုက်ပါ။ အိုးအိမ် အပြောင်းအရွှေ့ အလုပ်အကိုင် အပြောင်းအလဲ ရှိနိုင်သည်။ ငွေကြေးကံ ကောင်းမွန်မည့် လ, တစ်လ ဖြစ်လိမ့်မည်။

ယတြာ - မွေးနေ့ တနင်္ဂနွေနေ့တွင် အုန်းသီးတစ်လုံးကို စီးဆင်းနေသော မြစ်၊ ချောင်း တစ်ခုခုအတွင်း စွန့်ပစ်လိုက်ပါ။

(more…)

# မေလအတွက် (၇)ရက်သားသမီး ဗေဒင်

8_ Circle & Face_01 (456 x 458).

# တနင်္ဂနွေ သားသမီးများ

အိုးအိမ်၊ အလုပ်၊ နေရာဌာန အပြောင်းအလဲ တစ်ခုခုရှိနိုင်သည်။ အပြောင်းအလဲအတွက် လူပန်းစိတ်ပန်းဖြစ်မည်။ မယူချင်သော တာဝန်များ ယူရတတ်သည်။ မိမိနှင့် ယှဉ်ပြိုင်ဘက်များကို အနိုင်ယူနိုင်မည်။ ခင်မင်ရင်နှီးနေသော မိတ်ဆွေတစ်ဦး နှင့် မိတ်ပျက်တတ်သည်။ ရွှေ အ၀ယ်မှား/အရောင်းမှား တတ်သည်။ သတင်းမှား ကောလာဟလတစ်ခုကြောင့် စိတ်ဒုက္ခရောက်ရမည်။ လုပ်ငန်းခွင်အတွင်း လက်အောက်လူအချင်းချင်း ပဋိပက္ခဖြစ်ဖွယ်ရှိသည်။ လက်အောက်လူ ဒုက္ခပေးတတ်သည်။ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ သို့သော် အကောင်းဖက်ကို ဦးတည်ပြောင်းလဲမှု များမည့်လ, ဖြစ်သည်။

ယတြာပြုလိုက – တန်ခိုးကြီး ဘုရားတစ်ဆူတွင် ရွှေသင်္ကန်းဖြစ်စေ (ရွှေသင်္ကန်း အလှူငွေဖြစ်စေ) ကပ်လှူလိုက်ပါ။ ယခုလတစ်လလုံး “၀က်သား” မစားပါနှင့်။ ကျန်းမာရေး ထိခိုက်တတ်သည်။

(more…)

# မြန်မာသက္ကရာဇ် (၁၃၇၅)ခုနှစ် (၇)ရက်သားသမီး ဟောကိန်းများ

myanmarthingyan (500 x 355).

မြန်မာသက္ကရာဇ် (၁၃၇၅)ခုအတွက် (၇)ရက်သားသမီးဗေဒင် လေးကို နှစ်ဆန်းတစ်ရက်နေ့ကတည်းက တင်ပေးချင်ပေမယ့် ရေးဖို့ မအားနိုင်တာကြောင့် ကနေ့မှ ရေးပေးလိုက်ရပါတယ်။

(၇)ရက်သားသမီးဗေဒင် ဟာ ယေဘူယျဟောကိန်း ဖြစ်ပေမယ့် တွက်နည်း (၄)(၅)မျိုး နဲ့ ညှိပြီး “မတူတာ ဖယ်၊ တူတာကို ယူ” – “ဘုံထုတ်” ပြီး တွက်မှ လူတိုင်းလောက် နီးပါးနဲ့ အကျုံးဝင်မှာ ဖြစ်လို့ လူတစ်ယောက်ခြင်း တွက်တာထက် ပိုခက်ပါတယ်။ ပိုဦးနှောက်စားပါတယ်။ (သူများတွေ ဘယ်လိုတွက်လည်းတော့ မသိဘူး)။ ဒါကြောင့် ရာဟုအပါအ၀င် (၈)နေ့နံကို တစ်နေကုန်ထိုင်တွက် ထိုင်ရေးတာတောင်မှ (၂)ရက်လောက် ရေးလိုက်ရပါတယ်။  ကဲ – ဖတ်ကြည့်ကြရအောင်လား ?

——————————————————————————————————–

.

## တနင်္ဂနွေ သားသမီးများ ကံဇာတာ

# အလုပ်/စီးပွား

ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။

(more…)

# အရောင်(၉)ရောင် နှင့် စိတ်သဘောထား

colorwheel

အရောင်တွေမှာ မူလအခြေခံအရောင် (၃)ရောင် ရှိပါတယ်။ အဲဒါတွေက “အနီရောင် ၊ အ၀ါရောင် နဲ့ အပြာရောင်” တို့ဖြစ်ပါတယ်။ အဲဒီ (၃)ရောင်ကို ခရမ်း ၊ အညို ၊  အစိမ်း ၊  အနက် နဲ့ မီးခိုးရောင်တွေ ရအောင် ရောစပ်လိုက်တယ် ဆိုပါစို့။ အဲဒီတော့ အရောင်(၈)ရောင် ရပါတယ်။

ဒီအထဲမှာ မပါလို့ မရတဲ့ အရောင်ကတော့ “အဖြူရောင်” ပါဘဲ။ အမှန်ကတော့ “အဖြူရောင်” ဟာ (အရောင်မဲ့)ပါ။ Non Colour
ဖြစ်ပေမယ့် သူ့မှာလည်း “အင်အား” ရှိတော့ မဖော်ပြလို့မရပါဘူး။

အဲဒီတော့ အထက်က အရောင် (၉)ရောင် တွေထဲမှာ သင်အကြိုက်ဆုံး နဲ့ မကြိုက်ဆုံး အရောင်ကနေ သင့်စိတ်နေသဘောထားကို ဖော်ပြပါလိမ့်မယ်။

တစ်ချို့အရောင်တွေကတော့ အမြဲတမ်း ကြိုက်တာ/မကြိုက်တာ မဟုတ်ဘဲ အခြေအနေ တစ်ခုကြောင့် ကြိုက်တာ/မကြိုက်တာလည်း ဖြစ်လာတာ ရှိတတ်ပါတယ်။ လက်ရှိ ပစ္စုပ္ပန် အပြောင်းအလဲ ဖြစ်ရပ် တစ်ခုခုနဲ့ ဆိုင်လာတတ်ပါတယ်။

တိုက်ဆိုင်မှု ရှိ/မရှိ ကြည့်ကြရအောင် . . .

(more…)

# ဧပြီလ အတွက် (၇)ရက် သားသမီးဗေဒင်

.

8_ Circle & Face_01 (456 x 458)

တနင်္ဂနွေ သားသမီးများ

ဒီလမှာ အလုပ်အကိုင် တိုးတက်မယ်။ စီးပွားဖြစ်ထွန်းမယ်။ အိုးအိမ် အဆောက်အဦးနဲ့ ပတ်သက်ပြီး ကံကောင်းမှု ရှိတတ်သလို ဒီ အိုးအိမ်ကိစ္စနဲ့ဘဲ ဆွေမျိုးညီအစ်ကိုများနဲ့ အမှုအခင်းလည်း ဖြစ်တတ်တယ်။ ဒီလထဲမှာ ထိခိုက်ရှနာ ၊ သွေးထွက်သံယိုမှု ၊ မီးဘေး သတိထားပါ။ လူ, လူချင်း ခိုက်ရန် ဖြစ်ပွားမှုများလည်း ဖြစ်နိုင်တယ်။ ကား နဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်နိုင်တယ်။ (Car Accident , ကားအရောင်းအ၀ယ် အရှုံးပေါ်ခြင်း , ကား အရောင်းအ၀ယ် အမှားဖြစ်ခြင်းများ သတိပြု)။
ဒီလထဲမှာ အလုပ်အကိုင်ကောင်းပြီး ငွေကြေးခက်ခဲမှု ဖြစ်မယ်။ ငွေ မလည်တတ်ဘူး။ ငွေကြေး ဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ရပ်ဝေး ရပ်နီး ခရီးသွားလာမှုများ ပေါ်ပေါက်တတ်တယ်။ သို့သော် စိတ်မအေးရသော ခရီးမျာ ဖြစ်တတ်တယ်။ ပညာရေး မကောင်းနိုင်သေး။ အချစ်ရေး ကိစ္စများမှာ စိတ်ပူပန်ရခြင်း ၊ စိတ်နှစ်ခွ ဖြစ်ရခြင်းများ ကြုံမယ်။

= ယခုလအတွက် နာမည်မှာ တနင်္ဂနွေ စ,ပြီး အင်္ဂါ ဆုံးမှည့်ထားသူများ ထိခိုက်ရှနာ၊ ခိုက်ရန်ဖြစ်ပွားမှု များ အထူးသတိပြုပါ။ ကိုယ့်ဘက်က အနာတရ ဖြစ်တတ်ပါတယ်။ တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေ တစ်ခုခုနဲ့ ပိတ်ထားသူများ ကံကောင်းမှု ပိုများနိုင်တယ်။ တနင်္လာ ၊ ကြာသပတေး ပိတ်ထားသူများလည်း ညံ့ပါတယ်။

= ယတြာပြုမယ် ဆိုရင်တော့ – သံဃာတော် (၃)ပါးကို ဆိတ်သားဟင်း နဲ့ ဆွမ်းကပ်လှူပေးပါ။ နှစ်ဆန်းတစ်ရက် နေ့မှာ ငါးအရှင် သက်စေ့လွှတ်ပါ။ အိမ်မှာ ပျက်နေတဲ့ စက်ပစ္စည်းဟူသမျှကို လွှင့်ပစ်တန်ပစ် ၊ ရောင်းတန် ရောင်းထုတ်လိုက်ပါ။

(more…)

# မွေးနေ့ဗေဒင်တွက်ကြမယ် (၂)

 

Happy Birthday2

မွေးနေ့ဗေဒင်တွက်ကြမယ် အပိုင်း ()ကို ၂၀၁၀ ခုနှစ် မတ်လထဲမှာ စ, တင်ပေးလိုက်တဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ အဖတ်အများဆုံး ဆောင်းပါးထဲမှာ နံပါတ်()နေရာ ကို ချိတ်နိုင်ခဲ့ပါတယ်။ ၀င်ရောက်ဖတ်ရှုသူဦးရေ သုံးသောင်းနီးပါး ရှိခဲ့တယ်။ တိုက်ဆိုင်မှု အတော်ရှိတယ်လို့လည်း အကြောင်းပြန်ကြားချက်တွေ ကြားရပါတယ်။ ဒါပေမယ့် ခက်တာက ယနေ့အချိန်အထိ အဲဒီတွက်နည်းကို ကောင်းကောင်း မတွက်တတ်ကြတဲ့ သူတွေ ရှိနေသေးတယ်။ တစ်ချို့ကြပြန်တော့လည်း မှန်အောင်တော့ တွက်တတ်ပါတယ် - ဒါပေမယ့် အဖြေကို ကောင်းကောင်းမထုတ်တတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထည့်သွင်းတွက်ချက်ရတဲ့ ဂြိုဟ်တွေက မွေးနံဂြိုဟ်အပါအ၀င် ()လုံးတောင် ဖြစ်နေတော့ အပေါ်အောက် ဂြိုဟ်တွေ ပြန့်ကျဲနေရင် အကောင်းအဆိုး ဘာပြောရမှန်း မသိကြတော့ဘူး ဆိုတာတွေလည်း ရှိပါတယ်။

ဒီတော့ ကျွန်တော့်အနေနဲ့ မွေးနေ့ဗေဒင်တွက်နည်းကို ဒီထက် လွယ်ကူအောင် စဉ်းစားရပါတော့တယ်။ လွယ်ကူတဲ့ နည်းသစ်ကလေးတွေ တီထွင်ရပါတယ်။ တီထွင်ယုံနဲ့ မပြီးဘဲ လက်တွေ့မှန်ကန်မှုကော ဘယ်လောက်ရှိလဲ ဆိုတာကို စမ်းသပ်ရပါသေးတယ်။ လက်တွေ့မှန်ကန်မှု (၇၀)% အထက်ရှိပြီဆိုတဲ့ နည်းကိုသာ ရွေးချယ်လိုက်ပြီး (၇၀)% အောက်ဆိုရင် ပယ်ပစ် လိုက်ပါတယ်။ ဒီလိုနဲ့ ပိုမိုလွယ်ကူတဲ့ မွေးနေ့ဗေဒင်တွက်နည်း လေးတွေ ထပ်မံရရှိလာပါတယ်။ အဲဒီထဲက လွယ်ကူတဲ့ နည်းလမ်းတစ်ခုကို “မွေးနေ့ဗေဒင်တွက်နည်း ()” အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ စာဖတ်သူများအတွက် တွက်ရ/ဟောရ ပိုမိုလွယ်ကူတဲ့ နည်းလမ်းလေးတစ်ခု ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။

—————————————————————————————————————-
မွေးနေ့ဗေဒင်တွက်နည်း ()

ယခင် “မွေးနေ့ဗေဒင်တွက်ကြမယ်” ဆောင်းပါးကို မဖတ်ဘူးသူများအတွက် “မွေးနေ့ဗေဒင်တွက်တယ်” ဆိုတာ ဘာလဲ ဆိုတာကို ပြန်ပြောပြပါဦးမယ်။ မွေးနေ့ဗေဒင်ဆိုတာ နှစ်တိုင်းနှစ်တိုင်း ကိုယ့်မွေးနေ့ကို ကျရောက်လာပြီဆိုရင် ရှေ့လာမည့် တနှစ်တာကာလရဲ့ ကံဆိုးကံကောင်းကို (လူတော်တော်များများ) သိချင်ကြပေလိမ့်မယ်။ အဲသည်လို တစ်နှစ်စာ အကောင်း/အဆိုးတွက် မွေးနေ့ကျရောက်တဲ့ “အဲဒီနေ့” ရဲ့ Data အချို့ကို ကောက်ယူပြီး တွက်ချက်တဲ့ နည်းပါ။ ယခင်တွက်နည်း ()က “မဟာဘုတ်” တွက်နည်းဖြစ်ပြီး ယခု တွက်နည်း ()ကလည်း “မဟာဘုတ်” တွက်နည်းပါဘဲ။ နောက်ထပ် “ဂဏန်းဗေဒင်” နည်းနဲ့ တွက်တဲ့နည်းတွေလည်း ရှိပါသေးတယ်။ အလျှဉ်းသင့်သလို တင်ပြပေးသွားပါမယ်။

(more…)

# မတ်လ အတွက် (၇)ရက်သားသမီး ဟောကိန်း အကျဉ်း

 

8_ Circle & Face_01 (456 x 458)

(အပျင်းပြေဖတ်ရန်မျှသာ)

တနင်္ဂနွေ သားသမီးများ

ဒီလမှာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်မယ်။ တာဝန် ၀တ္တရား ကြီးမားမယ်။ ခရီးယာယီ ရှိတတ်တယ်။ အချစ်ရေး ကံကောင်းမယ်။ လုပ်ငန်း စီးပွား တိုးတက်မှု ရှိမယ်။ အင်္ဂါနံ စက်ပစ္စည်းနဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်မယ် (သို့) အင်္ဂါ သားသမီး ဒုက္ခပေးမယ်။ ဘုရားဖူးခရီး အပန်းဖြေခရီး သွားရတတ်တယ်။ အလှအပ နှင့် ဆိုင်သော ပစ္စည်းတစ်ခု လက်ဆောင်ရတတ်တယ်။

တနင်္လာ သားသမီးများ

ကျန်းမာရေး ဂရုပြုရမယ်။ ရောဂါဟောင်း ထ, တတ်တယ်။ ဆွေမျိုးသားခြင်းများအတွင်း ကျန်းမာရေး နာရေး ကိစ္စပေါ်တတ်တယ်။ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်တယ်။ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုများအတွက် စိတ်သောက ရောက်ရမယ်။ ထီပေါက်ကိန်း ရှိတယ်။ ငွေဝင်များမယ်။ ဒါပေမယ့် ငွေဝင်လေ လူပင်ပန်းလေ ဖြစ်မယ်။

(more…)

# 2013 ခုနှစ် (၁၂)ရာသီခွင် ဟောကိန်းများ

.

Zodiac_in_Sky

မိတ်ဆွေများခင်ဗျား

လေးစားစွာဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိဘလော့ဂ်ရှိ ဆောင်းပါးများကို ကူးယူအသုံးပြုမည်ဆိုလျှင် စိတ်ကြိုက် ကူးယူ အသုံးပြုနိုင်ပါသည်။ ကြိုတင် ခွင့်မတောင်းလျှင်လည်း ရပါသည်။

သို့သော် “လူ့ကျင့်ဝတ်” ကို လေးစားသောအားဖြင့်၎င်း ၊ မိမိကိုယ်ကိုယ် လေးစားသောအားဖြင့်၎င်း ၊ ဆောင်းပါးရေးသူအမည် “ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)” နှင့် မူရင်းလင့်ခ် http://compubaydathukhuma.com/ ကို ထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။

ယခုအခါ ဘလော့ဆိုဒ် အချို့၌၎င်း ၊ Facebook Page အချို့၌၎င်း ၊ မိမိ၏ “ကွန်ပျူဗေဒသုခုမ” မှ ဆောင်းပါးများကို ခွင့်တောင်းမှု မပြုသည့် အပြင် “ကိုယ်တိုင်ရေးသားထားသကဲ့သို့” ပြုလုပ်နေခြင်းများကို မိမိကိုယ်တိုင်လည်း တွေ့ရပါသည် ၊ မိတ်ဆွေများကလည်း အကြောင်းကြားခြင်းဖြင့် သိရပါသည်။

မိမိကိုယ်ကို နိုင်ငံကြီးသား ပီသပြီး အမျိုးကောင်း သားသမီးများ ဖြစ်သည်ဟု ယူဆပါလျှင် ထိုကဲ့သို့ လူအထင်သေးခံရမည့် အလုပ်မျိုးကို မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

—————————————————————————————————————————-

မိဿ ရာသီဖွားများ

Aries-2 (178 x 237)

Preview ။                      ။ ယခုနှစ်မှာ မိဿရာသီခွင်အတွင်း မွေးဖွားလာကြသူများအတွက် ကံဇာတာ အကောင်း/အညံ့တွေ ရောထွေးနေပါတယ်။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် Any Changes တစ်ခုခုဖြစ်နိုင်ပြီး ဘ၀အပြောင်းအလဲ ပုံစံတစ်ခု ဖြစ်ဖို့များပါတယ်။ ဘ၀တက်လမ်းအတွက် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းလျှောက်ရမယ့် အနေအထားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်တယ်။ (ရုပ်ပိုင်းဆိုတော့ ငွေရေး ကြေးရေး ၊ ပိုင်ဆိုင်မှု နဲ့ ကျန်းမာရေးတွေပါ ပါပြီပေါ့)။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် အခက်အခဲများနိုင်တယ်။ မမျှော်လင့်နိုင်တဲ့ ဘေးဥပဒ်တွေ ၀င်ရောက်နိုင်တယ်။ တစ်ဖက်ကလည်း ရုတ်တရက် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားခြင်းမျိုးလည်း ရှိတယ်။ အကောင်းတွေရော အညံ့တွေရော စုပြုံဝင်ရောက်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမယ်။

စိတ်ပိုင်းဆိုင်ရာ ။                            ။ ဒီနှစ်ဟာ မိဿရာသီဖွားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အထူးဝင်ရောက်နိုင်တယ်။ Stress အလွန်များမယ့် နှစ်မျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်ရေးရာ အထူး ပျက်ပြားဖွယ် ရှိတယ်။ အထီးကျန်ဆန်မှုကို ခံစားရမယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းမယ်။ လူတစ်ဖက်သား အပေါ်လည်း မယုံမကြည်ဖြစ်မယ်။ စိတ်ကျရောဂါ ဖြစ်ပွားဖို့ရှိတယ်။ ကြုံလာသမျှ ကိစ္စတိုင်းဟာ စိတ်ညစ်စရာတွေချည်းလို့သာ ထင်လာမယ်။ ဒီနှစ်အတွက် မိဿရာသီဖွားတွေ စိတ်ဓာတ်ခွန်အားကို အထူးမြှင့်တင်ဖို့ လိုအပ်တယ်။

(more…)